One Myanmar live
102K subscribers
275 photos
87 videos
1 file
74 links
Download Telegram
Reinier De Ridder နဲ့ Caio Borralho တို့ကိုပွဲတည်ပေးထားတဲ့အကြောင်းသတင်းတွေထွက်နေပါပြီ…

UFC ဖက်ကတရားဝင်ကြေငြာထားခြင်းမရှိသေးပေမယ့် ခိုင်လုံတဲ့သတင်းရပ်ကွက်က လာတာဖြစ်လို့ သေချာသလောက်ရှိပါတယ်။ ၂ ယောက်လုံးက နောက်ဆုံးပွဲမှာ ရှုံးထားကြပါတယ်…

Borralho က Imavov ကို Decision နဲ့ရှုံးခဲ့တာဖြစ်ပြီး Reinier De Ridder ကတော့ အမောမခံနိုင်တော့လို့ Brandan Allen ကိုရှုံးနိမ့်ခဲ့တာပါ…

ဒီပွဲက လာမယ့် ၂၀၂၆ ခုနှစ်၊ မတ်လမှာကျင်းပမယ့် UFC 326 ပွဲမှာပါဝင်လာနိုင်ခြေရှိပါတယ်။ အဲဒီပွဲမှာဆိုရင်တော့ ၃ ချီပွဲဖြစ်ပါလိမ့်မယ်။ ၃ ချီပွဲသာဆိုရင် ဒီပွဲကကြည့်လို့ သေချာပေါက်ကိုကောင်းမှာပါ…
32👍10🔥2
Ciryl Gane ကိုလိုက်ပြီးဖဲ့နေတဲ့ Tom Aspinall…

Ciryl Gane က သူ့ရဲ့ IG မှာ “ အခုထိ ပြိုင်ရော၊ ရက်စွဲရော မသိရသေးပါဘူး။ ဒါပေမယ့် အားလပ်ရက်မတိုင်ခင်အထိတော့ကြိုးစားပြီးလေ့ကျင့်နေဆဲပါ…” ဆိုပြီး တင်လာခဲ့တာကို Tom Aspinall ဖက်ကအခုလိုပဲ တုန့်ပြန်လာခဲ့တာဖြစ်ပါတယ်…

Tom Aspinall 🗣️ မင်းပွဲမရသေးတာကို ဘာလို့အထူးအဆန်းလုပ်နေတာလဲ။ ငါအခုထိ ပွဲပြန်ထိုးဖို့ ဆရာဝန်ကခွင့်ပြုချက်မရသေးဘူး။ ပြီးတော့ မင်းရဲ့ရွံစရာကောင်းတဲ့လက်သည်းတွေကြောင့် ငါခွဲစိတ်မှုခံရယူရဦးမယ်။ ငါမကြာခင်ပြန်လာပြီး တရားမဝင်နည်းလမ်း သုံးတဲ့မင်းမျက်နှာကို ရိုက်ပြမယ်…” ဆိုပြီး သူ့ရဲ့ IG ကနေတဆင့် တုန့်ပြန်သွားခဲ့ပါတယ်…
18🤣3
Gaethje နဲ့ Paddy တို့ရဲ့ ကြားဖြတ်ချန်ပီယံခါးပတ်လုပွဲမှာ ကျွန်တော်အရံဖိုက်တာအဖြစ်ရှိနေမယိ…
Arman Tsarukyan 🗣️ ကျွန်တော့် Gaethje နဲ့ Paddy တို့ရဲ့ကြားဖြတ်ချန်ပီယံခါးပတ်လုပွဲမှာ အရံဖိုက်တာအနေနဲ့ရှိနေမှာပါ။ ပွဲချိန် ၁၀ ရက်အလိုဖြစ်ဖြစ် ၅ ရက်အလိုဖြစ်ဖြစ် ကမ်းလှမ်းလာရင်လက်ခံသွားမှာပါ။ အဲဒီအတွက်လည်း ကျွန်တော့်ဝိတ်ကိုအဆင်သင့်ဖြစ်အောင်လုပ်ထားမှာပါ။ အဲဒီပွံအတွက်လည်း ကျွန်တော်တောက်လျှောက်လေ့ကျင့်နေမယ်။ Sparring လုပ်ရင်တောင် ထိခိုက်မှုမရှိအောင်
ဆင်ခြင်ပြီးလုပ်သွားမှာပါ။ ကျွန်တော့်ကိုကျွန်တော်တော့အမြဲတွန်းအားပေးသွားမှာပါ…” ဆိုပြီး သူပြိုင်ပွဲဝင်မယ့် ACBJJ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့တာဖြစ်ပါတယ်…
21👏8
This media is not supported in your browser
VIEW IN TELEGRAM
ကားမောင်းပြိုင်ပွဲကို ကိုယ်ပိုင်ဇိမ်ခံရွက်လှေပေါ်ကနေကြည့်နေတဲ့ Conor Mcgregor...😂
56🤣42👍18😁5🌚3🔥1
Nina Drama ကတော့ Gaethje နဲ့ Paddy တို့ပွဲက လစ်လပ်နေတဲ့ချန်ပီယံခါးပတ်လုပွဲဆိုပြီး leaked လာခဲ့ပါပြီ…

Nina က ခရစ္စမတ်မှာ Gaethje က Dana ကိုဘာတောင်းမလဲ….

Paramount နဲ့ကျင်းပမယ့် UFC 324 ပွဲမှာJustin Gaethje နဲ့ Paddy Pimblett တို့ရဲ့ လစ်လပ်နေတဲ့ချန်ပီယံခါးပတ်လုပွဲကို ကြည့်လိုက်ကြရအောင်… ဆိုတဲ့ပုံစံနဲ့တင်လာခဲ့တာဖြစ်ပါတယ်…

တကယ်ပဲ Topuria က ချန်ပီယံခါးပတ်ကို စွန့်သွားပြီလား၊ ဒါမှမဟုတ် Nina ကပဲမှားရေမိတာလား…🤔
18👍6
Chael Sonnen 🗣️ ငါမင်းကို လျှို့ဝှက်ချက်နည်းနည်းလေးပြောပြမယ်။ ပြီးခဲ့တဲ့အရင်ပတ်တွေတုန်းက UFC မှာအရေးပါတဲ့သူတွေနဲ့စကားပြောဖြစ်ခဲ့ကြတယ်။ သူတို့ထဲက တစ်ယောက်က Ilia ကို ခါးပတ်ဖြုတ်ဖို့အကြောင်းပြောလာတယ်။ ကျွန်တော်နည်းနည်းတော့အံ့ဩသွားတယ်။ ဒါပေမယ့် ဘားမှ မပြောပဲ နားထောင်နေလိုက်တယ်။ တကယ်လည်း ကြားဖြတ်ချန်ပီယံပွဲဖြစ်ဖို့ဆိုတာ ချန်ပီယံတစ်ယောက် ဖျားနာနေတာ ဒါမှမဟုတ် ဒဏ်ရာပြသနာရှိပြီး လုံးဝမကာကွယ်နိုင်သေးတဲ့အခြေအနေဖြစ်မှ ကြားဖြတ်ဆိုတဲ့ပွဲကိုဖန်တီးရတာ။ အခု ilia Topuria မှာ ပွဲမထိုးပဲ ကြားဖြတ်ပွဲစီစဉ်ပေးဖို့အတွက် သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့မကိုက်ညီဘူး။ အဲတာကြောင့်လည်း Topuria ရဲ့ခါးပတ်ကိုသူတို့ဖြုတ်ချင်ကြတာပေါ့။ Topuria အနေနဲ့ သူတို့သတ်မှတ်ထားတဲ့ ဖျားနာတာ၊ ဒဏ်ရာရတာတွေ စတဲ့စံနှုန်းတွေနဲ့မကိုက်ညီရင်တော့ ခါးပတ်ဖြုတ်ခံရမှာပါပဲ။ ငါ့အနေနဲ့ကတော့ Topuria ရဲ့ခါးပတ်ကိုဖြုတ်မယ်ဆိုရင်သိပ်တော့မကြိုက်ပါဘူး။ Topuria အနေနဲ့ သူတို့သတ်မှတ်ထားတဲ့စံနှုန်းတွေထဲက တစ်ခုခုဖြစ်လို့ဆိုပြီး အကြောင်းပြချက်မတင်သွင်းနိုင်ရင်တော့ သူတို့သေချာပေါက် Topuria ရဲ့ချန်ပီယံခါးပတ်ကိုဖြုတ်ကြပါလိမ့်မယ်…” ဆိုပြီး Ariel Halwani နဲ့အင်တာဗျူးမှာပြောသွားခဲ့ပါတယ်…
22👍4
Joshua Van 🗣️ ငါရဲ့နောက်ထပ်ပြိုင်ဖက်က Taira လား Manel လား? ဘယ်သူပဲဖြစ်ဖြစ် အဲ ၂ ယောက်လုံးကို ငါအေးဆေးကိုင်တွယ်နိုင်တယ်…” ဆိုတဲ့ပုံစံနဲ့ UFC က ပွဲစီစဉ်သူကို Mentioned ပြီးသူ့ရဲ့ X ပေါ်မှာတင်လာခဲ့ပါတယ်…

အဲတာကို Manel Kape ကလည်း “ ငါ မင်းနဲ့ Brandon Royval ၂ ယောက်လုံးကို တစ်ညတည်းမှာပဲအနိုင်ယူနိုင်တယ်လို့ပြောခဲ့တာကိုမှတ်မိလား။ အခု Royval ကိုငါအနိုင်ယူပြီးသွားပြီး မင်းပဲကျန်တော့တယ်ဆိုပြီး…” သူ့ရဲ့ X ပေါ်မှာပဲ ပြန်တုန့်ပြန်သွားခဲ့ပါတယ်…
132👏15🔥7😁5
Topuria က အင်တာဗျူးတစ်ခုမှ သူ့ကိုဝေဖန်ခဲ့တာနဲ့ပတ်သက်ပြီး ပြန်တုန့်ပြန်လိုက်တဲ့ Arman Tsarukyan…
Arman 🗣️ မိသားစုပြသနာဖြေရှင်းဖို့အတွက်ဆိုပြီး ပွဲတောင်မထိုးပဲ အနားယူဖို့မင်းတောင်ဆိုးတယ်။ ဒါပေမယ့် မင်းမှာ အင်တာဗျူးတွေဖြေဖို့အတွက်တော့ အချိန်အများကြီးရှိနေသလိုပဲ။ မင်းကတကယ့်ရယ်စရာကောင်းတဲ့ လူလိမ်လေးပဲ…” ဆိုပြီး သူ့ရဲ့ X လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ တုန့်ပြန်သွားခဲ့ပါတယ်…
#ufc
#MMAMyanmar
41🤣14
THE FIGHT | 2025 UFC.Com Awards…
UFC ကသတ်မှတ်ထားတဲ့ ၂၀၂၅ ခုနှစ်အတွင်းအကောင်းဆုံး ၅ ပွဲ…
နံပါတ် ၁ နေရာကနေဦးဆောင်နေတာကတော့ Joshua Van နဲ့ Brandon Royval တို့ရဲ့ပွဲပဲဖြစ်ပါတယ်…
#UFC
#MMAMyanmar
79👍8🔥6
ESPN ကသတ်မှတ်တဲ့ Breakout Fighter of the Year ဆုနဲ့ Fight of the Year ဆု ၂ ခုကိုပါသိမ်းပိုက်ခဲ့ပြန်တဲ့ Joshua Van…
Breakout Fighter of the Year ဆိုတာက နှစ်တစ်နှစ်အတွင်း တစ်ဟုန်ထိုးတိုးတက်လာတဲ့ ဖိုက်တာတွေကို ပေးတဲ့ဆုဖြစ်ပါတယ်…
Joshua Van ကတော့ နာမည်ကြီးပြီးရင်းကြီးလာနေပါပြီ…
138👍21❤‍🔥3😱1
This media is not supported in your browser
VIEW IN TELEGRAM
သူ့ရဲ့ဇာတိဖြစ်တဲ့ Chechnya ကပေးအပ်တဲ့ Fighter of the Year ဆုကိုရရှိခဲ့တဲ့ Khamzat Chimaev...
42👏8🕊1
UFC သမိုင်းမှာ ပရိတ်သတ်တွေကို အံ့အားသင့်မှုအဖြစ်စေဆုံး KO နိုင်ပွဲ ၅ ပွဲ…
တခြား KO ပွဲတွေလည်းအများကြီးရှိပေမယ့် ဒီပွဲတွေက ပရိတ်သတ်တွေ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံးနဲ့ အမှတ်အရဆုံး KO နိုင်ပွဲတွေဖြစ်ပါတယ်…
ဒီစာရင်းက UFC Website မှာဖော်ပြထားတဲ့စာရင်းပဲဖြစ်ပါတယ်။ ညီအကိုတို့ရော တခြားဘယ်ပွဲတွေ ဒီစာရင်းထဲမှာ ထည့်ချင်ကြလဲ…
30🎅1