ပြည်သူ့စစ်မှုထမ်းနဲ့ပတ်သက်ပြီး အကြံပြုချက် တချို့ကို ဆောင်းပါး ပုံစံနဲ့ ရေးပြီး ပြုစုခဲ့ဖူးတယ်။
ဒီစနစ်ကို အောင်အောင်မြင်မြင် လည်ပတ်ဖို့အတွက်၊ အဂတိကင်းဖို့အတွက်၊ Check, re check လုပ်နိုင်ဖို့အတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ၁၈-၃၅ ကျား ဒေတာဘေ့ တခုကို တည်ဆောက်ပြီး ကြပ်မတ်မှရမယ်။
ရေရှည်အတွက်ဆိုရင် ....အောက်ခြေစုပေးမှ ရမယ်ဆိုတာထက် ဥပဒေအတိုင်း သွားနိုင်ဖို့က အရေးကြီးတယ်။ မဟုတ်ရင် ...တပ်ကို ခုတုံးလုပ်ပြီး လူ ရောင်းစားတဲ့ ဂိုဏ်းအဖွဲ့တွေ ပေါ်လာလိမ့်မယ်။ ဒါက သာမန် လူသစ်စုတာထက် ဆိုးတယ်။ ဒါတွေကို ဦးဆောင်ရမယ့် မြေပြင်ကွန်မန်ဒါတွေအတွက်လည်း ပြဿနာ ဖြစ်လာနိုင်တယ်။
ဒီစနစ်အောင်မြင်ဖို့ လူထုနဲ့ လွှတ်တော်ကလည်း ပံ့ပိုးပေးရမယ်။ ဒီစစ်သည်တွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးက အမြင့်ဆုံး ရှိနေရင်....ကြားပွဲစား စနစ်ပျောက်ပြီး လူကိုယ်တိုင် လိုလိုလားလား လာကြလိမ့်မယ်။ စစ်နိုင်သွားတဲ့တနေ့ ၊ အသားစီး ရတဲ့တနေ့ ဒီဥပဒေကို ယာယီ ရပ်နိုင်တဲ့ အဆင့်အထိ ပံ့ပိုးပေးဖို့ လိုအပ်တယ်။
ဒီဥပဒေက တပ်မတော်ရဲ့ အောင်နိုင်ရေး အတွက်ပါ ချိတ်ဆက်ထားတယ်။ နည်းပညာမြင့် ဒရုန်းတွေကို ပေါပေါသီသီ သုံးနိုင်မှ စစ်သည်တွေရဲ့ HR တန်ဖိုး ဆုံးရှုံးမှု လျှော့ချနိုင်မယ်။ အထိအခိုက်နည်းပြီး စစ်နိုင်မှပဲ....နောက်ဝင်လာတဲ့သူတွေအတွက် အားဖြစ်စေမယ်။ တိုက်တိုင်းလည်း နိုင်တယ်။ နည်းပညာမြင့် ၊ ဒရုန်း လက်နက်တွေ ဖောဖောသီသီ သုံးရတယ်။ အခွင့်အရေးနဲ့ ရပိုင်ခွင့်ကလည်း တန်တယ်။ အထိအခိုက်လည်း နည်းတယ် ဆိုမှ ပြည်ပ ထွက်နှုန်း လျော့လိမ့်မယ်။
ဆိုလိုတာက စစ်မှုထမ်းဥပဒေဆိုတာ တိုင်းပြည်စီးပွားရေးနဲ့ အလုပ်လုပ်နိုင်စွမ်း အထိပါ သက်ရောက်နေတာမျိုးပါ။ ဒီဥပဒေကို ဥပဒေအတိုင်း ပြဌာန်းရုံ သပ်သပ်ထက် ဖြည့်စွက် ပံ့ပိုးဖို့ လိုသလို Brain drain နဲ့ပါ ဆက်စပ်နေလို့ အရေးကြီးပါတယ်။
(နရီမိုး)

👍406❤139🥰7🙏2🥴2✍1👎1
ဟန်နွိုင်း ခရီးစဉ်က အောင်မြင်လား မေးရင် သိပ်ကိုအောင်မြင်တာပေါ့။
ဗီယမ်နမ်လို ဒေသတွင်း စီးပွားရေးမှာ တရိပ်ရိပ် ထိုးတက်နေတဲ့ နိုင်ငံ၊ အများစုက တပ်စီးပွားရေး နွယ်နေတဲ့ နိုင်ငံက မြန်မာနိုင်ငံ သမ္မတနဲ့ ဇနီးကို တရားဝင် ချစ်ကြည်ရေး ဖိတ်ပြလိုက်တာ ဘယ်အာဆီယံ နိုင်ငံမှ အသံ မထွက်လာကြဘူး။
မြန်မာကို တရားဝင်ကြောင်း အသိအမှတ်မပြုဖို့ဆိုပြီး ထိုင်းကို စာပို့ကန့်ကွက်တဲ့ ၅ယောက်တဖွဲ့ JFM တို့လည်း ဗီယမ်နမ်ကို ဘာသံမှမထွက်နိုင်ခဲ့ဘူး မလား။
ဗီယမ်နမ်ဘက်ကကြည့်ရင်လည်း အကျိုးအမြတ်မရှိနေဘဲ ကောဇောနီခင်းပြီး တခမ်းတနား ကြိုဆိုနေမှာ မဟုတ်ဘူးလေ။
သမ္မတဇနီးနှစ်ယောက်ရဲ့ သီးခြား Trip မှာဆိုရင်...ချက်ခြင်း ညီအစ်မတွေလို ရင်းရင်းနှီးနှီး ဆက်ဆံနေတာတွေ့လိုက်တော့....နိုင်ငံရေးမှာ ဒီမြင်ကွင်းတွေက အကြီးစား ရှော့ဖြစ်စေမယ့် မြင်ကွင်းမျိုးပဲ။ ဆိုလိုတာက မြန်မာကို ဘုံ ၅ ချက်နဲ့ ထောက်ထားတာတောင် ရအောင် ဖောက်ထွက်နေတဲ့ အခင်းအကျင်းမှာ မဆက်ဆံရင် ထီးထီးကြီး ကျန်နေရစ်မယ့် အဖြစ်မျိုး။ အာဆီယံ ဆိုတာက ပြည်တွင်းရေး မစွက်ဖက်ရေးက အဓိက မူကိုး။
နိုင်ငံတကာဆက်ဆံရေးမှာတော့ အကောင်းဆုံး တည်ဆောက်ထားနိုင်တာ တွေ့ရတယ်။ ကားထုတ်လုပ်ရေးတွေမှာ လူမဲ့ ထုတ်လုပ်ရေးတွေ တွေ့ခဲ့ရတဲ့ သမ္မတကြီးအနေနဲ့ သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ပြည်ထောင်စု အစိုးရအဖွဲ့ကို ချပြပါလိမ့်ဦးမယ်။ တိုးတက်ဖို့ ဖြစ်ပါစေလို့ပဲ မျှော်လင့်ရမှာပါ။

👍445❤143🥰7🥴3👎1
This media is not supported in your browser
VIEW IN TELEGRAM
ဒီရက်ပိုင်းအတွင်း ပိတ်နိုင်တော့မယ့် အနေအထားမျိုး တွေ့ရတယ်။
အဆိုးထဲက အကောင်းကတော့ အတွေ့အကြုံ ရလိုက်တာပါပဲ။ ဒီကနေ သင်ခန်းစာ ဖော်ထုတ်ပြီး နောင် ဘယ်လို လုပ်ကြမလဲ ဆိုတာ ဆင့်ပွား တွက်ချက်ကြရတော့မယ်။
အလုံးစုံ ပိတ်နိုင်ပြီဆိုရင်တော့ ရက်ပိုင်းလောက်မှာ ရေလွှမ်းမိုးတဲ့ ဒေသတွေ အနေနဲ့ ရေကျနိုင်သွားပြီ။ ရေဝပ်သွားတဲ့ ဒေသတွေမှာ ဘာတွေ စိုက်ပျိုးလို့ ရဦးမလဲ။ ရေလွှမ်းမိုးလို့ ပျက်စီးသွားတဲ့ စိုက်ဧကတွေ ဘယ်လို ပြန်ဖော်ကြမလဲ။ တိုင်း အစိုးရက ပြင်ထားတဲ့ သွင်းအားစုတွေကို ဘယ်လို အကျိုးရှိရှိ အသုံးချကြမလဲ။ ဒါတွေက ရေကျပြီးချိန် ပေါ်လာမယ့် မေးခွန်းတွေပါပဲ။
မိုးတွင်းလွန်ရင်တော့ ရေတာတမံတွေ စစ်ဆေးကြည့်ရမယ့်အပိုင်း၊ ပြန်ပြုပြင်ရမယ့်အပိုင်းတွေ လုပ်ကြရလိမ့်မယ်။ ဘယ်အရာဖြစ်ဖြစ်....မဖြစ်လာခင် ကြိုကာကွယ်တာ အကောင်းဆုံးပါပဲ။

👍410❤84🫡7✍2🥰1🥴1😘1
Voice of Myanmar က ကျင့်ဝတ် မရှိဘူး။
AI နဲ့ ပြုပြင်ထားတဲ့ပုံကို Photo crd- ဒေသခံ ဆိုပြီး ဒေသခံကို ပြီးစလွယ် အသုံးချပြီး သတင်းရေးတာက မဖြစ်သင့်ဘူး။
မီဒီယာလို့ ခံယူထားရင်...ကိုယ်တိုင် ဆင်းမကြည့်နိုင်ရင်တောင် သတင်းမှားမျိုး မတင်မိဖို့ သိပ်အရေးကြီးပါတယ်။ ကိုယ်တိုင်က အကျင့်ပျက်နေလို့ဆိုရင်တော့ တစ်မျိုးပါ။ ခုခေတ် ဘယ်ပြည်သူမှ မနုံအ ကြတော့ပါဘူး။

👍483❤48👏10👌2🥴2✍1👎1🤬1😍1
"ကုသိုလ်ကံ မပါလို့ရှိရင်”
ဘုန်းကြီးတစ်ခု ပြောပြချင်တယ်။
မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်ကြီးဟာ
အနန္တတန်ခိုးရှင်ဖြစ်ပေမယ့်လို့
လူတစ်ယောက် ဒုက္ခရောက်နေလို့ရှိရင်
အကုသိုလ်ကံတွေ
ကြီးမားလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်ကို
မြတ်စွာဘုရား ကယ်လို့မရဘူး။
မကယ်နိုင်ဘူး။
ကုသိုလ်မပါရင်လည်း
မြတ်စွာဘုရားက မ,မစနိုင်ဘူး။
လောကမှာ ကိုးကွယ်နေကြတဲ့
ပုဂ္ဂိုလ်တွေအလိုက်
တချို့ပုဂ္ဂိုလ်တွေက
မ,တဲ့ဘုရားကို ကိုးကွယ်ကြတယ်။
ဘုရားသခင်က မ,တယ်နဲ့ ပြောကြတယ်။
တကယ်ကတော့ ဘုရားသခင်က
မ,တာ မဟုတ်ဘူး။ ကံက မ,တာ နော်။
ကိုယ်လုပ်ခဲ့တဲ့ ကံက မ,တာ။
တလွဲသွားပြီးတော့
လွဲမှားစွာ ထင်နေမယ်ဆိုလို့ရှိရင်…
ဒါလည်း မှားယွင်းတဲ့အမြင် တစ်ခုပဲနော်။
ကိုယ့်ကို တကယ် မ,တာက
ဘုရားမဟုတ်ဘူး၊ ကံတရားပဲ ဖြစ်တယ်။
ကြည့်လေ။ မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်က တရားဓမ္မဟောလို့
တရားထူး၊ တရားမြတ် ရသွားတဲ့
ပုဂ္ဂိုလ်တစ်ယောက်ကို
“ဧဟိ ဘိက္ခု - ချစ်သား ရဟန်း လာခဲ့” လို့
သာသနာတော်မှာ ဖိတ်ခေါ်လိုက်တဲ့အခါ
လူ့အသွင်ပျောက်ပြီးတော့
ရဟန်းအသွင် ရောက်လာတယ်ဆိုတာ
ပရိက္ခရာရှစ်ပါး လှူ ပြီးတော့
ဆုတောင်းခဲ့တဲ့ ပုဂ္ဂိုလ်မှ ရတာ။
လူတိုင်းကို လုပ်ပေးချင်လို့ မရဘူး။
အကယ်၍သာ ရရင် မြတ်စွာဘုရားက
ကရုဏာရှင် ဖြစ်သည့်အတွက်ကြောင့်
လူတိုင်းကို ချမ်းသာအောင် လုပ်ပေးမှာပေါ့။
ဒါဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ပါဘူး။
ကံမပါလို့ရှိရင် ဘာမှကို ကယ်တင်လို့ မရဘူး။
ပုံဝတ္ထုလေးတစ်ခု ရှိတယ်။
သိပ်ဆင်းရဲနေတဲ့ လူတစ်ယောက်ကို
မ,ချင်တယ်။ မ,ချင်တော့
ဘယ်လိုလုပ်တုန်းဆိုရင်
အဲဒီလူက ဒီလမ်းကနေ
အမြဲတမ်းသွားတယ်။
သွားတိုင်းသွားတိုင်း
သူက အပေါ်မော့ပြီး သွားလေ့ရှိတယ်။
ဒါ့ကြောင့်မို့ သူမြင်အောင်လို့ ဆိုပြီး
ပစ္စည်းလေးတစ်ခုကို အပေါ်မှာ
ချိတ်ထားတယ်။ အဲဒီနေ့ကျတော့
ဘာလုပ်သွားလဲ? ငုံ့သွားတယ်။
ဪ ဒီကောင် ငုံ့သွားတာပဲဆိုပြီး
နောက်ရက်ကျတော့ အောက်ချထားပေးတယ်။
အဲဒီကျတော့ မော့သွားပြန်ရော။
ကံမရှိတဲ့လူကျတော့
ကြံဖန်ပြီးတော့ကို လွဲမှာပဲ၊ ဟုတ်လား။
ကူညီချင်လို့ မရဘူး။
ကံက မပေးရင် ဘာမှ မရဘူး။
ဒါ့ကြောင့် ကံကောင်းအောင်သာ
လုပ်ပေးလို့ ရတယ်။
“မာဃလုလင်” ရဲ့ဝတ္ထုကို
ဖတ်ဖူးကြပါလိမ့်မယ်။
မာဃလုလင်ဘဝက
အငယ်ဆုံးဇနီးကို သုဇာတာလို့ခေါ်တယ်။
သုဇာတာဟာ သူ့ကိုယ်သူ
ဖြီးလိမ်းအလှပြင်ပြီး နေတာ။
ကုသိုလ်ကောင်းမှု လုံးဝမလုပ်ဘူး။
မလုပ်တဲ့အခါ သေတော့
ဘာသွားဖြစ်တုန်းဆို ဗျိုင်းမ သွားဖြစ်တယ်။
သိကြားမင်းကြီးက အဲဒီဗျိုင်းမကို
နတ်ဖြစ်အောင် သူလုပ်မပေးနိုင်ဘူး။
ဘာလုပ်တုန်းဆိုရင် နည်းလမ်းပေးတယ်။
ဗျိုင်းဆိုတာမျိုးကလည်း
ငါးသတ်စားတဲ့တိရစ္ဆာန်မျိုးပဲ။
ပါဏာတိပါတကံ ကျူးးလွန်တဲ့ အကောင်မျိုး။
“ပါဏာတိပါတာ ဝေရမဏိ”
သီလ ဆောက်တည်ခိုင်းတယ်။
သိကြားမင်းက သူ့ဆီကို ခေါ်ချင်တာ။
ဒီအတိုင်း ခေါ်လို့မရဘူး။
ဘာလုပ်ရလဲ? သီလကျင့်ရတယ်။
သီလကို ဆောက်တည်တဲ့အခါ
ဗျိုင်းဘဝက လွတ်ပြီး
လူ့ဘဝရောက်လာတယ်။
လူ့ဘဝရောက်တော့ သိကြားမင်းက
လိုက်ပြီး စောင့်ရှောက်တယ်။
နတ်ပြည်မှာဖြစ်အောင်
သီလကို ဆောက်တည်ခိုင်းတယ်။
သီလကို ခိုင်ခိုင်မာမာ
ဆောက်တည်လိုက်ပြီ ဆိုတော့မှ
သူဟာ တတိယဘဝမှာ
နတ်ပြည်ရောက်သွားတာလေ။
အဲဒီတော့… ဘာလုပ်ရမတုန်းဆို
“ကုသိုလ်”ပဲ လုပ်ရတယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

🙏400❤49👍11😍1
ရခိုင် စစ်ရေး တကြော့ပြန်အရေးမှာ တပ်က FPV ဒရုန်းတွေ အများအများ သုံးလာတာ ဝမ်းသာစရာပဲ။ ရခိုင်နဲ့ပတ်သက်ပြီး ရှေ့မှာ ရေးခဲ့ဖူးတယ်။ ရခိုင်မှာ စနိုက်ပါ အားကောင်းတယ်။ အနောက်ဖက်ခြမ်း ဒေသမှာ အခြေစိုက်တယ်လို့သာ ဆိုတယ်၊ လိုအပ်တဲ့ လက်နက်ခဲယမ်းကို သူတို့ အချိန်မရွေးရနေတယ်။ ဥပမာ ဧရာဝတီ၊ မကွေး၊ ချင်းဘက် စသဖြင့် ဒီလောက်ကျယ်တဲ့ စစ်ဘောင်အတွက် သူတို့ ဘယ်က လက်နက်ခဲယမ်း ဝင်နေသလဲ ....ဒါတွေ စိစစ်ဖော်ထုတ် ဖျက်တောက်ရမယ်။
နောက်...ရခိုင်က မြစ်ချောင်း အင်းအိုင်များတယ်။ မျိုးတူရင် ပိုပိုသာသာ ရှိတတ်တဲ့ စိတ်ဓာတ်တွေကြောင့် သတင်းပေါက်လွယ်တယ်။ စစ်သည်အင်အားအများအပြား သုံးတာထက် ဒီလို နယ်မြေမှာ ပိုကောင်းတဲ့ စွမ်းအားမြင့် လက်နက်တွေ၊ ဖောက်ခွဲရေး လက်နက်တွေ၊ ပိုကောင်းတဲ့ စနိုက်ပါနဲ့ ခုလို ဒရုန်းတွေကို ဖောဖောသီသီ သုံးနိုင်မှပဲ အဆင်ပြေလိမ့်မယ်။
မနေ့က ထွက်လာတဲ့ ရုပ်သံမှာ AA တယောက်ကို FPV ဒရုန်း တစီးအထိ သုံးသွားတာကလည်း တပ်မတော်ရဲ့ ဒရုန်းပါဝါ ကြီးလာပြီ ဆိုတာ မြင်ရတယ်။ တဆက်တည်း တွေးမိတာက ရခိုင်ပြည်နယ် အခြေအနေပဲ။ ဒီတိုင်း ဆက်သွားရင် ရခိုင်က ပြတိုက်ထဲ ထည့်ရတော့မယ်။ ခံစစ်ပြင်ထားတဲ့ ငါးကန်တွေ ဆိုတာ မမွေးနိုင်တော့ စီးပွားရေးလည်း ရေရှည်ကောင်းစရာ မရှိဘူး။ အရွယ်ရောက်တဲ့သူမှန်သမျှက AA ထဲ ဝင်ရတော့ ကျောင်းမပြီး၊ အတန်းပညာ မတတ်....သေချာတာကတော့ ဒီတိုင်း လုံးပါး ပါးသွားမယ့် အနေအထားပဲ။
တခြား ဒေသတွေမှာ ကျောင်းတွေ ဖွင့်နေနိုင်ပေမယ့် ရခိုင်မှာ မဖွင့်နိုင်တော့ဘူး။ ၅ နှစ်ကျော် ၆ နှစ်ဆိုတာ ဆယ်စုနှစ် တခုစာရဲ့ ခေါက်ချိုး အရေအတွက်ပဲ။ ဒါက မျိုးဆက်တဆက်စာကို ချနင်း ပစ်လိုက်တာနဲ့ အတူတူပဲ။ တပ်ဘက်ကတော့ အသင့်ဖြစ်တဲ့အခါ ထိုးစစ်စမှာပဲ။ သူ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအရ ပေးထားချက်တာဝန်ရှိတယ်။ နောက် ပြည်ထောင်စုနဲ့ ဆိုင်တဲ့ စီမံကိန်းတွေရှိတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နှစ်စဉ် ၊ လစဉ် အင်အားထုက တိုးနေမှာပဲ။ ဒီတော့...AA အနေနဲ့ စစ်တိုက်နိုင်တဲ့ လူငယ်ထုကို ရွေးပြီး စုဆောင်း လေလေ ...ရခိုင်ပြည်နာ်ရဲ့ တိုးတက်မှုကို ဖျက်စီးပြတာနဲ့ အတူတူပဲ။ ခုပဲကြည့်....ဒီစစ်ကြီး ရပ်သွားရင်တောင် လက်ရှိပျက်စီးသွားတဲ့ ရခိုင်ပြည်နယ်က ရွာတွေ ဘယ်သူ ထူထောင်ရေး လုပ်ပေးမလဲ။ အစိုးရကတော့ တစိတ်တပိုင်း ကူမှာ သေချာပေမယ့် ရာနှုန်းပြည့် မဖြစ်နိုင်ဘူး။
AA ရဲ့ လုပ်ရပ်ဟာ ရခိုင်ပြည်နယ်ထဲက ရခိုင်ပြည်သူအပါအဝင် တခြားမျိုးနွယ်စုရဲ့ လူနေမှု အဆင့်အတန်း ကို နိမ့်ကျအောင် လုပ်နေတာနဲ့ အတူတူပဲ။ ဒါကို မျက်ကမ်းမျိုးချစ်ပုံစံ စစ်ကို ရှည်အောင် အားပေးတာက ကိုယ့်လူမျိုးကို မြန်မြန် မြေကြီးထဲ ရောက်အောင် လုပ်တာနဲ့ အတူတူပဲ ဆိုတာ နားလည် သဘောပေါက်သင့်ပြီ ထင်တယ်။

👍635❤126👌7👏6🥴3😍3👎1🤬1
စစ်ပွဲက စပြီးရင် ရပ်ရခက်သွားတတ်တယ် ဆိုတာ လက်ရှိ ယူကရိန်းစစ်၊ အီရန်စစ်နဲ့ မြန်မာ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကိုကြည့်ရင် ပိုပြီး သိသာလိမ့်မယ်။
ကနဦး အီရန်စစ်မဖြစ်ခင် ယူကရိန်းစစ်ရပ်ဖို့ အမေရိကန်က ဦးဆောင်ခဲ့တယ်။ ဒါပေမယ့် ထရမ့်ကလည်း စေတနာ ရှိလွန်းလို့တော့ မဟုတ်ဘူး။ နေတိုးအဖွဲ့မှာ ကာကွယ်ရေး အသုံးစရိတ် ထည့်ဝင်တာတွေ နည်းလို့ ဆူပူ ကြိမ်းမောင်းခဲ့ရသေးတယ်။ ဒီအကျိုးဆက်ရဲ့နောက်ကွယ်မှာ အမေရိကန် ကာကွယ်ရေးပစ္စည်း ထုတ် ကုမ္ပဏီရဲ့ အကျိုးစီးပွားတွေလည်း အတိုင်းအတာ အထိ ပါဝင် ပတ်သက်နေမှာပဲ။ အမေရိကန်သမ္မတတွေရဲ့ အာဏာမြဲရေးမှာ Deep state တွေရဲ့ အလိုကျ သမ္မတ တိုင်းကတော့ စစ်ပွဲ တစ်ခု မဟုတ် တစ်ခု ဖန်တီး ပြတတ်ရတာလည်း တွေ့နိုင်တာပဲ။ ဆိုတော့ သမ္မတ ကလင်တန်ကနေ ဂျော့ရှ်ဘု၊ အိုဘားမားနဲ့ ထရမ့် လက်ထက်ထိ တိုင်အောင် စစ်ပွဲတွေ ရှိနေတာပဲ မဟုတ်လား။
ခုလည်း ဗီနီဇွဲလားကို သမ္မတ ဖြုတ်ချပြီး ရေနံ အတွက် တိုင်းပြည်အချုပ်အခြာ သိမ်းတယ်။ အီရန်ကို နိုင်ရင် အရှေ့ အလယ်ပိုင်းမှာ ခေါင်းထောင်လာမယ့် နိုင်ငံ မရှိတော့ဘူး။ တနည်းအားဖြင့် တရုတ်ရဲ့ BRI ကိုလည်း ချိုးနိုင်သလို လိုအပ်တဲ့ စွမ်းအင်ကိုလည်း အိတ်ထဲ ထည့်နိုင်မယ့် ပုံစံမျိုး ဆိုတော့...အရင်က ငြိမ်းချမ်းရေး နိုဗယ်ဆု ရချင်တဲ့ ထရမ့်လည်း စစ်ပွဲထဲ ပါလာတော့တာပဲ။
လက်ရှိ ထရမ့် လွှတ်လိုက်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ က ဒီ ဆွေးနွေးပွဲ အောင်မြင်မှ အီရန် နောက်ကွယ်က ရုရှား ထောက်ပံ့နေတဲ့ လက်မဲ တွေလည်း တန့်နိုင်မှာ ဆိုတော့ ...ထရမ့်အတွက်လည်း ငယ်ထိပ် မြွေပေါက်နေသလိုပဲ ဖြစ်နေဦးမယ်။ အီရန်ရဲ့ ရေတပ်စခန်းတွေ၊ နျူထုတ်တဲ့ နေရာတွေကို ချေမှုန်းနိုင်ပေမယ့် စစ်ပွဲ အနိုင်အရှုံးကလည်း ခုထိ အဖြေ မပေါ်သေးပြန်ဘူး။ စစ်ပွဲကြာလေလေ...ဓနအင်အား လိုအပ်ချက် များလေလေ ဖြစ်သလို၊ နိုင်ငံရေးအရလည်း သက်ရောက်မှု ရှိတဲ့ ပွဲမှာ....စစ်ဟာ နိုင်မှပဲ ကောင်းတဲ့ အနေအထားမျိုးအထိ ဖြစ်လာတယ်။
လက်ရှိတပ်မတော် ဒုချုပ်ကြီးကတော့ တပ်မတော်အားကောင်းဖို့ လိုတယ်လို့ ကြည်း ဝန်းထဲက တွေ့ဆုံပွဲမှာ ပြောလာတယ်။ တကယ်တော့ တပ်မတော်ဆိုတာ တက်လာတဲ့ အစိုးရဘက်က ရန်ဘက် လုပ်စရာ အကြောင်း မှမရှိဘဲ။ တပ်ဆိုတာက အစိုးရရဲ့ အုပ်ချုပ်ရေး အာဏာစက်ကျယ်ပြန့်ဖို့ ရှေ့တန်းကျကျ ကာကွယ်ရတဲ့ ရှေ့ ခံစစ်စည်းပဲ။ တပ်ပြိုရင် နယ်မြေဆုံးရှုံးမယ်။ နယ်မြေဆုံးရှုံးရင် ဓါးပြ သာသာ လက်နက်ကိုင်တွေ အစီအရင် ပေါ်လာမယ်။ ကုန်ဈေးနှုန်းကြီးမယ်။ မဟာဗျူဟာမြောက် စီမံကိန်းတွေ အကောင်အထည် ဖော်ရခက်မယ်။
ပြောရရင်တော့ .... ဉာဏ်နည်းကြလွန်းလို့သာ သိမ်းချင်ရင် အမှိုက်သိမ်းတို့၊ ဘာရမလဲ သာဝ ရယ်လို့ လုပ်ခဲ့ကြတာပါ။ နောက်...တပ်မတော်ကို ၃ လအတွင်း အပြုတ်ဖြုတ်နိုင်လိမ့်မယ်လို့ ကြွေးကြော်ခဲ့ကြတာပါ။ အသက်တွေ၊ ဘဝတွေနဲ့ ရင်းရတဲ့ စစ်ပွဲ ဆိုတာက အချိန်ကြာလေလေ ရပ်ရခက်လေလေပါပဲ။ ခိုးလို့ ချမ်းသာသွားကြတဲ့ လုပ်စားနိုင်ငံရေးသမားတွေက လွဲရင်...တကယ့်စွန့်လွှတ်အသက်ပေးကြရတဲ့ လူငယ်တွေလည်း ရှင်သန်ဖို့ ခက်ကြမှာပဲ။

👍315❤311👏19🤬2🥴2👎1
အနုပိယဘာဏီ ဆိုတာ ဘယ်တော့မဆို အကြိုက်ကို လိုက်ပြော တတ်တဲ့မိတ်ဆွေ။
သူ့ အကြိုက်အတိုင်း လိုက်ပြောတာ၊ကောင်းလဲလိုက်ပြောတာပဲ၊ မကောင်းလဲလိုက်ပြောတာပဲ။
အဲဒီ မိတ်ဆွေမျိုးဟာ မိတ်ဆွေတု ပဲ။
ဘယ်လိုအကြိုက်လိုက်ပြောတုန်းဆို မကောင်း တာပြောလည်း
“အေး . . ကောင်းတယ် ကောင်းတယ်”
ကောင်းတာပြောလည်း “အေး .. ကောင်းတယ်”
ဟိုတစ်ဖက်သားအကြိုက်ကို လိုက်ပြောတာ။
ဘယ်တော့ဖြစ်ဖြစ်အကောင်းဘက် ကနေလိုက်ပြော၊
မကောင်းမှုတွေလုပ်လည်း “ဟာ ကောင်းတာပေါ့၊
ကောင်းတာတွေလုပ်လည်း “ဟာ... ကောင်းတာပေါ့။
ဘယ်ဟာဖြစ်ဖြစ် သူကြိုက်တာ သူပြောတဲ့ စကားသံနောက် လိုက်ပြီးတော့
သူ့အကြိုက် လိုက်ပြောတဲ့ မိတ်ဆွေမျိုးကလည်း မိတ်ဆွေ ကောင်း မဟုတ်ဘူးတဲ့။
ဒါတွေကိုလည်း လူတွေက ပေါင်းသင်းကြတာပဲ။
ဘာဖြစ်လို့တုန်း၊ကိုယ့် သဘောနဲ့ အံကျဖြစ်နေတာကိုး။
အဲဒီပုဂ္ဂိုလ်မျိုးဟာ လူရှေ့ကျတော့ ချီးမွမ်း တယ်။
“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။မင်း သိပ် တော်တာပေါ့”
ဘာညာနဲ့ဆိုပြီး ဒီလူလည်း ထွက်သွားရော မေးငေါ့ကျန်ခဲ့တယ်။
ဒီကောင်လည်း ဒီအတိုင်းပဲ။ဒီကောင်လည်း ဘယ်ဟုတ်မလဲ၊ ဒါမျိုး နော်။
လူနှစ်ယောက် အတင်းပြောကြတယ်။
အခြား လူတစ်ယောက်အကြောင်းပြောကြတယ်။
အခြား လူတစ်ယောက်အကြောင်း မကောင်းတာတွေ ပြော။
တစ်ယောက်က ထသွား“အဲ. . . လုပ်စရာ ရှိသေးတယ်၊ပြန်လိုက်ဦးမယ်” ။
ဟိုကျန်တစ်ယောက် က ဘာလုပ်လဲဆို မေးထိုးပြီးကျန်ရစ်တယ်။ သူလဲ အတူတူပါပဲ။
ဒါမျိုးက ‘အနုပိယဘာဏီ’ တဲ့။
ရှေ့တင် ကောင်းတယ်၊ကွယ်ရာကျတော့ အတင်း ပြောတယ်။
အဲဒီလူလည်း မိတ်ဆွေကောင်း မဟုတ်ဘူးတဲ့။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

🙏369❤30👍13😍2
လက်ရှိ ရခိုင်ပြည်နယ်ရဲ့ ပြဿနာက ဖက်ဒရယ် ပုံစံ အခင်းအကျင်း မဟုတ်နေဘူး။ ဒီဒေသဟာ ငါတို့ လူမျိုး အပိုင်ဆိုတဲ့ တဇောက်ကန်း အမျိုးချစ်စိတ်ကနေ ကိုယ့်လူမျိုး၊ ကိုယ်ဒေသ ပျက်စီးရေး လမ်းကြောင်းကို တဖြည်းဖြည်း ဦးတည်နေခဲ့တာလို့ ပြောလို့ရတယ်။
စစ်ပွဲက ဖြစ်ပြီးသွားရင် ပြန်လည်ထူထောင်ရေး လုပ်ဖို့ဆိုတာ သိပ်လွယ်ကူနေတဲ့အရာ မဟုတ်ဘူး။ တကယ်လို့ စစ်ကြောင့် ပျက်စီးသွားရတဲ့ ဒေသက မဟာဗျူဟာမြောက် စီမံကိန်း မရှိရင်...ကိုယ်ထူကိုယ်ထ စနစ်နဲ့သာ သွားရဖို့ အဖြစ်နိုင်ဆုံးပဲ။ ဒီနေရာမှာ ဖြစ်သင့်၊ ဖြစ်ထိုက်တဲ့ လမ်းကြောင်းကို ရွေးချယ်ဖို့ထက် တပ်မတော်ကို ခုတုံးလုပ်ပြီး ရခိုင်ကို ဗမာက ကျူးကျော်ပါတယ် Mindset တွေ သွင်းပြီး လူသစ်စုနိုင်ဖို့ ကြိုးစားကြ၊ ပြည်ပကနေ ထောက်ပံ့ငွေတွေ ရနိုင်ဖို့ လုပ်ခဲ့ကြတာက ...စစ်အနိုင်တိုက်ပြီး ခွဲထွက်ရေးလုပ်ဖို့လား၊ စစ်ပွဲကို ကြာသထက်ကြာအောင် ဖန်တီးပြီး ရခိုင်လူမျိုး အရုပ်ရေးပြရအောင် လုပ်ကြတော့မလို့လား ဆိုတာ ဆန်းစစ်ကြည့်ကြစေချင်တယ်။
စစ်ဖြစ်လာရင် တရားမဝင် မှောင်ခို လုပ်ငန်းကလွဲရင် ဘာလုပ်ငန်းမှ အတည်တကျ မလုပ်နိုင်တော့ဘူး။ စပါးတွေ မစိုက်နိုင်တော့ဘူး။ လယ်တွေ ပစ်ထားကြရပြီ။ လူလတ်ပိုင်းတွေကလည်း AA ရဲ့ လူသစ်စုဆောင်းမှုကို ခံရတဲ့သူ တချို့ရှိသလို တချို့ကလည်း ပြည်မထဲကို ပြေးလာကြသူတွေလည်း ရှိကြမှာပဲ။ AA ဘယ်လောက်ငြင်းငြင်း ၊ လက်နက်ခဲယမ်းအတွက် မူးယစ်ဆေးဝါး ကုန်ကူးတာနဲ့ ပြည်ပရောက် ရခိုင်တွေရဲ့ အလှူငွေ ထည့်ဝင်တာတွေနဲ့ပဲ လည်ပတ်လို့ ရမယ်။ ပြည်ပ ရောက် ရခိုင်ဆိုတာကလည်း သူတို့ကိုယ်တိုင်မှ စစ်တိုက်ရတာ မဟုတ်။ သူတို့ ထောက်ပံ့လေလေ ...စစ်ဟာ ရပ်ဖို့ခက်ပြီး စစ်နွံ ဖြစ်လေလေ ဆိုတာ သတိမချပ်နိုင်သရွေ့ ဆယ်စုနှစ် တခုစာ ရှည်ကြာသွားလည်း ထူးပြီး အံ့အားသင့်စရာတော့ မဟုတ်ဘူး။
တကယ်တော့ ရခိုင်ပါတီတွေ သိပ်အားကောင်း ညီညွှတ်နေရင် ပြည်မထဲက ဘယ်ပါတီမှ လာအုပ်ချုပ်လို့ မရပါဘူး။ ရခိုင်ပြည်နယ်ထဲမှာ ဗမာ လူမျိုး အလွန်ဆုံး ရှိလှလည်း ဝန်ထမ်း အဖွဲ့အစည်းလောက်ပဲ ဖြစ်မှာပါ။ ဒါကို ဇွတ် ကွန်ဖန်ထရိတ်လုပ်ပြီး အာရက္ခပြည် လုပ်ချင်တာကတော့ အစွန်းရောက်တယ်ပဲ ပြောရမှာပဲ။ ဒီလို အစွန်းရောက်လို့လည်း အပစ်ရပ်က ယာယီပဲ ခံခဲ့တာပေါ့။ AA မရှိတော့ရင်...ရခိုင်ပြည်နယ် ငြိမ်းချမ်းပြီလို့ ပြောလို့ ရနိုင်မလားပဲ။ ခက်တာက သူတို့ လူမျိုး အစွန်းရောက်စိတ်က ဗမာ မဆိုထားနဲ့၊ ဒေါ်စောမြရာဇာလင်းရဲ့ တပ်ဖွဲ့တွေကိုတောင် လစ်ရင် လစ်သလို သတ်တာ ဆိုတော့လည်း ....ခန့်မှန်းရ အတော်ခက်တယ်။ ဘယ်တတ်နိုင်မလဲ...တချို့ အစွန်းရောက်စိတ်က ဘာနဲ့မှ ပြုပြင်လို့မှ မရဘဲ။

👍479❤89🙏8🥴3👎2😍1
တနေ့က စိုင်းစိုင်း ရှိုးကို လူကြီး၊ လူငယ် မရွေး လူပင်လယ်ဖြစ်တဲ့အထိ သွားကြတယ်။ လူကြီးလို့ ပြောရတာက စိုင်းစိုင်းနဲ့တန်းတူ အရွယ်တွေတောင် မငယ်တော့တဲ့ အသက်အရွယ်တွေ ရှိကုန်ပြီ မလား။ နှုတ်ခမ်းနီ မလေးတွေရဲ့ အသည်းစွဲ အဆိုတော် ဆိုတော့လည်း ခုချိန်ထိတိုင် ပရိတ်သတ်ကို အင်နဲ့ အားနဲ့ ထိန်းထားနိုင်ဆဲပဲ။
ပြောချင်တာက ဒါနဲ့ပတ်သက်ပြီး ၂၀၂၁ အလွန်ကာလ တုန်းက သူ့ကို Boycott လုပ်ခဲ့တာလေး ပြန်သတိရမိစေတာပါ။ သူကတော့ တခြားသူထက် လုပ်ရပ်ပိုရှင်းတယ်လို့တောင် ပြောရမလားပဲ။ အနီတွေ က သူတို့ကို ထောက်ခံရင် ဓမ္မ၊ သူတို့ကို မထောက်ခံရင် အဓမ္မလို့ ပြောနေချိန်မှာ ပြတ်ပြတ်သားသား ဘေးထွက် နေပေးလိုက်တယ်။ တကယ်တော့ အနီတွေရဲ့ စိတ်ထဲမှာ ဖိအားပေးပြီး သူတို့ဖက်ပါရင် ဒီတော်လှန်ရေးက နိုင်မယ်လို့ တွေးထားကြပုံလည်း ရှိကြလိမ့်မယ်။ ခက်တာက သူတို့ဘက်ကို သဘောရိုးနဲ့ ပါကြတာထက် မထောက်ခံရင် ဒလံခေါင်းစဉ်တပ်၊ ရန်အောင်တို့ ၊ ယုန်လေးတို့ဆို သတ်ပစ်ဖို့အထိပါ ခြိမ်းခြောက်၊ တော်လှန်ရေးကို မထောက်ခံရင် အုံလိုက်ကျင်းလိုက် Boycott လုပ်လိုက်ရင်....ဒီအနုပညာရှင်တွေ ထမင်းငတ်ပြီး လမ်းဘေးရောက်လိမ့်မယ်လို့လည်း ထင်ခဲ့ကြပုံရတယ်။
အနုပညာရှင်တွေထဲမှာ တချို့ ၅၀၅ နဲ့ ထောင်ကျခဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် သူတို့ ထောင်ကျ ခဲ့တဲ့အထိ ပေးဆပ်ခဲ့တဲ့ လုပ်ရပ်က တန်၏၊ မတန်၏ ဆိုတာ သူတို့ကိုယ်တိုင် အသိဆုံး ဖြစ်မှာပဲ။ ဒီ ၅ နှစ်ကျော်ကာလမှာ အလှူခံသလောက်သာ အိပ်ထဲမထည့်ဘဲ တော်လှန်ရေးကို အားသွန်ခိုက်စိုက်လုပ်ကြရင် တမျိုး တဖုံလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။ ခက်တာက NUG ရဲ့ အောင်ကြည်ညွှန့်တို့၊ နေဘုန်းလတ်တို့ကိုယ်တိုင် က ပြည်ပမှာ ၊ မြေပြင်မှာ ဦးစီးခေါင်းဆောင်သူမရှိ၊ EAO တွေနဲ့ကလည်း ဖက်ဒရယ် ဖွဲ့စည်းပုံ မဆွဲနိုင်၊ အဆုံးအဖြတ် ပေးရအောင်ကလည်း ဒေါ်စုကို ကျော်ပြီး ဘယ်သူမှ မလုပ်ဝံ့ကြတဲ့ အခြေအနေမှာ ....နိုင်ငံရေးဆိုတာ ဘူမသိ၊ ဘာမသိကြတဲ့ လူငယ်တွေက ဘယ်လောက်တောင် အသက်တွေ ပေးခဲ့ကြပြီလဲ မသိ။
CDM အောင်မြင်ဖို့ ကလေးတွေကိုတောင် ကျောင်း မတက်ဖို့ ဆော်ဩခဲ့ကြတဲ့ အသိုင်းအဝိုင်းတစ်ခု၊ အစိုးရ ပြုတ်ကျရင် ပြီးရော...ပြည်တွင်းက investment တွေ ဆုတ်ခွာဖို့ တောင်းဆိုခဲ့ကြတဲ့ အဖွဲ့အစည်း၊ ကိုယ့်ဘက် မထောက်ခံရင် ၊ ကိုယ်နဲ့ သဘောထား မတိုက်ဆိုင်ရင် ခပ်လွယ်လွယ် Boycott လုပ်ကြဟေ့လို့ ပြောတတ်ကြတဲ့ ခပ်ညစ်ညစ် လူ့အဖွဲ့အစည်းကြားမှာ....ဒီမိုကရေစီအယူအဆတောင် နားလည်ကြရဲ့လား မသိ။
နာတော့ မနာကြနဲ့။ တနေ့က ရှိုးပွဲမှာ လွန်ခဲ့တဲ့ ၃ နှစ်က ကိုယ်နဲ့ အမြင်မတူခဲ့တဲ့ " we stand with u" လုပ်ခဲ့ပြီး အရေးတော်ပုံ အောင်ရမယ် ဆိုတဲ့ ပုဂ္ဂိုလ်က စိုင်းစိုင်း Show သွားခဲ့တဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ တခမ်းတနား မျှဝေလို့နေရဲ့။ ကြည့်ရတာ....သူတို့ကိုယ်တိုင် သွေးအေးသွားကြပြီ ထင်တယ်။

👍476❤96🥴4😎4👎1😍1
This media is not supported in your browser
VIEW IN TELEGRAM
ဝန်ထမ်းအင်အား ၃၀၀ ကျော်၊ မီးသတ်တပ်ဖွဲ့နဲ့ တပ်မတော် အင်အားစု အပါအဝင်တို့ရဲ့ ရက်ပေါင်း ၃၀ ကျော် မနားမနေ နေ့ဆိုင်း၊ ညဆိုင်း သဲအိတ်တွေ ထမ်း၊ Steel pile တွေ ချတဲ့ လုပ်ငန်းစဉ်ကတော့ ...ဒီကနေ့ လေးမှာပဲ အပြီးသတ်နိုင်ခဲ့ပါပြီ။
ငဝန်တာပေါ် နေ့မအား၊ ညမအား လျှောက်ခဲ့ကြတဲ့ ခြေလှမ်းတိုင်းအတွက် ...အပြီးသတ်အောင်မြင်မှုတစ်ခုပါပဲ။ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ခြင်းစီတိုင်းကို ကျေးဇူးတင်ရမှာပါ။

👍544❤203👏21😍8😘7👎2🙏1
ကံတရားကို မြတ်စွာဘုရား ဟောတဲ့အခါ သတ္တဝါတွေ သတိထားပြီး ရှောင်ကြဉ်ဖို့နဲ့ လိုက်နာပြုလုပ်ဖို့ ဒီနှစ်ခုကို အဓိကထားပြီး ဟောတယ်။
မြတ်စွာဘုရား တရားတော်တွေကို အနှစ်ချုပ်ကြည့်မယ်ဆိုရင် "အကုသိုလ်မှန်သမျှ ရှောင်ကြဉ်မှုနဲ့ ကုသိုလ်မှန်သမျှ ပြည့်စုံအောင် ကြိုးစားအားထုတ်မှု" ဒီနှစ်ခုက အဓိကအကျဆုံးပဲ။
ဘယ်အလုပ်ပဲလုပ်လုပ်၊ ဘာနဲ့တိုင်းတာပြီး ပြောရမလဲဆိုရင် ကိုယ်လုပ်တဲ့ အလုပ်မှန်သမျှ အကုသိုလ်နည်းပါးစေပြီး ကုသိုလ်တရားတိုးပွားစေသလား၊ သို့မဟုတ် ကုသိုလ်လျော့ပါးသွားပြီး အကုသိုလ်တိုးပွားစေသလား... ဒီနှစ်ခုကို ဆန်းစစ်ကြည့်။
ဆန်းစစ်ကြည့်လို့ အကုသိုလ်တွေ လျော့နည်းစေပြီး ကုသိုလ်တွေ တိုးပွားစေတယ်ဆိုရင် လုပ်လို့ မြတ်စွာဘုရားက ပြောတာ။
ဒီနှစ်ခုကို ချိန်ခွင်လျှာသဖွယ်ထားပြီး ကုသိုလ်ဘက်က အမြဲတမ်း အသာစီးရနေအောင် သတိထားဖို့ လိုအပ်တယ်။ အကုသိုလ်ဘက်က အသာစီးရမယ့် အလုပ်ဆိုရင် ရှောင်နိုင်ဖို့ ကြိုးစားရမယ်။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ

🙏369❤40👍13😍1
စစ်မြေပြင် အဆင့်တိုးဆိုတာ သာမန်ရဲရင့်မှုမျိုးနဲ့ မရတတ်ဘူး။ သတ္တိပိုင်းဆိုင်ရာနဲ့ တပ်ရင်းတပ်ဖွဲ့အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းမှ ရတတ်တာမျိုး။ ဆိုတော့...သာမန် နှစ်ပြည့်လို့ အရစ်ကပ်တာ၊ အဆင့်တိုးတာထက်...တိုက်ရဲ၊ခိုက်ရဲလို့ ရတဲ့ အဆင့်တိုးမျိုးကြတော့....သေတဲ့အထိ ကျန်ရစ်တဲ့၊ တနည်းအားဖြင့် ဘဝတလျှောက်လုံး ပြောစမှတ်တွင်ရတဲ့ သမိုင်းမှတ်တိုင်မျိုး စိုက်ထူခဲ့တာလို့ ပြောလို့ရတယ်။
ပစပဲ ပြောပြော၊ တန်းပြည့် စစ်မှုထမ်းပဲ ပြောပြော ဒီယူနီဖောင်းဝတ်ကတည်းက ပစလည်း တပ်မတော်သားအဆောင်အယောင်နဲ့ တပ်မတော်သားပုံစံ အလံကိုင်၊ သစ္စာဆိုပြီး တိုင်းပြည်အတွက် သစ္စာရှိ ရဲရင့်ကြရတာပဲ။
အရင်က ပစ ဆိုရင် ပူပူနွေးနွေး သင်တန်းဆင်းခါစ ရှေ့တန်းပို့တာတွေ ဆိုပြီး ပြောနေကြပေမယ့် ...ခုလိုရဲရင့်မှုအပြည့်နဲ့ အရည်အသွေးပြည့်ဝနေတဲ့ စစ်သည်တွေဖြစ်လာချိန်မှာတော့ ရန်သူတွေဘက်က ရင်ဆိုင်ချင်ကြမယ် မထင်ဘူး။ ရှေ့တန်းစစ်မြေပြင်မှာ Dog fight တိုက်ခိုက်ရချိန်....ရုတ်ချည်းပေါ်လာတဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ရဲရင့်မှုက လူတိုင်းမှာ မရှိတတ်ဘူး။
ဒီ စစ်သည်တွေ အတွက် ဂုဏ်ယူရတယ်ဆိုတဲ့ စကားထက် ပြောစရာ စကား မရှိတော့ပါဘူး။ ရှေ့မှာလည်း သူရ ဘွဲ့တွေ ရထားသူတွေ ရှိနှင့်နေပြီးသားပဲ။

👍499❤201🫡15🥰7👏5😘3✍1👎1🥴1
အရင် နစက လက်ထက်ကတည်းက သန်လျင် ရေနံချက်စက်ရုံကို ပြုပြင်ဖို့ ရန်ကုန်ရောက်တိုင်း အချိန်ပေးပြီး သွားကြည့်ခဲ့တာရှိတယ်။ ဒါက လက်ရှိ အရှေ့အလယ်ပိုင်း ဒေသ စစ်ပွဲ မဖြစ်ခင်ကတည်းကပဲ။ ရန်ကုန်ထဲက တချို့နေရာတွေ၊ အထူးသဖြင့် စီမံကိန်းနေရာတွေကို လုံခြုံရေးအဖွဲ့တောင်မပါဘဲ သီးသန့် လိုက်ကြည့်တတ်တာလည်း ရှိတယ်။
ခုလည်း သူစခဲ့တဲ့ သန်လျင်ရေနံချက်စက်ရုံ Phase I က စပြီး လည်ပတ်ဖို့ Ready အနေအထား ရောက်လာပြီ။ တဖက်မှာ မန်း သံပုရာကန်ကိုလည်း အဆင့်မြှင့်ဖို့ တပြိုင်နက်တည်း လုပ်နေတာ ရှိတယ်။ ဒါက ဘာပဲ ပြောပြော.... မြန်မာနိုင်ငံရဲ့ လောင်စာဆီတင်သွင်းမှုအပေါ် မှီခိုနေရတာကို တဖြည်းဖြည်းလျှော့ချပြီး ပြည်တွင်းစွမ်းအင်လုံခြုံရေးကို မြှင့်တင်ဖို့ မူဝါဒပိုင်းဆိုင်ရာ အကောင်အထည်ဖော်မှု တစ်ရပ်လို့ ပြောလို့ရတယ်။
လက်ရှိ Phase l မှာ ရေနံစိမ်း ၅ သိန်း အထိ ချက်နိုင်လိမ့်မယ်။ ဒါက စက်တာဘာလကုန်ရင် စပြီး လုပ်ငန်းလာ်ပတ်လိမ့်မယ်။ Phase Il သာ ဆက်ပြီး ပြီးသွားရင် နိုင်ငံတော်ရဲ့ ဓာတ်ဆီလိုအပ်ချက် ၆၀ ရာခိုင်နှုန်းနဲ့ ဒီဇယ်လိုအပ်ချက် ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မယ်။ နောက် သီလဝါဆိပ်ကမ်းက ရေနံစိမ်းကို သံလျင်စက်ရုံအထိ ပိုက်လိုင်းနဲ့ သွယ်မှာဆိုတော့ ကုန်ပျစရိတ်လည်း သက်သာသွားနိုင်လိမ့်မယ်။
တစ်ခုရှိတာက ရေနံစိမ်းတွေကို ဘယ်ကနေ ဈေးသပ်သက်သာသာ ရမလဲ ဆိုတဲ့ စိန်ခေါ်မှုပဲ။ ရေနံစိမ်းကို ဈေးသက်သက်သာသာနဲ့ ရလေလေ...ပြည်တွင်းစွမ်းအင်အတွက် ဈေးသပ်သက်သာသာနဲ့ ဖြန့်ဖြူးပေးနိုင်သွားမယ်။ အရေးကြီးတာက သိုလှောင်ရုံတွေလည်း ဒီချိန်လောက်ဆို အသင့်အနေအထား ရှိလောက်ပါပြီ။
သံလျင်တခုတည်း မဟုတ်ဘဲ အထက်ဘက်က သံပုရာကန်ကိုလည်း ၉၂/၉၅ အထိ ရအောင် လုပ်နိုင်ရင် သူကလည်း တစိတ်တပိုင်း အားဖြည့်ပေးဦးမှာပဲ။ လက်ရှိ အားသာချက်က အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီ တွေက Joint Venture စနစ်နဲ့ လုပ်ကိုင်နေကြတာက အစိုးရဘက်ကကြည့်ရင် အရင်းအနှီးနဲ့ စီမံခန့်ခွဲမှုဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်သလို ပုဂ္ဂလိကကဏ္ဍဘက်ကြည့်ရင် နည်းပညာ၊ စီးပွားရေးစီမံခန့်ခွဲမှုနဲ့ ဈေးကွက်ချိတ်ဆက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်မယ့် အားသာချက်မျိုးရှိတယ်။
စွမ်းအင်ကို ပြည်ပကနေ Ready အသင့်အနေအထား ဝယ်တာက အလုပ်မရှုပ်ဘူးလို့ ယေဘူယျ ပြောနိုင်ပေမယ့် ပြည်တွင်းမှာ ရေနံစိမ်းဝယ်ပြီး ချက်တာက ရေရှည်မှာ ဈေးက စကားပြောလာလိမ့်မယ်။ ပြည်တွင်းမှာ ထွက် နေတဲ့ ရေနံတွင်းတွေကနေ အဆင့်မြင့်မြင့် ချက်နိုင်ရင် ဈေးချိုနိုင်တာပေါ့။ အနိမ့်ဆုံး ပြည်တွင်းဖူလုံရေးအဆင့်အထိ သွားနိုင်ရင် နိုင်ငံခြားငွေကို တခြားကဏ္ဍ သုံးလို့ရတာပေါ့။

👍430❤92😍4👌2👎1🥴1
မြင်ရတဲ့ သတင်းတွေအရဆိုရင် တပ်က စစ်တွေကနေ ပုဏ္ဏားကျွန်းဘက်ကို နယ်မြေစိုးမိုးဖို့ ကြိုးစားပုံပဲ။ မနေ့က သတင်းတွေမှာ ပုဏ္ဏားကျွန်းဘက်က ရန်သူခံစစ်နဲ့ ထိတွေ့ပြီး အလောင်း ၆ လောင်း ရတဲ့ သတင်းတွေ့ရတယ်။ ဒါက ပုံမှန် ထိတွေ့မှု အနေအထားတော့ မဟုတ်ဘူးပေါ့။
ပထဝီအနေအထားအရဆိုရင် ပုဏ္ဏားကျွန်းရရင် စစ်တွေ လုံတဲ့ သဘောဖြစ်သွားမယ်။ ရသေ့တောင်ဘက်ခြမ်းက ထားတော့ ။ ထပ်ပြီး အောင်မြေချဲ့နိုင်ရင် ကျောက်တော်နဲ့ မြောက်ဦးဘက်ပေါက်မယ်။ ဒါက တစ်မျိုးပေါ့။
နောက်...ကျောက်ဖြူမှာလည်း ထိတွေ့မှု ရှိနေပြန်တယ်။ တကယ်လို့ စနဲနဲ့ ကျောက်နီမော် ၊ မအီ ရရင် အမ်း က လက်တကမ်းအနေအထားပဲ။ ရခိုင်တောင်ပိုင်းကို အမြီး နင်းထားနိုင်ပြီလို့ ပြောလို့ရပြီ။ ဘာလို့ ဒီလို တွေးရသလဲဆိုတော့....တပ်ရဲ့ Navy တွေက သံတွဲနဲ့ ဂွဘက်ကိုလည်း ထောက်ထားတာမျိုးမြင်ရတယ်။ တကယ်လို့ မအီဘက်သာ Cut off လုပ်နိုင်ရင် သံတွဲ၊ ဂွ ဘက်က ရန်သူတွေ ဘယ်ပြေးမလဲ။ သူတို့ရဲ့ လက်နက်ခဲယမ်းကအစ ထောက်ပို့အဆုံး အကုန်လုံး ပြတ်တောက်သွားနိုင်ပြီလို့ ပြောလို့ရပြီ။ သံတွဲနဲ့ ဂွကိုရရင်....တောင်ကုတ်လမ်းပိုင်းနဲ့ တောင်ကုတ်ရဖို့က အတော်လေး မှန်းလို့ရပြီပေါ့။
ရခိုင်တင်ပဲလားဆိုတော့ မဟုတ်ဘူး။ မနေ့က တရားဝင်ထုတ်ပြန်ချက်သတင်းမှာ ....အရင် တပ်မ ၄၄ လှုပ်ရှားဂွင်ဖြစ်တဲ့ ဖာပွန်၊ ကမာမောင်း၊ ကတိုင်ထိဘက်ကို တပ်က စစ်ကြောင်းထိုးနေတာ ၂/၃ ဆိုတဲ့ အနေအထား ရောက်နေပြီ။ ပုံမှန်ဆိုရင်တော့ ပစ်ထားလည်း အဲ့ဒေသက ကရင်အများစုပဲ ငတ်မှာပါပဲ။ ဖာပွန်တစ်ခုတော့ ရှိတာပေါ့။
ဒီ လမ်းမှာ KNU နဲ့ KNLA ချိုးသွားတဲ့ တံတားတွေ မနည်းဘူး။ သောက်ခြောက်တွေလို့ ပြောရမှာပဲ။ ဖွဲ့စည်းပုံမှာ လုပ်ပိုင်ခွင့် ရအောင်တောင်းပြီး ပါတီအနေနဲ့ အုပ်ချုပ်ရင် ...ဒီဒေသတွေမှာ ဘယ်ပြည်မက ပါတီမှတိုးမပေါက်ဘူး။ ၂၀၂၅ ရွေးကောက်ပွဲမှာ USDP က အင်းလေးမှာ မနိုင်တာလေး သတိထားမိတယ်။ ဒါတောင်လမ်းပန်းဆက်သွယ်ရေးကောင်းပြီး ခေတ်ကိုလိုက်နိုင်တဲ့ဒေသ။
ဖာပွန်ဘက်ကရွာတွေမှာ တခြားပါတီတွေ စည်းရုံးရေးလာဆင်းတောင် ဆယ်စုနှစ် ၂ ခုလောက် စောင့်ရမယ်။ ဒါက အများဆုံး မျှော်လင့်ထားတာ။ ခက်တာက.... လဒူ KNU နဲ့ အပေါင်းအပါတွေက ရေရှည် လက်နက်ကိုင်လို့ ကောင်းအောင် ကော်သူလေးပြည်နယ် ရဖို့ ဆိုပြီး ဘာမှမသိတဲ့ ကရင်လူမျိုးတွေကို ချုပ်ထားတယ်။ ၂၀၂၁ ကနေ ၂၀၂၅ အတွင်း ကျားဖြန့်ကနေ ရတဲ့ ပိုက်ဆံတွေ ဘယ်လက်နက်ကိုင်အများဆုံး ရလဲ ဆိုတာ ကရင်လူမျိုးတွေ မေးခွန်းထုတ်ကြည့်ပါ့လား။ လက်ရှိ KNAတို့၊ KNU တို့၊ KNLAတို့။ အဖွဲ့ခေါင်းစဉ်ပဲ ကွဲတာပါ။ လက်နက်ကိုင်ရတဲ့ရည်ရွယ်ချက်က ငွေရလွယ်လို့ပဲ ပြောရမှာပဲ။ ငြိမ်းချမ်းရေးအကြောင်းပြပြီး ဘာလုပ်ပိုင်ခွင့်တွေ ရခဲ့ကြသလဲ ဆိုတာ ဒေသခံတွေ အသိဆုံးဖြစ်မှာပဲ။ ဒီလို လုပ်ပိုင်ခွင့်ရသွားတော့ရော...ကရင်ပြည်နယ် တိုးတက်ဖို့ ဘာတွေများ လုပ်ခဲ့ကြဖူးလဲ။ အလွန်ဆုံးရှိလှ အာရှလမ်းပေါ်တက် ဂိတ်ကြေးတောင်းရုံပေါ့။
ပြောချင်တာက ...တပ်က ရခိုင်မှာတင်မကဘူး။ ကရင်ဘက်မှာပါ နယ်မြေစုံ တိုက်စစ်ဖွင့်နေပြီ ဆိုတာပါပဲ။ ရခိုင်က နယ်မြေတချို့ ထပ်ရမယ်၊ ဗန်းမော်ကို အပြီးသတ်ထိန်းနိုင်ပြီး လိုင်ဇာ ထောက်နိုင်ရင်တော့ တပ်မတော်ဆိုတာ အစ်ကိုကြီး ပါပဲ ဆိုပြီး ဂွမ်မော် ထပ်ပြောလာမလား ကြည့်ရတာပေါ့။

👍514❤140👏12✍5🫡4🥴3😍2👎1🤬1👌1