နရီမိုး
36.1K subscribers
3.14K photos
122 videos
100 links
Download Telegram
Taste ပြိုင်ပွဲတွေကို နိုင်ငံတော်အဆင့် လုပ်လာတာ မြင်တော့ ဝမ်းသာရတယ်။ တခြားနိုင်ငံတွေဆိုရင်လည်း သူတို့ရဲ့ ရိုးရာ အစားအစာတွေကို Soft power ဖြစ်တဲ့ အနုပညာတွေကနေ ကမ္ဘာကို ထိုးဖောက်ကြတာ မြင်နိုင်တာပဲ။ ကိုယ်တွေနိုင်ငံမှာ စားနေတဲ့ ကင်ချီတို့ ၊ ဆိုဂျူး တို့ဆိုတာက ဒီအနုပညာဇာတ်လမ်းတွေကနေ ထိုးဖောက်သွားခဲ့တာပါပဲ။


နိုင်ငံတစ်နိုင်ငံကို နိုင်ငံတကာက သိဖို့ ဆိုတာ ခရီးသွား ကဏ္ဍတွေ တိုးတက်ဖို့က သိပ်အရေးကြီးတယ်။ တစ်ဖက်မှာ အနုပညာဇာတ်လမ်းတွေကနေ ရည်ရွယ်ချက်ရှိရှိ ထိုးဖောက်ကြတာလည်း ရှိတယ်။ ဥပမာ ကိုးရီးယားရဲ့ ပညာရေးကို ပညာပေးတဲ့ ဇာတ်ကားတွေ၊ ကိုးရီးယား စစ်တပ်ထဲမှာ စားဖိုမှူးဆိုတဲ့ ဇာတ်ဝင်ခန်းတွေက Propaganda လို့ ဆိုရမယ်။


"ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး" ဆိုတဲ့အပိုင်းမှာ ခရီးသွားလူဦးရေ များပြားရေးသက်သက်နဲ့ ဝင်ငွေရရှိရေး ဆိုတဲ့ ရည်ရွယ်ချက်အတွက် မဟုတ်ဘဲ.....

"ကိုယ့်နိုင်ငံရဲ့ သမိုင်း၊ ယဉ်ကျေးမှု အမွေအနှစ်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာမှုနဲ့ ဒေသခံ တွေရဲ့ ဧည့်ဝတ်ပျူငှာမှု အရည်အသွေးတွေကို ဂုဏ်သိက္ခာရှိရှိ ထိန်းသိမ်းပြသနိုင်ဖို့" ပိုအရေးကြီးတယ်လို့ မြင်တယ်။ ဒါတွေကို နည်းမျိုးစုံနဲ့ ပြသနိုင်ဖို့ သိပ်အရေးကြီးတယ်။


ခရီးသွားလုပ်ငန်း တိုးတက်ဖို့ဆိုတာ.... အစိုးရ၊ ပညာရှင်၊ လုပ်ငန်းရှင်နဲ့ ပြည်သူလူထု ဆိုတဲ့ လေးပွင့်ဆိုင် ယန္တရားတွေက တက်ညီလက်ညီနဲ့ ပညာရပ်ဆိုင်ရာ သုတေသန‌ တွေကို အခြေခံတဲ့ Responsible Tourism Policy တစ်ခုကို ပုံဖော်နိုင်မှသာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက ရေရှည်တည်တံ့ပြီး ကမ္ဘာ့အဆင့်မီ ဂုဏ်သိက္ခာရှိတဲ့ လမ်းကြောင်းကို ရောက်လာနိုင်လိမ့်မယ်။

ခရီးသွားလုပ်ငန်းဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဝင်ငွေ တိုးတက်စေတဲ့ ကဏ္ဍတစ်ခုဖြစ်သလို နိုင်ငံရဲ့ အမျိုးသားပုံရိပ် (National Image)၊ ယဉ်ကျေးမှုအမွေအနှစ်နဲ့ လူမှုအသိုက်အဝန်းတန်ဖိုး တွေကို နိုင်ငံတကာရောက်အောင် ချပြပေးနိုင်စွမ်းရှိတဲ့နနိုင်ငံတကာဆက်ဆံရေးကဏ္ဍတစ်ခုလည်း ဖြစ်လို့ သိပ်အရေးကြီးတယ်။

ဆိုတော့....ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမှာ ခရီးသွားဦးရေ တိုးပွားလာမှုကို အောင်မြင်မှုတစ်ခုလို့ မတိုင်းတာသင့်ဘဲ ခရီးသွား တွေရဲ့အတွေ့အကြုံ၊ အရည်အသွေး၊ ဒေသခံ တွေရဲ့ အကျိုးခံစားခွင့်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ရေရှည်တည်တံ့ရေးအတွက်ပါ မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်။


ဒီဘက်‌‌ခေတ်မှာ ပိုအရေးကြီးလာတဲ့ ဒစ်ဂျစ်တယ်နည်းပညာအသုံးချနိုင်မှုတွေ၊ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုစနစ်တွေ၊ လုံခြုံရေးနဲ့ ခရီးသွားယုံကြည်မှု တည်ဆောက်ရေး‌ တွေကို အရေးပေးဆောင်ရွက်နိုင်မှပဲ ခရီးသွား ကဏ္ဍက အောင်မြင် လာမယ့် သဘောရှိတယ်။



(နရီမိုး)
👍27848🥴3🥰2👎1
Myanmar Now က စစ်တပ်ထိန်းချုပ်တဲ့ လွှတ်တော်အမတ်တွေအတွက် လစာ သိန်း ၁ သောင်းလောက် ကုန်နိုင်တယ်ဆိုပြီး အစဖော်လာတော့လည်း လွန်လေပြီးသော အတိတ်မှာ NLD အစိုးရ တာဝန်ယူကာလတုန်းက စာရင်းအင်းတွေ ပြန်သတိရမိတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ရမည်းသင်းမှာ မဲဆွယ်စည်းရုံးရေးဆင်းတော့…NLD ပါတီနိုင်ရင် အဂတိကင်းတဲ့ အစိုးရ ဖြစ်အောင် လုပ်ပြမယ်ဆိုပြီး မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ တာလေး ပြန်သတိရမိတယ်။
-----
NLD လက်ထက်မှာ အဂတိကင်းစင်သလား၊ မကင်းစင်သလားဆိုတာ အဲ့ဒီခေတ်က အချက်အလက်တွေကို ပြန်ချိန်ထိုးစဉ်းစားကြည့်ပေါ့။ ဥပမာဆိုပါစို့… အဲကွန်း ၂ ကောင်အား တစ်လုံး တန်ဖိုး ၈ သိန်းလောက်ပေါက်ချိန်မှာ ၂၅၇ သိန်း၊ တီဗီတစ်လုံးကို သိန်း ၁၀၀၊ အမှိုက်လှဲ ကား တစ်စီးကို သိန်း ၂၀၀၀၊ ပလပ်စတစ်ထိုင်ခုံတစ်လုံးအတွက် ၇ သောင်း၊ တိုင်းဒေသကြီး ရန်ပုံငွေ သန်း ၉၀၀ ကို စာရင်းစစ်မခံနိုင်ဘူး။ သိန်း ၅၆၀ တန် အမှိုက်သိမ်းကားက သိန်း ၁၅၆၀ ဖြစ်၊ ကိုးကင်းတန်ချိန် နှစ်တန်ကျော် ဖမ်းမိပေမယ့် နောက်တစ်နေ့ သကြားဖြစ်သွားတဲ့ ကိစ္စတွေ။ သိန်း နှစ်ရာကျော်တန် လူကူးတံတားက သိန်း ၄၀၀၀ စာရင်းပြ၊ ဆီဘောက်ဆာကားကနေ ရေကားဖြစ်သွားတဲ့ အမှုတွေ၊ ဆင်ဆာမီးပွိုင့်တစ်လုံး ကို သိန်းတစ်ထောင်ပြပြီး မီးပွိုင့် ၁၁ ခုအတွက် သိန်း ၁၁၀၀၀ စုန်းစုန်းမြုပ်သွားတဲ့ ကိစ္စတွေ၊ ရန်ကုန်တိုင်းအတွက် ကောင်းကင်ဓာတ်ပုံရိုက်ခ သိန်းပေါင်း တစ်သောင်းခွဲ၊ ရန်ကုန်တိုင်းအတွက်ပဲ ရေတွင်း ၂၇ တွင်းစာအတွက် သိန်းပေါင်း ၄၀၅၀ ၊ မင်္ဂလာဈေး ပြန်ဆောက်ဖို့ အရည်အသွေးစစ်ခက သိန်း ၆ သောင်း ၆ ထောင်၊ ဖြိုးမင်းသိန်း ဝယ်ပြီး အမှိုက်ပုံထဲမှာ ပြစ်ထားတဲ့ ကျောင်းကား YBS က အစီးရေ ၁၀၀၀။ လက်သည် မပေါ်တဲ့ ဘဏ်ချေးငွေ ၅ ဘီလီယံ။ မအောင်မြင်တဲ့ ညဈေးစီမံချက်။ လွှတ်တော် ဆေးသုတ်ခက လွှတ်တော်ဆောက်စရိတ်ထက် ပိုများနေတဲ့ ဖြစ်ရပ်တွေ။ လေယာဉ်ကွင်း ခြုံရှင်းတာကို တင်ဒါမခေါ်ဘဲ သိန်း ၄၀၀၀ ခိုးလိုက်တဲ့ လဲ့လဲ့မော်ရဲ့ အမှု၊ ဝင်းထိန်သမီး မင်္ဂလာဆောင်ကို လက်ဖွဲ့ဖို့ ပြည်နယ်အစိုးရရန်ပုံငွေထဲက အဂတိ ကျူးလွန်ခဲ့တဲ့ အယ်ဖောင်ရှိုး။ ရေးရင် မဆုံးနိုင်တဲ့ အဂတိမှုတွေ NLD လက်ထက်မှာ တသီကြီး။
----------
နောက်ဆုံး…ကုန်ကုန်ပြောရရင်…၂၀၁၀ မှာ တပ်မတော်ကနေ ယူနီဖောင်းချွတ်ပြီး အစိုးရ တက်လုပ်ချိန်တုန်းကတောင် လွှတ်တော်နဲ့ အစိုးရ က တပါတီတည်းဖြစ်ပေမယ့် လွှတ်တော်အခင်းအကျင်းပီပီသသရှိသေးတယ်။ ဒေါ်စုလက်ထက်တုန်းက…လွှတ်တော် မှာ တင်ပြရမယ့် အဆိုကို ပါတီရုံးချုပ်မှာ အရင်ဖတ်ပြပြီးမှ ခေါင်းညိတ်၊ ခေါင်းခါ လုပ်ခဲ့ကြ ရတာကို မသိကြတာလည်းမဟုတ်။ ဒါတောင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဖြစ်ရင် လစာရဲ့ ၂၅ ရာခိုင်နှုန်း၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် လစာရဲ့ ၂၀ ရာခိုင်နှုန်းကို ပါတီရဲ့ တချက်လွှတ်အမိန့်နဲ့ ဒီမိုကရေစီနည်းလမ်းမကျ ရန်ပုံငွေဆိုပြီး ကောက်ခဲ့တာတွေ ရော…ဘာပြောကြဦးမလဲ။
------
၃ တန်းတောင်မအောင်တဲ့ လွှတ်တော်အမတ်တွေ၊ ကျိုက်ထီးရိုးက သေနတ်တွေ ကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့တာလို့ပြောတဲ့ ဝန်ကြီးချုပ်တွေ။ အစိုးရ ရက်(၁၀၀)မှာ ယောင် နနနဲ့ စက်ဘီးစီးပြသလိုလို၊ အမှိုက်ကောက်ပြသလိုလို ဖြစ်ခဲ့ကြတဲ့ အဖြစ်အပျက်တွေ၊ နိုင်ငံတော်ရဲ့စီးပွားရေးအဆင့်ကိုတောင် မူဝါဒ မချနိုင်လို့ ရှောင်တာနယ်ကို ခေါ်ပြီး အကြံ ပေးခန့်ရတဲ့ အခြေအနေတွေ။ တခြားသူကို အာဏာရှင်လို့ ပြောပြီး ကိုယ်တိုင်ကြတော့ ဝန်ကြီးဌာန ၄ ခုလောက် ယူခဲ့ရတဲ့ ဖြစ်ရပ်တွေ။ ဒီလိုအခင်းအကျင်းကို ကပေါက်တီး ကပေါက်ခြာ ၅ နှစ်လုံးလုံး ဖြတ်သန်းခဲ့ရတာထက်စာရင်…ခုအခင်းအကျင်းက အများကြီး သာနေပါ သေးတယ်လေ။

(နရီမိုး)
👍483100🥴10😍4👎2🥰2👏1
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏34225👍5👏3🥰2
“တရားသိလျက် အကျင့်ခက်” ဆိုတာ....
သိတော့ သိတယ်၊သိတဲ့အတိုင်း လိုက်နာကျင့်သုံးဖို့ မလွယ်ကူဘူးတဲ့...

သိတယ်ဆိုတဲ့နေရာမှာ သင်ထားလို့သိတဲ့ အသိက တစ်မျိုးပေါ့ လက်တွေ့ကျင့်သုံးပြီး သိတဲ့အသိက တစ်မျိုးဖြစ် တယ်။

အဲဒီ(၂)မျိုးထဲမှာ သင်ထားလို့သိတဲ့ အသိကလက် တွေ့ကျင့်သုံးပြီးတော့ သိတဲ့ အသိလောက် ခိုင် မာမှု၊ရင့်ကျက်မှု မရှိဘူးတဲ့။

ဘာဖြစ်လို့ သတ္တဝါတွေဟာ သိလျက်သားနဲ့မကျင့် နိုင်ကြတာလဲဆိုတော့ မကျင့်နိုင်ခြင်းရဲ့အကြောင်း
ဖြစ်တဲ့ လောဘ၊ဒေါသ၊မောဟ စတဲ့ ကိလေသာ
တွေလွှမ်းမိုးမှုက အင်မတန်မှ အား ကောင်းပြီး တော့အသိဉာဏ်က အားပျော့ သေးသိမ်နေလို့ပဲ ဖြစ်တယ်။

အကယ်၍သာ အသိဉာဏ်က လွှမ်းမိုးသွားမယ် ဆိုရင် လောဘ၊ဒေါသ၊မောဟ စတဲ့ ကိလေသာ တွေက အင်အားပျော့ညံ့သွားပြီး တရားသိလျက် အကျင့် ခက်စရာ မရှိတော့ဘူးတဲ့။

သိတဲ့အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်နေမှာ ဖြစ်ပါတယ် ဒါကြောင့် ဘုန်းကြီးတို့တစ်တွေ သတိထားဖို့ရာ က ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးနဲ့ ကြုံတွေ့တဲ့
အခါမှာ သိအောင် သင်ယူကြရမှာက နံပါတ်တစ်
အရေးကြီးဆုံး ဖြစ်တယ်။

မြတ်စွာဘုရားကလည်း သာသနာတော် မြတ်ကြီး ကို"ပရိယတ္တိသာသနာ"လို့ နံပါတ်တစ် ဟောထား တယ်။

“ပရိယတ္တိဆိုတာသင်ယူခြင်း”လို့ အဓိပ္ပါယ် ရ တယ်။

မသင်ယူဘဲနဲ့ မည်သူတစ်ဦးတစ်ယောက်မျှ တရား ဓမ္မ ကိုသိတယ်ဆိုတာ မရှိဘူး။

တရားနာတာဟာ သင်နေတာပဲ။

နားနဲ့ကြားနာနေတာဟာ သင်ယူခြင်းပဲ၊သင်ယူပြီး
တဲ့နောက်မှာလက်တွေ့ကျင့်သုံးမှုဆိုတာနောက်က
လိုက်ရတယ်။

မြတ်စွာဘုရား ဟောကြားခဲ့တဲ့တရားတော် တွေ ဆိုပါစို့ ဘုရားအဆူဆူရဲ့ အဆုံးအမဩဝါဒ။

“သဗဗှပါပဿ အကရဏံ” တဲ့။

“ယုတ်မာညစ်ကျ အကုသိုလ်အမှုမှန်သမျှမလုပ်နဲ့” တဲ့။ဒါကဘုရားဟောတာ။

ဘုန်းကြီးတို့တစ်တွေက အဲဒါကိုသင်ရမယ်။ ယုတ် မာ ညစ်ကျ၊အကုသိုလ် အမှု မှန်သမျှ မလုပ်နဲ့ ဆို တာ ကို သင်ယူပြီးတဲ့နောက်မှာ အကုသိုလ် ဆို တာ မလုပ်ရဘူးဆိုတာကို သိတဲ့ အသိကလေး ကိုယ့်သန္တာန်မှာ ရှိလာတယ်။

ရှိလာတဲ့အတိုင်း အကုသိုလ်ကို ရှောင်ရမယ်။

မရှောင်ဘူးဆိုရင် တရားသိလျက် အကျင့်ခက် ဖြစ်သွားပြီ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ 🙏🙏🙏
🙏32834👍4
မနေ့က ဖွင့်လှစ်ခဲ့တဲ့ ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre)အဖြစ်နဲ့ ပြောင်းလဲနိုင်ခဲ့တာက သမိုင်းအမွေအနှစ်ကို ချစ်မြတ်နိုးသူတွေ အတွက်တော့…တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အောင်မြင်မှုမှတ်တိုင်လို့ ပြောလို့ရမလား ပဲ။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ထက် ၁၈/၁၉ နှစ်လောက်စောပြီး ၁၉၂၀/၂၃မှာ ဒီဝဇီရာ ရုပ်ရှင်ရုံကို ဆောက်ခဲ့ကြသလို…စပြီး ဆောက်ခဲ့ကြချိန်တုန်းက ပေးခဲ့တဲ့နာမည်က Excelsior လို့ လည်း သိရတယ်။
-----
ဆောက်တဲ့ ဗိသုကာလက်ရာကိုကြည့်ရင်လည်း Beaux-Arts ဆိုတဲ့ ပြင်သစ် ဗိသုကာပုံစံ၊ (Iconic ပုံစံ)ဖြစ်တဲ့ ကျောက်တိုင်ကြီးတွေထောင်ပြီး မြန်မာ အင်္ဂတေ ပန်းတော့ လက်ရာတွေနဲ့ ခမ်းခမ်းနားနား တည်ဆောက်ထားတာမြင်ရလိမ့်မယ်။ ဒီပုံစံမျိုးက ထိုင်းမှာလည်း Ananta Samakhom Throne Hall အဆောက်အဦမှာ မြင်ရ တယ်။ နှစ်ခုလုံးက ဥရောပ ဗိသုကာလက်ရာကို အာရှမှာ ခေတ်ပြိုင်အနေအထား ဆောက်ခဲ့ကြပုံရတယ်။ နှစ်ပေါင်း ၁၀၃ နှစ်သက်တမ်းရှိတဲ့ ဒီလက်ရာက အဲ့ဒီခေတ် ကာလမှာ ဘယ်လောက်တောင် ခမ်းနားနေမလဲဆိုတာ တွေးကြည့်လို့တောင်ရမလားပဲ။
-----
သမိုင်းမှတ်တမ်းအရတော့…ဂျပန်ခေတ်မှာ ရန်ကုန်ရုပ်ရှင်ရုံ ဆိုပြီး နာမည်ပြောင်းခဲ့ တာ တွေ့ရသလို နောက်ပိုင်း..စစ်ပြီးခေတ်မှာ အေဝမ်း၊ ၁၉၆၈ လောက်မှာ ဝဇီရာဆိုပြီး နာမည်ပြောင်း ခဲ့တယ်။ ၁၉၈၅ မှာ ဇာတ်သဘင်အနေနဲ့ အသုံးပြုခဲ့သလို ၁၉၉၉ ခုနှစ် အရောက်မှာ ပြန်ကြားရေးကနေ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကို ငှားရမ်းခဲ့တာ လို့ ဆိုတယ်။ ၂၀၁၀ အရောက်မှာ ဓာတ်ပုံဆရာ Philip Jablon နဲ့ ရန်ကုန်ရှေးဟောင်းအမွေ အနှစ်အဖွဲ့တွေက ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာ စတင်ပြုပြင်မွမ်းမံခဲ့ပြီး အပြီးသတ် အနေအထားကတော့…မနေ့က သမ္မတကြီးကိုယ်တိုင်ဖွင့်လှစ်ပေးနိုင်ခဲ့တယ်။
-----
ဝဇီရာက ရုပ်ရှင်ရုံတစ်ခုထက်ပိုတယ်ဆိုတာက…သမိုင်းဝင်ယဉ်ကျေးမှု အဆောက် အအုံတစ်ခုဖြစ်တယ်။ နှစ်ပေါင်း ၁၀၃ နှစ်ကြာ သက်တမ်းရှိတဲ့ အဆောက်အအုံကို ထိန်းသိမ်းနိုင်ခဲ့တယ်။ ရုပ်ရှင်ရုံတင်မဟုတ်ဘဲ ဇာတ်သဘင်၊ ရုပ်သေးတွေလည်း အပတ်စဉ် ပြသမယ်လို့ ကြေညာထားတယ်။ ဆိုတော့…မြန်မာနိုင်ငံကို ခရီးသွားတွေအတွက် ရုပ်သေး ပြဖို့အတွက်ဆို…ဝဇီရာကို ခေါ်ပြလို့ ရတဲ့ အနေအထားဖြစ်သွားတယ်။ နိုင်ငံခြားမှာ ဆိုရင်… ဧည့်သည်တွေကို အော်ပရာတွေ လိုက်ပြသလို အနေအထားအထိ အဆင့်အတန်း ရှိလာနိုင်တော့မယ်။ ဘာပဲဖြစ်ဖြစ်…ကိုလိုနီခေတ်ရဲ့ ဇာတ်သဘင် အနေအထားကနေ ရွှေခေတ်မြန်မာရုပ်ရှင်တွေရဲ့ ဗဟိုချက်၊ ဒီကနေ့မှာ ယဉ်ကျေးမှု အမွေအနှစ်တွေကို ပြသ နိုင်မယ့် အခင်းအကျင်းမျိုးအထိရောက်အောင် ဖော်ထုတ်နိုင်ခဲ့တာက…နိုင်ငံပုံရိပ် အတွက်တော့ အကောင်းဘက်ရှိစေခဲ့တယ်လို့ မြင်တယ်။
-----
ကားပိတ်တာပဲ သတင်းလုပ်ရေးမနေနဲ့မောင်တို့။ ဒီလို သမိုင်းတွေလည်း နောက်ကွယ် မှာ ရှိနေသေးတယ်ဆိုတာ သိဖို့လိုတယ်။

(နရီမိုး)
ဒုတိယပုံကတော့...ထိုင်းဘုရင် King Chulalongkorn လက်ထက် ၁၉၀၈ ခုနှစ်မှာ ဆောက်ခဲ့တဲ့ တော်ဝင်ဧည့်ခန်းဆောင်
171👍139🥴2👎1🥰1
မနေ့တုန်းက သမ္မတကြီး သွားခဲ့တဲ့ မြန်မာအာကာသ အေဂျေစီရဲ့ တည်ဆောက်ပြီးခဲ့တဲ့ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းနဲ့ MOCC က စိတ်ဝင်စားစရာကောင်းတယ်။ ဒီလိုဖြစ်လာဖို့အတွက် ရှေ့မှာ သမ္မတကြီးအနေနဲ့ ရုရှားနဲ့ရော၊ တရုတ်နဲ့ပါ ပူးပေါင်း နားလည်မှု စာချုပ်တွေ ချုပ်ထားနိုင်ခဲ့တယ်။ ဒီစခန်းရဲ့ အဓိက ပင်မအလုပ်က မြေပြင် စောင့်ကြည့်မယ်။ 3D မြေပုံထုတ်မယ်။ သဘောဝ ဘေးအန္တရာယ်တွေကို ကြိုတင်ကာ ကွယ်နိုင်ဖို့ စောင့်ကြည့်မယ်။ စိုက်ပျိုးရေးနဲ့ သဘာဝ ပတ်ဝန်းကျင်တွေမှာ Earth Remote Sensing နည်းပညာကို အဓိက သုံးသွားမယ်လို့ ယူဆရတယ်။
----
ရိုးရိုးရှင်းရှင်းပြောရရင်…ကိုယ်ပိုင်ဂြိုဟ်တုတွေ ရှိလာတဲ့အခါ…မောင်းနှင်မယ်၊ ထိန်းချုပ် မယ်။ အမိန့်နဲ့ ဒေတာတွေ လက်ခံပေးပို့ဖြန့်ဝေ တာတွေ အဓိက လုပ်ပေးမယ့် အမိန့်ပေးစင်တာတစ်ခုဖြစ်တယ်ပေါ့။သဘောကတော့ ဂြိုဟ်တုကို မြေပြင်ကနေ ထိန်းချုပ် မယ့် အဓိက စင်တာတစ်ခုက အစိုးရ ရက်(၁၀၀) အတွင်းမှာ အကောင် အထည်ဖော်နိုင်ခဲ့ပြီလို့ ပြောရမယ်။ ဒါက မြန်မာနိုင်ငံအတွက် ခြေလှမ်းအစပဲ။ စဉ်ဆက် မပြတ် လုပ်သွားနိုင်ဖို့ အခြေခံ ဖောင်ဒေးရှင်းကောင်းတစ်ခုကို အစိုးရသစ်လက်ထက်မှာ အုတ်မြစ်ချနိုင်ခဲ့ပြီလို့ ပြောလို့ရသွားပြီ။
-----
တကယ်တော့ နိုင်ငံတော်ရဲ့ အာဏာဆိုတာ အနာဂတ်မှာ AI ၊ အာကာသ၊ ဆိုက်ဘာနဲ့ Big Data တွေမှာ အခြေခံသွားမယ့် သဘောရှိတယ်။ အမျိုးသားလုံခြုံရေးဆိုတဲ့ ရှုထောင့်က ကြည့်ရင်…ဂြိုဟ်တုထောက်လှမ်းရေးစနစ်တွေကလည်း မရှိမဖြစ် အရေး ကြီးလာတယ်။ ဒီကနေ့ အီရန် စစ်ပွဲမှာ အီရန်ဘက်က ပစ်နိုင်တဲ့ ပစ်မှတ်ဒေတာတွေ က ဒီဂြိုဟ်တုကနေပဲ ရတာပဲ။
----
နောက်… Remote Sensing နည်းပညာက စိုက်ပျိုးရေး၊ သတ္တု၊ သစ်တောနဲ့ မူးယစ်ဆေးဝါး လုပ်ငန်းတွေကိုပါ တိုက်ဖျက်နိုင်ဖို့ အကူအညီပေးနိုင်တော့ မယ်။ ဂြိုဟ်တုကပေးပို့တဲ့ ဓာတ်ပုံတွေကိုကြည့်ရင်းနဲ့လည်း မြို့ပြတည်ဆောက်ရေးမှာပါ တစ်ဖက်တစ်လမ်းက အသုံးဝင်လာတော့မယ်။ ပညာရေးနယ်ပယ်ဖက်ကြည့်ရင်လည်း အင်ဂျင်နီယာဘာသာရပ်တွေ၊ ရူပဗေဒ၊ AI ၊ Data Sciences နဲ့ Space Sciences ဆိုတဲ့ ဘာသာရပ်တွေအထိ နယ်ပယ်ထပ်ချဲ့နိုင်တာမျိုး ဖြစ်လာပြန်တယ်။
------
တကယ်တော့ အာကာသ နယ်ပယ်ဆိုတာ ဒေသတွင်းနိုင်ငံတွေကလည်း ကြိုးစားနေကြတဲ့ အခြေအနေတစ်ခုပါပဲ။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ဆိုတာက အကျိုးသင့်၊ အကြောင်းသင့် တိုက်ဆိုင်ဖို့လည်း လိုအပ်သလို၊ အစိုးရ ၊ တနည်းအားဖြင့် နိုင်ငံ့ ခေါင်းဆောင်ကိုယ်တိုင် အားကြိုးမာန်တက် အကောင်အထည်ဖော်မှ ဖြစ်မယ့် ကိစ္စမျိုး လည်း ဖြစ်တာမို့…ဒီလို ပေါ်ပေါက်လာတာက မြန်မာနိုင်ငံအတွက်တော့ သိပ်ကောင်းတဲ့ လက္ခဏာပဲလို့ သုံးသပ် တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့အာကာသအတွက် တခေတ်ဆန်း စေတဲ့ ချီးမြှင့်မြှောက်စားမှု၊ တနည်းအားဖြင့် အနာဂတ်ခြေလှမ်းသစ်အတွက် သမိုင်းမော် ကွန်းရေး ထိုးပြီလို့ပဲ ယူဆချင်တယ်။

(နရီမိုး)
👍31180🥰5👎2🥴2
❝အနာဂတ်မျိုးစေ့လေးတွေ❞
=========
မနေ့က မြန်မာအာကာသအေဂျင်စီမှာ သမ္မတကြီးက မြန်မာ့အာကာသမှူးတွေ ဖြစ်လာမယ့် အနာဂတ် မျိုးဆက်သစ်လူငယ်တွေကို တွေ့ဆုံပြီး ဩဝါဒ မှာကြားတာ မြင်လိုက်ရတယ်။ သူတို့တွေက ဘယ်အချိန်မှာ အာကာသ ယာဉ်မှူးတွေ ဖြစ်လာ မလဲဆိုတာ သေချာမပြောနိုင်သေးပေမယ့် မြန်မာနိုင်ငံအတွက်တော့…သမ္မတကြီး လက်ထက်မှာ မျိုးစေ့စပြီး ပျိုးလိုက်ပြီလို့ ပြောလို့ရတယ်။ ဒီကလေးတွေက နောင် ၁၅-၂၀ အတွင်းမှာ မြန်မာအာကာသအတွက် တန်ဖိုးရှိတဲ့ Pioneer တွေဖြစ်လာလိမ့်မယ်လို့လည်း ပြောလို့ရပြီ။
-----
ဒါနဲ့ပတ်သက်ပြီး ရုရှားမှာ နာမည်သိပ်ကြီးတဲ့ Мы не можем жить без космоса (We Can’t Live Without Cosmos ) ဆိုတဲ့ Short Filim လေးကို ပြန်ပြီး သတိရမိစေတယ်။ အဲ့ဒီကာတွန်းလေးမှာ အာကာသယာဉ်မှူး သိပ်ကို ဖြစ်ချင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်တဲ့ Belka and Strelka တို့ရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် ဖန်တီးထားတယ်။ တကယ်တော့…အာကာသယာဉ်မှူးတစ်ယောက်ဖြစ်ဖို့ဆိုတာ…လေ့ကျင့်ရေးတွေ ပြင်းထန်သလို၊ ကျန်းမာရေးကအစ ဒေါင်ဒေါင်မြည်ဖြစ်ဖို့ အရေးကြီးတယ်။ အာကာသမှာ လိုက်လျောညီထွေ နေတတ်ဖို့ကအစ၊ အစစအရာရာအတွက် လေ့ကျင့်ပေးရတာဖြစ်လို့ တိုင်းပြည်အတွက်လည်း အရင်းအနှီးများတယ်။
------
ဘာပဲဖြစ်ဖြစ်…အစိုးရသစ်လက်ထက်မှာ မြန်မာ့အာကာသယာဉ်မှူးတွေ ဖြစ်လာစေဖို့ အတွက် မျိုးစေ့တွေ အများကြီးတော့ ပျိုးခဲ့လိုက်ပြီ။ သူတို့ရဲ့ ကြိုးစားအားထုတ်မှု၊ မြန်မာ့ နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ စဉ်ဆက်မပြတ် ပံ့ပိုးမှုတွေကြားမှာ… နောင်တချိန်…အာကာသမှာ မြန်မာနိုင်ငံသား လိုက်ပါနိုင်ခဲ့တဲ့ သမိုင်းသစ် မထိုးနိုင်ဘူး လို့ ဘယ်သူပြောနိုင်မလဲ။

(နရီမိုး)
183👍156🥰6🥴3👎1
ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအရေးကို အဖြေရှာတဲ့ နေရာမှာ…တစ်ချို့ကိစ္စတွေမှာ ရန်၊ငါ စည်း ပြတ်ပြတ်သားသားနဲ့ ချေမှုန်းမှ ရတော့မယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ …မနေ့က မြဝတီမြို့နယ်ထဲက အွန်လိုင်းလိမ်လည်မှု ဖမ်းဆီးရမိခဲ့တဲ့ သတင်းမှာ ကျူးလွန်သူ ၇၇၇ ဦးကို ဖမ်းဆီးနိုင်ခဲ့သလို…ဒီလုပ်ငန်းကို အကာအကွယ်ပေးနေခဲ့တဲ့ KNLA/PDF တွေနဲ့လည်း တပ်မတော်ကထိတွေ့ မှု ဖြစ်ခဲ့တာ တွေ့ရတယ်။ ကော်သူလေး နိုင်ငံ ထူထောင်ဖို့ဆိုပြီး ကရင်လက်နက်ကိုင်ခေါင်းဆောင်တွေပါးစပ်မှာ ပြောနေပေမယ့် လက်တွေ့မှာ…ဒီလိုငွေရလမ်းပေါက်တွေကပဲ တရားမဝင် ပိုက်ဆံရှာနေကြတာလည်း မြင်ရတယ်။ လက်ရှိ KNU ဆိုရင်… ဒီကျားဖြန့်လုပ်ငန်းတွေလုပ်နိုင်ဖို့ တရားဝင် စာချုပ် ချုပ်ထားတဲ့ ကိစ္စတွေလည်း တစ်နိုင်ငံလုံး သိနေတဲ့ ကိစ္စပဲ။
---------
မူးယစ်ဆေးဝါးလုပ်ငန်းပဲဖြစ်ဖြစ်၊ အွန်လိုင်းကျားဖြန့် လုပ်ငန်းတွေပဲဖြစ်ဖြစ်… ဒီလုပ်ငန်းတွေမှာ လုပ်ကိုင်ကြတဲ့ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်မဆို…လက်ရှိ ဥပဒေ ပြဌာန်းဖို့ မူကြမ်းအဖြစ် တင်သွင်းထားတဲ့ ဥပဒေနဲ့ ပြတ်ပြတ်သားသား တိုက်ဖျက်ဖို့ လိုလာပြီလို့လည်း မြင်မိတယ်။ မူးယစ်ဆေးဝါး ဖြန့်ဖြူးတယ်။ မူးယစ်ဆေးဝါးချက်လုပ် တယ်။ အွန်လိုင်းကျားဖြန့်တွေဆိုရင်လည်း မြဝတီနယ်စပ်မှာ ဒီလောက် တိုက်ဖျက်မှု လုပ်နေတာတောင်…လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အကာအကွယ်ပေးနေတာ တွေ့ရ တယ်။ ရှမ်းပြည်တောင်ပိုင်းမှာ ဖမ်းမိတဲ့ ကျားဖြန့်စခန်းတွေဆိုတာကလည်း EAO တွေ မသိဘဲ ဝင်လာနိုင်စရာ အကြောင်းမရှိတဲ့ ဒေသတွေလို့ ပြောလို့ရတယ်။ ဒီလက်နက်ကိုင် အစုအဖွဲ့အတွက် ကြီးပွားရေးလုပ်ငန်းဆိုပေမယ့်…နိုင်ငံအတွက်တော့ ရှက်စရာဖြစ်ရ တယ်။ တိုင်းပြည်စီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းက ထိခိုက်ရတယ်။ ဒီစခန်းတွေ၊ ဒီလုပ်ငန်းတွေ တိုက်ဖျက်ဖို့ရာအတွက်လည်း တပ်မတော်သားတွေက အသက်နဲ့ရင်းပြီး နယ်မြေရှင်းရတယ်။
-------
ဒေသဖွံ့ဖြိုးရေးအကြောင်းပြပြီး မူးယစ်ဆေးဝါးတွေ စိုက်ကြတယ်။ အွန်လိုင်း ကျားဖြန့် တွေမှာ ပါဝင်ကြတယ်။ အချိန်တန်လို့ အခြေအနေမဟန်တော့ရင်…ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကို ပြေးဝင်ကြတယ်။ အနာဂတ်မျိုးဆက်အတွက်…တစ်ချို့ကိစ္စတွေမှာ ရန်/ငါ စည်း ပြတ်မှ ရတော့မယ်လို့လည်း မြင်မိတယ်။ အွန်လိုင်းကျားဖြန့်နဲ့ မူးယစ်ဆေးမှာ ပါဝင်ပတ်သက်နေတဲ့အထောက်အထားရှိရင်…အပြီးတိုင် ချေမှုန်းလိုက်တာ ပိုကောင်း တယ်။

(နရီမိုး)
👍34661👏12🥴2👎1
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏32917👍10👏3
ကြည့်တတ်လို့ရှိရင် တရားဖြစ်တယ်..

ကြည့်တတ်လို့ရှိရင် တရားဖြစ်တယ်ဆိုတာ ပစ္စေကဗုဒ္ဓါ အတ္ထုပ္ပတ္တိတွေ ကြည့်၊ ပစ္စေကဗုဒ္ဓါတွေ ဘယ်လို တရားထူးရလာတယ်ဆိုတာကို ပြန်ပြန်ပြီးတော့
ပြောတဲ့ ပစ္စေကဗုဒ္ဓါတွေရဲ့ ဇာတ်လမ်းတွေ ရှိတယ်ပေါ့။

ဆိုပါစို့- ပန်းလေးတစ်ပွင့် မနက် အပင်မှာ လန်းလန်းဆန်းဆန်း ရှိနေတယ်၊ အဲဒီ ပန်းပွင့်လေးဟာ ညနေပိုင်း ရောက်တဲ့ အခါ နွမ်းပြီးတော့ ကြွေကျသွားတယ်၊ အဲဒါကိုကြည့်ပြီး ပန်းပွင့်လေးကပြတဲ့ တရားဆိုပြီး ကိုယ့်သန္တာန်စပ်ယူကြည့်လိုက်တဲ့ အခါ ပစ္စေ
ကဗောဓိဥာဏ် ရသွားတယ်။

ပတ်ဝန်းကျင်က ပန်းပွင့်လေးကို ကြည့်ပြီးတော့ တရားရမှုဆိုတာ ဖြစ်လာတယ်၊ ဒါတင်လားဆို မ-ဟုတ်သေးဘူး၊ လူတွေဟာ အိမ်ထဲမှာ သစ်ပင်လေးတွေ စိုက်ထားတာ ရှိတယ်၊ အခုလို ဆောင်းရာသီကုန်လို့ နွေဦးရောက်လာပြီ ဆိုရင် သစ်ရွက်လေး
တွေဟာ ဝါပြီး တဖပ်ဖပ်ကြွေကျနေတာကို လူတိုင်းမြင်ဖူးကြမှာပါနော်။

သာမန်ပုဂ္ဂိုလ်တွေကတော့ ဟာ ဒါ သစ်ရွက်ကြွေတာပဲလို့ ဒီလိုပဲ ပြောမှာပေါ့၊ အေး- ကြည့်တတ် မြင်တတ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ အနိစ္စသဘောကိုဆင်
ခြင် သုံးသပ်တယ်၊ ဒါနဲ့ ပစ္စေကဗုဒ္ဓါ ဖြစ်သွားတဲ့ ---ပုဂ္ဂိုလ်တွေရှိတယ်။

သြော် ဒီသစ်ရွက်လေးတွေဟာ မမြဲပါလား၊ မမြဲလို့ကြွေကျသွားသလို ငါ့သန္တာန်မှာ ရှိတဲ့ ရုပ်တွေ,နာမ်တွေဟာလည်း ဒီအတိုင်းပါလား ဆိုတဲ့ အတွေးဝင်လာတယ်။

သာမန်ပုဂ္ဂိုလ်တွေကတော့ ဒီအတွေးမျိုး မတွေးတတ်ပါဘူး၊ ဘုရားသာသနာနဲ့ ကြုံတွေ့နေတဲ့ အချိန်
မှာ ဒီအတွေးလေးတွေကို လေ့ကျင့်ပေးဖို့ လိုတယ်။အဲဒီလေ့ကျင့် ပေးနေတာသည်ပင်လျှင် ပါရမီပဲ ဖြစ်
တယ်၊ မလေ့ကျင့်ဘူး ဆိုလို့ရှိရင် ဒီအတွေးတွေ ရနိုင်ပါ့မလား၊ မရနိုင်ဘူးနော်။

အေး-- တစ်ခါတွေးမိရင် နောက်တစ်ခါ တွေးဖို့ရာခက်သေးလား၊ မခက်တော့ဘူး၊ နောက်တစ်ခါမြင်ရင် ဒီအတွေးထပ်လာမှာပဲလေ၊ ထပ်ထပ် ထပ်ထပ်
လာတဲ့အခါ ဒီအတွေးလေးတွေဟာ သံဝေဂအတွေးလေးတွေ ၊မှန်ကန်တဲ့ အတွေးလေးတွေ ဖြစ်တဲ့ အတွက်ကြောင့် နောက်ဆုံးမှာ ကိလေသာကို တွန်းလှန်ပစ်နိုင်တဲ့ အတွေးတစ်ခု ဖြစ်လာတယ်။

အင်အား ကောင်းလာပြီးတော့ ကိလေသာတွေကိုတွန်းလှန် သွားနိုင်လိမ့်မယ်။

နာရေးကိစ္စ ကြုံလာတဲ့ အခါမှာလည်းပဲ မြတ်စွာဘုရားဟောထားတာ ရှိတယ်၊ တွေ့တိုင်း တွေ့တိုင်း၊ ဆုံတိုင်း ဆုံတိုင်း မှန်ကန်တဲ့ အတွေးလေးတွေကို တွေး
တတ်ဖို့ ဟောထားတယ်၊ နာရေးတင် မဟုတ်ပါဘူး။

ဒေဝဒူတသုတ်မှာ ဆိုရင် ဒီအတွေးလေးတွေဟာအင်မတန်မှ တန်ဖိုးရှိတယ်၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အဖိုးအို၊ အဖွားအိုတွေ မရှိဘူးလား၊ ရှိတယ်နော်အေး- အဖိုးအို ,အဖွားအိုတွေကို တွေ့တဲ့အခါမှာ သာမန်ပုဂ္ဂိုလ်တွေဟာ `ဟာ --အဖိုးကြီး တစ်ယောက်၊အ
ဖွားကြီး တစ်ယောက် ဒီလိုပဲ တွေးတယ်။

ဘယ်အိမ်က အဖိုးကြီး၊ ဘယ်အိမ်က အဖွားကြီး၊ ဒီလောက်ပဲ တွေးတယ်၊ ဒီ့ထက်ပို မစဉ်းစားဘူး၊သြော်ကြည့်တတ် မြင်တတ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ၊အေးသူလည်း တစ်ချိန်တုန်းက ငါ့လို ငယ်ငယ်ရွယ်ရွယ်လေးပဲ၊ အခု အိုမင်းသွားရှာပြီ၊ ငါလည်း ဒီလို အိုရ
အုံးမှာပါလား ဆိုတဲ့ အတွေး မတွေးသင့်ဘူးလား။သံဝေဂ အတွေးလို့ ခေါ်တယ်နော်။

ဘုရားလောင်း တောထွက်တယ်ဆိုတာ အဲဒီ သံဝေဂအတွေးက တွန်းပို့လိုက်တာ ဖြစ်တယ်နော်၊ ချစ်လှပါတယ်ဆိုတဲ့ ယသော်ဓရာမိဖုရား၊ မွေးခါစ သားလေးရာဟုလာ စွန့်ပစ်နိုင်တာဟာ အဲဒီအတွေးပဲ၊ အဲဒီ အတွေးကြောင့် သံဝေဂ ဖြစ်တာ။

အားလုံး သိကြတဲ့အတိုင်း နိမိတ်ကြီးလေးပါးမြင်ပြီး
တောထွက်တယ် မဟုတ်လား၊ ကိုယ့်ရှေ့မှာရော အဲဒီနိမိတ်ကြီးတွေ မရှိဘူးလား၊ အေး ဒါလေးတွေကို ဘုရားလောင်းမှ တွေးတာ၊ ငါတို့နဲ့ မဆိုင်ဘူးလို့ မအောက်မေ့လေနဲ့နော်။

အဖိုးအို တစ်ယောက်တွေ့ရင် တွေးလိုက်စမ်းပါ၊အဖွားအို တစ်ယောက်တွေ့ရင် တွေးလိုက်စမ်းပါ၊
ဇရာ ဓမ္မောမှိ ဇရံ အနတိတော- ငါဟာ အိုခြင်း သဘောရှိသူဖြစ်တယ်၊ အိုခြင်းတရားကို ငါမကျော်လွှားနိုင်ဘူး ၊အဲဒီ အတွေးဟာ အင်မတန် အဆင့်မြင့်
တဲ့ အတွေးလေးပါ။

သာမန်အားဖြင့် ပြောမယ်ဆိုရင်တော့ ဒါ ဘာမှ မဆန်းဘူးလို့ ထင်ရတယ်၊ အိုတာ,နာတာ ဘာဆန်းလို့လဲ လူတိုင်း အိုနေကြတာပဲလို့ တစ်ချို့က ပြောကောင်း ပြောလိမ့်မယ်၊ အိုတာ,နာတာကို ပြဿနာလို့ မထင်ဘူး။

ဘုရားလောင်းတွေကျတော့ အဲ့ဒီလို မမြင်ဘူး၊ သံဝေဂ ဖြစ်တာ၊အဲဒီ သံဝေဂအတွေးဟာ အင်မတန်မှ တန်ဖိုးရှိတဲ့ အသိဥာဏ်တစ်ခုရအောင် တွန်းပို့လိုက်တာ ဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏30039👍4
ပြည်တွင်းစစ်ကြောင့် အညာ ပုပ္ပါးကို ဧည့်သည်မလာတော့ဘူးလို့ ငြီးသတဲ့။ တကယ်တော့ အညာဒေသရဲ့ ငြိမ်းချမ်းသာယာမှုက အညာ PDF တွေ ကိုယ်တိုင်ပဲ ဖျက်ဆီးခဲ့ကြတာ မဟုတ်ဘူးလားပေါ့။

ပုဂံ-ညောင်းဦး ဆိုတဲ့ ရှေးဟောင်း အမွေအနှစ် နယ်မြေမှာ လက်နက်ကိုင် PDF တွေ စဖွဲ့တယ်။ တော်လှန်ရေး အကြောင်းပြပြီး ခရီးသွားတွေကို ပြန်ပေးဆွဲတယ်။ ဥပမာ -ခိုင်နှင်းဝေတို့ ပြဿနာရဲ့ နောက်ကွယ်မှာလည်း ဘယ်လောက်ပေးလိုက်ရသလဲ ဆိုတဲ့ မြုပ်ကွက်တွေ ရှိခဲ့မှာပဲ။ ဓားပြသာသာ PDF တွေ အနေနဲ့ ဒီလို အပေးအယူမှ မလုပ်ရင် နာရီပိုင်းလောက်နဲ့ ဘယ်ပြန်လွတ်လာမလဲ။ ဒါက ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့တဲ့ ကိစ္စ အနည်းအကျဉ်းပဲရှိသေးတယ်။ တခြား လူမသိ၊ သူမသိ ပြန်ပေးဆွဲခံရတဲ့ ကေစ့်တွေလည်း အများကြီး။


ဆိုတော့...တော်လှန်ရေး လို့ နာမည်ခံထားတယ်။ ပြန်ပေးဆွဲပြီး ငွေတောင်းတဲ့ လက်နက်ကိုင်တွေ ရှိနေမှတော့ ဒီဒေသက ဧည့်ခရီးသွားတွေ ဘယ်လိုလုပ် လာစရာ အကြောင်း ရှိမလဲ။ ဘယ်လောက်ပဲ ယဉ်ကျေးမှု နယ်မြေပါ ပြောပြော၊ ဧည့်မလာလို့ စီးပွားပျက်ကပ်ဖြစ်နေရပါပြီလို့ ဆိုဆို ....PDF တွေ မရှိတဲ့ တနေ့ရောက်မှပဲ ...မူလ အနေအထားကို ရောက်လိမ့်မယ်။ ဒါတောင် ဒီဒေသမှာ သမိုင်းအမဲစက်က ကျန်ခဲ့ပြီ။



(နရီမိုး)
👍32333🥴2👎1
သီပေါတံတားဖြစ်စဉ်နဲ့ပတ်သက်ပြီး လွှတ်တော် အမေးအဖြေကို ကြည့်တဲ့အခါ...ကိုယ်တွေးသလိုပဲ ဖြစ်လာတာ မြင်လိုက်ရတော့ မထူးဆန်းဘူးလို့ပဲ မြင်မိတယ်။ ဒါက ဘာနဲ့ အလား သဏ္ဍန်သွားတူလဲ ဆိုတော့ NLD အစိုးရ ဖြစ်ချိန်မှာ ခြေဥပြင်မယ်ဆိုပြီး နိုင်ငံတော် ဘဏ္ဍာတွေ အကုန်အကျ များစွာနဲ့ တပ်နဲ့ ထိပ်တိုက်တွေ့ခဲ့တာ ရှိတာလေး ပြန်သတိရမိတယ်။

တကယ်တော့ NLD ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်မှာ ဖွဲ့စည်းပုံ ပြင်ရေး ဆိုတဲ့ အချက်တစ်ချက်ပါပေမယ့် ရည်ရွယ်ချက်ရှိရှိ အစိုးရ ဆင်းခါနီးအချိန်မှ အချိန်ကိုက် အဆိုတင်ပြီး လုပ်သွားခဲ့တယ်။ တကယ်တမ်းပြင်ဆင်ချိန်မှာလည်း ဘာအဆိုမှ ပြင်နိုင်ခဲ့တာ မတွေ့ရဘူး။ တကယ်ဆိုရင် အစိုးရတစ်ရပ်အနေနဲ့ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ပြီးမှ လုပ်ရမယ့်ကိစ္စတစ်ခုမှာ ၊ ပြည်သူတွေကို " မြင်တယ်နော်၊ ငါတို့ကတော့ ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း ကြိုးစားပေးတယ်။ တပ်က မပြင်ချင်တာတော့ ဘာမှ မတတ်နိုင်ဘူး" ဆိုတဲ့ အချိုး ချိုးသွားခဲ့တယ်။

ခု သီပေါ တံတားဖြစ်စဉ်ကလည်း ဒီတိုင်း မြင်ရတယ်။ တပ်မတော်နဲ့ MNDAA က ငြိမ်းချမ်းရေး အပြီးသတ် အဆင့်မရောက်သေးဘူး။ အပစ်အခတ်ရပ်ဆဲထားရုံ အဆင့်ပဲ ရှိသေးတယ်။ တကယ်လို့ အခြေအနေတမျိုးပြောင်းပြန်ဖြစ်လို့ တိုက်ပွဲတွေ ပြန် ဖြစ်လာပြီဆိုပါစို့၊ ခု ....သီပေါမှာ ဘယ်ပြည်သူမှ မြင်ရမှာတောင် မဟုတ်ဘူး။ ဗုံးသံ၊ သေနတ်သံကြားတာနဲ့ အကုန် စပြေးကြမှာ။ ခုနပြောတဲ့ တံတားစောင့်တဲ့ တပ်မတော်သားတွေကသာ နောက်ဆုံးအချိန်အထိ အသက်ပေးတိုက်သွားကြလိမ့်မယ်။


လက်ရှိအခြေအနေက နယ်မြေ တဖက်တချက်မှာ ရန်သူ ရှိနေတဲ့အနေအထား၊ နောက်ကွယ်မှာ လက်နက်ကိုင် ပဋိပက္ခ မပြေလည်ရင် နယ်စပ်ကုန်သွယ်ရေး မလုပ်ဘူး ဆိုတဲ့ နိုငိငံတော်အဆင့် မူဝါဒ ရှိနေချိန်၊ တံတားပြန်ဖွင့်ဆိုတဲ့ အဆိုက မလွှမ်းမိုးနိုင်တာ မထူးဆန်းဘူး။ ဒါကို တပ်မတော်က ၊ အစိုးရက စေတနာ မမှန်ဘူး။ လွှတ်တော်မှာ ဝှေ့‌လည်ကြောင်ပတ် ဖြေတယ်လို့ ဘယ်ပြောရမလဲ။ လူကြီးတွေလည်း လူမှုကွန်ရက်သုံးသလို သတင်းထူးခြားဖြစ်စဉ်လည်း သူတို့နားထဲ မရောက်ဘဲ ဘယ်နေမလဲ။


တကယ်တော့ ကျောက်ဂူ- နောင်ဝိုးလမ်းလည်း ရှိသေးတယ် ဆိုပေမယ့် သူ့မှာက တရားဝင် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက ကျတဲ့ ပြည်ထောင်စုလမ်း မဟုတ်နေဘူး။ ကွင်းလမ်းလို့ ပြောလည်း ရတာပဲ။ မှောင်ခိုလမ်းလို့လည်း သုံးချင်သုံးနိုင်တာပဲ။ အဓိက လက်ရှိအစိုးရ ကိုင်ထားတဲ့ ဖဲချပ်ကိုက ငြိမ်းချမ်းရေးကို Push လုပ်နိုင်ဖို့ နယ်စပ်ကုန်သွယ်ရေးနဲ့ အလောင်းအစား လုပ်ထားရတယ်ဆိုတာ သာမန် တွေးတတ်ရင်တောင် မြင်သာမယ် ထင်တာပဲ။ ဒီတော့လည်း အဆိုက လုံခြုံရေးနဲ့ တည်ငြိမ်မှု မရှိလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခံလိုက်ရတယ်။


လွှတ်တော်ကိုယ်စားလှယ်ရဲ့ တင်ပြချက် ပါဝါပွိုင့်အရ အစိုးရ ဘက်က လုပ်ပေးစရာဆိုလို့ ...သူပြောတဲ့ အဂတိဖြစ်စဉ်ကို ကိုင်တွယ်အရေးယူပြဖို့ ပဲလိုတယ်။ ဒီတံတားက ဘယ်အကြောင်းကြောင့်နဲ့မှ ပေးမဖြတ်ဘူးဆိုရင်၊ အောက်ခြေမှာ ပေးဖြတ်နေတာ ရှိ၊ မရှိ နဲ့ ရှိရင် စိစစ်အရေးယူပေါ့။ ဒါဆို မူဝါဒအရ တိတိကျကျ ထိန်းတဲ့ အနေအထားလည်း ဖြစ်တာပေါ့။ နောက်ကွယ်မှာ လှေဆင့် စီးရတဲ့ ဒုက္ခကို ရှမ်းမြောက်အပေါ်တကြောလုံးစာနဲ့ ရင်းနေရချိန်မှာ အစိုးရဘက်ကတော့ အလျော့ပေးလိမ့်ဦးမယ် မမြင်ဘူး။ တချို့အရာတွေမှာ ဆန္ဒမစောတာ ပိုသင့်လျောပါတယ်။


(နရီမိုး)
👍22457🥴3👎1
လူငယ်တွေရဲ့ အသက်တွေ၊ ဘဝတွေကို ချနင်းပြီး နွေဦးတော်လှန်ရေး ထလုပ်ခဲ့တာ ခုဆို ၅ နှစ်ကျော်လို့ ၆ နှစ်ထဲ ရောက်လာခဲ့ပြီ။ ဒီ ၅ နှစ်အတွင်းမှာ NUG အနေနဲ့ တော်လှန်ရေးက ဒီနှစ်နောက်ဆုံးပဲ။ တပ်ပေါင်းစု အထွေထွေ တော်လှန်ရေး စပြီ။ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဘူးဆိုပြီး လူငယ်တွေကို False Hope ပေါင်းများစွာနဲ့ မျှော်လင့်ချက်တွေ ပေးခဲ့တယ်။

လူငယ်တွေကတော့ ၈၈ လည်း မကြုံဖူးခဲ့ဘူး။ မကြုံဘူးလို့လည်း နိုင်ငံရေး ပါး မဝဘူး။ ဒါ့ကြောင့်လည်း ဂျင်ဇက် ကလေးတွေက ၈၈ က အချိုးတွေ ၂၁ မှာ လာမချိုးနဲ့လို့ လက်တီးလက်မောင်း တန်းကြတာပေါ့။ ခက်တာက....လက်နက်ရလာရင်၊ အကျိုးအမြတ်ရှိလာရင်...၊ အလွှာမတူတဲ့ အစုအဖွဲ့တွေမှာ တသွေးတသံ၊ တမိန့် မရှိတော့ဘဲ နယ်မြေလု ခေါင်းဆောင်အငယ်စားလေးတွေ ဖြစ်လာတတ်တယ်၊ ဟင်္သာကိုးသောင်း ဇာတ်ပျက်သလို ရှမ်းမြောက်မှာ ABSDF ရဲ့ အရိုးတွန်သံတွေ ပြန်ကြားရလိမ့်ဦးမယ်လို့ ရေးခဲ့၊ ပြောခဲ့တာ...အကြောင်းမဲ့ မှမဟုတ်ဘဲ။

တော်လှန်ရေးသာ နိုင်မယ်မှန်း သေချာရင်...အောင်ကြည်ညွှန့်တို့ ပြည်ပမှာ အိမ် ဘယ်ဝယ်မလဲ။ တော်လှန်ရေးကြောင့် တပ်မတော်ကြီး ကျရှုံးသွားမယ်မှန်း သေချာနေရင် ....ရည်မွန်တို့၊ မင်းကိုနိုင်တို့၊ နေဘုန်းလတ်တို့ ဘယ်ပြေးမလဲ။ ဒီ ၅ နှစ်အတွင်းမှာ EAO တချို့ကြားမှာ အပြန်အလှန် လှိုင်းခိုစီးခဲ့ကြတဲ့ အခိုက်အတန့်လေးက လွဲရင်....NUG ဆိုတဲ့ အစိုးရကို ဘယ် EAO တွေက အရေးတယူ လုပ်ခဲ့တာ ရှိလဲ။ ဖက်ဒရယ် ချာတာကို အပြီး သတ် သဘောတူနိုင်ခဲ့တာ ရှိသလား။ ဖက်ဒရယ် ဘဏ္ဍာရေးတောင် ဝေစု မတည့်ကြလို့ ဗိုလ်နဂါးကို တိုက်ထုတ်ပြီး အညာဒူဘိုင်းကို ဖင်ခုထိုင်ဖို့ ကြိုးစားခဲ့ကြတာပဲ မဟုတ်ဘူးလားပေါ့လေ။


နောက်ဆုံး...NUG ဆိုတာက နိုင်ငံရေးအရလည်း တန်းမဝင်၊ တော်လှန်ရေးအကြောင်းပြပြီး အနောက်နိုင်ငံတွေက ပေးတဲ့ ဘတ်ဂျက်တွေကိုတောင် အတွင်းဝန်ဆိုတဲ့ အဆင့်က လက်တလုံးခြားကြိတ်၊ အလှူခံတဲ့ Cele အချင်းချင်းကြားမှာတောင် စာရင်းဇယား မပြနိုင်တဲ့ ဖြစ်ရပ်တွေနဲ့ ...အဆုံးသတ်ကျဆုံးနေချိန်ရောက်မှ ဖက်ဒရယ်ဖေါ်ဆောင်ရေးကော်မတီ SCEF ပေါ်လာပြီဆိုပြီး ဝမ်းသာအားရ ခုန်ပေါက်နေတာက အတော်လေးလည်း သနားစရာ ကောင်းတယ်။

ဗုံးပက်ကြဲခံနေရတဲ့ AA က SCEF နဲ့ ဆွေးနွေးနေပါပြီ ဆိုပြီး တခုတ်တရ ဖော်ပြပြီး ဝမ်းသာရတဲ့ အနေအထားကို မြင်ရတာ....ဗိုလ်ချုပ် ဂွမ်မော်နဲ့ တာဘုန်းကျော်တို့က တော်လှန်ရေး ခေါင်းဆောင်တွေပါဗျာ ဆိုပြီး ဘောမ ခဲ့တာလေးပဲ ပြန်သတိရမိတယ်။ ကြည့်ရတာ...ရေနစ်နေချိန် ကောက်ရိုးတမျှင်စာ မျှော်လင့်ချက်အတွက် ဆွဲမိဆွဲရာ ဆွဲနေပုံပဲ။ စကားမစပ်.....ဖက်ဒရယ်ဖော်ဆောင်ရေးကော်မတီအနေနဲ့ ထွန်းမြတ်နိုင်ပြောတဲ့ ရခိုင်ကို ကွန်ဖက်ထရိတ် ပေးနိုင်၊ မပေးနိုင် အရင်ဖြေကြည့်ကြည့်ပါလား။



(နရီမိုး)
👍20125👎1
တကယ်တော့ နိုင်ငံရေးပညာရပ်ဆိုတာ နိုင်ငံတကာမှာ သီအိုရီတွေ၊ နှိုင်းယှဉ်ဘာသာရပ်တွေ နဲ့ ချဉ်းကပ်ပြီး စနစ်တကျ လေ့လာကြတယ် ဆိုပေမယ့် ကိုယ်တွေ နိုင်ငံမှာက အစိုးရကို ဆန္ဒပြဖူးလို့ ထောင်ကျဖူးရင်ကို နိုင်ငံရေး လုပ်တာလို့ ခံယူခဲ့ကြတာက နှစ်အတော်ကြာခဲ့ပြီ။


ဘယ်သီအိုရီက ဘယ်ရှုထောင့်အရ၊ ဘယ်ဥပဒေသတ်မှတ်ချက်က ဘာကြောင့်ဆိုတဲ့ နိုင်ငံတကာ ဥပဒေတွေကို လေ့လာကြတဲ့ မျက်မှောက်ခေတ်မှာ ...နိုင်ငံရေးဟာ စကားပြောကြွယ်ရုံသက်သက်၊ နိုင်ငံရေးဟာ တက်ကြွသူဆိုတဲ့ အနေအထား၊ နိုင်ငံရေးဟာ အစိုးရကို ကန့်လန့် လုပ်တတ်ရုံ ဆိုတဲ့ အနေအထားနဲ့တော့ ပြီးပြည့် စုံမှာ မဟုတ်တော့ဘူး။


လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတာကလည်း တစ်မြို့နယ်အတွက် တစ်ယောက်ပဲလိုတယ်။ တစ်နိုင်ငံလုံးကို အုပ်ချုပ်ချင်တဲ့ ပါတီဆိုရင်တော့ ပမာဏ များချင်များမှာပေါ့။ ဒါတောင် ၂၀၂၅ မှာ နိုင်ငံတဝန်းပြိုင်နိုင်တဲ့ ပါတီက လက် ဆယ်ချောင်း‌ပြည့်လို့လား။

ခေတ်ကိုယ်က IT ခေတ်၊ AI ခေတ်၊ နည်းပညာ ခေတ်လို့ ပြောလို့ရနေပြီ။ လူငယ်တွေကိုယ်တိုင် AI ကို အသုံးချပြီး ခေတ်ကို မောင်းတင်နေချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က အတန်းပညာ‌တောင်မတတ်၊ အခြေခံပညာအဆင့်လောက်နဲ့ဆိုတဲ့ အနေအထားက အနာဂတ်အတွက်တော့ လုံလောက်တယ်လို့တော့ မခံယူချင်မိဘူး။


တစ်ခုတော့ ရှိတာပေါ့။ နိုင်ငံကိုအုပ်ချုပ်ရမယ့်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ဘွဲ့ရရုံ တစ်ခုတည်းနဲ့တော့ပြည့်စုံနေတာ မဟုတ်ဘူး။ TNLA တောင် နိုင်ငံရေးသိပ္ပံကို ၂၀၂၀ နောက်ပိုင်း အယောက် ၄၀ လောက်နဲ့စပြီး Train နေတာ ရှိတယ်။ ဒါက လက်နက်ကိုင်အဖွဲ့အစည်းတခုရဲ့ အတွေးအခေါ်ကို ထောက်ပြတာ။ နိုင်ငံရေးပါတီ တစ်ခုအတွက်ကတော့ ဘွဲ့ရလည်း စုရမယ်။ Critical Thinking ပါတဲ့ တွေးခေါ်မှုတွေလည်း ပြည့်ရမယ်။ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းမှာလည်း မွမ်းမံရမယ်။ ကျေညက်ရမယ်။


လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ ပညာ‌ရေးအဆင့်အတန်းက အနည်းဆုံး တက္ကသိုလ်ဝင်တန်းအောင်နဲ့ ဘွဲ့ရ အဆင့်ကြားမှာပဲ အောက်ထစ်ရှိရမယ်။ တကယ်လို့များ အဲလိုမဖြစ်ဘဲ NLD ခေတ်ကလို ၃ တန်းအောင်၊ အစိုးရ ဆန္ဒပြလို့ ထောင်ကျဖူးရုံသက်သက်နဲ့ နိုင်ငံရေး လုပ်တာပါဆိုပြီး စိန်နားကပ်နဲ့ ပါးပြောင်ပြီး ဝန်ကြီးချုပ် တက်ဖြစ်လာရင်....တက္ကသိုလ်ဘွဲ့ရနဲ့ ကထိက ၊ ပါမောက္ခတွေကို အုပ်ချုပ်တာမျိုး လက်ခံနိုင်လား ဆိုတဲ့ မေးခွန်း ပြန်မေးရမယ်။ အနည်းဆုံးတော့....နိုင်ငံကို အုပ်ချုပ်ကြတဲ့သူတွေက၊ လွှတ်တော်မှာ ဥပဒေလုပ်ထုံး လုပ်နည်း ဆွေးနွေးကြရမယ့်သူတွေက အပြန်အလှန်လေးစားရမယ့် ပညာရေး Background တော့ ပိုင်ဆိုင်ထားသင့်တယ်။


(နရီမိုး)
👍18331👎2