PPIB.Official
1.05K subscribers
285 photos
33 videos
68 links
Single Source Of Truth.
Download Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နယူး​ဒေလီမြို့သို့ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယ​နေ့(​မေ ၃၀ ရက်) ​ဒေသစံ​တော်ချိန် ည​နေပိုင်းတွင် နယူး​ဒေလီမြို့သို့ရောက်ရှိခဲ့​ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နယူးဒေလီမြို့သို့ ဆက်လက်ထွက်ခွာကြရာ ညနေပိုင်းတွင် နယူးဒေလီမြို့သို့ ရောက်ရှိကြပြီး လေဆိပ်တွင် အိန္ဒိယအစိုးရ အဖွဲ့ဝင်ဖြစ်သူ Minister of State for External Affairs Shri Kirti Vardhan Singh ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံအမတ်ကြီး၊ Palam လေတပ်စခန်းဌာနချုပ်မှူးနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုများက လေဆိပ်တွင် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။

https://t.me/ppibofficial/261
13💯1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော်၊ မေ- ၃၀

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ အိန္ဒိယနိုင်ငံ၊ ပြည်ပ ရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့(မေ ၃၀ ရက်) ဒေသစံတော်ချိန် ညနေပိုင်းတွင် လာရောက် ဂါရဝပြုတွေ့ဆုံသည်။

https://t.me/ppibofficial/265
16💯1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မေ - ၃၀

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသား များအား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
https://t.me/ppibofficial
16👍1💯1
အကုသိုလ်ရှောင် ကုသိုလ်ဆောင် ဖြူအောင်စိတ်ကိုထား။ ဘုရားတိုင်းသာ ဟောမိန့်မှာ သုံးဖြာဤ စကား။ ဘုရားတပည့် ထားသတိ ပွားဘိဤတရား။
🙏182
Media is too big
VIEW IN TELEGRAM
🙏🏼ဓမ္မရိပ်ကမ်းက ချစ်ကြည်ရေးခရီးလမ်း🙏🏼

🇮🇳🇲🇲သမိုင်းဦး ကတည်းက ရေမြေချင်းထိစပ်ခဲ့ကြတဲ့ အိမ်နီးချင်း
🇮🇳🇲🇲ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုချင်း နီးကပ်ခဲ့ကြတဲ့
🇮🇳🇲🇲အိန္ဒိယနှင့်မြန်မာ

နှလုံးသားချင်းနီးစပ်စေမယ့် ဓမ္မခရီးစဉ် ..

https://t.me/ppibofficial
🙏118💯1
မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍အဖွင့်အမှာစကားပြောကြား
နေပြည်တော်၊ မေ -၃၁
         မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြိုရှိ Taj Mahal  ဟိုတယ်၌ ကျင်းပ ပြုလုပ်ရာ အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

President U Min Aung Hlaing Attends Myanmar-India Trade and Investment Seminar and Delivers Opening Remarks

The Myanmar-India Trade and Investment Seminar was held at the Taj Mahal Hotel in New Delhi, India, on May 31.
President of the Republic of the Union of Myanmar, U Min Aung Hlaing, who is currently on an official visit to India, attended the seminar and delivered an opening remark.


https://t.me/ppibofficial/278
11👍2💯1