One Myanmar live
102K subscribers
270 photos
87 videos
1 file
74 links
Download Telegram
Ranking Update မှာ Champion Joshua Van ပုံလေးပါလာခဲ့ပါပြီ…
91👍5🔥2
P4P အဆင့် ၁၁ နေရာမှာပါဝင်လာခဲ့တဲ့ Joshua Van…
ဝိတ်တန်း ၈ ခုရှိတဲ့နေရာမှာ ချန်ပီယံတစ်ယောက်က အဆင့် ၈ နေရာတော့ရောက်သင့်တယ်ဆိုပေမယ့် Pantoja နဲ့ပွဲမှာ စွမ်းဆောင်ရည်အပြည့်အဝမချပြနိုင်ခဲ့တော့ အဆင့် ၁၁ နေရာမှာပဲ ထားလိုက်ကြတယ်ထင်ပါတယ်။ Van ရဲ့အထက်မှာ ချန်ပီယံမဟုတ်တော့တဲ့ Merab က အဆင့် ၈ ၊ Pantoja က အဆင့် ၉ နဲ့ BMF ချန်ပီယံ Max Holloway ကအဆင့် ၁၀ နေရာမှာရပ်တည်နေကြပါတယ်…
ဘယ်လိုပဲဖြစ်ဖြစ် P4P စာရင်းထဲဝင်လာတာပဲကျေနပ်တယ်။ ဖြည်းဖြည်းချင်းခါးပတ်တွေကာကွယ်ပြီး အဆင့်တွေ ထပ်တက်လာမယ်ဆိုတာ သေချာပေါက်ယုံကြည်
တယ်…
Let’s goo…Van 💪💪💪
219🔥5
အိမ်ဖြူတော်မှာကျင်းပမယ့် UFC ပွဲမှာ ခါးပတ်ပွဲ ၈ ပွဲ (သို့) ၉ ပွဲလောက်ထည့်သွင်းကျင်းပမယ်ဆိုတဲ့ သမ္မတ Donald Trump…
Donald Trump 🗣️ UFC White House ပွဲကို လာမယ့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ UFC ဥက္ကဌ ဒေနာဝှိုက်က ပွဲအတွက်အဆောက်အဦးကို ဦးစီးတည်ဆောက်သွားမှာပါ။ ပြီးတော့ ချန်ပီယံခါးပတ်ပွဲကို ၈ ပွဲ၊ ၉ ပွဲလောက်ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။ ကျင်းပဖူးသမျှ UFC ပွဲတွေထဲမှာ အကြီးကျယ်ဆုံးပွဲဖြစ်လာပါလိမ့်မယ်။ ပွဲတိုင်းက ချန်ပီယံခါးပတ်ပွဲနဲ့ သမိုင်းဝင်မယ့်ပွဲတွေမျိုးပဲ ထည့်သွင်းသွားမှာပါ… “ ဆိုပြီး Kennedy Center Honors Gala ပွဲအပြီးမှာ သတင်းထောက်တွေကို ဖြေကြားသွားခဲ့တာဖြစ်ပါတယ်…
244👍45
Chael Sonnen 🗣️ ကျွန်တော်တစ်ခုပြောပြမယ်။ Joshua Van ကကမ္ဘာ့ချန်ပီယံတစ်ယောက်ပါ။ GSP တို့ Khabib တို့ရခဲ့ဖူးတဲ့ ချန်ပီယံခါးပတ်မျိုးကိုရထားတဲ့သူပါ။ DC ၊ Jon Jones တို့ချန်ပီယံဖြစ်ခဲ့တဲ့ အဖွဲ့အစည်းကြီးမှာ ချန်ပီယံဖြစ်လာတဲ့သူပါ။ ဒါကဘယ်လောက်တောင် မိုက်လိုက်လဲဗျာ
Van ကပိုကောင်းတဲ့ဖိုက်တာလို့ ကျွန်တော်သေချာမပြောနိုင်ဘူး။ ဒါပေမယ့်ပွဲတစ်ပွဲမှာ ဘယ်သူပိုကောင်းသလဲဆိုတာထက် ဘယ်သူအနိုင်ရသလဲဆိုတာပဲ ပိုအရေးကြီးပါတယ်။ အဲတာကြောင့် Van ရဲ့အနိုင်ကို ရာနှုန်းပြည့်ထောက်ခံပါတယ်။ သူ့ရဲ့အမေလည်း အခုချိန်မှာ အရမ်းဂုဏ်ယူနေရမှာ သေချာတယ်
သူ့ရဲ့နိုင်ပွဲကို ဝေဖန်နေတဲ့သူတွေကို ကျွန်တော် တော်တော်လေးစိတ်ပျက်မိတယ်။ ပွဲမတိုင်ခင်အခြေအနေမှာ လူတိုင်းနီးပါးက သူနိုင်ဖို့မဖြစ်နိုင်ဘူးဆိုပြီး ပြောနေကြပေမယ့် သူတိုက်ခိုက်ဖို့ကြိုးဝိုင်းထဲကို ဝင်လာခဲ့တယ်။ တစ်ချို့က ဒီပွဲကို NC ပဲဖြစ်သင့်တယ်ဆိုပြီး Pantoja ကိုပဲခါးပတ်ပြန်ရစေချင်ကြတယ်။ အဲတာဆို Pantoja ဒဏ်ရာပြန်သက်သာမှ ခါးပတ်ပြန်ကာကွယ်ရမှာပေါ့ဟုတ်လား? ဝိတ်တန်းတစ်ခုလုံး ရပ်နားထားရမှာလား? ကျွန်တော်ကတော့ အဲတာကိုသဘောမတူပါဘူး…
138👏11🥰4👍2🔥2
တကယ်လို့ Pantoja ကသာ Joshua Van ရဲ့လက်ကျိုးသွားအောင်လုပ်နိုင်ခဲ့ရင် ဒါကိုလူတော်တော်များများက ဂျူဂျစ်ဆုလို့ခေါ်ကြမှာပဲ။ ပြီးတော့ Pantoja လက်ကျိုးသွားတာက ၂၄ မိနစ်မှာဖြစ်ခဲ့ရင်၊ ခင်ဗျားတို့ဘာမှ ပြောမှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်။ အလားတူဖြစ်ခဲ့တဲ့ Anderson Silva ခြေထောက်ကျိုးသွားလို့ Chris Weidman အနိုင်ရရှိသွားတုန်းက မကျေပွဲပြန်တည်ဖို့ပြောခဲ့တာတွေရှိပေမယ့် Chris Weidman ကိုမထိုက်တန်ဘူးလို့ဝေဖန်တာတွေမရှိခဲ့ဘူး…
အခုဒီပွဲက ခင်ဗျားတို့တွေးထင်ထားတဲ့ ပွဲမျိုးဖြစ်မလာဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ရလဒ်ရှိပြီးပါပြီ။ ဘာငြင်းခုန်စရာမှ မလိုပဲ ရှင်းလင်းတဲ့ဆုံးဖြတ်ချက်ပါ။ အဲတာကတော့ Joshua Van ကကမ္ဘာ့ချန်ပီယံ ဆိုတာပါပဲ…” ဆိုပြီး သူ့ရဲ့ YouTube Channel မှာပြောသွားခဲ့တာဖြစ်ပါတယ်…
54👍43
Media is too big
VIEW IN TELEGRAM
Joshua Van 🤝 Volkanovski
78🔥6👍5
ကြာတော့ Arman Tsarukyan ကိုလည်း သနားချင်လာပြီ…
သူ့ခဗျာ Topuria နဲ့ Paddy ကိုတောက်လျှောက်လေတွေတိုက်ခဲ့ပေမယ့် UFC 323 ပွဲအပြီး ဥက္ကဌကြီး ဒေနာရဲ့စကားကြောင့် လေတိုက်မှုတွေရပ်သွားခဲ့ရတယ်…
Arman ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်မရတာနဲ့ပတ်သက်ပြီး ဒေနာကို မေးကြတော့…
Dana White 🗣️ သူ့မှာ အခွင့်ရေးတစ်ခါရခဲ့ဖူးတယ်။ အဲတာဘယ်လိုဖြစ်သွားလဲဆိုတာ ခင်ဗျားတို့အသိပဲလေ။ အခုသူပြန်ပြီး ကြိုးစားရမယ်။ နံပါတ်တွေဘာတွေ ငါဂရုမစိုက်ဘူး။ သူပြန်ကြိုးစားရမှာပဲ။ ဒီလိုအရာတွေဖြစ်လာဖို့ဆိုတာ ထည့်သွင်းစဉ်းစားရတာတွေအများကြီးရှိတယ်။ အခွင့်အရေးရထားပြီးမှ သူအဲလိုအဆုံးသတ်လို့မရဘူး။ ဒါကြောင့် ချန်ပီယံခါးပတ်ထပ်ပြီးစိန်ခေါ်ချင်ရင် ထပ်ကြိုးစားရမှာပဲ။ ပြောချင်တာကတော့ နောက်ပွဲကမ်းလှမ်းလာရင် လက်ခံလိုက်ဖို့ပဲ။ ဘယ်သူတွေဘာပြောပြော ငါဂရုမစိုက်ပါဘူး။ သူ့အခြေနေကို သူကိုယ်တိုင်သိပါတယ်။ အဲတော့ ချန်ပီယံခါးပတ်ပြန်စိန်ခေါ်ချင်ရင် သူပြန်ကြိုးစားရပါမယ်…” ဆိုပြီး UFC 323 Post Fight Conference မှာပြောသွားခဲ့တာဖြစ်ပါတယ်…
Islam နဲ့ပွဲတုန်းက တစ်ရက်အလိုမှ နုတ်ထွက်တာပြောစရာဖြစ်ပေမယ့် အခုလောက်ထိ ပလစ်ထားတာ၊ ကြာတော့ Arman ကိုတောင် သနားလာပြီ…
92🤣11😁7🕊1
Joshua Van နိုင်ပွဲကို အဝေဖန်ဆုံး Moicano ရဲ့ပွဲလာပါပြီ…
UFC ဖက်ကတရားဝင် ထုတ်ပြန်လာခြင်းတော့မရှိသေးပေမယ့် ပွဲကသေချာသလောက်ရှိပါပြီ။ အခု Moicano နဲ့တွေ့မယ့် တစ်ယောက် Featherweight တန်း ranking အဆင့် ၉ နေရာက Brian Ortega ဖြစ်ပါတယ်။ နောက်ဆုံး ၂ ပွဲရှုံးပြီးနောက် Lightweight တန်းကိုတက်လာခဲ့တာဖြစ်ပါတယ်…
အခုသူတို့ ၂ ယောက်ပွဲက မကျေပွဲပါ။ ပထမအကြိမ် Featherweight တန်းမှာတွေ့ကြတုန်းက Brian Ortega က Guillotine Choke နဲ့အနိုင်ရရှိထားပါတယ်။ Moicano ကအဲပွဲမတိုင်ခင် ရှုံးပွဲမရှိသေးတဲ့ဖိုက်တာပါ။ Ortega ကပဲ Moicano ရဲ့ဘဲဥခွဲပေးလိုက်တာပါ…
ဆိုတော့ ဒီမကြေပွဲမှာရော ဘယ်သူအနိုင်ရရှိသွားမလဲ။ ၂ ယောက်လုံးကလည်း နောက်ဆုံး ၂ ပွဲဆက်ရှုံးထားကြပြီး အကျပိုင်းရောက်လာကြတဲ့ဖိုက်တာတွေပါ…
ဒီပွဲကိုလာမယ့် ၂၀၂၆ မတ်လ ၇ ရက်နေ့မှာကျင်းပမယ့် UFC 326 ပွဲမှာကြည့်ရှုရမှာဖြစ်ပါတယ်…
40
နောက်အပတ် ကျင်းပမယ့် ONE Friday Fight 137 ကတော့ရှယ်တွေကြီးပဲ…
မြန်မာတွဲဆိုင်းတွေပါမလာခဲ့ပေမယ့် တွဲဆိုင်းတွေအကုန်လုံးက ရှယ်ကြည့်ကောင်းမယ့်တွဲဆိုင်းတွေကြီးပါပဲ…
36👍11
2025 ခုနှစ်ရဲ့နောက်ဆုံး UFC ပွဲ…
ဒီ UFC Fight Night ပွဲရဲ့ Prelims Card တွေကို
မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ (မနက်) ၆ နာရီခွဲစမှာဖြစ်ပြီး
Main Card တွေကို မနက် ၉ နာရီခွဲစမှာဖြစ်ပါတယ်…
ခေါင်ပွဲမှာတွေ့ကြမယ့် Brandon Royval နဲ့ Manel Kape တို့ ၂ ယောက်ထဲက အနိုင်ရတဲ့သူက Joshua Van ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ရသွားနိုင်တာမို့လို့ စောင့်ကြည့်ကြသင့်တဲ့ ပွဲတစ်ပွဲပါပဲ…
85👍28👏10
Media is too big
VIEW IN TELEGRAM
Alex Pereira က Isreal Adasenya ကိုဘယ်လိုလေတိုက်ခဲ့ဖူးလဲ...😂 ဒီ video ကအရင် သူတို့ ၂ ယောက်မတွေ့ခင်တုန်းက video လေးပါ...😁
🤣3525😁6
This media is not supported in your browser
VIEW IN TELEGRAM
CR7 🤝 Dana White
230👍56🔥11👎8😱7🖕4😁3🫡1
Live stream started
Live stream finished (10 minutes)
Live stream started
Live stream finished (2 hours)