Playmaker Journal
2.03K subscribers
4.29K photos
1 video
326 links
Download Telegram
အိမ်ကွင်းကစားအားကောင်းတဲ့ ဆွစ်ဇာလန်ကိုသာ အကြိုက်တွေ့မိ
ဆွစ်ဇာလန်-ဂျာမနီ
သောကြာ(ည ၂း၁၅နာရီ)

Diamond Seven

သောကြာနေ့အပိုင်တစ်ကွက်ကို နိုင်ငံအသင်းခြေစမ်း ပွဲစဥ်ဖြစ်တဲ့ ဆွစ်ဇာလန်-ဂျာမနီ ပွဲကနေ ရွေးချယ်ပေးချင်ပါတယ်၊၊

ဆွစ်ဇာလန်က ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားသလို ရှုံးပွဲမရှိတာလည်း အတော်ကြာပါပြီ၊၊ အထူးသဖြင့် အိမ်ကွင်းဆို ပိုလို့ကစားအားကောင်းပြီး ရှာကာ၊ အကန်ဂျီးတို့လို ဝါရင့်ကစားသမားတွေက ဘယ်အသင်းကိုမဆို ယှဥ်ကစားပြနိုငိပါတယ်၊၊

ဂျာမနီက နည်းပြနာဂယ်စမန်းလက်ထက် အိမ်ကွင်းကစားပုံသာ တိုးတက်လာပြီး အဝေးကွင်းခြေစွမ်းသိပ်မစွံပါဘူး၊၊ ဝေါ်တီမာဒီနဲ့ ဖလော်ရီယန်ဝစ်ဇ်တို့ကိုသာ အားကိုးနေရတဲ့တိုက်စစ်ကလည်း ခံစစ်မာတဲ့အသင်းတွေနဲ့ဆို ရုန်းကန်ရတာ သိသာပါတယ်၊၊ ဂျာမနီက -၄၀အကျောပေးထားပေမယ့်လည်း အိမ်ကွင်းကစားအားကောင်းတဲ့ ဆွစ်ဇာလန်ကိုသာ အကြိုက်တွေ့မိပါတယ်၊၊
သောမတ်စ်တူချယ်ရဲ့ ဖိတ်ကြားမှုကြောင့် အင်္ဂလန်ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့်ရလာတဲ့ ပရီးမီးယားလိဂ်စတားဟောင်းရဲ့သား
===================
စပါးစ်လူငယ်ကစားသမားတိုင်ယီဟေးလ်ဟာ ဝင်ဘာလေကွင်းအတွင်း အင်္ဂလန်ပထမအသင်းသားများနှင့်အတူ လေ့ကျင့်ခန်းဆင်းရန် ဖိတ်ကြားခြင်းခံလာရပါတယ်။

ခရစ္စတယ်ပဲလေ့စ်နှင့် ကျူပီအာနောက်ခံလူဟောင်းဖစ်ဇ်ရဲ့သားဟေးလ်ဟာ ယခုရာသီတွင် စပါးစ်အသင်းယူ-၁၈ အသင်းခေါင်းဆောင်အဖြစ် ကစားနေသူလည်း ဖြစ်ပါတယ်။

အသက် ၁၈ နှစ်ရှိ ကစားသမားဟာ ဥရုဂွေးနှင့်ခြေစမ်းပွဲမတိုင်မီ သောမတ်စ်တူချယ်ရဲ့ ဖိတ်ကြားခြင်းခံရကာ အင်္ဂလန်စီနီယာစတားများနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့်ရလာတာလည်း ဖြစ်ပါတယ်။

အင်္ဂလန်ဟာ ယနေ့ညတွင် ဝင်ဘာလေကွင်းတွင် မာဆယ်လိုဘီရယ်ဆာရဲ့ ဥရုဂွေးနှင့် ခြေစမ်းပွဲကစားလာပါမယ်။

ဟေးလ်ဟာ ယင်းပွဲမတိုင်မီ အင်္ဂလန်စတားများဖြစ်ကြတဲ့ ဂျူ့ဘယ်လင်ဂမ်၊ ဟယ်ရီကိန်း၊ ကိုးလ်ပါလ်မာ၊ ဂျော်ဒန်ဟင်ဒါဆင်၊ ဟယ်ရီမက်ဂွိုင်းယား၊ ဖီးလ်ဖိုဒန်တို့နှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့်ရခဲ့ပါတယ်။

အလယ်တန်းကစားသမားဟာ ဇန်နဝါရီလတုန်းက ဖရန့်ဖတ်နှင့်ပွဲစဉ်တွင် စပါးစ်အသင်းလူစာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခွင့်ရခဲ့သူပါ။

သူဟာ အသက် ၇ နှစ်အရွယ်ကတည်းက စပါးစ်အကယ်ဒမီသို့ ရောက်လာခဲ့ကာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းက ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခြင်းခံခဲ့ရပါတယ်။

သူဟာ ဇန်နဝါရီလတုန်းက စပါးစ်နှင့် စာချုပ်သက်တမ်းတိုးချုပ်ဆိုမှု ပြုလုပ်ခဲ့ပါတယ်။

ဟေးလ်ရဲ့ဖခင်ဖြစ်သူ ဖစ်ဇ်ဟာ ဆောက်သမ်တန်၊ ခရစ္စတယ်ပဲလေ့စ်၊ ဝီဂန်နှင့် ကျူပီအာတို့မှာ ကစားခဲ့ပါတယ်။
အင်္ဂလန်နှင့်ပွဲတွင် အဝါကတ် ၂ ကတ်ပြသခြင်းခံခဲ့ရပေမယ့် အနီကတ်ပြထုတ်ပယ်ခြင်းမခံခဲ့ရတဲ့ ဥရုဂွေးစတားအူဂတ်တီ
======================
ယူနိုက်တက်စတားမန်နူရယ်အူဂတ်တီဟာ ဝင်ဘာလေကွင်းတွင် အင်္ဂလန်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် အဝါကတ် ၂ ကတ်ပြသခြင်းခံခဲ့ရပေမယ့်လည်း အနီကတ်ပြထုတ်ပယ်ခြင်းခံရမယ့်အရေးမှ လွတ်မြောက်ခဲ့ပါတယ်။

ဥရုဂွေးလက်ရွေးစင်ဟာ ပထမပိုင်းတွင် ပြစ်ဒဏ်ကျူးလွန်မှုအတွက် ပထမအဝါကတ်ပြသခြင်းခံခဲ့ပြီးနောက် ဒုတိယပိုင်း ၈၁ မိနစ်တွင် ထပ်မံ အဝါကတ်ပြသခြင်းခံခဲ့ရတာပါ။

အသက် ၂၄ နှစ်ရှိ အူဂတ်တီဟာ အင်္ဂလန်အတွက် ဘင်ဝှိုက်သွင်းယူတဲ့ ပထမဂိုးအား ကန့်ကွက်မှုအတွက် အဝါကတ်ပြသခြင်းခံခဲ့ရတာပါ။

ဒုတိယအဝါကတ်ပြသပြီးနောက် အနီကတ်ပြထုတ်ပယ်ရမှာ ဖြစ်ပေမယ့်လည်း ဂျာမန်ဒိုင်လူကြီးဆဗင်ဂျာဘလွန်စကီးက မလုပ်ခဲ့ပါဘူး။

သူဟာ ပွဲချိန် ၈၇ မိနစ်တွင် အီမီလီယာနိုမာတီနက်ဇ်နှင့် လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။

စတုတ္ထဒိုင်လူကြီးက ITV သတင်းထောက်များကို ပြောဆိုမှုအရ ဒုတိယအဝါကတ်ကို ပယ်ဖျက်လိုက်ကြောင်း ဆိုထားပါတယ်။

ဒါပေမယ့် ပွဲအပြီး ကွင်းလယ်ဒိုင်လူကြီးက ပထမအဝါကတ်မှာ အူဂတ်တီကို ပြသခြင်းမဟုတ်ဘဲ ဟိုဆေးမာရီယာဂျီမီနက်ဇ်ကို ပြသခြင်းဖြစ်ကြောင်း ပြောဆိုလာပြီးနောက် အနီကတ်မပြသမှုနှင့်ပတ်သက်ပြီး ပိုမို အငြင်းပွားစရာဖြစ်လာပါတယ်။

တဖက်တွင် ကွင်းလယ်ဒိုင်လူကြီးဟာ ဖီးလ်ဖိုဒန်ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ကစားခဲ့တဲ့ ရော်နယ်အရူဂျိုကိုလည်း အငြင်းပွားဖွယ် အနီကတ်မပြသခဲ့ပါဘူး။

မနေ့ညက ဝင်ဘာလေခြေစမ်းပွဲတွင် အင်္ဂလန်ဟာ ဘင်ဝှိုက်ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဘင်ဝှိုက်ကြောင့်ပင် ပေးရတဲ့ ပင်နယ်တီမှတဆင့် ဗယ်ဗာဒီ သွင်းယူတဲ့‌ ဂိုးကြောင့် ချေပဂိုးပြန်ပေးခဲ့ရပါတယ်။
ပြင်သစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူစံချိန်ကို လိုက်မီရန် တစ်ဂိုးတည်းသာ လိုတော့တဲ့ ကိုင်လီယန်ဘက်ပေး
=====================
ကိုင်လီယန်ဘက်ပေးဟာ အမေရိကန်နိုင်ငံ၊ ဆက်စ်ဆာချူးဆက်ရှိ Gillette Stadium တွင် ဘရာဇီးအား အနိုင်ရတဲ့ ခြေစမ်းပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပြင်သစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူသူစံချိန်အား လိုက်မီရန် တစ်ဂိုးတည်းသာလိုတော့ပြီ ဖြစ်ပါတယ်။

ဘက်ပေးဟာ ယင်းပွဲရဲ့ပွဲချိန် ၃၂ မိနစ်တွင် ဒမ်ဘီလီရဲ့ ဖန်တီးမှုမှ တဆင့် ပြင်သစ်အတွက် ဦးဆောင်ဂိုးသွင်းခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းဂိုးက ဘက်ပေးရဲ့ ပြင်သစ်အသင်းအတွက် ၉၅ ပွဲမြောက် ကစားရာတွင် ၅၆ ဂိုးမြောက်ဂိုးဖြစ်ပြီး ပြင်သစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားတဲ့ အိုလီဗာဂျရူးရဲ့ စံချိန်ကို လိုက်မီရန် တစ်ဂိုးတည်းသာလိုတော့ပြီ ဖြစ်ပါတယ်။

ဂျရူးက ကမ္ဘာ့ဖလား ၂ ကြိမ်ချန်ပီယံ ပြင်သစ်အတွက် ၁၃၇ ပွဲကစားထားရာမှာ ၅၇ ဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိ ဘက်ပေးဟာ ပထမပိုင်းမှာ နောက်ထပ်အခွင့်အရေး နှစ်ကြိမ် ရခဲ့ပေမယ့် လွဲချော်ခဲ့ပြီးနောက် ပွဲချိန် ၆၆ မိနစ်တွင် မားကပ်စ်သူရမ်နှင့် လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။

ဘက်ပေးဟာ ၂၀၁၇ ခုနှစ်တွင် အသက် ၁၈ နှစ်အရွယ်မှာ ပထမဆုံး ပြင်သစ်လက်ရွေးစင်အသင်းအတွက် ကစားခွင့်ရခဲ့သူ ဖြစ်ပါတယ်။

မနေ့ညက ကစားတဲ့ပွဲရဲ့ ပွဲချိန် ၅၅ မိနစ်တွင် ပြင်သစ်ဟာ ဒါယော့အူပါမီကာနို အနီကတ်ပြထုတ်ပယ်ခြင်းခံရလို့ တစ်ယောက်အလျော့ဖြင့် ကစားခဲ့ရပေမယ့်လည်း ပွဲချိန် ၆၅ မိနစ်မှာ အီကီတီကီက ဒုတိယဂိုးသွင်းခဲ့လို့ ၂-၀ ဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။

ဘရာဇီးအတွက် ချေပဂိုးတစ်ဂိုးကို ဘရီမာက ၇၈ မိနစ်တွင် သွင်းယူခဲ့ပါတယ်။
အာဂျင်တီးနားဂန္ထဝင်မက်ဆီအား ပွဲကြည့်စင်အမည်ပေးကာ ဂုဏ်ပြုလာတဲ့ အင်တာမိုင်ယာမီ
=====================
အာဂျင်တီးနားဂန္ထဝင်လီယွန်နယ်မက်ဆီဟာ လက်ရှိ ကစားနေတဲ့ အင်တာမိုင်ယာမီရဲ့ ကွင်းသစ်မှ ပွဲကြည့်စင်အမည်ပေးဂုဏ်ပြုခြင်းခံလာရပါတယ်။

အသက် ၃၈ နှစ်ရှိ မက်ဆီဟာ ဘောလုံးသမိုင်းတွင် အကြီးကျယ်ဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ၂၀၂၃ ခုနှစ်ကတည်းက အင်တာမိုင်ယာမီတွင် ကစားလာသူ ဖြစ်ပါတယ်။

ဘာစီလိုနာနှင့် ပီအက်စ်ဂျီစူပါစတားဟောင်းဟာ အင်တာမိုင်ယာမီအတွက် ၈၂ ဂိုးသွင်းကာ ၅၃ ကြိမ် ဖန်တီးမှု ပြုလုပ်ထားပြီး ပထမဆုံးမေဂျာလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးထားပါတယ်။

အင်တာမိုင်ယာမီဟာ အသစ်ဖွင့်လှစ်လာတဲ့ ပရိသတ် ၂၆၇၀၀ ဆန့် Nu Stadium ကွင်းမှ ပွဲကြည့်စင်အား အသင်းတွင် ကစားနေဆဲ ဖြစ်တဲ့ လီယွန်နယ်မက်ဆီရဲ့ အမည်ပေးကာ ဂုဏ်ပြုလာတာလည်း ဖြစ်ပါတယ်။

အင်တာမိုင်ယာမီဟာ ဧပြီလ ၄ ရက်နေ့ စနေနေ့တွင် ကွင်းသစ်တွင် ပထမဆုံးပွဲအဖြစ် အော်စတင်အက်ဖ်စီနှင့် ရင်ဆိုင်ကစားသွားပါမယ်။

မက်ဆီဟာ ၂၀၂၅ ခုနှစ် ဇွန်လတုန်းကလည်း ကစားသမားဘဝ ပထမဆုံးကလပ်ဖြစ်တဲ့ အာဂျင်တီးနားကလပ် Newell's Old Boys ရဲ့ ပွဲကြည့်စင်အမည်ပေးကာ ဂုဏ်ပြုခြင်းခံခဲ့ရဖူးပါတယ်။

Ballon d'Or ၈ ကြိမ်ရ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီတုန်းက အင်တာမိုင်ယာမီကို မေဂျာလိဂ်ဖလား ရရှိအောင် ဦးဆောင်ခဲ့ပြီးနောက် တန်ဖိုးအရှိဆုံးကစားသမားဆုအား သမိုင်းတွင် ၂ ကြိမ်ဆက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တိုင်သစ် ရေးထိုးရယူနိုင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၄၃ နှစ်ကျော်တုန်းက ကိုင်တွယ်ခဲ့တဲ့ အင်္ဂလိပ်ကလပ်အား ယာယီနည်းပြအဖြစ် ကိုင်တွယ်ကာ နည်းပြလောကသို့ ပြန်ဝင်လာတဲ့ ဟော့ဆန်
===================
အင်္ဂလန်နည်းပြဟောင်းရွိုင်းဟော့ဆန်ဟာ ဘရစ်စတိုးစီးတီးအား ယာယီနည်းပြအဖြစ် ရာသီအကုန်အထိ ကိုင်တွယ်ကာ နည်းပြလောကသို့ ပြန်လည် ဝင်ရောက်လာပါတယ်။

ဘရစ်စတိုးစီးတီးဟာ ရလဒ်ဆိုးရွားမှုကြောင့် ဂါဟတ်စထရူဘာကို ထုတ်ပယ်ပြီး တချိန်တည်းမှာပင် အသက် ၇၈ နှစ်ရှိ ရွိုင်းဟော့ဆန်အား ခန့်အပ်ကြောင်း ကြေညာလာတာလည်း ဖြစ်ပါတယ်။

ဘရစ်စတိုးဟာ ချန်ပီယံရှစ်အမှတ်ပေးဇယားအဆင့် ၁၆ နေရာမှာ ရပ်တည်နေပြီး ငါးပွဲဆက် နိုင်ပွဲပျောက်နေပါတယ်။

၎င်းတို့ဟာ နောက်ဆုံးပွဲဖြစ်တဲ့ စနေနေ့တုန်းက ဝက်စ်ဘရွန်းကို အိမ်ကွင်းမှာ ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့သလို မကြာသေးမီတုန်းက လိဂ် ၁ အမှတ်ပေးဇယားအောက်ခြေမှ ပေါ့ဗေးလ်ကို ရှုံးနိမ့်ကာ အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီးလည်း ဖြစ်ပါတယ်။

ဟော့ဆန်ဟာ ပဲလေ့စ်အား ဒုတိယအကြိမ်‌မြောက် ကိုင်တွယ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကတည်းက နည်းပြလောကနှင့် ဝေးကွာလာခဲ့သူ ဖြစ်ပါတယ်။

ဟော့ဆန်ဟာ ဘရစ်စတိုးရဲ့ ရာသီလက်ကျန်ပွဲ ၇ ပွဲကို ကြီးကြပ်လာမှာ ဖြစ်ပြီး ပထမဆုံးပွဲအဖြစ် သောကြာနေ့ အဆင့် ၁၈ နေရာမှ ချာလ်တန်နှင့်ပွဲအား ကြီးကြပ်သွားပါမယ်။

အင်္ဂလန်အသင်းကို ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကိုင်တွယ်ခဲ့တဲ့ ဟော့ဆန်ဟာ ၁၉၈၂ ခုနှစ်တုန်းက ဘရစ်စတိုးအား နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ဖူးပေမယ့်လည်း လေးလသာ ကိုင်တွယ်ခဲ့ရပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရဖူးပါတယ်။
ယူနိုက်တက်ဂန္ထဝင်ရွိုင်ကိန်းရဲ့မိခင် ကွယ်လွန်
====================
ယူနိုက်တက်ဂန္ထဝင်အသင်းခေါင်းဆောင်ရွိုင်ကိန်းရဲ့မိခင်မှာ စိတ်မကောင်းဖွယ် ကွယ်လွန်သွားခဲ့ကြောင်း မိသားစုဝင်များက အတည်ပြုလာပါတယ်။

မာရီကိန်းဟာ ကော့ခ်ရှိ Marymount University Hospital တွင် ဆရာဝန်များ၊ သူနာပြုများရဲ့ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်မှုခံယူရန် ချစ်ရတဲ့ မိသားစုဝင်များ ရှေ့မှောက်တွင် ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့တာပါ။

အိုင်ယာလန်စတားဟောင်းရွိုင်ကိန်းဟာ မိခင်နှင့် နီးနီးကပ်ကပ် နေလေ့ရှိသူ ဖြစ်ပြီး မွေးရပ်မြေသို့ ပုံမှန်ပြန်ကာ တွေ့ဆုံလေ့ရှိပါတဘ်။

ရွိုင်ကိန်းဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတုန်းက အိုင်ယာလန်သို့ ပြန်စဉ် မိခင်နှင့် တွေ့ဆုံစဉ် ဓာတ်ပုံရိုက်ကူးကာ 'ငါ နားထောင်တဲ့ တစ်ဦးတည်းသော ဘော့စ်"လို့ ရေးသားကာ ပို့စ်တင်ခဲ့ဖူးပါတယ်။

မာရီရဲ့ ခင်ပွန်းသည် မူရစ်မွိုက်ဆီကိန်းမှာ ၂၀၁၉ ခုနှစ်ကတည်းက လေဖျန်းပြီးနောက် ကွယ်လွန်သွားခဲ့ပြီး ဖြစ်ပါတယ်။

ကိန်းရဲ့မိဘများဟာ ယူနိုက်တက်တွင် ၁၉၉၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ကစားစဉ်အတွင်း တောက်လျှောက်အားပေးလာခဲ့ကြသူများလည်းဖြစ်ပါတယ်။
လီဗာပူးမှ ထွက်ခွာမှုကြောင့် သစ္စာရှိကြေး အပိုဆုကြေး ပေါင်သန်း ၂၀ နစ်နာခဲ့တဲ့ မိုဟာမက်ဆာလက်
=====================
မိုဟာမက်ဆာလက်ဟာ လီဗာပူးမှ စောစောစီးစီး ထွက်ခွာမှုနှင့်အတူ အပိုဆုကြေးငွေ ပေါင်သန်း ၂၀ နစ်နာဆုံးရှုံးခဲ့ပါတယ်။

လီဗာပူးဟာ မိုဟာမက်ဆာလက် စာချုပ်သက်တမ်းမကုန်ဆုံးမီ ထွက်ခွာမှုနှင့်အတူ စုစုပေါင်း ပေါင် ၄၀.၈ သန်းအထိ သက်သာလာမှာလည်း ဖြစ်ပါတယ်။

အီဂျစ်စူပါစတားဟာ ယခုအပတ်အစောပိုင်းတုန်းက ရာသီအကုန်တွင် ကိုးနှစ်ကြာ ကစားလာခဲ့တဲ့ အန်ဖီးလ်မှ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အသက် ၃၃ နှစ်ရှိ ဆာလက်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက လီဗာပူးနှင့် တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ တန် ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့သူပါ။

ယင်းစာချုပ်အတွင်းတွင် ဆာလက်ဟာ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ လီဗာပူးတွင် ရှိနေမည်ဆိုပါက သစ္စာရှိကြေး အပိုဆုကြေးအဖြစ် ပေါင်သန်း ၂၀ ရရှိမယ့်အချက်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။

ဒါကြောင့်လည်း ဆာလက်ဟာ စာချုပ်သက်တမ်းမကုန်ဆုံးမီ တစ်နှစ်အလိုတွင် ထွက်ခွာမှုကြောင့် အပိုဆုကြေး ခံစားခွင့် ရရှိလာမှာ မဟုတ်ပါဘူး။

တဖက်တွင် လီဗာပူးကတော့ မိုဟာမက်ဆာလက်ရဲ့ တစ်ပတ်လုပ်ခပေါင် ၄၀၀၀၀၀ တန် တစ်နှစ်စာချုပ်အတွက် ငွေများ သာသာလာသလို အပိုဆုကြေး ပေါင်သန်း ၂၀ လည်း ပေးလာရတော့မှာ မဟုတ်ပါဘူး။

တဖက်တွင် မိုဟာမက်ဆာလက်ဟာ အခြားကလပ်တစ်ခုခုသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့နိုင်မှုနှင့်အတူ လက်မှတ်ထိုးကြေးများစွာ ရရှိလာဖို့ ရှိနေပါတယ်။

ဆာလက်ကို ဆော်ဒီကလပ် Al Ittihad က ခေါ်ယူရန် စိတ်ဝင်စားနေပြီး လက်မှတ်ထိုးကြေး ပေါင်သန်း ၆၀ အထိ ရရှိလာနိုင်ပါတယ်။

ဒါ့အပြင် လီဗာပူးနည်းပြဟောင်းဘရန်ဒန်ရော်ဂျာကိုင်တွယ်နေတဲ့ Al Qadsiah က ဆာလက်ကို ပေါင် ၁ ဘီလီယံတန်စာချုပ်ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်းလည်း သတင်းထွက်နေပါသေးတယ်။

ဒါကြောင့်လည်း ဆာလက်အနေဖြင့် လီဗာပူးမှ တစ်နှစ်စောထွက်ခွာမှုကြောင့် ငွေကြေးများစွာ နစ်နာဆုံးရှုံးလာမှာ ဖြစ်ပေမယ့်လည်း ဆော်ဒီသို့ ပြောင်းလာမည်ဆိုပါက ငွေသန်းပေါင်းများစွာ ရရှိလာပါမယ်။
City Ground ကွင်းပျက်စီးဆုံးရှုံးမှုများအတွက် နော်တင်ဟမ်ဖောရက်စ်ကို လျော်ကြေးပေးရမယ့် ဖီနာဘာချီ
======================
တူရကီကလပ်ဖီနာဘာချီဟာ ယူရိုပါလိဂ်ပွဲစဉ်တွင် ၎င်းတို့ရဲ့ ပရိသတ်များ ဖျက်ဆီးခဲ့မှုကြောင့် City Ground အတွင်း ထိခိုက်နစ်နာမှုများအတွက် နော်တင်ဟမ်ဖောရက်စ်အား အလျော်ပေးလာရတော့မှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တုန်းကပွဲစဉ်တွင် ဖီနာဘာချီပရိသတ်များဟာ မီးရှူးများဖြင့် ပစ်လွှတ်ခဲ့ပြီး ပထမပိုင်းအတွင်း ပွဲရပ်ဆိုင်းမှု ပြုလုပ်ခဲ့ရကာ ပရိသတ် ၃ ဦး အဖမ်းခံခဲ့ရပါတယ်။

နောက်ပိုင်းတွင် City Ground အဝေးကွင်းပွဲကြည့်စင်တွင် ဖီနာဘာချီပရိသတ်တို့ ထိုင်ခုံများကို ရိုက်ချိုးဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ရပါတယ်။

ယခုအခါ ယူအီးအက်ဖ်အေဟာ ပရိသတ်များရဲ့ လုပ်ရပ်အတွက် ဖီနာဘာချီကိုကို ယူရို၂၀၅၀၀ ဒဏ်ရိုက်နှင့် ထပ်ဆောင်းဒဏ်ငွေ ယူရို ၃၀၀၀၀ အပြင် လာမယ့်ဥရောပအဝေးကွင်းပွဲအား ပရိသတ်များအား လက်မှတ်မရောင်းချရန် ဆုံးဖြတ်လာပါတယ်။

ဖီနာဘာချီဟာ ရက် ၃၀ အတွင်း နော်တင်ဟမ်ဖောရက်စ်နှင့် ဆက်သွယ်မှု ပြုလုပ်ကာ ကွင်းအတွင်း ပျက်စီးဆုံးရှုံးများအား ဆက်သွယ် လျော်ပေးရပါမယ်။

ဖောရက်စ်ဟာ အဆိုပါပွဲတွင် ဖီနာဘာချီကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပေမယ့်လည်း နှစ်ကျော့ပေါင်းရလဒ် -၂ ဖြင့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။
ဘင်ဝှိုက်အား လှောင်ပြောင်တဲ့ အင်္ဂလန်ပရိသတ်များကို တူချယ်ဝေဖန်အပြစ်တင်လာ
==================
သောမတ်စ်တူချယ်က ဝင်ဘာလေကွင်းတွင် ဥရုဂွေးနှင့် ပွဲစဉ်တွင် ဘင်ဝှိုက် ဝင်ရောက် ကစားစဉ် လှောင်ပြောင်မှု ပြုလုပ်ခဲ့တဲ့ အင်္ဂလန်ပရိသတ်များရဲ့ လုပ်ရပ်အပေါ် စိတ်ပျက်ရကြောင်း ပြောကြားလာပါတယ်။

ဘင်ဝှိုက်ဟာ ဝင်ဘာလေကွင်းတွင် ဥရုဂွေးနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲတွင် လူစားဝင်ရောက်ကစားချိန်မှာ လှောင်ပြောင်မှုနှင့် ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဘင်ဝှိုက်ဟာ အဆိုပါပွဲစဉ်တွင် အင်္ဂလန်အတွက် အဖွင့်ဂိုးအား သွင်းခဲ့ပေမယ့် သူ့လုပ်ရပ်ကြောင့်ပင် ပင်နယ်တီပေးခဲ့ရကာ ချေပဂိုးပေးခဲ့ရပါတယ်။

ဘင်ဝှိုက်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လက်ထောက်နည်းပြဟောင်းစတိဗ်ဟော်လန်နှင့် ပြဿနာတက်ကာ အင်္ဂလန်အသင်းမှ ထွက်ခွာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်အတွက် ကစားလာခဲ့တာလည်း ဖြစ်ပါတယ်။

တူချယ်က "ကျွန်တော်တို့က ကစားသမားတွေကို အကာအကွယ်ပေးထားရတာကြောင့် စိတ်ပျက်ရတယ်၊ ခံစားချက်ရောနှောနေတယ်။ စခန်းသွင်းလေ့ကျင့်တုန်းက သူအရမ်းကောင်းခဲ့တယ်။ အခြားကစားသမားတွေ ဘာဖြစ်ခဲ့တယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ သူလည်း စာမျက်နှာအသစ်ရေးဖို့ အသင့်ဖြစ်နေတယ်။ လူတိုင်း ဒါကို ဖယ်ရှားနိုင်ဖို့ မျှော်လင့်တယ်။ သူ့ကို လှောင်ပြောင်တာကို သိခဲ့တယ်။ ကျွန်တော်လည်း ပါဝင်ပတ်သက်နေတော့ မကြားလိုက်မိဘူး။ အများစု လုပ်တာတော့ မဖြစ်နိုင်ဘူး"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် သောမတ်စ်တူချယ်ဟာ အဆိုပါပွဲစဉ်တွင် နိုနူမာဒူကီနှင့် ဖီးလ်ဖိုဒန်တို့ ဒဏ်ရာရရှိတဲ့အထိ ဖျက်ထုတ်ခံခဲ့ရပေမယ့် အရေးမယူခဲ့တဲ့ ဂျာမန်ဒိုင်လူကြီးဆဗင်ဂျာဘလွန်စကီးအား ဝေဖန်ခဲ့ပါတယ်။

ဂျာဘလွန်စကီးဟာ အဆိုပါပွဲစဉ်တွင် အဝါကတ် ၂ ကတ်ပြသခြင်းခံခဲ့ရတဲ့ အူဂတ်တီကိုလည်း အနီကတ်ပြထုတ်ပယ်ရန် ပျက်ကွက်ခဲ့ပါတယ်။
ဩစတြီးယားနှင့် ခြေစမ်းပွဲမတိုင်မီ ဟိုတယ်တွင် အဖိုးတန်ပစ္စည်းများ၊ ငွေများ အခိုးခံရမှုနှင့် ကြုံခဲ့ရတဲ့ ဂါနာအသင်း