Forwarded from Embassy of Japan in Myanmar
🎓 ပညာတော်သင်ဆွေးနွေးပွဲ 🎓
🎓 留学アドバイザーによる留学相談会 🎓
ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ ဖေဖော်ဝါရီလ၏ ပညာတော်သင်ဆွေးနွေးပွဲတွင် Meikei High School က ကျောင်းအကြောင်းကို မိတ်ဆက် ပေးမည့်အစီအစဉ်လည်းရှိပါသည်။ ဂျပန်အထက်တန်းကျောင်းပညာရေးကို စိတ်ပါဝင်စားသူများအနေဖြင့် ဆက်ဆက် တက်ရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ထို့ပြင်၊ MAJA နှင့် OJEIC က ပညာတော်သင်သတင်းအချက်အလက်များကို ဝေမျှပေးသွားမည်ဖြစ်ပါသောကြောင့် ဂျပန်တက္ကသိုလ်များတွင် ပညာသင်ကြားလိုသူများကိုလည်း ပါဝင်တက်ရောက်စေလိုပါသည်။
ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် စာရင်းသွင်း လျှောက်ထား နိုင်ပါသည်။
နေ့ရက်နှင့်အချိန်။ ။ ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၅ ခုနှစ် (ဗုဒ္ဓဟူးနေ့) နေ့လည် ၂နာရီ မှ ၄နာရီအထိ
ကျင်းပမည့်ပုံစံ။ ။ အွန်လိုင်း (Zoom)
စာရင်းသွင်းလျှောက်ထားရန်လင့်ခ်။ ။
https://docs.google.com/forms/d/e/1FAIpQLSdyc92dZPAYAlxKuWRIk_uH8IMH6TsITyjatExv0VvFgvu3Yw/viewform?usp=dialog
ဆွေးနွေးပေးမည့်ပုဂ္ဂိုလ်။ ။ MAJA, OJEIC, Meikei High School
日本国大使館では月1回程度、留学アドバイザーによる留学相談会を開催しています。2月の相談会は茗溪学園高校(Meikei High School)より学校紹介セッションがあります。高校留学に興味のある皆さん、ぜひご参加ください!
もちろん、MAJA及びOJEICのセッションもありますので、大学留学を目指している方もご参加ください。
参加希望の方は以下の予約フォームリンクよりお申し込みください。
日時:2025年2月5日(水)14時~16時
開催形式:オンライン(Zoom)
予約フォームリンク:

アドバイザー:MAJA, OJEIC
ゲスト:茗溪学園高校(Meikei High School)

Google Docs
2025 February Reservation Sheet for Study in Japan Advisory
2:00 pm~4:00 pm, 5th February 2025
🌟ဂျပန်နိုင်ငံတွင် ဆရာဝန်တစ်ယောက်ဖြစ်လာရန် လမ်းကြောင်းများ 🩺
🇯🇵ဂျပန်နိုင်ငံတွင် ဆရာဝန်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိပါသလား? ဒီမွန်မြတ်တဲ့ အသက်မွေးဝမ်းကျောင်းကို ကမ္ဘာ့အဆင့်မြင့်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ်များထဲက တစ်ခုမှာ လုပ်ကိုင်ဖို့အတွက် သိထားသင့်တဲ့ အကြောင်းအရာများကို ပြောပြပေးသွားပါမယ်။ 🌍✨
လမ်းကြောင်း (၁) - နိုင်ငံခြားဆေးတက္ကသိုလ်များမှ ဘွဲ့ရများအတွက် 🌐
နိုင်ငံခြားဆေးတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားပါက (၆နှစ် သို့မဟုတ် ၆နှစ်အထက်) အောက်ပါအချက်များ လိုအပ်ပါတယ် -
၁။ ဂျပန်အစိုးရ ဆရာဝန်လိုင်စင်စာမေးပွဲ ဖြေဆိုခွင့်ရရှိရန် အရည်အချင်းပြည့်မီကြောင်းကြိုတင်စိစစ်မှုကို အောင်မြင်ရန်လိုအပ်ပါတယ်။
•ဒီစိစစ်မှုကတော့ သင်ရဲ့ပညာရေးအဆင့်အတန်းဟာ ဂျပန်စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိမရှိ သေချာစေရန် ဖြစ်ပါတယ်။
•လျှောက်လွှာစာရွက်စာတမ်းများနဲ့ စာမေးပွဲအားလုံးသည် ဂျပန်ဘာသာနဲ့ဖြစ်တဲ့အတွက်JLPT N1 အဆင့်နဲ့ ဂျပန်ဆေးပညာရပ်ဆိုင်ရာဝေါဟာရများကို ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။
📌 ပိုမိုသိရှိနိုင်ဖို့ အောက်ပါလင့်ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.mhlw.go.jp/topics/2012/05/tp0525-01.html
၂။ အရည်အချင်းပြည့်မီကြောင်း အသိအမှတ်ပြုခံရပြီးနောက် ဂျပန် အစိုးရဆရာဝန်လိုင်စင်စာမေးပွဲကို ဖြေဆိုနိုင်ပါတယ်။
−−−−
လမ်းကြောင်း (၂) - ဂျပန်နိုင်ငံတွင် ဆေးပညာသင်ယူခြင်း 🎓
ပိုပြီးနက်နဲတဲ့ အတွေ့အကြုံတွေကို ရှာဖွေလိုသူများကတော့ ဂျပန်နိုင်ငံမှာ ဆေးပညာသင်ယူခြင်းကလည်း ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်!
🔹 International University of Health and Welfare (IUHW)
•အင်္ဂလိပ်ဘာသာနဲ့ ဆေးပညာရပ်ကို သင်ကြားပို့ချတဲ့ ဂျပန်နိုင်ငံရဲ့ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပါတယ်။
•နိုင်ငံတကာကျောင်းသားကျောင်းသူများကို ရည်ရွယ်ပြီးဖွင့်လှစ်ထားအတွက် နိုင်ငံတကာနဲ့ ချိတ်ဆက်တဲ့ရပ်ဝန်းမှာ ဆေးပညာသင်ယူနိုင်မဲ့ထူးခြားတဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။
📌 ပိုမိုသိရှိနိုင်ဖို့ အောက်ပါလင့်တွေကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://admissions.iuhw.ac.jp/internationalstudents/index.html
https://www.iuhw.ac.jp/pdf/en/IUHW_low.pdf
−−−
သတိပြုရန်အချက်များ 📝
🔸 လမ်းကြောင်းနှစ်ခုလုံးကတော့ ဂျပန်ဘာသာနဲ့ကျင်းပတဲ့ ဂျပန်အစိုးရ ဆရာဝန်လိုင်စင်စာမေးပွဲကို အောင်မြင်ရန်လိုအပ်ပါတယ်။
🔸 ဂျပန်ဘာသာစကားကျွမ်းကျင်မှု - ပညာရပ်ဆိုင်ရာဝေါဟာရများကို နားလည်ဖို့နဲ့ ဆေးဘက်ဆိုင်ရာနယ်ပယ်မှာ ထိထိရောက်ရောက် ပြောဆိုဆက်သွယ်နိုင်ဖို့အတွက် JLPT N1 အဆင့် ရရှိရန် အရေးကြီးပါတယ်။
🌟 ဂျပန်နိုင်ငံကို ဘာကြောင့်ရွေးချယ်သင့်သလဲ?
ဂျပန်နိုင်ငံရဲ့ ဆေးပညာနယ်ပယ်ကတော့ ခေတ်မီနည်းပညာများ၊ လူနာဗဟိုပြု ပြုစုစောင့်ရှောက်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာရှုထောင့်အမြင်တွေနဲ့ ကျော်ကြားပါတယ်။ ဂျပန်နိုင်ငံမှာ ဆရာဝန်တစ်ဦးဖြစ်လာခြင်းဟာ ကမ္ဘာ့အဆင့်မီ လေ့ကျင့်သင်ကြားမှုများနဲ့ လူအများရဲ့ ဘဝကို ပြောင်းလဲပေးနိုင်မဲ့ အခွင့်အလမ်းများကို ရရှိနိုင်မှာဖြစ်ပါတယ်။
💡 ဂျပန်နိုင်ငံမှာ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ကို ဒီနေ့မှာပဲ စတင်လိုက်ပါ!
#StudyInJapan #MedicineInJapan #BecomingADoctor #IUHW #NationalExam #JLPTN1 #GlobalHealthcare

www.mhlw.go.jp
医師国家試験受験資格認定について|厚生労働省
医師国家試験受験資格認定についてについて紹介しています
👩🏻🎓EJU (Examination for Japanese University Admission for International Students)
💁🏻♀️ဒီတစ်ခေါက်မှာတော့ ဂျပန်နိုင်ငံက တက္ကသိုလ်တွေ၊ သက်မွေးပညာကျောင်းတွေကို လျှောက်တဲ့အခါမှာ လိုအပ်လေ့ရှိတဲ့ EJU စာမေးပွဲအကြောင်းကို ပြောပြပေးချင်ပါတယ်။
✅ ✅ EJU ဆိုတာက ဘာလဲ❓
EJU “Examination for Japanese University Admission for International Students” ဆိုတာ နိုင်ငံခြားသားကျောင်းသူ၊ကျောင်းသားတွေအတွက် ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြစ်ပါတယ်။ တက္ကသိုလ်၊ကောလိပ်(အထူးသဖြင့်ဘွဲ့ကြိုတန်း)တွေကို ကျောင်းဝင်ခွင့်လျှောက်ထားလိုသူတွေအနေနဲ့ ရှိသင့်ရှိထိုက်တဲ့ အခြေခံ Academic Skillကို စစ်ဆေးတဲ့အရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်ပါတယ်။
✅ ✅ EJU ကိုဘယ်မှာဖြေရမှာလဲ❓
EJU စာမေးပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာလည်း ဖြေဆိုနိုင်ပါတယ်။
လျှောက်လွှာတင်ရမည့်နေရာ:MAJA (Myanmar Association of Japan Alumni) Yangon, Mandalay
✅ ✅ ဘယ်အချိန်တွေဖြေရမှာလဲ ❓
EJUစာမေးပွဲကို တစ်နှစ် (2)ကြိမ် June နဲ့ November လတွေမှာကျင်းပလေ့ရှိပါတယ်။
🗓️2025ခုနှစ်အတွက် စာမေးပွဲရက်များ-
1st Session : June 15, 2025 (Sunday)
2nd Session : November 9, 2025 (Sunday)
🕰️လျှောက်လွှာတင်ရမည့်ကာလ -
1st Session : February 10~March 6, 2025
2nd Session : July 7~ July 31, 2025
✅ ✅ ဘာတွေဖြေရမှာလဲ❓
EJU စာမေးပွဲ မှာဆိုရင် Japanese as a Foreign Language, Science (Physics, Chemistry, and Biology), Japan and the World, and Mathematics (Course 1, Course 2) ဆိုတဲ့ ဘာသာရပ်(7) မျိုးရှိပါတယ်။ ဒါပေမဲ့ ဘာသာရပ်အားလုံးကို ဖြေဆိုစရာမလိုပါဘူး။ ဝင်ခွင့်လျှောက်ထားလိုတဲ့ တက္ကသိုလ်နဲ့ မေဂျာပေါ်မူတည်ပြီး ရွေးချယ်ဖြေဆိုနိုင်ပါတယ်။
✅ ✅ ဂျပန်လိုဖြေရမှာလား ❓
EJU ဘာသာရပ်တွေထဲက Japanese as a Foreign Language(JFL) ဆိုတဲ့ ဘာသာရပ်ကလွဲပြီး ကျန်တဲ့ဘာသာရပ်တွေကို အင်္ဂလိပ်ဘာသာ (သို့) ဂျပန်ဘာသာနဲ့ ရွေးချယ်ဖြေဆိုနိုင်ပါတယ်။
✅ ✅ EJU ဘာကြောင့်ဖြေထားသင့်တာလဲ❓
EJUဖြေထားသင့်တဲ့ အဓိကအချက် (2) ချက်ရှိပါတယ်။
1. EJU အမှတ်နဲ့ မြန်မာနိုင်ငံကတစ်ဆင့် တိုက်ရိုက်ကျောင်းဝင်ခွင့်လျှောက်ထားနိုင်ခြင်း။
2. JASSOရဲ့ Honors Scholarship for Privately-Financed International Students လို့ခေါ်တဲ့ စကော်လာရှစ်အခွင့်အရေးရှိခြင်း။
✈️ဂျပန်ပညာတော်သင်ကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ EJU စာမေးပွဲကို ဖြေဆိုပြင်ဆင်ထားကြဖို့ အကြံပြုလိုပါတယ်။
🔺Guidelines for 2025 EJU (Jasso)
https://www.jasso.go.jp/en/ryugaku/eju/about/__icsFiles/afieldfile/2024/10/31/2025_e_eju_guidelines_1.pdf
✨“Study in Japan”နဲ့ပတ်သက်တဲ့အကြောင်းတွေကို Telegramမှာလည်း ဖတ်နိုင်ပါပြီ။
https://t.me/ojeicmyanmar

ဂျပန်ပညာတော်သင်ကျောင်းသားဘဝအကြောင်း သိချင်ပါသလား။ ပညာတော်သင် ကျောင်းသားကျောင်းသူတွေရဲ့ ရှုထောင့်ကနေ မတူကွဲပြားတဲ့ယဉ်ကျေးမှုတွေအကြောင်း လေ့လာချင်ပါသလား။ 😎
စိတ်ပါဝင်စားသူတွေအနေနဲ့ အင်္ဂလိပ်ဘာသာနဲ့ ကျင်းပပေးမဲ့ "What We Love In Our University Life" ပွဲကို ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်
ဒီပွဲကို ဂျပန်နိုင်ငံရှိ တက္ကသိုလ် ၅ခုနှင့် အင်ဒိုနီးရှားနိုင်ငံရှိ တက္ကသိုလ် ၃ခုတို့မှ ပါဝင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပါဝင်သွားမဲ့တက္ကသိုလ်တွေမှာ လက်ရှိတက်ရောက်နေတဲ့ စီနီယာကျောင်းသားတွေနဲ့ အပြန်အလှန်ဆွေးနွေးနိုင်မဲ့ အစီအစဉ်လည်းပါဝင်သွားမှာဖြစ်ပါတယ်။
🇯🇵 ဂျပန်နိုင်ငံမှ ပါဝင်မဲ့ တက္ကသိုလ်များ -
Okayama University
Chiba University
Niigata University
Kanazawa University
Nagasaki University
🇮🇩 အင်ဒိုနီးရှားနိုင်ငံမှ ပါဝင်မဲ့ တက္ကသိုလ်များ -
University of Indonesia
Dharma Persada University
Sepuluh Nopember Institute of Technology (ITS)
ပွဲအချိန်ဇယား -
📅 Date: February 5th, 2025 (Wed)
⏰ Time : 1:00 P.M ~ 3:00 P.M MMT
🗣️ Language : English
💻 Venue: Online
ဂျပန်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတွေအကြောင်းနဲ့ပတ်သက်ပြီး ဗဟုသုတတိုးချဲ့နိုင်မဲ့ အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ပါဝင်သွားမဲ့ တက္ကသိုလ်တွေမှ ကျောင်းသားကိုယ်စားလှယ်များထံ တိုက်ရိုက်မေးမြန်းနိုင်မဲ့ အခွင့်အရေးလည်း ရရှိမှာ ဖြစ်ပါတယ်။
တစ်နှစ်ကိုတစ်ကြိမ်သာကျင်းပတဲ့ ဒီပွဲကို အခုစာရင်းပေးသွင်းပြီး အခမဲ့ပါဝင်ဆင်နွှဲလိုက်ပါ။ 🏃♂️
Registration link - https://forms.gle/iNwjNLznXnaUMfoZ8

[Registration Form] Online English Presentation Showcase: What We Love in Our University Life (5th Feb, 2025)
Thank you for signing up! You can get a lot of information about top Japanese and Indonesian universities by current students and enjoy an exchange with them!
🗓️ Date: February 5th, 2025 (Wednesday)
⏰ Time: 15:30-17:30 (JST, East Indonesia)
・14:30-16:30 (Philippines…

⚙️ Science & Engineering ဘာသာရပ်တွေကို Bilingual Course နဲ့သင်ယူနိုင်တဲ့ ~ Shimane University ရဲ့ Interdisciplinary Faculty of Science and Engineering ⚙️
💁🏻♀️Shimane University ဟာ ဂျပန်နိုင်ငံရဲ့ အလယ်ပိုင်းဒေသဖြစ်တဲ့ Chugokuဒေသမှာရှိတဲ့ Shimane ပြည်နယ်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ Shimane University ရဲ့ Interdisciplinary Faculty of Science and Engineering မှာဆိုရင် နိုင်ငံတကာကျောင်းသား၊ကျောင်းသူတွေအတွက် Bilingual Course ကိုလည်း သင်ကြားပေးလျက်ရှိပါတယ်။ ဒီ Course ဟာဆိုရင် 1st year နဲ့ 2nd year မှာ အင်္ဂလိပ်ဘာသာ(သို့)ဂျပန်ဘာသာ အတန်းတွေကို ရွေးချယ်နိုင်မှာဖြစ်ပြီး 3rd year နဲ့ 4th year မှာတော့ ဂျပန်ဘာသာဖြင့် အဓိကထားလေ့လာသွားရမှာ ဖြစ်ပါတယ်။
⚙️Interdisciplinary Faculty of Science and Engineering မှာရွေးချယ်နိုင်တဲ့ မေဂျာတွေကတော့-
🔹Department of Applied Physics
🔹Department of Chemistry
🔹Department of Earth Science
🔹Department of Mathematics
🔹Department of Information Systems Design and Data Science
🔹Department of Mechanical Electrical and Electronic Engineering
🔹Department of Architectural Design တို့ဖြစ်ပါတယ်။
လျှောက်ထားရန် အခြေခံလိုအပ်ချက်
🔺အထက်တန်းအောင်မြင်ထားသူ (သို့) International Baccalaureate/ German Abitur/GCE -A Level အောင်မြင်ထားသူ။
🔺JLPT N4 နှင့် EJU ဖြေဆိုအောင်မြင်ထားသူ။
🔺TOEFL iBT 70 (or) IELTS 5.5 ရှိသူ။
နှစ်စဉ် April လကျောင်းဝင်ခွင့်အတွက် August လတွင်ခေါ်ယူလေ့ရှိပြီး စိတ်ပါဝင်စားသူတွေ
အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရန် ခေါ်ဆိုပြီးသွားတဲ့ Application Guidelines အဟောင်းကို ဖော်ပြပေးလိုက်ပါတယ်။
2025 Application Guidelines: https://www.shimane-u.ac.jp/_files/00354998/bilingual_00.pdf
🏆Scholarship အနေနဲ့ Grace of admission fee scholarship, JASSO Scholarship, Shimane International Center Scholarship, Rotary Yoneyama Scholarshipစတဲ့ ပညာသင်ဆုအခွင့်အရေးတွေရှိပါတယ်။
🔺Home page: https://www.shimane-u.ac.jp/en/
🔺Bilingual Course : https://www.riko.shimane-u.ac.jp/eng/bilingual.html
🔺Admission : https://www.shimane-u.ac.jp/nyushi/information/application/international_student2.html?node_id=10310%EF%BC%89
🔺Scholarship: https://kokusai.shimane-u.ac.jp/internationalstudent/scholarship/