(မေ-၂၅၊ ၂၀၂၅) အမျိုးသားရေး Speaker ဆိုသူတစ်ယောက်က
မြေပြင်သတင်းဆိုပြီး ဧရာဝတီတိုင်းနဲ့ ပတ်သက်လို့ အမှားတွေချည့် ပြောနေပါတယ်။
.
တစ်ရက်လည်း မဟုတ် ရက်ဆက် ပြောနေတဲ့အပြင်
လွန်ခဲ့တဲ့ ၃-၄ လခန့်ကတည်းက အမှားတွေ ဆက်တိုက် ပြောနေကြောင်း သတိပြုမိတယ်
.
သူ့အတွက် အလွန် အန္တရာယ်များသလို
ဒေသခံများ တုန်လှုပ်ခြောက်ခြားယုံမက သက်ဆိုင်သူများအတွက် အလွန်နစ်နာပါတယ်။
.
.
#HtayOung #OungMarine
===

(မေ-၂၆၊ ၂၀၂၅) လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး ရခိုင်ပြည်နယ် တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ဧရာဝတီတိုင်းအတွင်း လက်နက်ကိုင်ပဋိပက္ခမီး ကူးစက်လာခဲ့တယ်
အခု အားလုံးကောင်းသွားပြီ-တည်ငြိမ်အေးချမ်းသွားပြီလို့ မပြောလိုပေမယ့်
စစ်ဘက်လုံခြုံရေး-အရပ်ဖက်အုပ်ချုပ်ရေး ဟန်ချက်ညီညီ ကွက်ပြည့်နင်းနိုင်တဲ့ တိုင်းဒေသကြီး တစ်ခုဖြစ်ပါတယ်
သက်ဆိုင်ရာတာဝန်ရှိသူများအတွင်း အကျင့်ပျက်-အဂတိမှု အနည်းဆုံး ဒေသဖြစ်တာအမှန်ပါ
ဒါပေမယ့် ကြိုကြားဆိုသလို ပစ်ခတ်မှု ဖြစ်နေတာက
ဂွ-ငသိုင်းချောင်းလမ်း မြောက်ဘက်၊ ပုသိမ်-မုံရွာလမ်းမကြီး အနောက်ဖက် ရိုးမတောင်ခြေအနီး သစ်ဝါးခုတ်၊ မီးသွေးဖုတ် ကျေးရွာလေးများအနီးမှာ ဖြစ်ပါတယ်။
ဗေဒါဂိတ်နဲ့ ၃၄၄ ကာကင်းတွေ ကျဆုံးဖို့ ဝေးလို့ အနားတောင် မကပ်နိုင်ပါ။
လုံခြုံရေးလှုပ်ရှားစဉ် ခပ်လှမ်းလှမ်းက ပစ်ပြေးလုပ်လို့ ထိခိုက် ကျဆုံးမှုတော့ ရှိခဲ့ပါတယ်။
ဒါပေမယ့် အမှန်တကယ် ထိတွေ့မှု တိုက်ပွဲဆိုတာထက်
ကောလဟလတွေကြောင့် ဒေသခံတွေခမျာ အိုးပစ်အိမ်ပစ် ထွက်ပြေးကြရ
နွေစပါးပေါ်ချိန် ဈေးမရလို့ အခက်တွေ့၊
လှူဖို့တန်းဖို့ ဝေးလို့ မိုးစပါး စိုက်ပျိုးစရိတ်အတွက် ဘယ်လို လုပ်ရမှန်း မသိ ဖြစ်ကြရ
ခုဆို လာမယ့် ကျောင်းဖွင့်အမီ ကလေးတွေ ကျောင်းအပ်နှံဖို့
အစွန်အဖျား ကျေးရွာတွေမှာ အခက်တွေ့ကြရ
တာဝန်ယူ တာဝန်ခံမှု မပြုရတိုင်း အထိန်းအကွပ်မဲ့ ပြောချင်သလို ပြောခြင်းဟာ
ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးအတွက် ဘာတစ်ခုမှ အကျိုး မရှိပါ။
.
သတင်းရင်းမြစ်ဟာ ဘယ်လောက် ယုံကြည်စိတ်ချရလဲ၊
အခြား သတင်းရင်းမြစ်တွေရဲ့ ထင်မြင်ချက်က ဘယ်လို ရှိသလဲ။
သတင်းတစ်ပုဒ်ဟာ တရားမဝင် စီးပွားရေးသမားနဲ့ မသမာသူများက
သူတို့ လိုချင်သလို ကုလားဖန်ထိုးဖို့ မိမိကို လူမိုက်ငှားနေသလား ဆင်ခြင်သင့်ပါတယ်။

မေ၂၈၊ ၂ဝ၂၅
အမြဲတက်ကြွနေတဲ့ ဧရာဝတီတိုင်းသား ပြည်သူ့စစ်မှုထမ်း စနိုက်ပါသမားလေး
ပညာအရည်အချင်းရှိ
ကိုယ်တိုင်ဆန္ဒပြုသူကို
အဆင့်မြင့် သင်တန်းပေးပါတယ်
ကွန်မန်ဒို လှုပ်ရှားစစ်ကြောင်းတွေမှာတောင် လိုက်ပါသူ ရှိကြောင်း
အဖေအမေလည်း လစဉ် ကန်တော့နိုင်လို့ အမြဲတန်း စစ်မှု့ထမ်းဖို့ ဆန္ဒပြုကြကြောင်းသိရပါတယ်
ဒီလို လူငယ်လေးတွေ ရှိနေသရွေ့
ဧရာဝတီတိုင်းဆိုတာ အမြဲတန်း အေးဆေးပါ

မေ ၂၈၊ ၂၀၂၅
မန်ယူလို နိုင်ငံတကာအဆင့်အသင်းမျိုးကို
အနိုင်ဂိုးသွင်းသွားနိုင်သူက
မြန်မာ့ဘောလုံးလက်ရွေးစင် ကိုယ်စားပြု မောင်မောင်လွင်ဖြစ်နေလို့
အရမ်းဝမ်းသာ အရမ်းဂုဏ်ယူမိတယ်

(မေ-၂၉၊ ၂၀၂၅) မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ “မန်ယူ-အာဆီယံအော်လ်စတားဘောလုံးပွဲ” ဟာ
ပရီးမီးယားလိဂ် ကမ္ဘာအဆင့် ဘောလုံးအသင်းကို အာဆီယံတိုင်းပြည်အားလုံးက ယှဉ်ပြိုင်ရသလိုမျိုးပါ၊
မန်ယူကို တစ်ဂိုးတည်းနဲ့ အနိုင်ရလိုက်ထာ မြန်မာဘောလုံးလက်ရွေးစင်ကိုယ်စားပြု
မောင်မောင်လွင် ဖြစ်နေခြင်းအတွက် အလွန်အားရမိတယ်
မြန်မာဆိုတာ ရေကြီး ငလျင်လှုပ် သဘာ၀ ကပ်ဘေးသင့်နေတုန်း
နိုင်ငံသား အချင်းချင်း ဿတ်နေကြတဲ့ တိုင်းပြည်အဖြစ် ကမ္ဘာက သိနေကြပါတယ်
နိုင်ငံအချို့ဆိုရင်
မြန်မာကို သွားရောက်လည်ပတ်ရန် မသင့်လျော်တဲ့တိုင်းပြည်အဖြစ် သတ်မှတ်ထားကြတယ်
ဒါပေမယ့် အဲ့ဒီလို ကာလကြီးထဲ မြန်မာတွေရဲ့အရည်အချင်းနဲ့
အခက်အခဲများကို မြန်မာတွေ အကောင်းဆုံး ကြိုးစားရုန်းကန်ဖြေရှင်းနေကြောင်း
မောင်မောင်လွင်က ပြသနိုင်ခဲ့တယ်
မောင်မောင်လွင်ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုသင့်ပါတယ်
.
#OungMarine

(မေ-၂၉၊ ၂၀၂၅) “အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်ပါသည်” တဲ့
၁၉၈၈-ခုနှစ် အာဏာသိမ်း နဝတအစိုးရလက်ထက် ဆောင်ပုဒ်ကြီးဟာ မဆီမဆိုင် လက်ပံသား ဒါးနဲ့ချိုင်သ လား ထင်ရပါတယ်။
.
လွန်ခဲ့တဲ့ နှစ်များက သဲစုငြိမ်းတို့ အလှမယ်ရွေးပွဲဆိုတာ ဒူးပေါ် ပေါင်ပေါ်တွေ ဝါသနာပါတဲ့ ဏှာဗူးစကီး တစ်စု တို့ စတန့်ထွင်ခြင်းသာဖြစ်ပြီး သူတို့လူတစ်စုကိုသာ အကျိုးပြုတဲ့ အလုပ်မျိုးအဖြစ် ကျွန်တော်တို့ မိတ်ဆွေများ အပါအဝင် အတော်များများက မှတ်ချက်ပြုခဲ့ကြတယ်။
သာမန် အရပ်သူ အလှမယ် မိန်းကလေးတစ်ယောက်ကို လူတကာသိ ထင်ပေါ်ကျော်ကြားအောင် တမင် ဖန် တီးပြီး ကုန်ပစ္စည်းကြော်ငြာတွေကအစ ကလေးငယ်တွေ ပညာရေး-ကျန်းမာရေးအဆုံး ကိစ္စတွေမှာ ဂုဏ်ထူး ဆောင် သံတမန်အဖြစ် လှည့်လည်ဟောပြော စည်းရုံးရေး အသုံးချရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ ဒုတိယ ကမ္ဘာစစ်အပြီး ပြာပုံထဲက ရုန်းထစ ဥရောပနိုင်ငံတို့ရဲ့ ဖန်တရာတေ အပ်ကြောင်းထပ်နေတဲ့ နည်းဗျူဟာဖြစ် ကြောင်း နားလည်သူ အလွန်နည်းပါတယ်။ ဒီလိုနည်းနဲ့ တိုင်းပြည်စီးပွားရေး- ပညာရေး-ကျန်းမာရေးကို ဆွဲ တင်နိုင်ကြောင်း သဘောပေါက်သူ အတော် ရှားတယ်။
ကမ္ဘာက မြန်မာကို သိရှိထားကြတာ ရေကြီး ငလျင်လှုပ် သဘာ၀ ကပ်ဘေးဆိုးများ ကျရောက်နေခိုက် နိုင်ငံ သားအချင်းချင်း ဿတ်ပုတ်နေကြတဲ့ တိုင်းပြည်အဖြစ်သာ နားလည်ထားကြတယ်။အချို့နိုင်ငံတွေဆို မြန်မာကို အန္တရာယ် အလွန်များတဲ့ တိုင်းပြည်/ သွားလာလည်ပတ်ရန် မသင့်လျော်တဲ့ တိုင်းပြည်အဖြစ် စာရင်းသွင်း ထားကြပါတယ်။
အဲ့ဒီလို တိုင်းပြည်မျိုးမှာ သဲစုငြိမ်း ပြီးတော့ မြန်မာ့ရိုးရာ သနပ်ခါး ပါးကွက်ကြားကြီးနဲ့ စင်ပေါ်တက်ထိုးတဲ့ ရိုးရာလက်ဝှေ့ကျော် သန့်ဇင်တို့ကို မြင်ရတဲ့အခါ “မြန်မာ ဆိုတာ ဘယ်လိုလူစားတွေပါလိမ့်” လို့ အာရှ တစ်ခွင်မှာ စဉ်းစားစရာ ဖြစ်ရလိမ့်မယ်။
နီပေါနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲဟာ ဒေသတွင်း အားကစားပွဲတစ်ခုမျှသာဖြစ်ပေမယ့် မြန်မာအမျိုးသမီး လက် ရွေးစင်အသင်းက ချန်ပီယံ ဆုဖလားကြီးကို အမိမြေအရောက် သယ်ဆောင်လာနိုင်ခဲ့ပါတယ်။ အမျိုးသမီးငယ် လေးတွေ တိုင်းသိပြည်သိဖြစ်ဖို့- လူချစ်လူခင်များဖို့ဆိုတာ မော်ဒယ်ဂဲလ်ဖြစ်မှ ရုပ်ရှင်မင်းသမီး အဆိုတော်ဖြစ်မှ မဟုတ်ကြောင်း သက်သေပြသလို ရှိခဲ့တယ်။
ဝင်းသိဂီထွန်း၊ နော်ထက်ထက်ဝေ၊ မေထက်လူတို့ကို အကြောင်းပြုပြီး မြန်မာ ဆယ်ကျော်သက် ဂျင်းဇီ ကျားမ လူငယ်လေးတွေအတော်များများ ဘောလုံးကွင်းထဲ ရောက်ကုန်ကြပါတယ်။ ကျန်းမာ ကြံခိုင်ရေးကို အထောက် အကူပြုတဲ့ အားကစားဆိုတာ ပညာဆည်းပူးနေရင်းလဲ လေ့ကျင့်နိုင်ကြောင်း နားလည်သွားကြပါတယ်။
၂၈ မေ၊ ၂၀၂၅ ခုနှစ် မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ “မန်ယူ-အာဆီယံအော်လ်စတားဘောလုံးပွဲ” ဟာ ပရီးမီး ယားလိဂ် ကမ္ဘာအဆင့် ဘောလုံးအသင်းကို အာဆီယံတိုင်းပြည်အားလုံးက စုပေါင်းပြီး ယှဉ်ပြိုင်ရသလို မျိုးပါ၊ အဲ့ဒီပွဲမှာ မန်ယူကို တစ်ဂိုးတည်းနဲ့ အနိုင်ရလိုက်ထာ အထက်မှာ ပြောခဲ့သလို အလဲလဲအပြိုပြို သပွတ်အူလိုက် နေတဲ့ မြန်မာနိုင်ငံက အမျိုးသားဘောလုံးလက်ရွေးစင်ကိုယ်စားပြု မောင်မောင်လွင် ဖြစ်နေပါတယ်။
ဗယုတ်သုက္ခပေါင်းစုံ ကာလကြီးထဲ မြန်မာတွေရဲ့အရည်အချင်း/ အခက်အခဲပေါင်းစုံကို မြန်မာတို့တတွေ အကောင်းဆုံး ကြိုးစားရုန်းကန်ဖြေရှင်းနေကြောင်း မြန်မာ အားကစားမောင်မယ်များက ပြသနိုင်ခဲ့တယ်
အိုင်ဗရီကို့စ်ဆိုတာ အာဖရိကအနောက်ပိုင်း နိုင်ငံတစ်နိုင်ငံပါ။ ၂၀၂၃-ခုနှစ် လူဦးရေ သန်း ၃၀ ကျော်ရှိပြီး ပြင် သစ်ကိုလိုနီဟောင်း ဖွံ့ဖြိုးမှု နိမ့်ကျနေတဲ့ တိုင်းပြည်တစ်ခုပါ။ ကိုလိုနီစနစ် ဆိုးမွေများနဲ့ ဆင်းရဲတွင်း နစ်နေတဲ့ အဲ့ဒီတိုင်းပြည်လေးမှာ ၂၀၀၂ ခုနှစ် စစ်တပ်ပုန်ကန်မှုနဲ့ ၅-နှစ်နီးပါး ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပါတယ်။ လူပေါင်း ၉၀၀ မှ ၄,၀၀၀ ကြားသေဆုံးပြီး လူ ခုနှစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့အထိ စစ်မီးတောက် လောင် ခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုး ပေါင်းစုံ ဘာသာယဉ်ကျေးမှုအသီးသီးနဲ့ အကြမ်းဖက်မှုများမင်းမူနေတဲ့ အိုင်ဗ ရီကို့စ်မှာ ခေတ္တမျှသာ ငြိမ်းချမ်းပြီး ၂၀၁၁-ခုနှစ်အထိ အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

၂၀၀၆-ခုနှစ် Didier Drogba ဒီရီယာ ဒရော့ဘာ ဦးဆောင်တဲ့ အိုင်ဗရီကို့စ် အမျိုးသားဘောလုံးအသင်းရဲ့ ကမ္ဘာ့ ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့် အောင်မြင်မှုနဲ့ နောက်ဆက်တွဲ အာဖရိကဖလားပွဲ အနိုင်ရမှုများဟာ တိုင်းပြည် အတွင်း သူပုန်-အစိုးရနဲ့ ကြားနေသူများပါ ဝမ်းသာဂုဏ်ယူစရာကြီး ဖြစ်နေပါတယ်။ အိုင်ဗရီကို့စ်ဟာ ဒေသ တွင်းနဲ့ နိုင်ငံတကာကပါ လေးစားအသိအမှတ်ပြုခံရတဲ့ တိုင်းပြည်ဖြစ်လာပြီး အဲ့ဒီကတဆင့် အမျိုးသားစည်းလုံး ညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သရုပ်ပြသလို ဖြစ်လာရပါတယ်။ အချင်းချင်း အပြန်အလှန်လေး စားမှု၊ စည်းကမ်းလိုက်နာမှု၊ သည်းခံနိုင်မှုနဲ့ အဖွဲ့လိုက်လုပ်ဆောင်နိုင်မှုဟာ အောင်မြင်မှုရဲ့ သော့ချက်ဖြစ် ကြောင်း လူအများ နားလည် လက်ခံစေခဲ့ပါတယ်။ ရွေးကောက်ပွဲ အငြင်းပွားမှု၊ ခွဲထွက်ရေးအကြမ်းဖက်များနဲ့ ပြိုကွဲလုဆဲတိုင်းပြည်မှာ ပြည်တွင်းစစ် ရပ်စဲပြီး တစ်ခုတည်းသော အိုင်ဗရီကို့စ်နိုင်ငံအဖြစ် ဆက်လက်ရပ် တည် နိုင်ခဲ့ပါတယ်။
.
၂၀၁၅-ခုနှစ် အိုင်ဗရီကို့စ် အမျိုးသား ဘောလုံးအသင်းရဲ့ AFCON ပွဲ ပီရူးကို အောင်မြင်ပြီး ချန်ပီယံဖြစ်လာခြင်း ဟာ စစ်ပြီးစ နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး၊ နိုင်ငံအတွင်း နေထိုင်သူများ စိတ်ဓါတ်ကြံခိုင်ရေးကို အ လွန် အထောက်အကူဖြစ်စေခဲ့ပါတယ်။

မေ-၂၉၊ ၂၀၂၅) မနေ့က မန်ယူနဲ့ပွဲမှာ မောင်မောင်လွင် သွင်းဂိုး ရရှိသွားခြင်းနဲ့ ပတ်သက်ပြီး
ကျွန်တော့ရဲ့ TikTok Post မှာ မိတ်ဆွေတစ်ယောက်က
“ ဘောလုံးကို ဖြတ်တင်ပေးတဲ့ အားကစားသမားလည်း ကောင်းလို့၊ မောင်မောင်လွင်လည်း ကောင်းလို့ပါ” တဲ့ မှတ်ချက်ရေးတယ်။ အဲ့ဒါကို ကျွန်တော်က
“ဟုတ်တယ်ဗျာ၊ Asia all stars လက်ရွေးစင် ကျောနံပတ် ၂၁ သြစတြေးလျအားကစားသမားပါ
ဂိုးရှေ့ သူ ကန်တင်ပေးလိုက်တဲ့ ဘောလုံးဟာ မန်ယူနောက်တန်းလူတွေ ခြေထောက်ကြားကဖြတ်ပြီး သေသေသပ်သပ်လေး ရောက်ရှိသွားတယ်” လို့ Reply ရေးမိပါတယ်။
.
ကျွန်တော့ရဲ့ Reply ဟာ သူတို့ရဲ့ Community standard နဲ့ မညီဘူးလို့ TikTik က ဖြုတ်ပစ်တဲ့အပြင်
ကျွန်တော့်ရဲ့ အယူခံကိုလည်း ပယ်ချပစ်ပါတယ်။
တကယ်တော့ ကျွန်တော်ရေးခဲ့တာဟာ ဒီနေ့ TikTok အပါအဝင် လူမှုကွန်ရက်အားလုံးနီးပါးမှာ ဘောလုံးဝါသနာရှင်များ အကြိမ်ကြိမ်ရေးနေ ရေးခဲ့တဲ့ ဝေဖန်ချက်မျိုးပါ
.
လူပုဂ္ဂိုလ်-အဖွဲ့အစည်း-တစ်စုံတစ်ယောက်ကို ပတ်ခတ်ခြင်း မရှိ၊ အခြားသူတစ်ယောက်ယောက်ကို ဖျက်ဆီးသူအဖြစ် ရည်ညွှန်းခြင်း မပါဝင်၊ နိုင်ငံရေး - လူမျိုးရေး ဘာသာရေး ထိပါးခြင်း မဟုတ်ပဲ
အားကစားပွဲတစ်ပွဲရဲ့ အခိုက်အတန့်ဖြစ်စဉ်ကို ထောက်ပြခြင်းသာ ဖြစ်ပါတယ်။
.
အဲ့ဒါကို Community standard နဲ့ မညီဘူးလို့ဆိုရင် TikTok ရဲ့ AI ဟာ မြန်မာစာ မတတ်လို့ ဖြစ်ပါလိမ့်မယ်။
ဒီလိုနည်းနဲ့ လူပေါင်း ဘယ်နှစ်ယောက်လောက်ကို အကောင့်ဖျက်ခဲ့ပြီးပြီလဲ

(မေ-၂၉၊ ၂၀၂၅) ကျွန်တော့်ရဲ့ အောက်ပါ TikTok post ဟာ လွှင့်တင်ထားတာ ၃ နာရီ ကျော်ပါပြီ
မိတ်ဆွေများ မြင်ကြရလား ဗျာ
.
#HtayOung #OungMarine
.
.
https://vt.tiktok.com/ZSkJKATVY/
မိတ်ဆွေများ မြင်ကြရလား ဗျာ
.
#HtayOung #OungMarine
.
.
https://vt.tiktok.com/ZSkJKATVY/
TikTok
TikTok · OungMarineTwo
Check out OungMarineTwo’s post.
(မေ-၃၀၊ ၂၀၂၅)
NUG, CRPH ဟာ NLD ရဲ့ မူဝါဒနဲ့ မကိုက်ညီကြောင်း (NLD နဲ့ မပတ်သက်တဲ့သဘော) လွန်ခဲ့တဲ့ရက် မဲဆောက် NLD တွေ့ဆုံပွဲမှာ NLD CEC ဦးဟန်သာမြင့်က ပြောလိုက်တော့ ကျွန်တော်အလွန်အံ့ဩမိတယ်
ဒီလိုဆို အာဏာသိမ်းမှုကို တစ်တိုင်းပြည်လုံး အုံကြွဆန့်ကျင်ကြရန် ထိန်းသိမ်းမခံရမီ ဒေါ်စုက စာရေးသားပေးခဲ့ပါတယ်လို့
အခြား CEC တစ်ဦးဖြစ်သူ ဦးဝင်းထိန်ရဲ့ ကျိန်တွယ်ပြောဆိုမှုဟာ မုသာဝါဒတွေလို့ ဆိုလိုရာရောက်နေလို့ပါ
ရှမ်းမြောက် မြို့အတော်များများကို TNLA, MNDAA က သိမ်းပိုက်ထားပါတယ်
အရှေ့ဘက်နယ်စပ်မှာ ထိုင်းနိုင်ငံနဲ့ UWSA တို့အကြား စစ်သံပေးနေပြီး
ကချင်ပြည်နယ် မြို့အချို့ကို သိမ်းယူထားတဲ့ KIA က ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်ကို တိုက်ခိုက်နေပါတယ်
AA က ခွဲထွက်ဖို့ မြို့သိမ်း စခန်းသိမ်း တိုက်ပွဲများ ဖော်ဆောင်နေပြီး
ငပွကြီး အားကိုးနဲ့ အနောက်ဖက် အိမ်နီးချင်း မာမူတို့နဲ့ ဆက်ဆံရေးတင်းမာမှု အမြင့်ဆုံး ရောက်ရှိနေချိန်
ကျွန်တော်တို့ ပြည်တွင်းမှာ စည်းလုံးညီညွတ်မှု ပြိုကွဲနေပါတယ်
ကျွန်တော်တို့ ရင်ဆိုင်ရမှာက သူတို့ပါတီအာဏာရမှ ဓမ္မဖြစ်တယ်၊
သူတို့ကို ထောက်ခံသူ လုပ်သမျှ အကုန်လုံးမှန်တယ်လို့ ခေါင်းမာမာနဲ့ ရပ်တည်နေသူ
ဘာမဆိုလုပ်ရဲသူ ပြည်တွင်းနေ လူ ၁ဝ သန်းခန့်ပါ
.
တော်လှန်ရေး ထောက်ခံ ဘယ်မီဒီယာမှ မဖော်ပြရဲတဲ့ သတင်းကို THN Freelance Journalist ရဲ့YouTube မှ ကူးယူဖော်ပြလိုက်ပါတယ်။
.
.
#HtayOung #OungMarine
https://www.youtube.com/watch?v=0qs8QaLdQ8U

YouTube
ဦးဟံသာမြင့် နဲ့ ပတ်သက်ပြီး ဒေါ်စန္ဒမင်း အမြင် သဘောထား - မေးမြန်းခန်း
NLD အတွင်းရေးမှူး အဖွဲ့ဝင် (ဟောင်း) ဦးဟံသာမြင့် နဲ့ ပတ်သက်ပြီး NLD ဗဟိုကော်မတီဝင် (ဟောင်း) ဒေါ်စန္ဒမင်း သဘောထား - မေးမြန်းခန်း
-------------
ဦးဟံသာမြင့် က CRPH နဲ့ NLD CWC တို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ NLD နဲ့ မသက်ဆိုင် ကြောင်းနဲ့ လက်နက်ကိုင်တော်လှန်ရေးဟာလည်း…

(မေ-၃၀, ၂၀၂၅) အရှက်မရှိ သိက္ခာလဲ မရှိတဲ့ လူပါလား
ဧရာဝတီနဲ့ပတ်သက်လို့ သူ့ဝေါ်ပေါ်
သူ့ရုပ်ကြီးနဲ့ သူကိုယ်တိုင် လချီ
အမှားတွေပြောပြီးတော့
အကောင့်တုလို့ ရောချနေတယ်
ဘယ်သူမဆို မှားတတ်/ မှားနိုင်ပါတယ်၊ မှားသွားလျင်ဝန်ခံခြင်းက လူကြီးလူကောင်းအလုပ်ပါ
ကျွန်တော်လဲ မှားဖူးတယ်၊ ဒါပေမယ့် မှားသွားကြောင်း ဝန်ခံခဲ့တယ်
အတော်များများကို Downloaded ဆွဲထားလို့
နောက်တကြိမ် အခွက်ပြောင်ရင်တော့ ဒဲ့ဖွင့်ချရလိမ့်မယ်
အဲ့ဒီလို တာဝန်ယူ တာဝန်ခံမှုမရှိပဲ အမျိုးသားရေး Speaker နာမည်ခံချင်တာ အလွန် ရွံစရာကောင်းတယ်

(မေ-၃၁၊ ၂၀၂၅) ဆူးကြားက ဗူးခါးဖြစ်လာတဲ့ မြန်မာပြည်
===
အမေရိကန်က ၂၀၂၂-ခုနှစ် NDAA , Burma Act အရ NUG, PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင် EAOs တို့ကို ထောက်ပံ့ပေးနေပါတယ်။ လူသေဆုံးစေခြင်း မရှိတဲ့ပစ္စည်းများ၊ သံတမန်ရေးရာ အကူအညီ၊ သတင်းအချက်အလက်နဲ့ ဘဏ္ဍာရေးဆိုင်ရာအကူအညီများ ပေးအပ်ခြင်းဖြစ်တယ်ဆိုပေမယ့် ဒီကိစ္စဟာ စစ်ရေးဖော်ဆောင်မှုကို အလွယ်တကူပြောင်းလဲနိုင်ကြောင်း စစ်ရေး-နိုင်ငံရေးလေ့လာသူများက ဝေဖန်ကြပါတယ်။
အမေရိကန်ရဲ့ အကူအညီနဲ့ NUG, PDFs, EAOs တို့က မြန်မာပြည်အတွင်း မြို့သိမ်းရွာသိမ်း တိုက်ပွဲများ တိုးချဲ့ ဖော်ဆောင်လာတဲ့အခါ မြန်မာစစ်တပ်က ပြင်းထန်စွာ နှိမ်နင်းလိမ့်မယ်ဆိုခြင်းကို အမေရိကန်ကိုယ်တိုင် ကြိုတင် မသိပဲ ဘယ်လိုမှ မဖြစ်နိုင်ပါ၊ လောလောဆယ် SAC အနေနဲ့လည်း တရုတ် ရုရှားဘက်ကို ပိုမိုတိမ်းညွတ်အောင် တွန်းပို့သလိုဖြစ်သွားပါတယ်။
အဲ့ဒီတော့ မြန်မာပြည်တွင်းပဋိပက္ခဟာ စစ်အာရှင်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စည်းဘောင်မှ ကျော်လွန်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများရဲ့ ပြိုင်ဆိုင်မှုအဖြစ်ပြောင်းလဲသွားပါတယ်။ ပထဝီနိုင်ငံရေးဟာဗျူဟာမြောက် မြန်မာနိုင်ငံမှာ ဆီးရီးယား လစ်ဗျားလိုဖြစ်ပြီး ရုရှား တရုတ်တို့ ခြေကုတ်မယူနိုင်အောင် အမေရိကန်က ပဋိပက္ခများ အရှိန်မြှင့်တင်ရာ ရောက်ရှိသွားပါတယ်။
လွန်ခဲ့ရက် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ သူတို့သံတမန်များကို အမြန်ဆုံး ပြန်လာရန် ခေါ်ယူကြောင်း၊ ဒါကာက ပြန်ခေါ်ခြင်း မဟုတ် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနဲ့ စစ်သံမှူးတို့ကို “ Persona Non Grate ” (ကြိုဆိုလက်ခံရန် မထိုက်တန်သောသူ) အဖြစ် နေပြည်တော်က သတ်မှတ်ခြင်းကြောင့်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုကိစ္စမျိုးမှာ မြန်မာသံအမတ်ကို အလားတူ နှင်ထုတ်ခြင်းဖြင့် တုန့်ပြန်နိုင်ပေမယ့် ဒါကာဘက်မှာ ငြိမ်ချက်သား ကောင်းနေပြီး ပြန်သွားရတဲ့ သံမှူးများနေရာမှာ အစားထိုးခန့်အပ်ကြောင်းလည်း သတင်း မတွေ့ရှိရပါ။
.
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အမျိုးသားလုံခြုံရေးအကြံပေး ခါလီလူရ် ရာမန်ရဲ့ AA နဲ့ ပတ်သက်ပြီး မြန်မာ့ အရေးပြောဆိုမှုများဟာ ရေမြေတစ်ဆက်တည်းရှိနေပြီး ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတို့အကြား အတော်ရင့်သီးတယ်လို့ ယူဆစရာ ရှိပါတယ်။ ကုလသမဂ္ဂအဆိုပြူချက်လို့ ပြောဆိုပြီး “ရခိုင်ပြည်နယ် လူသားချင်း စာနာမှုစင်္ကြံ” ဖော်ဆောင်မယ့် ကိစ္စမှာ ကျောထောက်နောက်ခံပြုမယ့် အမေရိကန်ဟာ ရခိုင်သူပုန် AA ကို လက်နက်ခဲယမ်း ထောက်ပံ့ဖွယ်ရှိတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာလည်း စစ်တပ်၊ အတိုက်အခံ BNP ပါတီအပါအဝင် အခြားနိုင်ငံရေးပါတီ- အဖွဲ့အစည်းများ၊ စစ်တကောင်း-ကော့ခ်ဘဇား-တက္ကနဖ်ဒေသခံများ၊ အဲ့ဒီဘက်ရောက် ဒုက္ခသည်ဘင်္ဂါလီများကလည်း ဆန့်ကျင်နေကြပါတယ်။ ဒါပေမယ့် လွန်ခဲ့ဲ့တဲ့ ရက်သတ္တပတ် North East News ရဲ့ အဆိုအရ အမေရိကန်ရဲ့ အကူအညီတွေဟာ ရခိုင်ပြည်နယ်အတွင်း စတင်ဝင်ရောက် သို့မဟုတ် ဝင်ရောက်ရန် အသင့်ရှိနေတယ်လို့ မှန်းဆရပါတယ်။
.
မြန်မာ့ပြည်တွင်းရေးမှာ ထိပါးစွက်ဖက်ရာ ရောက်ရှိတဲ့အတွက် နှစ်နိုင်ငံသံတမန်ရေး ပျက်ပြားရတာ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရခေါင်းဆောင် ယူနွတ်လို နိုဗဲလ်ဆုရှင်တစ်ဦးတည်း မဟုတ်ပါဘူး၊ အရှေ့တီမောနိုင်ငံ လက်ရှိသမ္မတ ဂျိုဆေ ရာမို့စ်ဟော်တာလည်း ရှိပါသေးတယ်။ သူဟာ SAC ကို ဝေဖန်ပြီး NUG ကို ဗြောင်ကျကျ ထောက်ခံခြင်းကြောင့် အရှေ့တီမောသံတမန်များကို နေပြည်တော်က နှင်ထုတ်ခဲ့ကြောင်း ၂၀၂၄-ခုနှစ်မှာ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
ရာမို့စ်ဟော်တာဟာ SAC အာဏာအပြောင်းအလဲဖြစ်မှ မြန်မာနိုင်ငံအပေါ် ဝေဖန်သူ မဟုတ်ပါဘူး၊ အရှေ့တီမော လွတ်လပ်ရေးးမရမီ ပြည်ပြေးနိုင်ငံရေးသမားဘဝကတည်းက မြန်မာလက်နက်ကိုင်သူပုန်များကို အိန္ဒိယနယ်စပ်မှာ သင်တန်းပေး ပို့ချခဲ့သူဖြစ်ကြောင်း သူကိုယ်တိုင်ဟောပြောတဲ့ မိန့်ခွန်းများမှာ ပါဝင်နေပါတယ်။ ၁၉၇၅-ခုနှစ် အရှေ့တီမောမှာ အင်ဒိုနီးရှားစစ်တပ်က ပြည်နှင်ဒဏ်ပေးခြင်းခံရတဲ့ ရာမို့စ်ဟော်တာဟာ ဘင်္ဂလားဒေ့ရှ် ယူနွတ်လိုပဲ အမေရိကန်တက္ကသိုလ်ထွက်ဖြစ်ပါတယ်။ နယူးယောက်မြို့ကို ရောက်ရှိလာတဲ့ ရာမို့စ်ဟော်တာဟာ အိတ်ထဲမှာ ၂၅-ဒေါ်လာသာ ပါရှိပြီး ဘဝတစ်လျောက်လုံး နိုင်ငံရေးနဲ့ အသက်မွေးသူ ဖြစ်ပါတယ်။
မော်စီတုန်း-ဟိုချီမင်း-ကက်စ်ထရိုတို့လို တော်လှန်ရေးတစ်ရပ်မှာ မြေပြင်ကာယကံမြောက်လက်နက်ကိုင် လှုပ်ရှားခဲ့သူ မဟုတ်ပဲ အဝေးရောက် ပြည်ပြေးနိုင်ငံရေးသမားဘဝမှ တိုင်းပြည်ခေါင်းဆောင်အဖြစ် ရောက်ရှိလာသူဖြစ်ပါတယ်။ ဟန်ဂေရီ-ဂျူးနွယ်ဖွား အမေရိကန် ဘီလီယံနာကြီး ဂျော့ဆိုရော့စ်ရဲ့ OSF၊ အမေရိကန် USAID တို့နဲ့ ဆက်စပ်ခဲ့သူဖြစ်ပါတယ်။ ကုလသမဂ္ဂက ထောက်ခံတဲ့ လှုပ်ရှားမှုများမှာ ပါဝင်ခဲ့ဖူးပြီး ဒီအတွက် လူမှုရေးဆိုင်ရာ ဆုတံဆိပ်များအပြင် ယူနွတ်လိုပဲ နိုဗဲလ်ဆုရှင်တစ်ယောက်ဖြစ်ပါတယ်။ ယူနွတ်ထက် သာတာဆိုလို အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့က ဂျိုဆေရာမို့စ်ဟော်တာကို Persona Non Grate အဖြစ်ကြေညာ ခံထားရခြင်းပဲ ဖြစ်ပါလိမ့်မယ်။

အမေရိကန်ဟာ ပြိုင်ဘက်ကင်း ကမ္ဘာ့နံပတ်တစ်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဒုတိယသက်တမ်းမှာ ပိုမိုထင်ရှားလာပါတယ်။ အမေရိကန်သာ တကယ်လုပ်ရင် (မအောင်မြင်ရင်သာ ရှိရမယ်) ဘယ်နိုင်ငံမှ မခံနိုင်ကြောင်း သိသာပါတယ်။ ဝါရှင်တန်က မြန်မာပြည်ကြီးကို ငြိမ်းချမ်းစေလိုတဲ့ ဆန္ဒအမှန်ရှိခဲ့ရင် ဆန့်ကျင်ရေး လက်နက်ကိုင်တွေ သက်ဆိုးရှည်အောင် ထောက်ပံ့နေမယ့်အစား ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကိုယ်တိုင်ဦးဆောင်ရန် ဘာမှ မခဲယဉ်းကြောင်း လူတိုင်း အလွယ်တကူ သိရှိနိုင်ပါတယ်။
အထက်မှာ ဖော်ပြထားတဲ့အတိုင်း ဝါရှင်တန်ကျေးဇူးနဲ့ မြန်မာပဋိပက္ခဟာ အရှိန်မြင့်လာတဲ့အတွက် အမှန်တကယ် ဒုက္ခရောက်နေရသူများမှာ မြန်မာနိုင်ငံအတွင်းနေထိုင်သူ လူ့အဖွဲ့အစည်းဝင်များသာဖြစ်ပါတယ်။