Dr Khaing Khaing Soe
3.67K subscribers
226 photos
10 videos
5 links
Official Spokesperson for the President of the Republic of the Union of Myanmar
Download Telegram
မြန်မာ-လာအို မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် နှစ်နိုင်ငံသမ္မတများ သဘောတူဆွေးနွေး

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၃ ရက်တွင် ဗီယင်ကျန်းမြို့ရှိ သမ္မတအိမ်တော်၌ လာအိုနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံခေါင်းဆောင်များက အောက်ပါအချက်များကို အလေးထားဆွေးနွေးခဲ့ကြပါသည်။

၁။ လာအိုနိုင်ငံသမ္မတက နိုင်ငံတော်သမ္မတအား အာဆီယံနိုင်ငံများအနက် ပထမဆုံး လာရောက်သည့် နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် လှိုက်လှဲစွာကြိုဆိုကြောင်း၊ ယခုခရီးစဉ်သည် မြန်မာ-လာအိုချစ်ကြည်ရေးနှင့် အာဆီယံအတွင်း စည်းလုံးညီညွတ်မှုကို ဖော်ပြသည့် အရေးပါသော သမိုင်းမှတ်တိုင်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး (၇၀) ကျော်ရှိပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် ပြဿနာတစ်စုံတစ်ရာမရှိခဲ့ကြောင်း၊ အနာဂတ်တွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်လိုကြောင်း နှစ်ဖက်ခေါင်းဆောင်များ အလေးထားဆွေးနွေးခဲ့ပါသည်။

၂။ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တရားဥပဒေဘောင်အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ အာဆီယံနှင့် ပုံမှန်ထိတွေ့ဆက်ဆံနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၃။နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဖြတ်ကျော်သွားလာမှု လွယ်ကူချောမွေ့ရေးနှင့် ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ်များ ထုတ်ပေးရေးတို့ကို မြှင့်တင်ဆောင်ရွက်ရန် သဘောတူခဲ့ကြပါသည်။

၄။ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးမြှင့်ရေး၊ ပဲ၊ ငရုတ်၊ ပင်လယ်စာ၊ ငါးနှင့် ပုဇွန်စသည့် ထုတ်ကုန်များ တိုးချဲ့တင်ပို့ရေး၊ မြန်မာ-လာအိုချစ်ကြည်ရေးတံတားကို ထိရောက်စွာအသုံးချရေးနှင့် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးစီမံကိန်းများကို အကျိုးရှိရှိ အသုံးပြုရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

၅။ ပုဂံ-လွမ်ပရာဘန်၊ နေပြည်တော်-ဗီယင်ကျန်း ညီအစ်မမြို့တော်ဆက်ဆံရေး တိုးမြှင့်ရေးနှင့် လွမ်ပရာဘန်-ကျိုင်းတုံ-တာချီလိတ် လေကြောင်းခရီးစဉ်ဖွင့်လှစ်နိုင်ပါက အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း နှင့် မဲခေါင်ဒေသ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြပါသည်။

၆။ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အတွေ့အကြုံဖလှယ်ရေး၊ GDP တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်ဖက်သဘောတူခဲ့ကြပါသည်။

၇။ လျှပ်စစ်စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဆောင်ရွက်ရန်၊ ကနဦး (၆၀၀) မဂ္ဂါဝပ် ရောင်းချနိုင်ရေးနှင့် မဲခေါင်မြစ်ဝှမ်း လျှပ်စစ်ဓာတ်အားစီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ကြပါသည်။

၈။ နယ်စပ်လုံခြုံရေး၊ တရားမဝင်အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြပါသည်။

၉။ အာဆီယံ၊ ကုလသမဂ္ဂ၊ မဲခေါင်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးယန္တရားများအတွင်း အပြန်အလှန်ထောက်ခံဆောင်ရွက်သွားရန်နှင့် မြန်မာနိုင်ငံ၏ အာဆီယံနှင့် ပုံမှန်ထိတွေ့ဆက်ဆံနိုင်ရေးကို လာအိုနိုင်ငံအနေဖြင့် ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း လာအိုနိုင်ငံသမ္မတက အတည်ပြုပြောကြားခဲ့ပါသည်။

၁၀။ လာအိုနိုင်ငံက မြန်မာနိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး ထူထောင်ရန် အဆိုပြုခဲ့ရာ နိုင်ငံတော်သမ္မတက ဝမ်းမြောက်စွာ လက်ခံခဲ့ပြီး လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် နိုင်ငံတကာဆိပ်ကမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အပြည့်အဝ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၁၁။ မြန်မာနိုင်ငံမှ လာအိုနိုင်ငံသို့ မြွေဆိပ်ဖြေဆေးနှင့် ကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ပေးမည့်အပေါ် လာအိုနိုင်ငံသမ္မတက အထူးကျေးဇူးတင်ရှိကြောင်းနှင့် ယင်းဆေးဝါးများသည် လာအိုပြည်သူများ၏ အသက်အန္တရာယ်ကာကွယ်ရေးတွင် များစွာအထောက်အကူဖြစ်မည်ဟု ပြောကြားခဲ့ပါသည်။

၁၂။ နှစ်နိုင်ငံဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် ကုန်သည်လုပ်ငန်းရှင်များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရန် နှစ်ဖက်ခေါင်းဆောင်များက အတည်ပြုပြောကြားခဲ့ပါသည်။

၁၃။ နိုင်ငံတော်သမ္မတက လာအိုနိုင်ငံသမ္မတအား မြန်မာနိုင်ငံသို့ ထပ်မံလာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
143👍113🥰6👏4💯3
မြန်မာ-လာအို ချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး မြန်မာနိုင်ငံတော်သမ္မတနှင့် လာအိုဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ အလုပ်သမားရေးရာ၊ လုံခြုံရေးနှင့် နယ်စပ်တည်ငြိမ်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်အကောင်အထည်ဖော်သွားရန် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲရလဒ်များမှာ အောက်ဖော်ပြအပါအတိုင်း ဖြစ်ပါသည် -

၁။ မြန်မာ-လာအို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာစေရန် ဆွေးနွေးခဲ့ကြပါသည်။

၂။ သံတမန်ဆက်ဆံရေး နှစ် (၇၀) ကျော်ကာလအတွင်း ရရှိခဲ့သည့် ချစ်ကြည်ရေးကို ဆက်လက်လက်ဆင့်ကမ်း အားကောင်းစေရန်နှင့် (၇၅) နှစ်ပြည့် အထိမ်းအမှတ်အတွက် ကြိုတင်ပြင်ဆင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။

၃။ နယ်စပ်ကုန်သွယ်ရေး၊ Border Trade၊ နယ်စပ်ဂိတ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဖြတ်ကျော်သဘောတူညီချက်များကို အမြန်အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြပါသည်။

၄။ မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းနှင့် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူရေးကို အရှိန်မြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။

၅။ တရားဝင် အလုပ်သမားစေလွှတ်ရေး၊ အလုပ်သမားအခွင့်အရေးကာကွယ်ရေးနှင့် သက်ဆိုင်ရာ MoU များ အဆင့်မြှင့်တင်ရေးကို ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။

၆။ Online လိမ်လည်မှု၊ အွန်လိုင်းလောင်းကစား၊ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးပြဿနာများကို သတင်းအချက်အလက် ဖလှယ်၍ ပူးပေါင်းနှိမ်နင်းသွားရန် သဘောတူညီခဲ့ကြပါသည်။

၇။ Joint Border Committee (JBC/JBSC) နှင့် Regional Border Committee (RBC) အစည်းအဝေးများကို ပုံမှန်ကျင်းပ၍ နယ်စပ်လုံခြုံရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။

၈။ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ MSME၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာစကားသင်တန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားရန် သဘောတူညီခဲ့ကြပါသည်။

၉။ နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့၊ တောင်ယာမီးရှို့မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဒေသတွင်း ပူးပေါင်းကိုင်တွယ်ဖြေရှင်းသွားရန် ဆွေးနွေးခဲ့ကြပါသည်။

၁၀။ လာအိုနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်မည်ဟု ယုံကြည်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံမိသားစုအတွင်း ပုံမှန်ပြန်လည်ပါဝင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

၁၁။ နိုင်ငံတော်သမ္မတက လာအိုနိုင်ငံ၏ အစဉ်တစိုက် ရပ်တည်ပံ့ပိုးပေးမှုနှင့် မန္တလေးငလျင်ဘေးအတွက် ကူညီထောက်ပံ့ပေးမှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး လာအိုဝန်ကြီးချုပ်အား မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားခဲ့ပါသည်။
158👍100🥰6💯4😎2
မြန်မာ-လာအို ချစ်ကြည်ရေး ပိုမိုခိုင်မာစေရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတနှင့် လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဆွေးနွေး

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယင်ကျန်းမြို့၌ လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Chanthavong Seneamatmontry နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေးနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးမှုအတွင်း အောက်ဖော်ပြပါ အချက်များအား အဓိကထား ပြောကြားခဲ့ပါသည်-

၁။ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်အတွင်း လာအို-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌအနေဖြင့် တွေ့ဆုံဂါရဝပြုခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါသည်။

၂။ နိုင်ငံတော်သမ္မတတာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ယင်းသည် နှစ်နိုင်ငံချစ်ကြည်ရေးကို အလေးထားသည့် သင်္ကေတဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၃။ မြန်မာ-လာအို သံတမန်ဆက်ဆံရေး နှစ် ၇၀ ကျော်နှင့် ရာစုနှစ်များစွာကြာမြင့်သည့် သမိုင်းဝင်ဆက်ဆံရေးကို အခြေခံ၍ နှစ်နိုင်ငံသည် ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။

၄။ နှစ်နိုင်ငံချစ်ကြည်ရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် ပိုမိုအဆင့်မြှင့်တင်ပြီး အစိုးရချင်း၊ လွှတ်တော်ချင်း၊ ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။

၅။ နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်အတွင်း လာအိုနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရာတွင် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၆။ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ယင်းသဘောတူညီချက်များကို ထိရောက်စွာ အကောင်အထည်ဖော်သွားရန် ဆွေးနွေးခဲ့ပါသည်။

၇။ မြန်မာ-လာအို ချစ်ကြည်ရေးအသင်းများအကြား ပုံမှန်တွေ့ဆုံဆွေးနွေးမှုများကို နှစ်စဉ်ဆောင်ရွက်၍ မိသားစုသဖွယ်၊ ညီအစ်ကိုသဖွယ် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ပါသည်။

၈။ ပြည်သူအချင်းချင်းဆက်ဆံရေး (People-to-People Relations) ကို ပိုမိုတိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးအခြေခံကို ပိုမိုခိုင်မာစေရန် အလေးထားဆွေးနွေးခဲ့ပါသည်။

၉။ လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ပညာရေး၊ အလုပ်အကိုင်ဖန်တီးရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် နှစ်နိုင်ငံချစ်ကြည်ရေးအသင်းများ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းခဲ့ပါသည်။

၁၀။ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် မြွေဆိပ်ဖြေဆေး အကူအညီပေးရေးကဲ့သို့ လူမှုရေးပူးပေါင်းဆောင်ရွက်မှုများတွင် ချစ်ကြည်ရေးအသင်းများ ပိုမိုပါဝင်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။

၁၁။ မြန်မာနှင့် လာအို နှစ်နိုင်ငံစလုံး ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်သည့်နိုင်ငံများဖြစ်သဖြင့် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ရိုးရာအမွေအနှစ်ထိန်းသိမ်းရေးကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် သဘောတူဆွေးနွေးခဲ့ပါသည်။

၁၂။ နှလုံးသားချင်းနီးစပ်သော မိတ်ဆွေနိုင်ငံများအဖြစ် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုနှင့် ရေရှည်ချစ်ကြည်ရေးကို အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာတိုးတက်အောင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်စလုံးက အလေးထားဆွေးနွေးခဲ့ကြပါသည်။
147👍105🥰7💯5👏2
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လွန်ပရာဘန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong က လာရောက်ဂါရဝပြုတွေ့ဆုံ၊ မြန်မာ-လာအို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာရေး ဆွေးနွေး

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong က လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာ-လာအို နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲကောက်နုတ်ချက်များမှာ -

(၁) လွန်ပရာဘန်မြို့သည် သာယာလှပ၍ အေးချမ်းစိမ်းလန်းသောမြို့ဖြစ်ကြောင်း၊ ယခုကဲ့သို့ လာရောက်နိုင်ခြင်းအတွက် ဝမ်းမြောက်ကျေနပ်မိကြောင်း


(၂) ပုဂံ-လွန်ပရာဘန် Sister City ဆက်ဆံရေးကို ဆက်လက်မြှင့်တင်သွားလိုကြောင်း၊ ကျိုင်းတုံ-လွန်ပရာဘန်အကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ကြိုးပမ်းသင့်ကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများတွင် တူညီမှုများရှိသဖြင့် ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်မည်ဟု ယုံကြည်ကြောင်း

(၃) လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးက နိုင်ငံတော်သမ္မတနှင့် ဇနီး၊ မြန်မာကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုဂါရဝပြုကြောင်း၊ ယခုခရီးစဉ်သည် မြန်မာ-လာအို နှစ်နိုင်ငံ၏ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဟု ယုံကြည်ကြောင်း

(၄) ပြည်နယ်အတွင်းရေးမှူးမှ လွန်ပရာဘန်ပြည်နယ်၏ သမိုင်း၊ ပထဝီဝင်နှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်သမ္မတဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ လွန်ပရာဘန်မြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို လာရောက်လေ့လာခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း

(၅) လွန်ပရာဘန်ပြည်နယ်သည် ဧရိယာ စတုရန်းကီလိုမီတာ ၁၆,၀၀၀ ကျော်ရှိပြီး ဧရိယာ၏ ၈၅ ရာခိုင်နှုန်းမှာ တောင်တန်းဒေသများဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြို့အဖြစ် အသိအမှတ်ပြုခံထားရပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းထားကြောင်း၊ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်ခဲ့ပြီး ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိကြောင်း

(၆) နိုင်ငံတော်သမ္မတ၏ လွန်ပရာဘန်ခရီးစဉ် အောင်မြင်ချောမွေ့ပြီး ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်စေရန် ဆုမွန်ကောင်းတောင်းပါကြောင်း

(၇) နိုင်ငံတော်သမ္မတက ရှင်းလင်းတင်ပြမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ မန္တလေး၊ ပုဂံ၊ ရန်ကုန်နှင့် လွန်ပရာဘန်မြို့တို့အကြား ခရီးသွားလုပ်ငန်း ချိတ်ဆက်ဖွံ့ဖြိုးလာပါက နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း

(၈) ယခုလာအိုနိုင်ငံခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ မြန်မာ-လာအို နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဆင့်သို့ မြှင့်တင်နိုင်ရေးဖြစ်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
159👍107💯5🫡3💘3
နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာရေး၊ ပို့ကုန်တိုးမြှင့်ရေးနှင့် သွင်းကုန်အစားထိုးရေးကို အရှိန်မြှင့်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက်တွန်း

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၆) တွင် နိုင်ငံ၏ ပထမသုံးလပတ် လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ကုန်တိုးမြှင့်ရေး၊ သွင်းကုန်လျှော့ချရေး၊ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးကဏ္ဍ မြှင့်တင်ရေးတို့နှင့်ပတ်သက်၍ အလေးထားမှာကြားခဲ့ပြီး အစည်းအဝေး ကောက်နုတ်ချက်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည် -

(၁) အစိုးရသစ်တာဝန်ယူပြီး သုံးလတာကာလအတွင်း ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို သုံးသပ်အကဲဖြတ်ကာ အားနည်းချက်၊ အားသာချက်များကို ပြန်လည်ဆန်းစစ်ရန် လိုအပ်ကြောင်း။

(၂) စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် Supply နှင့် Demand မျှတစေရေး၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း။

(၃) နိုင်ငံခြားဝင်ငွေနှင့် ထွက်ငွေ မျှတစေရေးအတွက် ပို့ကုန်တိုးမြှင့်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး ပို့ကုန်ကျဆင်းရသည့် အကြောင်းရင်းများကို သုတေသနပြုသုံးသပ်ရန် လိုအပ်ကြောင်း။

(၄) Export နှင့် Import အခြေအနေများကို Volume နှင့် Value နှစ်မျိုးစလုံးဖြင့် စနစ်တကျ သုံးသပ်စိစစ်ဆောင်ရွက်ရန်နှင့် စာရင်းဇယားများ မှန်ကန်တိကျရန် လိုအပ်ကြောင်း။

(၅) စားအုန်းဆီနှင့် စက်သုံးဆီတင်သွင်းမှု မြင့်မားနေခြင်းကြောင့် သွင်းကုန်လျှော့ချနိုင်မည့် နည်းလမ်းများကို ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် ဆန်းသစ်သော အကြံဉာဏ်များဖြင့် ရှာဖွေဆောင်ရွက်ရန် လိုအပ်ကြောင်း။

(၆) လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် စက်သုံးဆီအသုံးပြုမှု လျှော့ချနိုင်ရေး၊ ကျောက်မီးသွေး၊ ဆိုလာနှင့် အခြားအစားထိုးစွမ်းအင်များကို ထိရောက်စွာ အသုံးချနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

(၇) သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မီးရထားကဏ္ဍကို ဦးစားပေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် EV မော်တော်ယာဉ်ထုတ်လုပ်မှုတွင် CKD/SKD စနစ်များဖြင့် ပြည်တွင်းအလုပ်အကိုင်ဖန်တီးနိုင်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း။

(၈) စားသုံးဆီဖူလုံရေးအတွက် နှမ်း၊ နေကြာ၊ ပဲပုတ် အပါအဝင် ဆီထွက်သီးနှံများကို ရည်မှန်းချက်ကြီးကြီးထား၍ စိုက်ပျိုးထုတ်လုပ်ရေး၊ သုတေသနနှင့် ရင်းနှီးမြှုပ်နှံမှုများ အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

(၉) ကြက်သွန်၊ အာလူး၊ ပဲပုတ်၊ နှမ်းနှင့် နေကြာတို့အတွက် ပြည်ပဈေးကွက်၊ အထူးသဖြင့် အိန္ဒိယဈေးကွက်အပါအဝင် နိုင်ငံတကာဈေးကွက်များကို သုတေသနပြုကာ ပို့ကုန်တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

(၁၀) မှောင်ခိုတင်သွင်းမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်နှင့် ဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးယန္တရားကို စည်းကမ်းတကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း။

(၁၁) စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းစသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။
135👍116👏14🥰2🥴1
အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်း ၅ နှစ်အတွင်းပြီးစီးရေး အရှိန်မြှင့်ရန် နိုင်ငံတော် သမ္မတညွှန်ကြား

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ကာ ၅ နှစ်အတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။

အဆိုပါစီမံကိန်းများနှင့် စပ်လျဉ်း၍ ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ကောင်းမွန်စေရေးသည် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးကြောင်း ပြောကြားခဲ့ပြီး၊ စီမံကိန်းများကို မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများကို ရှာဖွေ၍ အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် တာဝန်ရှိသူများက အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းတို့၏ လက်ရှိဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကျန်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်မည့် အစီအစဉ်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။

နိုင်ငံတော်သမ္မတက အဆိုပါလမ်းကြောင်းများ ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်မှုနှင့် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေးတို့ကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရန်၊ လမ်းများကို နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ တည်ဆောက်ရန်နှင့် သတ်မှတ်ထားသည့် ၅ နှစ်အတွင်း အပြီးသတ်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့ပြင် ယခင် အာရှအဝေးပြေးလမ်းမကြီးတွင် တရားမဝင်ဆက်ကြေးကောက်ခံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယခုအကောင်အထည်ဖော်မည့် စီမံကိန်းလမ်းကြောင်းတွင် အလားတူဖြစ်စဉ်များ မဖြစ်ပေါ်စေရေး လမ်းညွှန်မှာကြားခဲ့ပါသည်။
134👍116👏7🥰3💯2
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုများ ဖယ်ရှားခြင်းမဟုတ်၊ အချိုးအစားမမှန်သည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်နေခြင်းဖြစ်

လက်ရှိတွင် အချို့ဒေသများရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုများကို ဖယ်ရှားနေသည်ဟု မီဒီယာအချို့တွင် ဖော်ပြနေသည်ကို တွေ့ရှိရပါတယ်။ အမှန်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ထုအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစားနှင့် ပုံသဏ္ဍာန် မမှန်ကန်သည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အလွန်အရေးပါတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်ရဲ့ အထိမ်းအမှတ်ရုပ်ထုတွေကို ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ ထားရှိနိုင်ရေး၊ နောင်လာနောက်သားတွေကလည်း သမိုင်းတန်ဖိုးနဲ့ အစဉ်အလာကို မှန်မှန်ကန်ကန် လေ့လာထိန်းသိမ်းနိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဥပဒေအရ စိစစ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ယနေ့အထိ မြို့နယ်ပေါင်း ၁၀၀ ကျော်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို စိစစ်ခဲ့ရာမှာ အချို့ ရုပ်ထုများရဲ့ အချိုးအစား၊ ပုံသဏ္ဍာန်နဲ့ အနုပညာဖော်ပြမှုတွေဟာ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ အနေအထားတွေကို တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့်မို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ဖို့၊ အထိမ်းအမှတ်ရုပ်ထုတွေကို အရိုအသေမဲ့သလို မဖြစ်စေဖို့နဲ့ နောင်လာနောက်သားတွေ အနေနဲ့ မြန်မာ့သမိုင်းအမွေအနှစ်တွေကို မှန်ကန်သင့်လျော်တဲ့ ပုံစံနဲ့ ဆက်လက်လေ့လာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။
👍22765👏15🔥2🤮1
ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို မျှတစွာ ထည့်သွင်းစဉ်းစား၍ သီလဝါ SEZ ကို ဆောင်ရွက်နေ

သီလဝါအထူးစီးပွားရေးဇုန် (SEZ) နှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် စီမံဆောင်ရွက်မှုများမှာ ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို မျှတစွာ ထည့်သွင်းစဉ်းစားကာ ဆောင်ရွက်လျက်ရှိပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်ဟာ ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းအကောင်အထည်ဖော်ထားတဲ့ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့လည်း အထူးအလေးထားပြီး ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါတယ်။

သီလဝါ SEZ အတွင်းရှိ ဂျပန်အပါအဝင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား အဆက်မပြတ်ရရှိစေရေး၊ ကုန်ကြမ်းတင်သွင်းမှုလိုင်စင်များကို ဦးစားပေးစိစစ်ခွင့်ပြုပေးရေးနှင့် One-Stop Service (OSS) ကို အပြည့်အဝ ဆက်လက်လည်ပတ်ပေးနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်နေပါတယ်။

SEZ အတွင်းရှိ ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ပို့ကုန်၊ သွင်းကုန်ကိစ္စရပ်များကိုလည်း လက်ရှိကုန်သွယ်မှုအခြေအနေနှင့် ရင်းနှီးမြှုပ်နှံသူကုမ္ပဏီများ ပုံမှန်လုပ်ငန်းလည်ပတ်နိုင်ရေးကို အခြေခံ၍ ဦးစားပေးကဏ္ဍနှင့် ပစ္စည်းအမျိုးအစားအလိုက် စိစစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

အလားတူ လက်ရှိဆောင်ရွက်နေတဲ့ အစီအစဉ်တွေဟာ ကန့်သတ်ခြင်း၊ တားမြစ်ခြင်းဆိုတဲ့ သဘောမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးစီးပွားနဲ့ မြန်မာနိုင်ငံတော်ရဲ့ အကျိုးစီးပွား နှစ်ဖက်စလုံးကို မျှတစွာ ထည့်သွင်းစဉ်းစားပြီး ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။
👍17549😭1
Media is too big
VIEW IN TELEGRAM
စားအုန်းဆီ တင်သွင်းသုံးစွဲမှု အခြေအနေအား ရှင်းလင်းတင်ပြခြင်း
👍14537😭2🍌1
ပြင်ဦးလွင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်မည့် ပြင်ဦးလွင်လေဆိပ် ဖွင့်လှစ်

ပြင်ဦးလွင်မြို့၏ ခရီးသွားလုပ်ငန်း၊ ဒေသစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ပြင်ဦးလွင်လေဆိပ်ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါ လေဆိပ်ဖွင့်လှစ်ခြင်းသည် အစိုးရ၏ ရက်(၁၀၀) စီမံကိန်း အကောင်အထည်ဖော်မှုများအနက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ပြင်ဦးလွင်မြို့ကို ခရီးသွားမြို့တော်၊ ချယ်ရီမြို့တော်၊ပန်းမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ပညာရေးမြို့တော်၊ IT မြို့တော်နှင့် ကော်ဖီမြို့တော်အဖြစ် အဆင့်မြှင့်တင်ဖော်ဆောင်နိုင်ရေးအတွက် အရေးပါသည့် အခြေခံအဆောက်အအုံတစ်ခုလည်း ဖြစ်ပါသည်။

ထို့အပြင် ပြင်ဦးလွင်ဒေသနှင့် ရှမ်းရိုးမဒေသတို့ကို ခရီးသွားလုပ်ငန်းကွန်ရက်ဖြင့် ပိုမိုချိတ်ဆက်ပေးနိုင်မည်ဖြစ်သလို ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက် သစ်သီးဝလံ၊ ပန်းမန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များကို ဒေသအသီးသီးသို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါသည်။

အဆင့်မြှင့်တင်တည်ဆောက်ထားသည့် ပြင်ဦးလွင်လေဆိပ်သည် တစ်ရက်လျှင် ခရီးသွား (၁,၀၀၀) ခန့် ဝင်ရောက်ထွက်ခွာနိုင်သည့် စွမ်းရည်ဖြင့် တည်ဆောက်ထားပြီး ခရီးသည်များအတွက် နားနေဆောင်များ၊ ဝန်ဆောင်မှုအဆောက်အအုံများနှင့် လေယာဉ်ပြေးလမ်းတို့ကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားပါသည်။

ပြင်ဦးလွင်လေဆိပ် ဖွင့်လှစ်နိုင်ခြင်းကြောင့် ဒေသတွင်း ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာမည့်အပြင် ပြင်ဦးလွင်နှင့် ရှမ်းရိုးမဒေသတို့အကြား ခရီးသွားကွန်ရက် ပိုမိုခိုင်မာလာကာ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့လာပြီး ဒေသစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူပြုလာမည်ဖြစ်ပါသည်။
👍12944👏14🥰1💩1
ရက် (၁၀၀) စီမံချက်များကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်သမ္မတရုံး၏ ရက် (၁၀၀) စီမံချက်များကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်အထိ ထူးခြားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် လုပ်ငန်းများ မရှိသေးပါဘူး။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ရက် (၁၀၀) စီမံချက် (၉) ခုအနက် ပြီးစီးမှု ၈၀.၂၀ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ဆဲ ၁၉.၈၀ ရာခိုင်နှုန်းရှိပြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရဲ့ စီမံချက် (၂) ခုအနက် ပြီးစီးမှု ၂၈ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ဆဲ ၇၂ ရာခိုင်နှုန်းရှိပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ရက် (၁၀၀) စီမံချက်တွေထဲမှာ လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းကတော့ မြန်မာပေါ်ဆန်းဆန်ကို အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိတဲ့ စီမံချက်တွေကတော့ ရာနှုန်းပြည့်နီးပါး ပြီးစီးပြီး ဖြစ်ပါတယ်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေနဲ့တော့ စိုက်ပျိုးစရိတ်ချေးငွေ နှုန်းထားတိုးမြှင့်ထုတ်ချေးခြင်းနဲ့ လယ်ယာသုံးစက်ကိရိယာ ချေးငွေများ ထုတ်ချေးခြင်းတို့ကို လျာထားချက်အတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေတွေကိုလည်း ရက် (၁၀၀) အတွင်း ပြီးမြောက်အောင် ဆက်လက်ထုတ်ချေးသွားမှာ ဖြစ်ပါတယ်။

လယ်ယာသုံးစက်ကိရိယာချေးငွေတွေနဲ့ ပတ်သက်ပြီးတော့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်ဘဏ်ခွဲတွေက တင်ပြလာတဲ့ ချေးငွေအဆိုပြုလွှာတွေကို စိစစ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းတွေ ဆောင်ရွက်ပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေကို ချေးငွေတွေ ဆက်လက်ထုတ်ချေးပေးလျက်ရှိပါတယ်။

ရက် (၁၀၀) စီမံချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လက်ရှိအချိန်အထိတော့ ထူးခြားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ လုပ်ငန်းတွေ မရှိသေးပါဘူး။

သတ်မှတ်ထားတဲ့ စီမံချက်တွေကို အချိန်မီ ပြီးမြောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
👍15263👏10🥰3💩1
ပိုးစာပင် စိုက်ပျိုးမှုတိုးမြှင့်မှ ပိုးချည်လုပ်ငန်း ဖွံ့ဖြိုးပြီး ပြည်ပဈေးကွက်အထိ တိုးချဲ့နိုင်မည်

ပိုးချည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံအကျဆုံးက ပိုးစာပင် စိုက်ပျိုးမှု တိုးမြှင့်နိုင်ဖို့ ဖြစ်ပါတယ်။ ပိုးကောင်ရဲ့ တစ်ခုတည်းသော အစာက ပိုးစာရွက်ဖြစ်တဲ့အတွက် ပိုးစာရွက် လုံလောက်မှသာ ပိုးမွေးမြူရေးကို တိုးချဲ့နိုင်မှာဖြစ်ပြီး၊ ပိုးချည်ထုတ်လုပ်မှုကိုလည်း တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကမ္ဘာ့ပိုးစာမျိုးစိတ်တွေထဲက မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်မျိုး စုစုပေါင်း မျိုးကွဲ (၁၃) မျိုးကို ထိန်းသိမ်းထားရှိပြီး၊ စီးပွားဖြစ် စိုက်ပျိုးရာမှာတော့ မြန်မာရွက်ကြီး၊ BR-60၊ S-28 နဲ့ KSS ဆိုတဲ့ ပိုးစာမျိုး (၄) မျိုးကို အဓိက အသုံးပြုနေပါတယ်။

အဲဒီမျိုးတွေထဲမှာ BR-60 မျိုးဟာ တစ်ပင်ကို တစ်နှစ်အတွင်း ပိုးစာရွက် (၁၀) ပေါင်အထိ ထွက်ရှိနိုင်သလို၊ S-28 နဲ့ KSS မျိုးတွေကလည်း အရွက်ထွက်နှုန်းကောင်းပြီး မြန်မာနိုင်ငံရဲ့ ရေမြေရာသီဥတုနဲ့ ကိုက်ညီတဲ့အတွက် ပိုးမွေးမြူရေးလုပ်ငန်း တိုးချဲ့ဖို့ သင့်တော်တဲ့မျိုးတွေ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပြည်တွင်းက ပိုးချည်နဲ့ ပိုးထည်လိုအပ်ချက် မြင့်တက်လာသလို အရည်အသွေးကောင်းတဲ့ မြန်မာ့ပိုးချည်ကို ပြည်ပဈေးကွက်ကလည်း စိတ်ဝင်စားမှု ပိုများလာပေမယ့် ကုန်ကြမ်းပိုးအိမ်နဲ့ ပိုးချည်ထုတ်လုပ်မှုက လိုအပ်ချက်အတိုင်း မလိုက်နိုင်သေးတာကြောင့် ပိုးစာစိုက်ခင်းတွေ တိုးချဲ့စိုက်ပျိုးဖို့ လိုအပ်နေပါတယ်။

ဒါကြောင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း ပြင်ဦးလွင် ပိုးချည်စက်ရုံကို သွားရောက်စစ်ဆေးစဉ် ပိုးမွေးမြူထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် သုတေသနလုပ်ငန်းတွေကို အလေးထားဆောင်ရွက်ဖို့၊ အရည်အသွေးနဲ့ ထုတ်လုပ်မှုပမာဏ နှစ်ခုစလုံးကို မြှင့်တင်ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရုံသာမက ပြည်ပဈေးကွက်အထိ တင်ပို့နိုင်တဲ့ ပိုးချည်လုပ်ငန်းတစ်ခု ဖြစ်လာအောင် အရှိန်မြှင့်ဆောင်ရွက်ဖို့ မှာကြားခဲ့ပါတယ်။
👍11638🥰1💯1🍌1
ဝါစိုက်ပျိုးရေးကို မြှင့်တင်ပြီး အထည်အလိပ်စက်မှုလုပ်ငန်း ဖွံ့ဖြိုးအောင်ဆောင်ရွက်ကာ GDP တိုးတက်ရေးကို ဦးတည်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် ဝါစိုက်ပျိုးရေးကို မြှင့်တင်ကာ ဝါမှတစ်ဆင့် အထည်အလိပ်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်မည်ဖြစ်သလို စက်ရုံ၊ အလုပ်ရုံများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးလာပြီး နိုင်ငံ၏ GDP လည်း မြင့်တက်လာမည်ဖြစ်ကြောင်း "ယနေ့နံနက်တွင် ကျင်းပခဲ့သည့် ဝါစိုက်ပျိုးရေးမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့" ဆွေးနွေးပွဲ၌ ထည့်သွင်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတက ၂၀၂၀ ခုနှစ်နောက်ပိုင်း ဝါစိုက်ပျိုးမှု ကျဆင်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဝါစိုက်ဧက ၈ သိန်းခန့်ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် ၃ ဒသမ ၉ သိန်းဧကအထိ လျော့ကျသွားခဲ့ကြောင်း ပြောကြားသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ဝါစိုက်ပျိုးရေးကို ပြန်လည်မြှင့်တင်ပေးမည်ဖြစ်ပြီး ဝါစိုက်ဧက ၄ ဒသမ ၅ သိန်းအထိ တိုးချဲ့ကာ လူဦးရေ ၅၁ သန်းအတွက် လိုအပ်သည့် ဝါလိုအပ်ချက်ကို ပြည့်မီစေရန် ရည်မှန်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့ပြင် ဝါကို ကုန်ကြမ်းအဖြစ်သာ ရောင်းချခြင်းမဟုတ်ဘဲ Agro-based Industry အဖြစ် အဆင့်မြှင့်တင်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ဝါဂွမ်းကို တိုက်ရိုက်တင်ပို့ခြင်းထက် ချည်အဖြစ်၊ ထို့နောက် အထည်အဖြစ် ထုတ်လုပ်တင်ပို့နိုင်ပါက တန်ဖိုးပိုမိုမြင့်မားလာမည်ဖြစ်ပြီး နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေလည်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတက ယခုဆွေးနွေးပွဲကို အကျိုးရှိသည့် စီးပွားရေးဆွေးနွေးပွဲတစ်ခု ဖြစ်စေလိုကြောင်း ပြောကြားပြီး ဝါစိုက်ပျိုးသူများမှစ၍ ဂျင်ခုံလုပ်ငန်း၊ ဝါမျိုးစေ့၊ ဝါဂွမ်း၊ ဝါချည်၊ ပိတ်ရက်၊ ဆေးဆိုးပန်းရိုက်၊ အထည်ချုပ်နှင့် ဝါစေ့ဆီထုတ်လုပ်ရေးအထိ ကွင်းဆက်တစ်ခုလုံးမှ လုပ်ငန်းရှင်များ၏ အခက်အခဲများ၊ လိုအပ်ချက်များနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကာ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် အဖြေများ ထွက်ပေါ်လာစေရေးကို အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
👍11848💘3🥰1🤮1
နှမ်းတစ်ဧကအထွက်နှုန်းတိုးမြှင့်ခြင်းဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးရရှိပြီး ပြည်ပတင်သွင်းမှုကို လျှော့ချနိုင်မည်

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူများ၏ စားသုံးဆီလိုအပ်ချက်မှာ ပြည်တွင်းထုတ်လုပ်နိုင်သည့် ပမာဏထက် များပြားနေသေးသည့်အတွက် လိုအပ်ချက်ကို ပြည်ပမှ တင်သွင်း၍ ဖြည့်ဆည်းနေရဆဲဖြစ်ပါသည်။

ပြည်ပတင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချနိုင်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဆီထွက်သီးနှံစိုက်ဧကတိုးချဲ့ရေး၊ တစ်ဧကအထွက်နှုန်းတိုးမြှင့်ရေးနှင့် ဆီစက်များ၊ ဆက်စပ်စက်ပစ္စည်းများကို ဦးစားပေးတင်သွင်းနိုင်ရေးတို့ကို အစည်းအဝေးတိုင်းတွင် အလေးထားလမ်းညွှန်ထားပါသည်။

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံသည် စပါးပြီးလျှင် ဒုတိယအရေးကြီးဆုံးသီးနှံဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆီထွက်သီးနှံစိုက်ဧက ၈ ဒသမ ၂၄ သန်းရှိသည့်အနက် နှမ်းသီးနှံမှာ ဆီထွက်သီးနှံစိုက်ဧရိယာ၏ ထက်ဝက်နီးပါးကို ရယူထားသည့် အဓိကသီးနှံဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နှမ်းသီးနှံ၏ အခန်းကဏ္ဍမှာ အထူးအရေးပါလျက်ရှိပါသည်။

သို့သော် နှမ်းစိုက်ဧကမှာ လုံလောက်သည့်အနေအထားရှိနေသော်လည်း တစ်ဧကအထွက်နှုန်းမှာ အခြားနှမ်းစိုက်ပျိုးသည့်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေဆဲဖြစ်ပါသည်။

ယင်းသို့ဖြစ်ရခြင်းမှာ ဒေသနှင့်ကိုက်ညီသည့်မျိုးများကို ရွေးချယ်စိုက်ပျိုးမှုအားနည်းခြင်း၊ သွင်းအားစုအသုံးပြုမှုနည်းပါးခြင်း၊ ရေရှားပါးမှု၊ ပိုးမွှားရောဂါကျရောက်မှုနှင့် ခေတ်မီစိုက်ပျိုးနည်းပညာများ အသုံးချနိုင်မှု အားနည်းခြင်းတို့ကြောင့်ဖြစ်ပါသည်။

ယင်းကြောင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်း တစ်ဧကတင်း ၂၀ အထွက်ရရှိရေးကို ရည်မှန်း၍ နှမ်းဖြူ၊ နှမ်းနီနှင့် နှမ်းနက်မျိုးသစ် ၁၇ မျိုးကို သုတေသနပြုထုတ်လုပ်ထားပြီး ဒေသအလိုက် သင့်လျော်သည့်မျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သရုပ်ပြစိုက်ကွင်းများ ဖော်ဆောင်ရေးနှင့် တောင်သူအခြေပြု သုတေသနလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့ပြင် နှမ်းဖြူနှင့် နှမ်းနက်တို့မှာ တရုတ်၊ ဂျပန်၊ ထိုင်းနှင့် ကိုရီးယားနိုင်ငံများသို့ တင်ပို့နေသည့် အရေးပါသော ပို့ကုန်သီးနှံများဖြစ်သဖြင့် အထွက်နှုန်းတိုးတက်လာပါက ပြည်တွင်းစားသုံးဆီဖူလုံရေးကိုသာမက ပို့ကုန်တိုးမြှင့်ရေး၊ တောင်သူများ၏ဝင်ငွေတိုးတက်ရေးနှင့် နိုင်ငံခြားဝင်ငွေတိုးမြင့်ရေးတို့ကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။
👍15747🥰3💩2
ဝါစိုက်ပျိုးရေးမှ အထည်ချုပ်ထုတ်လုပ်မှုအထိ တန်ဖိုးကွင်းဆက် အားကောင်းစေရေး နိုင်ငံတော်သမ္မတ လမ်းညွှန်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကျင်းပသည့် "ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့ ” ဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနား၌ ဝါစိုက်တောင်သူများနှင့် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ဝါစိုက်ပျိုးရေးမှ ချည်မျှင်၊ အထည်အလိပ်နှင့် အထည်ချုပ်ထုတ်လုပ်မှုအထိ တန်ဖိုးကွင်းဆက် အားကောင်းလာစေရေး အောက်ဖော်ပြပါအချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည် -

၁။ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ အရေးကြီးသဖြင့် ဝါစိုက်ပျိုးရေးကို အလေးထားမြှင့်တင်ရန်။

၂။ ဝါစိုက်ဧက တည်ငြိမ်ရေးနှင့် မျိုးကောင်းမျိုးသန့် ဝါများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်။

၃။ “ချည်ကောင်းမှ အထည်ကောင်းမည်” ဖြစ်သဖြင့် အရည်အသွေးမြင့် ပြည်တွင်းဝါမျိုးများ ဖွံ့ဖြိုးရေးကို အလေးထားရန်။

၄။ ပြည်ပမှတင်သွင်းနေရသည့် ချည်မျှင်များကို ပြည်တွင်းထုတ် “ချည်မျှင်ရွှေဝါ” များဖြင့် အစားထိုးနိုင်ရေး ကြိုးပမ်းရန်။

၅။ ဝါစိုက်ဒေသများတွင် ချည်မျှင်စက်ရုံများ တိုးချဲ့တည်ဆောက်ပြီး ပြည်တွင်းဈေးကွက်နှင့် အလုပ်အကိုင်များ ဖန်တီးရန်။

၆။ ဝါစိုက်တောင်သူများကို မျိုးစေ့၊ သွင်းအားစု၊ နည်းပညာနှင့် ဈေးကွက်တို့ဖြင့် ထိရောက်စွာ ပံ့ပိုးရန်။

၇။ တစ်ဦးချင်းထက် သမဝါယမနှင့် အစုအဖွဲ့စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ရန်။

၈။ ဝါမှ ချည်မျှင်၊ ပိတ်အထည်နှင့် အသင့်ချုပ်အထည်အထိ တန်ဖိုးမြှင့်ထုတ်လုပ်၍ ပြည်ပတင်ပို့နိုင်ရေး ရည်မှန်းဆောင်ရွက်ရန်။

၉။ နည်းပညာရှင်နှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာသင်တန်းများ စနစ်တကျဖွင့်လှစ်ရန်။

၁၀။ ဝါကဏ္ဍဖွံ့ဖြိုးရေးကို လိုအပ်ချက်အလိုက် တစ်ဆင့်ချင်း အကောင်အထည်ဖော်သွားရန်။

ထို့နောက် ခင်းကျင်းပြသထားသည့် ပြခန်းများအတွင်း လှည့်လည်ကြည့်ရှုစဉ် ထုတ်ကုန်တံဆိပ်တပ်ဆင်ပုံမှအစ ထုတ်ကုန်အရည်အသွေး၊ ထုပ်ပိုးမှုပုံစံနှင့် စံချိန်စံညွှန်းများ မြှင့်တင်ရေးအထိ အသေးစိတ်လမ်းညွှန်မှာကြားခဲ့ပါသည်။

တောင်သူနှင့် လုပ်ငန်းရှင်များ၏ အဓိကတင်ပြချက်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည် -

၁။ အဆင့်မြင့်ချည်မျှင်စက်ရုံများ၊ စက်ကိရိယာနှင့် နည်းပညာများ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုကြောင်း။

၂။ စက်ရုံများ လည်ပတ်နိုင်ရေး လျှပ်စစ်မီးနှင့် ရင်းနှီးမြှုပ်နှံမှုချေးငွေများ ပံ့ပိုးပေးစေလိုကြောင်း။

၃။ ဝါစိုက်တောင်သူများအတွက် ခိုင်မာသည့် ဈေးကွက်တစ်ရပ် တည်ဆောက်ပေးစေလိုကြောင်း။

၄။ ရက်ကန်းလုပ်သားများအတွက် မွမ်းမံသင်တန်းနှင့် နည်းပညာမြှင့်တင်မှုများ ဆောင်ရွက်ပေးစေလိုကြောင်း။
👍14746💯7💩2🥰1
လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး အရည်အသွေးပြည့်ဝသော သူနာပြုနှင့် သားဖွားပညာရှင်များ တိုးမြှင့်မွေးထုတ်ရန် နိုင်ငံတော်သမ္မတ မှာကြား

နိုင်ငံတော်သမ္မတသည် ယနေ့ ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက သူနာပြုသိပ္ပံ (နေပြည်တော်)၌ ကျင်းပသည့် သူနာပြုသိပ္ပံ (နေပြည်တော်)နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲအခမ်းအနားသို တက်ရောက်၍ သူနာပြုသိပ္ပံ ဆိုင်းဘုတ်များကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဂုဏ်ပြုမိန့်ခွန်း ပြောကြားခဲ့ပါသည်။

နိုင်ငံ‌တော်သမ္မတက ဂုဏ်ပြုမိန့်ခွန်း၌ "နိုင်ငံတော်၏ ကျန်းမာရေးစနစ် ပိုမိုတောင့်တင်းခိုင်မာလာစေရေးနှင့် မြိုပြ၊ ကျေးလက်မကျန် ပြည်သူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် အရည်အသွေးပြည့်ဝပြီး လူသားချင်းစာနာစိတ်ရှိသည့် သူနာပြုနှင့် သားဖွားပညာရှင်များကို တိုးမြှင့်လေ့ကျင့်မွေးထုတ်ပေးကြရန်" အလေးထားမှာကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီး၏ စေတနာ

၁။ မြို့ပြနှင့် ကျေးလက်ပါမကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

၂။ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသော ခံယူချက်ဖြင့် ကျန်းမာရေးကဏ္ဍကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါသည်။

၃။ နိုင်ငံတစ်ဝန်းရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (၁၅) ကျောင်းကို "သူနာပြုသိပ္ပံ" များအဖြစ် တိုက်ထန်သည့် အဆင့်အတန်း သတ်မှတ်၍ အဆင့်မြှင့်တင် တိုးချဲ့ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါသည်။

၄။ ကျန်ရှိနေသည့် သူနာပြု၊ သားဖွားနှင့် နှီးနွှယ်သင်တန်းကျောင်း (၂၇) ကျောင်းကိုလည်း အစိုးရသစ်ရက် (၁၀၀) အတွင်း ဦးစားပေးအဆင့်ဖြင့် ဖွဲ့စည်းပုံ တိုးမြှင့်ပေးခဲ့ပြီးဖြစ်ပါသည်။

ကျန်းမာရေးကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု

၁။ ၁၉၆၂ ခုနှစ်မှ ယနေ့အထိ သူနာပြု-သားဖွားဒီပလိုမာရရှိသူ ၄၅,၂၄၅ ဦး၊ သားဖွား ၄၂,၅၂၄ ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

၂။ ၂၀၂၆ ခုနှစ် ပညာသင်နှစ်၌ သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၅,၉၄၆) ဦးနှင့် ဘက်စုံသားဖွား ဒီပလိုမာ (၂) နှစ်သင်တန်းတွင် (၁,၀၃၅) ဦး လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

၃။ ၂၀၂၇ ခုနှစ် (တိုးမြှင့်ခေါ်ယူမည့်အစီအစဉ်) ပညာသင်နှစ်တွင် သူနာပြု-သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်းအတွက် သစ်လွင်ကျောင်းသား၊ ကျောင်းသူ (၂,၉၀၀) ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်းအတွက် (၁,၄၀၀) ဦးအထိ တိုးမြှင့်ခေါ်ယူ ပျိုးထောင်ပေးသွားမည် ဖြစ်ပါသည်။

၄။ အမျိုးသားပညာရေးအဆင့် မူဘောင်အရ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ များသာ တက်ရောက်ခွင့်ရှိပြီး၊ ပြည်တွင်း/ပြည်ပ တက္ကသိုလ်များတွင် သူနာပြုပါရဂူဘွဲ့ (Ph.D) အထိ အဆင့်ဆင့် တက်လှမ်းသင်ယူနိုင်မည့် အခွင့်အလမ်းများ ရှိလာမည်ဖြစ်ပါသည်။

ထို့နောက် သူနာပြုသိပ္ပံများဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်း Video ကိုပြသပြီးနောက် သူနာပြုသိပ္ပံ(နေပြည်တော်) မှသင်တန်းသူများက သူနာပြုများရဲ့ လူသားဆန်မှု ၊ မေတ္တာ၊ ကရုဏာတို့ဖြင့် ယုယသည့် သူနာပြုစုမှု ပညာရပ်ကို တန်ဖိုးထားမှုများ ပေါ်လွင်စေသည့် "ကရုဏာအလင်း"သီချင်းဖြင့် စင်ပေါ်/စင်အောက်သံပြိုင်သီဆိုခဲ့ကြပါသည်။
👍15062💯6🥰4💩2
ရန်ကုန်တိုင်း စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် နိုင်ငံတော်သမ္မတ လမ်းညွှန်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရန်ကုန်တိုင်းဒေသကြီး၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ဈေးကွက်တည်ငြိမ်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန်များကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ကာ အထွက်နှုန်းတိုးမြှင့်ရေး၊ MSME အခြေပြု ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် မြေယာများကို အကျိုးရှိစွာ အသုံးချရေးတို့ကို အလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ လမ်းညွှန်မှကြားချက်များမှာ -

၁။ ရန်ကုန်တိုင်းဒေသကြီး၏ စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေးဆောင်ရွက်ရန်၊ စားရေးဖူလုံမှသာ အခြားသော ကဏ္ဍများတည်ငြိမ်မှု ရရှိမည်ဖြစ်ကြောင်း။

၂။ ရန်ကုန်တွင် လူဦးရေ (၇) သန်းရှိသဖြင့် ငါး၊ အသားနှင့် ဆန် လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း။

၃။ ရွှေမုယင်းငါးမွေးမြူရေး၊ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်၊ ရွှေပြည်-မှော်ဘီ၊ တိုက်ကြီး၊ တွံတေးတို့တွင် မွေးမြူရေးဇုန်များကို ထိရောက်စွာ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း။

၄။ မွေးမြူရေးလုပ်ငန်းများ ရေရှည်အောင်မြင်ရေးအတွက် တိရစ္ဆာန်အစာထုတ်လုပ်ရေးနှင့် အစာစပ်စက်ရုံများကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း။

၅။ မြေယာတိုးချဲ့နိုင်မှု အကန့်အသတ်ရှိသဖြင့် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းပြီး အထွက်နှုန်းမြင့်မားရေးကို ဦးတည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

၆။ MSME အခြေပြု လုပ်ငန်းများကို မြှင့်တင်၍ လယ်ယာသုံးပစ္စည်းများ၊ စက်ရုံအပိုပစ္စည်းများနှင့် နည်းပညာဆိုင်ရာ ထုတ်ကုန်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း။

၇။ ထုတ်လုပ်မှုစီမံကိန်းများကို Demand နှင့် Supply ကို သေချာတွက်ချက်ပြီး အောင်မြင်စွာ အကောင်အထည်ဖော်ရန်၊ တိုင်းဒေသကြီးအစိုးရက ဦးဆောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

၈။ ကုန်ထုတ်လုပ်မှုတိုးမြှင့်၍ Cost of Production လျှော့ချနိုင်ရေးနှင့် ဈေးကွက်တည်ငြိမ်ရေးကို တစ်ပြိုင်နက်တည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
👍10941🥰4😁1💯1