One Myanmar live
102K subscribers
275 photos
87 videos
1 file
74 links
Download Telegram
Live stream finished (2 hours)
Media is too big
VIEW IN TELEGRAM
Marcus Buchecha Vs Kennedy Nzechukwu ( UFC Fight Night)
👍19❤11🗿5
Media is too big
VIEW IN TELEGRAM
Giga Chikadze Vs Kevin Vallejos ✔️ ( UFC Fight Night / Co-Main Fight)
❤29👍9🤨4
Media is too big
VIEW IN TELEGRAM
Brandon Royval Vs Manel Kape ( UFC Fight Night)
❤25😢20👍14👎10🔥3
This media is not supported in your browser
VIEW IN TELEGRAM
လက်မသက်သာသေးပေမယ့် လေ့ကျင်းခန်းတွေပြန်လည်ပြုလုပ်နေပြီဖြစ်တဲ့ Pantoja...
❤50👍25🥰3🔥2💩2
Manel Kape ကပွဲအပြီးမှာ Joshua Van ကိုဘယ်လိုစိန်ခေါ်သွားလဲ.?
Manel Kape 🗣️ Joshua Van မင်းက ငါတစ်ခုခုလုပ်ရင် Royval ကငါ့ကို ဆုံးမမယ်ဆိုပြီးပြောခဲ့တယ်နော်။ အခုမင်းက ငါ့နေရာဝင်ယူထားတာပါ။ မင်းမှာရှိနေတဲ့ ခါးပတ်ကငါ့ခါးပတ်ပဲ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ငါ့ခြေထောက်သာမကျိူးခဲ့ရင် အခုငါကချန်ပီယံဖြစ်နေလောက်ပြီ။ သေချာနားထောင် ကလေး၊ အခုမင်းရဲ့အဖေငါက မင်းရဲ့အနှီး (ခါးပတ်) ကိုယူတော့မှာ။ Paramount နဲ့ကျင်းပတဲ့ပွဲမှာ မင်းရဲ့အနှီး (ခါးပတ်) ကိုငါယူတော့မှာ။ အဆင်သင့်ပြင်ထားပါ။ မင်းက Huston မှာနေတာမဟုတ်လား? လာမယ့် ဖေဖော်ဝါရီလမှာ Huston မှာတွေ့ကြမယ်၊ ဒါမှမဟုတ် မင်းကြိုက်တဲ့ဘယ်နေရာဖြစ်ဖြစ်ရတယ်။ ပွဲဖြစ်ဖို့လက်မှတ်ပဲထိုးလိုက်၊ UFC ပထမဆုံးနိုင်ပွဲကို ဒီ Huston မှာ ဒူးပျံတိုက်ချက်နဲ့ ငါအနိုင်ရရှိခဲ့တာ၊ အခုငါပြန်လာခဲ့မယ်။ Starboy ဆိုတဲ့ငါက မင်းကိုအမဲလိုက်ဖို့အသင့်ဖြစ်နေပြီ။ ဒါကငါ့ရဲ့ခါးပတ်ဆိုတာ ဘယ်သူမှငြင်းလို့မရဘူး။ ငါကဒီဝိတ်တန်းမှာအကောင်းဆုံးဖိုက်တာ၊ ငါကဒီဝိတ်တန်းမှာ လုံးဝအကောင်ဆုံးဖိုက်တာ…” ဆိုပြီး Royval ကိုပထမအချီမှာအလဲထိုးတဲ့နိုင်ပွဲအပြီး စိန်ခေါ်သွားခဲ့တာဖြစ်ပါတယ်…
❤53🤣35👍19😁5👏4🥱4🥴3👎1
မေး 🗣️ မင်းထက် Tatsuro Taira ကချန်ပီယံစိန်ခေါ်ခွင့်ပိုရသင့်တယ်ဆိုတဲ့လူတွေကိုဘာပြောချင်လဲ.?

Manel Kape 🗣️ အဲလိုထင်နေတဲ့သူတွေက သင်္ချာမတတ်ကြတဲ့သူတွေပါ။ ၂ နဲ့ ၂ ပေါင်းရင် ၆ မရဘူးလေ ၄ ပဲရတာ။ Royval က Taira ကိုအနိုင်ရထားတာ။ Taira ရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော Royval ကရိုက်ချိုးပေးထားတာ။ အခုငါ Royval ကိုပထမအချီမှာပဲအနိုင်ရလိုက်တာလေ။ ဆိုတော့ အဲလိုထင်နေတဲ့သူတွေကို သင်္ချာပြန်လေ့လာကြဦးလို့ပြောချင်တယ်…” ဆိုပြီး Post Fight Conference မှာပြောသွားခဲ့တာဖြစ်ပါတယ်…
🤣94❤51👍23🗿8🥴7👏2😁2🥱2🍓2👀2🖕1
ကြည့်ရတာ အိမ်ဖြူတော်ပွဲမှာ ပွဲထိုးဖို့မဖြစ်နိုင်တော့ဘူးထင်တယ်…” ဆိုပြီး ပြောလာခဲ့ Alex Pereira…

အစက အိမ်ဖြူတော်ပွဲမှာ Jon Jones နဲ့ပွဲဖြစ်ဖို့ ရေပန်းစားနေခဲ့တာပါ။ ဖိုက်တာ ၂ ယောက်လုံးကလည်း အချင်းချင်းသဘောတူညီမှုရပြီးပါပြီ။ ဒါဆိုဘာလို့ Alex Pereira ဖက်ကအခုလိုတင်လာရတာလဲ၊ ဒေနာဝှိုက်က Jon Jones ကိုစိတ်နာသွားလို့လား.? သူတို့ ၂ ယောက်ကိုပွဲမတည်ပေးဘူးဆိုရင်တောင် သမ္မတ Trump ကိုယ်တိုင် ခါးပတ်ပွဲ ၇ ပွဲ၊ ၈ ပွဲထည့်ကျင်းပမယ်လို့ပြောထားတာကိုကြည့်ရင် Alex Pereira အနေနဲ့ အိမ်ဖြူတော်ပွဲမှာ သေချာပေါက်ပါဝင်ခွင့်ရနိုင်တဲ့အနေထားပါ။ တခြားဘာကိစ္စတွေများရှိနေသေးလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါပြီ…
👍24❤15
UFC ကကျွန်တော့်နဲ့ Petr Yan ကို ပွဲပြန်တည်ပေးဖို့ကမ်းလှမ်းလာတယ်ဆိုတဲ့ Merab…
Merab 🗣️ UFC ဖက်က ကျွန်တော့်ကိုဆက်သွယ်လာပြီး “ မင်းနားချင်သလောက်အနားယူပါ။ မင်းရဲ့နောက်ပွဲက Petr Yan နဲ့ ၃ ကြိမ်မြောက်မကျေပွဲဖြစ်ပြီး ခါးပတ်ပြန်စိန်ခေါ်ရမှာပါ။ နားချင်သလောက်အနားယူပြီး အဆင်သင့်ဖြစ်ပြီဆိုရင် ငါတို့လှမ်းပြောလိုက်” လို့ UFC ဖက်ကနေသူ့ကိုကမ်းလှမ်းလာတဲ့အကြောင်း MMA Pros Pick ကသတင်းထောက်တစ်ယောက်ကိုပြောပြခဲ့တယ်လို့သိရပါတယ်…
တကယ်လည်း Merab အနေနဲ့မကျေပွဲပြန်ရသင့်ပါတယ်။ တစ်နှစ်ထဲမှာ ခါးပတ်ကာကွယ်ပွဲ ၄ ကြိမ်အထိတောင်ထိုးသတ်ထားခဲ့တာဆိုတော့…
❤22👍14
Islam Makhachev 🗣️ တစ်ခါတစ်လေ Khabib ကကျွန်တော်တို့ကို Abu Dhabi မှာတောင် ပွဲထိုးစေချင်ဘူး။ ဘာလို့လဲဆိုတော့ အာရုံနောက်စရာကိစ္စရပ်တွေများလွန်းလို့ပါ။ အိမ်ဖြူတော်ပွဲဆိုရင်လည်း အဲလိုပဲဖြစ်လာလိမ့်မယ်။ ပထမဆုံးအကြိမ်ကျင်းပတဲ့ပွဲဖြစ်တာမို့လို့ ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာ ကျွန်တော်တို့မသိနိုင်ပါဘူး။ ကျွန်တော်တို့က အရာအားလုံးကိုကြိုတင်ပြီး စနစ်တကျစီမံထားလေ့ရှိပါတယ်။ ကျွန်တော် Australia မှာသွားထိုးခဲ့တုန်းက အာရုံစိုက်ရမယ့်အရာတွေ စိတ်အနှောက်ယှက်ဖြစ်စရာတွေ အများကြီးကြုံခဲ့တယ်။ ပထမဆုံးအကြိမ်ကြုံခဲ့ရတဲ့ ပြသနာတွေလည်း ရှိခဲ့တယ်။ အဲတာတွေက ပွဲအတွင်းမှာ တော်တော်လေးအကျိုးသက်ရောက်မှုရှိပါတယ်။ အဲတာတွေကြောင့်လည်း Khabib ကအဲလိုပြောတာဖြစ်နိုင်ပါတယ်။ ပွဲတစ်ပွဲတစ်ပွဲပြီးတိုင်း ကျွန်တော်တို့အဲပွဲက အကောင်း/အဆုံးအားလုံးကို ပြန်သုံးသပ်လေ့ရှိပါတယ်။ ဥပမာ- ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက Umar နဲ့ကျွန်တော်တို့ ၂ ယောက်လုံးပွဲထွက်ခဲ့ကြတယ်။ အဲဒီမှာ ကျွန်တော်တို့ ဒုက္ခတွေအများကြီးရင်ဆိုင်ရတယ်။ အဲတာကြောင့် အဲဒီနောက်ပိုင်း ကျွန်တော်တို့အသင်းက ပွဲတစ်ပွဲထဲမှာ ၂ ယောက်အတူမထိုးတော့ဖို့ဆုံးဖြတ်ခဲ့ကြတယ်...
❤48👎3🔥2👀2
မေး - Gaethje က “ UFC က Paddy နဲ့ Topuria ကိုတည်ပေးချင်တဲ့အစီစဉ်ကိုဖျက်ပြီး Topuria နဲ့အိမ်ဖြူတော်ပွဲမှာ ထိုးမယ်” လို့ကြိမ်းဝါးနေတယ်။ ဒီအကြံကို မင်းရောသဘောတူလား။ ဘာလို့ဆိုတကယ်လည်းဖြစ်နိုင်ပါတယ်။ Gaethje က သမ္မတ Trump နဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးမျိုးရှိနေတော့၊ အဲတာမင်းရော ဘယ်လိုမြင်လဲ?
Topuria 🗣️ ကျွန်တော့်အနေနဲ့ကတော့ ဘုရားပြင်ဆင်ပေးတဲ့အတိုင်း ဘာမဆိုလက်ခံသွားမှာပါ။ ဘုရားက ဒါကိုဖြစ်စေချင်ရင် ဖြစ်အောင်လုပ်သွားမှာပါ။ အိမ်ဖြူတော်မှာ ထိုးရဖို့အခွင့်ရေးရခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ…
အဲဒီပွဲမှာ Gaethje နိုင်ခဲ့ရင် UFC မှာ အခုကျွန်တော်ပြောပြလို့မရနိုင်သေးတဲ့ တခြားအစီစဉ်တွေရှိပါတယ်။ ဒါပေမယ့် ဒါလည်းကောင်းပါတယ်။ သူတို့ကျွန်တော့်ကို အိမ်ဖြူတော်ပွဲမှာ Gaethje နဲ့ထိုးဖို့ကမ်းလှမ်းလာရင်လက်ခံသွားမှာပါ။ ဒါပေမယ့် သူ Paddy ကိုတကယ်ရောနိုင် နိုင်ပါ့မလား? မနိုင်ဘူးလို့ပြောတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် Gaethje အတွက်ခက်ခဲလိမ့်မယ်လို့ထင်တယ်။ သူ Paddy ကိုနိုင်ခဲ့ရင်တောင် ချန်ပီယံစစ်စစ်ဖြစ်တဲ့ ကျွန်တော့်ကိုတော့ နိုင်မှာမဟုတ်ပါဘူး…” ဆိုပြီး Papa Legaspi နဲ့အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်…
👍24❤20💋4🔥2
မေး 🗣️ တကယ်လို့မင်း Gaethje ကိုနိုင်ခဲ့ရင် Topuria နဲ့ဘယ်ချိန်လောက်တွေ့ဖြစ်မယ်ထင်လဲ၊ ဘယ်ချိန်လောက်တွေ့ချင်လဲ၊ နွေရာသီဖြစ်တဲ့မေလလောက်မှာတွေ့ချင်လား၊ ဘာလို့ဆို Topuria ကအခုပြသနာတွေရင်ဆိုင်နေရတော့လေ.?
Paddy Pimblett 🗣️ ကျွန်တော်သေချာတော့မပြောတတ်ပါဘူး။ သူကအခုလက်ရှိသူ့ရဲ့ မိသားစုကိစ္စပြသနာတွေကိုဖြေရှင်းနေရတယ်။ ဒါကသူမိသားစုကိစ္စ ငါတို့ပွဲဖြစ်ဖို့နဲ့မဆိုင်ဘူး။ ဒါပေမယ့် သူ့မိသားစုကိစ္စအမြန်
အဆင်ပြေဖို့မျှော်လင့်ပါတယ်။ သူ့အတွက်အရာအားလုံး အမြန်ဆုံးအဆင်ပြေပြီး အကောင်းဆုံးတွေဖြစ်လာဖို့မျှော်လင့်ပါတယ်။
ဒါပေမယ့် သူ ဇွန်၊ ဇူလိုင်လလောက်မှ ပြန်မလာသေးဘူးဆိုရင်တော့ သူ့ခါးပတ်ကိုစွန့်လွှတ်ရပါလိမ့်မယ်။ အဲချိန်ကျွန်တော်က Gaethje ကိုနိုင်ပြီးကြားဖြတ်ချန်ပီယံဖြစ်နေမယ်၊ သူခါးပတ်စွန့်လွှတ်သွားရင် ပွဲမထိုးရပဲ ချန်ပီယံစစ်စစ်ဖြစ်သွားမှာပါ။ ပြီးရင် Charles Oliveira နဲ့ခါးပတ်ကာကွယ်ချင်တယ်။ တကယ်လို့ Max Holloway ကိုသူနိုင်ခဲ့ရင်ပေါ့။ သူဌေးသားလိုလိုလေကြီးနေတဲ့ B***** Arman ကိုတော့ ထပ်ပြီးတန်းစီခိုင်းဦးမယ်…” ဆိုပြီး Papa Legaspi နဲ့အင်တာဗျူးမှာ ဖြေကြားသွားခဲ့တာဖြစ်ပါတယ်…
❤48🤣11👍6😁2
Reinier De Ridder နဲ့ Caio Borralho တို့ကိုပွဲတည်ပေးထားတဲ့အကြောင်းသတင်းတွေထွက်နေပါပြီ…

UFC ဖက်ကတရားဝင်ကြေငြာထားခြင်းမရှိသေးပေမယ့် ခိုင်လုံတဲ့သတင်းရပ်ကွက်က လာတာဖြစ်လို့ သေချာသလောက်ရှိပါတယ်။ ၂ ယောက်လုံးက နောက်ဆုံးပွဲမှာ ရှုံးထားကြပါတယ်…

Borralho က Imavov ကို Decision နဲ့ရှုံးခဲ့တာဖြစ်ပြီး Reinier De Ridder ကတော့ အမောမခံနိုင်တော့လို့ Brandan Allen ကိုရှုံးနိမ့်ခဲ့တာပါ…

ဒီပွဲက လာမယ့် ၂၀၂၆ ခုနှစ်၊ မတ်လမှာကျင်းပမယ့် UFC 326 ပွဲမှာပါဝင်လာနိုင်ခြေရှိပါတယ်။ အဲဒီပွဲမှာဆိုရင်တော့ ၃ ချီပွဲဖြစ်ပါလိမ့်မယ်။ ၃ ချီပွဲသာဆိုရင် ဒီပွဲကကြည့်လို့ သေချာပေါက်ကိုကောင်းမှာပါ…
❤32👍10🔥2
Ciryl Gane ကိုလိုက်ပြီးဖဲ့နေတဲ့ Tom Aspinall…

Ciryl Gane က သူ့ရဲ့ IG မှာ “ အခုထိ ပြိုင်ရော၊ ရက်စွဲရော မသိရသေးပါဘူး။ ဒါပေမယ့် အားလပ်ရက်မတိုင်ခင်အထိတော့ကြိုးစားပြီးလေ့ကျင့်နေဆဲပါ…” ဆိုပြီး တင်လာခဲ့တာကို Tom Aspinall ဖက်ကအခုလိုပဲ တုန့်ပြန်လာခဲ့တာဖြစ်ပါတယ်…

Tom Aspinall 🗣️ မင်းပွဲမရသေးတာကို ဘာလို့အထူးအဆန်းလုပ်နေတာလဲ။ ငါအခုထိ ပွဲပြန်ထိုးဖို့ ဆရာဝန်ကခွင့်ပြုချက်မရသေးဘူး။ ပြီးတော့ မင်းရဲ့ရွံစရာကောင်းတဲ့လက်သည်းတွေကြောင့် ငါခွဲစိတ်မှုခံရယူရဦးမယ်။ ငါမကြာခင်ပြန်လာပြီး တရားမဝင်နည်းလမ်း သုံးတဲ့မင်းမျက်နှာကို ရိုက်ပြမယ်…” ဆိုပြီး သူ့ရဲ့ IG ကနေတဆင့် တုန့်ပြန်သွားခဲ့ပါတယ်…
❤18🤣3
Gaethje နဲ့ Paddy တို့ရဲ့ ကြားဖြတ်ချန်ပီယံခါးပတ်လုပွဲမှာ ကျွန်တော်အရံဖိုက်တာအဖြစ်ရှိနေမယိ…
Arman Tsarukyan 🗣️ ကျွန်တော့် Gaethje နဲ့ Paddy တို့ရဲ့ကြားဖြတ်ချန်ပီယံခါးပတ်လုပွဲမှာ အရံဖိုက်တာအနေနဲ့ရှိနေမှာပါ။ ပွဲချိန် ၁၀ ရက်အလိုဖြစ်ဖြစ် ၅ ရက်အလိုဖြစ်ဖြစ် ကမ်းလှမ်းလာရင်လက်ခံသွားမှာပါ။ အဲဒီအတွက်လည်း ကျွန်တော့်ဝိတ်ကိုအဆင်သင့်ဖြစ်အောင်လုပ်ထားမှာပါ။ အဲဒီပွံအတွက်လည်း ကျွန်တော်တောက်လျှောက်လေ့ကျင့်နေမယ်။ Sparring လုပ်ရင်တောင် ထိခိုက်မှုမရှိအောင်
ဆင်ခြင်ပြီးလုပ်သွားမှာပါ။ ကျွန်တော့်ကိုကျွန်တော်တော့အမြဲတွန်းအားပေးသွားမှာပါ…” ဆိုပြီး သူပြိုင်ပွဲဝင်မယ့် ACBJJ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့တာဖြစ်ပါတယ်…
❤21👏8
This media is not supported in your browser
VIEW IN TELEGRAM
ကားမောင်းပြိုင်ပွဲကို ကိုယ်ပိုင်ဇိမ်ခံရွက်လှေပေါ်ကနေကြည့်နေတဲ့ Conor Mcgregor...😂
❤56🤣42👍18😁5🌚3🔥1
Nina Drama ကတော့ Gaethje နဲ့ Paddy တို့ပွဲက လစ်လပ်နေတဲ့ချန်ပီယံခါးပတ်လုပွဲဆိုပြီး leaked လာခဲ့ပါပြီ…

Nina က ခရစ္စမတ်မှာ Gaethje က Dana ကိုဘာတောင်းမလဲ….

Paramount နဲ့ကျင်းပမယ့် UFC 324 ပွဲမှာJustin Gaethje နဲ့ Paddy Pimblett တို့ရဲ့ လစ်လပ်နေတဲ့ချန်ပီယံခါးပတ်လုပွဲကို ကြည့်လိုက်ကြရအောင်… ဆိုတဲ့ပုံစံနဲ့တင်လာခဲ့တာဖြစ်ပါတယ်…

တကယ်ပဲ Topuria က ချန်ပီယံခါးပတ်ကို စွန့်သွားပြီလား၊ ဒါမှမဟုတ် Nina ကပဲမှားရေမိတာလား…🤔
❤18👍6
Chael Sonnen 🗣️ ငါမင်းကို လျှို့ဝှက်ချက်နည်းနည်းလေးပြောပြမယ်။ ပြီးခဲ့တဲ့အရင်ပတ်တွေတုန်းက UFC မှာအရေးပါတဲ့သူတွေနဲ့စကားပြောဖြစ်ခဲ့ကြတယ်။ သူတို့ထဲက တစ်ယောက်က Ilia ကို ခါးပတ်ဖြုတ်ဖို့အကြောင်းပြောလာတယ်။ ကျွန်တော်နည်းနည်းတော့အံ့ဩသွားတယ်။ ဒါပေမယ့် ဘားမှ မပြောပဲ နားထောင်နေလိုက်တယ်။ တကယ်လည်း ကြားဖြတ်ချန်ပီယံပွဲဖြစ်ဖို့ဆိုတာ ချန်ပီယံတစ်ယောက် ဖျားနာနေတာ ဒါမှမဟုတ် ဒဏ်ရာပြသနာရှိပြီး လုံးဝမကာကွယ်နိုင်သေးတဲ့အခြေအနေဖြစ်မှ ကြားဖြတ်ဆိုတဲ့ပွဲကိုဖန်တီးရတာ။ အခု ilia Topuria မှာ ပွဲမထိုးပဲ ကြားဖြတ်ပွဲစီစဉ်ပေးဖို့အတွက် သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့မကိုက်ညီဘူး။ အဲတာကြောင့်လည်း Topuria ရဲ့ခါးပတ်ကိုသူတို့ဖြုတ်ချင်ကြတာပေါ့။ Topuria အနေနဲ့ သူတို့သတ်မှတ်ထားတဲ့ ဖျားနာတာ၊ ဒဏ်ရာရတာတွေ စတဲ့စံနှုန်းတွေနဲ့မကိုက်ညီရင်တော့ ခါးပတ်ဖြုတ်ခံရမှာပါပဲ။ ငါ့အနေနဲ့ကတော့ Topuria ရဲ့ခါးပတ်ကိုဖြုတ်မယ်ဆိုရင်သိပ်တော့မကြိုက်ပါဘူး။ Topuria အနေနဲ့ သူတို့သတ်မှတ်ထားတဲ့စံနှုန်းတွေထဲက တစ်ခုခုဖြစ်လို့ဆိုပြီး အကြောင်းပြချက်မတင်သွင်းနိုင်ရင်တော့ သူတို့သေချာပေါက် Topuria ရဲ့ချန်ပီယံခါးပတ်ကိုဖြုတ်ကြပါလိမ့်မယ်…” ဆိုပြီး Ariel Halwani နဲ့အင်တာဗျူးမှာပြောသွားခဲ့ပါတယ်…
❤22👍4
Joshua Van 🗣️ ငါရဲ့နောက်ထပ်ပြိုင်ဖက်က Taira လား Manel လား? ဘယ်သူပဲဖြစ်ဖြစ် အဲ ၂ ယောက်လုံးကို ငါအေးဆေးကိုင်တွယ်နိုင်တယ်…” ဆိုတဲ့ပုံစံနဲ့ UFC က ပွဲစီစဉ်သူကို Mentioned ပြီးသူ့ရဲ့ X ပေါ်မှာတင်လာခဲ့ပါတယ်…

အဲတာကို Manel Kape ကလည်း “ ငါ မင်းနဲ့ Brandon Royval ၂ ယောက်လုံးကို တစ်ညတည်းမှာပဲအနိုင်ယူနိုင်တယ်လို့ပြောခဲ့တာကိုမှတ်မိလား။ အခု Royval ကိုငါအနိုင်ယူပြီးသွားပြီး မင်းပဲကျန်တော့တယ်ဆိုပြီး…” သူ့ရဲ့ X ပေါ်မှာပဲ ပြန်တုန့်ပြန်သွားခဲ့ပါတယ်…
❤132👏15🔥7😁5
Topuria က အင်တာဗျူးတစ်ခုမှ သူ့ကိုဝေဖန်ခဲ့တာနဲ့ပတ်သက်ပြီး ပြန်တုန့်ပြန်လိုက်တဲ့ Arman Tsarukyan…
Arman 🗣️ မိသားစုပြသနာဖြေရှင်းဖို့အတွက်ဆိုပြီး ပွဲတောင်မထိုးပဲ အနားယူဖို့မင်းတောင်ဆိုးတယ်။ ဒါပေမယ့် မင်းမှာ အင်တာဗျူးတွေဖြေဖို့အတွက်တော့ အချိန်အများကြီးရှိနေသလိုပဲ။ မင်းကတကယ့်ရယ်စရာကောင်းတဲ့ လူလိမ်လေးပဲ…” ဆိုပြီး သူ့ရဲ့ X လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ တုန့်ပြန်သွားခဲ့ပါတယ်…
#ufc
#MMAMyanmar
❤41🤣14
THE FIGHT | 2025 UFC.Com Awards…
UFC ကသတ်မှတ်ထားတဲ့ ၂၀၂၅ ခုနှစ်အတွင်းအကောင်းဆုံး ၅ ပွဲ…
နံပါတ် ၁ နေရာကနေဦးဆောင်နေတာကတော့ Joshua Van နဲ့ Brandon Royval တို့ရဲ့ပွဲပဲဖြစ်ပါတယ်…
#UFC
#MMAMyanmar
❤79👍8🔥6