Conor နဲ့ပွဲက ကျွန်တော့်ဘဝကိုအများကြီးပြောင်းလဲစေခဲ့တယ်…
Dustin Poireir 🗣️ ကျွန်တော်ရဲ့ ကစားသမားဘဝ ၁၉ နှစ်ရှိခဲ့ပါတယ်။ Conor နဲ့ပွဲမတိုင်ခင်တုန်းက ကျွန်တော့်ကို လူတွေတောင်သိပ်မသိသေးပါဘူး။ Conor နဲ့ပွဲပြီးသွားတော့ ကျွန်တော့်အတွက် အခွင့်အလမ်းတွေအများကြီး လမ်းပွင့်လာခဲ့တယ်။ အင်တာဗျူးတွေဖြေလာရတယ်။ ပရိတ်သတ်တွေ အခိုင်အမာရရှိလာတယ်။ ပြီးတော့ Main Event တွေမှာပါထိုးလာရပါတယ်။ နောက်ဆုံးချန်ပီယံခါးပတ်လုခွင့်တွေအထိ ကျွန်တော်ရရှိလာခဲ့ပါတယ်။ အဲလိုကျွန်တော့်အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ Conor McGregor ရဲ့နာမည်က အများကြီးသက်ရောက်မှုရှိပါတယ်…” ဆိုပြီး Joe Rogan Experience (Podcast) မှာပြောသွားခဲ့ပါတယ်…
#ufc
#MMAMyanmar

❤31👍8
Arman က Featherweight တန်းဆင်းဖို့ပြောလာတာကို တုန့်ပြန်လိုက်တဲ့ Movsar Eveloev…
Movsar Eveloev 🗣️ Arman ကအရမ်းကောင်းတဲ့ ဖိုက်တာတစ်ယောက်ပါ။ သူနဲ့တိုက်ရမှာ တော်တော်စိတ်ဝင်စားဖို့ကောင်းမယ်။ သူ့ကိုမလေးစားဖို့ပြောတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် သူနဲ့တွေ့ရမယ်ဆိုရင်လည်း ငါတော့ငြင်းနေမှာမဟုတ်ပါဘူး။ သူနဲ့ရင်းနှီးပေမယ့် Featherweight တန်းရဲ့ချန်ပီယံခါးပတ်က ငါ့အတွက်ပါပဲ…” ဆိုပြီး Kolos MMA နဲ့အင်တာဗျူးမှာဖြေကြားသွားခဲ့ပါတယ်…

❤10
Alex Pereira ကတော့ Ciryl Gane နဲ့ပွဲအတွက်အဆင်သင့်ဖြစ်ပြီဆိုပြီး ဒီပုံနှင့်တကွပြောလာခဲ့ပါပြီ…😅
ပုံကတော့ တကယ့်ပုံအစစ်မဟုတ်ပါဘူး။ AI နဲ့ပြုလုပ်ထားတဲ့ပုံပါ။ ဒါပေမယ့် တင်တာကတော့ သူကိုယ်တိုင်တင်လာခဲ့တာပဲဖြစ်ပါတယ်…
Alex Pereira သာ တကယ်ဒီလောက်ကြီးသွားရင်တော့ ကြည့်ကောင်းပြီ…😂

❤17👍4😁2🤣2
အခုလက်ရှိ Lightweight တန်းမှာ Arman Tsarukyan ကအကောင်းဆုံးပါပဲ…
Khabib 🗣️ လက်ရှိအခြေအနေမရ Lightweight တန်းမှာ Arman ကအကောင်းဆုံးလို့ထင်ပါတယ်။ Arman နဲ့ Topuria တို့သာပွဲဖြစ်ခဲ့ရင် Arman နိုင်နိူင်ခြေက ၈၀ ရာခိုင်နှုန်းလောက်အထိရှိပါတယ်။ Arman ရဲ့ Wrestling ပိုင်း၊ ဖိအားပေးနိုင်မှုအပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အကုန်လုံးမှာ Arman ကပိုသာပါတယ်။ Topuria အတွက်အခွင့်အရေးရလိမ့်မယ်လို့ ငါမမြင်ဘူး။ သူ့မှာ ပါဝါလက်သီးတွေရှိပေမယ့် Arman နဲ့ပွဲမှာတော့ အလုပ်မဖြစ်နိုင်ဘူး။ Arman က အကွာအဝေးကို ကောင်းကောင်းထိန်းပြီးဆော့နိုင်တယ်။ ပြီးတော့ သူ့ရဲ့ခြေကန်ချက်ကလည်း အမျာရကြီးတိုးတက်လာတယ်။ Topuria ရဲ့နောက်ဆုံး ၃ ပွဲမတိုင်ခင်က တွေ့ခဲ့ကြရင်တော့ မပြောတတ်ပါဘူး။ ဒါပေမယ့် အခုက Topuria ရဲ့အားနည်းချက်တွေကို အများကြီးလေ့လာလို့ရသွားပြီလေ။ Max Holloway နဲ့ Charles Oliveira တို့လို Ground ပိုင်းအားနည်းတဲ့သူတွေနဲ့ဆိုရင်တော့ သူနိုင်ပါတယ်။ ဒါပေမယ့် Ground ပိုင်းကောင်းတဲ့သူနဲ့ဆိုရင်တော့ သူ့ရဲ့ပါဝါလက်သီးက ထိရောက်နိုင်တော့မှာမဟုတ်ပါဘူး…” ဆိုပြီး Kamil Gadzhiev နဲ့အင်တာဗျူးမှာဖြေကြားသွားခဲ့ပါတယ်…

🤣30❤19😁5👍3
Conor ကိုရှုံးကြွေးပြန်ဆပ်ချင်တယ်…
Max Holloway 🗣️ Conor McGregor ကငါ့ကိုတစ်ပွဲအနိုင်ရထားတယ်။ အခုသူပြန်လာမယ်လို့ ကြားတယ်။ ငါလည်း အခုတစ်ပွဲရှုံးထားတော့ နိုင်ပွဲပြန်လိုချင်နေတာ။ သူ့ကိုသာ ရှုံးကြွေးပြန်ဆပ်ခွင့်ရမယ်ဆိုရင် တော်တော်ပျော်ဖို့ကောင်းမယ်ထင်တယ်။ သူ ဝိတ်မချချင်ဘူးဆိုရင်လည်းရတယ်။ ငါလည်း ဝိတ်မချဘူး။ ငါတို့ ဘယ်ဝိတ်တန်းမှာမဆို တွေ့လို့ရပါတယ်။ အဓိကကတော့ ရှုံးကြွေးပြန်ဆပ်ချင်တာပါ…” ဆိုပြီး သူ့ရဲ့ YouTube Channel မှာပြောလာခဲ့ပါတယ်…

❤19😁6
မေး - Joshua Van ကိုမင်းဘယ်လိုပုံစံနဲ့အနိုင်ယူချင်လဲ။ ဖိုက်တာတော်တော်များများက ချန်ပီယံခါးပတ်ပွဲမှာ ဘယ်လိုနိုင်ချင်ကြလဲဆိုတာမျိုးရှိတယ်လေ။ အဲတာကြောင့် မင်းရော ဘယ်လိုပုံစံနဲ့အနိုင်ယူပြီး ချန်ပီယံဖြစ်ချင်လဲ?
Tatsuro Taira 🗣️ ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်အားသာတဲ့ Submission နဲ့ပဲအနိုင်ယူချင်ပါတယ်။ ဒါပေမယ့် အခုကကျွန်တော်ရဲ့ striking ပိုင်းကိုလည်း ကျွန်တော်အားရတယ်၊ Ground ပိုင်းကိုလည်းအားရတယ်။ အဲတာကြောင့် ဘာမဆိုဖြစ်သွာရနိုင်ပါတယ်။ KO နဲ့လည်းနိုင်သွာရနိုင်သလို Submission နဲ့လည်းနိုင်သွားနိုင်ပါတယ်။ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ မသိပေမယ့် ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် ပွဲဖြတ်ဖို့အတွက်ပဲကျွန်တော်ဦးတည်ထားပါတယ်…” ဆိုပြီး MMA Junkie နဲ့အင်တာဗျူးမှာဖြေကြားသွားခဲ့ပါတယ်…

🤣31❤23👍9😁5🙏2
Islam Makhachev ကနောက်ပွဲအတွက် သဘောတူညီမှုရရှိသွားပါပြီဆိုတဲ့ မန်နေဂျာ Ali Abdelaziz…
Ali Abdelaziz 🗣️ Islam Makhachev ကဒီနွေရာသီမှာထိုးဖို့ ပွဲလက်ခံထားပြီးပါပြီ။ နံပါတ်ပွဲစဉ်တစ်ခုရဲ့ ခေါင်ပွဲအနေနဲ့ Welterweight No.1 Contender နဲ့ခါးပတ်ကာကွယ်ရမှာပါ။ UFC ဖက်က မကြာခင်ကြေငြာပါလိမ့်မယ်။ ပြီးတော့ Ilia Topuria နဲ့ပွဲကို ဇွန်လမှာထိုးဖို့ သူတို့ကမ်းလှမ်းခဲ့ကြပါသေးတယ်။ ဒါပေမယ့် Islam Makhachev ကိုတောင် ကျွန်တော်ပြောမပြရသေးခင် UFC ဖက်ကပဲ ချက်ချင်းပြန်ဆက်သွယ်လာပြီး ပွဲပြန်ဖျက်လိုက်တာပါ။ Islam Makhachev ကတော့ ခြေထောက်တစ်ဖက်ပဲ ရှိနေရင်တောင် Topuria နဲ့ထိုးပါလိမ့်မယ်။ အခုတော့ Islam Makhachev က ဇူလိုင်လမှာ ထိုးဖို့သဘောတူညီမှုရရှိသွားပါပြီ…” ဆိုပြီး TMT Sport နဲ့အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်…

👍7😁6❤5
Alex Pereira ကိုကြားဖြတ်ချန်ပီယံခါးပတ်ပွဲအနေနဲ့ပဲပွဲတည်ပေးတာတော့မဖြစ်သင့်ပါဘူး…
Israel Adesanya 🗣️ Alex Pereira လိုဖိုက်တာကို ကြားဖြတ်ချန်ပီယံခါးပတ်ပွဲအနေနဲ့ပဲ ပွဲတည်ပေးလိုက်တာတော့မဖြစ်သင့်ဘူး။ Alex Pereira က ၃ ထပ်ကွင်းချန်ပီယံဖြစ်လာမှာသေချာပါတယ်။ Heavyweight တန်းမှာလည်း သူသေချာပေါက် ချန်ပီယံဖြစ်လာလိမ့်မယ်။ ပြီးတော့မှ Jon Jones နဲ့ Super Fight ပွဲထပ်ထိုးပါလိမ့်မယ်…” ဆိုပြီး The Mac Life နဲ့အင်တာဗျူးမှာဖြေဆိုသွားခဲ့ပါတယ်…

❤23😁1
Joshua Van နိုင်လိမ့်မယ်လို့ ခန့်မှန်းလိုက်တဲ့ Manel Kape…
မေး - UFC 327 ပွဲမှာတွေ့ကြမယ့် Joshua Van နဲ့ Tatsuro Taira တို့ရဲ့ UFC Flyweight ချန်ပီယံခါးပတ်ပွဲမှာ ခင်ဗျားအနေနဲ့ ဘယ်သူအနိုင်ရသွားမယ်လို့ထင်လဲ.?
Manel Kape 🗣️ အဲဒီပွဲက စိတ်ဝင်စားဖို့ကောင်းမယ့် ပွဲကောင်းတစ်ပွဲပါပဲ။ ကျွန်တော်လည်းသေချာတော့မသိပါဘူး။ ဒါပေမယ့် Joshua Van ကိုအနိုင်ရဖို့ဆိုရင် aggressive ပုံစံနဲ့ဆော့မှရလိမ့်မယ်။ Tatsuro Taira မှာက အဲလို aggressive ဆော့တတ်တဲ့ပုံစံသိပ်မတွေ့ရဘူး။ Joshua Van က ဂျပန်ဖိုက်တာ Ray Tsuruya နဲ့ပွဲမှာတုန်းက သူ့ရဲ့ Takedown Defense တော်တော်လေးကောင်းခဲ့တယ်။ ကျွန်တော်တစ်ဦးတည်းအမြင်အရဆိုရင် အဲဒီ Ray Tsuruya ကတောင် Tatsuro Taira ထက်ပိုပြီး Takedown လုပ်တဲ့အပိုင်းတွေမှာ aggressive ပိုဆန်ပါတယ်။ Tatsuro Taira က Striking ပိုင်းမှာ aggressive သိပ်မရှိဘူးဆိုပေမယ့် လှဲချပြီးသွားရင်တော့ သူကတော်တော်ကောင်းပါတယ်။ ဒါပေမယ့် ပွဲက လှဲနေရင်းနဲ့ စမှာမှမဟုတ်တာ။ ကျွန်အသေချာတော့ ဘယ်သူနိုင်မယ်လို့မပြောတတ်ပေမယ့် Joshua Van ပဲအနိုင်ရသွားလိမ့်မယ်လို့ထင်ပါတယ်…” ဆိုပြီး MMA Junkie နဲ့အင်တာဗျူးမှာဖြေဆိုသွားခဲ့ပါတယ်…

❤57👍7
မနက်ဖြန်မနက်ကြည့်ရမယ့် UFC Fight Night ခန့်မှန်းချက်…
ကျွန်တော်နိုင်မယ်လို့ထင်တာကို ခန့်မှန်းထားတာပါ။ ဒီထဲကဘယ်နှစ်ယောက်မှန်သွားလဲဆိုတာ မနက်ဖြန်မှ အဖြေတိုက်ကြည့်ကြတာပေါ့…💪💪💪
#ufc
#MMAMyanmar
ကျွန်တော်နိုင်မယ်လို့ထင်တာကို ခန့်မှန်းထားတာပါ။ ဒီထဲကဘယ်နှစ်ယောက်မှန်သွားလဲဆိုတာ မနက်ဖြန်မှ အဖြေတိုက်ကြည့်ကြတာပေါ့…💪💪💪
#ufc
#MMAMyanmar
👍31❤13
Ilia Topuria က GOAT စာရင်းဝင်လာနိုင်တယ်ဆိုပြီးပြောလာခဲ့တဲ့ GSP…
Georges St-Pierre 🗣️ Ilia Topuria သာသူ့ရဲ့အခုလက်ရှိအခြေအနေကိုဆက်ပြီးထိန်းသွားနိုင်ခဲ့မယ်ဆိုရင် Greatest Of All Time (GOAT) စာရင်းဝင်လာလိမ့်မယ်လို့ကျွန်တောင်ထင်ပါတယ်။ လက်ရှိအခြေအနေမှာ ဘာအနှောက်အယှက်မှမရှိပဲ သေချာအာရုံစိုက်ဖို့တော့လိုတာပေါ့။ သူ့မှာ GOAT ဖြစ်လာဖို့လိုအပ်တဲ့ စွမ်းဆောင်
ရည်တွေ ၁၀၀ ရာခိုင်နှုန်းရှိပါတယ်။ သူ့ကိုအကောင်းမွန်ဆုံးဖြစ်လာဖို့လည်း ဆုတောင်းပေးပါတယ်။ ပြီးတော့သူက ပြိုင်ဖက်တိုင်းကြောက်သင့်တဲ့ဖိုက်တာမျိုးပါ။ ဘာလို့ဆို သူကဘက်စုံကောင်းတဲ့ဖိုက်တာမို့လို့ပါ။ ဘယ်ရှုတောင့်ကကြည့်ကြည့်ကောင်းနေတဲ့သူမျိုးပါ။ တကယ့်ချန်ပီယံစစ်စစ်တစ်ယောက်ပါပဲ။ နောက်တက်လာမယ့်လူငယ်လေးတွေအတုယူသင့်တဲ့လူမျိုးလည်းဖြစ်တယ်။ Ilia Topuria ကကြိုးဝိုင်းအတွင်းမှာပဲကောင်းတာမဟုတ်ပါဘူး၊ ကြိုးဝိုင်းအပြင်ဖက်မှာလည်း တကယ်ကောင်းတဲ့သူပါ။ သူနဲ့ Islam Makhachev တို့ပွဲဖြစ်လာဖို့လည်းမျှော်လင့်မိပါတယ်။ သူတို့ ၂ ယောက်သာပွဲဖြစ်သွားရင် ပရိတ်သတ်တွေအတွက် လုံးဝ မေ့မရတဲ့ပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ်…” ဆိုပြီး Alvaro Colmenero ရဲ့စာအုပ်အတွက်အင်တာဗျူးမှာဖြေကြားခဲ့တာဖြစ်ပါတယ်…

👍15❤3
၂၀၂၆ ခုနှစ် မတ်လ၊ ၃ လအတွင်း ဆေးစစ်မှုအများဆုံးခံယူခဲ့တဲ့ Conor McGregor…
Conor McGregor က ၂၀၂၄ တုန်းက ဆေးစစ်မှုမခံယူပဲ ထွက်ပြေးခဲ့လို့ ၁၈ လပွဲထိုးခွင့်ပိတ်ခံခဲ့ရပါသေးတယ်။ ဒါပေမယ့် အခု ၂၀၂၆ မှာတော့ Conor အနေနဲ့ ဘယ်လောက်တောင် Comeback ပြန်လာချင်လဲဆိုတာ မြင်သာနေပါပြီ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဝက်တုန်းကလည်း ဆေးစစ်မှူ ၃ ကြိမ်နဲ့ UFC ဖိုက်တာတွေကြား အများဆုံးအဖြစ်ဖော်ပြခံခဲ့ရပါတယ်။ အခု မတ်လ မကုန်သေးဘူး ဆေးစစ်မှု ၇ ကြိမ်တောင် ဖြစ်သွားခဲ့ပါပြီ…
ပြီးခဲ့တဲ့တစ်ပတ်ကျော်ကျော်ကတောင် ၅ ကြိမ်အထိပဲ ဆေးစစ်မှုရှိခဲ့ပါတယ်။ အခု ၁၀ ရက်ဝန်းကျင်မှာပဲ နောက်ထပ် ၂ ကြိမ်ထပ်ပြီး ဆေးစစ်ခဲ့လို့ ၃ လအတွင်း ၇ ကြိမ်နဲ့ အများဆုံးဖြစ်လာခဲ့တာပါ…
သာမာန် UFC ဖိုက်တာတွေတောင် အများဆုံး ဒီ ၃ လအတွင်း ၃ ကြိမ်နဲ့ ၄ ကြိမ်လောက်ပဲ ဆေးစစ်မှုခံယူခဲ့ကြတာပါ။ Conor ကတော့ ၇ ကြိမ်အထိတောင်ဆေးစစ်မှုခံယူခဲ့ပြီး သူရဲ့ Comeback အတွက် focus ထားနေပြီဆိုတာ သိသာနေပါပြီ…
ဒီတိုင်းဆို July လမှာကျင်းပမယ့် International Fight Week မှာ Conor ရဲ့ပွဲပါဝင်လာဖို့များနေပါပြီ။ တကယ်လည်း Conor ရဲ့ပွဲကို International Fight Week လိုမျိုး ပွဲမှာပြန်ကြည့်ချင်မိတာတော့အမှန်ပါပဲ…

❤30👍3🔥1
Media is too big
VIEW IN TELEGRAM
Alexa Grasso VS Maycee Barber (စ/ဆုံး) UFC Fight Night - ဒုခေါင်ပွဲ
❤15👍7
Media is too big
VIEW IN TELEGRAM
Israel Adesanya VS Joe Pyfer ( စ/ဆုံး ) UFC Fight Night - ခေါင်ပွဲ
❤29😢5
ဒီပွဲမတိုင်ခင် ၂ ပတ်လောက်အလိုက ကိုယ့်ကိုကိုယ်သေကြောင်းကြံဖို့ စဉ်းစားခဲ့သေးတယ်…
ဒီနေ့ကျင်းပခဲ့တဲ့ UFc Fight Night ပွဲမှာ Israel Adesanya ကိုအနိုင်ရရှိသွားခဲ့တဲ့ Joe Pyfer က ပွဲပြီးအင်တာဗျူးမှာအခုလိုဖြေကြားသွားခဲ့တာပဲဖြစ်ပါတယ်…
Joe Pyfer 🗣️ အခုလိုအခြေအနေကိုမြင်ရတာ တစ်မျိုးကြီးဖြစ်မိတယ်။ ပျော်လည်းပျော်ပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်လောက်တုန်းက ကိုယ့်ကိုကိုယ် သေကြောင်းကြံဖို့တောင် စဉ်းစားခဲ့တဲ့အထိပါပဲ။ ဒါပေမယ့် ငါဘုရားကိုတွေ့သွားတယ်။ အခုလိုနေရာမှာ ငါ့ကိုမြင်နေရတာက ငါ့ကိုဘုရားကကယ်ခဲ့လို့ပါပဲ…” ဆိုပြီး ပွဲပြီးအင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်…
ဒီလိုမျိုးစကားကို Joe Pyfer က ၂၀၂၂ ခုနှစ်၊ သူရဲ့ UFC ပွဲဦးထွက်တုန်းကလည်း “ ငါစိတ်ကျရောဂါခံစားခဲ့ရပြီး ကိုယ့်ကိုကိုယ်သေကြောင်းကြံခဲ့ဖူးတယ်” ဆိုပြီးဖြေကြားဖူးပါသေးတယ်…
ဘယ်လိုအကြောင်းတွေကြောင့် အခုလောက်ထိစဉ်းစားဖြစ်လဲဆိုတာမသိပေမယ့် fighting ပါ Joe Pyfer ရေ၊ ဖိုက်တာကောင်းတစ်ယောက်ကို ဒီတိုင်းအလကားတော့အဆုံးရှုံးချင်ပါဘူးဗျာ၊ ဘဝမှာ အကောင်းဆုံးတွေဖြစ်လာဖို့ဆုတောင်းပေးလိုက်ပါတယ်…

❤17❤🔥15🤣1
Conor McGregor ပွဲကိုလုံးဝမကြည့်ချင်တော့ဘူး…
ပရိတ်သတ်တစ်ချို့ထဲမှာ ဒီစကားပြောလာတဲ့ပရိတ်တွေရှိလာခဲ့တယ်။ ဟိုနေ့က “ Conor McGregor က ၂၀၂၆ ခုနှစ်အတွင်း ဆေးစစ်မှု ၇ ကြိမ်ပြုလုပ်ခဲ့ပြီး UFC ဖိုက်တာတွေထဲမှာအများဆုံးဆေးစစ်မှုခံယူတဲ့သူအဖြစ်မှတ်တမ်းတင်သွားခဲ့တယ်၊ သာမန်ဖိုက်တာတွေတောင် ၃ လအတွင်း အများဆုံး ၄ ကြိမ်လောက်အထိပဲရှိခဲ့တာပါ….
အဲဒီအကြောင်းကိုတင်လိုက်တော့ Conor ပွဲမကြည့်ချင်တော့ဘူးဆိုတဲ့ comment တစ်ခုတွေ့လိုက်ရတယ်။ ကျွန်တော့်အနေနဲ့ကတော့ Conor McGregor ပွဲကိုလုံးဝကြည့်ချင်ပါသေးတယ်။ သူ့ဘယ်လိုလေတိုက်မလဲ၊ သူဘယ်လိုတွေ လုပ်လာမလဲဆိုတာကိုစောင့်ကြည့်ချင်တာပါ။ ပွဲအတွင်းစွမ်းဆောင်ရည်ကိုအများကြီးမမျှော်လင့်ပေမယ့် သူစွမ်းဆောင်နိုင်သေးလားဆိုတာကိုလည်းသိချင်မိတယ်…
အဲတာကြောင့် Conor ပွဲကိုကြည့်ချင်လားဆိုရင် ၁၀၀ ရာခိုင်နှုန်း ကြည့်ချင်တယ်လို့ပဲဖြေချင်ပါတယ်…
ညီအကိုတို့ရော ဘယ်လိုထင်ကြလဲ…

❤35👍6🔥3