နရီမိုး
35.8K subscribers
3.31K photos
135 videos
104 links
Download Telegram
ဒီကနေ့ခေတ်ပဲကြည့် “ဒီ ဓါတ်လုံးလေးဆောင် ထားရင် ဒီ လက်ဖွဲ့လေး ဆောင်ထားရင် စီးပွားဥစ္စာ တွေ တိုးတက်တယ်။ သိဒ္ဓိပြီးတယ်”ဆိုရင် လိုက်ကြတာ အများကြီးပဲ။ ဒါက မြန်မာပြည်မှာဖြစ်တဲ့ နမူနာလေး တစ်ခုကို ပြောပြတာ။ ယုံကြည်မှုရဲ့နောက်ကို လိုက်နေ ကြတာ။ တကယ်ရတာ၊ မရတာ မသိဘူး။ ယုံကြည်မှုနဲ့လိုက်နေကြတယ်။

တစ်ချိန်တုန်းက ဟိုထိုင်းနိုင်ငံက ဆက်သွယ်လာ တဲ့၊ ကူးစက်လာတဲ့ ချဲထီဆိုတာတွေမြန်မာပြည်မှာ ဖြစ်နေတဲ့ နှစ်လုံးထီဆိုတာတွေ၊ နံပါတ်ပေးတဲ့ပုဂ္ဂိုလ်တွေကို_ယုံကြတာပဲလေ။ နဲနဲလေးစဉ်းစားလိုက်ပေါ့၊
ပေါက်တဲ့နံပါတ်_သူသိရင်_သူပဲထိုးမှာပေါ့။ အဲဒီတော့ သူ့ဟာသူ ဘာဖြစ်လို့ မထိုးသလဲ။ သူများကို ဘာ ကြောင့် ထိုးခိုင်းသလဲ။ အဲဒီလောက်လေး စဉ်းစားလိုက် ရုံနဲ့ပဲ
ဒါမဟုတ်ဘူးဆိုတာ ထင်ရှားတာပေါ့။ သို့သော် ယုံတဲ့လူတွေက ယုံတာပဲလေ။ အေး ဒါက နမူနာကို ပြောပြတာ။ ဘာသာတရားနဲ့ ပတ်သက်ပြီးတော့လည်း လက်တွေ့မကျတဲ့ အရာတွေကို လူတွေက ယုံနေကြတာပဲ။

ဗုဒ္ဓမြတ်စွာဟောတဲ့တရားက ဒါမျိုးမဟုတ်ဘူး။ “သွာက္ခာတ” မှန်မှန်ကန်ကန် ဟောထားတာဖြစ်တယ်။ အရှိကို အရှိအတိုင်းဟောတာ ဖြစ်တယ်။ ကောင်းတာ ကို ကောင်းတယ်၊ ဆိုးတာကို ဆိုးတယ်။ ကုသိုလ်ကို ကုသိုလ်၊ အကုသိုလ်ကို အကုသိုလ်၊ ကယ်တင်လို့ရရင် ကယ်တင်လို့ရတယ်။ မရရင် မရဘူး။ ဟော အမှန် အတိုင်း ဟောထားတာ အဲဒီအမှန်အတိုင်း ဟောတဲ့ တရားဟာ “သွာက္ခာတ” အမှန်အတိုင်းဟောတာ ဟုတ်ပေမယ့်လို့ နား ထောင်ရတဲ့ပုဂ္ဂိုလ်၊ လိုက်နာရတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်တွေ့ မဖြစ်နိုင်ဘူး ဆိုရင်လည်း သိပ်အားကိုးယုံကြည်ဖို့ မကောင်းတော့ဘူး။ “သန္တိဋ္ဌိကော”တဲ့ ကိုယ်တိုင်လည်း တွေ့ရှိနိုင်တယ်။ လက်ခံရုံတင်မဟုတ်ဘူး ကိုယ်တိုင် တွေ့ရှိနိုင်တယ်။ ကိုယ်တိုင်တွေ့ဖို့ ဘယ်လောက်ထိ အောင် ဆိုင်းရမလဲဆိုတော့၊ “အကာလိကော” ဆိုင်း စရာ မလိုဘူး။ “အခုကျင့် အခုသိတယ်”။ ဒီအဓိပ္ပါယ်မျိုး ကို ဟောထားတာနော်။ အဲဒီတော့ ဗုဒ္ဓတရားတော်ဟာ ဘယ်လောက် လက်တွေ့ကျသလဲ။ အင်မတန်မှ လက်တွေ့ကျတယ်။

သို့သော် အဲဒီလက်တွေ့ကျတဲ့တရားကို လက် မခံဘဲ ငြင်းပယ်နေတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ကမ္ဘာ ပေါ်မှာ အများကြီးပဲ။ ဒါကြောင့်မို့ လူတွေရဲ့ ယုံကြည်မျှ တွေဆိုတာ အင်မတန်မှ_ထူးဆန်းတယ်။ဘာဖြစ်လို့ မဖြစ်နိုင်တာကို ယုံကြည်လဲဆိုရင် အသိဉာဏ်နည်းလို့။ မှန်ကန်စွာ စဉ်းစားနိုင်တဲ့ အသိဉာဏ်ဟာ အင်မတန်မှ အရေးကြီးတယ်။ သမ္ပဇည လို့ဆိုတဲ့ ဆင်ခြင်တုံတရား ဟာ လူတိုင်းမှာရှိတယ်လို့ မအောက်မေ့လေနဲ့။ လောကမှာ Educated လို့ ခေါ်တဲ့ ပညာတတ်ပုဂ္ဂိုလ် တွေပဲ ဖြစ်လင့်ကစား၊ ဘာသာတရားနဲ့ ပတ်သက်လာ တဲ့အခါ Educated မဟုတ်တော့ဘူး။ ဘာဖြစ်လို့တုန်း ဆိုရင် စဉ်းစားနိုင်တဲ့ အသိဉာဏ်ကို Tradition ဆိုတဲ့ အစဉ်အလာ ယုံကြည်မှုတွေက လွှမ်းမိုးထားလို့ပေါ့။ အဲဒီလို Tradition တွေ၊ hearsay တွေ ဒါတွေ က လွှမ်းမိုးထားသည့်အတွက် ကိုယ့်ရဲ့ အသိဉာဏ်ကို အသုံးချနိုင်ဖို့ အင်မတန်မှ ခဲယဉ်းတယ်။

လက်တွေ့ကျ သည်ဖြစ်စေ၊ မကျသည်ဖြစ်စေဟုတ်သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ၊ ကြိတ်မှိတ်လက်ခံပြီး ယုံကြည်နေကြတာပဲ။ အဲဒီထဲကမှ တကယ့်ကို စဉ်းစားဉာဏ်ရှိပြီး ထိုးဖောက် ထွက်လာတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ တကယ်_အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကတော့_သာမန်နဲ့မယုံကြည်နိုင်ဘူးပေါ့။

လောကမှာ လူအများစုဟာ သူများအပေါ်မှာ ယုံကြည်ကြတာ၊ သာမန်ပုဂ္ဂိုလ်တွေဟာ ပရပ္ပစ္စယ ဆို တဲ့အတိုင်း သူပြော လူပြောကို ယုံကြတာ များတယ်။ အဲ တရားထူး၊ တရားမြတ် ရသွားလို့ သောတာပန် အဆင့် ရောက်သွားပြီဆိုရင် အပရပ္ပစ္စယ သူတစ်ပါး ပြောတာ မယုံတော့ဘူး။ ဘာဖြစ်လို့ မယုံတာတုန်းဆို ရင် အသိဉာဏ်က_ထက်မြက်လာလို့ ဖြစ်တယ်။ ကိုယ်တွေ့သိတဲ့ အသိဉာဏ်ကြောင့် “အပရပ္ပစ္စယော_ဝေသာရဇ္ဇပ္ပတ္တော”တဲ့။ သူများပြောရုံနဲ့ မယုံဘူး ရဲရင့်တယ်။ ရှင်ကောဏ္ဍည ဓမ္မစကြာတရား နာပြီး တဲ့အခါမှာ သောတာပန်ဖြစ်သွားလို့ “ဓမ္မစက္ခု”ဆိုတဲ့ ဓမ္မအသိဉာဏ် ရတဲ့အခါမှာ အဲဒီ အခြေအနေမျိုး ရောက်သွားတာနော်။

အဲဒီတော့ ဘုန်းကြီးတို့တတွေဟာ အပရပ္ပစ္စယ ဖြစ်ဖို့ အရေးကြီးတယ်ပေါ့။ သူပြော လူပြောနဲ့ ယုံတဲ့ အဆင့်ဟာ အင်မတန်မှ အောက်တန်းကျတယ်။ ဘာသာတရားနဲ့ပတ်သက်ပြီး လူတွေ လိုက်နာကျင့်သုံးပုံ မျိုးစုံနေအောင် ရှိတယ်။ ဒီကနေ့ ထင်ရှားရှိနေတဲ့ ကမ္ဘာ့ ဘာသာတရားတွေအရ ကျင့်သုံးလိုက်နာကြပုံကို ကြည့် မယ်ဆိုရင် သိနိုင်တယ်။

အဲဒီတော့ ဘုန်းကြီးတို့က ဒီကနေ့ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မအတိုင်း လိုက်နာကျင့်သုံးမှုနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ရည်ရွယ်ချက် ရှိရမယ်။ ဘာအတွက် တို့ တစ်တွေဟာ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ ဘာသာတရား ကို လိုက်နာကျင့်သုံးကြတာလဲလို့ ကိုယ့်ဟာကိုယ် ဆန်းစစ်ဖို့ လိုတယ်ပေါ့။ ကျန်တဲ့ဘာသာဝင်တွေ သူတို့ ရဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ လိုက်နာ၊ လိုက်နာ၊ တို့ တစ်တွေက မှန်ကန်တဲ့အနေနဲ့ ဘာသာတရားကို လိုက်နာကျင့်သုံးတာ ဟုတ်ရဲ့လားလို့ စဉ်းစားရမယ်။ လိုက်နာကျင့်သုံးမှူအတွက် ဘယ်လိုပဲ နှလုံးသွင်းမှ၊ ဘယ်လိုရည်ရွယ်ချက်ထားမှ မှန်ကန်သလဲဆိုတာ သိအောင် လုပ်ကြရမယ်။

အဘိဓဇမဟာရဋ္ဌဂုရု
အဂ္ဂမဟာပဏ္ဍိတ
အရှင်နန္ဒမာလာဘိဝံသ
🙏38745👍7👏3😍1
မနေ့က သတင်းထုတ်ပြန်ချက်မှာ တံတားဦးလေဆိပ်ကို FPV drone ၆ စင်းနဲ့ အတိုက်ခံရတယ် ဆိုပြီး ထုတ်ပြန်ထားတယ်။ ထွက်လာတဲ့ နောက်ထပ် သတင်းရုပ်သံမှာ တိုက်လေယာဉ် အဆောက်အအုံနေရာအထိ FPV ဒရုန်း ရောက်လာခဲ့တာ တွေ့ရပေမယ့် ပေါက်ကွဲ ထိမှန်တဲ့ ပုံစံတော့ မတွေ့လိုက်ခဲ့ရဘူး။ ဘာပဲဖြစ်ဖြစ် အနီးကပ်ဆုံး နေရာအထိ အန္တရာယ်ပေးနိုင်ခဲ့တယ်လို့တော့ ပြောရမှာပဲ။


နောက်ထပ် တွေ့ရတဲ့ သတင်းတွေမှာ နွားခြံကုန်းဘက်မှာ ထိတွေ့မှု ဆက်ဖြစ်တဲ့အကြောင်း ကြားရတယ်။ နွားခြံကုန်းဆိုတာက တံတားဦးလေဆိပ်ရဲ့ ၁၆ မိုင်အကွာ ၊ အနောက်တောင်ဘက် အရပ်မှာ ရှိတဲ့ ရွာ ဖြစ်တယ်။ ဖြစ်နိုင်တာက နွားထိုးကြီးဘက်က လာပြီး ဒီကျေးရွာအနီးမှာ စခန်းချပြီး ကင်းထောက် လှုပ်ရှားခဲ့ပုံရတယ်။ တကယ်တော့ ...ပြီးခဲ့တဲ့ နှစ်တွေကတည်းက နွားထိုးကြီးဘက်က တက်လာတဲ့ ရန်သူတွေက အမြန်လမ်းပေါ် စစ်လား ၊ ဆေး လား လုပ်နေတာလည်း ဒီဒေသတဝိုက်က PDF တွေ ဖြစ်တယ်။


မြင်းခြံ ကနေ နွားထိုးကြီး -အမြန်လမ်း၊ မြင်းခြံကနေ မြို့သာ- ဂွေးကုန်းလမ်း ဧရိယာကို နယ်မြေ ရှင်းနိုင်မှပဲ တံတားဦးက လုံခြုံမယ့်သဘောရှိတယ်။ နောက်ဆက်စပ်ပြီး တွေးရမှာက ရေစကြို ပတ်ဝန်းကျင်ရဲ့ အနေအထားပဲ။ ရေစကြိုဆိုတာကလည မြို့ပေါ်တဝိုက်ပဲ လုံခြုံသေးတာဆိုတော့ ....ဧရာဝတီမြစ် အရှေ့ဘက် မြောင် နဲ့ ရေစကြိုဘက်ကို မပိတ်နိုင်ရင်လည်း ဒီနယ်မြေကို ရှင်းလို့ လွယ်မှာ မဟုတ်ဘူးလို့ ပြောလို့ရတယ်။ ရှင်းလည်း ခဏတဖြုတ်လောက်ပဲ ဘေးရန်ကင်းနိုင်တာမျိုး။


ဘယ်လိုပဲ ဖြစ်ဖြစ် ဒီအခြေအနေကို ကြည့်ရင် ကိုယ်မကြိတ်ရင် ကိုယ်ပြန်အကြိတ်ခံရမယ်ဆိုတဲ့ စစ်ရဲ့ သဘောသဘာဝကို တွေ့ရတယ်။ ရန်သူကတော့ တစီးရလည်း တစီး အမြတ်ရအောင် လုပ်မယ့် ပုံစံမျိုးပါပဲ။ ဒီတော့ နယ်မြေရှင်းတဲ့အပြင် ပတ်ဝန်းကျင်တွေကို ထောက်လှမ်းရေးသဘောအရ သတင်းကွန်ရက် တည်ဆောက်ဖို့လည်း လိုပါလိမ့်မယ်။ ဒရုန်းရဲ့ သဘောသဘာဝအရ အနည်းဆုံး ၅ မိုင် ပတ်ခြာလည်မှာ မဖြစ်မနေ အခြေချရမှာ ဖြစ်လို့ အနီးစပ်ဆုံး ကျေးရွာတွေကို ရန်သူ့ သတင်းပေး ကွန်ရက်ရအောင် လုပ်ရပါ့မယ်။ ဥပမာ ဆုပေး ဒဏ်ပေး စနစ်မျိုး တည်ဆောက်တာမျိုး ဖြစ်ဖြစ်ပါ။


စစ်ရဲ့ သဘောသဘာဝအရ မပေါ့တာက ဘေးရန်အကင်းဆုံးပါ။ မန္တလေးလို အလယ်ပိုင်းဒေသမှာ FPV drone တွေ သုံးနေပြီဆိုရင် စစ်ရေးဆိုင်ရာ အလေး၊ အပေါ့ကို ခန့်မှန်းလို့ ရလောက်ပါပြီ။



(နရီမိုး)
👍50478🥴7😍3😎32👌1
ဗီယမ်နမ်သမ္မတရဲ့ မော်စကို ခရီးစဉ်က စိတ်ဝင်စားဖို့ကောင်းတယ်။


ဒီခရီးစဉ်မှာ လီယိုတော်စတွိုင်း ဆုတံဆိပ် ချမြှင့်ခံရတယ်။ သမ္မတ ပူတင်ကိုယ်တိုင် တက်ရောက်ပြီး ဆုချီးမြှင့်ပွဲကို Kremlin ရဲ့ St Andrew Hall မှာ ပြုလုပ်ခဲ့တယ်။ ဆုရဲ့ အကြောင်းပြချက်ကလည်း ငြိမ်းချမ်းရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာဥပဒေကို လေးစားရေးတို့အတွက် တိုးလမ်ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းဖြစ်ပတယ်လို့ ဆိုထားတယ်။

တကယ်တော့ နဂိုကတည်းက ရုရှား- ဗီယမ်နမ် ကာကွယ်ရေး ကဏ္ဍအပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေက နဂိုကတည်းက ရှိထားတာတွေရှိတယ်။ ခုနောက်ပိုင်း နျူကလီးယားစက်ရုံ တည်ဆောက်မယ့်ကိစ္စတွေလည်း အရေးပါလာတယ် ပြောရမယ်။ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်မှာ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့ MoU ထိုးခဲ့တာ ရှိသလို NLG တည်ဆောက်ရေးနဲ့ပတ်သက်ပြီး သဘောတူညီချက်တွေ ရခဲ့တာ တွေ့ရတယ်။

ဆိုတော့....ကာကွယ်ရေး ကဏ္ဍအပြင် စွမ်းအင်ပိုင်းကိုပါ ချဲ့ထွင်လာတာ ဖြစ်လို့ Comprehensive Strategic Partnership” အဆင့်ဘက်ကို ရွေ့လာတာ မြင်ရတယ်။


ဗီယမ်နမ် သမ္မတရဲ့ ခရီးစဉ် ရေးဆွဲထားတာကလည်း ဆန်းတယ်။ Russia ခရီးစဉ်ပြီးတာနဲ့ ပြင်သစ်ကို ဆက်သွားပြီး International Space Summit ကိုတက်ရောက်မယ့် အစီအစဉ်လည်း ရှိတယ်။ နောက်ပိုင်း US နဲ့ UN ခရီးစဉ်တွေပါ ရှိနေတာ တွေ့ရတယ်။

ခြုံကြည့်လိုက်ရင် ...အမျိုးသား အကျိုးစီးပွားက အဓိက ဆိုတာ တွေ့ရတယ်။ အရှေ့တောင်အာရှက ဘယ်နိုင်ငံမှ နိုင်ငံရေးစနစ်မှာ ခြောက်ပစ်ကင်းသဲလဲစင်နေတာ မရှိဘူး။ အကျိုးစီးပွားပါရင် ...နိုင်ငံရေးက ပေါင်းလို့ရတာ သတိပြုစရာပါပဲ။



(နရီမိုး)
👍42482👎2🥴2😍2
မနေ့က တာချီလိတ်မှာ ထိုင်း နိုင်ငံက အလိုရှိတဲ့ မူးယစ်တရားခံတွေကို မြန်မာနိုင်ငံဘက်ကနေ လွှဲပြောင်းပေးတဲ့ ဖြစ်ရပ်လေး မြင်ရတယ်။


တရားခံ ၉ ဦးမှာ ၇ ဦးက မူးယစ်ဆေးဝါးအမှုနဲ့ပတ်သက်ပြီး ထိုင်းဘက်က ဖမ်းဝရမ်းထုတ်ခံရတဲ့သူတွေလည်း ဖြစ်ကြတယ်။ ထိုင်းဘက်မှာ ပြစ်မှု ကျူးလွန်ပြီး မြန်မာဘက်မှာ လာရောက်ပုန်းခိုတဲ့ သဘောပဲ။

တဆက်တည်း တွေးမိတာက...ထိုင်းဘက်မှာလည်း မြန်မာဘက်က အလိုရှိတဲ့ ပြည်ပြေး တရားခံတွေ အများကြီးပဲ။ ဥပမာ မဲဆောက်လို နေရာတွေမှာ နေပြီး ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကို မီးစာ ထိုးပေးနေသူတွေ အများကြီးရှိတယ်။ ထိုင်းမှာနေ၊ ခွက်ခေါက်ပြီး ဘဝရှေ့ရေးအတွက် တော်လှန်‌ရေး အကြောင်းပြပြီး နေတဲ့သူတွေလည်း ရှိကြတာပဲ။ တချို့ဆို နယ်စပ် လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီး ထောက်ပို့ လုပ်ငန်းတွေပါ လုပ်နေတာမျိုးအထိ ရှိတယ်။ EAO ထဲမှာလည်း ထိုင်းနိုင်ငံသား ခံယူပြီး လက်နက်ကိုင် နှစ်ဖက်ခွနေတာမျိုး ရှိတာပဲ။


ဒါနဲ့ပတ်သက်ပြီး အပြန်အလှန် တောင်းဆိုနိုင်ရင် မဆိုးဘူး။ ထိုင်းဘက်က တကယ်လုပ်ပေးရင်တော့ နယ်စပ်မှာနေပြီး ထောက်ပို့ လုပ်နေတဲ့ ကိစ္စတွေ ရပ်သွားနိုင်တယ်။ ထိုင်းရဲတွေ အနေနဲ့လည်း မသိနိုင်စရာ အကြောင်းတော့ မရှိဘူး။ တမင် မမြင်ချင်ယောင်ဆောင်နေရင်တော့ မပြောတတ်ဘူးပေါ့။



(နရီမိုး)
👍43773👏9🥴8👎1🔥1
ကမ္ဘောဒီးယားက ICC အဖွဲ့ဝင် နိုင်ငံ ဖြစ်လို့ မြန်မာသမ္မတကို ဖမ်းပေးပါဆိုတဲ့ တောင်းဆိုချက်တွေကို ကမ္ဘောဒီးယားရဲ့ လုပ်ပေါက်က မျက်နှာဖျက်ရိုက်ခံရသလိုပဲ။


ပုံမှန်အတိုင်း ကော်ဇောနီခင်းပြီး ကြိုတဲ့အပြင် ပြည်သူတွေပါ သောင်းသောင်းဖြဖြ ကြိုဆိုခိုင်းထားတယ်။


ရှေ့မှာ ဒီခရီးစဉ်မတိုင်ခင် လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းတွေ၊ ပါတီကြီး အဆင့် ပူးပေါင်း ဆောင်ရွက်မှုတွေ အပြန်အလှန် ရှိခဲ့တဲ့ နှစ်နိုင်ငံကြားက ဆက်ဆံရေး နက်ရှိုင်းမှုတွေကိုလည်း သဘောပေါက်ဟန် မတူဘူး။

ကလေးဆိုးကြီးတွေလို...အထူအပါးလည်း နားမလည်၊ နိုင်ငံရေး အသွားအလာလည်း မသိဘဲ ဖြစ်ချင်တာတွေ ဇွတ်တောင်းဆိုနေတာကတော့ အတော်လေး ရုပ်ပေါက်တယ်။

ဒါနဲ့ ...အမျိုးသား ညီညွှတ်ရေး အစိုးရတို့ ၊ SCEF တို့ကိုရော ဘယ်နိုင်ငံက ခုလို ကော်ဇောနီ ခင်းပြီး ကြိုတာ တွေ့ဖူးလဲ။ လာမယ့် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကျော်မိုးထွန်းပါ ခုံပျောက်ရင် ....NUG အတွက်တော့ ရင်လေးစရာပဲ။ ခုံပျောက်မယ်သာ ပြောရတာပါ၊ တကယ်တော့ ဒီ ၅ နှစ်စလုံး UN မှာ မြန်မာနိုင်ငံအတွက် တကယ်လည်း ကိုယ်စားပြုခွင့်မှမရဘဲ။ ကံဆိုးရင်...၂.၆ သန်း ကိစ္စပါ ထပ်ရှင်းရဦးမယ်။

တချို့အရာတွေက မတူရင် မတု တာပိုကောင်းတယ်။


(နရီမိုး)
👍47799👏15🥰9🤬2🥴2👎1😎1
နစက စဖွဲ့ကတည်းက...... နိုင်ငံအပြင်ထွက်ရင် အဖမ်းခံရမယ်ဆိုတာတွေရော၊ တစ်ခါ.... မိသားစုလိုက် ရုရှားကို ထွက်ပြေးဖို့ ကြိုးစားနေတယ် ဆိုတာကပါလိုက်သေးတယ်။


ဒီကြားထဲ ...R2P တွေ လာမယ်။ အမေရိကန် စစ်တပ်ကြီးက ပင်လယ်ဝ ရောက်နေပြီတို့....ဘာတို့။


၅ နှစ်သာကြာသွားတယ်။ လေဖမ်းဒန်းစီးအဖွဲ့ဘက်က မျှော်လင့်ထားတာ ဘာတစ်ခုမှ မယ်မယ်ရရ ဖြစ်မလာဘူး။


ခုလည်း ကမ္ဘောဒီးယားက ICC အဖွဲ့ဝင်ဆိုတော့ ဖမ်းပေး၊ ဘာညာနဲ့ အသံပေါင်းစုံဟစ်၊ မနေ့ကလည်း FPV drone က တိုက်လေယာဉ်တွေ ၄ စင်းလောက်တောင် ဖျက်စီး နိုင်သလိုလို....။ ထိခိုက်ပျက်စီးတဲ့ ရုပ်သံ မပါဘဲ လိုင်းနှုန်း ပျောက်သွားကတည်းက ...ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်ဘူးဆိုတာ အတွေ့အကြုံက ခံစားမိပြီးသား။


ခက်တာက...၂၀၂၁ ကနေ ဂျင်းသတင်းတွေနဲ့ပဲ ပျော်မွေ့လာတာ ဆိုတော့...တခုခုဆို ဖြစ်လိမ့်မလားဆိုတဲ့ False Hope ကြားမှာ သူတို့ကိုယ်တိုင်က နေသားကျ နေကြတာ ဖြစ်မယ်။


ခုလည်း သမ္မတကြီးက ဖနွမ်းပင်မှာ ခင်းထားတဲ့ ကော်ဇောနီပေါ်..... ရင့်တကော့ကော့၊ ခေါင်းတမော့မော့ပဲ။ စိတ်ထဲ တွေးမိတာက.... ဒါကိုကြည့်ပြီး သူတို့ ဘယ်လောက်တောင် ပူလောင်နေမလဲမသိ။


(နရီမိုး)
👍514120😘5👏3👎2🥴21🥰1🤬1
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏38638👍8👏1
"အားလုံးဟာ တစ်ခဏအချိန်လေးပါပဲ "

️ဒေါသ ထွက်စရာကြုံလာလို့ရှိရင်
ကိုယ့်ဒေါသကိုပြန်ပြီးတော့ "ဟာ ဒေါသထွက်တာ
မကောင်းဘူး အလကားပဲ။ စိတ်ဆိုးနေတာအပိုပဲ ဆိုပြီးတော့ သူ့ကိုပြန်ပြီးတော့ မကောင်းဘူး" လို့
စဉ်းစားလိုက်တာနဲ့ သူဟာလျှော့ကျသွားတယ်။

လျှော့ကျသွားပြီးနောက်ဆုံးမှာ
သည်းခံနိုင်အောင်ကြိုးစားတယ် ။
ခွင့်လွတ်နိုင်အောင် ကြိုးစားတယ်။
လူတွေရဲ့အပြုအမူဟာ"ဒါ သူသဘောကျလို့
သူလုပ်တာပဲငါ ဒေါသထွက်နေတာလည်း
ငါ့ဘာသာငါ ဘာမှအကျိုးရှိမှာ မဟုတ်ဘူး
ဒေါသထွက်ရင်ကိုယ်ပဲ ဒုက္ခရောက်မှာဘဲ"
ဆိုတဲ့အတွေးတွေနဲ့ လူတစ်ယောက်အပေါ်မှာ
ဒေါသထွက်တာကို အဲဒီနည်းနဲ့ဖြေရှင်းတယ် ။

နောက် စိတ်ဓာတ်ကျစရာတွေ
ဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင်လည်း
" ဘဝဆိုတာ တစ်ခဏလေးပဲနော်,
အားလုံးဟာဘာမှ ဟို…မက်မောစရာလည်းမရှိဘူး၊တွယ်တာစရာလည်းမရှိဘူး၊ မုန်းစရာလည်းမရှိဘူး
အားလုံးဟာ တစ်ခဏအချိန်လေးပါပဲ" ။

"တစ်နေ့ကျတော့ အားလုံးဟာ
သေဆုံးသွားကြမှာပဲ" ဆိုတဲ့
ဒီအတွေးလေးကတော့ ဝမ်းနည်းစရာတို့
ဒေါသထွက်စရာတို့ စိတ်ဓာတ်ကျစရာတွေ
ဒါတွေအတွက် ဒီအတွေးလေးဟာ
အကာအကွယ်ဖြစ်ပါတယ်။
အဲ့ဒီလိုလေးပဲ နှလုံးသွင်းလိုက်ပါ။

ကျေးဇူးတော်ရှင်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏38840👍11
သမ္မတကြီးအနေနဲ့ အစိုးရသက်တမ်းကာလ ၆ လမပြည့်ခင်မှာ နိုင်ငံတကာဆက်ဆံရေးကို အကောင်းဆုံး တည်ဆောက်နိုင်ခဲ့တယ်လို့ ပြောလို့ရတယ်။

အိမ်နီးချင်းထဲက အင်အားအရ ပါဝါကြီးတဲ့ နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်ကို Balance ဖြစ်အောင် ကစားထားနိုင်သလို ရုရှား- ဘီလာရုစ်ဘက်ကိုပါ ခြေဆန့်ထားနိုင်ခဲ့တယ်။

အရေးအကြီးဆုံးလို့ ဆိုရမယ့် ဒေသတွင်းမှာ ထိုင်း၊ လာအို တို့လို အိမ်နီးချင်းတွေအပြင် ဗီယမ်နမ်နဲ့ ကမ္ဘောဒီးယားကိုပါ ကိုယ့်လူရင်း အနေအထားဖြစ်အောင် လုပ်နိုင်ခဲ့တယ်။

ကမ္ဘောဒီးယားကို လာရတာက ကိုယ့်အိမ်ကိုယာလို ခံစားရတယ် ဆိုတဲ့ စကားလုံးကတော့ ဟွန်ဆန်ရဲ့ နှလုံးသားကို ထိမှန်နိုင်တဲ့ မြှားတစ်စင်း ဖြစ်မလားပေါ့။ ဘုံ ၅ ချက် တွေခဏထား၊ နှစ်နိုင်ငံ မိတ်ဖက် ဆက်ဆံရေးကို အကောင်းဆုံးတည်ဆောက်မယ်၊ ရွေးကောက်ခံ အစိုးရကို ဘာလို့ လက်မတွဲနိုင်စရာ ရှိမလဲ၊ ကိုယ်တွေလည်း ဒီအနေအထားကို ဖြတ်ကျော်ဖူးပါတယ် ဆိုပြီး ဟွန်ဆက်ဘက်က အားပေး စကားဆိုတာကလည်း ဒီခရီးစဉ်ရဲ့ အသက်သွေးကြော ဖြစ်လာမလားပဲ။


အာဆီယံ နိုင်ငံထဲက တီမောတို့လို နောက်ပေါက်တွေ Geopolitics အရလည်း ဝေးပါတယ်။ အားသာချက်က....လျန်ချန်း-မဲခေါင် နိုင်ငံတွေကို အကုန်လုံး အိတ်ကပ်ထဲ ထည့်နိုင်ကတည်းက နောင် မြန်မာနဲ့ပတ်သက်ရင် ဘယ်အရာမှာ All inclusive ဆုံးဖြတ်ချက် ရနိုင်ဖို့ ခက်သွားပြီလို့ ပြောလို့ရပြီ။ အနည်းဆုံး ဒီနိုင်ငံတွေကတော့ မြန်မာ ဘက်မှာ ရှိနေတော့မယ့် အနေအထားမျိုး ရောက်နှင့်နေခဲ့ပြီ။

ဒီအနေအထားကို ကျန်တဲ့ အာဆီယံ နိုင်ငံတွေလည်း သဘောမပေါက်ဘဲနဲ့တော့ မနေဘူး။ လေသံကိုက Special Envoy မလိုဘူးလို့ ခပ်မာမာ ပြောပြီးသားမဟုတ်လား။ ဘုံ ၅ ချက်ကို ကိုင်ပြီး ဘာလုပ်ပေးပါဆိုတဲ့ တောင်းဆိုချက်တွေကို အာဆီယံအနေနဲ့ စွန့်လွှတ်ချိန်တန်ပြီ ထင်ပါတယ်။


(နရီမိုး)
👍39082😍2😎2👎1🥰1🤬1🥴1
၁။ နှစ်ထပ်အခွန်ကောက်ခံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်

ဆိုလိုတာက နှစ်ထပ်အခွန်ကောက်ခံမှု ပပျောက်စေဖို့၊ အခွန်ရှောင်တိမ်းမှုနဲ့အခွန်ရှောင်လွှဲမှု‌ တွေကို စနစ်တကျ ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ပဲ နားလည်ရတယ်။


၂။ ရင်းနှီးမြှုပ်နှံမှုများ အပြန်အလှန်မြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ သဘောတူစာချုပ်

နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုတွေကို အပြန်အလှန် မြှင့်တင်ပေးနိုင်ရေးနဲ့ ကာကွယ်ပေးနိုင်ဖို့ ဖြစ်တယ်။


၃။ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်

ကမ္ဘောဒီးယားရဲ့ ယဉ်ကျေးမှုနဲ့ အနုပညာဝန်ကြီးဌာန နဲ့မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန တို့အကြား ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်။

၄။ သတင်းအချက်အလက်နှင့် မီဒီယာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ

ကမ္ဘောဒီးယားအစိုးရနဲ့ မြန်မာအစိုးရတို့အကြား သတင်းအချက်အလက်နဲ့ မီဒီယာကဏ္ဍ တွေမှာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ။


ဒီ ၄ ချက်ကို မနေ့က သဘောတူနိုင်ခဲ့ကြတယ်။


(နရီမိုး)
👍27372👏5👎1🥰1🤬1🥴1
International Crisis Group ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စစ်တမ်းတစ်စောင်က သိပ်စိတ်ဝင်စားစရာ ကောင်းနေတယ်။ လေ့လာဆန်းစစ်ချက်ထဲမှာ ရေးထားတာက မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ရွှေထုတ်လုပ်မှုက တစ်နှစ်ကို ရွှေတန်ချိန် ၅ တန်အထိ ရှိနိုင်ပြီး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အထိ ရှိနိုင်တယ်ဆိုပြီး ရေးလာခဲ့တယ်။


သူရေးထားတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဆိုတာ ကိုယ့်အထင်တော့ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ချင်းတွင်းမြစ်တလျှောက်ပဲ ဖြစ်ဖို့များတယ်လို့ ယူဆတယ်။ မြောက်ပိုင်းကတော့ ကချင်ပြည်နယ်ပေါ့။

သူ့စာတမ်းရဲ့ သုံးသပ်ချက်မှာ အချက် ၃ ချက်ကို အဓိကထား Highlights လုပ်ထားတယ်။ ပထမအချက်က ရွှေ တူးဖော်တာက စီးပွားရေး လုပ်ငန်း ဆန်လာတယ်။ ဒုတိယအချက်က တိုင်းရင်းသားလက်နက်ကိုင်နဲ့ ဒေသခံ PDF တွေရဲ့ စစ်ရေးအင်အားဖြည့်ဖို့ အဓိက ဝင်ငွေရလမ်းကြောင်းဖြစ်လာတယ်။ တတိယအချက်က ဒေသခံ တာဝန်ရှိသူတွေရဲ့ အခန်းကဏ္ဍနဲ့ ဒီနယ်မြေတွေအတွက် နယ်မြေလု စစ်ပွဲတွေ ဖြစ်လာနိုင်ခြေ ပိုမြင့်မားတယ်ဆိုပြီး သုံးသပ်ထားတယ်။


သူတို့ပြောတဲ့ ပထမအချက်အရ ရွှေတူးဖော်တဲ့ လုပ်ငန်းက တဖြည်းဖြည်း စီးပွားရေး ဆန်လာတာတော့ အမှန်ပဲ။ ဆိုပါစို့ စိုက်ပျိုးရေးအတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ သဖန်းဆိပ်ဆည်ထဲမှာတောင် တရားမဝင် ရွှေဖောင်တွေ ရှိလာတာက ဒီအချက်ကို မီးမောင်းထိုးပြနေတယ်။ သာမန်စိုက်ပျိုးရေးကို ဒေသခံတွေကိုယ်တိုင် စွန့်လွှတ်လာတယ်။ ဟုမ္မလင်း အထက်ပိုင်း၊ ဗန်းမောက်၊ ပင်လည်‌ဗူးနဲ့ စစ်ကိုင်း အထက် တကြောလုံးမှာ စိုက်ပျိုးရေးထက် ရွှေတူးဖော်ရေးကသာ အဓိက စီးပွားရေးလို ဖြစ်နေတယ်။

ဒုတိယအချက်ကလည်း စိတ်ဝင်စားစရာကောင်းတယ်။ အရင်က ဖက်ဒရယ် ဘာညာ အော်ခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက နယ်မြေ နည်းနည်းရတာနဲ့ တရုတ် လုပ်ငန်းရှင်တွေ ခေါ်သွင်းပြီး သတ္တုတူးဖော်ရေးနဲ့ မြေရှား လုပ်ငန်းတွေကို လုပ်လာကြတယ်။ ဒါက ရှမ်းပြည်မြောက်ပိုင်းမှာ အဓိက တွေ့ရတယ်။ ကချင်ပြည်နယ်မှာလည်း KIA က ဒါမျိုး လုပ်နေတာပါပဲ။ ဆိုတော့ ...တရားမဝင် သယံဇာတ တူးဖော်တာကို မထိန်းချုပ်နိုင်ခြင်းက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စစ်ရေး၊ စစ်ရာ တည်ဆောက်မှုကို အစိုးရအနေနဲ့ မတားဆီးနိုင်သလို ဖြစ်နေရတယ်။ ဥပမာ KIA ဆို လက်နက်စက်ရုံရှိတယ်။ ၁၀၂၇ နောက်ပိုင်း ဒရုန်းတွေ ပေါပေါသီသီ သုံးနိုင်တယ်။ ဒါတွေ တည်ဆောက်ဖို့ ဝင်ငွေ ဘယ်ကရသလဲ။ ဒီသယံဇာတကပဲ ရတယ်ပေါ့။ ဒါတွေ အမြစ်မပြတ်သရွေ့ စစ်ပွဲက သံသရာလည်မယ့် သဘောရှိတယ်။

တတိယအချက်ကလည်း သတိချပ်စရာ ကောင်းတယ်။ စစ်ကိုင်းအထက်ပိုင်းက တရားမဝင် ရွှေဖောင်တွေ၊ တခြား သယံဇာတတွေ ကို အနီးစပ်ဆုံး ဖြစ်တဲ့ ဒေသအာဏာပိုင် တာဝန်ရှိသူတွေက သတင်းပို့ တင်ပြဖို့ ပျက်ကွက်တာလား၊ နယ်‌ မြေ မစိုးမိုးနိုင်သေးလို့ သတင်းမှန်ရဖို့ ခက်ခဲတာလား....စသဖြင့် မေးခွန်းတွေ အများကြီးပဲ။


သေချာတာကတော့ တစ်နှစ်ကို ရွှေတန်ချိန် ၅ တန်နဲ့ အမေရိကန်ဒေါ်လာ ၁ဘီလီယံ ဝင်နေတဲ့ ဒီလုပ်ငန်းက သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်တာ၊ ခဏနောက်ထား၊ စစ်ရေးပဋိပက္ခ ချုပ်ငြိမ်းဖို့ ဘယ်လိုမှမဖြစ်နိုင်ဘဲ မီးစာ ဖြစ်နေတာမျိုး တွေ့ရလိမ့်မယ်။ တရားမဝင်ကနေ ငွေရလွယ်တယ်။ ငွေရလွယ်တော့ လက်နက်ခဲယမ်း ဖြည့်နိုင်မယ်။ လက်နက်ခဲယမ်းအားကောင်းတော့ အပစ်ရပ်တွေ၊ ငြိမ်းချမ်းရေး အကြောင်းတွေ မစဉ်းစားတော့ဘူး ဆိုတဲ့ အမြင်မျိုး အားကောင်းသွားစေတယ်။

‌တကယ့်ကို လေးလေးနက်နက် စဉ်းစားရမယ့်ကိစ္စ တစ်ခု ဖြစ်နေတာတော့ အမှန်ပဲ။



(နရီမိုး)
👍45582🥴4👏2😢2👎1
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏26015👍7👏1
လူတွေမှာ ချစ်ခြင်းမုန်းခြင်း ဆိုတာ ရှိတယ်။
ချစ်ရင် ချစ်မယ်၊မချစ်ရင် မုန်းမယ်။ချစ်ခြင်း မုန်းခြင်း ဆိုတာ အစွန်းနှစ်ခုပဲ။စိတ်ဓာတ်မှာ balance မဖြစ်လို့ အစွန်းနှစ်ဖက်ထွက်နေတဲ့ စိတ်ဓာတ်။

အဲဒီ အစွန်းထွက်နေတဲ့ စိတ်ဓာတ်ကလွတ် မြောက် ချင်လို့ရှိရင် ဘာလုပ်ရမလဲဆိုတော့ ဥပေက္ခာ ပွားရမယ်တဲ့။ဥပေက္ခာဆိုတာ ဘယ်လိုပွားရသလဲဆိုရင်“သဗ္ဗေသတ္တာ ကမ္မဿကာ”သတ္တဝါဆိုတာ သူ့ကံနဲ့သူလာတာ လို့ ပွားရတယ်။ချစ်ခြင်းကိုလည်း ရှောင်မယ်။မုန်းခြင်းကိုလည်း ရှောင်မယ်။ချစ်ခြင်း မုန်းခြင်း ထို နှစ်မျိုးလုံးမပါဘဲနဲ့ တည် ငြိမ် တဲ့သဘာဝတရားတစ်ခုကိုဥပေက္ခာလို့ ခေါ်တယ်။

ဒီကနေ့ အရပ်ထဲမှာတော့ “ဥပေက္ခာ” ဆိုတာကိုယ်နဲ့မတည့်လို့ မခေါ်တဲ့ပုဂ္ဂိုလ်ကို“ဥပေက္ခာပြုတယ်”လို့ ပြောနေကြတယ်။အဲဒီလို အဓိပ္ပါယ် မဟုတ်ဘူး၊ဥပေက္ခာက အလွန်မွန်မြတ်တယ်။ချစ်ခြင်းမုန်းခြင်းဆိုတဲ့ အစွန်းနှစ်ဖက် မရှိစေဘဲ တည့်မတ်တည်ငြိမ်တဲ့သဘောထား။

ဒါကြောင့်မို့ equanimity လို့ အင်္ဂလိပ်လိုပြန်တယ်။equanimity ဆိုတာ စိတ်ရဲ့ တည်ငြိမ်မှုပဲ။အဲဒီတည်ငြိမ်မှုဟာ စိတ်မတည်ငြိမ်တဲ့ emotion ဆိုတဲ့ ရာဂတို့၊ဒေါသတို့ရဲ့ ထွက်ပေါက်ပဲ။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဥပေက္ခာဆိုတဲ့ စေတောဝိမုတ္တိဟာ ရာဂရဲ့ ထွက်ပေါက်ပါလို့ ဟောထားတယ်။ဒါ့ကြောင့်မို့ အဲဒါကိုလည်းပဲ လေ့ကျင့်ပွားများခြင်းဖြင့် မိမိတို့ရဲ့ မှန်ကန်တဲ့ထွက်ပေါက်တစ်ခုကို ရရှိနိုင်မယ်။

(ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏21418👍4
မနေ့က Iphone နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ ရုပ်သံလေး တွေ့လိုက်ရတယ်။ လက်ရှိ နောက်ဆုံးပေါ် latest ဖုန်း ဖြစ်တဲ့ Iphone 18 ကို အခွန်မပါသေးဘဲနဲ့ကို သိန်း ၉၀ လောက် ခေါ်ရောင်းနေတဲ့ ကိစ္စအကြောင်း ရုပ်သံ ပိုင်ရှင်က ပြောထားတယ်။


မူရင်းဈေးက အမေရိကန်ဒေါ်လာ ၁၂၀၀ ပတ်ဝန်းကျင်၊ အနီးစပ်ဆုံး ထိုင်း မှာတောင် ဘတ် 57000 အနေအထားမှာ 256 G လောက်တောင် မူရင်းဈေးထက် သိန်း ၂၀ လောက် ခွာပြီး ဈေးတင်ရိုက်နေတာက သိပ်တော့ အဆင်မပြေလှဘူးပေါ့။


ဒါက‌ တကယ်တော့ ဖုန်းလောကမှာ ဖြစ်ပျက်နေတဲ့ ကိစ္စ။
အခွန်တွေနဲ့ ထည့်ပေါင်းရင် သိန်း ၁၀၀ ပတ်ခြာလည် လောက် တင်ရိုက်မယ့် သဘောပဲ။ မြန်မာနိုင်ငံမှာက တန်ဖိုးမြင့်ဖုန်း ကိုင်ဖို့နဲ့ ခုလို Latest ဖုန်းကို ကိုင်ဖို့ဆိုတာ ပိုက်ဆံ အရမ်းရှိနေမှပဲရမယ်။ လူတန်းစား ရွေးတဲ့ ဖုန်းလို့လည်း ပြောလို့ရတယ်။ တကယ့်တကယ် သူဌေးတွေနဲ့ Iphone Brand ကို ခရေဇီ ကျတဲ့သူတွေကတော့ သိန်း ၂၀ အမြတ်ပေးရလည်း အကြောင်း မဟုတ်ဘူး ဆိုပေမယ့် တကယ့် User သမားတွေအတွက်ကျတော့ ဒုက္ခ ရောက်ရတယ်။

ဖုန်းနဲ့ဆက်စပ်ပြီး တွေးမိတာက ကား လောကလည်း ဒီတိုင်းပဲ။ မြန်မာနိုင်ငံမှာ SKD လုပ်နေတဲ့ ဆူဇူကီး ကားရဲ့ Showroom တရားဝင်ပေါက်ဈေးက သိန်း ၁၀၀၀ ကျော်ပဲ။ ဈေးကွက်ထဲမှာ လက်ရှိ သွားရှာရင် ၂၀၀၀ ကျော်နဲ့ ၃၀၀၀ နား ကပ်နေလိမ့်မယ်။ နဂိုကတည်းက ချမ်းသာသူတွေအတွက်တော့ မပြောလိုပေမယ့် တကယ်သုံးမယ့် User တွေအတွက်ကျတော့ ဒါက နည်းလမ်း မကျနေဘူး။ လွှတ်တော်ထဲမှာ ဝန်ကြီးဖြေသွားသလို ဈေးကွက်ကို အစိုးရအနေနဲ့ ထိန်းချုပ်လို့ မရဘူးဆိုပေမယ့် ဒီလို မဖြစ်သင့်တဲ့ ဈေးကွက်ကြီးက တရားဝင်လိုလို ပေါ်ပေါက်နေတာကြီးက ဘယ်လိုမှ လက်သင့်ခံနိုင်စရာ မရှိဘူးလို့ပဲ မြင်မိတယ်။


(နရီမိုး)
👍21747😢6🤝2👎1😐1