နရီမိုး
35.5K subscribers
3.57K photos
144 videos
113 links
Download Telegram
ဘယ်လုပ်ငန်းမဆို...ပြည်သူပေးတဲ့ Feedback ဆိုတာ ရှိတယ်။ အဲ့ဒီ Feedback ကောင်းရင်း တကူးတက ကြော်ငြာလည်း ရိုက်စရာမလိုဘူး။ ကိုယ့်စီးပွားရေးကို အားပေးပါဆိုပြီး တကူးတက လုပ်ယူနေစရာ မလိုဘူး။


အဓိက စေတနာ ကောင်းဖို့ လိုတယ်။ System မှန်ဖို့ လိုတယ်။ System မှန်ရင် နေရာတစ်ခုမှာ ဘယ်သူပဲ လာလာ၊ ဒီလူမရှိလို့ မဖြစ်ဘူးဆိုတဲ့ ပြဿနာတွေလည်း နည်းသွားတယ်။


အစိုးရဆိုရင်လည်း ကိုယ်လုပ်နေတဲ့ Process က မှန်၊ မမှန်ဆိုတာ ခုလို ခေတ်မှာ တကူးတက စစ်တမ်းကောက်နေစရာတောင်မလိုဘူး။ သတင်းတစ်ပုဒ်ရဲ့အောက်မှာ ပြည်သူပေးတဲ့ Feedback တွေကိုသာ အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့သာဖတ်။ ပြီးရင် ဘာလုပ်သင့်သလဲ ဆိုတာ ပညာရှင်တွေနဲ့ Dialogue လုပ်။ ဒါဆို အမှားနည်းတယ်။ နေရာတကာကို မူဝါဒ ဆိုတဲ့ ပေတံနဲ့ လိုက်တိုင်းနေရင် ပြည်သူနဲ့ အစိုးရကြားမှာ ယုံကြည်မှု ပျောက်သွားနိုင်တယ်။


ခုယာဉ်လိုင်းရဲ့ ပြဿနာကလည်း ပိုင်ရှင်အနေနဲ့ အောက်ခြေက ပြဿနာကို မဖြေရှင်းနိုင်ရင်...၊ ဒီလို ပြဿနာကို အသေးအဖွဲပါလို့ လစ်လျူရှုထားလိုက်ရင် သေချာတယ် စီးပွားပျက်မှာပဲ။ နိုင်ငံရေးမှာလည်း အထက်က မူဝါဒ ကောင်းတွေ ချပေးနေပါရက်နဲ့ အောက်က ကပေါက်တိကပေါက်ခြာ လုပ်နေရင်...အစိုးရ ပုံရိပ် ထိခိုက်မှာပဲ။



(နရီမိုး)
👍378❤77🥴2👎1🥰1
သက်ဆိုင်ရာ အဖွဲ့အစည်း၊ တင်ဒါအောင် ကုမ္ပဏီ ၊ ရုံးလုပ်ငန်းသုံး စည်း တံဆိပ်တွေ မပါရင်...


အလွဲသုံးစား ပြဿနာတွေ၊ လုပ်စားအဖွဲ့အစည်းတွေ ပေါ်လာနိုင်ခြေ ရှိသေးတယ်။



(နရီမိုး)
👍360❤37🥴3✍1👎1🤬1😍1
သော်လဲထ ဆိုတာက မြန်မာနဲ့ ထိုင်း ကြားမှာ ချောင်း တစ်ခုပဲခြားတယ်။ အလွန်ဆုံး ဝေးလှ မီတာ ၁၀၀ ပေါ့။ ဟိုဘက်၊ ဒီဘက်လည်း လှမ်းမြင်နေရတဲ့ အနေအထားရှိတယ်။


KNU ကတော့ ထုံးစံအတိုင်း နယ်စပ်မျဉ်းပေါ် စခန်းချရင် တပ်က ဘာမှ လုပ်မရဘူးလို့ တွေးထားပုံရတယ်။ ဒီကြားထဲလည်း ထိုင်းဘက်က ကုန်သည်တွေနဲ့ နယ်စပ်ကုန်သွယ်ရေးပုံစံ လုပ်နေတာလည်း ကြာလှပြီ။


ဒါပေမယ့် ဒီဘက်ကာလတွေမှာ ထိုင်း-မြန်မာ ဆက်ဆံရေးက G t G ပြောင်းနေပြီ ဆိုတာကို သဘောမပေါက်ကြတာပဲ။ အစိုးရနဲ့ တပ်ဘက်ကလည်း KNU ကို ဆက်ဆံတာတွေ မလုပ်ဖို့ သတိပေးထားတယ်။ သတိပေးထားပါရက်နဲ့ ဖြစ်လာရင်...တာဝန်မယူဘူးပေါ့။ စာထဲမှာလည်း လိုအပ်သလို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ကူ ယူပြီး တိုက်မယ်လို့ ဆိုထားတယ်။ ဒါ့ကြောင့်လည်း ထိုင်းဘက်က တရားမဝင် နယ်စပ်ကုန်သွယ်ရေး လုပ်နေတဲ့ ဂိတ်တွေကို လက်ရှိ တပတ်လောက်ပိတ်မယ်လို့ ကြေညာထားတာ။


သော်လဲထ ကို တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ချိန်မှာ...ချောင်းတစ်ခုသာ ခြားတဲ့ စခန်းတစ်ခုကို တိုက်လေယာဉ်ရဲ့ အမြန်နှုန်းနဲ့ အမြင့်ပေအရ တိတိကျကျ တိုက်နိုင်ခဲ့တာကလည်း လေယာဉ်မှူးတွေရဲ့ ကျွမ်းကျင်မှုပဲ။ ထိုင်းဘက်က ထိခိုက်မှုရှိတယ် ဆိုတာကလည်း အမှုန်အမွှား စင်တာလောက်ပဲ ရှိတယ်။


ထိုင်း ဝန်ကြီးချုပ်ကိုယ်တိုင်....ထိုင်း မြေပြင် တပ်မှူးတွေကို ဒါက မြန်မာ့ပြည်တွင်းရေးသာ ဖြစ်တယ်။ ထိုင်း တပ်မတော်နဲ့ ထိုင်းပြည်သူနဲ့ မသက်ဆိုင်ပါဘူးလို့ ထုတ်ပြောပုံ ထောက်ရင်...ကျန်တာ ဆက်စပ် စဉ်းစားကြည့်ပေါ့။ သေချာတာကတော့ အရှေ့ဘက်က ကမ္ဘောဒီးယား၊ အနောက်က မြန်မာဆိုတဲ့ ပဋိပက္ခမျိုးတော့ ဘယ်အစိုးရ မှ မဖန်တီးဘူး မလား။



(နရီမိုး)
👍514❤105👏20🥰2🥴2👎1
ရုရှား–မြန်မာ–ထိုင်း စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ်အလားအလာ


ဧပြီ ၁၆–၁၇၊ ၂၀၂၆

မြန်မာနှင့် ရုရှားအကြား ရေနံစိမ်း၊ ရေနံထွက်ပစ္စည်း၊ LNG၊ LPG တင်သွင်းရေးနှင့် စွမ်းအင်နည်းပညာဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ရုရှား၏ RC Investments နှင့် ပူးပေါင်းဆောင်ရွက်ရေး MoC လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် Dawei တွင် LNG Terminal၊ ရေနံချက်စက်ရုံနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်။


- ဩဂုတ် ၁၈၊ ၂၀၂၆

ရုရှားသမ္မတ ပူတင်နှင့် မြန်မာသမ္မတ မင်းအောင်လှိုင်တို့ မော်စကိုတွင် တွေ့ဆုံခဲ့ပြီး ရေနံချက်စက်ရုံ၊ ဟိုက်ဒရိုကာဗွန်ရှာဖွေရေး၊ LNG တင်ပို့ရေးနှင့် အခြားစွမ်းအင်စီမံကိန်းများကို ဆွေးနွေးခဲ့ကြသည်။

- အောက်တိုဘာ ၂၀၊ ၂၀၂၆

မြန်မာနှင့် ထိုင်းတို့အကြား သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု၊ ရေအားလျှပ်စစ်၊ ပိုက်လိုင်းအသုံးချမှုနှင့် ဒေသတွင်းဓာတ်အားကူးသန်းရောင်းဝယ်ရေးကို ဆွေးနွေးခဲ့သည်။ Dawei ဒေသကို အခြေခံသည့် မြန်မာ–ထိုင်း–ရုရှား သုံးနိုင်ငံစွမ်းအင်ပူးပေါင်းရေး အလားအလာကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။


- နိုဝင်ဘာ ၁၊ ၂၀၂၆

မြန်မာလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်သည် ထိုင်းစွမ်းအင်ဝန်ကြီး Akanat Promphan နှင့် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Maxim Reshetnikov တို့နှင့် သီးခြားတွေ့ဆုံခဲ့သည်။ အဓိကအားဖြင့် ရုရှားမှ LNG ကို မြန်မာနိုင်ငံသို့ တင်သွင်းပြီး မြန်မာနှင့် ထိုင်းတို့အကြား မျှဝေသုံးစွဲနိုင်ရေး၊ Dawei ဒေသတွင် LNG Terminal တည်ဆောက်ရေးနှင့် ရှိပြီးသား ပိုက်လိုင်းအခြေခံအဆောက်အအုံများ အသုံးချရေးတို့ကို ဆွေးနွေးခဲ့သည်။



https://t.me/+fL8r97SBGP4xY2U1


(နရီမိုး)
❤247👍217🥰3👎2
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏423❤28👍8👏6
ဘုရားစာရွတ်နေပြီဆိုရင်တော့ ဘုရားစာရဲ့ အဓိပ္ပာယ်ကို သိရှိနားလည်ပြီး ရွတ်မယ်ဆိုရင် ပိုပြီးတော့ တန်ဖိုးရှိမယ်။ အဲဒီလို မသိဘူး၊ ဘုရားစာအနေနဲ့ ပူဇော်တဲ့အနေနဲ့ ရွတ်တယ်ဆိုရင်လည်း အကျိုးမရှိဘူးတော့ မဟုတ်ဘူး။ အကျိုးရှိတယ်။ ဆိုလိုတာက အဓိပ္ပာယ်ကို နားလည်ပြီးရွတ်ရင် ပိုအကျိုးရှိတယ်။ ဥပမာ ပရိတ်တရားတော်ထဲက မေတ္တသုတ်မှာ ...

မာတာ ယထာ နိယံပုတ္တံ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

မိခင်ဟာ တစ်ဦးတည်းသော မိမိရဲ့ ရင်သွေး သားငယ်အတွက် အသက်ပေးပြီးတော့ စောင့်ရှောက်သလို သတ္တဝါတွေ အားလုံးအပေါ်မှာ မိခင်မေတ္တာမျိုး ထားနိုင်အောင်ကြိုးစားပါလို့ ဒီလိုဆိုတယ်။

အဲဒီအဓိပ္ပာယ်လေးကို နားလည်ပြီး ရွတ်မယ်ဆိုရင် အဲဒီအတိုင်း သဘောပေါက်ပြီး လိုက်နာကျင့်သုံးနိုင်တာဖြစ်လို့ ရွတ်မယ်ဆိုရင်တော့ စိတ်ကို မိမိ အဓိပ္ပာယ်ပေါ်မှာ ထားပြီး ရွတ်ရင် ပိုကောင်းတယ်။

ပုတီးစိတ်ချိန်၌ စိတ်ကို ဘယ်လိုထားရမလဲဆိုတာကျတော့ ပုတီးစိတ်တာက ဘုရားဂုဏ်တော်နဲ့ ပုတီးစိတ်တယ်ဆိုရင် ဘုရားဂုဏ်တော်ပေါ်မှာ ကိုယ်စိတ်နေတဲ့ ဂုဏ်တော်ပေါ်မှာ စိတ်ရောက်ဖို့က အရေးကြီးတယ်။ ပုတီးလုံးပေါ်မှာ စိတ်ရောက်တာက သိပ်ပြီး တန်ဖိုးမရှိဘူး။ ပုတီးဆိုတာ ဂုဏ်တော်ပေါ်မှာ စိတ်ရောက်တဲ့အကြိမ် ဘယ်လောက်ရှိသလဲဆိုတာ မှတ်တမ်းတင်ဖို့သာ ပုတီးကို အသုံးချတာဖြစ်တယ်။

ပုတီးလုံးပေါ်နဲ့ အရေအတွက်အပေါ်မှာ စိတ်ရောက်တာကတော့ သိပ်တန်ဖိုးမရှိဘူး။ ဘုရားရဲ့ ဂုဏ်တော်ပေါ်မှာ စိတ်ရောက်အောင် လုပ်ပြီးတော့ ပုတီးစိတ်သင့်တယ်။

- ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ -
🙏415❤49👏5👍3
ပထမဆုံး တွေ့ရတဲ့ အချက်က လုံခြုံရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေးကို ဦးတည်ထားတယ်။
သဘောက အွန်လိုင်းငွေလိမ်ဂိုဏ်း၊ မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တွေကို မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး နှိမ်နင်းမယ်ဆိုတဲ့ အနေအထား။ နယ်စပ်ဖြတ်ကျော်ဆိုတဲ့ နေရာမှာ အမေရိကန်ကို ရောက်နေတဲ့ ဗီဇာသက်တမ်းကုန် သမားတွေကို မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုတဲ့ ရည်မှန်းချက် ရှိတာ တွေ့ရတယ်။


ဒုတိယအချက်က ကုန်သွယ်ရေးနဲ့ အမေရိကန်ရဲ့ အကျိုးစီးပွား။ ဒေါ်လာ ၅ သန်းစီတန်ဖိုးရှိမယ့် ရင်းနှီးမြုပ်နှံမှု ၃ ခု လုပ်မယ်။ ၂၀၃၀ အတွက် အမေရိကန်ကနေ ၃ ဆ အထိ တင်ပို့နိုင်ဖို့ ဆောက်ရွက်မယ်။ စီးပွားရေးအတွက် အမေရိကန် ကုန်သည်ကြီးများ အသင်းနဲ့ တိုက်ရိုက် ချိတ်ပြီး ဆောင်ရွက်မယ်။


တတိယ အချက်က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးမှာ ဝင်ပါမယ်။ ၂၀၃၀ မှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်ဆီကို ဦးတည်နိုင်မယ့် အပစ်အခတ်ရပ်စဲရေး ရရှိဖို့ ပံ့ပိုးမယ်။ အသေးစိတ်မှာ ဘဏ္ဍာရေး ဖက်ဒရယ်နဲ့ နယ်မြေသတ်မှတ်ရေးတောင် ပါတယ်။


နောက်ဆုံးအချက်က အမေရိကန်ရဲ့ သံခင်းတမန်ခင်း လမ်းကြောင်းနဲ့ စီးပွားရေးဆက်ဆံမှုကို တိုးချဲ့မယ်။ လူသားချင်းစာနာမှု ခေါင်းစဉ်အောက်ကနေ လူ ၃ သန်း ထောက်ပံ့နိုင်ဖို့ ကြိုးစားမယ်။


ခြုံကြည့်လိုက်ရင်တော့...မြန်မာနိုင်ငံအတွက် အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲ လို့ ခေါင်းစဉ်တပ်ထားပေမယ့် နည်းနည်းကူပြီး များများ ဝင်ပါမယ့် အနေအထားပဲ။ အမေရိကန်လို နိုင်ငံက ဒေါ်လာ ၅ သန်းတန် ရင်းနှီးမြုပ်နှံမှု ၃ ခု ဆိုတာကလည်း ကြီးမားတဲ့ အရာလို့ ပြောဖို့ ခက်တယ်။ ပိုပြီးအံ့ဩစရာက မြန်မာ့ ငြိမ်းချမ်းရေးကို ၂၀၃၀ အထိ ဆွဲဆန့်ထားပုံကြည့်ရင်...အမေရိကန်အောက်ဆွဲ EAO တချို့ကလည်း အမေရိကန်က စည်းရုံးထားတယ် ဆိုတဲ့သဘော။


တကယ်ဆိုရင် ရှမ်းမြောက်မှာရှိတဲ့ နယ်စပ် လက်နက်ကိုင်တွေဆိုတာ တရုတ်-မြန်မာ နယ်စပ်မျဉ်းပေါ် အခြေစိုက်ထားတာ။ တရုတ်သာ ဒီထက်ပိုသဘောကောင်းရင်...ရှမ်းမြောက်က ငြိမ်သာ ကြာပြီ။ CMEC လည်း စလို့တောင် ရနေလောက်ပြီ။ လိုင်ဇာက အမေရိကန်နောက်ဆွဲ ဖြစ်စေဦးတော့ မြေရှားကို အောက်ဆိုဒ်ဈေးရနေတော့ ...KIA အပေါ် ဖိအားလည်း မပေးဘူး။ ရှမ်းမြောက်နဲ့ ကချင်မှာ ဒီထက်ပိုပြီး G t G သွားဖို့ ဆုံးဖြတ်ခဲ့ရင်....နယ်စပ်ကုန်သွယ်ရေးလည်း ပွင့်လာနိုင်သလို အမေရိကန်တောင် အခွင့်အရေး ရမှာ မဟုတ်ဘူး။

မြန်မာ့နိုင်ငံရေးက တကယ့်ကို ခန့်မှန်းရခက်စေတဲ့ အချိုးအကွေ့တစ်ခုကို ရောက်နေတာ်လို့ပဲ ဆိုရမလား။ ‌ကျွဲ ၂ ကောင်ကြား မြေဇာပင် မဖြစ်ဖို့ပဲ ကြိုးစားရတော့မယ် ထင်တယ်။


(နရီမိုး)
👍452❤75🙏4🥴4🤝4👎3😐3✍1
မနေ့က တက်လာတဲ့ သတင်းမှာ AA နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲက ဆိုင်းဟာခရိုင်ထဲက ယာဉ်လိုင်းတွေနဲ့ MoU သဘောမျိုး သဘောတူညီချက် လက်မှတ် ရေထိုးခဲ့တယ်ဆိုတာလည်း တွေ့ရတယ်။


တကယ်တော့ AA ရဲ့ လက်ရှိ ထွက်ပေါက်က ပလက်ဝ ပဲ။ ပလက်ဝကနေ ကုလားတန်မြစ်ကိုသုံးပြီး မီဇိုရမ်ကနေ ဆေးဝါးနဲ့ ရိက္ခာတွေ ရနေခဲ့တာလည်း ကြာပြီ။

AA အကြောင်းပြောရင်း ပလက်ဝ ပါလာတဲ့အခါ ချင်းတွေရဲ့ မညီညွှတ်မှုကလည်း မပြောမပြီးတဲ့ အနေအထားပဲ။ တပ်မတော်ဆီက လွတ်မြောက်ဖို့ ဆိုပြီး အထူအပါး နားမလည်တဲ့ ချင်းလူလည်တွေက AA ကို ပလက်ဝ ဆီ ခေါ်ချလာတယ်။ ကုန်သွယ်ရေးအရလည်း အရေးပါသလို အခွန်ဆက်ကြေးနဲ့ လူသစ်စုဖို့ကအစ အကုန်အဆင်ပြေလေတော့ AA လည်း ပလက်ဝက ရခိုင် အပိုင်ဆိုတဲ့ သဘောမျိုး သိမ်းလိုက်ပြီ။ ချင်းတွေ ဘာသံမှ မထွက်နိုင်ဘူး။


ဒီသတင်းနဲ့ပတ်သက်ရင် အစိုးရအနေနဲ့လည်း အသံထွက်ဖို့ လိုမယ်ထင်တယ်။ AA နဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ခွင့်မရှိတဲ့အကြောင်း တရားဝင် ကန့်ကွက်စာတွေ ထုတ်သင့်တယ်။ ဒါမှလည်း အိန္ဒိယအစိုးရက မီဇိုယမ်ကို ထပ်ဆင့် အကြောင်းကြားပေါ့။ ခက်တာက ...ဒီ ပြည်နယ် ၇ ခုကလည်း ဗဟို အာဏာ တိုက်ရိုက်ရောက်ဖို့ ခက်တယ်။ သတိပေးစာထုတ်ပြီးရင်တော့ လုပ်သင့် လုပ်ထိုက်တာလုပ်ပေါ့။ မဟုတ်ရင်...တရားမဝင် ကုန်သွယ်မှု ရနေသမျှ ရခိုင်ပြည်နယ်ရဲ့ ထိုးစစ်က တန့်နေမှာပဲ။ လိုအပ်တဲ့ ဆေးဝါးနဲ့ရိက္ခာက ဒီက ရနေမှာကိုး။


ပလက်ဝ နဲ့ပတ်သက်ရင် ကျင်ဒွေးက တက်လာမယ့် စစ်ကြောင်းပဲ တချက်မျှော်ရမှာပဲ။ အပေါ်မှာ မတူပီနဲ့ မင်းတပ် ရှိမယ်။ မတူပီကြားမှာ စမီး ရှိမယ်။ ကျောက်တော်နဲ့ ပလက်ဝ ဘယ်ဟာ အရင်ရွေးမလဲပေါ့။ LoC ဖြတ်ဖို့ လိုပါတယ်။ မီးမလာရင် အစိုးက အဆဲခံရသလိုပေါ့။ ငတ်ပြီး လေကြောင်းတိုက်ခိုက်မှု စိပ်လာရင်....AA အုပ်ချုပ်ရေးစနစ်အပေါ် မေးခွန်း ထုတ်လာပါလိမ့်မယ်။



(နရီမိုး)
👍413❤74🥴3👎1😎1
ရန်ကုန်မှာ ၂ နိုဝင်ဘာ ၁ ရက်ကစပြီး ဇုန် ၈ ဇုန်မှာ ယာဉ်ရပ်နားခ ကောက်ခံလာတဲ့ကိစ္စအပေါ် မှတ်ချက်ပေးသံတွေ အများအပြား ထွက်လာတာတွေ့ရတယ်။

ဒီနေရာမှာ မဖြစ်မနေ သတိပြုရမှာက ဥပဒေကြောင်းဆိုင်ရာ ပြဋ္ဌာန်းချက်လည်း ရှိနေတာတွေ့ရတယ်။ ၁၉၉၉ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအပြင် ကြားကာလ အစိုးရ အဆက်ဆက်မှာလည်း မူရင်း ဥပဒေကို အတည်ပြုခဲ့ကြတာလည်း ရှိနေတယ်။ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၃၁ မှာလည်း ကော်မတီအနေနဲ့ မြို့တော်နယ်နိမိတ်အတွင်း ယာဉ်များရပ်နားရန် နေရာသတ်မှတ်တာ၊ စည်းကမ်းသတ်မှတ်ချက်ထုတ်ပြန်တာနဲ့ ကြပ်မတ်ဆောင်ရွက်ခြင်းတွေကို လုပ်နိုင်တယ်ဆိုပြီး ပြဋ္ဌာန်းထားတယ်။ ဆိုတော့ ဥပဒေကြောင်းအရ ဆိုရင် ယာဉ်ရပ်နားမှုနဲ့ပတ်သက်ပြီး စီမံခန့်ခွဲဖို့အတွက် YCDC မှာ လုပ်ပိုင်ခွင့်ရှိတာ တွေ့ရတယ်။

ဒီနေရာမှာ ဥပဒေရဲ့ မူဝါဒနဲ့ ရည်ရွယ်ချက်အပိုင်းကို ပြန်ကြည့်ရမယ်။ ရန်ကုန်မြို့လယ်က မြို့ပြအခြေခံအဆောက်အအုံနဲ့ လမ်းအကျယ်အဝန်းအရ ကန့်သတ်ချက် တွေအများကြီးရှိနေတဲ့ နေရာလို့ ပြောလို့ရတယ်။ ကားအရေအတွက် တိုးလာပေမယ့် ယာဉ်ရပ်နားနိုင်တဲ့ နေရာအရေအတွက်က အကန့်အသတ်တွေရှိနေတယ်။ အရင်အစိုးရလက်ထက်မှာ ကားဝယ်ရင် ကားပါကင်ရှိကြောင်း ပိုင်ဆိုင်မှုပြရတဲ့ ကိစ္စမျိုးရှိခဲ့ပေမယ့် အဲ့ဒီချိန်တုန်းကလည်း ပါကင်ရောင်းစား၊ အင်ထုတဲ့ ပြဿနာတွေ ရှိခဲ့တယ်။

ရန်ကုန်မှာ အဓိက စိန်ခေါ်မှုကက ကားပါကင်ကို ဘိုးဘွားပိုင်နေရာတစ်ခုလို လက်ဝါးကြီး အုပ်လာကြတဲ့ ပြဿနာ
ပဲ။ ဒီနေရာမှာ တစ်ချို့ကလည်း ကိုယ့်တိုက်ခန်းရှေ့ ကိုယ်ရပ်တာလို့ စောဒကတက်နိုင်ပေမယ့် တိုက်ခန်းရှေ့က မြေနေရာ ဆိုတာကလည်း တကယ်တော့ စည်ပင်ပိုင်မြေပဲ။ ကိုယ့်တိုက်ခန်းဧရိယာကျော်သွားတာနဲ့ စည်ပင်ရဲ့ လုပ်ပိုင်ခွင့်ဆိုတာလည်း ပြန်သတိပြုကြဖို့ လိုတယ်။

တစ်နေ့လုံး ကားပါကင်မှာ အပိုင်စီးထားတာမျိုး၊ ဆိုင်ရှေ့၊ ရုံးရှေ့နဲ့ တိုက်ခန်းရှေ့တွေမှာ ကိုယ်ပိုင်ကားပါကင် ပုံစံ နေရာယူထားကြတာမျိုးနဲ့ ကား နှစ်ထပ်ရပ်ကြတဲ့ ပြဿနာတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေလည်း ရှိနေတာ တွေ့ရလိမ့်မယ်။ နောက် လမ်းဘေး ဈေးသည် ပြဿနာနဲ့ အနှေးယာဉ် ပြဿနာလည်း ရှိဦးမယ်။

လက်ရှိထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရဆိုရင်.... နံနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ တစ်နာရီကို ၅၀၀ နဲ့ သတ်မှတ်ချိန်ကျော်လွန်ရင် မိနစ် ၃၀ အထိ ကျပ် ၃၀၀၊ မိနစ် ၆၀ အထိ ကျပ် ၅၀၀ ထပ်မံကောက်ခံမယ်လို့ သိရတယ်။ ဒီတော့ လက်ရှိ ဇုန် ၈ ဇုန်ထဲမှာနေကြတဲ့ သူတွေအနေနဲ့ တစ်နေ့ ၁၀ နာရီ ရပ်ရင် ၅၀၀၀ နဲ့ တစ်လစာအတွက် ၁ သိန်းခွဲ ထွက်မယ့်အနေအထားပဲ။

ဖြစ်သင့်တာကတော့ YCDC မှာ ဥပဒေအရ လုပ်ပိုင်ခွင့်ရှိတာမှန်ပေမယ့် တချို့ပြည်သူတွေက ဒီဥပဒေရှိမှန်းတောင် မသိကြဘူး။ မသိလို့လည်း တိုက်ခန်းရှေ့က မြေနေရာကို ကိုယ့်အပိုင်လို့ ထင်နေကြတာ တွေ့ရလိမ့်မယ်။
ပထမဆုံး ယာဉ်ရပ်နားမှုနဲ့ပတ်သက်တဲ့ ဥပဒေ၊ သက်ဆိုင်ရာလုပ် ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာနဲ့လက်ရှိကောက်ခံမှုအတွက် အတည်ပြုထားတဲ့ နှုန်းထား၊ ဇုန် ၈ ဇုန်မှာ ဘယ်‌နေရာတွေကတော့ ဘယ်ကုမ္ပဏီက တင်ဒါအရ ဆောင်ရွက်မယ် ဆိုတွေကို အချက်အလက် Information ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။

နောက်ထပ် ပြဿနာ တစ်ခုက တင်ဒါအောင်သွားတဲ့ ကုမ္ပဏီတွေရဲ့လုပ်ဆောင်ချက်က ပြည်သူနဲ့ ပွတ်တိုက်မှု ရှိလာရင်...ဒါလည်း ပြဿနာ တစ်ခုဖြစ်လာနိုင်တယ်။ ဥပမာ ခန့်ထားတဲ့ ဝန်ထမ်းတွေနဲ့ ကားပိုင်ရှင်ကြားမှာ ဆက်ဆံရေး ပြေပြစ်ဖို့ကလည်း လိုသေးတယ်။


နောက်....တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီ၊ ကောက်ခံခွင့်ရတဲ့ ကာလ ဒါတွေလည်း အရေးကြီးတယ်။ အစိုးရကို တင်ဒါအောင်ထားတာပဲ။ အောက်ခြေမှာ ငါလုပ်ချင်သလို လုပ်မယ် ဆိုရင်...ပုဂ္ဂလိက လုပ်ငန်းရှင်တွေရဲ့ တဇွတ်ထိုး အကျိုးစီးပွား ဈေးကွက်ကြီး ဖြစ်နေလိမ့်မယ်။ အကောင်းဆုံးကတော့ Digital Parking စနစ်ကို သုံးနိုင်ရင် အကောင်းဆုံးပဲ။ QR Code၊ Mobile Payment၊ အချိန်မှတ်တမ်းနဲ့ Digital Receipt စနစ်တွေ အသုံးပြုရင် ဘာမှ အငြင်းပွားစရာ ကိစ္စ မရှိတော့ဘူး။ ဇုန် ၈ ဇုန်ထဲက ကားအများကြီးပိုင်တဲ့ သူတွေလည်း ဝန်ထမ်းနဲ့ ညှိပြီး ကြိုက်ကြေးပေးတာမျိုး၊ ပါကင် အပိုင်ဝယ်တာမျိုးလည်း ကင်းသွားလိမ့်မယ်။

အဓိကကတော့ ယာဉ်ရပ်နားတာကို စနစ်တကျ ဖြစ်ချင်တာ၊ ယာဉ်ကြောပိတ်ဆို့မှု လျှော့ချချင်တာ ဆိုတဲ့ ရည်ရွယ်ချက်ကောင်းကို မပျောက်စေဖို့ပဲ အရေးကြီးတာပါ။ ယာဉ်ကြောပိတ်ဆို့တာ ဖြေရှင်းချင်လို့ ဇုန် ၈ ဇုန် ခွဲပြီး လုပ်ခါမှ အဂတိနဲ့ အငြင်းပွားမှုတွေ ထပ်ဖြစ်နေရင်....အစိုးရအတွက်လည်း ကောင်းနိုင်မယ် မထင်ဘူး။



(နရီမိုး)
👍376❤86✍3🥴2🤔1😢1
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏407❤25👍9🥰1
ဘ၀မှာ -
ကျေနပ်စရာတွေ ဆိုတာ
တခြားဟာတွေကို ပြောတာမဟုတ်ဘူး

ငါးပါးသီလရှိရင်လည်း
ကျေနပ်စရာ ကောင်းတယ်

ဘုရားဂုဏ်ကို အာရုံပြုပြီးတော့
ကြည်နူးမှုရတာလည်း
ကျေနပ်စရာ ကောင်းတယ်

တရားဂုဏ်ကို အာရုံပြုပြီးတော့
ကြည်နူးမှုရတာလည်း
ကျေနပ်စရာ ကောင်းတယ်

သံဃာဂုဏ်ကို အာရုံပြုပြီးတော့
ကြည်နူးမှုရတာလည်း
ကျေနပ်စရာ ကောင်းတယ်

ကိုယ့်သီလကိုကိုယ် ဆင်ခြင်ပြီးတော့
ကျေနပ်မှုရတာလည်း ကြည်နူးမှုရတာလည်း
ကျေနပ်စရာကောင်းတယ်

ကျေနပ်စရာ(၅)မျိုး
ဘ၀မှာ ကျေနပ်စရာတွေ

မြတ်စွာဘုရားက -
အဲဒီအချက်အလက်တွေနဲ့ ပြည်စုံရင်
နောက်ဘ၀တွက် မစိုးရိမ်နဲ့တော့

စိုးရိမ်စရာမရှိတော့ဘူး , ငရဲ မရှိတော့ဘူး
တိရစ္ဆာန်ဖြစ်ဖို့ မရှိတော့ဘူး

အခက်အခဲ ကြုံတိုင်း
အခက်အခဲ ကြုံသည်ဖြစ်စေ , မကြုံသည်ဖြစ်စေ
ကိုယ့်ဘ၀မှာ အမှတ်ရနေရမှာကတော့
မြတ်စွာဘုရားပဲ

ဘုရားရဲ့ ဂုဏ်တော်တွေကို အမှတ်ရလိုက်ပါ
ဘုရားကို အာရုံပြုပြီးတော့
နှလုံးသွင်း ဆင်ခြင်နေပါ

တရားကို အာရုံပြုပြီးတော့
နှလုံးသွင်း ဆင်ခြင်နေပါ

ဒေါသကင်းတဲ့ အကျင့် ,
ကောင်းမြတ်တဲ့ အကျင့် မေတ္တာတွေ ပွားပါ

ပွားလို့ရှိရင်
အဲ့ဒါတွေဟာ နတ်ပြည်ရောက် ဖို့ရာအတွက်
ကောင်းရာ သုဂတိရောက်ဖို့ရာ အတွက်
ဖြစ်ပါလိမ့်မယ်

ကိုယ့်မှာ လှူစရာတွေရှိရင်
ကုသိုလ်ရှာတဲ့ ပုဂ္ဂိုလ်ဆိုလို့ ရှိရင်
ကိုယ်ကျင့်သီလနဲ့ ပြည့်စုံပြီးတော့
ကိလေသာ ငြိမ်းအောင်ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေကို
လှူလိုက်ပါ

မင်းလှူတဲ့ အလှူဟာ
အင်မတန်မှ ကြီးကျယ် ကျယ်ပြန်တဲ့
အကျိုးတရားတွေ
မင်းဆီ ယူဆောင်လာပါလိမ့်မယ်

ငါးပါးသီလ ပြည့်စုံတယ်
ဘုရားဂုဏ်ကို အာရုံပြုနိုင်တယ်
တရားဂုဏ်ကို အာရုံပြုနိုင်တယ်
သံဃာဂုဏ်ကို အာရုံပြုပြီး
လှူနိုင်တန်းနိုင်တယ် ဆိုရင်
ကျေနပ်စရာကြီးပေါ့

ဘ၀မှာ ကျေနပ်စရာကောင်းတဲ့
အချက်တွေရလာပြီ ဆိုရင်
ငါတို့ဟာ
တကယ့်အရတော်တဲ့ လူဘ၀ရပြီ ဆိုပြီးတော့
ကိုယ်စီကိုယ်စီ ၀မျးမွောကျ၀မျးသာ
ဖြစ်ကြရမှာ ဖြစ်တယ်

#ပါချုပ်_ဆရာတော်_ဘုရားကြီး
🙏388❤43👍33
ဖက်ဒရယ် အရဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ တဆင့်မြင့်ရင် ပြည်နယ်ဆိုတဲ့ အဆင့်တွေရှိတယ်။


ဒီမိုကရေစီနဲ့ ဖက်ဒရယ် သဘောတရား လက်ခံရင်....

ကျွန်တော်တို့ကို အထူးဒေသပေးပါ။ ကျွန်တော်တို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေးပါ။ ပြည်နယ်ပေးပါ ဆိုပြီး တစာစာ တောင်းလို့ မရဘူး။ ဒီမိုကရေစီအရ ဒီဒေသမှာ မဲပုံးထောင်ရမယ့် တာဝန်နဲ့ ဝတ္တရားလည်း ရှိတယ်။


ဖက်ဒရယ်အရ အဆင့်အတန်း တစ်ခုကို လိုချင်ပါတယ် ပြောပြီး ဒီဒေသမှာ မဲ ပုံး မထောင်လိုဘူး ဆိုမှတော့ နိုင်ငံရေးဟာ ဆက်ဆွေးနွေးစရာကို မရှိတော့ဘူး။


နောက်....လိုချင်တဲ့ နိုင်ငံရေး အဆင့်အတန်း တစ်ခုကို ရပြီးရင်၊ ရခဲ့ရင်....ကွန်ဖက်ထရိတ် မဖြစ်အောင် ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကိုလည်း ဖျက်သိမ်းပေးရတယ်။ လက်နက်ကိုင် တပ်ဖွဲ့ကို ဖျက်သိမ်းပြီး မျိုးနွယ်စုက ပါတီထောင်၊ ရွေးကောက်ခံပြီး ဒီဒေသကို အုပ်ချုပ်ရတယ်။ ဒါမှ ဂုဏိသိက္ခာလည်း ရှိမယ်။ လူမြင်လည်း သင့်တော်တယ်။

ခုဟာက လက်နက်ကိုင်ထားတယ်။ မွေးလာသမျှ ဒီလူမျိုးထဲက မျိုးဆက်သစ်တွေကိုလည်း အင်အားစုထားမယ် ဆိုရင် ဒါက စစ်ဘုရင် ဝါဒပဲ။ နောက်....နည်းနည်းလည်း အင်အားကြီးလာရင် အကျိုးစီးပွားအရ နယ်မြေ ပိုရချင်လာတာ ၊ နယ်မြေ ပိုချဲ့ချင်လာကြတာတွေကလည်း စစ်ဘုရင်ဝါဒပဲ။ ဒီလို ရည်မှန်းချက်တွေ၊ အငုံစိတ်တွေ ရှိနေရင် ဘာလို့ ဖက်ဒရယ် စနစ် ကျင့်သုံးနေဦးမလဲ။ ဒီသဘောတရားကို နားမလည်ကြလို့၊ ဒါမှမဟုတ် နားလည်ပါရက်နဲ့ နှစ်ပေါက်တစ်ပေါက် လုပ်နေကြတာက ဆိတ်ခေါင်း ချိတ်ပြီး ခွေးသားရောင်းတာနဲ့ အတူတူပဲ။


နိုင်ငံရေးဆိုတာ အပြန်အလှန် အပေးအယူတွေနဲ့ တည်ဆောက်ကြရတာ။ ဖက်ဒရယ်ဆိုတာကလည်း ဗဟိုနဲ့ ဒေသကြားမှာ နိုင်ငံရေး အာဏာကို Share လုပ်ကြတာပဲ။ သိက္ခာရှိတဲ့ ဖက်ဒရယ်စနစ် သွားချင်ရင်....အပြန်အလှန် သဘောတူညီမှုရတဲ့ အချက်တွေကို ခြေဥမှာ တည်အောင်ကြိုးစား။ ခြေဥ အာမခံချက်ရှိရင် လက်နက်ကိုင်တပ်ဖွဲ့ ဖျက်သိမ်းပြီး ပါတီထောင် ရွေးကောက်ပွဲဝင်။ ဒါက အဖြစ်သင့်ဆုံး လမ်းကြောင်းပဲ။



(နရီမိုး)
👍400❤83🥴3😐2👎1
"ရှမ်းမြောက်အရေးနဲ့ မြန်မာ့နိုင်ငံရေးနောက်ကွယ်မှ အားပြိုင်မှုများ"

အစိုးရအနေနဲ့ သံတမန်ရေးအရ အောင်မြင်အောင် တည်ဆောက်ရမှာ ဖြစ်သလို နယ်မြေထိန်းချုပ်နိုင်ရေးကလည်း နိုင်ငံရေးအောင်မြင်မှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာမို့ စစ်ရေးအသာစီးရ‌နိုင်အောင်လည်း မဖြစ်မနေ ကြိုးပမ်းဖို့ လိုပါလိမ့်မယ်။

✅သံတမန်ရေး

✅နိုင်ငံရေး

✅စစ်ရေး

သံတမန်ရေး၊ နိုင်ငံရေးနဲ့ စစ်ရေး အရ တပြိုင်နက်တည်းလုပ်မှပဲ အရွေ့ ရှိပါလိမ့်မယ်။



(နရီမိုး)
👍369❤48🥴2👎1🔥1😎1
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးက လာအိုတပ်မတော်ရဲ့ ဒုတိယကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Saichay Kommasith ရဲ့ ဖိတ်ကြားချက်နဲ့ လာအိုနိုင်ငံကို ရောက်နေခဲ့တယ်။


၂၀၂၆ ဩဂုတ် ၁၉ ရက်ကနေ ၂၁ ရက်အတွင်းတုန်းက ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦး အနေနဲ့ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပြီး ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha နဲ့ တွေ့ဆုံခဲ့တယ်။ ဒါဟာ ကာကွာ်ရေးဦးစီးချုပ် ရာထူးရယူပြီးတဲ့နောက် ပထမဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်ခဲ့တာ်။ အဲဒီခရီးစဉ်မှာ နယ်စပ်လုံခြုံရေး၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြတယ်။


ခု လာအို ခရီးစဉ်က ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဒုတိယ မြောက် ပြည်ပ ခရီးစဥ် ဖြစ်လာသလို လာအိုနိုင်ငံ ခရီးစဉ်မှာလည်း မဲခေါင်မြစ်ကြောင်းတစ်လျှောက် မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ တရားမဝင်လောင်းကစားနဲ့ လူကုန်ကူးမှုလိုမျိုး ပြဿနာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖွယ်ရှိတယ်။


နောက်ထပ် စောင့်ကြည့်ရမယ့် အချက်က လာအိုနိုင်ငံဟာ မြန်မာနဲ့အတူ CLMV (Cambodia, Laos, Myanmar, Vietnam) အဖွဲ့ဝင်နိုင်ငံဖြစ်သလို Greater Mekong Subregion (GMS) နဲ့ ACMECS ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိနေတယ်။


ခြုံကြည့်လိုက်ရင်တော့.....နိုင်ငံရေးနဲ့ အစိုးရအဆင့် ဆက်ဆံရေး ၂ ရပ်ကို တွေ့ရတယ်။ အထူးသဖြင့်တော့
တပ်မတော်နဲ့ ကာကွယ်ရေးအဆင့် ဆက်ဆံရေးမှာ အိမ်နီးချင်း နိုင်ငံတွေကြား ပိုပြီး အားကောင်းစေဖို့
တစ်နည်းအားဖြင့် နိုင်ငံတော်အဆင့် ဆက်ဆံရေးကို တပ်မတော်အချင်းချင်း ဆက်ဆံရေးနဲ့ ထပ်ပြီးအားဖြည့်နေတဲ့ အခင်းအကျင်းလို့ပဲ သုံးသပ်နိုင်ပါလိမ့်မယ်။



(နရီမိုး)
❤230👍183🫡5👎2
"မြန်မာ့ငြိမ်းချမ်းရေးနောက်ကွယ်က ပထဝီနိုင်ငံရေး အားပြိုင်မှုများ"


✅ အမေရိကန်ရဲ့ Integrated County Strategy မှာ အချက် ၂ ချက်ကိုပဲ အဓိက အခြေခံပါတယ်။ ပထမအချက်က အင်ဒို-ပစိဖိတ်အရေးမှာ တရုတ်ဩဇာကို တန်ပြန်ဖို့ မြန်မာကို လက်မလွှတ်လိုဘူး ဆိုတဲ့ အမြင်ဖက်ကို ပြောင်းသွားတာပါ။


✅ ဒီလိုပြောင်းသွားချိန်မှာ...ဒုတိယအချက်ဖြစ်တဲ့ မြေရှားကို မြန်မာ့ငြိမ်းရေးနဲ့ အမေရိကန် အကျိုးစီးပွားနဲ့ ချိတ်ဆက်လာတာပါ။ ၂၀၃၀ အထိ ဆွဲဆန့်ထားတာက နောက်တဆက် အစိုးရ အလှည့်အပြောင်းနဲ့ ဖက်ဒရယ် ဘဏ္ဍာရေးအရလည်း သယံဇာတ ခွဲဝေမှုတွေအထိ ပါဝင်ပတ်သက်ဖို့ ရည်ရွယ်ထားတာ တွေ့ရလိမ့်မယ်။

✅ ပေကျင်း ခရီးစဉ်မှာ တရုတ်ရဲ့ လိုလားချက်ကိုလည်း အရိပ်အယောင် ပြထားတယ်။ အဓိက နယ်စပ်ကုန်သွယ်ရေးနဲ့ CMEC ကို အလေးထားတယ်လို့ စကား စထားတယ်။

✅ နယ်စပ်ကုန်သွယ်ရေးလို့ ပြောလိုက်ရင်....နယ်စပ်ဒေသအခြေပြု တရားမဝင် ကုန်သွယ်ရေးကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးတယ်။


✅ စိတ်မကောင်းစရာ အချက်တခုက မြန်မာ့ငြိမ်းချမ်းရေး ပဋိပက္ခဟာ နိုင်ငံတကာ ဆက်ဆံရေး Issues အထိ ဆွဲကပ်ခံနေရတာကတော့ စိန်ခေါ်မှု တစ်ခုပါ။ ပြည်တွင်း နိုင်ငံရေး ပြဿနာကို ပြည်ပအင်အားကြီးတွေ ဝင်ကူမှ ပြေလည်မယ့် အနေအထားကတော့ ရေရှည်အတွက် အကောင်း မဖြစ်နိုင်ဘူး။ ဒီအားပြိုင်မှုတွေကို ဘယ်လို Strategy နဲ့ တုံ့ပြန်မလဲဆိုတာ အရေးကြီးလာတယ်။



အပြည့်အစုံကို မနက်ဖြန်မှာ ထွက်ရှိမယ့် Trend News Journal မှာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။


(နရီမိုး)
👍375❤71🤔3🥴2👎1
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏380❤25👍9🥰1
သက်သတ်လွတ်စားခြင်းနှင့်ဗုဒ္ဓဘာသာအမြင်။
=======
အသားနဲ့ ပတ်သက်လာရင် မြတ်စွာဘုရားဟာ ဝိနည်းမှာ အတိအလင်း ဟောထားတာ ရှိပါတယ်။ မိမိအတွက် ရည်စူးပြီးတော့ တမင်ဖော်ထားတဲ့ အသားဆိုတာ ကိုယ်တိုင်မြင်တယ်၊ ကိုယ်တိုင်လည်း သတင်း ကြားထားတယ်၊ “ငါ့အတွက် သက်သက် လုပ်ထားတာနေမှာပဲ”လို့ သံသယရှိတယ်ဆိုရင် အဲဒီအသားမျိုးကို မစားထိုက်ဘူး။ ကိုယ့်ကို အကြောင်းပြုပြီးတော့ တဖက်သားသတ္တဝါ အသက်ဆုံးရှုံးရတာ ဖြစ်သည့်အတွက်ကြောင့် မြတ်စွာဘုရားရှင်က အဲဒါမျိုးကိုတော့ လက်မခံဘူး၊ မစားသင့်ဘူးလို့ တားမြစ်တယ်။

အဲဒီလို မဟုတ်ဘဲနဲ့ အစွန်းသုံးပါးလွတ်တယ်ဆိုရင် ကိုယ့်အတွက်သ-တ်တယ်လို့ ကိုယ်ကိုယ်တိုင်လည်း မမြင်ဘူး။ ကိုယ်ကိုယ်တိုင်လည်း ကြားတာ မရှိဘူး။ သံသယဖြစ်စရာလည်း မရှိဘူး၊ အာဟာရအနေနဲ့ လွတ်လွတ်ကင်းကင်း လှူတာမျိုးကျတော့ အစွန်းသုံးပါးလွတ်တယ်။ အဲဒါမျိုးကျတော့ မြတ်စွာဘုရားက မစားရဘူးလို့လည်း မပြောဘူး၊ စားလို့လည်း မတိုက်တွန်းဘူး။

နောက် အသားကြီးဆယ်မျိုးနဲ့ ပတ်သက်လာရင် သူ့အကြောင်းနဲ့သူ မြတ်စွာဘုရားက မစားဖို့. . . ဒါကလည်း သူ့ဆိုင်ရာဆိုင်ရာ အကြောင်းတွေ ရှိပါတယ်။ ဆင်သား၊ မြင်းသား ဘာလို့ မစားရသလဲဆိုရင် ဆင်၊ မြင်း ဆိုတာ ရှေးခေတ်ဘုရင်တွေက အလွန် တန်ဖိုးထားတဲ့ တိရစ္ဆာန်တွေ။ စစ်ရေးစစ်ရာမှာ အသုံးချကြတာ၊ ဒီတော့ လူတွေက ခိုးပြီးသတ်ဖြတ် စားမယ်ဆိုရင် တချို့ကိစ္စတွေက ရာဇဝတ်မှုဖြစ်တယ်။ ဖြစ်လာရင် အဲဒီအထဲမှာ ပါဝင်ပတ်သက်မှာစိုးလို့ မြတ်စွာဘုရားက ဆင်သား၊ မြင်းသားတော့ မစားတာကောင်းတယ်။ ရာဇဝတ်မှုနဲ့နီးလို့ ရှောင်လိုက်ရင် ကောင်းမယ်လို့ ဒီလို အကြောင်းကြောင့် မြတ်စွာဘုရားက တားမြစ်တာ။

နောက် ခြင်္သေ့သားတွေ၊ ကျားသားတွေ၊ အဲဒီလို သားရဲတိရစ္ဆာန်တွေရဲ့အသားကို စားပြီးရင် ရဟန်းတော်များဟာ များသောအားဖြင့် တောထဲမှာနေကြတာဆိုတော့ ဒီတိရစ္ဆာန်တွေဟာ သူတို့အသားမျိုး စားထားရင် သူတို့က အနံ့ရတယ်။ အနံ့ရတော့ အန္တရာယ်ပြုနိုင်တယ်။

လူသားဆိုရင်လည်း ဇာတ်တူသား ဖြစ်နေတယ်။ အဲဒီလို ဆိုင်ရာဆိုင်ရာ အကြောင်းတွေကြောင့် အသားကြီးဆယ်မျိုးကို မစားသင့်ဘူးလို့ မြတ်စွာဘုရားက ဝိနည်းမှာ ပညတ်ထားတယ်။ သက်သတ်လွတ်နဲ့ ပတ်သက်လာရင်တော့ မြတ်စွာဘုရား ကိုယ်တိုင် ဒုက္ကရစရိယာ ၆-နှစ်ကျင့်တဲ့အချိန်မှာ အဲဒီအခါက တပအကျင့်တွေထဲမှာ သားငါးရှောင်တဲ့အကျင့် ပါတယ်။ သက်သတ်လွတ်ပဲ စားရမယ်ဆိုတာ ပါတယ်။ တပအကျင့်ထဲမှာ “န မံသံ၊ န မစ္ဆံ” အသားမှန်သမျှ ရှောင်ရမယ်။ မံသဆိုတာ ကုန်းသား၊ ကုန်းပေါ်နေ သတ္တဝါအသား မှန်သမျှကို ‘မံသ’လို့ခေါ်တယ်။ ရေထဲကအသား၊ ရေနေသတ္တဝါအသား မှန်သမျှကို ‘မစ္ဆ’လို့ ခေါ်တယ်။ ဒီနှစ်မျိုးလုံးကို ရှောင်တယ် ဆိုတာ ဒါသက်သတ်လွတ်စားဖို့ပဲ။

မြတ်စွာဘုရားက မဟာသီဟနာဒသုတ္တန်မှာ တပအကျင့်တွေနဲ့ ပတ်သက်ပြီးတော့ တချို့သမဏ၊ ဗြာဟ္မဏတွေက ‘အာဟာရေန သုဒ္ဓိ-အာဟာရနဲ့ ကိလေသာစင်ကြယ်နိုင်တယ်”လို့ သူတို့က ပြောကြတယ်တဲ့။ အာဟာရကို ခြိုးခြံသုံးစွဲတာ၊ ခုန ဟိုဟာရှောင် ဒီဟာရှောင်တာတွေနဲ့ ကိလေသာ စင်ကြယ်နိုင်တယ်လို့ ယူဆတယ်တဲ့။ တကယ်ကတော့ သူ ဒါတွေ လက်တွေ့ ကျင့်သုံးကြည့်ပြီးပြီ၊ ကိလေသာ စင်ကြယ်တဲ့လမ်းနဲ့ တခြားစီပဲတဲ့။ အာဟာရ လျှော့စားလို့လည်း ကိလေသာမစင်ကြယ်ဘူး။ ဘယ်ဟာစား၊ ဘယ်ဟာမစားဘဲနေလို့လည်း ကိလေသာ မစင်ကြယ်နိုင်ဘူး။ ကိလေသာ စင်ကြယ်တဲ့လမ်း. . . . ဒီအာဟာရနဲ့ ကိလေသာစင်ကြယ်အောင် မလုပ်နိုင်ဘူးတဲ့။
မြတ်စွာဘုရားက အကြောင်းအကျိုး ဆီလျော်တာ၊ တကယ့် လက်တွေ့ကျတဲ့ အပိုင်းတွေကို လက်ခံကျင့်သုံးတာ ဖြစ်တယ်။ ဒီ အသားစားမှု၊ မစားမှုနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက အသားစားသင့်တယ်လို့လည်း မဟောဘူး၊ မစားသင့်ဘူးလို့လည်း မဟောဘူး။ အာဟာရကို အာဟာရအနေနဲ့ပဲ ထားတယ်။

ထိုအာဟာရအပေါ်မှာတော့ မတ္တညု-အတိုင်းအတာ သိရမယ်။ သို့မဟုတ် ရသတဏှာမဖြစ်စေရဘူး၊ ဘယ်ဟာပဲစားစား ရသတဏှာမဖြစ်စေရဘူး။ အဓိကက အာဟာရအပေါ်မှာ တပ်မက်တဲ့ တဏှာကိုသာ ပယ်ရမယ်၊ အာဟာရကို ပယ်ရမှာ မဟုတ်ဘူး။

အဲဒါကြောင့် မြတ်စွာဘုရားက သက်သတ်လွတ်စားဖို့လည်း မတိုက်တွန်းဘူး။ ဘာ့ကြောင့် ထင်ရှားတုံးဆိုရင်ရဟန်းတော်များ ကျင့်ရတဲ့ ဓုတင်ထဲမှာ တကယ်လို့ မြတ်စွာဘုရားက သက်သတ်လွတ် စားစေချင်ရင် ‘သက်သတ်လွတ်ဓုတင်'ဆိုတာ ထည့်ခဲ့မှာပေါ့။ အခု ဓုတင်အကျင့် ၁၃ ပါးထဲမှာ ဒီသက်သတ်လွတ်ဓုတင် မပါဘူး။ မရှိသည့်အတွက်ကြောင့် ဒီအာဟာရနဲ့ ကိလေသာစင်ကြယ်တယ်ဆိုတဲ့ လမ်းစဉ်ဟာ မြတ်စွာဘုရား မရွေးချယ်ဘူး။ ဒီဟာမျိုးက သဘာဝကျတယ်လို့ မြတ်စွာဘုရား လက်မခံဘူး။ တပအကျင့်တွေထဲမှာ သက်သတ်လွတ်စားဖို့ဆိုတာ ဘုရားမပွင့်ခင်ကတည်းက အိန္ဒိယမှာ ခေတ်စားခဲ့တဲ့ အကျင့်တစ်ခုပဲ။ ဒီအကျင့်ဟာ တန်ဖိုးရှိတဲ့ အကျင့်တစ်ခု၊ ကိုယ်ကျင့်တရားနဲ့ သက်ဆိုင်တဲ့ အကျင့်တစ်ခုဆိုရင် မြတ်စွာဘုရားက လက်ခံကျင့်သုံးမှာပါ။

မြတ်စွာဘုရား သုတ္တန်တစ်ခုမှာ ဟောထားတာ “ငါ လောကကြီးနဲ့ မငြင်းခုံဘူး၊ လောကကြီးကသာ ငါနဲ့ လာငြင်းခုံနေကြတာ”တဲ့။ ပညာရှိတွေက လောကမှာ ရှိတယ်ဆိုရင် ငါလည်း ရှိတယ်လို့ ပြောတာပဲ။ မရှိဘူးဆိုတာကို ငါလည်း မရှိဘူးပြောတာပဲတဲ့။ သုတ္တန်တစ်ခုမှာ မြတ်စွာဘုရားဟောထားတာ ရှိပါတယ်။

အဲဒီတော့ မြတ်စွာဘုရားက ကောင်းတာဆိုရင် သူလက်ခံတာပဲ။ မလိုအပ်တာဆိုရင်တော့ လက်မခံဘူး။ အဲဒီတော့ ဗုဒ္ဓဝါဒအရ သက်သတ်လွတ်က ဒီအသားလွတ် စားသည်ဖြစ်ပါစေ၊ သားလွတ် မစားသည်ဖြစ်စေ၊ အဓိကကတော့ ရသတဏှာမဖြစ်ဖို့နဲ့ ထို အစာအာဟာရ စားခြင်းဟာ ဘာအတွက် စားတာတုံး၊ ပျော်ဖို့စားတာ မဟုတ်ဘူး။ မာန်ယစ်ဖို့ စားတာမဟုတ်ဘူး။ အဓိက ခန္ဓာကိုယ်တောင့် တင်းလာအောင်၊ ခန္ဓာကိုယ်တည်တံ့အောင် စားရတယ်။ ခန္ဓာကိုယ်တည်တံ့ပြီးတော့ မြတ်သောအကျင့်ကို ကျင့်နိုင်အောင် စားရတယ်။ ဒါက အဓိကရည်ရွယ်ချက်တွေပဲ။ ဒါ့ကြောင့်မို့ မြတ်စွာဘုရားက ဆွမ်းစားတဲ့အခါမှာ ဆင်ခြင်ရမယ်လို့ဆိုထားတာလေ၊

ဣမဿ ကာယဿ ဌိတိယာ- ဤခန္ဓာကိုယ်တည်တံ့ဖို့၊
ဗြဟ္မစရိယ အနုဂ္ဂဟ - သာသနာတော် အကျင့်ကို ချီးမြှောက်နိုင်ဖို့ လုပ်နိုင်ဖို့

ဒီရည်ရွယ်ချက်တွေနဲ့ စားရမယ်ဆိုတာဟောထားတာဖြစ်တာကြောင့် သက်သတ်လွတ်ရယ် ဘာရယ်ဒီလိုမဟုတ်ဘူး။ ဘယ်အစားမျိုးကိုပဲ ဖြစ်ဖြစ် မစားမီ လူ့ရဲ့ အသက်ရှင်တည်တံ့ရေးအတွက် အစာစားရတယ်။ အစာမစားရင် သဗ္ဗေသတ္တာ အာဟာရ ဋ္ဌိတိကာ-အာဟာရမပါရင် မတည်တံ့နိုင်ဘူး။ ဒါ့ကြောင့် အာဟာရ၏ အဓိကရည်ရွယ်ချက်သည် အသက်ရှင် ရပ်တည်နိုင်ရေးဟာ အဓိကပဲ။ ဒါ့ကြောင့်မို့ မြတ်စွာဘုရားရဲ့ အစာအာဟာရနဲ့ ပတ်သက်တဲ့ အယူအဆဟာ အင်မတန် ရှင်းလင်းပါတယ်။

- ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
🙏396❤63👍8😍2
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှု မရှိအောင် ဆောင်ရွက်ပေးဖို့ မြန်မာဘက်ကို တောင်းဆိုတယ် ဆိုတဲ့ သတင်းတွေ့လိုက်ရတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်ခင် မြန်မာကို လာရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်ပြီး ရောင်တော်ပြန် လွှတ်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။

ဒီ‌ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ဟုတ်မှန်ခဲ့ရင်တောင် ..ထိုင်း အစိုးရအပေါ် ကိုယ်ချင်းစာပေးလို့ ရတယ်။ တကယ်လို့ ထိုင်း ဘက်မှာ စစ်ပွဲတွေ ဖြစ်လို့ မြန်မာဘက်ကို ထိခိုက်မှု ရှိစေရင်လည်း ဒီလို လုပ်ဆောင်ချက်မျိုး မြန်မာ အစိုးရက အသံထွက်ပေးရမှာပါပဲ။ ဒါမှလည်း ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပြည်သူတွေအပေါ် အစိုးရ ဘက်က အကာအကွယ်ပေးတယ် ဆိုတဲ့ ပုံရိပ်မျိုးလည်း ရှိလိမ့်မပေါ့။


ဒါပေမယ့် ဒီနေရာမှာ တစ်ခု ထောက်ပြရမှာက နယ်စပ်အခြေစိုက် KNU တပ်ဖွဲ့တွေရဲ့ ထိုင်း-မြန်မာကို အိမ်ဦးနဲ့ကြမ်းပြင် ကူးနေတဲ့ ကိစ္စတွေ၊ လိုအပ်တဲ့ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ဆေးကုသမှုတွေက ထိုင်းဘက်က လက်မခံရင် ...ဒီလို ကြီးကြီးမားမား ဖြစ်လာစရာ မရှိနိုင်ဘူးဆိုတဲ့ အချက်ပဲ။ နှစ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ကတရားဝင် မစနိုင်သေးချိန်မှာ ထိုင်း နိုင်ငံထုတ် ပစ္စည်းတွေက KNU အစွယ်အပွားတွေကို မဖြတ်ဘဲ မြန်မာဘက်ခြမ်းကို ရောက်လာစရာ အကြောင်းမရှိနေဘူး။


အရင်‌ကာလ‌တွေတုန်းကတော့ ထိုင်းဘက်မှာ စစ်ရှောင်းခန်းတွေ ဖွင့်ပြီး NGO တွေကတဆင့် လှူဒါန်းတဲ့ ငွေကြေးတွေကို ဒေသ အာဏာပိုင်တွေနဲ့ မျှဝေစားသောက်ဖို့ နယ်စပ် လက်နက်ကိုင်တွေကို Proxy ခံခဲ့ကြဖူးတယ်။ ဒီဘက်ခေတ်မှာ နှစ်နိုင်ငံအကျိုးစီးပွားတွေ လာဆုံနေကြချိန်၊ G t G ချင်း အားကောင်းလာချိန်မှာ.... နိုင်ငံတော်က အကြမ်းဖက် အဖွဲ့အစည်း အဖြစ်နဲ့ ကြေညာထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ထိုင်း နိုင်ငံအနေနဲ့လည်း လက်ခံ ကူညီပေးတာမျိုးက မဖြစ်သင့်ဘူး။ ထိုင်း နယ်စပ် အာဏာပိုင်နဲ့ လုပ်ငန်းရှင်တွေအနေနဲ့လည်း တရားမဝင် ကုန်သွယ်ရေးကို အားမပေးသင့်ဘူး။


တကယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ်မှာ ဒီကိစ္စတွေ ဆွေးနွေးမှု ရှိလာရင် မြန်မာဘက်က ဒီလိုပဲ ပြတ်ပြတ်သားသား တောင်းဆိုရလိမ့်မယ်။ နိုင်ငံရေးကတော့ Give and Take ပါပဲ။ ကိုယ်တွေဘက်က ထိုင်း နိုင်ငံနဲ့ ပြည်သူတွေကို ရည်ရွယ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှု မှမဟုတ်ဘဲ။ ကျန်တဲ့ သတင်းမှားတွေ မပြန့်ဖို့အတွက်က ထိုင်းနိုင်ငံခြားရေး ခရီးစဉ်မှာ ထိုင်းပြည်သူတွေကို ထိခိုက်စေလိုမှု မရှိတဲ့အကြောင်းလေးပါ သတင်းစကား ပါးပေးနိုင်ရင် ...ပိုလှသွားတာပေါ့။



(နရီမိုး)
👍457❤102🥰3🥴3👎1🙏1😐1
ညောင်လေးပင်၊ ကျောက်တံခါးမြို့နယ်ထဲက ဆိုလာတင်စက်ယန္တရား တစ်စင်းကို ထုံးစံအတိုင်း KNU အနွယ်ဝင်တွေက ဖျက်ဆီးသွားလိုက်ကြပြီ။


ဒီလိုစက်မျိုးဆိုတာက လက်ရှိ ကာလပေါက်ဈေးနဲ့ဆိုရင် သိန်းထောင်ချီတဲ့ တန်တဲ့ စက်တွေ ဖြစ်သလို ပြည်ထောင်စု ဘတ်ဂျက်ကနေရဖို့ ဆိုတာ လွှတ်တော်မှာ အတော်လေး တောင်းယူရမယ့် အနေအထားရှိတယ်။


တန်ဖိုးဆိုတာ နားမလည်။ ရှေ့ကလုပ်ရင် နောက်က ဖျက်ဆီးရေး လုပ်နေတာကိုမှ တော်လှန်ရေးလို့ ခံယူထားတဲ့ လူ့အဖွဲ့အစည်း အတွက်ကြတော့ ဒီလို လုပ်ရပ်ကို အောင်မြင်မှု လို့ ခံယူချင် ခံယူကြဦးမှာ။


လျှပ်စစ်တာဝါတိုင်တွေ ချိုးတယ်။ လမ်းတံတားတွေ ဖျက်ဆီးတယ်။ ခုလို နွေစပါးအတွက် မြစ်ရေတင် စီမံကိန်း စက်ယန္တရားမျိုးတွေကို ဖျက်ဆီးတာကြတော့ ဘယ်လို စကားမျိုး မှတ်ချက်ပေး ရမလဲတောင် မသိတော့ဘူး။ အကြမ်းဖက်အားကောင်းတဲ့ ဒီလို ဒေသမျိုးက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းနဲ့ မတန်ဘူး။

ဒီလို ဖြစ်စဉ်တွေကို ကြည့်ရင် ပဲခူးတိုင်း အရှေ့ခြမ်း ဒေသက မဖြစ်မနေ နယ်မြေရှင်းဖို့ လိုနေတာ မြင်ရသလို ဒေသခံပြည်သူလူထု ဘက်ကလည်း ပူးပေါင်း ဆောင်ရွက်မှု မြင့်မားဖို့ လိုတာ တွေ့ရတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ....ဖျက်ဆီးရေး သံသရာထဲ ဆက်လည် နေကြမယ့် သဘော ရှိတယ်။



(နရီမိုး)
👍396❤65🤬24😢12🥴5👎2