One Myanmar live
102K subscribers
275 photos
87 videos
1 file
74 links
Download Telegram
2025 ခုနှစ်ရဲ့ Breakthrough Fighter of the Year ဆုကို Joshua Van ရလိမ့်မယ်ဆိုတဲ့ Tom Aspinall…
Tom Aspinall 🗣️ Fighter of the Year ဆုကိုတော့ Ilia Topuria ကရသွားမယ်လို့ကျွန်တော်ထင်တယ်။ Knockout of the year ဆိုရင်လည်း Charles Oliveira ကိုအလဲထိုးခဲ့တဲ့ Topuria ကပဲရသွားလောက်တယ်။ Breakthrough of the Year ဆုဆိုရင်တော့ ကျွန်တော့်အနေနဲ့ Joshua Van ရသွားမယ်လို့ထင်ပါတယ်။ ဒီ Pantoja နဲ့နိုင်ပွဲမပါရင်တောင် Joshua Van ပဲရဖို့များပါတယ်။ Fight of the Year ဆိုရင်လည်း ကျွန်တော့်အနေနဲ့ Joshua Van Vs Brandon Royval တို့ပွဲက ရသွားလိမ့်မယ်လို့ထင်တယ်…” ဆိုပြီး သူ့ရဲ့ YouTube Channel မှာပြောသွားခဲ့ပါတယ်…
#UFC323
#MMAMyanmar
154👍7👏4🔥2😁1
Dana White 🗣️ Joshua Van ကဒီနိုင်ပွဲနဲ့ပတ်သက်ပြီး တော်တော်စိတ်ပျက်နေတာ။ ကျွန်တော်ဝင်သွားတော့ သူက “ ဒီပွဲအတွက် တောင်းပန်ပါတယ်” ဆိုပြီးကျွန်တော့်ကို ပြောလာတယ်။ ကျွန်တော်ကလည်း “ ဒီပွဲအတွက်လုံးဝတောင်းပန်စရာမလိုပါဘူး။ ပြောရရင် ရှုံးသွားတဲ့ပုံစံကတော့ သိပ်မကောင်းဘူးဆိုပေမယ့် နိုင်သွားတဲ့ပုံစံမှာတော့ “ မကောင်းတဲ့ပုံစံ” ဆိုတာမရှိဘူး။ ဒါကြောင့် မင်းနိုင်တာပဲလေ။ ဖြစ်တာကဖြစ်သွားပြီးပြီ။ နိုင်တာကနိုင်တာပါပဲ။ Congratulations ပါ…” လို့ပြန်ပြောခဲ့တယ်ဆိုပြီး ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့တာဖြစ်ပါတယ်…
#UFC323
#MMAMyanmar
268👍37🔥4💯3👎1😁1
UFC 323 ပွဲပြီး Joshua Van ကြိုးဝိုင်းထဲမှာအောင်ပွဲအတူခံတဲ့လူတွေဘယ်သူတွေလဲ ဆိုတာ ပြောပြထားတာပါ
22😁2
Channel photo updated
Ranking Update မှာ Champion Joshua Van ပုံလေးပါလာခဲ့ပါပြီ…
91👍6🔥2
P4P အဆင့် ၁၁ နေရာမှာပါဝင်လာခဲ့တဲ့ Joshua Van…
ဝိတ်တန်း ၈ ခုရှိတဲ့နေရာမှာ ချန်ပီယံတစ်ယောက်က အဆင့် ၈ နေရာတော့ရောက်သင့်တယ်ဆိုပေမယ့် Pantoja နဲ့ပွဲမှာ စွမ်းဆောင်ရည်အပြည့်အဝမချပြနိုင်ခဲ့တော့ အဆင့် ၁၁ နေရာမှာပဲ ထားလိုက်ကြတယ်ထင်ပါတယ်။ Van ရဲ့အထက်မှာ ချန်ပီယံမဟုတ်တော့တဲ့ Merab က အဆင့် ၈ ၊ Pantoja က အဆင့် ၉ နဲ့ BMF ချန်ပီယံ Max Holloway ကအဆင့် ၁၀ နေရာမှာရပ်တည်နေကြပါတယ်…
ဘယ်လိုပဲဖြစ်ဖြစ် P4P စာရင်းထဲဝင်လာတာပဲကျေနပ်တယ်။ ဖြည်းဖြည်းချင်းခါးပတ်တွေကာကွယ်ပြီး အဆင့်တွေ ထပ်တက်လာမယ်ဆိုတာ သေချာပေါက်ယုံကြည်
တယ်…
Let’s goo…Van 💪💪💪
219🔥5
အိမ်ဖြူတော်မှာကျင်းပမယ့် UFC ပွဲမှာ ခါးပတ်ပွဲ ၈ ပွဲ (သို့) ၉ ပွဲလောက်ထည့်သွင်းကျင်းပမယ်ဆိုတဲ့ သမ္မတ Donald Trump…
Donald Trump 🗣️ UFC White House ပွဲကို လာမယ့် ၂၀၂၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ UFC ဥက္ကဌ ဒေနာဝှိုက်က ပွဲအတွက်အဆောက်အဦးကို ဦးစီးတည်ဆောက်သွားမှာပါ။ ပြီးတော့ ချန်ပီယံခါးပတ်ပွဲကို ၈ ပွဲ၊ ၉ ပွဲလောက်ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။ ကျင်းပဖူးသမျှ UFC ပွဲတွေထဲမှာ အကြီးကျယ်ဆုံးပွဲဖြစ်လာပါလိမ့်မယ်။ ပွဲတိုင်းက ချန်ပီယံခါးပတ်ပွဲနဲ့ သမိုင်းဝင်မယ့်ပွဲတွေမျိုးပဲ ထည့်သွင်းသွားမှာပါ… “ ဆိုပြီး Kennedy Center Honors Gala ပွဲအပြီးမှာ သတင်းထောက်တွေကို ဖြေကြားသွားခဲ့တာဖြစ်ပါတယ်…
244👍46
Chael Sonnen 🗣️ ကျွန်တော်တစ်ခုပြောပြမယ်။ Joshua Van ကကမ္ဘာ့ချန်ပီယံတစ်ယောက်ပါ။ GSP တို့ Khabib တို့ရခဲ့ဖူးတဲ့ ချန်ပီယံခါးပတ်မျိုးကိုရထားတဲ့သူပါ။ DC ၊ Jon Jones တို့ချန်ပီယံဖြစ်ခဲ့တဲ့ အဖွဲ့အစည်းကြီးမှာ ချန်ပီယံဖြစ်လာတဲ့သူပါ။ ဒါကဘယ်လောက်တောင် မိုက်လိုက်လဲဗျာ
Van ကပိုကောင်းတဲ့ဖိုက်တာလို့ ကျွန်တော်သေချာမပြောနိုင်ဘူး။ ဒါပေမယ့်ပွဲတစ်ပွဲမှာ ဘယ်သူပိုကောင်းသလဲဆိုတာထက် ဘယ်သူအနိုင်ရသလဲဆိုတာပဲ ပိုအရေးကြီးပါတယ်။ အဲတာကြောင့် Van ရဲ့အနိုင်ကို ရာနှုန်းပြည့်ထောက်ခံပါတယ်။ သူ့ရဲ့အမေလည်း အခုချိန်မှာ အရမ်းဂုဏ်ယူနေရမှာ သေချာတယ်
သူ့ရဲ့နိုင်ပွဲကို ဝေဖန်နေတဲ့သူတွေကို ကျွန်တော် တော်တော်လေးစိတ်ပျက်မိတယ်။ ပွဲမတိုင်ခင်အခြေအနေမှာ လူတိုင်းနီးပါးက သူနိုင်ဖို့မဖြစ်နိုင်ဘူးဆိုပြီး ပြောနေကြပေမယ့် သူတိုက်ခိုက်ဖို့ကြိုးဝိုင်းထဲကို ဝင်လာခဲ့တယ်။ တစ်ချို့က ဒီပွဲကို NC ပဲဖြစ်သင့်တယ်ဆိုပြီး Pantoja ကိုပဲခါးပတ်ပြန်ရစေချင်ကြတယ်။ အဲတာဆို Pantoja ဒဏ်ရာပြန်သက်သာမှ ခါးပတ်ပြန်ကာကွယ်ရမှာပေါ့ဟုတ်လား? ဝိတ်တန်းတစ်ခုလုံး ရပ်နားထားရမှာလား? ကျွန်တော်ကတော့ အဲတာကိုသဘောမတူပါဘူး…
138👏11🥰4👍2🔥2
တကယ်လို့ Pantoja ကသာ Joshua Van ရဲ့လက်ကျိုးသွားအောင်လုပ်နိုင်ခဲ့ရင် ဒါကိုလူတော်တော်များများက ဂျူဂျစ်ဆုလို့ခေါ်ကြမှာပဲ။ ပြီးတော့ Pantoja လက်ကျိုးသွားတာက ၂၄ မိနစ်မှာဖြစ်ခဲ့ရင်၊ ခင်ဗျားတို့ဘာမှ ပြောမှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်။ အလားတူဖြစ်ခဲ့တဲ့ Anderson Silva ခြေထောက်ကျိုးသွားလို့ Chris Weidman အနိုင်ရရှိသွားတုန်းက မကျေပွဲပြန်တည်ဖို့ပြောခဲ့တာတွေရှိပေမယ့် Chris Weidman ကိုမထိုက်တန်ဘူးလို့ဝေဖန်တာတွေမရှိခဲ့ဘူး…
အခုဒီပွဲက ခင်ဗျားတို့တွေးထင်ထားတဲ့ ပွဲမျိုးဖြစ်မလာဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ရလဒ်ရှိပြီးပါပြီ။ ဘာငြင်းခုန်စရာမှ မလိုပဲ ရှင်းလင်းတဲ့ဆုံးဖြတ်ချက်ပါ။ အဲတာကတော့ Joshua Van ကကမ္ဘာ့ချန်ပီယံ ဆိုတာပါပဲ…” ဆိုပြီး သူ့ရဲ့ YouTube Channel မှာပြောသွားခဲ့တာဖြစ်ပါတယ်…
54👍43
Media is too big
VIEW IN TELEGRAM
Joshua Van 🤝 Volkanovski
78🔥6👍5
ကြာတော့ Arman Tsarukyan ကိုလည်း သနားချင်လာပြီ…
သူ့ခဗျာ Topuria နဲ့ Paddy ကိုတောက်လျှောက်လေတွေတိုက်ခဲ့ပေမယ့် UFC 323 ပွဲအပြီး ဥက္ကဌကြီး ဒေနာရဲ့စကားကြောင့် လေတိုက်မှုတွေရပ်သွားခဲ့ရတယ်…
Arman ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်မရတာနဲ့ပတ်သက်ပြီး ဒေနာကို မေးကြတော့…
Dana White 🗣️ သူ့မှာ အခွင့်ရေးတစ်ခါရခဲ့ဖူးတယ်။ အဲတာဘယ်လိုဖြစ်သွားလဲဆိုတာ ခင်ဗျားတို့အသိပဲလေ။ အခုသူပြန်ပြီး ကြိုးစားရမယ်။ နံပါတ်တွေဘာတွေ ငါဂရုမစိုက်ဘူး။ သူပြန်ကြိုးစားရမှာပဲ။ ဒီလိုအရာတွေဖြစ်လာဖို့ဆိုတာ ထည့်သွင်းစဉ်းစားရတာတွေအများကြီးရှိတယ်။ အခွင့်အရေးရထားပြီးမှ သူအဲလိုအဆုံးသတ်လို့မရဘူး။ ဒါကြောင့် ချန်ပီယံခါးပတ်ထပ်ပြီးစိန်ခေါ်ချင်ရင် ထပ်ကြိုးစားရမှာပဲ။ ပြောချင်တာကတော့ နောက်ပွဲကမ်းလှမ်းလာရင် လက်ခံလိုက်ဖို့ပဲ။ ဘယ်သူတွေဘာပြောပြော ငါဂရုမစိုက်ပါဘူး။ သူ့အခြေနေကို သူကိုယ်တိုင်သိပါတယ်။ အဲတော့ ချန်ပီယံခါးပတ်ပြန်စိန်ခေါ်ချင်ရင် သူပြန်ကြိုးစားရပါမယ်…” ဆိုပြီး UFC 323 Post Fight Conference မှာပြောသွားခဲ့တာဖြစ်ပါတယ်…
Islam နဲ့ပွဲတုန်းက တစ်ရက်အလိုမှ နုတ်ထွက်တာပြောစရာဖြစ်ပေမယ့် အခုလောက်ထိ ပလစ်ထားတာ၊ ကြာတော့ Arman ကိုတောင် သနားလာပြီ…
92🤣11😁7🕊1