ဗီယမ်နမ်သမ္မတရဲ့ မော်စကို ခရီးစဉ်က စိတ်ဝင်စားဖို့ကောင်းတယ်။
ဒီခရီးစဉ်မှာ လီယိုတော်စတွိုင်း ဆုတံဆိပ် ချမြှင့်ခံရတယ်။ သမ္မတ ပူတင်ကိုယ်တိုင် တက်ရောက်ပြီး ဆုချီးမြှင့်ပွဲကို Kremlin ရဲ့ St Andrew Hall မှာ ပြုလုပ်ခဲ့တယ်။ ဆုရဲ့ အကြောင်းပြချက်ကလည်း ငြိမ်းချမ်းရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာဥပဒေကို လေးစားရေးတို့အတွက် တိုးလမ်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းဖြစ်ပတယ်လို့ ဆိုထားတယ်။
တကယ်တော့ နဂိုကတည်းက ရုရှား- ဗီယမ်နမ် ကာကွယ်ရေး ကဏ္ဍအပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေက နဂိုကတည်းက ရှိထားတာတွေရှိတယ်။ ခုနောက်ပိုင်း နျူကလီးယားစက်ရုံ တည်ဆောက်မယ့်ကိစ္စတွေလည်း အရေးပါလာတယ် ပြောရမယ်။ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်မှာ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့ MoU ထိုးခဲ့တာ ရှိသလို NLG တည်ဆောက်ရေးနဲ့ပတ်သက်ပြီး သဘောတူညီချက်တွေ ရခဲ့တာ တွေ့ရတယ်။
ဆိုတော့....ကာကွယ်ရေး ကဏ္ဍအပြင် စွမ်းအင်ပိုင်းကိုပါ ချဲ့ထွင်လာတာ ဖြစ်လို့ Comprehensive Strategic Partnership” အဆင့်ဘက်ကို ရွေ့လာတာ မြင်ရတယ်။
ဗီယမ်နမ် သမ္မတရဲ့ ခရီးစဉ် ရေးဆွဲထားတာကလည်း ဆန်းတယ်။ Russia ခရီးစဉ်ပြီးတာနဲ့ ပြင်သစ်ကို ဆက်သွားပြီး International Space Summit ကိုတက်ရောက်မယ့် အစီအစဉ်လည်း ရှိတယ်။ နောက်ပိုင်း US နဲ့ UN ခရီးစဉ်တွေပါ ရှိနေတာ တွေ့ရတယ်။
ခြုံကြည့်လိုက်ရင် ...အမျိုးသား အကျိုးစီးပွားက အဓိက ဆိုတာ တွေ့ရတယ်။ အရှေ့တောင်အာရှက ဘယ်နိုင်ငံမှ နိုင်ငံရေးစနစ်မှာ ခြောက်ပစ်ကင်းသဲလဲစင်နေတာ မရှိဘူး။ အကျိုးစီးပွားပါရင် ...နိုင်ငံရေးက ပေါင်းလို့ရတာ သတိပြုစရာပါပဲ။
(နရီမိုး)

👍449❤86👎2🥴2😍2
မနေ့က တာချီလိတ်မှာ ထိုင်း နိုင်ငံက အလိုရှိတဲ့ မူးယစ်တရားခံတွေကို မြန်မာနိုင်ငံဘက်ကနေ လွှဲပြောင်းပေးတဲ့ ဖြစ်ရပ်လေး မြင်ရတယ်။
တရားခံ ၉ ဦးမှာ ၇ ဦးက မူးယစ်ဆေးဝါးအမှုနဲ့ပတ်သက်ပြီး ထိုင်းဘက်က ဖမ်းဝရမ်းထုတ်ခံရတဲ့သူတွေလည်း ဖြစ်ကြတယ်။ ထိုင်းဘက်မှာ ပြစ်မှု ကျူးလွန်ပြီး မြန်မာဘက်မှာ လာရောက်ပုန်းခိုတဲ့ သဘောပဲ။
တဆက်တည်း တွေးမိတာက...ထိုင်းဘက်မှာလည်း မြန်မာဘက်က အလိုရှိတဲ့ ပြည်ပြေး တရားခံတွေ အများကြီးပဲ။ ဥပမာ မဲဆောက်လို နေရာတွေမှာ နေပြီး ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကို မီးစာ ထိုးပေးနေသူတွေ အများကြီးရှိတယ်။ ထိုင်းမှာနေ၊ ခွက်ခေါက်ပြီး ဘဝရှေ့ရေးအတွက် တော်လှန်ရေး အကြောင်းပြပြီး နေတဲ့သူတွေလည်း ရှိကြတာပဲ။ တချို့ဆို နယ်စပ် လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီး ထောက်ပို့ လုပ်ငန်းတွေပါ လုပ်နေတာမျိုးအထိ ရှိတယ်။ EAO ထဲမှာလည်း ထိုင်းနိုင်ငံသား ခံယူပြီး လက်နက်ကိုင် နှစ်ဖက်ခွနေတာမျိုး ရှိတာပဲ။
ဒါနဲ့ပတ်သက်ပြီး အပြန်အလှန် တောင်းဆိုနိုင်ရင် မဆိုးဘူး။ ထိုင်းဘက်က တကယ်လုပ်ပေးရင်တော့ နယ်စပ်မှာနေပြီး ထောက်ပို့ လုပ်နေတဲ့ ကိစ္စတွေ ရပ်သွားနိုင်တယ်။ ထိုင်းရဲတွေ အနေနဲ့လည်း မသိနိုင်စရာ အကြောင်းတော့ မရှိဘူး။ တမင် မမြင်ချင်ယောင်ဆောင်နေရင်တော့ မပြောတတ်ဘူးပေါ့။

👍456❤77👏10🥴8👎1🔥1
ကမ္ဘောဒီးယားက ICC အဖွဲ့ဝင် နိုင်ငံ ဖြစ်လို့ မြန်မာသမ္မတကို ဖမ်းပေးပါဆိုတဲ့ တောင်းဆိုချက်တွေကို ကမ္ဘောဒီးယားရဲ့ လုပ်ပေါက်က မျက်နှာဖျက်ရိုက်ခံရသလိုပဲ။
ပုံမှန်အတိုင်း ကော်ဇောနီခင်းပြီး ကြိုတဲ့အပြင် ပြည်သူတွေပါ သောင်းသောင်းဖြဖြ ကြိုဆိုခိုင်းထားတယ်။
ရှေ့မှာ ဒီခရီးစဉ်မတိုင်ခင် လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းတွေ၊ ပါတီကြီး အဆင့် ပူးပေါင်း ဆောင်ရွက်မှုတွေ အပြန်အလှန် ရှိခဲ့တဲ့ နှစ်နိုင်ငံကြားက ဆက်ဆံရေး နက်ရှိုင်းမှုတွေကိုလည်း သဘောပေါက်ဟန် မတူဘူး။
ကလေးဆိုးကြီးတွေလို...အထူအပါးလည်း နားမလည်၊ နိုင်ငံရေး အသွားအလာလည်း မသိဘဲ ဖြစ်ချင်တာတွေ ဇွတ်တောင်းဆိုနေတာကတော့ အတော်လေး ရုပ်ပေါက်တယ်။
ဒါနဲ့ ...အမျိုးသား ညီညွှတ်ရေး အစိုးရတို့ ၊ SCEF တို့ကိုရော ဘယ်နိုင်ငံက ခုလို ကော်ဇောနီ ခင်းပြီး ကြိုတာ တွေ့ဖူးလဲ။ လာမယ့် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကျော်မိုးထွန်းပါ ခုံပျောက်ရင် ....NUG အတွက်တော့ ရင်လေးစရာပဲ။ ခုံပျောက်မယ်သာ ပြောရတာပါ၊ တကယ်တော့ ဒီ ၅ နှစ်စလုံး UN မှာ မြန်မာနိုင်ငံအတွက် တကယ်လည်း ကိုယ်စားပြုခွင့်မှမရဘဲ။ ကံဆိုးရင်...၂.၆ သန်း ကိစ္စပါ ထပ်ရှင်းရဦးမယ်။
တချို့အရာတွေက မတူရင် မတု တာပိုကောင်းတယ်။

👍499❤105👏15🥰9🤬2🥴2👎1😎1
နစက စဖွဲ့ကတည်းက...... နိုင်ငံအပြင်ထွက်ရင် အဖမ်းခံရမယ်ဆိုတာတွေရော၊ တစ်ခါ.... မိသားစုလိုက် ရုရှားကို ထွက်ပြေးဖို့ ကြိုးစားနေတယ် ဆိုတာကပါလိုက်သေးတယ်။
ဒီကြားထဲ ...R2P တွေ လာမယ်။ အမေရိကန် စစ်တပ်ကြီးက ပင်လယ်ဝ ရောက်နေပြီတို့....ဘာတို့။
၅ နှစ်သာကြာသွားတယ်။ လေဖမ်းဒန်းစီးအဖွဲ့ဘက်က မျှော်လင့်ထားတာ ဘာတစ်ခုမှ မယ်မယ်ရရ ဖြစ်မလာဘူး။
ခုလည်း ကမ္ဘောဒီးယားက ICC အဖွဲ့ဝင်ဆိုတော့ ဖမ်းပေး၊ ဘာညာနဲ့ အသံပေါင်းစုံဟစ်၊ မနေ့ကလည်း FPV drone က တိုက်လေယာဉ်တွေ ၄ စင်းလောက်တောင် ဖျက်စီး နိုင်သလိုလို....။ ထိခိုက်ပျက်စီးတဲ့ ရုပ်သံ မပါဘဲ လိုင်းနှုန်း ပျောက်သွားကတည်းက ...ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်ဘူးဆိုတာ အတွေ့အကြုံက ခံစားမိပြီးသား။
ခက်တာက...၂၀၂၁ ကနေ ဂျင်းသတင်းတွေနဲ့ပဲ ပျော်မွေ့လာတာ ဆိုတော့...တခုခုဆို ဖြစ်လိမ့်မလားဆိုတဲ့ False Hope ကြားမှာ သူတို့ကိုယ်တိုင်က နေသားကျ နေကြတာ ဖြစ်မယ်။
ခုလည်း သမ္မတကြီးက ဖနွမ်းပင်မှာ ခင်းထားတဲ့ ကော်ဇောနီပေါ်..... ရင့်တကော့ကော့၊ ခေါင်းတမော့မော့ပဲ။ စိတ်ထဲ တွေးမိတာက.... ဒါကိုကြည့်ပြီး သူတို့ ဘယ်လောက်တောင် ပူလောင်နေမလဲမသိ။

👍546❤130😘5👏3👎2🥰2🥴2✍1🤬1
"အားလုံးဟာ တစ်ခဏအချိန်လေးပါပဲ "
️ဒေါသ ထွက်စရာကြုံလာလို့ရှိရင်
ကိုယ့်ဒေါသကိုပြန်ပြီးတော့ "ဟာ ဒေါသထွက်တာ
မကောင်းဘူး အလကားပဲ။ စိတ်ဆိုးနေတာအပိုပဲ ဆိုပြီးတော့ သူ့ကိုပြန်ပြီးတော့ မကောင်းဘူး" လို့
စဉ်းစားလိုက်တာနဲ့ သူဟာလျှော့ကျသွားတယ်။
လျှော့ကျသွားပြီးနောက်ဆုံးမှာ
သည်းခံနိုင်အောင်ကြိုးစားတယ် ။
ခွင့်လွတ်နိုင်အောင် ကြိုးစားတယ်။
လူတွေရဲ့အပြုအမူဟာ"ဒါ သူသဘောကျလို့
သူလုပ်တာပဲငါ ဒေါသထွက်နေတာလည်း
ငါ့ဘာသာငါ ဘာမှအကျိုးရှိမှာ မဟုတ်ဘူး
ဒေါသထွက်ရင်ကိုယ်ပဲ ဒုက္ခရောက်မှာဘဲ"
ဆိုတဲ့အတွေးတွေနဲ့ လူတစ်ယောက်အပေါ်မှာ
ဒေါသထွက်တာကို အဲဒီနည်းနဲ့ဖြေရှင်းတယ် ။
နောက် စိတ်ဓာတ်ကျစရာတွေ
ဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင်လည်း
" ဘဝဆိုတာ တစ်ခဏလေးပဲနော်,
အားလုံးဟာဘာမှ ဟို…မက်မောစရာလည်းမရှိဘူး၊တွယ်တာစရာလည်းမရှိဘူး၊ မုန်းစရာလည်းမရှိဘူး
အားလုံးဟာ တစ်ခဏအချိန်လေးပါပဲ" ။
"တစ်နေ့ကျတော့ အားလုံးဟာ
သေဆုံးသွားကြမှာပဲ" ဆိုတဲ့
ဒီအတွေးလေးကတော့ ဝမ်းနည်းစရာတို့
ဒေါသထွက်စရာတို့ စိတ်ဓာတ်ကျစရာတွေ
ဒါတွေအတွက် ဒီအတွေးလေးဟာ
အကာအကွယ်ဖြစ်ပါတယ်။
အဲ့ဒီလိုလေးပဲ နှလုံးသွင်းလိုက်ပါ။
ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

🙏428❤44👍13
သမ္မတကြီးအနေနဲ့ အစိုးရသက်တမ်းကာလ ၆ လမပြည့်ခင်မှာ နိုင်ငံတကာဆက်ဆံရေးကို အကောင်းဆုံး တည်ဆောက်နိုင်ခဲ့တယ်လို့ ပြောလို့ရတယ်။
အိမ်နီးချင်းထဲက အင်အားအရ ပါဝါကြီးတဲ့ နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်ကို Balance ဖြစ်အောင် ကစားထားနိုင်သလို ရုရှား- ဘီလာရုစ်ဘက်ကိုပါ ခြေဆန့်ထားနိုင်ခဲ့တယ်။
အရေးအကြီးဆုံးလို့ ဆိုရမယ့် ဒေသတွင်းမှာ ထိုင်း၊ လာအို တို့လို အိမ်နီးချင်းတွေအပြင် ဗီယမ်နမ်နဲ့ ကမ္ဘောဒီးယားကိုပါ ကိုယ့်လူရင်း အနေအထားဖြစ်အောင် လုပ်နိုင်ခဲ့တယ်။
ကမ္ဘောဒီးယားကို လာရတာက ကိုယ့်အိမ်ကိုယာလို ခံစားရတယ် ဆိုတဲ့ စကားလုံးကတော့ ဟွန်ဆန်ရဲ့ နှလုံးသားကို ထိမှန်နိုင်တဲ့ မြှားတစ်စင်း ဖြစ်မလားပေါ့။ ဘုံ ၅ ချက် တွေခဏထား၊ နှစ်နိုင်ငံ မိတ်ဖက် ဆက်ဆံရေးကို အကောင်းဆုံးတည်ဆောက်မယ်၊ ရွေးကောက်ခံ အစိုးရကို ဘာလို့ လက်မတွဲနိုင်စရာ ရှိမလဲ၊ ကိုယ်တွေလည်း ဒီအနေအထားကို ဖြတ်ကျော်ဖူးပါတယ် ဆိုပြီး ဟွန်ဆက်ဘက်က အားပေး စကားဆိုတာကလည်း ဒီခရီးစဉ်ရဲ့ အသက်သွေးကြော ဖြစ်လာမလားပဲ။
အာဆီယံ နိုင်ငံထဲက တီမောတို့လို နောက်ပေါက်တွေ Geopolitics အရလည်း ဝေးပါတယ်။ အားသာချက်က....လျန်ချန်း-မဲခေါင် နိုင်ငံတွေကို အကုန်လုံး အိတ်ကပ်ထဲ ထည့်နိုင်ကတည်းက နောင် မြန်မာနဲ့ပတ်သက်ရင် ဘယ်အရာမှာ All inclusive ဆုံးဖြတ်ချက် ရနိုင်ဖို့ ခက်သွားပြီလို့ ပြောလို့ရပြီ။ အနည်းဆုံး ဒီနိုင်ငံတွေကတော့ မြန်မာ ဘက်မှာ ရှိနေတော့မယ့် အနေအထားမျိုး ရောက်နှင့်နေခဲ့ပြီ။
ဒီအနေအထားကို ကျန်တဲ့ အာဆီယံ နိုင်ငံတွေလည်း သဘောမပေါက်ဘဲနဲ့တော့ မနေဘူး။ လေသံကိုက Special Envoy မလိုဘူးလို့ ခပ်မာမာ ပြောပြီးသားမဟုတ်လား။ ဘုံ ၅ ချက်ကို ကိုင်ပြီး ဘာလုပ်ပေးပါဆိုတဲ့ တောင်းဆိုချက်တွေကို အာဆီယံအနေနဲ့ စွန့်လွှတ်ချိန်တန်ပြီ ထင်ပါတယ်။

👍447❤97🥰2😍2😎2👎1🤬1🥴1
၁။ နှစ်ထပ်အခွန်ကောက်ခံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်
ဆိုလိုတာက နှစ်ထပ်အခွန်ကောက်ခံမှု ပပျောက်စေဖို့၊ အခွန်ရှောင်တိမ်းမှုနဲ့အခွန်ရှောင်လွှဲမှု တွေကို စနစ်တကျ ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ပဲ နားလည်ရတယ်။
၂။ ရင်းနှီးမြှုပ်နှံမှုများ အပြန်အလှန်မြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်
နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုတွေကို အပြန်အလှန် မြှင့်တင်ပေးနိုင်ရေးနဲ့ ကာကွယ်ပေးနိုင်ဖို့ ဖြစ်တယ်။
၃။ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်
ကမ္ဘောဒီးယားရဲ့ ယဉ်ကျေးမှုနဲ့ အနုပညာဝန်ကြီးဌာန နဲ့မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန တို့အကြား ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်။
၄။ သတင်းအချက်အလက်နှင့် မီဒီယာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ
ကမ္ဘောဒီးယားအစိုးရနဲ့ မြန်မာအစိုးရတို့အကြား သတင်းအချက်အလက်နဲ့ မီဒီယာကဏ္ဍ တွေမှာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ။
ဒီ ၄ ချက်ကို မနေ့က သဘောတူနိုင်ခဲ့ကြတယ်။

👍316❤88👏7🥰2👎1🤬1🥴1
International Crisis Group ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စစ်တမ်းတစ်စောင်က သိပ်စိတ်ဝင်စားစရာ ကောင်းနေတယ်။ လေ့လာဆန်းစစ်ချက်ထဲမှာ ရေးထားတာက မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ရွှေထုတ်လုပ်မှုက တစ်နှစ်ကို ရွှေတန်ချိန် ၅ တန်အထိ ရှိနိုင်ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အထိ ရှိနိုင်တယ်ဆိုပြီး ရေးလာခဲ့တယ်။
သူရေးထားတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဆိုတာ ကိုယ့်အထင်တော့ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ချင်းတွင်းမြစ်တလျှောက်ပဲ ဖြစ်ဖို့များတယ်လို့ ယူဆတယ်။ မြောက်ပိုင်းကတော့ ကချင်ပြည်နယ်ပေါ့။
သူ့စာတမ်းရဲ့ သုံးသပ်ချက်မှာ အချက် ၃ ချက်ကို အဓိကထား Highlights လုပ်ထားတယ်။ ပထမအချက်က ရွှေ တူးဖော်တာက စီးပွားရေး လုပ်ငန်း ဆန်လာတယ်။ ဒုတိယအချက်က တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဒေသခံ PDF တွေရဲ့ စစ်ရေးအင်အားဖြည့်ဖို့ အဓိက ဝင်ငွေရလမ်းကြောင်းဖြစ်လာတယ်။ တတိယအချက်က ဒေသခံ တာဝန်ရှိသူတွေရဲ့ အခန်းကဏ္ဍနဲ့ ဒီနယ်မြေတွေအတွက် နယ်မြေလု စစ်ပွဲတွေ ဖြစ်လာနိုင်ခြေ ပိုမြင့်မားတယ်ဆိုပြီး သုံးသပ်ထားတယ်။
သူတို့ပြောတဲ့ ပထမအချက်အရ ရွှေတူးဖော်တဲ့ လုပ်ငန်းက တဖြည်းဖြည်း စီးပွားရေး ဆန်လာတာတော့ အမှန်ပဲ။ ဆိုပါစို့ စိုက်ပျိုးရေးအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ သဖန်းဆိပ်ဆည်ထဲမှာတောင် တရားမဝင် ရွှေဖောင်တွေ ရှိလာတာက ဒီအချက်ကို မီးမောင်းထိုးပြနေတယ်။ သာမန်စိုက်ပျိုးရေးကို ဒေသခံတွေကိုယ်တိုင် စွန့်လွှတ်လာတယ်။ ဟုမ္မလင်း အထက်ပိုင်း၊ ဗန်းမောက်၊ ပင်လည်ဗူးနဲ့ စစ်ကိုင်း အထက် တကြောလုံးမှာ စိုက်ပျိုးရေးထက် ရွှေတူးဖော်ရေးကသာ အဓိက စီးပွားရေးလို ဖြစ်နေတယ်။
ဒုတိယအချက်ကလည်း စိတ်ဝင်စားစရာကောင်းတယ်။ အရင်က ဖက်ဒရယ် ဘာညာ အော်ခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက နယ်မြေ နည်းနည်းရတာနဲ့ တရုတ် လုပ်ငန်းရှင်တွေ ခေါ်သွင်းပြီး သတ္တုတူးဖော်ရေးနဲ့ မြေရှား လုပ်ငန်းတွေကို လုပ်လာကြတယ်။ ဒါက ရှမ်းပြည်မြောက်ပိုင်းမှာ အဓိက တွေ့ရတယ်။ ကချင်ပြည်နယ်မှာလည်း KIA က ဒါမျိုး လုပ်နေတာပါပဲ။ ဆိုတော့ ...တရားမဝင် သယံဇာတ တူးဖော်တာကို မထိန်းချုပ်နိုင်ခြင်းက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စစ်ရေး၊ စစ်ရာ တည်ဆောက်မှုကို အစိုးရအနေနဲ့ မတားဆီးနိုင်သလို ဖြစ်နေရတယ်။ ဥပမာ KIA ဆို လက်နက်စက်ရုံရှိတယ်။ ၁၀၂၇ နောက်ပိုင်း ဒရုန်းတွေ ပေါပေါသီသီ သုံးနိုင်တယ်။ ဒါတွေ တည်ဆောက်ဖို့ ဝင်ငွေ ဘယ်ကရသလဲ။ ဒီသယံဇာတကပဲ ရတယ်ပေါ့။ ဒါတွေ အမြစ်မပြတ်သရွေ့ စစ်ပွဲက သံသရာလည်မယ့် သဘောရှိတယ်။
တတိယအချက်ကလည်း သတိချပ်စရာ ကောင်းတယ်။ စစ်ကိုင်းအထက်ပိုင်းက တရားမဝင် ရွှေဖောင်တွေ၊ တခြား သယံဇာတတွေ ကို အနီးစပ်ဆုံး ဖြစ်တဲ့ ဒေသအာဏာပိုင် တာဝန်ရှိသူတွေက သတင်းပို့ တင်ပြဖို့ ပျက်ကွက်တာလား၊ နယ် မြေ မစိုးမိုးနိုင်သေးလို့ သတင်းမှန်ရဖို့ ခက်ခဲတာလား....စသဖြင့် မေးခွန်းတွေ အများကြီးပဲ။
သေချာတာကတော့ တစ်နှစ်ကို ရွှေတန်ချိန် ၅ တန်နဲ့ အမေရိကန်ဒေါ်လာ ၁ဘီလီယံ ဝင်နေတဲ့ ဒီလုပ်ငန်းက သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်တာ၊ ခဏနောက်ထား၊ စစ်ရေးပဋိပက္ခ ချုပ်ငြိမ်းဖို့ ဘယ်လိုမှမဖြစ်နိုင်ဘဲ မီးစာ ဖြစ်နေတာမျိုး တွေ့ရလိမ့်မယ်။ တရားမဝင်ကနေ ငွေရလွယ်တယ်။ ငွေရလွယ်တော့ လက်နက်ခဲယမ်း ဖြည့်နိုင်မယ်။ လက်နက်ခဲယမ်းအားကောင်းတော့ အပစ်ရပ်တွေ၊ ငြိမ်းချမ်းရေး အကြောင်းတွေ မစဉ်းစားတော့ဘူး ဆိုတဲ့ အမြင်မျိုး အားကောင်းသွားစေတယ်။
တကယ့်ကို လေးလေးနက်နက် စဉ်းစားရမယ့်ကိစ္စ တစ်ခု ဖြစ်နေတာတော့ အမှန်ပဲ။

👍520❤102😢4🥴4👎2👏2🥰1
လူတွေမှာ ချစ်ခြင်းမုန်းခြင်း ဆိုတာ ရှိတယ်။
ချစ်ရင် ချစ်မယ်၊မချစ်ရင် မုန်းမယ်။ချစ်ခြင်း မုန်းခြင်း ဆိုတာ အစွန်းနှစ်ခုပဲ။စိတ်ဓာတ်မှာ balance မဖြစ်လို့ အစွန်းနှစ်ဖက်ထွက်နေတဲ့ စိတ်ဓာတ်။
အဲဒီ အစွန်းထွက်နေတဲ့ စိတ်ဓာတ်ကလွတ် မြောက် ချင်လို့ရှိရင် ဘာလုပ်ရမလဲဆိုတော့ ဥပေက္ခာ ပွားရမယ်တဲ့။ဥပေက္ခာဆိုတာ ဘယ်လိုပွားရသလဲဆိုရင်“သဗ္ဗေသတ္တာ ကမ္မဿကာ”သတ္တဝါဆိုတာ သူ့ကံနဲ့သူလာတာ လို့ ပွားရတယ်။ချစ်ခြင်းကိုလည်း ရှောင်မယ်။မုန်းခြင်းကိုလည်း ရှောင်မယ်။ချစ်ခြင်း မုန်းခြင်း ထို နှစ်မျိုးလုံးမပါဘဲနဲ့ တည် ငြိမ် တဲ့သဘာဝတရားတစ်ခုကိုဥပေက္ခာလို့ ခေါ်တယ်။
ဒီကနေ့ အရပ်ထဲမှာတော့ “ဥပေက္ခာ” ဆိုတာကိုယ်နဲ့မတည့်လို့ မခေါ်တဲ့ပုဂ္ဂိုလ်ကို“ဥပေက္ခာပြုတယ်”လို့ ပြောနေကြတယ်။အဲဒီလို အဓိပ္ပါယ် မဟုတ်ဘူး၊ဥပေက္ခာက အလွန်မွန်မြတ်တယ်။ချစ်ခြင်းမုန်းခြင်းဆိုတဲ့ အစွန်းနှစ်ဖက် မရှိစေဘဲ တည့်မတ်တည်ငြိမ်တဲ့သဘောထား။
ဒါကြောင့်မို့ equanimity လို့ အင်္ဂလိပ်လိုပြန်တယ်။equanimity ဆိုတာ စိတ်ရဲ့ တည်ငြိမ်မှုပဲ။အဲဒီတည်ငြိမ်မှုဟာ စိတ်မတည်ငြိမ်တဲ့ emotion ဆိုတဲ့ ရာဂတို့၊ဒေါသတို့ရဲ့ ထွက်ပေါက်ပဲ။
ဒါကြောင့်မို့ မြတ်စွာဘုရားက ဥပေက္ခာဆိုတဲ့ စေတောဝိမုတ္တိဟာ ရာဂရဲ့ ထွက်ပေါက်ပါလို့ ဟောထားတယ်။ဒါ့ကြောင့်မို့ အဲဒါကိုလည်းပဲ လေ့ကျင့်ပွားများခြင်းဖြင့် မိမိတို့ရဲ့ မှန်ကန်တဲ့ထွက်ပေါက်တစ်ခုကို ရရှိနိုင်မယ်။
(ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

🙏364❤40👍8
မနေ့က Iphone နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ ရုပ်သံလေး တွေ့လိုက်ရတယ်။ လက်ရှိ နောက်ဆုံးပေါ် latest ဖုန်း ဖြစ်တဲ့ Iphone 18 ကို အခွန်မပါသေးဘဲနဲ့ကို သိန်း ၉၀ လောက် ခေါ်ရောင်းနေတဲ့ ကိစ္စအကြောင်း ရုပ်သံ ပိုင်ရှင်က ပြောထားတယ်။
မူရင်းဈေးက အမေရိကန်ဒေါ်လာ ၁၂၀၀ ပတ်ဝန်းကျင်၊ အနီးစပ်ဆုံး ထိုင်း မှာတောင် ဘတ် 57000 အနေအထားမှာ 256 G လောက်တောင် မူရင်းဈေးထက် သိန်း ၂၀ လောက် ခွာပြီး ဈေးတင်ရိုက်နေတာက သိပ်တော့ အဆင်မပြေလှဘူးပေါ့။
ဒါက တကယ်တော့ ဖုန်းလောကမှာ ဖြစ်ပျက်နေတဲ့ ကိစ္စ။
အခွန်တွေနဲ့ ထည့်ပေါင်းရင် သိန်း ၁၀၀ ပတ်ခြာလည် လောက် တင်ရိုက်မယ့် သဘောပဲ။ မြန်မာနိုင်ငံမှာက တန်ဖိုးမြင့်ဖုန်း ကိုင်ဖို့နဲ့ ခုလို Latest ဖုန်းကို ကိုင်ဖို့ဆိုတာ ပိုက်ဆံ အရမ်းရှိနေမှပဲရမယ်။ လူတန်းစား ရွေးတဲ့ ဖုန်းလို့လည်း ပြောလို့ရတယ်။ တကယ့်တကယ် သူဌေးတွေနဲ့ Iphone Brand ကို ခရေဇီ ကျတဲ့သူတွေကတော့ သိန်း ၂၀ အမြတ်ပေးရလည်း အကြောင်း မဟုတ်ဘူး ဆိုပေမယ့် တကယ့် User သမားတွေအတွက်ကျတော့ ဒုက္ခ ရောက်ရတယ်။
ဖုန်းနဲ့ဆက်စပ်ပြီး တွေးမိတာက ကား လောကလည်း ဒီတိုင်းပဲ။ မြန်မာနိုင်ငံမှာ SKD လုပ်နေတဲ့ ဆူဇူကီး ကားရဲ့ Showroom တရားဝင်ပေါက်ဈေးက သိန်း ၁၀၀၀ ကျော်ပဲ။ ဈေးကွက်ထဲမှာ လက်ရှိ သွားရှာရင် ၂၀၀၀ ကျော်နဲ့ ၃၀၀၀ နား ကပ်နေလိမ့်မယ်။ နဂိုကတည်းက ချမ်းသာသူတွေအတွက်တော့ မပြောလိုပေမယ့် တကယ်သုံးမယ့် User တွေအတွက်ကျတော့ ဒါက နည်းလမ်း မကျနေဘူး။ လွှတ်တော်ထဲမှာ ဝန်ကြီးဖြေသွားသလို ဈေးကွက်ကို အစိုးရအနေနဲ့ ထိန်းချုပ်လို့ မရဘူးဆိုပေမယ့် ဒီလို မဖြစ်သင့်တဲ့ ဈေးကွက်ကြီးက တရားဝင်လိုလို ပေါ်ပေါက်နေတာကြီးက ဘယ်လိုမှ လက်သင့်ခံနိုင်စရာ မရှိဘူးလို့ပဲ မြင်မိတယ်။

👍578❤102😢13😐5👏3🥴2🤝2👎1
“လူ့ဘ၀မှာကျေနပ်စရာများ”
ဘ၀မှာ ကျေနပ်စရာတွေဆိုတာ တခြားဟာတွေကို
ပြောတာမဟုတ်ဘူး၊ငါးပါးသီလ ရှိရင်လည်း ကျေနပ်စရာ ကောင်းတယ်၊၊
ဘုရားဂုဏ်ကို အာရုံပြုပြီးတော့ ကြည်နူးမှု
ရတာလည်း ကျေနပ်စရာ ကောင်းတယ်၊
တရားဂုဏ်ကို အာရုံပြုပြီးတော့ ကြည်နူးမှု
ရတာလည်း ကျေနပ်စရာကောင်းတယ်၊
သံဃာဂုဏ်ကို အာရုံပြုပြီးတော့ ကြည်နူးမှု
ရတာလည်း ကျေနပ်စရာကောင်းတယ်။
ကိုယ့်သီလကို ကိုယ် ဆင်ခြင်ပြီးတော့ ကြည်နူးမှု
ရတာလည်း ကျေနပ်စရာကောင်းတယ်၊၊
ဘ၀မှာ ကျေနပ်စရာတွေက ကျေနပ်စရာ(၅)မျိုး ။
မြတ်စွာဘုရားက အဲဒီအချက်အလက်တွေနဲ့ ပြည့်စုံရင် နောက်ဘ၀တွက် မစိုးရိမ်နဲ့တော့ စိုးရိမ်စရာ မရှိတော့ဘူး။ ငရဲ မရှိတော့ဘူး။ တိရစ္ဆာန်ဖြစ်ဖို့ မရှိတော့ဘူး။
အခက်အခဲကြုံတိုင်း အခက်အခဲကြုံသည်ဖြစ်စေ၊
မကြုံသည်ဖြစ်စေ ကိုယ့်ဘ၀မှာ အမှတ်ရနေရမှာကတော့ မြတ်စွာဘုရားပဲ။
ဘုရားရဲ့ဂုဏ်တော်တွေကို အမှတ်ရလိုက်ပါ၊ ဘုရားကို အာရုံပြုပြီးတော့ နှလုံးသွင်းဆင်ခြင်နေပါ။ တရားကို အာရုံပြုပြီးတော့ဘနှလုံးသွင်းဆင်ခြင်နေပါ။
ဒေါသကင်းတဲ့အကျင့်၊ကောင်းမြတ်တဲ့အကျင့်၊မေတ္တာတွေ ပွားပါ။ ပွားလို့ ရှိရင် အဲ့ဒါတွေဟာ နတ်ပြည်ရောက်ဖို့ရာအတွက်၊ကောင်းရာသုဂတိ ရောက်ဖို့ရာအတွက် ဖြစ်ပါလိမ့်မယ်။
ကိုယ့်မှာလှူ စရာတွေ ရှိရင် ကုသိုလ်ရှာတဲ့ ပုဂ္ဂိုလ် ဆိုလို့ ရှိရင် ကိုယ်ကျင့်သီလနဲ့ ပြည့်စုံပြီးတော့ ကိလေသာ ငြိမ်းအောင်ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေကို လှူ လိုက်ပါ။ အဲဒီအလှူဟာ အင်မတန်မှ ကြီးကျယ် ကျယ်ပြန့်တဲ့ အကျိုးတရားတွေ ယူဆောင်လာပါလိမ့်မယ်။
ငါးပါးသီလပြည့်စုံတယ်၊
ဘုရားဂုဏ်ကို အာရုံပြုနိုင်တယ်၊
တရားဂုဏ်ကို အာရုံပြုနိုင်တယ်၊
သံဃာဂုဏ်ကို အာရုံပြုပြီး လှူ နိုင်တန်းနိုင်တယ်
ကျေနပ်စရာကြီးပေါ့။
ဘ၀မှာ ကျေနပ်စရာကောင်းတဲ့ အချက်တွေရလာပြီဆိုရင် ငါတို့ဟာ တကယ့် အရတော်တဲ့လူဘ၀ရပြီဆိုပြီးတော့ ကိုယ်စီကိုယ်စီ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရမှာ ဖြစ်တယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

🙏370❤37👍11🔥2👏1
◾ နိုင်ငံခြားရေးရဲ့ ထုတ်ပြန်ချက်ထဲမှာ အဓိက Key Point တွေ ပါတယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ်ကတည်းက ကျော်မိုးထွန်းဟာ ထုတ်ပယ်ခံထားရတဲ့ ဝန်ထမ်းဖြစ်တယ်။ နိုင်ငံပိုင်ပစ္စည်းနဲ့ ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ခဲ့သလို NUG/CRPH နဲ့ပါ ဆက်နွယ်မှု ရှိတယ်။ အရေးအကြီးဆုံးကတော့ မြန်မာအစိုးရနဲ့ နိုင်ငံအတွက် ကိုယ်စားပြုခွင့်မရှိဘဲ UN စင်မြင့်ကို အသုံးချနေတဲ့အပေါ်မှာ ပြည်တွင်း Mandate လည်း မရှိတော့တဲ့အတွက် ကိုယ်စားပြုခွင့်မပြုသင့်တော့ဘူးဆိုပြီး အချိန်ကိုက် တောင်းဆိုထုတ်ပြန်လာခဲ့တယ်။
-----
◾ ဒါက ဘယ်အပေါ်မှာ Effect ရှိလာမလဲဆိုတော့…၂၀၂၁ ခုနှစ်ကည်းက ကိုယ်စား ပြုခွင့်နဲ့ ပတ်သက်ပြီး အထောက်အထားနှစ်စုံရှိနေတဲ့အနေအထားကနေ…လာမယ့် ကိုယ်စားပြုခွင့်ကော်မတီအသစ်ကနေ ဆုံးဖြတ်ချက်မတိုင်ခင်မှာ အစိုးရဘက်ကနေ တရားဝင်မှုနဲ့ သံခင်းတမန်ခင်းကနေ ကြိုးစားလာတဲ့သဘောလို့ပဲ ပြောရမယ်။
-----
◾ နိုင်ငံခြားရေးရဲ့ထုတ်ပြန်ချက်မှာ…အမေရိကန်ဒေါ်လာ ၂.၇၆ သန်းနဲ့ ယူရို ၃၈၂၃၃.၆၂ ကိစ္စကလည်း ကျော်မိုးထွန်းအနေနဲ့ မဖြစ်မနေ ဖြေရှင်းရမယ့် ကိစ္စတစ်ခု ဖြစ်လာတယ်။ တကယ်လို့…အစိုးရဘက်ကနေ သက်သေခံစာရွက်စာတမ်း၊ ဘဏ်စာရင်းတွေကို ထုတ်ပြ နိုင်ခဲ့ရင်တော့…နိုင်ငံတော်ကို ကိုယ်စားပြုခွင့်မရှိတော့သူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရား နဲ့ အလွဲသုံးစားလုပ်တဲ့ အခြေအနေကို နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းက ပိုပြီး သတိပြုမိကြလိမ့်မယ်ထင်တယ်။
-----
◾ နောက်ထပ်ထူးခြားချက်က …အင်တာပိုလ်အထိပါ ချိတ်ဆက်ပြီး အရေးယူသွားဖို့ ကြိုးစားသွားမယ်ဆိုပြီး ထုတ်ပြန်ထားတယ်။ ဒီနေရာမှာ နိုင်ငံတကာက ကျော်မိုးထွန်းကို ဖမ်းနိုင်ခြင်း၊ ဖမ်းပြခြင်းထက်…နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းမှာ ကျော်မိုးထွန်းက မြန်မာနိုင်ငံအစိုးရ အလိုရှိနေတဲ့ တရားခံဆိုတဲ့ ပုံရိပ်မျိုး တည်ဆောက်လိုက်တာလို့ ပြောရင် ပိုပြီး မှန်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ်…UNGA ဘက်ကနေ မြန်မာနိုင်ငံကိုယ်စားပြုကို ဆုံးဖြတ်ချက်မချဘဲ အရင်လို Defer လုပ်သွားမလား၊ မြန်မာဘက်က တင်သွင်းအဆိုပြု ချက်တွေကို အလေးထားဆုံးဖြတ်ပေးသွားမလားတဲ့ အားပြိုင်မှုတစ်ခုကတော့ အဆင့် တစ်ခုကို တက်လာခဲ့တယ်လို့ပဲ ပြောရမှာပဲ။

👍392❤75🔥2😍2👎1🥴1
တခါတလေ ....တဖက်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်က အံ့အားသင့်စရာ ကောင်းတယ်။ ဥပမာ ကျော်မိုးထွန်း ကိစ္စပဲ ကြည့်ပေါ့။ နိုင်ငံခြားရေးက တရားဝင် ထုတ်မပြန်လာခင်အထိ တခြား ပုဂ္ဂိုလ်တွေကနေ ကျော်မိုးထွန်းရဲ့ ငွေကြေး အရှုပ်အရှင်း ကိစ္စတွေ ရှင်းပြဖို့ တောင်းဆိုနေခဲ့ပြီးသားမဟုတ်ဘူးလားပေါ့လေ။
ဒီနေရာမှာ ၂၀၂၁ အာဏာထိန်း ဖြစ်စဉ်ကို ပြန်ပြီး သတိရမိစေတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ၁ ပတ်လောက်အလိုမှာ မှန်မှန် ကန်ကန် လုပ်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မီဒီယာကတဆင့် တိုက်တွန်းခဲ့ဖူးတယ်။ မဲ မသမာမှု ဖြစ်လာချိန်မှာ အာဏာထိန်းတာတွေ ခဏနောက်ထား...ဒီပြဿနာတွေ အရင်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တယ်။ တချို့ကလည်း ဒါက UEC မှာပဲ တာဝန်ရှိတယ်လို့ အကြောင်းပြတယ်။ တပ်မတော်အနေနဲ့ UEC ကို တောင်းဆိုတဲ့ နေရာမှာ фဖြေရှင်းပေးဖို့ ဆိုတာထက် မိတ္တူကူးခွင့်တောင် မပေးနိုင်ဘူး ဆိုပြီး ခါးခါးသီးသီး ငြင်းဆန်ခဲ့တယ်။ ပိုပြီး ရုပ်အပေါက်ဆုံးက ရွေးကောက်ပွဲ ကျင်းပမယ့် ၂ ရက်အလိုထိ မဲစာရင်းစာရွက်တွေ ရိုက်နှိပ်နေတုန်းပဲ။ UEC အနေနဲ့ လဝက စာရင်းကို အခြေခံရင် ဘာကိစ္စ မဲပေးစာရွက်တွေ ထပ်ရိုက်ဖို့ လိုဦးမလဲ။ ဒါတွေက မဖြစ်မနေ စဉ်းစားရမယ့် အချက်တွေပဲ။
တပ်မတော်က အာဏာမထိန်းခင်အထိ တတိယအကြိမ်လွှတ်တော်ခေါ်တာ ရပ်ပြီး ဒီပြဿနာတွေ အရင်ရှင်းပေးဖို့ပဲ တောင်းဆိုခဲ့တာ တွေ့ရလိမ့်မယ်။ ဒီနေရာမှာ နီပေါတွေ ပြောသလို အာဏာထိန်း/သိမ်းချင်ရင် ဘာမှ အကြောင်းပြနေစရာတောင်မလိုဘူး။ ပထမဆုံး UEC ကို တောင်းဆိုတယ်။ မရတဲ့အခါ အထူးလွှတ်တော်က သွားဖို့ ကြိုးစားတယ်။ နောက်တဆင့် စာချွန်လွှာက ၊ နောက်ဆုံး ကိုယ်ရေးစာတွေကတဆင့် အဆင့်ဆင့် လုပ်ထုံး လုပ်နည်းနဲ့ အညီ တောင်းဆိုခဲ့တာ တွေ့ရလိမ့်မယ်။ အထူးလွှတ်တော် ခေါ်ဖို့ တောင်းဆိုတာကို ကိုဗစ်အကြောင်းပြပြီး ငြင်းတဲ့ လွှတ်တော်ကြီးက တတိယအကြိမ် လွှတ်တော် ခေါ်ဖို့အတွက်ကြ အားကြိုးမာန်တက် လုပ်ပြန်ရော။ ပြောချင်တာက တပ်မတော်ဘက်ကနေ တိုင်းသိပြည်သိ ဒီပြဿနာ ဖြေရှင်းဖို့ တောင်းဆိုတာကို ဘာကြောင့် ပျက်ကွက်ရသလဲ ဆိုတဲ့ မေးခွန်းပါ။ တပ်မတော် စွပ်စွဲချက်က အမှားကြီးပါ ဆိုပြီး တနိုင်ငံလုံးကို ချပြခွင့်ရတဲ့ အခွင့်အရေးကို ဘာကြောင့် NLD က ခေါင်းရှောင်သွားခဲ့သလဲပေါ့။
ခု ကျော်မိုးထွန်းရဲ့ ၂.၇၆ သန်း ကိစ္စကလည်း ဒီလို အလားတူ ကိစ္စပါပဲ။ ဒီပြဿနာက ကမ္ဘာကျော် ဖြစ်နေတာတောင် ဖြေရှင်းပေးဖို့ ဘယ်သူကမှ တောင်းဆိုတာ မတွေ့ရဘူး။ Bank of America မှာ အပ်နှံထားတဲ့ ပြည်သူပိုင် နိုင်ငံတော်ငွေကို သုံးစွဲထားတဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဖြေရှင်းသင့်တယ်လို့ ဘယ်သူကမှ မယူဆကြတာ ဝမ်းနည်းစရာ ကိစ္စပဲ။
တချို့ကိစ္စတွေက Action ယူခဲ့လို့သာ တပ်မတော်ကို အပြစ်ပြောကြပေမယ့် Action မတိုင်ခင်က ဖြစ်ရပ်တွေကို အရူးကွက်နင်းပြီး မဝေဖန်ရဲ၊ မပြောရဲ၊ မဆိုရဲခဲ့ကြတာက ခုလို အခြေအနေမျိုး ဖြစ်သွားစေခဲ့တာပဲ။ ခု ကျော်မိုးထွန်း ကိစ္စပဲကြည့်။ နီပေါ ဘက်က ဘယ်ပညာရှင်တွေကမှ မဝေဖန်ရဲကြဘူး။ ဖြေရှင်းပေးသင့်တယ် ဆိုတဲ့ ရိုးရိုးသားသား အမြင်တောင် သူတို့မှာ မရှိကြဘူး။

👍440❤75🫡6🥴2👎1🤬1
မောင်ဆူးလှည်း ရေးတာလေး ဖတ်ရတော့ လွန်ခဲ့တဲ့ နှစ်များဆီက ဘုရားထီးတင်ပွဲ တစ်ခုကို ပြန်သတိရမိတယ်။
အဲ့ဒီတုန်းကလည်း မိုးရွာဖို့ ရာခိုင်နှုန်းသတ်မှတ်တာက ရွာရန်ရွာနှုန်း ၈၉ အထိရှိတယ်။ ပြည်ပ ခရီးစဉ်ဖြစ်လို့ နတ်တင်တာ၊ ပူဇော်ပသတာမျိုးလည်း မလုပ်နိုင်ခဲ့ဖူးပေါ့။
တစ်ခုရှိတာက ဒီခရီးစဉ်မှာ ...သီတဂူ ဆရာတော်ကြီးအပါအဝင်၊ ကျောက်မဲ ဆရာတော်၊ အရှင်ဆေကိန္ဒနဲ့ ပဋိကတ် ၃ ပုံဆောင် ဆရာတော်တို့ လည်း ရှိနေခဲ့တယ်။ ဒီလောက်ကြိုးစားပမ်းစားလုပ်ထားရတဲ့ အခမ်းအနား၊ မြန်မာလို အချိန်ရွှေ့ဖို့ကလည်း မဖြစ်တဲ့ အခြေအနေမှာ သီတဂူ ဆရာတော်ဘုရား မိန့်တာ တစ်ခု နားထဲ ကြားနေဆဲပဲ။
"ကောင်းတာလုပ်ချိန်မှာ အကြီးအကဲ တွေရဲ့ ဘုန်း ဆိုတာ ရှိပါတယ်။ စိတ်မပူကြနဲ့" ဆိုတာပါပဲ။
ဒီဖြစ်စဉ်လေးကို မေ့မေ့ပျောက်ပျောက် ရှိသွားခဲ့ပေမယ့် နောက်ထပ်တစ်ကြိမ် ဘုရားထီးတင်ပွဲမှာလည်း ဒီလိုအလားတူ ကိစ္စ တစ်ခု ထပ်ဖြစ်ခဲ့သေးတယ်။ ဆိုတော့....နိုင်ငံတော် ဥသျှောင် တစ်ယောက်ရဲ့ ဘုန်းကံ ဆိုတာ မယုံကြည်လို့ မရတဲ့ အနေအထား ဖြစ်သွားတယ်။
သမ္မတကြီးရဲ့ ခမာ ခရီးစဉ်မှာလည်း မိတ်ဆွေ တစ်ယောက်နဲ့ စကားစပ်မိချိန်...မိုးဘယ်လောက်ရွာရွာ သမ္မတကြီး ရောက်ရင် ကပ်ပြီး မိုးက တိတ်သွားတယ် ဆိုတာလေး ပြောဖြစ်ကြတယ်။ ဘာရယ်မဟုတ်...မောင်ဆူးလှည်း ရေးလာတော့ လူတစ်ယောက်ရဲ့ ဘုန်းကံ၊ အတိတ်ကံက သွားတုလို့ မရတဲ့ အခြေအနေမျိုး သတိရမိတယ်။ မြင်ခဲ့ကြဖူးမှာပါ။ ၂၀၂၁ အလွန်ကာလမှာ သီတဂူ ဆရာတော်ကို အသေဆိုးနဲ့ သေပါစေဆိုပြီး ကျိန်ဆဲခဲ့တဲ့ အမျိုးသမီး ....အသတ်ခံရတဲ့ ကိစ္စလေး။

👍150❤26👏3🥴3🥰2👎1😍1