PD Web Developer School MM ( Myanmar Developer School )
56 subscribers
4 photos
1 file
2 links
Professional Web Developer တစ်ယောက်ဖြစ်ဖို့အတွက် PD ကနေအခမဲ့သင်ကြားပေးသွားမှာပါ။
Download Telegram
HTML ဆိုတာ Hypertext Markup Languag ဖြစ်ပါတယ်။
HTML သည် ဝဘ်စာမျက်နှာများအတွက် စံသတ်မှတ်ထားသော ဘာသာစကားဖြစ်သည်။
HTML ဖြင့်ကိုယ်ပိုင် Website ကို ဖန်တီးနိုင်သည်။
HTML သည် လေ့လာရန်လွယ်ကူသည်။
HTML ကို .html နဲ့သိမ်းရတယ်။
အဘယ်သူသည် HTML ကိုတီထွင်?
Tim Berners-Lee က 1991 ခုနှစ်မှာ HTML ကိုတီထွင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ HTML ဟာ World Wide Web ရဲ့စံဖြစ်လာတယ်။
HTML Basic

<!DOCTYPE html>ကြေငြာချက်သည် ဤစာရွက်စာတမ်းသည် HTML5 စာရွက်စာတမ်းဖြစ်ကြောင်း သတ်မှတ်သည် ။
<html>သည် HTML စာမျက်နှာတစ်ခု၏ အရင်းအမြစ်ဖြစ်သည် ။
<head>တွင် HTML စာမျက်နှာနှင့်ပတ်သက်သော matter အချက်အလက်ပါရှိသည် ။
<title>HTML စာမျက်နှာအတွက် ခေါင်းစဉ်တစ်ခုကို သတ်မှတ်သည် (ဘရောက်ဆာ၏ ခေါင်းစဉ်ဘားတွင် သို့မဟုတ် စာမျက်နှာ၏ တက်ဘ်တွင် ပြထားသည်)
<body>ကိုယ်ထည်ကို သတ်မှတ်ပေးပြီး ခေါင်းစီးများ၊ စာပိုဒ်များ၊ ရုပ်ပုံများ၊ ဟိုက်ပါလင့်ခ်များ၊ ဇယားများ၊ စာရင်းများ စသည်တို့ကဲ့သို့ မြင်နိုင်သောအကြောင်းအရာအားလုံးအတွက် ကွန်တိန်နာတစ်ခုဖြစ်သည်။
<h1>သည် ကြီးမားသော ခေါင်းစဉ်တစ်ခုကို သတ်မှတ်သည် ။<h1><h6>အထိအသုံးပြုနိုင်သည်။
<p>သည် စာပိုဒ်တစ်ခုကို သတ်မှတ်သည် ။
https://t.me/pdwebdevelopermm/12
<!DOCTYPE html>
<html>
<head>
<title>Page Title</title>
</head>
<body>

<h1>My First Heading</h1>
<p>My first paragraph.</p>

</body>
</html>
<p></p>

p tag ကို Paragraph ပုံစံစာတွေရေးချင်တဲ့နေရာမျာသုံးပါတယ်။
(ဥပမာ - <p>Hello! My name is J-My. I am 25 year old.</p>)
ဒါဆိုရင် p tag ထဲမှာရေးထားတာတွေကို Paragraph အနေနဲ့ဖော်ပြသွားမှာ။သိပ်မသိသာပေမဲ့အရမ်းအသုံးဝင်ပါတယ်။
<span></span>

span tag ကိုစာလုံးကိုခွဲပြီး effect ထည့်ချင်တဲ့အခါမှာသုံးပါတယ်။
(ဥပမာ - <p>I say <span>Hello World!</span></p>)
ဒါဆိုရင် Hello World! ကို CSS နဲ့ကိုယ်ကြိုက်တဲ့ effect ထည့်လို့ရပါပြီ။
<center></center>

ဒီ tag ကို browser ရဲ့အလယ်မှာပေါ်စေချင်တဲ့အခါမှာသုံးပါတယ်။
(ဥပမာ - <center>Hello World!</center>)
ဒါဆိုရင် Hello World! က browser ရဲ့အလယ်မှာတည့်တည့်မှာသွားပေါ်မှာပါ။
<pre></pre>

pre ကထူးခြားတဲ့ tag ဖြစ်ပါတယ်။ တခြား Programming ဘာသာစကားတေွကိုရေးတဲ့အခါအလုပ်လုပ်သွားပါတယ်။ အလုပ်မလုပ်ချင်ဘူး။စာသားအတိုင်းဘဲပေါ်စေချင်တယ်ဆိုရင်တော့ pre ကိုသုံးပါတယ်။
(ဥပမာ - <pre><p>Hello World!</p></pre>)
ဒီလိုဆို Hello World! ကို Paragraph အတိုင်းဖော်ပြပါလိမ့်မယ်။ ဒါပင်မဲ့ pre tag နဲ့ရေးထားတာမို့လို့ရေးထားတဲ့အတိုင်း <p>Hello World!</p> အဖြစ်ဖော်ပြပါလိမ့်မယ်။
<div></div>

div ကို Web page တွေရေးသားတဲ့နေရာမှာသုံးပါတယ်။ content တစ်ခုနဲ့တစ်ခု division ပိုင်းခြားပြီးပြချင်တဲ့အခါမျိုးကိုယ့်ရဲ့ UL ကို layout ချတဲ့အခါတွေမှာသုံးပါတယ်။
(ဥပမာ - <div></div>)
အတော်သုံးများပြီး Web developer တွေအကြိုက်တွေ့ရတဲ့အထိသုံးလို့ကောင်းပါတယ်။ဒါပင်မဲ့အသုံးများတာနဲ့အညီမသုံးသင့်တာတွေပါသုံးမိနေကြပါတယ်။စာပိုဒ်ဖွဲ့တဲ့နေရာကအစ div ကိုသုံးနေကြပါတယ်။အမှန်တော့စာပိုဒ်ဖွဲ့ရင် p tag ကိုသုံးရမျာပါ။
ဒါ့ကြောင့် div ကိုသူ့နေရာနဲ့သူသုံးသင့်ကြောင်းပြောပြလိုက်ရပါတယ်။
အဖွင့်အပိတ်မပါသော tag များ

HTML tag တွေဟာအဖွင့်တစ်ကွင်းအပိတ်တစ်ကွင်းပါပါတယ်။ ဒါပင်မဲ့မပါတာတွေလည်းရှိပါတယ်။ အပိတ်မပါတဲ့ tag တစ်ချို့ကိုအောက်မှာဖော်ပြလိုက်ပါတယ်။

<br> - br tag ကိုတစ်ကြောင်းကျော်တဲ့နေရာမှာသုံးပါတယ်။
<hr> - hr tag က horizontal line ကိုပြောတာပါ။
<img> - img ကမိမိ pag မှာဓာတ်ပုံတွေထည့်တဲ့နေရာမှာသုံးပါတယ်။
မှတ်ချက် - သူ့မှာတော့နောက်ကမျဥ်းတစ်ကြောင်းပိတ်ပေးလို့လည်းရသလိုမပိတ်ရင်လည်းရပါတယ်။
(ဥပမာ - <img/> or <img>)
img အကြောင်းအကျယ်တဝင့်ဆွေးနွေးခြင်း
အခုတော့ <img> အကြောင်းကိုပြောတော့မှာပါ။သူက Website တွေအတွက်အလွန်အရေးပါတဲ့ tag ဖြစ်ပါတယ်။

alt - ကို img tag အထဲမှာရေးရပါတယ်။ မတော်လို Website အတွက် Photo ရှာမတွေ့တော့ရင် alt မှာရေးထားတာတွေကို Website မှာပြသွားမှာပါ။
<img alt = 'hello Wold!'>

src - က Website အတွက် Photo တစ်ခုလိုချင်တယ်ဆိုပါဆို။ ဒါဆိုရင် src ကနေပြီး Photo လမ်းကြောင်းကိုလှမ်းချိန်ပေးရပါတယ်။
<img src = 'Photo လမ်းကြောင်းရေးပါ။' >
Photo လမ်းကြောင်းကိုချိန်တဲ့အခါချိန်တဲ့အနည်းနှစ်မျိုးရှိပါတယ်။Photo ကိုတစ်ခါထဲ Website အတွက်ထည့်ပေးလိုက်တာ (သိုမဟုတ်) အင်တာနက်ကနေလှမ်းချိတ်တာတိုဖြစ်ပါတယ်။

1. Photo ကိုတစ်ခါထဲ Website အတွက်ထည့်ပေးနည်း။
(ဥပမာ - ကိုယ်က Photo အတွက်ဖိုင်တစ်ခုနဲ့သက်သက်ထည့်သိမ်းထားတယ်ဆိုပါဆို။ဒါဆိုအဲ့ဖိုင်ကိုအတိအကျလှမ်းချိတ်ပေးရပါမယ်။ )
ဖိုင်Aထဲမှာဖိုင်Bနဲ့ဖိုင်Cရှိတယ်ဆိုပါဆို။ ကိုကဖိုင်Bထဲမှာဖိုင်Cမှာကဓာတ်ပုံရှိတယ်။ဒါ../နဲ့ချိတ်ရတယ်။
<img src = '../C/A.png'>
../ အဓိပ္ပာယ်ကဒီဖိုင်ထဲကနေထွက်ဆိုပြီးအဓိပ္ပာယ်ရတယ်။ပြီးရင် C လိုရေးတာဟာ C ဖိုင်ထဲဝင်ဆိုတဲ့အဓိပ္ပာယ်ပါ။ပြီးရင် Photo ရဲ့နာမည်ကိုအတိအကျရေးပေးပါ။နာမည်တွင်မကပါဘူး Photo ရဲ့ file type ကိုပါအတိအကျရေးပေးပါ။ မှာမယ်ဆိုရင်ပေါ်မှာမဟုတ်ပါဘူး။
A - ဟာဓာတ်ပုံနာမည်ဖြစ်ပါတယ်။
.png - ဟာ Photo ရဲ့ file type ဖြစ်ပါတယ်။

2. အင်တာနက်ကနေလှမ်းချိတ်နည်း။
ဒီနည်းကအတော်လေးအလုပ်ဖြစ်ပါတယ်။ Photo ကိုတစ်ခါထဲ Website အတွက်ထည့်ပေးတာဟာ Website ‌လေးစေတဲ့အပြင်ပုံများလာရင် Website ကိုသုံးရတာဟာထစ်တာ၊လေးတာ၊ပုံမပေါ်တာတွေဖြစ်တတ်ပါတယ်။အင်တာနက်ကနေလှမ်းချိတ်နည်းကတော့အဲ့ဒါတွေမဖြစ်ပါဘူး။အင်နက်မှာမိမိကြိုက်နှစ်သက်ရာပုံကိုရှာပြီး copy link ယူလိုက်ပြီး src ထဲမှာထည့်လိုက်ရုံပါဘဲ။
(ဥပမာ - <img alt = 'အင်တာနက်ကနေလှမ်းချိတ်နည်း။' src = 'https://www.google.com/imgres?imgurl=https%3A%2F%2Fi.ytimg.com%2Fvi%2FBor5lkRyeGo%2Fhqdefault.jpg&imgrefurl=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DBor5lkRyeGo&tbnid=5LRstxhDYEbxBM&vet=12ahUKEwjt4qvrwK73AhXHk9gFHUFQCAAQMygEegUIARDNAQ..i&docid=htz-fo0Xys4-eM&w=480&h=360&q=html%20img&ved=2ahUKEwjt4qvrwK73AhXHk9gFHUFQCAAQMygEegUIARDNAQ' >)

Photo ရဲ့ဆိုဒ်ကိုပြင်ချင်တယ်ဆိုရင် -
img ကိုဒီအတိုင်ချိတ်မယ်ဆိုရင် Photo ရဲ့ရှိပြီးသားဆိုဒ်ကိုဘဲပြမှာပါ။ကိုလိုချင်တဲ့ဆိုဒ်ကိုပြောင်းချင်တယ်ဆိုရင်တော့အောက်ပါအတိုင်းရေးပေးရပါမယ်။
<img alt = 'ဖော်ပြချင်သောအကြောင်းအရာ' src = 'ဓာတ်ပုံလမ်းကြောင်း' width='20%'>
width ကိုပြောင်းလဲလိုက်တာနဲ့သူ့အလိုလို height ကပြောင်းလဲပါလိမ့်မယ်။
width ကို % နဲ့ပေးလိုရပါတယ်။ အခြားဆိုဒ်တွေနဲ့လည်းပေးလိုရပင်မဲ့ % နဲ့ပေးတာဟာပိုပြီးတိကျတယ်ဆိုတာကိုသတိပြုစေချင်ပါတယ်။
% ဟာ broswer ရဲ့မျက်နှာပြင်ကိုရည်ညွှန်းပါတယ်။

အနှစ်ချုပ်ပြောရရင် img tag ကအလွန်အရေးပါပါတယ်။ Website ရဲ့အနှစ်သက်ရတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။
list ဆိုတာဘာလဲ။

ဒီတစ်ခေါက်မှာတော့ HTML ရဲ့ List တွေအကြောင်းပြောမှာပါ။ HTML မှာ List ၃မျိုးရှိပါတယ်။တစ်နည်းအားဖြင့် list ဆိုတာက offic software တွေမှာ bullet တပ်တာဘဲဖြစ်ပါတယ်။List၃မျိုးကတော့-

Unordered list
Ordered list
Definition list
စတာတွေဖြစ်ပါတယ်။
Unordered list

Unordered list က တွေထဲမှာ တပ်ချင်တဲ့အခါမှာသုံးပါတယ်။ သူ့ကို အဖွင့်နဲ့အပိတ်အကြားမှာရေးရပါတယ်။ကိုယ်ဖော်ပြချင်တဲ့စာရင်းကိုတော<ul> tag အဖွင့်အပိတ်နဲ့ရေးရပါတယ်။ bullet ကိုပုံစံအမျိုးမျိုးနဲ့ရေးချင်တယ်ဆိုရင်တော့ <ul> tag အဖွင့်ထဲမှာ type ကိုထည့်သွင်းရေးရပါတယ်။type မှာ square, circle, disc စတာတွေကိုထည့်သွင်းပြီး‌ရေးပေးနိုင်ပါတယ်။

(Eg - <ul type='circle'><li>Unordered list</li></ul>)
Ordered list

Ordered listကတော<ol> tag အဖွင့်အပိတ်နဲ့ရေးရပါတယ်။စာတွေရဲ့အရှေ့မှာနံပါတ်တပ်ချင်တဲ့အခါဒါမှမဟုတ်ရောမဂဏန်းအကြီးအသေးတက်ချင်တဲ့အခါစတာတွေမှာအသုံးပြုပါတယ်။type မှာ i,I,1,a,A စတာတွေကိုထည့်သွင်းပြီး‌ရေးပေးနိုင်ပါတယ်။

(Eg- <ol type = 'i' ><li>Ordered list<li><ol>)

သူ့မှာထူးခြားချက်အနေနဲ့ start ပါထည့်‌သွင်းရေးသားနိုင်ပါတယ်။

(Eg- <ol type = 'i' start = '5'><li>Ordered list<li><ol>)
ဒါဆိုရင်ရောမဂဏန်းအသေး i နေမစဘဲ V ကနေစမှာဘဲဖြစ်ပါတယ်။
Definition list

Definition list ကတော့ခေါင်းစဥ်နဲသူ့ရဲ့အကြောင်းကိုပြန်ရှင်းပြတဲ့အခါမှာသုံးပါတယ်။သူ့ကိုတော့ dl tag အဖွင့်အပိတ်နဲ့ရေးရပါတယ်။ထူးခြားချက်အနေနဲ့ dt dd ag အဖွင့်အပိတ်နဲ့ရေးရတာဖြစ်ပါတယ်။dt ကတော့ခေါင်းစဉ်ဖြစ်ပါတယ်။ dd ကတော့ဖော်ပြချက်ဖြစ်ပါတယ်။

(Eg- <dl><dt>ခေါင်းစဥ်<dt><dd>ဖော်ပြချက်<dd><dl>