The Primary - hideout
1 subscriber
9 photos
3 links
A restaurant in Taunggyi City, not really a city vibe but the one for nature lovers.
Download Telegram
Channel created
Channel photo updated
Why we chose the word "Primary"

Primary ဆိုတဲ့ နာမည်ကို ဘာလို့ရွေးခဲ့လဲဆိုရင်တော့ ကျွန်တော်တို့ရဲ့ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် Wildlife ကိုချစ်တဲ့စိတ်ကနေစတင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ရဲ့ အဓိကကျတဲ့ နေရာမှာရှိတဲ့ သစ်တောအမျိုးအစားတွေထဲမယ် အခြေခံအကျဆုံး ခွဲခြမ်းတဲ့ အခါ Primary Forest နဲ့ Secondary Forest လို့ ခွဲခြမ်းလို့ရပါတယ်။

Primary Forest ဆိုတာကတော့ ကမ္ဘာဦးအစကနေပြီး လူသား၊ ရာသီဥတုတို့ရဲ့ နှောင့်ယှက်မှုကိုမခံရပဲ ယခုတိုင်တည်မြဲကာ Wildlife မျိုးရင်း တိရစ္ဆာန်လေးတွေဟာ ဘယ်ကိုမှ ပြောင်းရွှေ့ဖို့မလိုပဲ ရှင်သန်နေထိုင် ပေါက်ဖွားနိုင်ကြတဲ့ အတွက် သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးသူတို့အတွက် အရမ်းကို တန်ဖိုးရှိလှပါတယ်။ ပြောရမယ်ဆိုရင် ကမ္ဘာဦး အစက သစ်တောနဲ့ Wildlife နဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ ဖြစ်တည်မှုတွေ တည်ရှိမှုတွေကို အကောင်းဆုံးလေ့လာနိုင်လို့ပါပဲ။

Secondary Forest ဆိုတာကတော့ လူသားနဲ့ ရာသီဥတုကြောင့်(လူသားကြောင့်ကတော့ပိုများပါတယ်) ပျက်စီးသွားတဲ့ သစ်တောတွေကို ပြန်လည် ပြုစုပျိုးထောင်စိုက်ပျိုးပြီးမှသာ ပြန်လည်ရရှိလာတဲ့ သစ်တောမျိုးကိုခေါ်တာပါ။ သစ်တောအဖြစ်ပြန်လည်ရရှိလာပင်မယ့် တစ်ခါ (သို့) အကြိမ်ကြိမ်ပျက်စီးပြီးတဲ့ သစ်တောဖြစ်တဲ့ အတွက် မျိူးရင်းနားခိုရာ Wildlife မျိုးရင်းတွေဟာ ပြောင်းရွှေ့သွားရတဲ့အတွက် အရင်လို သဘာဝတရားကြီးရဲ့ Balance ဖြစ်မှုကိုပြန်လည်ရရှိဖို့တော့ခက်နေတော့တာပဲဖြစ်ပါတယ်။

တကယ့် သဘာဝ ပတ်ဝန်းကျင်ကို တန်ဖိုးထားတဲ့သူများဆိုရင်တော့ သူတို့ခရီးထွက်ကြဖို့ နေရာဒေသတွေရွေးတဲ့အခါ Primary Forest တွေရှိတဲ့ ဒေသတွေကို ရွေးတတ်ကြပါတယ်။ ဒီလို သစ်တောတွေရှိနေသေးတာကိုလည်း ပျော်ရွှင်ကြပြီး မြင်ဖူးတဲ့အတွက်ကို ဂုဏ်ယူကြပါတယ်။ ဘာဖြစ်လို့လည်းဆိုရင်တော့ ယခုလို လူဦးရေထူထပ်လာတဲ့ အခါ အကောင်းအတိုင်းကျန်ရစ်တဲ့ Primary Forest များဟာ အတော်ပဲ နည်းပါးလာလို့ပဲဖြစ်ပါတယ်။

အခုလောက်ဆိုရင်တော့ Primary ဆိုတဲ့ စကားလုံးရဲ့ အစဖြစ်တည်လာရာကို သိကြလိမ့်မယ် ထင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ Primary ဆိုတဲ့ စကားလုံးကို ရွေးချယ်တဲ့ရည်ရွယ်ချက်ကတော့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူပီပီ Primary Forest များကို ကျွန်တော်တို့နဲ့ အတူ တန်ဖိုးထား သတိပြုမိစေရန်ပဲဖြစ်ပါတယ်။

စာလည်းရှည်ပြီမို့လို့ ကျွန်တော်တို့ရဲ့ Soft Opening Date လေးကို စောင့်မျှော်ပေးကြပါအုံးခင်ဗျာ 😊

The Primary - hideout
The Primary - hideout တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများအလိုရှိသည်။

#Waiter (ကျား/မ)
- အသက် ၁၈နှစ်နှင့် ၃၀နှစ်ကြား
- ပညာအရည်အချင်း အခြေခံပညာ အထက်တန်းအောင်မြင်ပြီးသူ
- စကားအပြောအဆိုပြေပြစ်ပြီး သင်ယူလိုစိတ် နှင့် ဝန်ဆောင်မှုပေးရန် စိတ်အားထက်သန်သူဖြစ်ရမည်

#Kitchenအကူ (ကျား/မ)
- ပညာအရည်အချင်း အခြေခံပညာ အထက်တန်း
- အသက် ၂၀နှင့် ၄၀ကြား
- သင်ယူလိုစိတ် နှင့် ဟင်းချက်ရန်အတွေ့အကြုံ အနည်းဆုံး ၁နှစ်ရှိပြီး အစားအသောက်ဖန်တီးချက်ပြုတ်ရာတွင်စိတ်အားထက်သန်သူဖြစ်ရမည်။

#ထမင်းချက် (မ)
- ပညာအရည်အချင်း ကန့်သတ်ချက်မရှိ
- အသက် ၁၈နှစ်ပြည့်ပြီးသူ
- ထမင်းဟင်းချက်သည့်အတွေ့အကြုံ အနည်းဆုံး ၁နှစ်ရှိရမည်။
(ဝန်ထမ်းများအတွက် ထမင်းဟင်းပြင်ဆင်ချက်ပြုတ်ရန်)

#သန့်ရှင်းရေး (ကျား/မ)
- ပညာအရည်အချင်း ကန့်သတ်ချက်မရှိ
- အသက် ၁၈နှစ်ပြည့်ပြီးသူ
- သန့်ရှင်းရေးကိုကောင်းမွန်စွာလုပ်ကိုင်နိုင်သူ

#လုံခြုံရေး (ကျား)
- ပညာအရည်အချင်း ကန့်သတ်ချက်မရှိ
- အသက် ၁၈နှစ်ပြည့်ပြီးသူ
- လုံခြုံရေးအတွေ့အကြုံရှိသူ ဦးစားပေးမည်

အထက်ပါ ရာထူးများအားလုံးအတွက် လျှောက်ထားလိုသူများသည် တောင်ကြီးမြို့တွင်နေထိုင်သူဖြစ်ရပါမည်။ လစာ နှင့် အခြားခံစားခွင့်များအား အတွေ့အကြုံနှင့် အရည်အချင်းပေါ်မူတည်ပြီး ညှိနှိုင်းပေးသွားမည်ဖြစ်ပါသည်။

ဆက်သွယ်ရန်ဖုန်း - 09 799 989 389
ဆက်သွယ်ရန် Messenger : https://m.me/primaryhideout
***You can also submit your resume to: primaryhideout@gmail.com
Channel photo updated
Experience the love at first sip.
Stay tune for our soft opening date... 😊

တခါသောက်ဖူးရုံနဲ့ နှစ်သက်သွားမယ့် Iced coffee မျိုးကို လက်တွေ့ခံစားဖို့အတွက် ကျွန်တော်တို့ရဲ့ Soft Opening နေ့ရက်လေးကိုစောင့်မျှော်ပေးကြပါအုံးခင်ဗျာ... 😊
Naturally brew drink but it can wake you up for whole day!🍋

🍃သဘာဝပါဝင်ပစ္စည်းများနှင့် အအေးတခွက်ဟာ သင့်ကို အမှန်တကယ် လန်းဆန်းစေတယ် ဆိုတာ The Primary - hideout ရဲ့ Lime Black လေးသောက်ပြီးမှယုံကြည်ဖို့ပြောချင်ပါတယ်🍋

ပုံမှန် အိပ်ရေးပျက်တာမျိုး ဒါမှမဟုတ် ညဘော်ဒါတွေနဲ့ သောက်တာများသွားလို့ မနက်မှာ အကြည်ဓါတ်လေးလိုအပ်နေရင် Black Coffee နဲ့ သံပရာသီး ဒါမှမဟုတ် ပုံမှန်အဆင်ပြေမယ့် သံပရာရည်အစရှိသဖြင့်သောက်တတ်ကြပေမယ့် အဝင်ခါးပြီး အဆင်မပြေတာများဖြစ်တတ်ကြပါတယ်☹️

💁The Primary - hideout မှာရရှိနိုင်တဲ့ Lime Blackမှာ သဘာဝကော်ဖီကို Brew လုပ်ပြီးရရှိလာတဲ့ ကော်ဖီစစ်စစ်အားအခြေခံပြီး သံပရာသီးနှင့် သဘာဝသကြားတို့ကို မျှတစွာ အသုံးပြုကာ စေတနာအပြည့်ဖြင့် ဖျော်စပ်ထားတာကြောင့် မိတ်ဆွေတို့ကို ခဏတာအတွင်း လန်းဆန်းစေမှာ အသေချာပါပဲ😇

🍋ဒါကြောင့် အကြည်ဓါတ်လေးလိုအပ်နေပြီဆိုရင် The Primary - hideout မှာ Lime Blackလေးလာရောက်သုံးဆောင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🍹

#ဆိုင်ဖွင့်ချိန် - မနက် ၁၀နာရီ မှ ညနေ ၆နာရီ
#ဖုန်း - 09 964 489 389
#လိပ်စာ - အမှတ် ၅၀၇၊ ရွာလယ်လမ်းမကြီး၊ ကံကြီးရပ်ကွက်၊ တောင်ကြီးမြို့။
#GoogleMap - https://goo.gl/maps/WFihHQ44oLkGaXVz8
#Messenger - m.me/primaryhideout

#opening #10percentdiscount #mountains #viewpoint #taunggyi #wegrowwithyou #nature #fujifilmphotography #myanmar #asia #foodie #foodlovers #onlyinseptember #menu #TasteTheNewFood #InTown #foodattaunggyi #taunggyifood #tgifood #limeblack