74.9K subscribers
22.6K photos
1.58K videos
250 files
9.19K links
Positive Angle News - PAN. Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK, Facebook and Viber Channel. Wellcome to PAN.
Download Telegram
ပိတ်ဆို့ခံထားရသော ရုရှား၏ အရန်ငွေများနှင့်ပတ်သက်၍ ယူကရိန်းက အစီအမံအချို့ကို ထုတ်ဖော်ပြောကြား
********************
(နိုင်ငံတကာ) ဇူလိုင် ၁၂

ယူကရိန်းနိုင်ငံသည် ၎င်း၏ ကာကွယ်ရေးကဏ္ဍ အားကောင်းလာစေရန် အီးယူအတွင်း ပိတ်ဆို့ ထားသော ရုရှားဗဟိုဘဏ်အရန်ငွေများမှ ရရှိသည့် အမြတ်ငွေများကို သုံးစွဲမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Rustem Umerov က ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၁၀ ရက်)တွင် ထုတ်ဖော်.........

PAN ကိုထောက်ပံ့လိုရင်တော့ ( KBZ Pay, AyA Pay, Wave Pay - 09425318387 ) တွေကနေ ထောက်ပံ့ပေးနိုင်ပါတယ်။

Webpage >>...
https://positiveanglenews.com/2024/07/12/ပိတ်ဆို့ခံထားရသော-ရုရှာ/

VK Link>>...
https://vk.com/wall-220066330_7104

Telegram>>...
https://t.me/positiveanglenews

#PAN
#TZ #SZ
BRICS အဖွဲ့ဝင်များက ကိုယ်ပိုင်ပါလီမန်ထူထောင်နိုင်ကြောင်း သမ္မတပူတင်ထုတ်ဖော်ပြောကြား
********************
(နိုင်ငံတကာ) ဇူလိုင် ၁၂

BRICS အဖွဲ့ဝင်များသည် အနာဂတ်တွင် ၎င်းတို့၏ ကိုယ်ပိုင်ပါလီမန်ကို ထူထောင်နိုင်မည် ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့ (ဇူလိုင်လ ၁၁ ရက်) တွင် စိန့်ပီတာစဘတ်၌ ပြုလုပ်သည့် ဆယ်ကြိမ်မြောက် ပါလီမန်ဖိုရမ်တွင် ပြောကြားခဲ့သည်။ ယခု နှစ်တွင် အဖွဲ့ဝင်သစ်များ တိုးလာကြောင်း ရုရှားခေါင်းဆောင်က မှတ်ချက်ပြုခဲ့သည်။ အဖွဲ့၏ လက်ရှိဥက္ကဌအဖြစ် တာဝန်ယူထားသော ရုရှားနိုင်ငံသည် ယခုနှစ်အစောပိုင်းတွင် အဖွဲ့ဝင် သစ်လေးဦးကို ပေါင်းစည်းပြီးနောက် ထိရောက်စွာပေါင်းစည်းနိုင်ရေးအတွက် ကြိုးပမ်းအားထုတ် မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း ....

PAN ကိုထောက်ပံ့လိုရင်တော့ ( KBZ Pay, AyA Pay, Wave Pay - 09425318387 ) တွေကနေ ထောက်ပံ့ပေးနိုင်ပါတယ်။

Webpage >>...
https://positiveanglenews.com/2024/07/12/brics-အဖွဲ့ဝင်များက-ကိုယ်ပို/

VK Link>>...
https://vk.com/wall-220066330_7105

Telegram>>...
https://t.me/positiveanglenews

#PAN
#TZ #SZ
2023 ခုနှစ်အတွင်း စင်္ကာပူတွင် မိမိကိုယ်ကို သတ်သေမှု 322 ခု ရှိကြောင်းသိရ
****
(နိုင်ငံတကာ) ဇူလိုင် ၁၂

စင်ကာပူတွင် နှစ် 20 ကျော်အတွင်း ပထမဆုံးအကြိမ် သတ်သေမှုနုန်းထားအနိမ့်ဆုံးသို့ လျော့ကျသွားသည်။ စင်္ကာပူနိုင်ငံတွင် ယမန်နှစ်က မိမိကိုယ်ကို သတ်သေမှု စုစုပေါင်း ၃၂၂ မှု ဖြစ်ပွားခဲ့ကြောင်း နှင့် အနှစ် ၂၀ ကျော်အတွင်း အနိမ့်ဆုံး အရေအတွက်ဖြစ်ကြောင်း စင်ကာပူ Samaritans (SOS) မှ သောကြာနေ့ (ဇူလိုင် ၁၂ ရက်) တွင် ပြောကြားခဲ့သည်။ SOS မှထုတ်ပြန်သောအချက်အလက်များအရ အသက်အရွယ်အုပ်စု အားလုံးတွင် ပထမဆုံးအကြိမ် သတ်သေမှုနုန်း ကျဆင်းသွားခြင်းနှင့်အတူ 2022 ခုနှစ်နှင့် ယှဥ်လျှင် 32.4 ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ကြောင်း SOS မှ ထုတ်ပြန်သော အချက်အလက်များအရ .......

PAN ကိုထောက်ပံ့လိုရင်တော့ ( KBZ Pay, AyA Pay, Wave Pay - 09425318387 ) တွေကနေ ထောက်ပံ့ပေးနိုင်ပါတယ်။

Webpage >>...
https://positiveanglenews.com/2024/07/12/2023-ခုနှစ်အတွင်း-စင်္ကာပူတ/

VK Link>>...
https://vk.com/wall-220066330_7106

Telegram>>...
https://t.me/positiveanglenews

#PAN
#TZ #SZ
ဗီယက်နမ် မွေထိုင်းချန်ပီယံနှင့် ရိုးရာဖိုက်တာ ထွန်းမင်းအောင် တိုယှဉ်ပြိုင်ထိုးသတ်မည်”
********************
(အားကစား) ဇူလိုင် ၁၂

ONE Firday Fights 70 ပွဲစဉ်ကို ရိုးရာဖိုက်တာ ထွန်းမင်းအောင်နှင့် ဗီယက်နမ် မွေထိုင်းချန်ပီယံတို ဇူလိုင်လ ၁၂ ရက် ညပိုင်းမှာ ယှဉ်ပြိုင်ထိုးသတ်သွားကြမယ်လို့ သိရပါတယ်။

ONE က ပြုလုပ်တဲ့ ONE Firday Fights 70 ပွဲစဉ်အတွင်း တွဲဆိုင်း ၈ ဆိုင်းမြောက်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ထွန်းမင်းအောင် က ပြီးခဲ့တဲ့ မေလ ၃၁ ရက်က ONE Lumpinee 65 ပွဲစဉ်မှာ ရုရှားဖိုက်တာ ကီရိယက်ဖ် ကို အမှတ်ဖြင့် ရှုးနိမ့်ထားခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်တဲ့ ဗီယက်နမ်မွေထိုင်းချန်ပီယံဖိုက်တာက One Fightမှာ ၁ ပွဲ အလဲထိုးအနိုင်ရရှိထားကာ ဗီယက်နမ်နိုင်ငံ WBC မွေထိုင်းချန်ပီယံခါးပတ် ရရှိထားသူတစ်ဦးဖြစ်ပါတယ်။

ထွန်းမင်းအောင်ကတော့ အသက် ၁၈ နှစ်အရွယ်ရှိပြီး မြန်မာပြည်အတွင်း ထိုးသတ်ခဲ့တဲ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲများမှာ.....

Webpage >>...
https://positiveanglenews.com/2024/07/12/ဗီယက်နမ်-မွေထိုင်းချန်ပ/

VK Link>>...
https://vk.com/wall-220066330_7107

Telegram>>...
https://t.me/positiveanglenews

#PAN
#SZ
လက်ရွေးစင်အဖြစ်ကနေ နားမယ်လို့ သတင်းတွေထွက်လာတဲ့ မူလာ
********************
(အားကစား) ဇူလိုင် ၁၂

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီတိုက်စစ်မှူး မူလာ က ဂျာမနီအသင်းနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲက ထွက်ခွာခဲ့ရအပြီးမှာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ ဂျာမနီအခြေစိုက် သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။

အသက် ၃၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မူလာ ဟာ အခုပြိုင်ပွဲက သူ့ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်တယ်လို့ ပြောခဲ့တာကြောင့် သတင်းတွေက ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ကစားသမားနဲ့ ဂျာမနီလက်ရွေးစင်အသင်းဘက်က အတည်ပြုပြောကြားထားတာမျိုး မရှိသေးပေမယ့်လည်း သတင်းတွေကတော့ အခုအချိန်မှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာဖြစ်ပါ တယ်။

မူလာ ဟာ ဂျာမနီလက်ရွေးစင် ကစားသမားအဖြစ် ၁၄ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ပွဲပေါင်း ၁၃၁ ပွဲအထိ ကစားပေးခဲ့တာကြောင့်လည်း အသင်းသမိုင်းမှာ ပွဲထွက်ခွင့် တတိယမြောက်...

Webpage >>...
https://positiveanglenews.com/2024/07/12/လက်ရွေးစင်အဖြစ်ကနေ-နားမ/

VK Link>>...
https://vk.com/wall-220066330_7108

Telegram>>...
https://t.me/positiveanglenews

#PAN
#SZ
ဂီရိုနာ ကို လေးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားတဲ့ ဗန်ဒီဘိခ်
********************
(အားကစား) ဇူလိုင် ၁၂

မန်ယူအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဗန်ဒီဘိခ် က လာလီဂါကလပ် ဂီရိုနာအသင်းသို့ လေးနှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။

ဗန်ဒီဘိခ် ရဲ့ ပြောင်းရွှေ့ကြေးမှာ ကနဦး ယူရို ငါးသိန်း ဖြစ်ပြီး အပိုဆုကြေး ယူရို ၁၅ သန်း အထိရှိကြောင်း သိရပါတယ်။

ဗန်ဒီဘိခ် ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် အရန်ခုံမှာ အချိန်ကုန်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဗန်ဒီဘိခ် အနေနဲ့ ဂီရိုနာအသင်းမှာ ပြန်လည်တောက်ပ လာနိုင်မလားဆိုတာ.......

Webpage >>...
https://positiveanglenews.com/2024/07/12/ဂီရိုနာ-ကို-လေးနှစ်စာချု/

VK Link>>...
https://vk.com/wall-220066330_7109

Telegram>>...
https://t.me/positiveanglenews

#PAN
#SZ
ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာနှင့် ဖျာပုံမြို့နယ်၊ ဂုံညင်းတန်းမြစ်အတွင်း ရိက္ခာခြောက်ပစ္စည်းများ တင်ဆောင်ထားသော ကျောက်ချရပ်ထားသော ပိုင်ရှင်မဲ့ ဖားကူးစက်‌လှေတစ်စီး တွေ့ရှိ
******************
(ပြည်တွင်း) ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာနှင့် ဖျာပုံမြို့နယ်၊ သဲအိမ်ကျောင်းစုကျေးရွာအစပ်၊ ဂုံညင်းတန်းမြစ် အတွင်း ယနေ့နံနက် ၈ နာရီအချိန်ခန့်က ရိက္ခာခြောက်ပစ္စည်းများ တင်ဆောင်ထား သည့် ကျောက်ချရပ်နားထားသော ပိုင်ရှင်မဲ့ ဖားကူးစက်‌လှေတစ်စီး တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျောက်ချရပ်ထားသည့် ဖားကူးစက်‌ လှေအတွင်းမှ ရွှေဒေါင်းပြန်၊ ရွှေမြင်းပျံဆေးပေါလိပ် ၁၇၀ အထုပ်ပါ ၆၈ ဖာ၊ မွှေးပဲကျက်မှုန့်အထုပ်သေး ၂၀၀ ပါ ၁၀ အိပ်၊ မာမီးခေါက်ဆွဲခြောက်အထုပ်သေး ၃၀ ပါ ၉၆ ဖာ၊ ကုလားအုပ်ခေါက်ဆွဲခြောက် ၅၀ ထုပ်ပါ ၈၈ ဖာ၊ ကွမ်းစားဆေးရွက်ကြီး အိတ်အကြီး ၅၀ အိပ်၊ ကြက်သွန်နီ ၅ ပိဿပါ ၁၆၀ အိတ်၊ Rich ကော်ဖီမစ် ၃၀ ထုပ်...

Webpage >>...
https://positiveanglenews.com/2024/07/12/ဘိုကလေးမြို့နယ်၊-မြင်းက/

VK Link>>...
https://vk.com/wall-220066330_7110

Telegram>>...
https://t.me/positiveanglenews

#PAN
#SZ
Media is too big
VIEW IN TELEGRAM
တန့်ယန်းမြို့ကို အင်အားအမြောက်အမြားနဲ့ရောက်ရှိနေတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ တပ်ဖွဲ့ဝင်တွေဟာ တန့်ယန်းမြို့မှာပဲ ရှိနေသေးပြီး မြို့ခံတွေကတော့ အခြေအနေကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြပါတယ်။ #pan_broadcasting
မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....

ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ.....

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...

အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...

ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏
"နေ့စဉ် ပုံမှန်စားသုံးပေးသင့်တဲ့ အစားအစာတွေ"

(ကျန်းမာရေး)ဇူလိုင် ၁၃

   ကျန်းမာရေးကဏ္ဍကနေ နေ့စဉ် ပုံမှန်စားသုံးပေးသင့်တဲ့ အစားအစာတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။
   အာလူးမီးဖုတ် သို့မဟုတ် အာလူးပြုတ်ဟာ အဆာခံနိုင်တဲ့ အစားအစာဖြစ်ပြီး ဗီတာမင်တွေ၊ အမျှင်ဓာတ်နဲ့ အခြား အာဟာရဓာတ်များစွာ ပါဝင်သဖြင့် စွမ်းအင်ပြည့်စေပြီး အချိန် ကြာ ဗိုက်ပြည့်စေတဲ့ အစားအစာဖြစ်ပါတယ်။
   ပရိုတိန်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ကြက်ဥနဲ့ ဘဲဥေတွ စားပေးခြင်းဖြင့်လည်း ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်ပါတယ်။
  သစ်သီးဖျော်ရည်တွေဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ငှက်ပျောသီးကဲ့သို့ အသီးတွေမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။  
   ပဲဟင်းရည်သောက်ပေးခြင်းဖြင့် သွေးကြောများထဲရှိ သကြား ဓာတ်ထုတ်လွှတ်မှုကို နှေးကွေးစေပြီး အမျှင်ဓာတ်နဲ့ ရေဓာတ်ပြည့်ဝစေပါတယ်။
   အဆီထုတ်ပြီးသား ဒိန်ချဉ်ကို သောက်ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရန် အထောက်အကူပြုနိုင်ပြီး အခြားသော အစားအစာတွေ စားသုံးမှုလျော့နည်းစေကာ သွေးထဲရှိ သကြားဓာတ်ပမာဏကို ထိန်းပေးနိုင်ပါတယ်။
#PAN
  
ဒရုန်းများ၊ ဖုန်းများတွင် တွေ့ရလေ့ရှိသည့် နည်းပညာအသုံးပြု DJI တစ်မျိုးကို e-bike ထုတ်ဖော်ပြသ

 (နည်းပညာ)ဇူလိုင် ၁၃

နာမည်ကျော်ဒရုန်းများကို ထုတ်လုပ်ဖြန့်ချိနေသော DJI ကုမ္ပဏီက e-bike များကို ထုတ်လုပ်တော့မည် ဖြစ်ကြောင်းနှင့် ဒရုန်းများ၊ ဖုန်းများတွင် တွေ့ရလေ့ရှိသည့် နည်းပညာအသုံးပြု e-bike တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအင်သုံး   တောင်တက်စက်ဘီးအမျိုးအစားဖြစ်သည့် Amflow PL ကို    DJI  ကထုတ် ဖော်ပြသလိုက်ခြင်း ဖြစ်ပြီး ထို e-bike တွင်  DJI က ဖန်တီးထားသော Avinox Drive System ကိုထည့်သွင်း အသုံးပြုထားသည်။

ထို e-bike တွင် မျက်နှာပြင်အကျယ် ၂ လက်မရှိသည့် ထိတွေ့ဖန်သားပြင်တစ်ခုပါသည်။ ယင်းဖန်သားပြင်က စက်ဘီးနင်းခြင်း နှင့်သက်ဆိုင်သည့်  အချက်အလက်များအပြင် ခန့်မှန်းရောက်ရှိနိုင်မည့် အကွာအဝေးကိုလည်း ဖော်ပြ...

သတင်းအပြည့်အစုံဖတ်ရန် link 👇👇👇

https://positiveanglenews.com

#PAN
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

(မှုခင်း)ဇူလိုင် ၁၃

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Htwe Ko Ko” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မင်းကုန်းရပ်ကွက်နေ ထွေးကိုအား နံနက် ၁၁ နာရီတွင်လည်းကောင်း၊ “အရိပ်မဲ့သစ်ပင်”၊ “@cherry. lin624”၊ “lapyae8241” TikTok အကောင့်များပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ တင်တင်အောင်အား ည ၆ နာရီ ၅ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာ ရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက် ခဲ့ပါသည်။
သတင်းအပြည့်အစုံဖတ်ရန် link 👇👇👇

https://positiveanglenews.com

#PAN
  “ဂျပန်နိုင်ငံသို့ ရောက်ရှိလာမည့် ပြည်သူများအနေဖြင့် အသားထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံများနှင့် ဟင်းသီး ဟင်းရွက်များ သယ်ဆောင်လာခြင်းကို တားမြစ်အသိပေး”
(ပြည်တွင်း) ဇူလိုင် ၁၃
နိုင်ငံရပ်ခြားမှ ဂျပန်နိုင်ငံသို့ ရောက်ရှိလာမည့် ပြည်သူများအနေဖြင့် အသားထွက်ကုန်ပစ္စည်းများ၊ သစ်သီး ဝလံများနှင့် ဟင်းသီးဟင်းရွက်များတို့ကို သယ်ဆောင်လာပါက ဥပဒေအရ တင်းကြပ်စွာတားမြစ် ကန့်သတ်ထား ကြောင်း မြန်မာနိုင်ငံရှိ ဂျပန်သံရုံးမှ အသိပေးထားပါတယ်။
အဆိုပါ အသားထွက်ကုန်များ၊ ဟင်းသီဟင်းရွက်များနှင့် သစ်သီးဝလံများစသည်တို့ကို ဂျပန်နိုင်ငံတွင်းသို့ သယ်ဆောင်လာပါက အပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၃ နှစ် အောက်(သို့မဟုတ်)၊ ငွေဒဏ် ဂျပန်ယန်းငွေ ၃ သန်းနှင့် ကုမ္ပဏီလုပ်ငန်းဖြစ်ပါက ဂျပန်ယန်းငွေ သန်း ၅ဝ အထိ ချမှတ်ခံရမှာြဖစ်ပါတယ်။ ၎င်းတို့ကို  အပြည်ပြည်ဆိုင်ရာ ချောထုပ်ပို့ဆောင်ရေး လုပ်ငန်းများမှတစ်ဆင့်လည်း ဂျပန်နိုင်ငံသို့ ပို့ဆောင်တင်သွင်းခြင်းကို တားမြစ်ထားတာ ဖြစ်ပါတယ်။
သတင်းအပြည့်အစုံဖတ်ရန် link 👇👇👇

https://positiveanglenews.com

#PAN
“ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်”

(ကျန်းမာရေး)ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ထားမှုများကို ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများနှင့်ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်ပံ့ပိုးမှုတို့ဖြင့် ကွင်းဆင်းအဖွဲ့များက ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါတယ်...

သတင်းအပြည့်အစုံဖတ်ရန် link 👇👇👇

https://positiveanglenews.com

#PAN
“နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး အမည်မည်းစာရင်း(Black Lists)တွင် ပါဝင်နေသူများအား ဖြေလျှော့ပေးမည်”

(ပြည်တွင်း)ဇူလိုင် ၁၃

အမည်မည်းစာရင်း(Black Lists)တွင် ပါဝင်နေသော နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သူများကို ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်း အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာန များ၏ အမည်မည်းစာရင်း(Black Lists)တွင် ပါဝင်လျက်ရှိနေခြင်းကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ် ဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် ကာယကံရှင်များ၏ လူမှုဘဝများလည်း နစ်နာလျက်ရှိကြောင်း ...


သတင်းအပြည့်အစုံဖတ်ရန် link 👇👇👇

https://positiveanglenews.com

#PAN
ဆိုဗီယက်နိုင်ငံဟောင်း အာမေးနီးယားတွင် အီးယူမစ်ရှင်ထားရှိ၍ ထောက်လှမ်းရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေကြောင်း ရုရှားက သုံးသပ်

(နိုင်ငံတကာ) ဇူလိုင် ၁၃

ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Mikhail Galuzin က အာမေးနီးယားရှိ အီးယူမစ်ရှင်သည် ထောက်လှမ်းရေးလှုပ်ရှားမှုများ၏ ရှေ့တန်းအဖြစ် ...


PAN ကိုထောက်ပံ့လိုရင်တော့ ( KBZ Pay, AyA Pay, Wave Pay - 09425318387 ) တွေကနေ ထောက်ပံ့ပေးနိုင်ပါတယ်။

Webpage >>... https://positiveanglenews.com/2024/07/13/ဆိုဗီယက်နိုင်ငံဟောင်း-အ/

#PAN