PPIB.Official
1.06K subscribers
298 photos
34 videos
72 links
Single Source Of Truth.
Download Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာအဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့သည် မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒမုနိအားဖူးမြော်ကြည်ညို ၍ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ဆရာတော်ကြီးထံ သင်္ကန်းပရိက္ခရာများနှင့် လှူဖွယ်ပစ္စည်းများ၊ နဝါကမ္မ အလှူငွေများကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက နိုင်ငံတော်သမ္မတထံ ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်သည်။

https://t.me/ppibofficial/252?single
11🙏6
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ၏ ဖိတ်ကြားချက်အရ ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် နေပြည်တော်လေဆိပ်မှ အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။

ထိုနောက် နိုင်ငံတော်သမ္မတ၏ အထူးလေယာဥ်သည် အိန္ဒိယနိုင်ငံ၊ ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆိုက်ရောက်ခဲ့ရာ ဘီဟာပြည်နယ်အုပ်ချုပ်ရေးမှူး Lt. Gen.(Retd) Syed Ata Hasnain နှင့်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဦး၊ မြန်မာစစ်သံ(ကြည်းရေလေ) ဗိုလ်မှူးချုပ် ဇော်မိုးလွင်၊ မြန်မာကောင်စစ် ဝန်ချုပ်တို့က လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာဖြင့် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
10💯2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နယူး​ဒေလီမြို့သို့ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယ​နေ့(​မေ ၃၀ ရက်) ​ဒေသစံ​တော်ချိန် ည​နေပိုင်းတွင် နယူး​ဒေလီမြို့သို့ရောက်ရှိခဲ့​ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နယူးဒေလီမြို့သို့ ဆက်လက်ထွက်ခွာကြရာ ညနေပိုင်းတွင် နယူးဒေလီမြို့သို့ ရောက်ရှိကြပြီး လေဆိပ်တွင် အိန္ဒိယအစိုးရ အဖွဲ့ဝင်ဖြစ်သူ Minister of State for External Affairs Shri Kirti Vardhan Singh ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံအမတ်ကြီး၊ Palam လေတပ်စခန်းဌာနချုပ်မှူးနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုများက လေဆိပ်တွင် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။

https://t.me/ppibofficial/261
13💯1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော်၊ မေ- ၃၀

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ အိန္ဒိယနိုင်ငံ၊ ပြည်ပ ရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့(မေ ၃၀ ရက်) ဒေသစံတော်ချိန် ညနေပိုင်းတွင် လာရောက် ဂါရဝပြုတွေ့ဆုံသည်။

https://t.me/ppibofficial/265
16💯1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ မေ - ၃၀

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်းသား များအား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
https://t.me/ppibofficial
16👍1💯1