=====================
ကိုင်လီယန်ဘက်ပေးဟာ အမေရိကန်နိုင်ငံ၊ ဆက်စ်ဆာချူးဆက်ရှိ Gillette Stadium တွင် ဘရာဇီးအား အနိုင်ရတဲ့ ခြေစမ်းပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပြင်သစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူစံချိန်အား လိုက်မီရန် တစ်ဂိုးတည်းသာလိုတော့ပြီ ဖြစ်ပါတယ်။
ဘက်ပေးဟာ ယင်းပွဲရဲ့ပွဲချိန် ၃၂ မိနစ်တွင် ဒမ်ဘီလီရဲ့ ဖန်တီးမှုမှ တဆင့် ပြင်သစ်အတွက် ဦးဆောင်ဂိုးသွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းဂိုးက ဘက်ပေးရဲ့ ပြင်သစ်အသင်းအတွက် ၉၅ ပွဲမြောက် ကစားရာတွင် ၅၆ ဂိုးမြောက်ဂိုးဖြစ်ပြီး ပြင်သစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားတဲ့ အိုလီဗာဂျရူးရဲ့ စံချိန်ကို လိုက်မီရန် တစ်ဂိုးတည်းသာလိုတော့ပြီ ဖြစ်ပါတယ်။
ဂျရူးက ကမ္ဘာ့ဖလား ၂ ကြိမ်ချန်ပီယံ ပြင်သစ်အတွက် ၁၃၇ ပွဲကစားထားရာမှာ ၅၇ ဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။
အသက် ၂၇ နှစ်ရှိ ဘက်ပေးဟာ ပထမပိုင်းမှာ နောက်ထပ်အခွင့်အရေး နှစ်ကြိမ် ရခဲ့ပေမယ့် လွဲချော်ခဲ့ပြီးနောက် ပွဲချိန် ၆၆ မိနစ်တွင် မားကပ်စ်သူရမ်နှင့် လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
ဘက်ပေးဟာ ၂၀၁၇ ခုနှစ်တွင် အသက် ၁၈ နှစ်အရွယ်မှာ ပထမဆုံး ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။
မနေ့ညက ကစားတဲ့ပွဲရဲ့ ပွဲချိန် ၅၅ မိနစ်တွင် ပြင်သစ်ဟာ ဒါယော့အူပါမီကာနို အနီကတ်ပြထုတ်ပယ်ခြင်းခံရလို့ တစ်ယောက်အလျော့ဖြင့် ကစားခဲ့ရပေမယ့်လည်း ပွဲချိန် ၆၅ မိနစ်မှာ အီကီတီကီက ဒုတိယဂိုးသွင်းခဲ့လို့ ၂-၀ ဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဘရာဇီးအတွက် ချေပဂိုးတစ်ဂိုးကို ဘရီမာက ၇၈ မိနစ်တွင် သွင်းယူခဲ့ပါတယ်။

အာဂျင်တီးနားဂန္ထဝင်လီယွန်နယ်မက်ဆီဟာ လက်ရှိ ကစားနေတဲ့ အင်တာမိုင်ယာမီရဲ့ ကွင်းသစ်မှ ပွဲကြည့်စင်အမည်ပေးဂုဏ်ပြုခြင်းခံလာရပါတယ်။
အသက် ၃၈ နှစ်ရှိ မက်ဆီဟာ ဘောလုံးသမိုင်းတွင် အကြီးကျယ်ဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ၂၀၂၃ ခုနှစ်ကတည်းက အင်တာမိုင်ယာမီတွင် ကစားလာသူ ဖြစ်ပါတယ်။
ဘာစီလိုနာနှင့် ပီအက်စ်ဂျီစူပါစတားဟောင်းဟာ အင်တာမိုင်ယာမီအတွက် ၈၂ ဂိုးသွင်းကာ ၅၃ ကြိမ် ဖန်တီးမှု ပြုလုပ်ထားပြီး ပထမဆုံးမေဂျာလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးထားပါတယ်။
အင်တာမိုင်ယာမီဟာ အသစ်ဖွင့်လှစ်လာတဲ့ ပရိသတ် ၂၆၇၀၀ ဆန့် Nu Stadium ကွင်းမှ ပွဲကြည့်စင်အား အသင်းတွင် ကစားနေဆဲ ဖြစ်တဲ့ လီယွန်နယ်မက်ဆီရဲ့ အမည်ပေးကာ ဂုဏ်ပြုလာတာလည်း ဖြစ်ပါတယ်။
အင်တာမိုင်ယာမီဟာ ဧပြီလ ၄ ရက်နေ့ စနေနေ့တွင် ကွင်းသစ်တွင် ပထမဆုံးပွဲအဖြစ် အော်စတင်အက်ဖ်စီနှင့် ရင်ဆိုင်ကစားသွားပါမယ်။
မက်ဆီဟာ ၂၀၂၅ ခုနှစ် ဇွန်လတုန်းကလည်း ကစားသမားဘဝ ပထမဆုံးကလပ်ဖြစ်တဲ့ အာဂျင်တီးနားကလပ် Newell's Old Boys ရဲ့ ပွဲကြည့်စင်အမည်ပေးကာ ဂုဏ်ပြုခြင်းခံခဲ့ရဖူးပါတယ်။
Ballon d'Or ၈ ကြိမ်ရ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီတုန်းက အင်တာမိုင်ယာမီကို မေဂျာလိဂ်ဖလား ရရှိအောင် ဦးဆောင်ခဲ့ပြီးနောက် တန်ဖိုးအရှိဆုံးကစားသမားဆုအား သမိုင်းတွင် ၂ ကြိမ်ဆက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တိုင်သစ် ရေးထိုးရယူနိုင်ခဲ့ပါတယ်။

===================
အင်္ဂလန်နည်းပြဟောင်းရွိုင်းဟော့ဆန်ဟာ ဘရစ်စတိုးစီးတီးအား ယာယီနည်းပြအဖြစ် ရာသီအကုန်အထိ ကိုင်တွယ်ကာ နည်းပြလောကသို့ ပြန်လည် ဝင်ရောက်လာပါတယ်။
ဘရစ်စတိုးစီးတီးဟာ ရလဒ်ဆိုးရွားမှုကြောင့် ဂါဟတ်စထရူဘာကို ထုတ်ပယ်ပြီး တချိန်တည်းမှာပင် အသက် ၇၈ နှစ်ရှိ ရွိုင်းဟော့ဆန်အား ခန့်အပ်ကြောင်း ကြေညာလာတာလည်း ဖြစ်ပါတယ်။
ဘရစ်စတိုးဟာ ချန်ပီယံရှစ်အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာ ရပ်တည်နေပြီး ငါးပွဲဆက် နိုင်ပွဲပျောက်နေပါတယ်။
၎င်းတို့ဟာ နောက်ဆုံးပွဲဖြစ်တဲ့ စနေနေ့တုန်းက ဝက်စ်ဘရွန်းကို အိမ်ကွင်းမှာ ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့သလို မကြာသေးမီတုန်းက လိဂ် ၁ အမှတ်ပေးဇယားအောက်ခြေမှ ပေါ့ဗေးလ်ကို ရှုံးနိမ့်ကာ အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးလည်း ဖြစ်ပါတယ်။
ဟော့ဆန်ဟာ ပဲလေ့စ်အား ဒုတိယအကြိမ်မြောက် ကိုင်တွယ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကတည်းက နည်းပြလောကနှင့် ဝေးကွာလာခဲ့သူ ဖြစ်ပါတယ်။
ဟော့ဆန်ဟာ ဘရစ်စတိုးရဲ့ ရာသီလက်ကျန်ပွဲ ၇ ပွဲကို ကြီးကြပ်လာမှာ ဖြစ်ပြီး ပထမဆုံးပွဲအဖြစ် သောကြာနေ့ အဆင့် ၁၈ နေရာမှ ချာလ်တန်နှင့်ပွဲအား ကြီးကြပ်သွားပါမယ်။
အင်္ဂလန်အသင်းကို ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကိုင်တွယ်ခဲ့တဲ့ ဟော့ဆန်ဟာ ၁၉၈၂ ခုနှစ်တုန်းက ဘရစ်စတိုးအား နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ဖူးပေမယ့်လည်း လေးလသာ ကိုင်တွယ်ခဲ့ရပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရဖူးပါတယ်။

====================
ယူနိုက်တက်ဂန္ထဝင်အသင်းခေါင်းဆောင်ရွိုင်ကိန်းရဲ့မိခင်မှာ စိတ်မကောင်းဖွယ် ကွယ်လွန်သွားခဲ့ကြောင်း မိသားစုဝင်များက အတည်ပြုလာပါတယ်။
မာရီကိန်းဟာ ကော့ခ်ရှိ Marymount University Hospital တွင် ဆရာဝန်များ၊ သူနာပြုများရဲ့ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်မှုခံယူရန် ချစ်ရတဲ့ မိသားစုဝင်များ ရှေ့မှောက်တွင် ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့တာပါ။
အိုင်ယာလန်စတားဟောင်းရွိုင်ကိန်းဟာ မိခင်နှင့် နီးနီးကပ်ကပ် နေလေ့ရှိသူ ဖြစ်ပြီး မွေးရပ်မြေသို့ ပုံမှန်ပြန်ကာ တွေ့ဆုံလေ့ရှိပါတဘ်။
ရွိုင်ကိန်းဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတုန်းက အိုင်ယာလန်သို့ ပြန်စဉ် မိခင်နှင့် တွေ့ဆုံစဉ် ဓာတ်ပုံရိုက်ကူးကာ 'ငါ နားထောင်တဲ့ တစ်ဦးတည်းသော ဘော့စ်"လို့ ရေးသားကာ ပို့စ်တင်ခဲ့ဖူးပါတယ်။
မာရီရဲ့ ခင်ပွန်းသည် မူရစ်မွိုက်ဆီကိန်းမှာ ၂၀၁၉ ခုနှစ်ကတည်းက လေဖျန်းပြီးနောက် ကွယ်လွန်သွားခဲ့ပြီး ဖြစ်ပါတယ်။
ကိန်းရဲ့မိဘများဟာ ယူနိုက်တက်တွင် ၁၉၉၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ကစားစဉ်အတွင်း တောက်လျှောက်အားပေးလာခဲ့ကြသူများလည်းဖြစ်ပါတယ်။

မိုဟာမက်ဆာလက်ဟာ လီဗာပူးမှ စောစောစီးစီး ထွက်ခွာမှုနှင့်အတူ အပိုဆုကြေးငွေ ပေါင်သန်း ၂၀ နစ်နာဆုံးရှုံးခဲ့ပါတယ်။
လီဗာပူးဟာ မိုဟာမက်ဆာလက် စာချုပ်သက်တမ်းမကုန်ဆုံးမီ ထွက်ခွာမှုနှင့်အတူ စုစုပေါင်း ပေါင် ၄၀.၈ သန်းအထိ သက်သာလာမှာလည်း ဖြစ်ပါတယ်။
အီဂျစ်စူပါစတားဟာ ယခုအပတ်အစောပိုင်းတုန်းက ရာသီအကုန်တွင် ကိုးနှစ်ကြာ ကစားလာခဲ့တဲ့ အန်ဖီးလ်မှ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အသက် ၃၃ နှစ်ရှိ ဆာလက်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက လီဗာပူးနှင့် တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ တန် ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့သူပါ။
ယင်းစာချုပ်အတွင်းတွင် ဆာလက်ဟာ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ လီဗာပူးတွင် ရှိနေမည်ဆိုပါက သစ္စာရှိကြေး အပိုဆုကြေးအဖြစ် ပေါင်သန်း ၂၀ ရရှိမယ့်အချက်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။
ဒါကြောင့်လည်း ဆာလက်ဟာ စာချုပ်သက်တမ်းမကုန်ဆုံးမီ တစ်နှစ်အလိုတွင် ထွက်ခွာမှုကြောင့် အပိုဆုကြေး ခံစားခွင့် ရရှိလာမှာ မဟုတ်ပါဘူး။
တဖက်တွင် လီဗာပူးကတော့ မိုဟာမက်ဆာလက်ရဲ့ တစ်ပတ်လုပ်ခပေါင် ၄၀၀၀၀၀ တန် တစ်နှစ်စာချုပ်အတွက် ငွေများ သာသာလာသလို အပိုဆုကြေး ပေါင်သန်း ၂၀ လည်း ပေးလာရတော့မှာ မဟုတ်ပါဘူး။
တဖက်တွင် မိုဟာမက်ဆာလက်ဟာ အခြားကလပ်တစ်ခုခုသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့နိုင်မှုနှင့်အတူ လက်မှတ်ထိုးကြေးများစွာ ရရှိလာဖို့ ရှိနေပါတယ်။
ဆာလက်ကို ဆော်ဒီကလပ် Al Ittihad က ခေါ်ယူရန် စိတ်ဝင်စားနေပြီး လက်မှတ်ထိုးကြေး ပေါင်သန်း ၆၀ အထိ ရရှိလာနိုင်ပါတယ်။
ဒါ့အပြင် လီဗာပူးနည်းပြဟောင်းဘရန်ဒန်ရော်ဂျာကိုင်တွယ်နေတဲ့ Al Qadsiah က ဆာလက်ကို ပေါင် ၁ ဘီလီယံတန်စာချုပ်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်းလည်း သတင်းထွက်နေပါသေးတယ်။
ဒါကြောင့်လည်း ဆာလက်အနေဖြင့် လီဗာပူးမှ တစ်နှစ်စောထွက်ခွာမှုကြောင့် ငွေကြေးများစွာ နစ်နာဆုံးရှုံးလာမှာ ဖြစ်ပေမယ့်လည်း ဆော်ဒီသို့ ပြောင်းလာမည်ဆိုပါက ငွေသန်းပေါင်းများစွာ ရရှိလာပါမယ်။

======================
တူရကီကလပ်ဖီနာဘာချီဟာ ယူရိုပါလိဂ်ပွဲစဉ်တွင် ၎င်းတို့ရဲ့ ပရိသတ်များ ဖျက်ဆီးခဲ့မှုကြောင့် City Ground အတွင်း ထိခိုက်နစ်နာမှုများအတွက် နော်တင်ဟမ်ဖောရက်စ်အား အလျော်ပေးလာရတော့မှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့တုန်းကပွဲစဉ်တွင် ဖီနာဘာချီပရိသတ်များဟာ မီးရှူးများဖြင့် ပစ်လွှတ်ခဲ့ပြီး ပထမပိုင်းအတွင်း ပွဲရပ်ဆိုင်းမှု ပြုလုပ်ခဲ့ရကာ ပရိသတ် ၃ ဦး အဖမ်းခံခဲ့ရပါတယ်။
နောက်ပိုင်းတွင် City Ground အဝေးကွင်းပွဲကြည့်စင်တွင် ဖီနာဘာချီပရိသတ်တို့ ထိုင်ခုံများကို ရိုက်ချိုးဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ရပါတယ်။
ယခုအခါ ယူအီးအက်ဖ်အေဟာ ပရိသတ်များရဲ့ လုပ်ရပ်အတွက် ဖီနာဘာချီကိုကို ယူရို၂၀၅၀၀ ဒဏ်ရိုက်နှင့် ထပ်ဆောင်းဒဏ်ငွေ ယူရို ၃၀၀၀၀ အပြင် လာမယ့်ဥရောပအဝေးကွင်းပွဲအား ပရိသတ်များအား လက်မှတ်မရောင်းချရန် ဆုံးဖြတ်လာပါတယ်။
ဖီနာဘာချီဟာ ရက် ၃၀ အတွင်း နော်တင်ဟမ်ဖောရက်စ်နှင့် ဆက်သွယ်မှု ပြုလုပ်ကာ ကွင်းအတွင်း ပျက်စီးဆုံးရှုံးများအား ဆက်သွယ် လျော်ပေးရပါမယ်။
ဖောရက်စ်ဟာ အဆိုပါပွဲတွင် ဖီနာဘာချီကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပေမယ့်လည်း နှစ်ကျော့ပေါင်းရလဒ် -၂ ဖြင့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။

==================
သောမတ်စ်တူချယ်က ဝင်ဘာလေကွင်းတွင် ဥရုဂွေးနှင့် ပွဲစဉ်တွင် ဘင်ဝှိုက် ဝင်ရောက် ကစားစဉ် လှောင်ပြောင်မှု ပြုလုပ်ခဲ့တဲ့ အင်္ဂလန်ပရိသတ်များရဲ့ လုပ်ရပ်အပေါ် စိတ်ပျက်ရကြောင်း ပြောကြားလာပါတယ်။
ဘင်ဝှိုက်ဟာ ဝင်ဘာလေကွင်းတွင် ဥရုဂွေးနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲတွင် လူစားဝင်ရောက်ကစားချိန်မှာ လှောင်ပြောင်မှုနှင့် ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဘင်ဝှိုက်ဟာ အဆိုပါပွဲစဉ်တွင် အင်္ဂလန်အတွက် အဖွင့်ဂိုးအား သွင်းခဲ့ပေမယ့် သူ့လုပ်ရပ်ကြောင့်ပင် ပင်နယ်တီပေးခဲ့ရကာ ချေပဂိုးပေးခဲ့ရပါတယ်။
ဘင်ဝှိုက်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လက်ထောက်နည်းပြဟောင်းစတိဗ်ဟော်လန်နှင့် ပြဿနာတက်ကာ အင်္ဂလန်အသင်းမှ ထွက်ခွာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်အတွက် ကစားလာခဲ့တာလည်း ဖြစ်ပါတယ်။
တူချယ်က "ကျွန်တော်တို့က ကစားသမားတွေကို အကာအကွယ်ပေးထားရတာကြောင့် စိတ်ပျက်ရတယ်၊ ခံစားချက်ရောနှောနေတယ်။ စခန်းသွင်းလေ့ကျင့်တုန်းက သူအရမ်းကောင်းခဲ့တယ်။ အခြားကစားသမားတွေ ဘာဖြစ်ခဲ့တယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ သူလည်း စာမျက်နှာအသစ်ရေးဖို့ အသင့်ဖြစ်နေတယ်။ လူတိုင်း ဒါကို ဖယ်ရှားနိုင်ဖို့ မျှော်လင့်တယ်။ သူ့ကို လှောင်ပြောင်တာကို သိခဲ့တယ်။ ကျွန်တော်လည်း ပါဝင်ပတ်သက်နေတော့ မကြားလိုက်မိဘူး။ အများစု လုပ်တာတော့ မဖြစ်နိုင်ဘူး"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် သောမတ်စ်တူချယ်ဟာ အဆိုပါပွဲစဉ်တွင် နိုနူမာဒူကီနှင့် ဖီးလ်ဖိုဒန်တို့ ဒဏ်ရာရရှိတဲ့အထိ ဖျက်ထုတ်ခံခဲ့ရပေမယ့် အရေးမယူခဲ့တဲ့ ဂျာမန်ဒိုင်လူကြီးဆဗင်ဂျာဘလွန်စကီးအား ဝေဖန်ခဲ့ပါတယ်။
ဂျာဘလွန်စကီးဟာ အဆိုပါပွဲစဉ်တွင် အဝါကတ် ၂ ကတ်ပြသခြင်းခံခဲ့ရတဲ့ အူဂတ်တီကိုလည်း အနီကတ်ပြထုတ်ပယ်ရန် ပျက်ကွက်ခဲ့ပါတယ်။

ဂါနာလက်ရွေးစင်အသင်းသားတို့ဟာ ဗီယာနာတွင် စခန်းသွင်းလေ့ကျင့်ခန်းဆင်းနေစဉ် တန်ဖိုးရှိပစ္စည်းများ၊ ငွေသားများ အခိုးခံရမှုနှင့် ကြုံခဲ့ရပါတယ်။
ဂါနာစတားများဟာ ဩစတြီးယားနှင့် ခြေစမ်းပွဲမတိုင်မီ နာရီအနည်းငယ်အလိုတွင် ၎င်းတို့တည်းခိုရာ ဟိုတယ်တွင် တန်ဖိုးကြီးနာရီများ၊ ငွေသားများ အခိုးခံခဲ့ရတာပါ။
မန်စီးတီးစတားအန်တိုနီဆီမန်ယို၊ သောမတ်စ်ပါတေး၊ ဂျော်ဒန်အယောတို့အပါအဝင် ဂါနာစတားတို့ အခိုးရတဲ့ ပစ္စည်းများရဲ့ တန်ဖိုးစုစုပေါင်းမှာ ပေါင် ၁၅၀၀၀ ဝန်းကျင် ရှိကြောင်း သိရပါတယ်။
ဂါနာမီဒီယာများရဲ့ ဖော်ပြမှုအရ ဂါနာစတားတို့ရဲ့ နာရီ၊ ပိုက်ဆံအိတ်၊ ဖုန်းများအပါအဝင် တကိုယ်တော်သုံး တန်ဖိုးရှိပစ္စည်းများ အခိုးခံရခြင်းဖြစ်ကြောင်း သိရပါတယ်။
သူခိုးက ဟိုတယ်အတွင်းတွင် ရှိနေသူတစ်ဦးဦးလို့ ယူဆရပြီး ဟိုတယ်လုံခြုံရေးနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာများ ရှိနေပါတယ်။
ဂါနာဘောလုံးအဖွဲ့ချုပ်ကလည်း အချိန်မဆိုင်းဘဲ ဒေသတွင်း အာဏာပိုင်များကို ချက်ချင်း အကြောင်းကြားမှု ပြုလုပ်ထားကြောင်း သိရပါတယ်။
လက်ရှိအချိန်တွင် ဩစတြီးယားရဲတပ်ဖွဲ့က ဂါနာအသင်းသားတို့ ခိုးယူခံရမှုအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
အထက်ပါ အဖြစ်အပျက်ကြောင့် ဂါနာအသင်းသားတို့ဟာ မတည်မငြိမ်ဖြစ်နေခဲ့ကြပြီး ဩစတြီးယားနှင့်ခြေစမ်းပွဲတွင် ၅-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။
ဟိုတယ်တာဝန်ရှိသူများက ဟိုတယ်တွင် ဖောက်ထွင်းဝင်ရောက်ခြင်းခံရတဲ့ လက္ခဏာမတွေ့ရကြောင်း၊ သို့ရာတွင် အခိုးခံရချိန်တွင် စီစီတီဗွီအလုပ်မလုပ်ကြောင်း ဆိုထားပါတယ်။
ဂါနာအသင်းတာဝန်ရှိသူများဟာ ဩစတြီးယားတွင် စခန်းသွင်းလေ့ကျင့်မှု ပြုလုပ်စဉ်အတွင်း ကစားသမားများရဲ့ လုံခြုံရေးအပေါ် ပိုမိုစိုးရိမ်ကာ လုံခြုံရေးတိုးမြှင့်ပေးရေး ဖိအားများအောက်သို့ ကျရောက်နေပါတယ်။

ယူကရိန်းအသင်းသားတို့ဟာ ဆွီဒင်နှင့် ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်မတိုင်မီ စခန်းသွင်းလေ့ကျင့်ခန်းဆင်းချိန်တွင် အခိုးခံရမှုနှင့်ကြုံခဲ့ရပါတယ်။
ချဲလ်ဆီးနည်းပြဟောင်းဂရေဟမ်ပေါ်တာဦးဆောင်တဲ့ ဆွီဒင်ဟာ အာဆင်နယ်တိုက်စစ်မှူးဗစ်တာယိုကီရေးစ်ရဲ့ ဟက်ထရစ်ဖြင့် ယူကရိန်းကို အနိုင်ရရှိပြီး ပလေးအော့ဖ်ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပါတယ်။
ဆွီဒင်ဟာ ပလေးအော့ဖ်ဗိုလ်လုပွဲအဖြစ် လာမယ့် ဗုဒ္ဓဟူးနေ့တွင် ပိုလန်နှင့် ရင်ဆိုင်ကစားရပါမယ်။
ဒါပေမယ့် စပါးစ်တိုက်စစ်မှူးဟောင်းဆာဂျီရီဘရော့ဗ်ကိုင်တွယ်နေတဲ့ ယူကရိန်းအသင်းသားတို့ဟာ ဆွီဒင်ကို ၃-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲမတိုင်မီ တုန်လှုပ်စရာ အဖြစ်အပျက် ကြုံခဲ့ရပါတယ်။
မီဒီယာများရဲ့ဖော်ပြမှုအရ သူခိုးများဟာ ဘီနီဒွမ်းရှိ ယူကရိန်းအသင်းတည်းခိုရာ ဟိုတယ်သို့ ထိုးဖောက်ဝင်ရောက်ပြီး တန်ဖိုးရှိ ပစ္စည်းများ ခိုးယူသွားခဲ့ကြပါတယ်။
ယူကရိန်းစတားများဟာ အခန်းသို့ ပြန်ရောက်လာချိန်တွင် အဖိုးတန်နာရီများ၊ အဖိုးတန်ပစ္စည်းများ၊ ငွေများ ခိုးယူခြင်းခံထားရကြောင်း အံ့ဩသင့်ဖွယ်ကြုံခဲ့ရပါတယ်။
ယင်းဖြစ်ရပ်ကြောင့် ယူကရိန်းစတားများဟာ ဗလင်စီယာသို့ ဆွီဒင်နှင့်ပွဲ ကစားရန် သွားချိန်တွင် အဖိုးတန်ပစ္စည်းများ မပါဝင်ဘဲ သွားခဲ့ရပါတယ်။

=======================
အီရန်လက်ရွေးစင်အသင်းဟာ အီရန်စစ်ပွဲ ပထမဆုံးနေ့တွင် လူပေါင်းတစ်ရာကျော် သေဆုံးခဲ့တဲ့ အမေရိကန်ရဲ့ မူကြိုကျောင်းအား ဒုံးကျည်ဖြင့် တိုက်ခိုက်မှုအား ဆန္ဒပြမှု ပြုလုပ်လာပါတယ်။
အီရန်အသင်းဟာ နိုင်ဂျီးရီးယားနှင့်ကစားတဲ့ ခြေစမ်းပွဲစဉ်မတိုင်မီ နိုင်ငံတော်သီချင်းသီဆိုစဉ် လက်ပတ်အနက်ရောင် ပတ်၊ ကျောင်းလွယ်အိတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတုန်းက Shajareh Tayyebeh ကျောင်းအား တိုက်ခိုက်မှုကြောင့် ကလေး ၁၁၀ ဦးအပါအဝင် လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့ကြောင်း အီရန်တာဝန်ရှိသူများက ဆိုထားပါတယ်။
အမေရိကန်မီဒီယာများက အီရန်တောင်ပိုင်း မီနက်မြို့ရှိ စာသင်ကျောင်းကို မရည်ရွယ်ဘဲ တိုက်ခိုက်ခဲ့မှုအတွက် တာဝန်ရှိနေတယ်လို့ အမေရိကန်စစ်ဘက်စုံစမ်းစစ်ဆေးရေးအဖွဲ့က ယုံကြည်နေကြောင်း ဖော်ပြခဲ့ကြပါတယ်။
ယူအန်လူ့အခွင့်အရေးအကြီးအကဲကလည်း အမေရိကန်အနေဖြင့် ယင်းဖြစ်ရပ်အား အလုံးစုံစုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး လူသိရှင်ကြား ချပြရန် တိုက်တွန်းထားပါတယ်။
တူရကီကမ်းခြေဘီလက်တွင် ကစားတဲ့ နိုင်ဂျီးရီးယားနှင့်ခြေစမ်းပွဲစဉ်မတိုင်မီမှာတော့ ပေါ်တိုနှင့် အင်တာမီလန်တိုက်စစ်မှူးဟောင်းမီဒီတာရီမီအပါအဝင် အီရန်ကစားသမားများဟာ လည်စင်းပါဝင်တဲ့ ပန်းရောင်၊ ခရမ်းရောင်အိတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။
အီရန်အာဏာပိုင်တို့က အမေရိကန်နှင့် အစ္စရေးတို့မှာ အီရန်တော်လှန်ရေးအစောင့်တပ်တည်နေရာလို့ ယူဆကာ စာသင်ကျောင်းအား မှားယွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ရပ်အတွက် အပြည့်အဝ တာဝန်ယူရမယ်လို့ ဆိုထားပါတယ်။
အီရန်ဟာ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားပေမယ့်လည်း ပါဝင်ယှဉ်ပြိုင်ရေး မရေမရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။
၎င်းတို့ဟာ နယူးဇီလန်၊ ဘယ်လ်ဂျီယံ၊ အီဂျစ်တို့နှင့် အုပ်စုပွဲအားလုံးကို အမေရိကန်တွင် ကစားရမှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် ကိုယ့်အသက်နှင့် လုံခြုံရေးအတွက် ကမ္ဘာ့ဖလားတွင် မပါဝင်သင့်ကြောင်း ဆိုထားပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ်နှင့် အားကစားဝန်ကြီးဌာနတို့ကလည်း အီရန်အသင်းမှာ အမေရိကန်သို့ သွားရောက်ကာ ၄ ကြိမ်ဆက် ကမ္ဘာ့ဖလားကစားလာမည်မဟုတ်ကြောင်း ကြေညာထားပါတယ်။
အီရန်အသင်းဟာ နိုင်ဂျီးရီးယားနှင့်ခြေစမ်းပွဲတွင် ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပြီး အင်္ဂါနေ့တွင် တူရကီတွင်ပင် ကော့စတာရီကာနှင့်ခြေစမ်းပွဲ ကစားသွားပါမယ်။
ယခုလအစောပိုင်းတုန်းက အီရန်အမျိုးသမီးလက်ရွေးစင်အသင်းဟာ အာရှဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် နိုင်ငံတော်သီချင်း မသီဆိုဘဲ ဆန္ဒပြမှုကြောင့် နိုင်ငံတော်သစ္စာဖောက်များအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
အီရန်အမျိုးသမီးအသင်းမှ အဖွဲ့ဝင် ၈ ဦးတို့ဟာ အီရန်သို့ ပြန်ချိန်တွင် ကွပ်မျက်ခြင်း၊ ထောင်ချခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းခံရနိုင်မှုကြောင့် ဩစတြေးလျနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် ရယူခဲ့ကြပါတယ်။
ဒါပေမယ့် ၎င်းတို့ဟာ မိသားစုဝင်များရဲ့ လုံခြုံရေးအခြေအနေများကြောင့် နိုင်ငံရေးခိုလှုံခွင့်ရယူထားမှုအား ရုတ်သိမ်းကာ အီရန်သို့ ပြန်ခဲ့ကြပါတယ်။

တောင်ကိုရီးယား-အိုင်ဗရီကို့စ်
စနေ(ည ၈း၃၀နာရီ)
Diamond Seven
စနေနေ့အပိုင်တစ်ကွက်ကို နိုင်ငံအသင်းခြေစမ်း ပွဲစဥ်ဖြစ်တဲ့ တောင်ကိုရီးယား-အိုင်ဗရီကို့စ် ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်၊၊ အခုပွဲကို အင်္ဂလန်နိုင်ငံ၊ အမ်ကေဒွန်းစ် ကွင်းမှာ ကစားကြမှာဖြစ်ပါတယ်၊၊
လတ်တလောမှာတော့ တောင်ကိုရီးယားက ၃ပွဲဆက်အနိုင်ရထားခဲ့ရာမှာ ပေးဂိုးတောင်မရှိခဲ့ပါဘူး၊၊ ၅ယောက်တန်းထားကစားနေတဲ့ တောင်ကိုရီးယားရဲ့ ခံစစ်ဗျူဟာကလည်း အလုပ်ဖြစ်နေတာမို့ အိုင်ဗရီကို့စ်တိုက်စစ်ကိုလည်း ကျစ်ကျစ်လစ်လစ်နဲ့ ဟန့်တားနိုင်ဦးမှာပါ၊၊
အိုင်ဗရီကို့စ်ကလည်း အာဖရိကအသင်းပီပီ ခံစစ်မာဂုဏ်မြင့်တဲ့အသင်းပါ၊၊ အန်ဒစ်ကာ၊ ကော့ဆိုနူနဲ့ ကိုနန်တို့ရဲ့ ခံစစ်အတွဲအဖက်ကလည်း တွဲကစားလာတာကြာပြီမို့ နားလည်မှု ပြည့်ဝလှပါတယ်၊၊ အင်္ဂလန်မြေ ကြားကွင်းမှာ ခြေစမ်းကစားကြတာမို့ ပုံမှန်လောက်ပဲထိန်းကစားပြီး ဂိုးအောက်ဖြစ်သွားနိုငိပါတယ်၊၊