နရီမိုး
35.5K subscribers
3.57K photos
144 videos
113 links
Download Telegram
မနေ့က ရေးလိုက်တဲ့အတိုင်း တကယ် ဖြစ်လာတယ်။

ကျိုက်ထို-သိမ်ဇရပ် အပေါ်မှာ ရွှေကျင်ဒေသ ရှိတယ်။ ဒါက စစ်ပြေးတွေ မကြာခဏ လိုင်းပေါ် တင်နေကြတဲ့ ပဲခူးတိုင်း အရှေ့ခြမ်း လွတ်မြောက် နယ်မြေလည်း ဖြစ်တယ်ပေါ့။


တစ်ဖက်မှာ ဘီးလင်း အထက်ဘက်က လဂွန်းပျိုနေရာတွေက တရားမဝင် ရွှေလုပ်ကွက်တွေ ရှိတဲ့ ပုံပဲ။ ဒါ့ကြောင့်လည်း NUG နဲ့ KNU/KNLA က ဒီနေရာကို ခွထိုင်ချင်ကြတာ။ လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့မှုကို ကျိုက်ထို၊ ဒါမှမဟုတ် ဘီလင်း -သထုံဘက်က ရပုံပဲ။


ဖာပွန်-ကမာမောင်း လမ်းကြောင်းကို ပိတ်ဆို့ ချင်တယ် ဆိုတာကလည်း ဒီ‌ဗျူဟာကြောင့်ပါပဲ။ ဖာပွန်လမ်းကို ပိတ်နိုင်ရင် ဘီးလင်းမြစ်နဲ့ သံလွင်ကြားကနေ ကယားအစပ်အထိ လွတ်မြောက်နေရာကြီး ဖြစ်သွားပြီ။ ဌာနချုပ်ဆိုတော့လည်း သူတို့အတွက် အတော်လေး ဆုံးရှုံးမှုကြီးတယ်လို့ ပြောရမယ်။



(နရီမိုး)
👍408❤81👏10👎2😐2
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏391❤23👍6👏2
"အမျိုးသမီးတွေအတွက် မှတ်သားစရာ"
*********

မိန်းမဘဝဆိုတာ ဒုက္ခရောက်တယ်။
"ဒုက္ခော ဣထိဘာဝေါ" အမျိုးသမီး
ဖြစ်ရတဲ့ဘဝဟာ ဒုက္ခရောက်တယ်။

မြတ်စွာဘုရားသခင် ကိုယ်တိုင်ကိုက
အမျိုးသမီးဘဝဟာ ဒုက္ခရောက်တယ်လို့
ဟောခဲ့တယ်။

အမျိုးသမီးဘဝဟာ အမျိုးသားတွေထက်
ထပ်ဆင့်ပိုတဲ့ အာဝေနိကဒုက္ခ ဆိုတာတွေဟာ
အမျိုးသမီးတွေမှာ ရှိတယ်ပေါ့။

ဒါကြောင့် အမျိုးသမီးဘဝဟာ
အမျိုးသားတွေထက် ပိုဒုက္ခကြီးတယ်။

ဒီလိုဒုက္ခကြီးတာ ဘာကြောင့်လဲဆိုရင်
အမျိုးသမီးဘဝဟာ တစ်ဖက်သားကို
အားကို နေရတာ ကိုယ်ဝန်ဆောင်ရတာ
သူတစ်ပါးကို မှီခိုနေရတယ်ဆိုတဲ့ . . .

ဒီဒုက္ခတွေ အာဝေနိက ဆင်းရဲတွေနဲ့
အမျိုးသမီး ဘဝဟာ ပိုလို့ပဲစိတ်ပျက်
ငြီးငွေ့စရာကောင်းတယ် ဆိုတာ
မြတ်စွာဘုရားက ရှင်းလင်းထောက်ပြ
ဟောကြားထားတာ ဖြစ်တယ်။

အဲ့ထဲမယ် အမျိုးသမီးတွေဟာ အိမ်ထောင်ရေး
ကံ မကောင်းဘူး ဆိုလို့ရှိရင်. . .

အမျိုးသမီးဘဝမှာ အိမ်ထောင်ဘက်အပြိုင်
ကြုံလာပြီဆိုလို့ရှိရင် သူတို့မှာ နေ့စဉ်နဲ့အမျှ
ဆင်းရဲဒုက္ခ ရောက်ကြရတယ်။

အဲဒီလို အိမ်ထောင်ပြိုင်ရှိလာပြီ ဆိုလို့ရှိရင်
ပိုပြီးတော့ စိတ်ဆင်းရဲကြရတယ်တဲ့။

အမျိုးသမီးတွေရဲ့ ကြီးမားလှတဲ့ ဒုက္ခ
တစ်ခုကတော့ ဘာလဲလို့ဆိုလို့ရှိရင်. . .

တစ်ကြိမ်လောက်
ကိုယ်ဝန်ဆောင်ပြီးတော့ မီးဖွားလိုက်ရတဲ့
ဒုက္ခဟာ အလွန်ကိုကြီးမားတယ်။

ဒါကြောင့်မို့
မြန်မာစကားမှာလည်းဆိုတယ်
"ယောကျာ်းဖောင်စီး မိန်းမမီးနေ"
ဆိုတဲ့စကား။

ကိုယ်ဝန်ဆောင် သားမွေးခြင်းဟာ သေမင်းနဲ့
စခန်းသွားရတဲ့ အနေအထားမျိုး ဖြစ်တယ်။
သေမင်းနဲ့ ကစားရသလိုဖြစ်နေတယ်ပေါ့။

အမျိုးသမီး ကိုယ်ဝန်ဆောင်ပြီး
သားဖွားရတာလည်း အလွန်အန္တရာယ်
ကြီးတယ်လို့ ဒီလိုဆိုလိုတာဖြစ်တယ်။

လောကမှာ ကိုယ်ဝန်ဆောင်ရတယ်
သားဖွားရတယ် ဆိုတဲ့ အလုပ်ဟာ အလွန်
အန္တရာယ် ကြီးမားတဲ့ အလုပ်ဖြစ်တယ်။

အဲဒီဆင်းရဲတွင်း ရောက်နေပြီဆိုရင်
မိခင်ရော ကလေးရော ဆုံးရှုံးမှုနဲ့
ကြုံရတတ်တယ်။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်
အိမ်ထောင် ရက်သားဘဝဟာ
ကိလေသာတွေနဲ့ စိတ်ပူစရာတွေနဲ့
တွေ့နေကြရတယ်။

ဒါကြောင့်မို့လို့ အိမ်ထောင်ပြုတယ်ဆိုတာ
တကယ့်ကို အိမ်ထောင်ကျတယ်။

လောကလူတွေဟာ ထောင်ကျတယ်ဆိုရင်
ဘယ်လိုလို့ ချမ်းသာနိုင်မလဲ။

လူတွေဟာ ထောင်ကျတယ်
ဆိုလို့ရှိရင်တော့ ကြောက်ကြမှာပဲ။

သို့သော် အိမ်ထောင်ကျတာကြတော့
ပွဲလမ်းသဘင်ခံပြီးတော့ အကောင်းထင်ပြီး
လုပ်နေကြတယ်။

"မင်္ဂလာ" လို့ စကားတောင်
တပ်လိုက်သေးတယ် ။ တကယ်ကတော့
မြန်မာစကားသုံးထား တဲ့ အိမ်ထောင်
ကျတယ်ဆိုတာ ထောင်ကျတာနဲ့ တူတူပဲ
ဖြစ်တယ်ပေါ့။

သံသရာထဲမှာ ရှိနေသမျှ တော့ . . .
အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ်
ဘဝဒုက္ခ ခံစားကြရဦးမှာပဲ။

ဘဝဒုက္ခ လွတ်မြောက်ဖို့အတွက်
မိတ်ကောင်း ဆွေကောင်း သူတော်ကောင်းကို
ပေါင်းသင်းဆက်ဆံပြီး . . .

ထိုသူတော်ကောင်းတို့ရဲ့
အဆုံးအမစကားနဲ့ သံသရာဝဋကွ
လွတ်အောင် မဂ္ဂင်(၈)ပါး အကျင့်တရားကို
ကျင့်ကြံကြိုးကုတ်အားထုတ်ခြင်းဖြင့်
သာလျှင် ဆင်းရဲဒုက္ခအဆုံးသတ်နိုင်တယ်။

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏328❤72👍29👏2
နမ့်ခမ်းမြို့နယ်ကို MNDAA က အထူးဒေသ ၁ ထဲ ထည့်မယ်ဆိုတဲ့ ပြောဆိုချက်တွေ သိသိသာသာ ထွက်လာတယ်။ တကယ်တော့ နမ့်ခမ်းဆိုတာက အရင် ရှမ်းပြည်နယ်ထဲက ဗဟိုအစိုးရ အုပ်ချုပ်ခံ နယ်မြေတွေပဲ။ ၁၀၂၇ နောက်ဆက်တွဲအရ စစ်နိုင်လို့ TNLA က ထိန်းချုပ်ထားခဲ့တာ ဖြစ်တယ်။ ခုတော့ လက်နက်အင်အားသာတဲ့ ကိုးကန့်က နမ့်ခမ်းဒေသကို TNLA လက်ထဲက ပြန်လုယူတဲ့ သဘော။


ဒီနေရာမှာ ဘာကိုအဓိက မြင်ရလဲဆိုတော့ ...ဘယ်လောက်ပဲ မဟာမိတ်လို့ ပြောခဲ့ကြပါစေ...အကျိုးစီးပွားနဲ့ယှဉ်လာရင် ဘာမှ မဟုတ်တော့ဘူး ဆိုတဲ့အချက်ပဲ။ ၁၀၂၇ မှာ ညီနောင် မဟာမိတ်လို့ ဆိုခဲ့ကြပေမယ့် ကွတ်ခိုင်ကိုလည်း လုယူထားသလို နမ့်ခမ်းဒေသကိုပါ အထူးဒေသထဲ ထည့်လိုက်ပြီဆိုထားတော့ EAO အချင်းချင်းကြားမှာတောင် သစ္စာမြဲတယ် ဆိုတာ မရှိဘူး။


နောက်တစ်ချက်က စစ်နိုင်ရင် နယ်မြေသိမ်းလို့ ရတဲ့ အလေ့အထက လက်ရှိရှမ်းမြောက်မှာ တွင်ကျယ်သွားတယ်။ TNLA က အော်တယ်ဆိုတာ သူထိန်းချုပ်တဲ့ ဒေသ တစ်ခု လက်လွှတ်သွားရလို့ပါ။ နမ့်ခမ်းက ပလောင်ဒေသမှ မဟုတ်ဘဲ။ ဒီတော့ အနာခံပြီး ပြန်တိုက်မှာ မဟုတ်ဘူး။ ဆုတ်ပေးလိုက်မှာပဲ။ ဒါပေမယ့် ...ကိုးကန့်က ဘာကြောင့် အိမ်ကျယ်လုပ်ရဲနိုင်တာလဲ ဆိုတဲ့အချက်က စိတ်ဝင်စားဖို့ ကောင်းတယ်။


လက်မဲတွေ၊ Hidden agenda တွေ ခဏထား။ ဒေသတစ်ခုမှာ အင်အားရှိတဲ့သူက အုပ်ချုပ်ခွင့်ရသွားတာကို မြန်မြန် မတုံ့ပြန်ရင် ဘာဖြစ်မလဲ ဆိုတော့ ပထမဆုံး သယံဇာတ ရှုံးတာပေါ့။ တရုတ်ကုမ္ပဏီတွေ ခေါ်ချလာပြီး စိတ်ကြိုက် တူးတော့မှာ။ ဒုတိယ အချက်က လူသစ်စုနိုင်ဖို့ နယ်မြေပိုကျယ်သွားတာပေါ့။ နောက်ဆုံး ကိုယ်တွေနဲ့ ဖြစ်ရမယ် ဆိုရင်တောင် လက်ရှိ လူသစ်စုထားသမျှကို ရှေ့တန်းကျကျ သုံးလို့ ရမယ့် အနေအထား ဖြစ်သွားပြီ။ ဒါက လက်ရှိ အင်းတော်၊ မော်လူးမှာ ကြုံနေရတဲ့ စစ်ရေး ပဋိပက္ခလိုပေါ့။ ထိစရာရှိ၊ နာစရာရှိရင်....မော်လူးနဲ့ အင်းတော် ထိပေါ့။ KIA နယ်မြေကတော့ အနေသာကြီး၊ KIA စစ်သည်တွေလည်း အသက်နဲ့ အဝေးကြီး ဆိုတဲ့ အခင်းအကျင်းမျိုး ဖြစ်သွားတာပေါ့။

လောလောဆယ်တော့....ဖွဲ့စည်းပုံတွေ ၊ NCA တွေ ခဏနောက်ထား။ MNDAA ကတော့ ရသလောက် နယ်မြေချဲ့နေတာ တွေ့ရတယ်။ ဒီလိုနယ်မြေချဲ့တာကို ဘယ်အရာတွေက တားလို့မရတာလဲ။ ဘယ်လို တုံ့ပြန်သင့်သလဲဆိုတာက အဓိက ပေးထားချက် ပုစ္ဆာတစ်ခုလို့ပဲ ဆိုရမယ် ထင်တယ်။


(နရီမိုး)
👍507❤74🥴3👌2👎1🔥1
သမ္မတကြီး၏ အာကာသနှင့် AI နည်းပညာဆိုင်ရာ လမ်းညွှန်ချက်(၇) ချက်


၁။ အာကာသနှင့် AI နည်းပညာကို လက်တွေ့အသုံးချရေး

✳️နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာကာသနည်းပညာနှင့် AI နည်းပညာများကို ထိရောက်စွာ အသုံးချရန်။
✳️နည်းပညာဆိုင်ရာ အသိပညာတိုးမြှင့်ရေးသာမက လက်တွေ့လုပ်ငန်းများတွင် အသုံးချနိုင်ရေးကို ဦးစားပေးရန်။

၂။ စိုက်ပျိုးရေးကဏ္ဍတွင် နည်းပညာအသုံးချရေး

✳️မြေဆီလွှာအခြေအနေကို အာကာသနှင့် AI နည်းပညာဖြင့် ဆန်းစစ်ရန်။
✳️ရေအရင်းအမြစ်နှင့် ရေရရှိနိုင်မှုအခြေအနေများကို စောင့်ကြည့်လေ့လာရန်။
✳️သီးနှံအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ဆန်းစစ်ပြီး လိုအပ်သည့် စီမံခန့်ခွဲမှုများ အချိန်မီဆောင်ရွက်ရန်။


၃။ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး

✳️စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် နည်းပညာအသုံးချမှု တိုးမြှင့်ရန်။
✳️ထုတ်လုပ်မှုတိုးတက်ရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်။

၄။ သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲရေး

✳️ရေသယံဇာတအပါအဝင် သဘာဝအရင်းအမြစ်များဆိုင်ရာ အချက်အလက်များ ရယူအသုံးချရန်။
✳️အာကာသနည်းပညာဖြင့် သဘာဝအရင်းအမြစ်များကို စောင့်ကြည့်လေ့လာနိုင်ရေး ဆောင်ရွက်ရန်။
ရရှိလာသည့် အချက်အလက်များအပေါ် အခြေခံ၍ စီမံခန့်ခွဲမှုများ ပြုလုပ်ရန်။


၅။ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစောင့်ကြည့်လေ့လာရေး

✳️ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို နည်းပညာဖြင့် စောင့်ကြည့်လေ့လာရန်။
✳️ဂြိုဟ်တုအချက်အလက်များနှင့် AI ကို ပေါင်းစပ်အသုံးချနိုင်ရေး သုတေသနပြုရန်။

၆။ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေး

✳️နိုင်ငံအတွက် လိုအပ်သည့် အာကာသနည်းပညာများကို သိရှိနားလည်ရန်။
✳️အာကာသနှင့် AI နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်။
✳️နိုင်ငံ၏ လက်တွေ့လိုအပ်ချက်များနှင့် ကိုက်ညီသည့် နည်းပညာများ ဖော်ထုတ်အသုံးချရန်။


၇။ လူငယ်များ၏ သိပ္ပံနှင့် နည်းပညာစိတ်ဝင်စားမှု မြှင့်တင်ရေး

✳️မျိုးဆက်သစ်လူငယ်များ အာကာသနည်းပညာကို ပိုမိုစိတ်ဝင်စားလာစေရန်။
✳️ပြပွဲ၊ ပြိုင်ပွဲနှင့် အသိပညာပေးလုပ်ငန်းများကို ခေတ်နှင့်အညီ အဆင့်မြှင့်တင်ရန်။
✳️အနုပညာမှတစ်ဆင့် သိပ္ပံဆိုင်ရာ စိတ်ကူးစိတ်သန်းများ ဖော်ထုတ်နိုင်ရေး အားပေးရန်။

ခြုံကြည့်လိုက်ရင်....ရေတို၊ ရေရှည်စီမံချက်တွေ ရေးဆွဲပြင်ဆင်နိုင်ဖို့ဆိုတဲ့ လမ်းညွှန်မှာကြားချက်တွေ ပါတာ တွေ့ရတယ်။

(နရီမိုး)
👍202❤75🥰4👎1🥴1
လုပ်ထုံးလုပ်နည်းအရ ပြဿနာကို အရှည်မဖြစ်စေချင်လို့ ခေါ်ယူသတိပေးတာက ပထမအဆင့် ဆိုပေမယ့် မြင်ရတဲ့ မြင်ကွင်းအနေအထားအရဆိုရင်တော့....

ယဉ်ကျေးမှုမရှိ ၊ မောက်မာတဲ့ အပြုအမူအတွက်....

Person Non Grata လုပ်လိုက်တာ ပိုကောင်းပါတယ်။


(နရီမိုး)
👍457❤68👏24👎7🤬6🥴3😎3
"မြန်မာ့အာကာသ အနာဂတ်"
=======

အာကာသနည်းပညာဟာ ဂုဏ်သိက္ခာထက် ပိုတဲ့ နိုင်ငံတော်စွမ်းရည်ဖြစ်တယ်ဆိုတဲ့အတိုင်း
မြန်မာနိုင်ငံမှာလည်း အာကာသသိပ္ပံနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အဆင့် ဦးစားပေးကဏ္ဍတစ်ခုအဖြစ် မြှင့်တင်လာတာ တွေ့ရတယ်။

မြန်မာအာကာသအေဂျင်စီ၊ MAH-1 ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုစီမံကိန်း၊ MOCC ထိန်းချုပ်ရေးစနစ်၊ တရုတ်နဲ့ ရုရှားတို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေအပြင် အာကာသသိပ္ပံနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် ဖွဲ့စည်းမှုတွေက ဒီဦးတည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေတယ်။


https://t.me/+fL8r97SBGP4xY2U1



(နရီမိုး)
👍247❤69🥴2👎1
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏382❤25👍5👏2
လူဟာ...
သီလမှ မရှိတော့ဘူးဆိုရင်
ခါးဝတ်မပါတဲ့သူနဲ့ တူတယ်၊
မတင့်တယ်တော့ဘူး၊
လူရာမဝင်တော့ဘူး၊
ဘယ်သူကမှ အရေးမစိုက်ချင်ကြတော့ဘူး။

သမာဓိမှ မရှိတော့ဘူးဆိုရင်
အရူးနဲ့ တူတယ်၊
စိတ်က တောင်ကို စိတ်ကူး ပေါက်ရင်
တောင်ကို ထပြေးလိုက်၊
မြောက်ကို စိတ်ကူးပေါက်ရင်
မြောက်ကို ထပြေးလိုက်၊
စိတ်သွားတဲ့နောက်ကို
လူကလိုက်ပြီး ဂဏာမငြိမ်တော့ဘူး၊
စိတ်တွေ ပြာလောင်ခပ်နေတော့တာ။

ဝိပဿနာအလုပ်မှ မလုပ်တော့ဘူးဆိုရင်
မျက်စိကန်းနေတဲ့သူနဲ့ တူတယ်၊
ခန္ဓာရဲ့အဖြစ်/အပျက်တွေကို
ဘာမှမသိတော့ဘူး၊
ဘာမှမမြင်တော့ဘူး၊
မမြဲတာကြီးကို မြဲတယ်ထင်နေတော့တာ၊
မပိုင်တာကြီးကို အပိုင်ထင်နေတော့တာ၊
မပိုင်တာကို အပိုင်ထင်နေကြလို့
ဒုက္ခရောက်နေကြရတာမဟုတ်လား။

(တိပိဋက ယောဆရာတော်ဘုရားကြီး)
🙏406❤41👍19👏3
မနေ့က မိုးကုတ်မှာ TNLA ခွဲထွက် လီဆူတိုင်းရင်းသား အင်အား ၂၀၀ က လက်နက် ၈၀ ကျော်၊ ခဲယမ်း ၂၀၀၀ နီးပါးနဲ့ အလင်းဝင်လာခဲ့တယ်။ ပြီးခဲ့တဲ့ တစ်လလောက်မှာ အင်အား ၅၀ လောက်က TNLA ဆီက ခွဲထွက်လာခဲ့တာလို့ သတင်းကြားမိပေမယ့် ‌အခမ်းအနားမှာတော့ ခန့်မှန်းထားတဲ့ အင်အားထက်တောင် ပိုများနေခဲ့တယ်။


ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တစ်ချို့ကလည်း လီဆူတွေက TNLA ကို သစ္စာဖောက်တာလို့ ဆိုကြတယ်။ မိုးကုတ်မြေဆိုတာ နဂိုကတည်းက ပလောင်ပိုင်ခဲ့တဲ့ နယ်မြေမှ မဟုတ်ဘဲ။ မိုးကုတ်ကို TNLA ဝင်လာတော့ အားနည်းတဲ့ လူမျိုးစုကတော့ အထိုက်အလျောက် ပေါင်းကြမှာပေါ့။ ဒါက သဘာဝ လည်း ကျတယ်။ အရင်ကတည်းက TNLA လည်း စစ်ဘောင်ကျယ်နေတော့ မိုးကုတ်မှာ မြို့စောင့်တပ်လုပ်ဖို့ ဂေါ်ရခါးလူမျိုးတွေကအစ စစ်မှုထမ်းဖို့ အတင်းအကြပ်လုပ်ခဲ့ဖူးတာပဲ။


TNLA လက်လွှတ်ခဲ့ရတဲ့ မိုးကုတ်၊ မိုးမိတ်၊ ကွတ်ခိုင်နဲ့နမ့်ခမ်း ဆိုတာက ပလောင်လူမျိုး အနည်းအကျဉ်းပဲ ရှိတယ်။ ပကတိအခြေအနေကို TNLA ခေါင်းဆောင်တွေ သဘောပေါက်သင့်တယ်။ ကိုယ့်လူမျိုး အများစု မရှိတဲ့ နေရာဒေသကို အတင်းအကြပ်အုပ်ချုပ်လည်း ရေရှည်မှာ မြဲစရာ အကြောင်းမရှိဘူး။ ဒါကို လက်ရှိ ကိုးကန့်တွေလည်း သင်ခန်းစာ ယူသင့်တယ်။ တစ်ခုတော့ ရှိတာပေါ့။ နောက်ကွယ်က ဖိအား မရှိသေးသရွေ့ ထိန်းချုပ်ထားတဲ့ ဒေသကနေ သယံဇာတနဲ့ စစ်မှုထမ်းအတွက် တပ်သားသစ်တွေကို ရသလောက် ယူမယ် ဆိုတဲ့ အတွေးနဲ့ လက်ဝါးကြီး အုပ်ချင်ရင်တော့ မပြောတတ်ဘူးပေါ့။


TNLA အနေနဲ့ နိုင်ငံရေးပါး ဝသင့်ပြီလို့ ထင်တာပဲ။ မဟာမိတ်လို့ ခေါင်းစဉ်တပ် စုဖွဲ့ထားပေမယ့် တကယ့်တကယ်လည်း တိုက်ယူရော အကုန်ပြန်ပေးရတာပါပဲ။ နိုင်ငံတော်က ပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဦးစီးအဖွဲ့ နေရာရယူပြီး နိုင်ငံရေး နည်းလမ်းအတိုင်း သွားတာက ဒေသဖွံ့ဖြိုးရေးအတွက် ပိုမြန်ပါလိမ့်မယ်။ အရွယ်ရောက်တဲ့ ပလောင်လူမျိုးတိုင်းကို TNLA ထဲ ဇွတ်အတင်းထည့်တာကလည်း မူဝါဒ မှားတယ်လို့ ဆိုရမယ်။ ပအိုဝ့်ဒေသနဲ့ ဓနု ဒေသတွေရဲ့ အေးချမ်းမှုကို အတုယူသင့်တယ်လို့ မြင်တယ်။ ဒါ့ကြောင့်လည်း ရှေး ပလောင်လူကြီးတွေက ဒီအမျှော်အမြင်နဲ့ မန်တုံမှာ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲခဲ့ကြတာပါ။


လက်ရှိ အလင်းဝင်တာနဲ့ပတ်သက်ပြီး နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးအတွက်တော့ ကောင်းတဲ့ အလားအလာပါပဲ။ ဒါပေမယ့် မိုးကုတ်လို ဒေသမှာ တပ်နဲ့ ရဲ တပ်ဖွဲ့တွေကိုသာ ခိုင်ခိုင်မာမာ တည်ဆောက်စေချင်တယ်။ တကယ်လို့ ပြည်သူ့စစ် ဖွဲ့ချင်သပဆိုရင်လည်း တပ်မတော်ကွပ်ကဲမှုအောက်မှာ စနစ်ကျတဲ့ တပ်ဖွဲ့အဖြစ်နဲ့ ရှိစေချင်တယ်။ မဟုတ်ရင်.....လက်နက်ကိုင်အဖွဲ့တစ်ခု တိုးလာတာပဲ အဖက်တင်ပါလိမ့်မယ်။ ရှေ့မှာ ဆိတ်လစိလို BGF တွေနဲ့ ခဏခဏ အသွင်ပြောင်းကြတဲ့ ပုတ်သင်ညို ပြည်သူ့စစ်တွေကလည်း အများသား ကြုံခဲ့ရပြီးပြီ မဟုတ်လား။


(နရီမိုး)
👍404❤69🥴2✍1👎1
ထိုင်းနိုင်ငံမှာ ရှိတဲ့ People Empowerment Foundation ကို တည်ထောင်သူနဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ Chalida Tajaroensuk က NUG ဆိုတဲ့ အဖွဲ့အစည်းမှာ ခေါင်းဆောင်မှု ကျရှုံးနေပြီလို့ ထုတ်ပြောလာတာတွေ့ရတယ်။


NUG ရဲ့ အာဏာတည်ဆောက်မှုက အပေါ်ကနေပဲ သွားနေတယ်။ Strategy မရှိဘူး။ ခေါင်းဆောင်မှုကတော့ အဆိုဆုံး အခြေအနေလို့ ထောက်ပြလာတယ်။ တကယ်တော့ Chalida ပြောသလိုပဲ NUG အနေနဲ့ တကယ်လည်း မြေပြင်မှာ ခေါင်းဆောင်မှု မဲ့ နေတာ အထင်အရှား တွေ့နိုင်တယ်။


NUG မှာ ယာယီသမ္မတ ခန့်ထားပေမယ့် ဒါကလည်း KIA နဲ့ စစ်ရေးမဟာမိတ်ဖြစ်အောင် ခန့်ထားရတဲ့ သဘောပဲရှိတယ်။ အောင်ကြည်ညွှန့်ခေါင်းဆောင်တဲ့ CRPH ကလည်း အသံ မထွက်နိုင်တော့ဘူး။ ကာကွယ်ရေးဝန်ကြီး ဆိုတဲ့ ရည်မွန်ဆိုရင် ပြောတောင်မနေနဲ့တော့ပေါ့။တကယ်‌တော့.....နွေဦးတော်လှန်ရေးဆိုတဲ့ အရွေ့ကို အွန်လိုင်းဆယ်လီတွေနဲ့ပဲ ဖြစ်ညှစ်တွန်းတင်နေရတယ်။ အဲ့ဒီအွန်လိုင်းဆယ်လီဆိုတာကလည်း တော်လှန်ရေးအောင်ဖို့ဆိုတာထက်...ကိုယ့်ဘဝရှင်သန်ရေးအတွက် .FB နဲ့ YouTube ကပေးတဲ့ ဝင်ငွေရဖို့ မဲဆောက်ဘက်ကနေ မိုးပြော၊ ဂျိုးပြော ပြောနေရတာထက် မပိုပြန်ဘူး။


အထင်သာဆုံးရလဒ်တစ်ခုကို ပြောရရင်...NUG ရဲ့ တိုင်းစစ်ဌာနချုပ် အသိမ်းခံရတာကိုပဲ လက်ညိုးထိုးပြရလိမ့်မယ်။ တပ်မတော်ဘက်က သတင်းလက်ဦးမှုရယူပြီး ကနဦး လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ရာမှာ စစ်ပြေး တစ်ချို့ အပါအဝင် အကြီးအကျယ် ထိခိုက်မှု ရှိခဲ့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ တပ်မတော်ရဲ့ မြေပြင်ထိုးစစ်ကနေ NUG ရဲ့ အထူးတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တယ်။


တစ်ချို့ကလည်း တပ်မတော် သိမ်းနိုင်ခဲ့တာက လက်နက်အစုတ်တွေပါဆိုပြီး ဖာဖာထေးထေး ပြောကြတာလည်း တွေ့ရတယ်။ စစ်မြေပြင်မှာ လက်နက် စုတ်၊ မစုတ် ဆိုတာက မောင်းတုံး တစ်ခု၊ ပြောင်းတံ တစ်ချောင်းကအစ အရေးပါတယ်။ လက်နက်တွေက မကောင်းဘူး ထားလိုက်ဦး။ ကျည်ဆံတွေနဲ့ ရိက္ခာပုံ ဆန်အိတ်တွေက အထပ်လိုက်ကြီး တပ်က ရလိုက်တယ်။ ဒါကိုကြည့်လိုက်ရင်...အထူးတိုင်းစစ်ဌာနချုပ်သာဆိုတယ်၊ ခံစစ်ပြင်ဆင်မှုအပိုင်းနဲ့ပတ်သက်ပြီး ဘာမှ ပြင်ဆင်မထားတာတွေ့ရတယ်။ ကျန်တဲ့ စခန်းငယ်တွေဆိုရင် ပြောစရာတောင် လိုမယ် မထင်တော့ဘူး။

လက်ရှိ SCEF ဆိုပြီး NUG ကို ခေါင်းပြောင်းထားပေမယ့် ...သူတို့ရည်မှန်းချက်က နိုင်ငံရေးနဲ့ စစ်ရေးရည်မှန်းချက် အောင်မြင်ဖို့ထက် ဒေါ်လာ သန်း ၃၀၀ ပြည့်ဖို့က အဓိက ဆိုပဲ။ Chalida ပြောတာ ဘယ်လွန်မလဲလို့ပဲ တွေးမိလိုက်တော့တယ်။



(နရီမိုး)
👍331❤60🥴3👎1
SCEF က တစ်နှစ်ခွဲ အတွင်း ဒေါ်လာ သန်း ၃၀၀ ရှာမယ်လို့ ဆိုထားတယ်။ ဘယ်က ရှာမှာလဲ ဆိုတော့ ပြည်တွင်း၊ ပြည်ပက ထောက်ခံသူတွေဆီကနေ အလှူခံကြမှာ။


နောက်...တော်လှန်ရေးက ဘယ်ချိန်အောင်မလဲလို့ မေးတဲ့အခါ ပြည်သူညီညွှတ်ရင် ၂ နှစ်အတွင်း အောင်မြင်မယ်လို့ ဆိုတယ်။ ဒါဆို မေးစရာရှိလာတာက ဒီ ၅ နှစ်ကျော် ကာလအတွင်းမှာ လူငယ်တွေက ကိုယ့်ဘဝတက်လမ်းတွေတောင် အကုန်စွန့်လွှတ်ပြီး CDM လုပ်ပေးခဲ့ကြ၊ ကျောင်းတွေ သပိတ်မှောက်ခဲ့ကြ၊ နိုင်ငံထဲက ထွက်ခဲ့ကြ၊ အလှူခံနည်းပေါင်းစုံနဲ့ အလှူခံတာကိုလည်း ထည့်ပေခဲ့ကြ၊ EAO တွေဆီမှာလည်း ကျွန်ခံပြီး စစ်ပညာသင်ခဲ့ကြတာတွေက NUG အတွက် မလုံလောက်သေးဘူးလားလို့ ပြန်မေးရမလိုပဲ။


ခုအဖြေမှာလည်း ပြည်သူညီညွှတ်မှ အောင်မြင်မယ်လို့ မယုတ်မလွန်ဖြေထားတယ်။ တကယ်လို့ မအောင်မြင်ခဲ့ရင် ပြည်သူမညီညွှတ်ကြလို့ပါလို့ လက်ညိုးထိုးလိုက်ရုံပဲ။


ဆိုတော့...ဒီ ၅ နှစ်အတွင်းမှာ အသက်တွေ၊ ဘဝတွေလည်း ပေးပြီးခဲ့ကြချိန်၊ နိုင်ငံထဲက တချို့ မြို့တွေကိုသိမ်းပိုက်နိုင်ခဲ့လို့ အခွန်ဆက်ကြေး သိန်းရာချီ၊ ထောင်ချီ ရသွားခဲ့ချိန်(မြို့သိမ်းနိုင်လို့ နိုင်ငံပိုင် ပိုက်ဆံတွေ ရသွားတာရှိသလို၊ မိုးကုတ်နဲ့ မတ္တရာလိုမျိုး ဒေသမှာ ရွှေ ပိဿာနဲ့ချီပြီး ဆက်ကြ အခွန်ရခဲ့ကြတာတွေ) ၊ PDF အများစုက အလင်းမဝင်သေးဘဲ တော်လှန်ရေးကို အားစိုက်ခဲ့ကြချိန်မှာတောင် မအောင်မြင်ခဲ့ကြတာ၊ ခု ဇင်မာအောင်ပြောတဲ့ အချိန် ၂ နှစ်က ဖြစ်နိုင်စွမ်း ရှိ၊ မရှိဆိုတာ ခေါင်းပါရင်တော့ သိကြမှာပဲ။


ခုဆို....NUG ရဲ့ တိုင်းစစ်ဌာနချုပ်က အသိမ်းခံလိုက်ရသလို မြေပြင်မှာ ပြစရာ သိမ်းထားတဲ့ မြို့လည်း မရှိတော့ဘူး။ စစ်ရေးအရ တပ်ကို ယှဉ်နိုင်တဲ့ ပါဝါ မရှိတော့ဘူး။ ၁၀၂၇ လှိုင်းကို အပြန်အလှန်စီးခဲ့ကြတဲ့ မြောက်ပိုင်း မဟာမိတ်ကလည်း NUG ကို အစိုးရလို့ကို မသတ်မှတ်ထားဘူး။ စစ်ရေးမှာ မအောင်မြင်လို့ နိုင်ငံရေးမှာ အောင်မြင်ရဲ့လားလို့ မေးရင်.....NUG ရဲ့ ဦးဆောင်မှုက နိုင်ငံရေးမှာပါ မအောင်မြင်တော့လို့ KIA ၊ KNPP၊ KNUနဲ့ CNF တွေပါတဲ့ SCEF ဆိုတဲ့ အမည်သစ်နဲ့ ခေါင်းတစ်ခုပြောင်းထားကြရုံပဲ ရှိတယ်။


ခြုံကြည့်လိုက်ရင်......NUG ရဲ့ တိုင်းစစ်ဌာနချုပ်က မြေပြင်မှာ ပူပးနွေးနွေး အသိမ်းခံနေရချိန်၊ ကိုရီးယားမှာ ဒေါ်လာ သန်း ၃၀၀ ရဖို့ ခေါင်းစဉ်တစ်မျိုးနဲ့ ခွက်ခေါက်နေတာက ယုတ္တိတန်ရဲ့လား ဆိုတာ သုံးသပ်ဖို့ ကောင်းတယ်။



(နရီမိုး)
👍313❤53🥴7🔥3🤔2👎1😎1
နိုင်ငံရေးက အရေးမကြီးဘူးလား ဆိုတော့ မဟုတ်ဘူး။ နိုင်ငံရေးတချက်ကောင်းရင် စစ်ရေးအနိုင်အရှုံးဆိုတာက ကြွေတလှည့်ခုန်စရာ လောက်ပဲ ရှိတယ်။ ဒါက နိုင်ငံရေးကို ပီပီပြင်ပြင် ကစားနိုင်ရင် ပြောတာ။


ဒါပေမယ့် လက်ရှိ ၁၀၂၇ က စလိုက်တဲ့ ပြဿနာက မြန်မာ့ဖက်ဒရယ်ကို ပုံစံ တစ်မျိုး ပြောင်းသွားစေတယ်။ ဒါက ဘယ်လိုမှ လက်သင့်ခံပေးလို့ မရတဲ့ ပြဿနာပဲ။ ပင်လုံက အစပြုခဲ့ကြတဲ့ ဖက်ဒရယ်က နိုင်ငံတကာ ဆက်ဆံရေးအထိ ကျယ်ပြန့်သွားတာကို ဘယ်လိုမှ လက်သင့်ခံပေးစရာလို့ မမြင်မိဘူး။ ယုတ်စွအဆုံး မြန်မာ့ငြိမ်းချမ်းရေးက နိုင်ငံကြီးတွေ ဝင်ကူမှ အဆင်ပြေမယ့် ပုံစံမျိုးအထိတော့ မရောက်သင့်ဘူးလို့ပဲ မြင်မိတယ်။ ဒါက ပြည်တွင်းနိုင်ငံရေး ပြဿနာပဲ။ နိုင်ငံကြီးတွေက ဟိုလိုလုပ်ပါ၊ ဒီလို လုပ်ပါလို့ ပြောခွင့်ကို မရှိဘူး။ သို့သော် စေတနာပါတဲ့ ‌ကြားဝင်စေ့စပ်မှုမျိုးက ပုံစံတစ်မျိုးပါ။


နောက်တစ်ချက်က........နိုင်ငံရေးကို တန်းတူ ပုခုံးချင်း ယှဉ်လာတာက စစ်ရေးပဲ။ လက်ရှိ မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံက အမြင့်ဆုံးပဲ။ ဒီစာအုပ်ကို ကျော်ပြီး အထူးဒေသတွေ ဖွဲ့နေတဲ့ လုပ်ရပ်က ဒို့တာဝန် အရေး ၃ ပါးကို ကျော်လွန်နေတာ တွေ့နိုင်တာပဲ။ လက်ရှိ ကိုးကန့်တွေ ဆောင်ရွက်သမျှ၊ မြို့နာမည်ချိန်း၊ ဘာသာ စကား အတင်းသွတ်သွင်း၊ အထူးဒေသ အိမ်ထောင်စု စာအုပ်တွေလုပ်၊ အုပ်ချုပ်ရေး ယန္တရားကို အတင်းအကြပ် ပုံစံသွင်း၊ စစ်မှုမထမ်း မနေရ စရိုက် လုပ်လာတာက နယ်မြေခံတစ်ခုမှာ နေထိုင်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးကိုရော မထိခိုက်ဘူးလားပေါ့။



ခုန ပြောနေတဲ့ အထူးဒေသ ၁ ကို ဖွဲ့စည်းပုံမှာ နှင်းအပ်ထားတဲ့ လောက်ကိုင်နဲ့ ကုန်ကြမ်းကို ကျော်လွန်ပြီး သတ်မှတ်တာက‌လည်း ဖွဲ့စည်းပုံကို ကျော်လွန် ဖောက်ဖျက်တာ ဖြစ်လို့ အချုပ်အခြာ အာဏာကိုရော ဖောက်ဖျက်တာ မဟုတ်ဘူးလားဆိုတဲ့ မေးခွန်းတွေ ရှိလာခဲ့ပြီ။


သေချာတာကတော့ နိုင်ငံရေး သီးသန့် ကစားဖို့ ဆိုတာ....စစ်ရေးအသာစီး မရဘဲ ဘယ်လိုမှကို မဖြစ်နိုင်ဘူး။ ဥပမာ ရခိုင်ကိုကြည့်ပေါ့။ နိုင်ငံရေး အားကောင်းဖို့ ဆိုတဲ့နေရာမှာ လွှတ်တော် ၊ အစိုးရနဲ့ နိုင်ငံရေး ပါတီတွေ အသံထွက်ပြီး ဒေသခံ ပြည်သူလူထုရဲ့ ပါဝင်မှုနဲ့ တပ်မတော်ရဲ့ ပါဝါကို ပေါင်းစပ် ကစားနိုင်မှပဲ ...အဆင်ပြေလိမ့်မယ်လို့ ထင်တယ်။



(နရီမိုး)
👍422❤65👏8🥴6🔥2👎1
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏350❤22👍9🥰3
ဝါသနာဆိုတာ ကောင်းတာလည်း ရှိတာပဲ၊ဆိုးတာလည်းရှိတာပဲ...

"ဝါသနာ” ဆိုတဲ့စကားလုံးကတော့ ပါဠိစကားလုံးပဲ။

ဒါပေမယ့် မြန်မာလူမျိုးတွေ အသုံးပြုနေတာကြာလို့ မြန်မာစကားလုံးလို ဖြစ်နေတယ်။

အဓိပ္ပာယ်ကတော့ အထုံရနေတယ်၊အကျင့် ပါနေတယ်၊ဝါသနာ ထုံမွှမ်းခြင်းလို့ အဓိပ္ပာယ်ရတယ်။

“ဝါသနာ"ဆိုတာ ထုံမွှမ်းနေတယ်၊အထုံရနေတယ်။

အဲတော့“စရိုက်နဲ့ဝါသနာ”မှာ စရိုက်ဆိုတာ အဖြစ် များတဲ့အရာ။အဲဒီ အဖြစ်များတဲ့အရာတွေကဖြစ် ပါများလွန်းအားကြီးလာတဲ့ အခါမှာ မပျောက်နိုင်
လောက်အောင် စွဲသွားပြီ ဆိုလို့ရှိရင် ဒါ ဝါသနာ။

ဝါသနာကို အင်္ဂလိပ်လိုပြန်ရင်တော့ Habbitual
practiceလို့ ပြန်တာပေါ့။

Habbit-လူတွေမှာ အကျင့် ကြီး ပါနေတယ်နော်။

မြန်မာစကား မြန်မာလူမျိုးတွေပြောကြတယ်၊ “သူက ဘာဝါသနာပါတယ်၊ငါက ဘာ ဝါသနာပါတယ်”။

သီချင်းဆို ဝါသနာပါတဲ့သူက သီချင်းဆိုတယ်။အက ဝါသနာပါတဲ့သူက က,တယ်နော်။ကိုယ်ဝါသနာပါရာ လုပ်ကြတယ်။ဒါကို ဝါသနာလို့ပြောနေကြတယ်။

စိတ်ထဲမှာ လွှမ်းမိုးထားတဲ့အရာတစ်ခုကို ဝါသနာလို့ ပြောရမယ်။ ။

နောက် တစ်နည်းအားဖြင့်ပြောမယ် ဆိုလို့ရှိရင်
ဝါသနာ ဆိုတာ ဘာလဲလို့ဆိုရင် ကိုယ့်စိတ်ထဲမှာ
အဖြစ် များလာသည့်အတွက်ကြောင့် ခုနပြောတဲ့ ရာဂတို့၊ဒေါသတို့၊မောဟတို့။

အကောင်းဘက်ကဆိုရင်သဒ္ဓါတို့၊ဗုဒ္ဓါတို့၊ဝိတက်က တို့။မကောင်းတဲ့ဘက်က ရာဂ၊ဒေါသ၊မောဟ၊ဒါတွေ အဖြစ်များလာတယ်။

အဖြစ်များလာတဲ့အခါမှာ စိတ်ထဲမှာ အထုံကြီး ရလာပြီ၊အကျင့်ကြီးပါလာပြီ ဆိုလို့ရှိရင်တော့ ဒါ ဝါသနာ၊ကိလေသာရဲ့သတ္တိကို ဝါသနာလို့ခေါ်တာ။

ထင်ရှားအောင်ပြောရလို့ရှိရင် ထုံတယ်ဆိုတာ
ဘီယာပုလင်းလေးမှာ ဘီယာထည့်တဲ့ ပုလင်းလေးကို ကြည့်။

ဘီယာထည့်တဲ့ ပုလင်းလေးမှာ ဘီယာတွေကုန် သွားတဲ့အခါ ပုလင်းကိုနမ်းကြည့်လို့ရှိရင် ဘီယာ အနံ့ ကလေး ကျန်နေတယ်။

အဲဒီလိုပဲ လူရဲ့စိတ်ထဲမှာလည်းပဲ ခုနက ကိလေသာလေးတွေ ကုန်သွားသော်လည်း ရဟန္တာဖြစ်လို့ အရဟတ္တမဂ်၊အရဟတ္တဖိုလ်နဲ့ပယ်ဖျက်လို့ ကိလေသာတွေ ကုန်သွားသော်လည်းအဲဒီ ကိလေသာရဲ့ သတ္တိတွေက ကျန်နေသေးတယ်တဲ့။

အထုံလေး ကျန်နေသေးတယ်၊ဒါကို ဝါသနာလို့ခေါ် တယ်။

အဲ- ပုထုဇဉ်တွေကျတော့ အထုံတင်မကဘူး၊အတုံး လိုက် အတစ်လိုက် ကျန်နေသေးတယ်လို့ ပြောရ
မှာပဲနော်။

အထုံရော၊အတုံးရော၊အတစ်ရော အကုန်ကျန် နေတယ်။

ကိလေသာကို ဖယ်ရှားတဲ့အခါမှာ မြတ်စွာဘုရားတစ်ပါးသာလျှင် ကိလေသာကို ဖယ်ရှားရင် ဝါသနာ ပါ ဖယ်ရှားလို့ရတယ်။

ဆိုပါစို့၊ရဟန္တာပုဂ္ဂိုလ်တွေလည်း“ရာဂ”ကို ပယ်
တာပဲ။

မြတ်စွာဘုရားလည်း “ရာဂ” ကို ပယ်တာပဲ။ပယ် တဲ့အခါမှာ အရဟတ္တမဂ်နဲ့ ပယ်ကြတာပဲ။

သို့သော် ရဟန္တာပုဂ္ဂိုလ်တွေရဲ့ အရဟတ္တမဂ်က ကိ လေသာတွေ ကို ပယ်နိုင်သော်လည်း ကိလေသာရဲ့ သတ္တိဆိုတဲ့ ဝါသနာကိုတော့ ပျောက်အောင်မလုပ်နိုင်ဘူး၊ကျန်နေသေးတယ်တဲ့။

မြတ်စွာဘုရားကျတော့ အဲဒီလို မဟုတ်ဘူး။ကိလေ သာ ပယ်လိုက်လို့ရှိရင် အနံ့အသက်၊ဝါသနာပါ မကျန်အောင်၊သဲလွန်စရှာမရအောင် ဝါသနာနဲ့တကွ ကိလေသာတွေကို ပယ်တယ်။ ။

အဲဒီတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ရဲ့ အရဟတ္တမဂ်က ကိလေသာကို ပယ်တဲ့နေရာမှာ
ရဟန္တာပုဂ္ဂိုလ်တွေရဲ့ အရဟတ္တမဂ်ထက်အစွမ်းထက်
တယ်လို့ပြောတာ။

အဲဒီလို အစွမ်းထက်လို့ အရဟတ္တမဂ် ဖြစ်ပေါ်လာပြီးတဲ့နောက်မှာ ကိလေသာရဲ့ သတ္တိ တွေဆိုတာ မြတ်စွာ ဘုရားရဲ့သန္တာန်မှာ သဲလွန်စ ရှာမရလောက်အောင် အနံ့အသက်ပါမကျန်အောင် ပျောက်
ကင်းသွားတယ်။

အဲ- ရဟန္တာပုဂ္ဂိုလ်တွေကျတော့ ကိလေသာ အနံ့ အသက်လေးတွေ ကျန်နေတော့ ပုထုဇဉ်ဘဝတုန်းက အမူအကျင့်လေးတွေပါ တွေ့နေကြရတယ်တဲ့။

အဲဒီတော့ ဝါသနာဆိုတာ ကောင်းတာရှိသလို
ဆိုးတာလည်းရှိတာပဲ။

စရိုက်နဲ့ဝါသနာမှတ်သားထားဖို့ လိုအပ်တဲ့အရာပဲ။

ငါ့မှာဘာစရိုက်ရှိလဲ၊ငါ့မှာဘာဝါသနာတွေ ရှိနေသ လဲ။

ကောင်းတဲ့ စရိုက်လား၊ကောင်းတဲ့ဝါသနာလား သိဖို့လိုတယ်။

ပြုလုပ်ပါ များလာလို့ရှိရင် ဝါသနာအဆင့် ရောက် လာတယ်ဖယ်ရှားဖို့ ခက်ခဲလာတယ်ပေါ့။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
🙏320❤33👍15
This media is not supported in your browser
VIEW IN TELEGRAM
အရှိတရားကို သုံးသပ်ရရင်....ရခိုင်မှာ တပ်ရဲ့ ဒရုန်းသုံးနိုင်မှုက AA ထက် ပိုများသလို စစ်ရေးအလှည့်အပြောင်းအတွက်လည်း အတော်လေး သက်ရောက်မှု ကြီးခဲ့တယ်လို့ ပြောလို့ရတယ်။


လက်ရှိ ငပြီကျွန်းမှာလည်း အဓိက ထိန်းသွားတာ...ဒရုန်းစစ်ဆင်ရေးပဲ။ ဒရုန်းကြောင့် ကန်ဘောင်နဲ့ လယ်ကန်သင်းရိုးဘောင်ပေါ်က မြေခွေးကျင်းနဲ့ ဘန်ကာတွေကို ကိုယ့်ဘက်က အထိအခိုက်မရှိဘဲ အေးရာအေးကြောင်း ရခဲ့တာ တွေ့ရတယ်။


ဒရုန်းရဲ့ အားသာချက်က ခပ်ဝေးဝေး ကင်းထောက်နိုင်သလို....ပစ်မှတ်တိတိကျကျကိုလည်း ဖျက်စီးပစ်နိုင်တာ တွေ့ရတယ်။

ဒါတောင် ရခိုင်မှာ အုပ်လိုက် ဗျင်းတဲ့ footage တွေ မတွေ့ရဘူး။ စစ်ဦးဘီလူး ဆိုတဲ့အတိုင်း ဒရုန်းတွေကို ၁၀ စင်း ပတ်ခြာလည်လောက်နဲ့ ဗျင်းနိုင်ရင်....ပို အရွေ့ဖြစ်သွားနိုင်တယ်။

တစ်ဖက်မှာ ရိက္ခာ အဝင်အထွက်နဲ့ ဆေးမကုနိုင်အောင်လည်း လမ်းကြောင်းတွေ ဖြတ်တောက်ဖို့ လိုမယ်။ ဆိုလိုတာက ...ပုဏ္ဏားကျွန်းကို တိုက်နေရင် ပုဏ္ဏားကျွန်းကို စစ်ကူလာနိုင်မယ့် လမ်းကြောင်းတွေ ကြိုပြီး ဖြတ်တောက်ထားနိုင်ဖို့ အရေးကြီးတယ်။ စစ်မြေပြင်မှာ ရိက္ခာက ဆန့်စားနိုင်ပေမယ့် ခဲယမ်းပြတ်သွားရင် သေနတ်က တုတ်သာသာ အနေအထားပဲ။


(နရီမိုး)
👍339❤40👏30👎1🥴1
မြန်မာပြည်က စီးပွားရေး လုပ်ငန်းရှင်တွေကို ပန်းစည်းယူမလား ၊ ပန်းခွေ ယူမလားဆိုပြီး ကိုရီးယားမှာ လုပ်တဲ့ SCEF အခမ်းအနားမှာ တင်ထွန်းနိုင်က ပြောခဲ့တယ်။


အတော်လေး အရှက်တရား မရှိတဲ့ ပြောဆိုမှုလို့ပဲ ဆိုရမယ်။ ကြည့်ရတာ သူတို့ ပြောတဲ့ ဒေါ်လာ သန်း ၃၀၀ ပြည့်ဖို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တွေက စိုက်ထုတ်ပေးရမယ့် သဘောမျိုး ခြိမ်းခြောက်နေတာကတော့ အတော်လေး ယေက်ျား မဆန်ဘူးလို့ ပြောရမယ်။


ဒီ ၅ နှစ်တာကာလ တစ်လျှောက်လုံး NUG ဘာလုပ်ခဲ့သလဲ ၊ နောက်ဆုံး ဘာရလဒ်တွေ ရခဲ့ပြီးပြီလဲ ဆိုတာ အားလုံးက စောင့်ကြည့် နေခဲ့ကြတာပဲ။ စစ်မြေပြင်မှာလည်း စစ်ကို တူတူတန်တန် မလုပ်နိုင်၊ EAO တွေအပေါ် နိုင်ငံရေး ဩဇာ ရှိသလား ဆိုပြန်တော့လည်း မဟုတ်။ အရင်လို လူထု အားနဲ့ ရုန်းပြရအောင်ကလည်း ဒီ ၅ နှစ်တာကာလ ထောက်ပို့ လုပ်ခဲ့သမျှ ဘာမှ ဖြစ်မလာခဲ့တာကို ပြည်တွင်း၊ ပြည်ပ ကလည်း သိနှင့် နေခဲ့ကြပြီးသား။


ဒါတောင်...သူတို့ဘဝ ရှင်သန်ရေးအတွက် SCEF ကို ခုတုံးလုပ်ပြီး ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ ခြိမ်းခြောက်ပြီး ခွက်လှမ်းခေါက်နေသေးတယ်။ လိုချင်တဲ့ ....ဒေါ်လာ သန်း ၃၀၀ ပြည့်ဖို့ဆိုတာ ထုံးထိုင်း နဲ့ ထမိန်ခြုံတွေ ထည့်မှပဲ ပြည့်လိမ့်မယ်။ ဒါတောင် ကြားထဲက လော်ဘီတွေ ဖျံကြထားတဲ့ ခွက်ခေါက် ကိစ္စတွေ မပါသေးဘူး။ ခုလည်း အလှူခံလို့ ရရင်ရ၊ မရရင် သတ်မယ် ဆိုတာမျိုးကိုတော့ SCEF ဆီမှာ နိုင်ငံရေးအရ ဂုဏ်သိက္ခာတောင် မရှိတော့တဲ့ အနေအထား ရောက်သွားပြီလို့ သတ်မှတ်ရတော့မှာပဲ။


(နရီမိုး)
👍342❤38🤬11👏3🥴3👎2