နရီမိုး
36.2K subscribers
3.14K photos
122 videos
100 links
Download Telegram
မနေ့က မြန်မာဘော်လုံးပွဲကိုကြည့်ရတာ မိအေး ၂ ခါ နာရတဲ့ ပွဲလို့ ပြောရမယ်။ မြန်မာပွဲဆိုရင် လုပ်လက်စ အလုပ်တွေ ပစ်ပြီး စောင့်ကြည့်ရပေမယ့်...အကြိမ်တော်တော်များများက ပျော်‌ရတယ်ကို မရှိတာလည်း ကြာခဲ့ပြီ။ အရင်ကိုယ်တွေတုန်းက ဝင်းအောင်၊ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်းတို့ ခေတ်ပဲ ပြန်သတိရမိသလိုလို၊ နောက်ပိုင်း စိုးမြတ်မင်းတို့ ခေတ်ပဲ လွမ်းချင်သလိုလို ဖြစ်မိပြန်သေးတယ်။


မနေ့ကပွဲက ရသအနေနဲ့ကြည့်ရင် နိုင်သင့်တဲ့ပွဲလို့ ပြောရမယ်ထင်တယ်။ အဆုံးသတ်မသေချာတာတွေ များနေတော့ လိုချင်တဲ့ ဂိုးက မရဘူး။ ဒါတောင် ကိုယ်တွေက အစောဆုံး ဂိုးရထားလို့ တော်သေးတယ်။ နောက်ကသာ လိုက်ကစားရင် ဒီထက်ပိုရုန်းရမလားပဲ။ အရင်ခေတ်တုန်းက သူမသာ၊ ကိုယ်မသာ ကစားခဲ့ကြတဲ့ မြန်မာ့ဘော်လုံးအသင်းရဲ့ အဆင့်အတန်းက ဒေသတွင်းမှာ အတော်လေး နိမ့်ကျလာတာ မြင်လာရတယ်။ အိမ်နီးချင်းထိုင်းတောင် ကမ္ဘာ့အဆင့် ၁၀၀ အတွင်း ဝင်နေချိန်မှာ...ပရော်ဖက်ရှက်နယ်လိဂ်မှာတောင် တန်းတက်၊ တက်ဆင်းက စနစ်တကျ မရှိသေးပြန်ဘူး။

အသင်းကရှုံးရတဲ့အထဲ ကွင်းအနေအထားကလည်း အတော်လေး ရုပ်ပေါက်နေပြန်တယ်။ ရှေ့မှာ ကော်ခွက်ပေါ် ဘော်လုံးတင်ထားတဲ့ ပို့စ်ကို မြင်ပြီး ဒီမြက်ခင်းပြင်မြင်ကွင်းကို ထပ်မြင်ရတော့ ဒီလောက်ကြီးကျယ်တဲ့ ပွဲမှာတောင် အသေးစိတ်ဂရုစိုက်တာ မရှိဘူးလို့ပဲ သုံးသပ်ရမယ်ထင်တယ်။

ဒါနဲ့ပတ်သက်ပြီး ဖတ်ဖူးတဲ့ စာလေး သတိရတယ်။ အဲ့စာထဲမှာ ရေးထားတာက "လူတစ်ယောက်က သူတာဝန်ယူရတဲ့ လုပ်ငန်းနယ်ပယ်တစ်ခုကို မလေးစားရင်...နောင် ဘာပဲလုပ်လုပ် ဘယ်တော့မှ မအောင်မြင်နိုင်ဘူးတဲ့။ ဒါက ရာထူးအဆင့်ဆင့်က လူတိုင်းအတွက် အကျုံးဝင်တဲ့ သတိပေးစာလေးလို့တောင် ပြောရမယ်။ Professional လုပ်ရတဲ့ အလုပ်ဆိုရင် ပိုပြီး ဂရုစိုက်ရမယ်။ အားထည့်သင့်တယ်လို့ မြင်တယ်။


(နရီမိုး)
👍36168😢4🥴2👎1👌1
လုပ်တော့ လုပ်ကြတယ်။ ဒါပေမယ့် ဝန်ကြီးဌာနတွေ ဘာလို့ မထင်ပေါ်လဲ မေးရင်...ပြည်သူနဲ့ တိုက်ရိုက် ထိတွေ့ရတာတွေကို ဦးစား မပေးလို့ ဆိုပြီး မှတ်ချက်ပေးချင်တယ်။

အစိုးရ ရက် (၁၀၀)မှာ ပို့ဆက်နဲ့ လျှပ်စစ်၊စွမ်းအင်ကို လူထုက မှတ်ချက်လေးတော်တော်ပေးထားတယ်။ ဥပမာ-လျှပ်စစ်/ စွမ်းအင် အနေနဲ့ YBS CNG ကား ၁၀ စီးကို လိုင်းကားမဆွဲဘဲ စက်ရုံ ဖယ်ရီကား ဆွဲနေလို့ ရာသက်ပန် အရေးယူခဲ့တာလေး တွေ့ရတယ်။ မီတာဖတ်စက်တွေကို အင်တိုက်အားတိုက် ထုတ်နေတာလည်းရှိတယ်။ Control ခန်းထဲကနေ သိပ်မကြာခင်မှာ အပြည့်အဝ ထိန်းချုပ်နိုင်မယ့် အလား အလာ မြင်နေရတယ်။

ဒီကြားထဲမှာ လျှပ်စစ်ခိုးသုံးနေတာတွေကို အရေးယူပြီး နိုင်ငံဘဏ္ဍာထဲ ထည့်နိုင်ခဲ့တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့တော့ မဟုတ်သေးဘူးပေါ့။ ရက် (၁၀၀)တင် မဟုတ်ဘဲ၊ အောက်ခြေက ဝန်ထမ်းတွေနဲ့ ညှိပြီး လျှပ်စစ်ခိုးသုံးတာ မရှိအောင် လုပ်နိုင်ရင် ပိုပြီး ကောင်းသွားနိုင်တယ်။


ဒီလို အရေးယူနိုင်ဖို့အတွက် တိုင်ကြားချက်ကို ဖြစ်စဉ် မှန်၊ မမှန် မြေပြင်လည်းကွင်းဆင်း စစ်ဆေးတယ်။ မော်လမြိုင်ဘက်မှာလည်း မြဝတီဘက်ကို တရားမဝင် စက်သုံးဆီရောင်းခဲ့တဲ့ ဆီဆိုင်တစ်ခုလည်း ဒီရက်ပိုင်း အရေးယူထား တာ တွေ့တယ်။ ကိုယ်တွေ ပြောနေတဲ့ ကိုယ့်ဝန်ကြီးဌာန ယိုပေါက်၊ အားနည်းချက်ကို ပြုပြင်မှပဲ ၊ မြေပြင်ဆင်းပြီး ပြုပြင်ပြောင်းလဲရေး လုပ်နိုင်မှပဲ လူထုက လက်ခံပြီ မှတ်ချက်ကောင်း ရမယ် ဆိုတာ ဒီလို လုပ်ဆောင်ချက်တွေ များများ လုပ်ပေးဖို့ လိုတယ်လို့ ဆိုလိုရင်း ဖြစ်တယ်။


(နရီမိုး)
👍31992🥰4👎1🔥1👏1🥴1
ရန်ကုန်မှာ မထသ ကနေ YBS ဆိုပြီး တဆင့်ပြောင်းခဲ့တယ်။ လက်ရှိ ရန်ကုန်က Bus ကားတွေ အခြေအနေကို သက်ဆိုင်ရာအနေနဲ့ စစ်ဆေးကြည့်ဖို့လိုမယ်လို့ ထင်တယ်။


တိုးလာတဲ့ လူဦးရေနဲ့ ဘက်စ်ကားတွေ တကယ်ရော လောက်ရဲ့လား၊ အပြင်အဆင်၊ အသွင်အပြင်ကအစ ခေတ်မီ လာကြရဲ့လား၊ Aircon တွေရော ပြည့်စုံရဲ့လား၊ ယာဉ်နောက်လိုက်မပါဘဲ Standard ရှိရှိ စီးနိုင်ပြီလား၊ ဘေးကင်းလုံခြုံမှုရော ကင်းရဲ့လား။ ဒါတွေကို စစ်ဆေးပြီး စစ်တမ်းဒေတာ တစ်ခု ပြုစုနိုင်ရင် ကောင်းမယ်။


မြင်ရသလောက်ကတော့ နံနက်/ညနေ ရုံးတက်ရုံးဆင်းချိန်တွေမှာ ကားစောင့်ဆိုင်းရတာ ကြာမြင့်လွန်းတာနဲ့ကားပေါ်မှာ တိုးဝှေ့စီးနင်းနေရတာတွေက အဓိကစိန်ခေါ်မှုဖြစ်နေဆဲလို့ ထင်တယ်။ အရင်က Aircon ကား YBS လို့ ဆိုပေမယ့် ထိန်းသိမ်းပြုပြင်မှုတွေ အားနည်းလာသလိုပဲ။ ခုချိန်ထိ Card နဲ့ရှင်းရတဲ့ စနစ်တစ်ခု မတွင်ကျယ်သေးဘူး။ နိုင်ငံခြားတွေလို ဘယ်ယာဉ်လိုင်းက ဘယ်အချိန်မှာ လာတော့မယ် ဆိုတဲ့ Mobile Application နဲ့ Map ပြတဲ့ စနစ်တွေ ပိုပြီး ရှိသင့်တယ်လို့လည်း ယူဆမိတယ်။


ရန်ကုန်ရဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးကို အပြောင်းလဲကြီး ပြောင်းလဲ ပေးနိုင်ရင်ကို ...အတော်လေး အဆင်ပြေသွားမယ် ထင်တယ်။ ခရီးသည်အချိုးအစားနဲ့ ကားက လုံလောက်မျှတနေရင် ....တိုးစီးရတာတွေ လျှော့လာလိမ့်မယ်။ တိုးစီးရတာ လျှော့ရင်...ခါးပိုက်နှိုက်ပြဿနာလည်း ပါးလာလိမ့်မယ်။ တိုင်းအစိုးရအတွက်လည်း ပုံရိပ်ကောင်း ရနိုင်တာပေါ့။


(နရီမိုး)
👍39480🥰4👏4🥴2👎1
Media is too big
VIEW IN TELEGRAM
လွှတ်တော်ကိုယ်စားလှယ်ပဲ ဖြစ်ဖြစ်၊ ရပ်ကျေးပဲ ဖြစ်ဖြစ် ပညာတတ်ရုံတင်မကဘဲ Critical Thinking ပါ လိုအပ်တယ် ဆိုတာ ဒီလို ရုပ်သံတွေက သက်သေပြတာပဲ။


အနည်းဆုံး ရပ်ကျေးအဆင့်တွေလည်း ပညာတတ်ဖို့ လိုတယ်။ ရပ်ကွက်မှာ ဇိုးနဲ့ ငွေကြေးချမ်းသာရုံ အဆင့်နဲ့တော့ အနာဂတ်မှာ ပေးမအုပ်ချုပ်တာ ကောင်းမယ်။

လက်ရှိ အစိုးရက ကိုယ်စားလှယ်ကို ဘွဲ့မရရင် လွှတ်တော်ကိုယ်စားလှယ် ပေးမဖြစ်ဖို့ လုပ်နေတယ်ဆိုတဲ့ အချက်ကို ဘာလို့ ငိုကြီးချက်မ ဖြစ်နေလဲ မပြောတတ်ဘူး။ နိုင်ငံကို အုပ်ချုပ်ကြမယ့် ပါတီနိုင်ငံရေး ခေါင်းဆောင်တွေ၊ ဥပဒေပြဌာန်းရမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ Law တွေကို နှိုင်းယှဥ်ထောက်ပြရမယ့်သူတွေက အတန်းပညာအားဖြင့် ဘွဲ့မရဘဲ နိုင်ငံရေးလုပ်လို့ ထောင်ထွက် လက်မှတ် တစ်ခုတည်း ပြရုံနဲ့တော့ ဘယ်‌လုံလောက်တော့မလဲ။

ရှေးအဆက်မှာ အတန်းပညာ ၃ တန်းလောက်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ဖြစ်၊ ပေါက်ကရတွေ ပြောခဲ့ကြတာလည်း မကြုံဖူးခဲ့ကြတာ မဟုတ်။ နိုင်ငံကို ပညာတတ်တွေကသာ မောင်းနှင်နိုင်မှ ရှေ့ရောက်ပါလိမ့်မယ်။ နိုင်ငံရေးပါတီထူထောင်မယ်။ နိုင်ငံရေး လုပ်ချင်သပဆိုရင်...အနည်းဆုံး ဘွဲ့ရလောက်တော့ ကိုယ်ပါတီထဲ ရှိအောင် စုဆောင်းနိုင်ရမယ် ထင်တယ်။



(နရီမိုး)
293👍270🥴20🤔7👎2
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏37833👏8👍5
" အပ္ပမာဒ ဆိုတာ"
🔷🔷🔷🔷🔷🔷

အပ္ပမာဒေါ အမတပဒံ၊
ပမာဒေါ မစ္စုနော ပဒံ ။

★ မြတ်စွာဘုရားက ဟောတယ်တဲ့ ကာမ
ဂုဏ် အာရုံတွေထဲမှာ စိတ်၀င်စားနေတာကို
ပမာဒလို့ ခေါ်တယ်။ ပမာဒ-မေ့လျော့တယ်
ဆိုတာ တခြား ဘာမှ မလုပ်ဘဲ မေ့နေတာ။

★ အရပ်ထဲက လူတွေက ပြောကြတယ်။
"ဟာ ငါသွားစရာရှိတယ်။ မေ့နေလိုက်တာ"
အဲဒီ အမေ့မျိုးကို ပြောတာမဟုတ်ဘူး။ မေ့
တယ်ဆိုတာ ဘာလဲဆိုလျှင် ကာမဂုဏ်ကိစ္စ၊
အပျော်အပါးကိစ္စတွေထဲ စိတ်ကို လွှတ်ထား
တာ၊ တရားဓမ္မဘက်ကို လှည့်တောင် မကြည့်
ဘူး။ အဲဒါကို မေ့နေတယ်လို့ ခေါ်တယ်။
အလုပ်ကိစ္စတွေနဲ့ပဲ နစ်မြှုပ်ထားတာကို မေ့
နေတယ်လို့ ခေါ်တယ်။

★ မြတ်စွာဘုရားဆိုလိုတဲ့ " အပ္ပမာဒ "
ဆိုတာ ကာမဂုဏ် အာရုံထဲမျာ စိတ်ကို
နှစ်မြှုပ်မထားဘူးတဲ့။

★ ကာမဂုဏ် အာရုံတွေဆိုတာ ဘာလဲဆို
လျှင် နေ့စဉ်နှင့်အမျှ လူ့ဘ၀မှာ
စား၀တ်နေရေး ကိစ္စတွေပဲ လုပ်တယ်။
မိသားစု ကိစ္စတွေပဲ လုပ်တယ်။
စီးပွားရေး ကိစ္စတွေပဲ လုပ်တယ်။
တစ်ခြားကိစ္စတွေပဲ လုပ်တယ်။

★ ကုသိုလ်ကောင်းမှုဘက်ကို စိတ်လုံး၀
မလှည့်ဘူး။ အဲဒီလို သာမန်ကိစ္စတွေထဲမှာ
စိတ်ကို နှစ်မြှုပ်ထားတာကို မေ့တယ်လို့
ပြောတာ။ ပမာဒဆိုတာ အဲဒါကိုပြောတာ။

★ အပ္ပမာဒ ဆိုတာ အဲဒါရဲ့ ဆန့်ကျင်ဘက်
ကုသိုလ်ကောင်းမှုလုပ်ဖို့ စိတ်ကို ဦးတည်တယ်။
ဒါနကောင်းမှုလုပ်ဖို့ စိတ်ကိုလှည့်တယ်။
သီလဘက်ကို စိတ်ကိုလှည့်တယ်။
🔼️ သမာဓိဘက်ကို စိတ်ကို လှည့်ထား
တယ်။

ဒီကိစ္စတွေက ပိုအရေးကြီးတယ်လို့ သတိထား
တယ်။ အဲဒါက " အပ္ပမာဒ "ဘဲ။

★ " ပမာဒေါ သဗ္ဗဝိပတ္တီနံ မူလံ " ကာမ
ဂုဏ် အာရုံတွေထဲမှာ စိတ်ကို နှစ်မြှုပ်ထား
တဲ့ ပမာဒဟာ ပျက်စီးမှုအားလုံးရဲ့ အခြေ
အမြစ်ပဲလို့ ဆိုတယ်။

★ ပျက်စီးမှု အားလုံးဆိုတာ ကာမဂုဏ်အာ
ရုံထဲမှာ နှစ်မြှုပ်ထားတော့ တရားဓမ္မလမ်း
ကြောင်းကို သွေဖယ်ပြီး နေတဲ့အတွက်
အကုသိုလ်တွေ လုပ်မိပြီး ဘ၀တစ်ခုလုံး
ပျက်စီးသွားတယ်။ သံသရာထဲ နစ်မြှုပ်
သွားတယ်။ ဒါက ပျက်စီးခြင်းပဲ။

★ အဲဒီလို မဟုတ်ဘဲနှင့် ကာမဂုဏ်အာရုံ
ထဲ အချိန်မဖြုန်းဘဲနှင့် တရားဓမ္မဘက်ကို
ဦးတည်ပြီး သတိရတယ်၊ သတိထားတယ်။
အေး လူ့ဘ၀ရလာလျှင် ဒါနကောင်းမှုလည်း
လုပ်ရမယ်။ သီလလည်း ဆောက်တည်ရ
မယ်။ ဘာ၀နာလည်း လုပ်ရမယ်။ တရား
ဓမ္မကို မမေ့လျော့သင့်ဘူး။

★ တခြားကိစ္စဆိုတာ ဘ၀ရလာသည့်
အတွက်ကြောင့် မတတ်သာလို့ လုပ်ကြရ
တယ်။ တရားဓမ္မက အဓိက အလုပ်လို့
သိမြင်လာပြီဆိုရင် ဒါ " အပ္ပမာဒ " ဖြစ်
လာပြီလို့ ခေါ်တယ်။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏34735👍9🥰3👏2
ဗမာပဒက်တွေ သင်ခန်းစာ ရသေးပုံ မပေါ်ဘူး။ ဟိုကလည်း EAO တွေပါမှ လူရာဝင်မယ့်အဖွဲ့အစည်း။

ဒီဘက်ကလည်း မြို့သာ သိမ်းထားတာ။ လူရာမဝင်တဲ့အပြင် သဘာဝဘေး၊ မူးယစ်ဆေး၊ လူငယ်တွေ အဓမ္မ လူသစ်စု၊ လေကြောင်း ဗုံးကြဲတာတွေ ခံနေရလို့ ဒီချိန်မှာ အလှူရှင် ငတ်နေချိန်။


ကြည့်ရတာ...နှစ်ဖက်ခွစားမယ့် ပုံစံပဲ။ ဒီအချိန်မှာ ပေါင်းသလိုလို လုပ်ပြီး သဲ့ယူမယ့် အကွက်။ တကယ်တမ်း EAO တွေ လိုချင်တဲ့ နိုင်ငံရေးလိုလားချက်ကို ပြည်ပပြေးနေရတဲ့ ဘောင်မဝင်၊ တန်းမဝင်တဲ့ အဖွဲ့အစည်းက ဘာများ အာမခံချက်ပေးနိုင်မှာမို့။ သူတို့ကိုယ်တိုင်တောင် တရားဝင်ဖို့ အလူးအလဲ တောင်းဆိုနေရတာ။


(နရီမိုး)
👍32336🥰4🥴4👎1
ကယားပြည်နယ်ဘက်က လွိုင်ကော်မြို့နဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဓာတ်အားခွဲရုံတွေ၊ ဓာတ်အားလိုင်းတွေနဲ့ ထရန်စဖော်မာတွေကို အင်တိုက်အားတိုက်ပြုပြင်နေတာက ဒေသခံပြည်သူတွေအတွက်တော့ ဝမ်းသာစရာ သတင်းတစ်ခုပဲ ဖြစ်လိမ့်မယ်။

ဒါပေမယ့် တဖက်မှာ ကြည့်ရင်တော့ တိုင်းပြည်အတွက် ဒီလို ကိစ္စတွေက ဝမ်းနည်းစရာပဲ။ ရှိပြီးသား ဓာတ်အားခွဲရုံတွေ၊ ထရန်စဖော်မာတွေသာ မပျက်စီးခဲ့ရင်၊ ဖျက်ဆီး မခံရရင်...တခြား တိုးတက်ရေးတွေမှာ အသုံးချလို့ ရနိုင်တာပေါ့။

ခုတော့ တိုင်းပြည်က အနာဂတ် တည်ဆောက်ရေးဆိုတာထက် ဖြိုဖျက်ထားခဲ့ကြတဲ့ ပျက်စီးရေးတွေကိုပဲ နောက်က လိုက်ပြင်နေရတယ်။ ဒီအတောအတွင်း လျှပ်စစ်မရလို့ ဆုံးရှုံးခဲ့ရတဲ့ စီးပွားရေးတွေ၊ စစ်ကြောင့် ပျက်စီးခဲ့ရတဲ့ ပညာရေးတွေ....ဘယ်လောက်တောင် ရှိနေမလဲ။ လွိုင်ကော် တက္ကသိုလ်ဝန်းထဲထိ ဖျက်ဆီးရေး လာလုပ်ခဲ့ကြတဲ့ သူတွေ၊ မြို့ကို ဖျက်ဆီးရေးသပ်သပ်လုပ်ခဲ့ကြသူတွေက ဘာမှ မဟုတ်သလို နေနိုင်ကြပေမယ့် ....တည်ဆောက်ရေးမှာတော့ ပြည်သူတွေရဲ့ အချိန်တွေ၊ လုပ်အားတွေနဲ့ ငွေကြေးတွေက တနင့်တပိုး ...ရင်းရတယ်ဆိုတာ ဒီလိုမြင်ကွင်းတွေက သက်သေပဲ။



(နရီမိုး)
👍30840🥴3👎1🥰1😍1
NUG နဲ့ SRF အကွဲအပြဲက တော်တော်လေးကြီး‌တာ မြင်ရတယ်။ LPDF တွေကို အင်အားနဲ့ ဖိပြီး ဩဇာခံခိုင်းတယ်။ သဘောကတော့ NUG ရဲ့ CoC အောက်ကို ဝင်ခိုင်းတဲ့ သဘောပဲ။

တကယ်တော့ မြန်မာပြည်ရဲ့ ပဋိပက္ခအရေးက ၂၀၂၁ နောက်ပိုင်း ပေါ်လာတဲ့ လက်နက်ကိုင်မှန်သမျှမှာ NLD ကို ထောက်ခံကြရင်းနဲ့ NUG ပေါ်လာချိန်မှာလည်း ဆက်ပြီး လက်နက်ကိုင်ခဲ့ကြတာလို့ ပြောလို့ရတယ်။ ထူးခြားတာက အချိန်တဖြည်းဖြည်းကြာလာတဲ့အခါ NUG ကို အစိုးရ တစ်ရပ်လို့ သဘောထားတာ မမြင်ရသလို LPDF တွေအနေနဲ့ ကိုယ့်ဒေသ တဝိုက်မှသာ အခွန်ကောက်နေရင်း သာယာလာတာမျိုးလည်း မြင်ရတယ်။

ဥပမာ- မတ္တရာတဝိုက်ကနေ မန္တလေး တက်သိမ်းမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက မတ္တရာနားက ရွှေတွင်းတွေနဲ့တက် တိုင်ပက်သွားသလို ကြားထဲက အညာဒူဘိုင်းတို့လို့ လိုင်းပေါ်မှာ ဟိုးလေ‌တကြော်ကြော် ဖြစ်ခဲ့တာတွေကို အနှစ်ချုပ်လိုက်ရင် ...လက်နက်ကိုင်ပြီး စီးပွားရှာကြတာကို ကိုယ်စီ နှစ်သက်သွားတဲ့ သဘောရှိတယ်။ ဒါ့ကြောင့်လည်း ပုလဲ ယင်းမာပင် တဝိုက်မှာ ဗိုလ်နဂါးနဲ့ NUG ကြား အဝေ မတည့်တာတွေ ရှိလာသလို ဂန့်ဂေါက လက်နက်ကိုင် အချင်းချင်း ပစ်ခတ်မှုဆိုတာကလည်း ဒီလို အကျိုးစီးပွား ပွတ်တိုက်မှုတွေ အခြေခံကြတာ မြင်လာရတယ်။


တဖက်မှာ နစက အစိုးရနေ ရွေးကောက်ခံ အစိုးရ ပုံစံ ပြောင်းသွားသလို တရားဝင်မှုအရ နိုင်ငံတကာက တဖြည်းဖြည်း လက်ခံလာချိန်၊ နေဝင်စပြုလာတဲ့ NUG အနေနဲ့ ဟန်ပြ ဖက်ဒရယ် ချာတာတွေ ချပြပြီး လက်နက်ကိုင်အင်အားစုတွေ ပါလာဖို့ NSPNC နဲ့အပြိုင်ကြိုးစားလာတာလည်း မြင်ရတယ်။ ခက်တာက....စုဖွဲ့ထားတဲ့ ဒီအစုအဖွဲ့မှာ KNU ကလည်း အဆွယ်မရှိတော့ဘူး။ KNDF ဆိုတာကလည်း ကယားထဲက မြို့တွေ တောက်လျှောက်လက်လွှတ်နေခဲ့ရတာ။ ယုတ်စွအဆုံး ဗမာ အညာ LPDF တွေနဲ့ မောင်ဇွဲတို့လို လက်နက်ကိုင်တွေတောင် NUG ရဲ့ CoC ထဲ မဝင်ချင်မှတော့၊ AA ထွန်းမြတ်နိုင်က ပူးပေါင်းလိမ့်မယ်လို့ ဘယ်လို ယုံကြည်နေကြလည်းတော့ မသိ။

သူတို့တော်လှန်ရေးက လည်တော့လည်တယ်။ အပတ်မပြည့်ဘူးဆိုသလိုပဲ။ ကြားထဲက နိုင်ငံရေးမသိတဲ့သူငယ်တွေတော့ ထပ်သေကြရဦးမယ့်သဘောပဲ။

(နရီမိုး)
👍24858🥴3👎1🥰1
Taste ပြိုင်ပွဲတွေကို နိုင်ငံတော်အဆင့် လုပ်လာတာ မြင်တော့ ဝမ်းသာရတယ်။ တခြားနိုင်ငံတွေဆိုရင်လည်း သူတို့ရဲ့ ရိုးရာ အစားအစာတွေကို Soft power ဖြစ်တဲ့ အနုပညာတွေကနေ ကမ္ဘာကို ထိုးဖောက်ကြတာ မြင်နိုင်တာပဲ။ ကိုယ်တွေနိုင်ငံမှာ စားနေတဲ့ ကင်ချီတို့ ၊ ဆိုဂျူး တို့ဆိုတာက ဒီအနုပညာဇာတ်လမ်းတွေကနေ ထိုးဖောက်သွားခဲ့တာပါပဲ။


နိုင်ငံတစ်နိုင်ငံကို နိုင်ငံတကာက သိဖို့ ဆိုတာ ခရီးသွား ကဏ္ဍတွေ တိုးတက်ဖို့က သိပ်အရေးကြီးတယ်။ တစ်ဖက်မှာ အနုပညာဇာတ်လမ်းတွေကနေ ရည်ရွယ်ချက်ရှိရှိ ထိုးဖောက်ကြတာလည်း ရှိတယ်။ ဥပမာ ကိုးရီးယားရဲ့ ပညာရေးကို ပညာပေးတဲ့ ဇာတ်ကားတွေ၊ ကိုးရီးယား စစ်တပ်ထဲမှာ စားဖိုမှူးဆိုတဲ့ ဇာတ်ဝင်ခန်းတွေက Propaganda လို့ ဆိုရမယ်။


"ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး" ဆိုတဲ့အပိုင်းမှာ ခရီးသွားလူဦးရေ များပြားရေးသက်သက်နဲ့ ဝင်ငွေရရှိရေး ဆိုတဲ့ ရည်ရွယ်ချက်အတွက် မဟုတ်ဘဲ.....

"ကိုယ့်နိုင်ငံရဲ့ သမိုင်း၊ ယဉ်ကျေးမှု အမွေအနှစ်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာမှုနဲ့ ဒေသခံ တွေရဲ့ ဧည့်ဝတ်ပျူငှာမှု အရည်အသွေးတွေကို ဂုဏ်သိက္ခာရှိရှိ ထိန်းသိမ်းပြသနိုင်ဖို့" ပိုအရေးကြီးတယ်လို့ မြင်တယ်။ ဒါတွေကို နည်းမျိုးစုံနဲ့ ပြသနိုင်ဖို့ သိပ်အရေးကြီးတယ်။


ခရီးသွားလုပ်ငန်း တိုးတက်ဖို့ဆိုတာ.... အစိုးရ၊ ပညာရှင်၊ လုပ်ငန်းရှင်နဲ့ ပြည်သူလူထု ဆိုတဲ့ လေးပွင့်ဆိုင် ယန္တရားတွေက တက်ညီလက်ညီနဲ့ ပညာရပ်ဆိုင်ရာ သုတေသန‌ တွေကို အခြေခံတဲ့ Responsible Tourism Policy တစ်ခုကို ပုံဖော်နိုင်မှသာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက ရေရှည်တည်တံ့ပြီး ကမ္ဘာ့အဆင့်မီ ဂုဏ်သိက္ခာရှိတဲ့ လမ်းကြောင်းကို ရောက်လာနိုင်လိမ့်မယ်။

ခရီးသွားလုပ်ငန်းဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဝင်ငွေ တိုးတက်စေတဲ့ ကဏ္ဍတစ်ခုဖြစ်သလို နိုင်ငံရဲ့ အမျိုးသားပုံရိပ် (National Image)၊ ယဉ်ကျေးမှုအမွေအနှစ်နဲ့ လူမှုအသိုက်အဝန်းတန်ဖိုး တွေကို နိုင်ငံတကာရောက်အောင် ချပြပေးနိုင်စွမ်းရှိတဲ့နနိုင်ငံတကာဆက်ဆံရေးကဏ္ဍတစ်ခုလည်း ဖြစ်လို့ သိပ်အရေးကြီးတယ်။

ဆိုတော့....ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမှာ ခရီးသွားဦးရေ တိုးပွားလာမှုကို အောင်မြင်မှုတစ်ခုလို့ မတိုင်းတာသင့်ဘဲ ခရီးသွား တွေရဲ့အတွေ့အကြုံ၊ အရည်အသွေး၊ ဒေသခံ တွေရဲ့ အကျိုးခံစားခွင့်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ရေရှည်တည်တံ့ရေးအတွက်ပါ မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်။


ဒီဘက်‌‌ခေတ်မှာ ပိုအရေးကြီးလာတဲ့ ဒစ်ဂျစ်တယ်နည်းပညာအသုံးချနိုင်မှုတွေ၊ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုစနစ်တွေ၊ လုံခြုံရေးနဲ့ ခရီးသွားယုံကြည်မှု တည်ဆောက်ရေး‌ တွေကို အရေးပေးဆောင်ရွက်နိုင်မှပဲ ခရီးသွား ကဏ္ဍက အောင်မြင် လာမယ့် သဘောရှိတယ်။



(နရီမိုး)
👍25444🥴3🥰2👎1
Myanmar Now က စစ်တပ်ထိန်းချုပ်တဲ့ လွှတ်တော်အမတ်တွေအတွက် လစာ သိန်း ၁ သောင်းလောက် ကုန်နိုင်တယ်ဆိုပြီး အစဖော်လာတော့လည်း လွန်လေပြီးသော အတိတ်မှာ NLD အစိုးရ တာဝန်ယူကာလတုန်းက စာရင်းအင်းတွေ ပြန်သတိရမိတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ရမည်းသင်းမှာ မဲဆွယ်စည်းရုံးရေးဆင်းတော့…NLD ပါတီနိုင်ရင် အဂတိကင်းတဲ့ အစိုးရ ဖြစ်အောင် လုပ်ပြမယ်ဆိုပြီး မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ တာလေး ပြန်သတိရမိတယ်။
-----
NLD လက်ထက်မှာ အဂတိကင်းစင်သလား၊ မကင်းစင်သလားဆိုတာ အဲ့ဒီခေတ်က အချက်အလက်တွေကို ပြန်ချိန်ထိုးစဉ်းစားကြည့်ပေါ့။ ဥပမာဆိုပါစို့… အဲကွန်း ၂ ကောင်အား တစ်လုံး တန်ဖိုး ၈ သိန်းလောက်ပေါက်ချိန်မှာ ၂၅၇ သိန်း၊ တီဗီတစ်လုံးကို သိန်း ၁၀၀၊ အမှိုက်လှဲ ကား တစ်စီးကို သိန်း ၂၀၀၀၊ ပလပ်စတစ်ထိုင်ခုံတစ်လုံးအတွက် ၇ သောင်း၊ တိုင်းဒေသကြီး ရန်ပုံငွေ သန်း ၉၀၀ ကို စာရင်းစစ်မခံနိုင်ဘူး။ သိန်း ၅၆၀ တန် အမှိုက်သိမ်းကားက သိန်း ၁၅၆၀ ဖြစ်၊ ကိုးကင်းတန်ချိန် နှစ်တန်ကျော် ဖမ်းမိပေမယ့် နောက်တစ်နေ့ သကြားဖြစ်သွားတဲ့ ကိစ္စတွေ။ သိန်း နှစ်ရာကျော်တန် လူကူးတံတားက သိန်း ၄၀၀၀ စာရင်းပြ၊ ဆီဘောက်ဆာကားကနေ ရေကားဖြစ်သွားတဲ့ အမှုတွေ၊ ဆင်ဆာမီးပွိုင့်တစ်လုံး ကို သိန်းတစ်ထောင်ပြပြီး မီးပွိုင့် ၁၁ ခုအတွက် သိန်း ၁၁၀၀၀ စုန်းစုန်းမြုပ်သွားတဲ့ ကိစ္စတွေ၊ ရန်ကုန်တိုင်းအတွက် ကောင်းကင်ဓာတ်ပုံရိုက်ခ သိန်းပေါင်း တစ်သောင်းခွဲ၊ ရန်ကုန်တိုင်းအတွက်ပဲ ရေတွင်း ၂၇ တွင်းစာအတွက် သိန်းပေါင်း ၄၀၅၀ ၊ မင်္ဂလာဈေး ပြန်ဆောက်ဖို့ အရည်အသွေးစစ်ခက သိန်း ၆ သောင်း ၆ ထောင်၊ ဖြိုးမင်းသိန်း ဝယ်ပြီး အမှိုက်ပုံထဲမှာ ပြစ်ထားတဲ့ ကျောင်းကား YBS က အစီးရေ ၁၀၀၀။ လက်သည် မပေါ်တဲ့ ဘဏ်ချေးငွေ ၅ ဘီလီယံ။ မအောင်မြင်တဲ့ ညဈေးစီမံချက်။ လွှတ်တော် ဆေးသုတ်ခက လွှတ်တော်ဆောက်စရိတ်ထက် ပိုများနေတဲ့ ဖြစ်ရပ်တွေ။ လေယာဉ်ကွင်း ခြုံရှင်းတာကို တင်ဒါမခေါ်ဘဲ သိန်း ၄၀၀၀ ခိုးလိုက်တဲ့ လဲ့လဲ့မော်ရဲ့ အမှု၊ ဝင်းထိန်သမီး မင်္ဂလာဆောင်ကို လက်ဖွဲ့ဖို့ ပြည်နယ်အစိုးရရန်ပုံငွေထဲက အဂတိ ကျူးလွန်ခဲ့တဲ့ အယ်ဖောင်ရှိုး။ ရေးရင် မဆုံးနိုင်တဲ့ အဂတိမှုတွေ NLD လက်ထက်မှာ တသီကြီး။
----------
နောက်ဆုံး…ကုန်ကုန်ပြောရရင်…၂၀၁၀ မှာ တပ်မတော်ကနေ ယူနီဖောင်းချွတ်ပြီး အစိုးရ တက်လုပ်ချိန်တုန်းကတောင် လွှတ်တော်နဲ့ အစိုးရ က တပါတီတည်းဖြစ်ပေမယ့် လွှတ်တော်အခင်းအကျင်းပီပီသသရှိသေးတယ်။ ဒေါ်စုလက်ထက်တုန်းက…လွှတ်တော် မှာ တင်ပြရမယ့် အဆိုကို ပါတီရုံးချုပ်မှာ အရင်ဖတ်ပြပြီးမှ ခေါင်းညိတ်၊ ခေါင်းခါ လုပ်ခဲ့ကြ ရတာကို မသိကြတာလည်းမဟုတ်။ ဒါတောင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဖြစ်ရင် လစာရဲ့ ၂၅ ရာခိုင်နှုန်း၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် လစာရဲ့ ၂၀ ရာခိုင်နှုန်းကို ပါတီရဲ့ တချက်လွှတ်အမိန့်နဲ့ ဒီမိုကရေစီနည်းလမ်းမကျ ရန်ပုံငွေဆိုပြီး ကောက်ခဲ့တာတွေ ရော…ဘာပြောကြဦးမလဲ။
------
၃ တန်းတောင်မအောင်တဲ့ လွှတ်တော်အမတ်တွေ၊ ကျိုက်ထီးရိုးက သေနတ်တွေ ကြောင့် ပြည်တွင်းစစ်ဖြစ်ခဲ့တာလို့ပြောတဲ့ ဝန်ကြီးချုပ်တွေ။ အစိုးရ ရက်(၁၀၀)မှာ ယောင် နနနဲ့ စက်ဘီးစီးပြသလိုလို၊ အမှိုက်ကောက်ပြသလိုလို ဖြစ်ခဲ့ကြတဲ့ အဖြစ်အပျက်တွေ၊ နိုင်ငံတော်ရဲ့စီးပွားရေးအဆင့်ကိုတောင် မူဝါဒ မချနိုင်လို့ ရှောင်တာနယ်ကို ခေါ်ပြီး အကြံ ပေးခန့်ရတဲ့ အခြေအနေတွေ။ တခြားသူကို အာဏာရှင်လို့ ပြောပြီး ကိုယ်တိုင်ကြတော့ ဝန်ကြီးဌာန ၄ ခုလောက် ယူခဲ့ရတဲ့ ဖြစ်ရပ်တွေ။ ဒီလိုအခင်းအကျင်းကို ကပေါက်တီး ကပေါက်ခြာ ၅ နှစ်လုံးလုံး ဖြတ်သန်းခဲ့ရတာထက်စာရင်…ခုအခင်းအကျင်းက အများကြီး သာနေပါ သေးတယ်လေ။

(နရီမိုး)
👍43685🥴10😍4👎2🥰2👏1
🍀 မင်္ဂလာရှိသော နံနက်ခင်း ဖြစ်ပါစေ။ အကုသိုလ်ကင်းသော နေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

🍀စိတ်၏ချမ်းသာ၊ ကိုယ်ကျန်းမာခြင်း ရှိကြပါစေ။ အသက်ရှည်ပါစေ။ ဘုန်းကြီးနိုင်ပါစေ။

🍀ဘေးအန္တရာယ်ကင်းရှင်းပါစေ။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ။ စားရေရိက္ခာ ပေါကြွယ်ဝပါစေ။

🍀 စာဖတ်သူအပေါင်း ဘေးအန္တရာယ် ကင်းပါစေ🙏🙏🙏
🙏25622👏2👍1🥰1
“တရားသိလျက် အကျင့်ခက်” ဆိုတာ....
သိတော့ သိတယ်၊သိတဲ့အတိုင်း လိုက်နာကျင့်သုံးဖို့ မလွယ်ကူဘူးတဲ့...

သိတယ်ဆိုတဲ့နေရာမှာ သင်ထားလို့သိတဲ့ အသိက တစ်မျိုးပေါ့ လက်တွေ့ကျင့်သုံးပြီး သိတဲ့အသိက တစ်မျိုးဖြစ် တယ်။

အဲဒီ(၂)မျိုးထဲမှာ သင်ထားလို့သိတဲ့ အသိကလက် တွေ့ကျင့်သုံးပြီးတော့ သိတဲ့ အသိလောက် ခိုင် မာမှု၊ရင့်ကျက်မှု မရှိဘူးတဲ့။

ဘာဖြစ်လို့ သတ္တဝါတွေဟာ သိလျက်သားနဲ့မကျင့် နိုင်ကြတာလဲဆိုတော့ မကျင့်နိုင်ခြင်းရဲ့အကြောင်း
ဖြစ်တဲ့ လောဘ၊ဒေါသ၊မောဟ စတဲ့ ကိလေသာ
တွေလွှမ်းမိုးမှုက အင်မတန်မှ အား ကောင်းပြီး တော့အသိဉာဏ်က အားပျော့ သေးသိမ်နေလို့ပဲ ဖြစ်တယ်။

အကယ်၍သာ အသိဉာဏ်က လွှမ်းမိုးသွားမယ် ဆိုရင် လောဘ၊ဒေါသ၊မောဟ စတဲ့ ကိလေသာ တွေက အင်အားပျော့ညံ့သွားပြီး တရားသိလျက် အကျင့် ခက်စရာ မရှိတော့ဘူးတဲ့။

သိတဲ့အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်နေမှာ ဖြစ်ပါတယ် ဒါကြောင့် ဘုန်းကြီးတို့တစ်တွေ သတိထားဖို့ရာ က ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးနဲ့ ကြုံတွေ့တဲ့
အခါမှာ သိအောင် သင်ယူကြရမှာက နံပါတ်တစ်
အရေးကြီးဆုံး ဖြစ်တယ်။

မြတ်စွာဘုရားကလည်း သာသနာတော် မြတ်ကြီး ကို"ပရိယတ္တိသာသနာ"လို့ နံပါတ်တစ် ဟောထား တယ်။

“ပရိယတ္တိဆိုတာသင်ယူခြင်း”လို့ အဓိပ္ပါယ် ရ တယ်။

မသင်ယူဘဲနဲ့ မည်သူတစ်ဦးတစ်ယောက်မျှ တရား ဓမ္မ ကိုသိတယ်ဆိုတာ မရှိဘူး။

တရားနာတာဟာ သင်နေတာပဲ။

နားနဲ့ကြားနာနေတာဟာ သင်ယူခြင်းပဲ၊သင်ယူပြီး
တဲ့နောက်မှာလက်တွေ့ကျင့်သုံးမှုဆိုတာနောက်က
လိုက်ရတယ်။

မြတ်စွာဘုရား ဟောကြားခဲ့တဲ့တရားတော် တွေ ဆိုပါစို့ ဘုရားအဆူဆူရဲ့ အဆုံးအမဩဝါဒ။

“သဗဗှပါပဿ အကရဏံ” တဲ့။

“ယုတ်မာညစ်ကျ အကုသိုလ်အမှုမှန်သမျှမလုပ်နဲ့” တဲ့။ဒါကဘုရားဟောတာ။

ဘုန်းကြီးတို့တစ်တွေက အဲဒါကိုသင်ရမယ်။ ယုတ် မာ ညစ်ကျ၊အကုသိုလ် အမှု မှန်သမျှ မလုပ်နဲ့ ဆို တာ ကို သင်ယူပြီးတဲ့နောက်မှာ အကုသိုလ် ဆို တာ မလုပ်ရဘူးဆိုတာကို သိတဲ့ အသိကလေး ကိုယ့်သန္တာန်မှာ ရှိလာတယ်။

ရှိလာတဲ့အတိုင်း အကုသိုလ်ကို ရှောင်ရမယ်။

မရှောင်ဘူးဆိုရင် တရားသိလျက် အကျင့်ခက် ဖြစ်သွားပြီ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ 🙏🙏🙏
🙏24728👍1
မနေ့က ဖွင့်လှစ်ခဲ့တဲ့ ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံ (Red Carpet Theatre)အဖြစ်နဲ့ ပြောင်းလဲနိုင်ခဲ့တာက သမိုင်းအမွေအနှစ်ကို ချစ်မြတ်နိုးသူတွေ အတွက်တော့…တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အောင်မြင်မှုမှတ်တိုင်လို့ ပြောလို့ရမလား ပဲ။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ထက် ၁၈/၁၉ နှစ်လောက်စောပြီး ၁၉၂၀/၂၃မှာ ဒီဝဇီရာ ရုပ်ရှင်ရုံကို ဆောက်ခဲ့ကြသလို…စပြီး ဆောက်ခဲ့ကြချိန်တုန်းက ပေးခဲ့တဲ့နာမည်က Excelsior လို့ လည်း သိရတယ်။
-----
ဆောက်တဲ့ ဗိသုကာလက်ရာကိုကြည့်ရင်လည်း Beaux-Arts ဆိုတဲ့ ပြင်သစ် ဗိသုကာပုံစံ၊ (Iconic ပုံစံ)ဖြစ်တဲ့ ကျောက်တိုင်ကြီးတွေထောင်ပြီး မြန်မာ အင်္ဂတေ ပန်းတော့ လက်ရာတွေနဲ့ ခမ်းခမ်းနားနား တည်ဆောက်ထားတာမြင်ရလိမ့်မယ်။ ဒီပုံစံမျိုးက ထိုင်းမှာလည်း Ananta Samakhom Throne Hall အဆောက်အဦမှာ မြင်ရ တယ်။ နှစ်ခုလုံးက ဥရောပ ဗိသုကာလက်ရာကို အာရှမှာ ခေတ်ပြိုင်အနေအထား ဆောက်ခဲ့ကြပုံရတယ်။ နှစ်ပေါင်း ၁၀၃ နှစ်သက်တမ်းရှိတဲ့ ဒီလက်ရာက အဲ့ဒီခေတ် ကာလမှာ ဘယ်လောက်တောင် ခမ်းနားနေမလဲဆိုတာ တွေးကြည့်လို့တောင်ရမလားပဲ။
-----
သမိုင်းမှတ်တမ်းအရတော့…ဂျပန်ခေတ်မှာ ရန်ကုန်ရုပ်ရှင်ရုံ ဆိုပြီး နာမည်ပြောင်းခဲ့ တာ တွေ့ရသလို နောက်ပိုင်း..စစ်ပြီးခေတ်မှာ အေဝမ်း၊ ၁၉၆၈ လောက်မှာ ဝဇီရာဆိုပြီး နာမည်ပြောင်း ခဲ့တယ်။ ၁၉၈၅ မှာ ဇာတ်သဘင်အနေနဲ့ အသုံးပြုခဲ့သလို ၁၉၉၉ ခုနှစ် အရောက်မှာ ပြန်ကြားရေးကနေ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကို ငှားရမ်းခဲ့တာ လို့ ဆိုတယ်။ ၂၀၁၀ အရောက်မှာ ဓာတ်ပုံဆရာ Philip Jablon နဲ့ ရန်ကုန်ရှေးဟောင်းအမွေ အနှစ်အဖွဲ့တွေက ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာ စတင်ပြုပြင်မွမ်းမံခဲ့ပြီး အပြီးသတ် အနေအထားကတော့…မနေ့က သမ္မတကြီးကိုယ်တိုင်ဖွင့်လှစ်ပေးနိုင်ခဲ့တယ်။
-----
ဝဇီရာက ရုပ်ရှင်ရုံတစ်ခုထက်ပိုတယ်ဆိုတာက…သမိုင်းဝင်ယဉ်ကျေးမှု အဆောက် အအုံတစ်ခုဖြစ်တယ်။ နှစ်ပေါင်း ၁၀၃ နှစ်ကြာ သက်တမ်းရှိတဲ့ အဆောက်အအုံကို ထိန်းသိမ်းနိုင်ခဲ့တယ်။ ရုပ်ရှင်ရုံတင်မဟုတ်ဘဲ ဇာတ်သဘင်၊ ရုပ်သေးတွေလည်း အပတ်စဉ် ပြသမယ်လို့ ကြေညာထားတယ်။ ဆိုတော့…မြန်မာနိုင်ငံကို ခရီးသွားတွေအတွက် ရုပ်သေး ပြဖို့အတွက်ဆို…ဝဇီရာကို ခေါ်ပြလို့ ရတဲ့ အနေအထားဖြစ်သွားတယ်။ နိုင်ငံခြားမှာ ဆိုရင်… ဧည့်သည်တွေကို အော်ပရာတွေ လိုက်ပြသလို အနေအထားအထိ အဆင့်အတန်း ရှိလာနိုင်တော့မယ်။ ဘာပဲဖြစ်ဖြစ်…ကိုလိုနီခေတ်ရဲ့ ဇာတ်သဘင် အနေအထားကနေ ရွှေခေတ်မြန်မာရုပ်ရှင်တွေရဲ့ ဗဟိုချက်၊ ဒီကနေ့မှာ ယဉ်ကျေးမှု အမွေအနှစ်တွေကို ပြသ နိုင်မယ့် အခင်းအကျင်းမျိုးအထိရောက်အောင် ဖော်ထုတ်နိုင်ခဲ့တာက…နိုင်ငံပုံရိပ် အတွက်တော့ အကောင်းဘက်ရှိစေခဲ့တယ်လို့ မြင်တယ်။
-----
ကားပိတ်တာပဲ သတင်းလုပ်ရေးမနေနဲ့မောင်တို့။ ဒီလို သမိုင်းတွေလည်း နောက်ကွယ် မှာ ရှိနေသေးတယ်ဆိုတာ သိဖို့လိုတယ်။

(နရီမိုး)
ဒုတိယပုံကတော့...ထိုင်းဘုရင် King Chulalongkorn လက်ထက် ၁၉၀၈ ခုနှစ်မှာ ဆောက်ခဲ့တဲ့ တော်ဝင်ဧည့်ခန်းဆောင်
110👍89🥰1
မနေ့တုန်းက သမ္မတကြီး သွားခဲ့တဲ့ မြန်မာအာကာသ အေဂျေစီရဲ့ တည်ဆောက်ပြီးခဲ့တဲ့ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းနဲ့ MOCC က စိတ်ဝင်စားစရာကောင်းတယ်။ ဒီလိုဖြစ်လာဖို့အတွက် ရှေ့မှာ သမ္မတကြီးအနေနဲ့ ရုရှားနဲ့ရော၊ တရုတ်နဲ့ပါ ပူးပေါင်း နားလည်မှု စာချုပ်တွေ ချုပ်ထားနိုင်ခဲ့တယ်။ ဒီစခန်းရဲ့ အဓိက ပင်မအလုပ်က မြေပြင် စောင့်ကြည့်မယ်။ 3D မြေပုံထုတ်မယ်။ သဘောဝ ဘေးအန္တရာယ်တွေကို ကြိုတင်ကာ ကွယ်နိုင်ဖို့ စောင့်ကြည့်မယ်။ စိုက်ပျိုးရေးနဲ့ သဘာဝ ပတ်ဝန်းကျင်တွေမှာ Earth Remote Sensing နည်းပညာကို အဓိက သုံးသွားမယ်လို့ ယူဆရတယ်။
----
ရိုးရိုးရှင်းရှင်းပြောရရင်…ကိုယ်ပိုင်ဂြိုဟ်တုတွေ ရှိလာတဲ့အခါ…မောင်းနှင်မယ်၊ ထိန်းချုပ် မယ်။ အမိန့်နဲ့ ဒေတာတွေ လက်ခံပေးပို့ဖြန့်ဝေ တာတွေ အဓိက လုပ်ပေးမယ့် အမိန့်ပေးစင်တာတစ်ခုဖြစ်တယ်ပေါ့။သဘောကတော့ ဂြိုဟ်တုကို မြေပြင်ကနေ ထိန်းချုပ် မယ့် အဓိက စင်တာတစ်ခုက အစိုးရ ရက်(၁၀၀) အတွင်းမှာ အကောင် အထည်ဖော်နိုင်ခဲ့ပြီလို့ ပြောရမယ်။ ဒါက မြန်မာနိုင်ငံအတွက် ခြေလှမ်းအစပဲ။ စဉ်ဆက် မပြတ် လုပ်သွားနိုင်ဖို့ အခြေခံ ဖောင်ဒေးရှင်းကောင်းတစ်ခုကို အစိုးရသစ်လက်ထက်မှာ အုတ်မြစ်ချနိုင်ခဲ့ပြီလို့ ပြောလို့ရသွားပြီ။
-----
တကယ်တော့ နိုင်ငံတော်ရဲ့ အာဏာဆိုတာ အနာဂတ်မှာ AI ၊ အာကာသ၊ ဆိုက်ဘာနဲ့ Big Data တွေမှာ အခြေခံသွားမယ့် သဘောရှိတယ်။ အမျိုးသားလုံခြုံရေးဆိုတဲ့ ရှုထောင့်က ကြည့်ရင်…ဂြိုဟ်တုထောက်လှမ်းရေးစနစ်တွေကလည်း မရှိမဖြစ် အရေး ကြီးလာတယ်။ ဒီကနေ့ အီရန် စစ်ပွဲမှာ အီရန်ဘက်က ပစ်နိုင်တဲ့ ပစ်မှတ်ဒေတာတွေ က ဒီဂြိုဟ်တုကနေပဲ ရတာပဲ။
----
နောက်… Remote Sensing နည်းပညာက စိုက်ပျိုးရေး၊ သတ္တု၊ သစ်တောနဲ့ မူးယစ်ဆေးဝါး လုပ်ငန်းတွေကိုပါ တိုက်ဖျက်နိုင်ဖို့ အကူအညီပေးနိုင်တော့ မယ်။ ဂြိုဟ်တုကပေးပို့တဲ့ ဓာတ်ပုံတွေကိုကြည့်ရင်းနဲ့လည်း မြို့ပြတည်ဆောက်ရေးမှာပါ တစ်ဖက်တစ်လမ်းက အသုံးဝင်လာတော့မယ်။ ပညာရေးနယ်ပယ်ဖက်ကြည့်ရင်လည်း အင်ဂျင်နီယာဘာသာရပ်တွေ၊ ရူပဗေဒ၊ AI ၊ Data Sciences နဲ့ Space Sciences ဆိုတဲ့ ဘာသာရပ်တွေအထိ နယ်ပယ်ထပ်ချဲ့နိုင်တာမျိုး ဖြစ်လာပြန်တယ်။
------
တကယ်တော့ အာကာသ နယ်ပယ်ဆိုတာ ဒေသတွင်းနိုင်ငံတွေကလည်း ကြိုးစားနေကြတဲ့ အခြေအနေတစ်ခုပါပဲ။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ဆိုတာက အကျိုးသင့်၊ အကြောင်းသင့် တိုက်ဆိုင်ဖို့လည်း လိုအပ်သလို၊ အစိုးရ ၊ တနည်းအားဖြင့် နိုင်ငံ့ ခေါင်းဆောင်ကိုယ်တိုင် အားကြိုးမာန်တက် အကောင်အထည်ဖော်မှ ဖြစ်မယ့် ကိစ္စမျိုး လည်း ဖြစ်တာမို့…ဒီလို ပေါ်ပေါက်လာတာက မြန်မာနိုင်ငံအတွက်တော့ သိပ်ကောင်းတဲ့ လက္ခဏာပဲလို့ သုံးသပ် တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့အာကာသအတွက် တခေတ်ဆန်း စေတဲ့ ချီးမြှင့်မြှောက်စားမှု၊ တနည်းအားဖြင့် အနာဂတ်ခြေလှမ်းသစ်အတွက် သမိုင်းမော် ကွန်းရေး ထိုးပြီလို့ပဲ ယူဆချင်တယ်။

(နရီမိုး)
👍16849🥰2
❝အနာဂတ်မျိုးစေ့လေးတွေ❞
=========
မနေ့က မြန်မာအာကာသအေဂျင်စီမှာ သမ္မတကြီးက မြန်မာ့အာကာသမှူးတွေ ဖြစ်လာမယ့် အနာဂတ် မျိုးဆက်သစ်လူငယ်တွေကို တွေ့ဆုံပြီး ဩဝါဒ မှာကြားတာ မြင်လိုက်ရတယ်။ သူတို့တွေက ဘယ်အချိန်မှာ အာကာသ ယာဉ်မှူးတွေ ဖြစ်လာ မလဲဆိုတာ သေချာမပြောနိုင်သေးပေမယ့် မြန်မာနိုင်ငံအတွက်တော့…သမ္မတကြီး လက်ထက်မှာ မျိုးစေ့စပြီး ပျိုးလိုက်ပြီလို့ ပြောလို့ရတယ်။ ဒီကလေးတွေက နောင် ၁၅-၂၀ အတွင်းမှာ မြန်မာအာကာသအတွက် တန်ဖိုးရှိတဲ့ Pioneer တွေဖြစ်လာလိမ့်မယ်လို့လည်း ပြောလို့ရပြီ။
-----
ဒါနဲ့ပတ်သက်ပြီး ရုရှားမှာ နာမည်သိပ်ကြီးတဲ့ Мы не можем жить без космоса (We Can’t Live Without Cosmos ) ဆိုတဲ့ Short Filim လေးကို ပြန်ပြီး သတိရမိစေတယ်။ အဲ့ဒီကာတွန်းလေးမှာ အာကာသယာဉ်မှူး သိပ်ကို ဖြစ်ချင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်တဲ့ Belka and Strelka တို့ရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် ဖန်တီးထားတယ်။ တကယ်တော့…အာကာသယာဉ်မှူးတစ်ယောက်ဖြစ်ဖို့ဆိုတာ…လေ့ကျင့်ရေးတွေ ပြင်းထန်သလို၊ ကျန်းမာရေးကအစ ဒေါင်ဒေါင်မြည်ဖြစ်ဖို့ အရေးကြီးတယ်။ အာကာသမှာ လိုက်လျောညီထွေ နေတတ်ဖို့ကအစ၊ အစစအရာရာအတွက် လေ့ကျင့်ပေးရတာဖြစ်လို့ တိုင်းပြည်အတွက်လည်း အရင်းအနှီးများတယ်။
------
ဘာပဲဖြစ်ဖြစ်…အစိုးရသစ်လက်ထက်မှာ မြန်မာ့အာကာသယာဉ်မှူးတွေ ဖြစ်လာစေဖို့ အတွက် မျိုးစေ့တွေ အများကြီးတော့ ပျိုးခဲ့လိုက်ပြီ။ သူတို့ရဲ့ ကြိုးစားအားထုတ်မှု၊ မြန်မာ့ နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ စဉ်ဆက်မပြတ် ပံ့ပိုးမှုတွေကြားမှာ… နောင်တချိန်…အာကာသမှာ မြန်မာနိုင်ငံသား လိုက်ပါနိုင်ခဲ့တဲ့ သမိုင်းသစ် မထိုးနိုင်ဘူး လို့ ဘယ်သူပြောနိုင်မလဲ။

(နရီမိုး)
87👍72🥰4🥴1