OJEIC(Okayama University Japan Educational Information Center)
10.2K subscribers
2.74K photos
1 video
1.08K links
"ဂျပန်ပညာတော်သင်သွားခြင်း"နှင့်ပတ်သက်ပြီး OJEIC Myanmar Facebook Pageတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Download Telegram
🗼Sophia Universityရဲ့ အင်္ဂလိပ်လိုသင်ယူနိုင်တဲ့ ~ Faculty of Liberal Arts (FLA)

🗼Sophia University ဟာဆိုရင် 1913 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ တိုကျိုမြို့ရှိ နာမည်ကြီး ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံပေါင်း 83 နိုင်ငံက တက္ကသိုလ်ပေါင်း 404 ကျောင်းနဲ့ ချိတ်ဆက်ထားပြီး Long-term, Short-term, Study Tours စတဲ့ Exchange Programs များစွာလည်းရှိပါတယ်။ Sophia University ဟာဆိုရင် ဂျပန်ပညာရေးဝန်ကြီးဌာနရဲ့ Top Global University Project အဖြစ်အသိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။

🌵Sophia Universityရဲ့ အင်္ဂလိပ်လိုသင်ယူနိုင်တဲ့ Undergraduate Program တစ်ခုဖြစ်တဲ့ Faculty of Liberal Arts (FLA) ကိုမိတ်ဆက်ပေးချင်ပါတယ်။ FLA ရဲ့ ပထမနှစ်မှ ဒုတိယနှစ်ဝက်အထိ Communication and Analytic Skills တွေကို တိုးတက်ဖို့ Core Courses တွေကိုလေ့လာရမှာဖြစ်ပြီး၊ ဒုတိယနှစ် 2nd semester ကစပြီး Broad Areas 3ခုထဲကနေ မိမိအဓိကလေ့လာချင်တဲ့ မေဂျာတစ်ခုကို ရွေးချယ်ရမှာဖြစ်ပါတယ်။

ရွေးချယ်နိုင်တဲ့မေဂျာကတော့
▪️Comparative Culture
▪️International Business and Economics
▪️Social Studies တို့ဖြစ်ပါတယ်။

လျှောက်ထားရန် အခြေခံလိုအပ်ချက်
1.အထက်တန်းအောင်(သို့)၁၂နှစ်တာပညာရေးပြီးဆုံးထားသူ။
2.TOEFL (or) IELTS ဖြေဆိုထားသူ။
3.Standardized Test Scores (SAT, ACT, IB, GCE A-level) တစ်ခုခုဖြေဆိုထားသူ။

【Spring 2025 Entry】
<Second Application>
Application Periods : Nov 13, 2024~ Dec 6, 2024 (11:59pm JST)
*Who holds valid status of residence in Japan

【Autumn 2025 Entry 】
<First Application>
Application Periods : Nov 13, 2024~ Dec 6, 2024 (11:59pm JST)
<Second Application>
Application Periods : March 12, 2025~ April 2, 2025 (11:59pm JST)

Application Guideline: https://www.sophia.ac.jp/assets/uploads/sites/2/2024/05/2025_FLA_Degree_Application-Procedure.pdf

ကျောင်းဝင်ခွင့်လျှောက်ထားချိန်မှာ လျှောက်ထားနိုင်တဲ့ Sophia University New Student Scholarship, Sophia University Benefactors’ (Adachi) Scholarship တို့အပြင် Jasso Scholarship နဲ့ အခြား Private Organization တွေကပေးအပ်တဲ့ ပညာသင်ထောက်ပံ့ကြေးတွေလည်းရှိပါတယ်။

🔺Homepage: https://www.sophia.ac.jp/eng/
🔺Faculty of Liberal Arts (FLA): https://fla.sophia.ac.jp/
🔺FLA Curriculum: https://www.sophia.ac.jp/eng/academics/ug/ug_la/ug_la_liberalarts/
🔺Scholarship: https://adm.sophia.ac.jp/eng/admissions/ug_p/en_ug/fla/pay_aid/
🔺Scholarship Application Guidelines 2025: https://piloti.sophia.ac.jp/assets/uploads/2024/07/01144645/2025procedure_inter_eng_graduateUG.pdf
🗾Discover how studying in Japan can shape your global future!🌐

Have you ever thought about working in a top global companies after your study?
Global Learning in Japan 2024 -Shape Your World- is your chance to explore how Japan's unique academic environment can prepare you for success in the global job market.

💴Fee: Free admissions
🖥️Participation: Online
📅Date: 3pm(JST), December 14(Sat.), 2024

Highlights:
Global mindset
Multi-cultural understanding
Career in GAFA
Unique study abroad in Japan experience

Speakers:
Engineering manager at Meta Business
Advertisement adviser at Google Japan
Recruiting manager at Amazon Japan
and so on!

🎤Keynote Speaker🎤
How Having a Global Mindset Shaped my Career Path : Importance of Diversity in the Tech World By Howard Chen (Meta Business Engineering Manager)

Join us to learn how studying in a Japanese university can set you up for success!
🏫Host: Ritsumeikan Asia Pacific University (Japan)
International Accreditations
All-English Curriculum
⭕️Global Opportunities
⭕️30-100% Tuition Reduction Scholarship

Don’t miss this chance to shape your future!

‼️Register Now!
https://admissions.apu.ac.jp/campaign/global_learning202412/
🏆 MEXT University Recommendation Scholarship အခွင့်အရေးရှိတဲ့ Kyushu University ရဲ့ School of Interdisciplinary Science and Innovation (ISI)

👩🏻‍🎓Kyushu University ဟာဆိုရင် Fukuoka မှာရှိတဲ့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းနိုင်ငံပိုင်တက္ကသိုလ်တစ်ခုပဲ ဖြစ်ပါတယ်။ Kyushu Universityမှာ English ဘာသာနဲ့ ပညာသင်ယူနိုင်မဲ့ School of Interdisciplinary Science and Innovation (ISI) ကိုမိတ်ဆက်ပေးချင်ပါတယ်။ ကမ္ဘာကြီး လျင်မြန်စွာဖွံဖြိုးတိုးတက်လာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်၊ စားနပ်ရိက္ခာ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးကွာဟမှုဆိုင်ရာ ပြဿနာများလည်း ပိုမိုများပြားလာပါတယ်။ ISI ရဲ့ရည်ရွယ်ချက်ကတော့ ဒီပြဿနာတွေကို အမျိုးအစားခွဲခြားဖို့နဲ့ ပူပေါင်းဖြေရှင်းကြဖို့အတွက် လိုအပ်တဲ့ Ability and Attitude လိုအပ်ချက်တွေကိုအခြေခံပြီး Interdisciplinary Problem-Solving Skills တွေရရှိစေဖို့ ဖြစ်ပါတယ်။

💁🏻‍♀️ISI မှာ သင်ယူလေ့လာရမဲ့ ဘာသာရပ်တွေကို Approach Subjects နဲ့ Issue-Based Subjects ဆိုပြီး ၂မျိုး ခွဲထားပါတယ်။ Approach Subjects တွေအနေနဲ့ Humanities and Social Sciences Approaches, Natural Sciences Approaches, Interdisciplinary Approaches တို့ကို အဓိကထားသင်ယူရမှာဖြစ်ပြီး၊ Issue-Based Subjects တွေအနေနဲ့ Human and Life Area, States and Region Area, Earth and Environment Area, Area Integrated, People and Society Area စတာတွေကို လေ့လာရမှာဖြစ်ပါတယ်။ ဒီProgram မှာရရှိမဲ့ ဘွဲ့ကတော့ Bachelor of Arts and Sciences ပဲဖြစ်ပါတယ်။

【လျှောက်ထားရန် အခြေခံလိုအပ်ချက်】
1. အထက်တန်းအောင်မြင်ထားသူ (သို့) Sep 30,2025 တွင် ၁၂ နှစ်တာပညာရေးပြီးဆုံးမည့်သူ (သို့) International Baccalaureate , German Abitur , GCE A level စတဲ့ လက်မှတ်တစ်ခုရရှိထားသူ။
2. TOEFL, IELTS, TOEIC, Cambridge ESOL Examinations တစ်ခုခုဖြေဆိုထားသူ။
3. Standardized Test Scores (EJU, SAT, GCE A-Level, AP, IB) တစ်ခုခုဖြေဆိုထားသူ။

*Standardized Test Scores အဖြစ် EJU ဖြေဆိုမဲ့သူတွေအနေနဲ့-Math 1 (or) Math 2 [and] Japan and the World (or) Science 2 subjects ကိုကြိုက်ရာရွေးချယ်ဖြေဆိုနိုင်ပါတယ်။

【2025 October Enrollment】
Online Application Period: Dec 26, 2024 ~ Jan 9, 2025
Document Submission Period - Jan 6, 2025 - Jan 17 , 2025 (5pm JST)
🔺Application Guidelines : https://www.kyushu-u.ac.jp/f/58563/%EF%BC%88ISI%EF%BC%892025_Application%20Instruction.pdf

🏆ထူးချွန်စွာကျောင်းဝင်ခွင့်ရရှိကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ဂျပန်အစိုးရ ပညာသင်ဆု MEXT University Recommendation Scholarship ကို လျှောက်ထားခွင့် ရရှိမှာဖြစ်ပါတယ်။

🥳ဒါ့အပြင် ဒီ Program တွေမှာ ဝင်ခွင့်အောင်မြင်ကြတဲ့ ဂျပန်ပြည်ပမှလျှောက်ထားသူ နိုင်ငံတကာ ကျောင်းသားကျောင်းသူတွေအတွက် ပထမနှစ်ကျောင်းလခ 50% လျှော့ချပေးမဲ့ ‘Exemption of Half Tuition’ ကိုလျှောက်ထားရရှိနိုင်ပါတယ်။ October လကျောင်းဝင်ခွင့်အောင်မြင်တဲ့ ဘွဲကြိုကျောင်းသား 5~6 ယောက်ကို 60,000 Yen~ 80,000 Yen/ month ထောက်ပံ့ပေးမဲ့ “Kyushu University International Undergraduate Scholarship. ISI scholarship for October Enrollment ” နဲ့ Jasso Scholarship အခွင့်အရေးတွေလည်းရှိပါတယ်။

ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါ link တွေမှာ ဖတ်ရှုနိုင်ပါတယ်။
⚜️Homepage: https://www.kyushu-u.ac.jp/en/
⚜️ISI : https://kyoso.kyushu-u.ac.jp/en/
⚜️Tuition fees and Scholarship : https://www.kyushu-u.ac.jp/en/admission/fees
⚜️Admission : https://www.kyushu-u.ac.jp/en/admission/faculty/foreign/foreign10/
💯 Full Scholarship အခွင့်အရေးရှိပြီး English ဘာသာနဲ့သင်ယူနိုင်တဲ့ Tohoku University ရဲ့ Future Global Leadership Program (FGL)

Top Global University Type A အဖြစ် ဂျပန်နိုင်ငံ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ထိပ်တန်းအစိုးရတက္ကသိုလ် Tohoku University ရဲ့ Undergraduate English-Taught Program ဖြစ်တဲ့ Future Global Leadership Program (FGL) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

💁🏻‍♂️FGL Program မှာဆိုရင်-
- Advanced Molecular Chemistry (AMC)
- International Mechanical and Aerospace Engineering (IMAC-U)
- Applied Marine Biology (AMB) စတဲ့ Programခွဲ(၃)ခု ပါဝင်ပါတယ်။

🍁2025 October Enrollment
🔻Application Period - Jan 7, 2025 ~ Jan 16, 2025
🔻 Application Guideline - https://www.insc.tohoku.ac.jp/english/wp-content/uploads/2024/05/9a8c13571200851cc90a1a60a187782e.pdf

English Proficiency- TOEFL iBT 79 or higher (or) IELTS 6.0 79 or higher
Standardized Exam - EJU, ACT, AP, GCE-A level, IB, Cambridge Pre-U စတဲ့ စာမေးပွဲတစ်ခုကို ဖြေဆိုထားရန်လိုအပ်ပါတယ်။

🏆 FGL Program မှာ ကျောင်းဝင်ခွင့်ကို ထူးထူးချွန်ချွန်အောင်မြင်တဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ MEXT University Recommendation Full Scholarship ကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

🏆အခြားထူးချွန်ကျောင်းသားကျောင်းသူတွေအနေနဲ့ ‘Tohoku University President Fellowship’ကို လျှောက်ထားရနိုင်မှာဖြစ်ပါတယ်။ ဒီ President Fellowship စကော်လားရှစ်မှာဆိုရင်-
1️⃣Examination Fee & Entrance Fee Exemptions,
2️⃣Tuition Fee (fully or partially waived)
3️⃣Living Stipend (JPY 267,900/term) ကိုရရှိမှာဖြစ်ပါတယ်။

🕵🏻‍♂️Program နဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်တွေကတစ်ဆင့် ဖတ်ရှုနိုင်ပါတယ်။
🚌Tohoku University : https://www.insc.tohoku.ac.jp/
🚌 Future Global Leadership Program : https://www.insc.tohoku.ac.jp/english/degree/undergraduate-english/
🚌 Admission : https://www.tohoku.ac.jp/en/admissions/index.html
🚌 Scholarship : https://www.insc.tohoku.ac.jp/english/scholarship-for-international-students/
📣 Vacancy Announcement(ဝန်ထမ်းခေါ်ယူခြင်း) 📣

ဂျပန်ပညာတော်သင်နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူတွေ OJEICမှာ အလုပ်မလုပ်ချင်ဘူးလား။

တာဝန်ထမ်းဆောင်ရမည့်နေရာ:Okayama University Japan Educational Information Center, Myanmar (OJEIC)

လိပ်စာ: The Japan Foundation, 1st Floor, No.70, Nat Mauk Lane (1), Bahan Township, Yangon, Myanmar

1. နိုင်ငံသား - မြန်မာနိုင်ငံသား

2. ပညာအရည်အချင်း - တက္ကသိုလ်ဘွဲ့ရ

3. ဘာသာစကား - မြန်မာဘာသာစကား (မိခင်ဘာသာစကား)၊ ဂျပန်ဘာသာစကား (JLPT N2နှင့် အထက်။ လုပ်ငန်းခွင်အတွင်း ဂျပန်ဘာသာစကားဖြင့်ကောင်းမွန်စွာဆက်သွယ်ပြောဆိုနိုင်သူဖြစ်ပါက JLPT N3ရှိသူလည်းလျှောက်ထားနိုင်ပါသည်။ အင်္ဂလိပ်ဘာသာစကား (အဆင့်မြင့်၊ အင်္ဂလိပ်ဘာသာဖြင့် Presentationလုပ်နိုင်သည့် level ဖြစ်ရပါမည်။)

4. ရုံးပိုင်းဆိုင်ရာ
လုပ်သက်အတွေ့အကြုံ ၂နှစ်နှင့်အထက်ရှိသူဖြစ်လျှင် ပိုကောင်းပါသည်။
ဘာသာပြန်၊ စကားပြန်စွမ်းရည်၊ ကွန်ပျူတာ ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ(Microsoft Office, Facebookတွင် ပို့စ်တင်ခြင်း)၊ ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများ ပြုလုပ်ခြင်း။

5. အလုပ်ဆင်းရက်:တစ်ပတ် ၅ ရက် (တနင်္လာနေ့မှ သောကြာနေ့) 8:30am – 5:00 pm
※စနေ၊ တနင်္ဂနွေတွင် ပွဲရှိသည့်အခါ စနေ၊ တနင်္ဂနွေအလုပ်ဆင်းရသည်မျိုးလည်း ရှိနိုင်ပါသည်။

6. အလုပ်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(1) ပညာတော်သင်သွားလိုသူများကို သတင်းအချက်အလက်မျှဝေခြင်း၊ ပညာတော်သင်နှင့် ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ခြင်း၊ ဂျပန်ပညာတော်သင်နှင့် ပတ်သက်သည်များကို ကြေညာခြင်း
(2) ဂျပန်ဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ခြင်း၊ ပြန်စစ်ခြင်း
(3) ဂျပန်ပညာတော်သင်ဆယ်မီနာများ၊ ပညာရေးပွဲတော်များ၊ ရှင်းလင်းပွဲများတွင် ပါဝင်ခြင်း၊ ကျင်းပခြင်း
(4) ရုံးပိုင်းဆိုင်ရာစီမံခန့်ခွဲရေးတာဝန်များ
(5) အခြားလိုအပ်သည်များ

7. အခြားအချက်များ
ဂျပန်ပညာတော်သင်ကိုစိတ်ဝင်စား၍ တိုင်ပင်ဆွေးနွေးပေးနိုင်သည့် စွမ်းရည်ရှိသူ၊ ဂျပန်လုပ်ငန်းခွင် ဆိုင်ရာအပြုအမူများနှင့် ဂျပန်ယဥ်ကျေးမှုဓလေ့များကို နားလည်နိုင်ပြီး၊ပညာတော်သင်နှင့် နိုင်ငံတကာ ဖလှယ်ရေးတို့နှင့်ပတ်သက်သော လုပ်ငန်းတာဝန်များကို စိတ်ဝင်စား၍ စိတ်အားထက်သန်စွာ တာဝန် ထမ်းဆောင်နိုင်သူ

8. အကျိုးခံစားခွင့်
သီးခြားအကြောင်းကြားပါမည်။

9. တာဝန်ထမ်းဆောင်ရမည့်ကာလ
၂၀၂၄ခုနှစ် ဒီဇင်ဘာလ (စတင်တာဝန်ထမ်းဆောင်နိုင်မည့်ရက်မှစ၍) - ၂၀၂၅ခုနှစ် မတ်လ ၃၁ရက် (သက်တမ်းတိုးနိုင်ခြေရှိပါသည်။)

10. လျှောက်ထားခြင်းနှင့် ရွေးချယ်ခြင်း
ကိုယ်ရေးရာဇဝင် (ဓာတ်ပုံကပ်ပြီး)ကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၆ရက်နေ့ (သောကြာနေ့)အထိ OJEIC (mailto:ojeicmyanmar@gmail.com)သို့ အီးမေးလ်ဖြင့် ပေးပို့နိုင်ပါသည်။
လျှောက်လွှာစာရွက်စာတမ်းများ စစ်ဆေးအကဲဖြတ်ပြီး အောင်မြင်သူများသာ အင်တာဗျူးဖြေရပါမည်။

11. ဆက်သွယ်မေးမြန်းရန်
Okayama University Japan Educational Information Center, Myanmar (OJEIC)
The Japan Foundation, 1st Floor, No.70, Nat Mauk Lane (1), Bahan Township,
Yangon, Myanmar
Tel:09-261841054, 09-784716570
🏆 သမိုင်းအစဉ်အလာကြီးတဲ့ Keio Universityမှာ English ဘာသာနဲ့ပညာသင်ယူနိုင်မဲ့ ~PEARL Program

💁🏻‍♀️ဂျပန်နိုင်ငံရဲ့ထိပ်တန်း Private University တွေထဲကတစ်ခုဖြစ်တဲ့ Keio University ကို ၁၈၅၈ခုနှစ်မှာ ပညာရေးပညာရှင် Fukuzawa Yukichi ကတည်ထောင်ခဲ့ပါတယ်။ Fukuzawa Yukichi ဟာ ယနေ့ဂျပန်နိုင်ငံမှာအသုံးပြုနေတဲ့ 💴 ယန်းတစ်သောင်းတန်မှာဖော်ပြခြင်းခံရတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးလဲဖြစ်ပါတယ်။ Tokyoနဲ့ Kanagawa ပြည်နယ်တွေမှာ အဓိက campus တွေတည်ရှိပြီး English ဘာသာနဲ့ သင်ယူနိုင်တဲ့ ဘွဲ့ကြိုတန်း Program တွေလည်းရှိပါတယ်။

≪Undergraduate Degree Programs in English≫
Programme in Economics for Alliances, Research and Leadership (PEARL) ကို မိတ်
ဆက်ပေးချင်ပါတယ် ။ PEARL program ကတော့ The Faculty of Economics ရဲ့ Program ဖြစ်ပြီး ကျောင်းလျှောက်ထားနိုင်တဲ့ Application period (၃)ကြိမ်ရှိပါတယ်။ နှစ်စဉ်ကျောင်းသားဦးရေ (၁၀၀)ဝန်းကျင်ခန့် ခေါ်ယူလေ့ရှိပါတယ်။

လျှောက်ထားရန် အခြေခံလိုအပ်ချက်
▪️အထက်တန်းအောင်မြင်ထားသူ(သို့) Sep 30, 2025တွင် 12နှစ်တာပညာရေးပြီးဆုံးမည့်သူ
▪️Required Test Scores - IB, SAT, ACT
▪️TOEFL iBT, IELTS : either(or both)

【2025 September Entry】
Application period 1 : Oct 22~ Dec 3, 2024
Applications Guidelines (PEARL) : https://www.keio.ac.jp/en/admissions/undergraduate/pearl/application_guidebook_2025.pdf

ထူးချွန်တဲ့ကျောင်းသူကျောင်းသားတွေကိုပေးအပ်တဲ့ Merit-Based Scholarships နဲ့ စီးပွါးရေးအရ အခက်အခဲရှိတဲ့ကျောင်းသားတွေကိုပေးအပ်တဲ့ Need-based Scholarships စတဲ့ ပညာသင်ဆုအခွင့်အရေးတွေရှိပါတယ်။
🏆Scholarship: https://www.keio.ac.jp/en/student-life/scholarships.html

🔎ကျောင်းနဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်တွေမှာဖတ်ရှုနိုင်ပါတယ်။
🎓Keio University: https://www.keio.ac.jp/en/
🎓Undergraduate: https://www.keio.ac.jp/en/admissions/undergraduate/
🎓PEARL: https://www.econ.keio.ac.jp/en/undergraduate/pearl
🎓Admission: https://www.keio.ac.jp/en/admissions/undergraduate/pearl/