၂။ ပထမလတ်တန်း စာဝါ
835 subscribers
45 photos
2 files
24 links
Download Telegram
ရှမ်းပြည်နယ်(တောင်ပိုင်း) ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရပါဠိပထမပြန် ပထမကြီးတန်း အောင်စာရင်း
https://drive.google.com/file/d/1XQGk3wdSIsXmqVimJrHPJg8Si7OeT3IG/view?usp=drive_link
ရှမ်းပြည်နယ်(တောင်ပိုင်း) ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရပါဠိပထမပြန် ပထမလတ်တန်း အောင်စာရင်း
https://drive.google.com/file/d/1gOrYHu7BW59hjsckNOOBJ0fynA-Rqi6z/view?usp=drive_link
ရှမ်းပြည်နယ်(တောင်ပိုင်း) ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရပါဠိပထမပြန် ပထမငယ်တန်း အောင်စာရင်း
https://drive.google.com/file/d/1GG3SthrIndByAyre_m-FtLJuKQUrUUGl/view?usp=drive_link
ရှမ်းပြည်နယ်(တောင်ပိုင်း) ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရပါဠိပထမပြန် အခြေပြုမူလတန်း အောင်စာရင်း
https://drive.google.com/file/d/1S9YZan-cnRAlzuBOHrXKuKRpfmQ4CMoo/view?usp=drive_link
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရပါဠိပထမပြန် ပထမကြီးတန်း အောင်စာရင်း
https://drive.google.com/file/d/1fca494WwOP9JEigIi8LXdd4zznn1iQhN/view?usp=drive_link
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရပါဠိပထမပြန် ပထမလတ်တန်း အောင်စာရင်း
https://drive.google.com/file/d/1HzbVHRBlGKmApJU_7z9vo24s-6_dl6TQ/view?usp=drive_link
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရပါဠိပထမပြန် ပထမငယ်တန်း အောင်စာရင်း
https://drive.google.com/file/d/1iYrz_H1sUwQGu-2V7s90YpSBO2ucilBd/view?usp=drive_link
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရပါဠိပထမပြန် အခြေပြုမူလတန်း အောင်စာရင်း
https://drive.google.com/file/d/1aTAG17MaotGMN_9HH9RJZFgZwpFrgmwS/view?usp=drive_link

ဧရာဝတီတိုင်းဒေသကြီး ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရပါဠိပထမပြန် ပထမကြီးတန်း အောင်စာရင်း
https://drive.google.com/file/d/1cnhdodf8FSO_5oVwcAwiCZ7wd194vQtP/view?usp=drive_link
ဧရာဝတီတိုင်းဒေသကြီး ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရပါဠိပထမပြန် ပထမလတ်တန်း အောင်စာရင်း
https://drive.google.com/file/d/1ozvf8-ZjG6RfglO1jHYTWpsC33Ifrgkc/view?usp=drive_link
ဧရာဝတီတိုင်းဒေသကြီး ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရပါဠိပထမပြန် ပထမငယ်တန်း အောင်စာရင်း
https://drive.google.com/file/d/1c5qBMLVE5LhfY8FqFsh_4AMvZFFwotul/view?usp=drive_link
ဧရာဝတီတိုင်းဒေသကြီး ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရပါဠိပထမပြန် အခြေပြုမူလတန်း အောင်စာရင်း
https://drive.google.com/file/d/12SqGOigH6YlHI7ORFqEyIOmWvUoqCyIe/view?usp=drive_link
မန္တလေးတိုင်းဒေသကြီး ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရပါဠိပထမပြန် ပထမလတ်တန်း အောင်စာရင်း
မန္တလေးတိုင်းဒေသကြီး ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရပါဠိပထမပြန် ပထမလတ်တန်း အောင်စာရင်း
မန္တလေးတိုင်းဒေသကြီး ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရပါဠိပထမပြန် ပထမလတ်တန်း အောင်စာရင်း
ရွှေဥမင်ဆရာတော်ဘုရားကြီး၏ နောက်ဆုံးအချိန်
ကျေးဇူးရှင် ရွှေဥမင်ဆရာတော် ဘုရားကြီးသည် ၂၀၀၂ ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ဘဝဇာတ် သိမ်းတော်မူခဲ့ပါသည်။ ထိုနေ့မတိုင်ခင် တစ်ရက်အလို နိုဝင်ဘာလ(၁၈)ရက်နေ့ ညဦးပိုင်းတွင် မိမိ သီတင်းသုံးနေထိုင်ရာ တောရကျောင်းသို့ ပြန်မည့်အကြောင်း လျှောက်ထားရန် ဆရာ တော်ဘုရားကြီးထံတော်ပါး ရောက်ရှိစဉ် ဆရာတော်ဘုရားကြီးမှ မိမိကို အခါတိုင်း ဖူးရစဉ်ကကဲ့သို့ပင် နွေးထွေးစွာကြင်နာစွာဖြင့် သြဝါဒစကားများစွာ မိန့်တော်မူပါသည်။
“ဆေးရုံမှာ သွေးသွင်းတာ အကြာကြီးပဲ၊ ခုတင်ပေါ်မှာ လှဲနေပြီး ဆရာတော် ဦးဇောတိကရဲ့ ငြိမ်းချမ်းခြင်း တရားကို ငါးနာရီကြာတဲ့အထိနာခဲ့တယ်” ဟု မိန့်တော် မူပါသည်။ ထိုအခါ မိမိက “ဆရာတော်ကြီး ဘုရား တရားခွေက (၄၅) မိနစ်စာပဲ ရှိမယ် ထင်တယ်ဘုရား” ဟု လျှောက်ထားရာ ဆရာတော်ဘုရားကြီးမှ-
“ဟုတ်တယ် တိတ်ခွေကို ဟိုလှည့်နာလိုက်၊ ဒီလှည့်နာလိုက်နှင့်ပဲ ငါးနာရီ ပြည့်သွားတယ်” ဟု ညာဘက်လက်ဖြင့် လှည့်လည်ဟန်ပြတော်မူကာ မိန့်ကြားတော် မူပါသည်။ မိမိအလွန်သိချင်သည့် မေးခွန်းကို မေးရန် ကြုံကြိုက်လာသဖြင့် မျက်နှာတော်ကို မော့ကာဖူးကြည့်ရာတွင် မကျန်းမာသော်လည်း အလွန် ရွှင်လန်းနေသည်ကို ဖူးတွေ့နေရပါသည်။
“ဆရာတော်ကြီးဘုရား မဟာမြိုင်ဆရာတော်ဘုရားရဲ့ ငြိမ်းချမ်းခြင်းတရားကိုနာရင် ဘုရားတပည့်တော်အိပ်ပျော်တဲ့ အကျိုးကိုပဲ ရပါတယ်ဘုရား အခြားအကျိုးတရားများရှိရင်လည်း သိပါရစေဘုရား” ဟု လျှောက်ထားရာ ဆရာတော်ဘုရားကြီးမှ “စိတ်ကခန္ဓာမှာပဲနေတယ်၊ ခန္ဓာကနေ မကွာ ဘူးလေ” မထင်မှတ်ထားသည့် အံ့သြဖွယ် ရိုးရှင်းသည့် အဖြေကို နာကြားခဲ့ပါသည်။
ဤကျောင်း ဤအခန်း ဤနေရာလေးတွင် ဝိနည်းဆိုင်ရာ၊ ကမ္မဋ္ဌာန်း ဆိုင်ရာ ရင်ထဲမရှင်းမလင်းသည်တို့ကို ထံတော်ပါးသို့ အကြိမ်များစွာ လျှောက်ထားခွင့် ရခဲ့ဖူးသည်ကို ပြန်လည်၍ အမှတ်ရပါသော်လည်း ထိုနေ့ ညဦးကမူ မိမိဘဝအတွက်ဆရာတော် ဘုရားကြီးထံပါး နောက်ဆုံး ဖူးတွေ့ခွင့်၊နောက်ဆုံးလျှောက် ထားမေးမြန်းခွင့်ပါတကားဟု ထိုစဉ်အချိန်ကာလ၌ မတွေးမိခဲ့ပါ။ ဆရာတော်ဘုရားကြီးမှ-
“နေမကောင်းတော့မှ တရားအား ထုတ်မယ်ဆိုရင် မဖြစ်နိုင်ဘူး၊ နေကောင်းတုန်းက အားထုတ်ထားတဲ့ အခံရှိနေမှ နေမကောင်းလည်း ဆက်ပြီး တရားအားထုတ်နိုင်တယ်” ဟူ၍လည်းကောင်း “သေခါနီး အထိသိနေတဲ့ စိတ်လေးနှင့် နေလို့ရှိရင် ရပါတယ် ဦးခေမာ ငြိမ်းအေးမှုကိုတော့ ကိလေသာက ဘာမှ မလုပ်နိုင်ဘူးလေ” ဟုတစ်သက်တာ မေ့မရနိုင်သည့် အဆုံးအမကို တပည့်အား ချီးမြှင့်ပေးသနားတော်မူပါသည်။
ဤသို့ အနှစ်သာရပြည့်ဝပြီး နက်နဲသည့် တရားတော်များကို မိမိအား ဆိုဆုံးမ တော်မူလေ့ရှိသည့် ဆရာတော်ဘုရားကြီးသည် ဘဝ၏ နောက်ဆုံးအချိန်ကိုလည်း မိမိ နားလည်နိုင်စွမ်း မရှိနိုင်လောက်သည့် တရားအသိဖြင့်ပင် ဘဝဇာတ်သိမ်းတော် မူခြင်းဖြစ်မည်ဟု ထင်မိပါသည်။
ဆရာတော်ဘုရားကြီးအား အနီးကပ်ပြုစုနေကြသည့် ဆေးပညာရှင်များက နှလုံးခုန် ရပ်တန့်သွားသည့် ဆရာတော်ဘုရာကြီး၏ ခန္ဓာကိုယ်မှနှလုံး ပြန်လည်ကာ နိုးလာစေရန် အထူး ကြောင့်ကြစိုက်၍ ဝိုင်းဝန်းပြုစုကြပါသည်။ အတန်ကြာသော် ဆရာတော်ဘုရားကြီး၏ ရပ်တန့်သွားသည့်နှလုံး ပြန်၍ အလုပ်လုပ် လာသည်ဟုသိရပါသည်။
ထိုအခါဆရာလေး ဒေါ်ခယက ဖျော်ရည်ဆက်ကပ်လှူဒါန်းခွင့် ရလေသည်။ဇွန်းသေးဖြင့် နှစ်ဇွန်းခန့် ဘုဉ်းပေးတော် မူပါသည်။ဆရာတော်ဘုရားကြီး ဖူးမြင် ရသည်မှာ အနည်းငယ် ပင်ပန်းတော်မူနေ သည့်နှယ်ထင်ရပါသည်။ ထိုစဉ် ဆရာတော် ဘုရားကြီး နှုတ်တော်မှ-
“ဒီလောက်ပြုစုကြရပြီ၊ တော်ရောပေါ့နော်” ဟု မိန့်တော်မူပါသည်။ ညနေ (၃)နာရီ (၃၀) မိနစ်တွင် ဆရာတော်ဘုရားကြီးသည် တပည့်များအပါအဝင် လောကကြီးကို အပြီးတိုင် မျက်ကွယ်ပြုတော်မူပါသည်။ ထိုအချိန်တိုင် မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက၏ ငြိမ်းချမ်းခြင်းတရားခွေမှ အသံမှာမူ ခန်းလုံးပြည့် နာကြားနေရဆဲပင် ဖြစ်ပါသည်။
ဆရာတော် ဦးဇောတိက၏ ငြိမ်းချမ်းခြင်းတရား YouTube Link:
https://youtu.be/oFYQJpCZGH4
Ref: https://dhammatrainingcenter.com/%E1%80%98%E1%80%9D%E1.../