နရီမိုး
35.8K subscribers
3.28K photos
133 videos
103 links
Download Telegram
မြစ်ဆုံ ဆည်က ပေးရတဲ့ Risk လည်း ကြီးတယ်။ ခုလို သဘာဝဘေးတွေ ဖြစ်နေချိန်ဆိုရင် အစစအရာရာ ပို သတိရထားရတာမျိုး လည်း ရှိကောင်း ရှိမယ်။ ဒါပေမယ့် မြစ်ဆုံဆည် တစ်ခုတည်းတော့ မဟုတ်ဘူး။ အထက်မှာ အသေးစား ဆည် ၆ ခု လောက် ရှိနေသေးတယ်။


အသေးစား ဆည် ၆ ခု ရဲ့ ပမာဏကလည်း အနိမ့်ဆုံး ၅၀၀၀ မဂ္ဂါဝပ်လောက်တော့ ရနိုင်လောက်တယ်။ မြစ်ဆုံရော ပါမယ်ဆိုရင်တော့ မဂ္ဂါဝပ် ၁ သောင်းကျော်သွားမယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ လျှပ်စစ်သုံးအားက ၄၀၀၀ လောက် ပျှမ်းမျှ ရှိနိုင်တယ်။ နှစ်စဉ် ၁၅ မဂ္ဂါဝပ်လောက် ကလည်း ပျှမ်းမျှ တိုးပြီး သုံးစွဲလာတဲ့ အခြေအနေရှိတယ်။


ရေအားလျှပ်စစ်ကိုပဲ အဓိက အားထားတော့ နွေရာသီ ၄ လ နဲ့ ရေနည်းချိန်ဆိုရင် လျှပ်စစ်ရဖို့က ရုန်းကန်နေရဆဲပဲ။ ပိုက်ဆံတတ်နိုင်လို့ LNG ဓာတ်ငွေ့တွေ ဝယ်သုံးရတာက ပြဿနာ မဟုတ်ပေမယ့် ရေရှည် ဆိုရင် အဆင်မပြေနိုင်ဘူး။ မြစ်ဆုံက ရရင်တော့ လျှပ်စစ် လိုအက်ချက်ကို အတော်လေး အထောက်အကူ ပြုနိုင်လိမ့်မယ်။

ဒီနေရာမှာ နှစ် ၁၀၀ အတွင်း ပေါ်ပေါက်တတ်တဲ့ မြေငလျင် အကြောင်းတွေလည်း ပြောကြတာ ရှိတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အမြင့်ဆုံး မြေငလျင်က ၈ မဂ္ဂနီကျူ ပတ်ဝန်းကျင် လောက် ရှိမလားပဲ။ မန္တလေး မြေငလျင်ဒဏ်ဖြစ်တော့ အစိုးရဝန်ကြီးရုံးနဲ့ အိမ်ယာတွေ အတော်လေး ပျက်စီးပေမယ့် အသစ်တည်ထားတဲ့ ဘုရားကတော့ ဘာမှ ထိခိုက်တာ မတွေ့ရဘူး။ ဒီတော့ မဖြစ်သေးတာကို မျှော်လင့်ပြီး ဒီတိုင်း Comfort Zone ထဲ နေကြမလား၊ နည်းပညာနဲ့ ကျော်ဖြတ်မလား ဆိုတာ စဉ်းစားကြရတော့မယ်။


ဂျပန်မှာဆိုရင်လည်း တနှစ်ကို မုန်တိုင်း ပေါင်း ရာချီ ဖြစ်ပြီး မြေငလျင်တွေ ဆက်တိုက် ဖြစ်တာပါပဲ။ နည်းပညာ မြင့်တဲ့အခါကြတော့ အဆောက်အဦ ထိခိုက်တာထက် လူအသေအပျောက်နည်းအောင် ပိုဂရုစိုက်ကြတယ်။ ဆိုလိုတာက မုန်တိုင်းဖြစ်တာ ၊ မြေငလျင် ဖြစ်တာကို ကြောက်နေတာထက် ဒါတွေကို ဘယ်လို ကျော်ဖြတါကြမလဲ ဆိုတဲ့ ပုံစံနဲ့ပဲ ချဉ်းကပ်ကြတာ တွေ့ရတယ်။


လက်ရှိနီပေါ ဖြစ်စဉ်မှာလည်း ဆင်ဟွာဘက်က ထုတ်ပြန်ချက်တွေကြည့်ရတာ....ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးတွေ လုပ်နိုင်ဖို့ စက်ယန္တရားတွေသုံးပြီး လမ်းဖောက်နေတာ မြင်ရတယ်။ သာမန်ဆိုရင်တော့ ဒီလောက်ကြီးတဲ့ သ‌ဘာဝဘေးကို လက်လျော့လိုက်ကြမှာပဲ။ သူတို့ကတော့ ဘယ်လို ရင်ဆိုင်ကြမလဲ ဆိုပြီး ပုံစံပြောင်း တွေးကြတယ်။ ဖွံ့ဖြိုးတိုးတက်ကြတဲ့ နိုင်ငံတွေမှာ ဒီလိုမျိုး ကွဲထွက်တဲ့ Idea တွေ ရှိကြတာ ဆန်းတော့ မဆန်းဘူး။



(နရီမိုး)
👍42779👎7🥴2
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏38825👍11👏5
ကုသိုလ်တရားသည် ကျန်းမာခြင်းကို ဆောင်ကြဉ်းပေး၏

"အပ္ပမာဒတရား" ဆိုသည်မှာ ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ဘဲ အမြဲပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ပေးသော သဘာဝတရားဖြစ်သည်။

တရားအားထုတ်သည့်အခါ ရောဂါဝေဒနာများ ပျောက်ကင်းသွားရခြင်းမှာ ရောဂါကိုဖြစ်စေသည့် အကုသိုလ်ကံများ ကင်းစင်သွားပြီး စိတ်ထဲတွင် လောဘ၊ ဒေါသ၊ မောဟတို့ ကင်းဝေးကာ အလောဘ၊ အဒေါသ စသည့် ငြိမ်းအေးသော ကုသိုလ်စိတ်များ ဝင်ရောက်လာသောကြောင့် ဖြစ်သည်။

စိတ်ပူလျှင် ရုပ်ပူ၏ – လောဘ၊ ဒေါသများပြားပါက စိတ်ပူလောင်၍ ရုပ်ခန္ဓာပါ ပူလောင်ပျက်စီးရသည်။

စိတ်အေးလျှင် ရုပ်အေး၏ – ကုသိုလ်စိတ်ဖြင့် စိတ်နှလုံး ဖြူစင်အေးချမ်းလာပါက ခန္ဓာကိုယ်၏ ကျန်းမာရေးနှင့် အသားအရေ စိုပြေမှုတို့သည် အလိုလို ကောင်းမွန်လာသည်။

မြတ်စွာဘုရားရှင်နှင့် ပညာရှိအပေါင်းတို့သည် သံသရာတွင် အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ဘဝအဆင့်အတန်း မြင့်မားခြင်းစသည့် နှစ်သက်ဖွယ် အကျိုးတရားများကို လိုလားပါက "ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်း (အပ္ပမာဒတရား)" ကို လက်ကိုင်ထားကြရန် ချီးမွမ်းဟောကြားခဲ့ခြင်း ဖြစ်ပါသည်။

#ပါမောက္ခချုပ်ဆရာတော် #ဒေါက်တာနန္ဒမာလာဘိဝံသ
🙏🙏🙏
🙏35330👍12👏4
နိုင်ငံတစ်ခုမှာ သယံဇာတတွေ ဘယ်လောက်များများ… ပညာတတ်တဲ့သူတွေ၊ ဒါမှမဟုတ် စဉ်းစား ဆင်ခြင်နိုင်မှု နိမ့်ပါးတဲ့သူတွေများရင်…တိုးတက်ဖို့ မလွယ်ဘူး။ လက်ရှိ ပူပူနွေးနွေး ၂၀၂၁ အရေးအခင်းကိုပဲ ပြန်ကြည့်ပေါ့။ ဒီ (၅)နှစ်အတွင်း တိုင်းပြည် တည်ဆောက်ရေးကို သွားခဲ့ကြသလား။ အစိုးရ ပြုတ်ကျဖို့ အရေးကြီးတယ်ဆိုပြီး တိုင်းပြည်ဖျက်ဆီးရေးကို ဦးတည်ခဲ့ကြသလားဆိုတာ ပြန်ပြီးသုံးသပ်ဆင်ခြင်ကြည့်ကြ စေချင်တယ်။ ဒီ ၅ နှစ်အတွင်းမှာ တော်လှန်ရေးအကြောင်းပြပြီး ဒလံခေါင်းစဉ်နဲ့ လူသတ်ခဲ့ ကြတာ မနည်းသလို ဖျက်စီးခဲ့ကြတဲ့ နိုင်ငံပိုင်အဆောက်အအုံတွေလည်း မနည်းလှဘူး မလား။ ဒီကာလတစ်လျှောက် ကိုယ့်ကျင့်တရားအရ အာမခံနိုင်တဲ့ ဘယ်လက်နက်ကိုင် အဖွဲ့တွေ ရှိနေသေးလို့လဲပေါ့။
----
ဒီကနေခေတ် နိုင်ငံတွေရဲ့ယှဉ်ပြိုင်မှုမှာလည်း လူ့စွမ်းအားအရင်းအမြစ်က အဓိကပဲ။ ဒီလို လူ့စွမ်းအားအရင်းအမြစ်ကိုမှ အသိပညာနဲ့ နည်းပညာစွမ်းရည်တွေ ထပ်ပေါင်း ထည့်တာမျိုးနဲ့…နိုင်ငံအချင်းချင်းကြားမှာ ယှဉ်ပြိုင်နိုင်စွမ်းတွေ ချဲ့ထွင်လာနေကြတယ်။ AI နည်းပညာတွေ၊ ဒီဂျစ်တယ်စီးပွားရေးလုပ်ငန်းစုတွေနဲ့ စွန့်ဦးတီထွင်မှုတွေက လက်ရှိ ကမ္ဘာ့စီးပွားရေးလမ်း ကြောင်းနဲ့ အကိုက်ညီဆုံးပဲ။ ဒါကို ဘယ်လိုထိုးဖောက်ယှဉ်ပြိုင်ကြမ လဲဆိုတာက …လက်ရှိ လူငယ်ထုအတွက် ပေးထားချက်ပုစ္ဆာတစ်ခုဆိုတာ ထောက်ပြထား တယ်။
---------
လူငယ်ပဲ ဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ်….တည်ဆဲဥပဒေတွေ သိရှိလိုက်နာဖို့ကလည်း အရေးကြီးတယ်။ နိုင်ငံကို ဦးဆောင်ကြမယ့်လူငယ်တွေအတွက် ဥပဒေဆိုတာ အဓိက အသက်သွေးကြောပဲ။ တာဝန်ယူမှုနဲ့ တာဝန်ခံမှု၊ ဥပဒေကို လေးစားမှု၊ ဝေဖန်ပိုင်းခြား စဉ်းစားနိုင်မှုနဲ့ နိုင်ငံအကျိုးကို ဦးစားပေး မျှော်တွေးနိုင်မှုဆိုတာက...စနစ်တကျ ပြုစု ပျိုးထောင်နိုင်မှပဲ ရမယ်။ ဥပဒေကို သိမှပဲ…လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်ကြလိမ့် မယ်။
--------
နောက်တစ်ခုက အမျိုး၊ ဘာသာ၊ သာသနာနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ဆိုတဲ့ တိုက်တွန်းချက်စကားလုံး။ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရင်း…၊ မတူကွဲပြားမှုတွေကို လေးစားရင်း၊ သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်တတ်မှုနဲ့ ကမ္ဘာ့ အသိုက်အဝန်းမှာ လိုက်လျောညီထွေ နေတတ်ဖို့ဆိုတာကလည်း…လူငယ်တွေအတွက် သိပ်ကို အရေးကြီးတယ်။ ဒါတွေက…မနေ့က ထူးချွန်ကျောင်းသား ၃၀၇ ဦးကို ရွှေစင်ဒင်္ဂါး ချီးမြှင့်တဲ့ ပွဲမှာ သမ္မတကြီး ပြောခဲ့တဲ့ မိန့်ခွန်းထဲက အဓိက Key Point တွေပဲ။

(နရီမိုး)
193👍133👏9👎1🥴1
ညောင်တုန်းကိစ္စရယ်၊ ငဝန်တာ ကိစ္စရယ်ကို ကြည့်လိုက်ရင်…ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွေမှာ တာဘောင်တွေရဲ့ကြံ့ခိုင်မှုတွေက မဖြစ်မနေ စစ်ဆေးပြုပြင်ရမယ့် အခြေအနေ ရောက်လာပြီလို့ မြင်မိတယ်။ ညောင်တုန်းမှာဆိုရင်လည်း တာဘောင် တွေကို အရေးပေါ်ကာကွယ်ဖို့ သဲအိတ်တွေကို ဝါးတန်းတွေ ကြားထဲညှပ်ပြီး ကာနေတာမျိုး တွေ့ရတယ်။ ဒါကလည်း ကိုယ်တွေနိုင်ငံနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ အရေးပေါ် တည်ဆောက် ရေးစနစ်ဖြစ်လိမ့်မယ်။ နိုင်ငံတကာမှာတော့…HESCO လို့ခေါ်တဲ့ ခေါက်သိမ်းလို့ရတဲ့ သံကွန်ရက်တွေကြားထဲမှာ ကျောက်စရစ်ခဲတွေနဲ့ သဲတွေကို စက်ယန္တရားတွေနဲ့ ဖြည့်တဲ့ပုံစံမျိုး လုပ်ကြ တာလည်း မြင်မိတယ်။ ဒါကအချိန်သက်သာပြီး ပိုမြန်မယ့် သဘော ပဲ။
---------
နောက်ပုံစံတစ်ခုက Geotextile Tube တွေ သုံးတာမျိုးလည်း တွေ့ရတယ်။ မြစ်ကမ်းဘေးတွေမှာ ဒီ Tube တွေချပြီး အထဲကို ရေနဲ့ သဲတွေကို Pump နဲ့ဖြည့်တဲ့ ပုံစံမျိုး။ ရေက တဖြည်းဖြည်းစိမ့်ထွက်ပြီး သဲက ပြွန်ထဲမှာ ကျန်နေတဲ့အခါ တဖြည်းဖြည်း မြေသား တာဘောင်ပုံစံ ဖြစ်သွားတဲ့ သဘောမျိုး တည်ဆောက်ကြတာလည်း ရွေးချယ်စရာ တစ်ခုပဲ။ ကိုယ်တွေနိုင်ငံအတွက်တော့ နည်းနည်း အလှမ်းဝေးချင်ဝေးနိုင်မလားပဲ။
------
တတိယပုံစံတစ်မျိုးက ကျောက်ဖြည့် သံကွန်တိန်နာတွေ နဲ့ မြစ်ကမ်းဘေးမှာ တည်ဆောက်ကြတဲ့ ပုံစံမျိုးလည်း ရှိသေးတယ်။ ဒီပုံစံမှာတော့….သံကြိုးကွန်တိန်နာ Box ထဲကို ကျောက် စရစ်ခဲတွေဖြည့်ပြီး အလွှာလိုက် တည်ဆောက်ကြတယ်။ ရေတိုက်စား မှုများတဲ့ နေရာတွေမှာ ဒီလိုပုံစံမျိုး တည်ဆောက်တာ ခပ်များများ တွေ့ရတယ်။ ဆည်ဘောင်တွေမှာလည်း ဒီလိုပုံစံ လုပ်တတ်ကြတယ်။ ရေလှိုင်းရိုက်တာ ခံရပေမယ့် ရေကို လုံးဝပိတ်ထားတာမျိုးမဟုတ်တော့…ကျောက်ကြားတွေကနေ ရေဖိအား ဒဏ်ကို အထိုက်အလျော့ လျော့ချပေးနိုင်တဲ့ အားသာချက်လည်း သူ့မှာ ရှိတာ မြင်ရတယ်။
------
စတုတ္ထပုံစံမျိုးကတော့…Mudular Floodwall တွေပဲ။ ဒီပုံစံမျိုးကို ကမ်းနားလမ်းလို နေရာမျိုးနဲ့ မြစ်ချောင်းနီးတဲ့ နေရာတွေမှာ အသုံးများကြတယ်။ ဒါကတော့မြို့ပြ အနေအထားလောက်ပဲ အဆင်ပြေမယ့်သဘောပဲ။
-------
နောက်ဆုံး ပုံစံကတော့…လက်ရှိ ငဝန်တာမှာ သုံးနေတဲ့ Steel Sheet Pile တွေကို မြေကြီးထဲအထိ ရိုက်သွင်းပြီး ရေတားနံရံ တည်ဆောက်ကြတဲ့ ပုံစံမျိုးပဲ။ တာအောက်က ထူးကြော ပေါက်တဲ့ အခြေအနေမျိုးမှာ အရေးပေါ် သဲအိတ်ထက် အမြဲတမ်းရေကာတာ ပုံစံ မျိုးနဲ့ အသုံးပြုတာ ပိုများတယ်။ ဒါကလည်း ရေစီးအရမ်းသန်နေရင် နှောင့်နှေးမှု တွေ ကြုံရနိုင်တယ်။ လက်ရှိကတော့ Geo Bag သဲအိတ်တွေကို မြေပေါ်ကနေရော၊ သင်္ဘောပေါ် တွေကပါ ဆက်တိုက် ချနေတာမျိုးတော့မြင်ရတယ်။ အောက်ခံမြေသား မပျက်စီးဘူး ဆိုရင်တော့…ကွန်တိန်နာ Box တွေထဲ ကျောက်စရစ်ခဲ၊ သဲအိတ်တွေဖြည့်ပြီး ချတာရော အလုပ်ဖြစ်နိုင်မလားပေါ့။ ဘာပဲဖြစ်ဖြစ် …ရေကြီးရေလျှံမှုနဲ့ပတ်သက်ရင်… ဒါတွေက စိန်ခေါ်မှုနဲ့ သင်ခန်းစာတွေပါပဲ။

(နရီမိုး)
👍29252🥴2👎1🔥1😐1
ကွမ်းခြမ်းကုန်းနဲ့ ဒလမှာ ဆိုင်ကယ်စီးနင်းခွင့် ပြုသင့်သလား
Anonymous Poll
34%
ခိုးယက်လုနှိုက်မှုများ ဖြစ်လာနိုင်သဖြင့် ခွင့်မပြုသင့်
67%
စိစစ်ခွင့်ပြုပေးသင့်သည်။
👍19012
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏31914👍6👏4
“အပါယ်ဘုံရောက်တယ်ဆိုတာ”
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷

အပါယ်ဘုံရောက်တယ်ဆိုတာ
ဘာကြောင့်ရောက်တာတုန်းဆိုတော့စိတ်မနိုင်လို့ရောက်တာတွေချည်းပဲ။

စိတ်ထဲမှာမစင်ကြယ်တဲ့

လောဘတွေ
ဒေါသတွေ
မောဟတွေ
မာန်/မာနတွေ
ဣဿာမစ္ဆရိယတွေ
အဲဒါတွေကြောင့်အပါယ်ရောက်တာ။

စိတ်ထဲမှာဖြစ်တဲ့အညစ်အကြေးတွေကို
သန့်ရှင်းအောင်မလုပ်နိုင်လို့အပါယ်ရောက်တာ။

အဲဒါကြောင့်ကိုယ့်စိတ်ဆင်ရိုင်းကိုပညာတည်းဟူသောချွန်းဖြင့်အုပ်တယ်လို့
မြန်မာစာပေတွေမှာရေးလေ့ရှိတယ်။

အသိပညာနဲ့ဆင်ခြင်စဉ်းစားပြီးတော့ကိုယ့်စိတ်ကိုကောင်းတဲ့ဘက်ကိုရောက်အောင်
လမ်းမှန်ပေါ်တင်ပေးရမယ်။
ကောင်းအောင်ပြင်ရမယ်။

အခုလိုသာသနာနဲ့တွေ့တဲ့အချိန်ကလေးမှာ
ကောင်းအောင်မပြင်လိုက်နိုင်ဘူးဆိုရင်နောင်ဒီလိုအသိဥာဏ်မျိုးရဖို့ဆိုတာ
အများကြီးခဲယဉ်သွားပြီ ။
ရ လာ လိမ့် မယ် လို့ မထင် နဲ့ ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏31230👍14👏2