215 subscribers
1.57K photos
682 videos
688 links
NOM Official Backup Channel - 2
Download Telegram
CIA နဲ့ ကန်စစ်တပ်ဟာ ထရမ့်အစိုးရဲ့ တရားမဝင်အမိန့်တွေကို ငြင်းဆန်သင့်တယ်လို့ ဒီမိုကရက်တစ်တွေက ပြောဆိုလိုက်ပါတယ်။

NOM
👍1😁1
This media is not supported in your browser
VIEW IN TELEGRAM
ဒေလီမှာ အသေခံဗုံးခွဲမှုအပြီး၊ ပါကစ္စတန်နဲ့လည်း တင်းမာမှုတွေရှိနေချိန်မှာပဲ ဒေါ်နယ်ထရမ့်ဟာ Javelin ဒုံးကျည်တွေနဲ့ Excalibur တွေကို အိန္ဒိယဆီ အများအပြားရောင်းချဖို့အတွက် အမိန့်ပေးလိုက်ပါတယ်။

NOM
ဒေါ်နယ်ထရမ့်ရဲ့ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်အရ ကိယက်ဗ်ဟာ Donbass ဒေသကို ရုရှားဆီ ငွေကြေးနဲ့ ငှားရမ်းရလိမ့်မယ်လို့ The Telegraph က ဆိုပါတယ်။

အစီအစဉ်သစ်အရ ရုရှားက အဆိုပါဒေသကို ငှားရမ်းခပေးချေပြီး လက်တွေ့ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်းဟာ စစ်တပ်အင်အားကို လျှော့ချရမှာလည်းဖြစ်ပြီး တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်လည်း ပိတ်ပင်ခံရမှာဖြစ်တယ်လို့ သတင်းဌာနက ဆိုပါတယ်။

NOM
“အမေရိက” လို့ နာမည်ပေးထားတဲ့ ရွှေ ၁၈ ကာရက်အထိ ပါဝင်တဲ့ ရွှေအိမ်သာတလုံးကို အနုပညာလေလံပွဲတခုမှာ ဒေါ်လာ ၁၂ သန်းနဲ့ ရောင်းချနိုင်ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ပါတယ်။

NOM
တူရကီမှာ ဂျာမနီကနေ အလည်အပတ်ရောက်လာတဲ့ မိသားစုဝင် ၄ ဦးဟာ Street Food စားသောက်ပြီးနောက် နာမကျန်းမဖြစ်ကာ အားလုံးသေဆုံးသွားခဲ့ပါတယ်။ ဟမ်းဘတ်ကနေ သွားရောက်ခဲ့သူတွေဖြစ်ပြီး ၂ ရက်အကြာမှာပဲ နေထိုင်မကောင်းဖြစ်ကာ တမိသားစုလုံး သေဆုံးခဲ့တာပါ။

ဒီလအစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး သူတို့ဟာ တူရကီကိုရောက်ပြီးနောက် ဟိုတယ်ကတဆင့် နာမည်ကျော်အစားအသောက်တွေရှိရာ စျေးတန်းဆီ သွားရောက်လည်ပတ်ခဲ့ပြီး လူကြိုက်များတဲ့ midye ဆိုတဲ့ မုတ်ကောင်အစာသွပ်ကို စားသောက်ခဲ့ကြတာပါ။

အဲဒီနောက် စားသောက်ဆိုင်တခုမှာ နွားသငယ်အူနဲ့ ချက်ပြုတ်တဲ့ kokorec ဟင်းလျာနဲ့ တူရကီကြက်သားထုပ်အပါအဝင် ဟင်းလျာတွေ စားသောက်ခဲ့ပြီး ဟိုတယ်ကို ပြန်ရောက်ချိန်မှာ ပျို့အန်ခဲ့ကြပါတယ်။ တမိသားစုလုံး ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးရုံကို အမြန်သွားရောက်ခဲ့ပေမယ့် ကလေးနှစ်ဦးနဲ့ မိခင်တို့ သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူကတော့ ၆ ရက်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။

လက်ရှိမှာတော့ လူပေါင်း ၁၁ ဦးအထိကို တာဝန်ရှိသူတွေက ထိန်းသိမ်းထားပြီး အစာအဆိပ်သင့်တဲ့ ယူဆချက်နဲ့ စုံစမ်းစစ်ဆေးနေပါတယ်။

NOM
အိန္ဒိယတောင်ပိုင်း၊ကာနာတာကာပြည်နယ်မှာ ဗဟိုဘဏ်အရာရှိတွေအဖြစ် ဟန်ဆောင်ထားတဲ့ လက်နက်ကိုင်လူတွေဟာ ရူပီးသန်း ၇၀ သယ်ဆောင်လာတဲ့ ကားကို ခိုးယူသွားခဲ့တယ်လို့ ရဲအရာရှိတွေက ပြောဆိုလိုက်ပါတယ်။

ဘန်ဂါလူရူမြို့လယ်ခေါင်မှာ နေ့ခင်းဘက်ကြီး ဗင်ကားကို လုယက်ခဲ့တာဖြစ်ပြီး အခုအခါ လိုက်လံရှာဖွေနေတယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဗုဒ္ဒဟူးနေ့ မွန်းလွဲပိုင်းက SUV ကားတစီးပေါ်ကနေ အမျိုးသား ၆ ဦး ဆင်းလာပြီး ဘဏ်ခွဲတွေအတွက် ငွေသားလွှဲပြောင်းပေးဖို့ သွားနေတဲ့ ဗင်ကားကို ရပ်တန့်စေခဲ့ပြီး လုယက်ခဲ့တာပါ။

သူတို့က ဗဟိုဘဏ်အရာရှိတွေဖြစ်ပြီး ငွေပမာဏအများအပြားကို အခုလို သယ်ယူပို့ဆောင်ဖို့ စာရွက်စာတမ်းတွေရှိသလား မေးမြန်းခဲ့ပြီး အတည်ပြုဖို့ လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒီနောက် ဗင်ကားမှာ လိုက်ပါလာာတဲ့ ငွေထိန်းသိမ်းသူနဲ့ လက်နက်ကိုင်အစောင့်တွေကို SUV ကားပေါ် တက်စေခဲ့ပြီး ဗင်ကားမောင်းသူကိုတော့ ဆက်မောင်းခိုင်းခဲ့ပါတယ်။

အဲဒီနောက် ဗင်ကားမောင်းသူကို ကားပေါ်က အတင်းဆင်းခိုင်းပြီး သူတို့က မောင်းနှင်ကာ ထွက်ပြေးသွားခဲ့တာပါ။ လုယက်သူတွေဟာ ထွက်ပြေးချိန်အတွင်း ကားတွေ ပြောင်းလဲပြီး ငွေတွေကိုလည်း ရွှေ့ပြောင်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

NOM
အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ ဒေါ်နယ်ထရမ့်အစိုးရဲ့ တရားမဝင်အမိန့်တွေကို ငြင်းဆန်ဖို့ တိုက်တွန်းခဲ့တဲ့ ဗီဒီယိုထွက်ပေါ်လာပြီးနောက် ဒီမိုကရက်တစ်လွှတ်တော်အမတ် ၆ ဦးကို သေဒဏ်ပေးနိုင်တဲ့ ပုန်ကန်လှုံ့ဆော်ရေးကို လုပ်ဆောင်ခဲ့တယ်လို့ ထရမ့်က စွပ်စွဲလိုက်ပါတယ်။

“ဒါက အရမ်းဆိုးရွားပြီး နိုင်ငံအတွက် အန္တရာယ်များပါတယ်၊ သူတို့ရဲ့ ပြောဆိုမှုကို ခွင့်မပြုသင့်ဘူး၊ သစ္စာဖောက်တွေရဲ့ ပုန်ကန်လှုံ့ဆော်ရေးအပြုအမူပါ၊ သူတို့ကို ထောင်ချပစ်ပါ” လို့ ထရမ့်က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

အဆိုပါ လွှတ်တော်အမတ် ၆ ဦးကလည်း ထရမ့်ရဲ့ ပြောဆိုမှုတွေက အန္တရာယ်များပြီး ရွေးကောက်ခံအမတ်တွေကို ခြိမ်းခြောက်တာဖြစ်ကြောင်းနဲ့ သူတို့ရဲ့ မြင့်မြတ်တဲ့တာဝန်တွေ ထမ်းဆောင်နေမှုကို ဒီလိုခြိမ်းခြောက်မှုတွေက တားဆီးနိုင်မှာမဟုတ်ဘူးလို့ ပူးတွဲကြေညာချက်တစောင့်ထုတ်ပြန်ကာ တုံ့ပြန်ခဲ့ပါတယ်။

NOM
1
ကိယက်ဗ်ဟာ အမေရိကန်ရဲ့ အားပေးကူညီမှုကို ဆုံးရှုံးသွားရနိုင်တယ်လို့ ဇယ်လင်စကီးက ယူကရိန်းပြည်သူတွေကို သတိပေးပြောဆိုလိုက်ပါတယ်။ ထရမ့်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်မှာ ပါဝင်ခဲ့တဲ့ မူဝါဒနဲ့ စည်းကမ်းတွေကို လိုက်နာဖို့က ယူကရိန်းအတွက် ခက်ခဲနေပြီး တကယ်လို့ ငြင်းဆန်ခဲ့မယ်ဆိုရင် မဟာမိတ် (အမေရိကန်ကိုရည်ရွယ်)တဦးကို ဆုံးရှုံးရလိမ့်မယ်လို့ သူက ပြောဆိုခဲ့တာပါ။

ယူကရိန်းအနေနဲ့လည်း အရမ်းခက်ခဲတဲ့ ရွေးချယ်မှုတခုနဲ့ ရင်ဆိုင်ရနိုင်ပြီး ဂုဏ်သိက္ခာဆုံးရှုံးတာ ဒါမှမဟုတ် အဓိကမိတ်ဖက်တဦးကို ဆုံးရှုံးတာတွေကို ရင်ဆိုင်ရနိုင်ကာ သမိုင်းတလျှောက် အခက်ခဲဆုံးအချိန်တွေထဲက တခုဖြစ်တယ်လို့လည်း သူက မိန့်ခွန်းပြောကြားခဲ့ပါတယ်။

NOM
This media is not supported in your browser
VIEW IN TELEGRAM
ဒူဘိုင်းလေကြောင်းပြပွဲမှာ သရုပ်ပြပျံသန်းနေချိန် တိုက်ခိုက်ရေးလေယာဉ်တစင်း ပျက်ကျခဲ့တာပါ။ အိန္ဒိယလေတပ်မှာ အသုံးပြုတဲ့ India HAL Tejas ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၂း၁၀ နာရီခန့်မှာ ကြည့်ရှုနေတဲ့ လူအုပ်ရှေ့မှာတင်ပဲ ပျက်ကျခဲ့တာပါ။ လေယာဉ်မှူးအနေနဲ့ ခုန်ထွက်နိုင်၊ မထွက်နိုင်ဆိုတာကို ချက်ချင်းမသိရသေးပါဘူး။

NOM
😱1
မနေ့က ဘင်္ဂလားဒေ့ရှ်မှာ အင်အား ၆.၀ အဆင့်ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့တာပါ။ အဆိုပါငလျင်ကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးကာ ၁၀၀ ဦးအထိ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါကာမြို့နဲ့ ၁၆ မိုင်အကွာက Narsingdi မြို့ကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့ပြီး အထပ်မြင့်ပေါ်နေထိုင်သူတွေဟာ အမြန်ပြေးဆင်းခဲ့ရပြီး ၂၆ စက္ကန့်ကြာ လှုပ်ခတ်ခဲ့တယ်လို့လည်း အချက်အလက်စင်တာတွေက ထုတ်ပြန်ခဲ့ပါတယ်။

NOM
ကယ်လီဖိုးနီးယားက ညီအကို ၃ ဦးဟာ နေအိမ်ကို ရှင်းလင်းနေချိန်အတွင်း မိခင်ဖြစ်သူ ထားရစ်ခဲ့တဲ့ သတင်းစာတွေအောက်ကနေ သူတို့ဘ၀ကို ပြောင်းလဲစေမယ့် ရှာဖွေတွေ့ရှိမှုတခုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ အစောဆုံးထုတ်ဝေခဲ့တဲ့ Superman ရုပ်ပြစာအုပ်တွေထဲက တအုပ်ကို တွေ့ရှိခဲ့တာပါ။

၁၉၃၉ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Man of Steel စွန့်စားခန်းစာအုပ်ရဲ့ မူရင်းမိတ္တူဖြစ်ပြီး စာအုပ်က ပျက်စီးခြင်းမရှိသေးပါဘူး။ အဆိုပါစာအုပ်ကို သူတို့က လေလံတင်ရောင်းချဖို့အတွက် စီစဉ်ခဲ့ပြီး ဒေါ်လာ ၉.၁၂ သန်းနဲ့ ရောင်းချနိုင်ခဲ့တယ်လို့ သိရကာ စျေးအကြီးဆုံး ရုပ်ပြစာအုပ်ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က သူတို့ညီအကိုတွေဟာ အိမ်ခေါင်မိုးထပ်ကို သန့်ရှင်းရေးလုပ်ရင်းတွေ့ခဲ့တာပါ။ စုစုပေါင်း ရုပ်ပြစာအုပ် ၆ အုပ်အထိ တွေ့ရှိခဲ့ပြီး မိခင်ဖြစ်သူက ရုပ်ပြစာအုပ်တွေ စုဆောင်းမှုကို ဝါသနာထုံခဲ့ကာ သူတို့ကို ဘယ်တုန်းကမှ မပြသခဲ့ဘူးလို့လည်း ရှင်းပြခဲ့ပါတယ်။ သူမ သေဆုံးခဲ့ပြီးနောက်မှာတော့ တွေ့ရှိခဲ့ပြီး အခုတော့ သန်းကြွယ်သူဌေးတွေအဖြစ် သူတို့တွေ ရပ်တည်နိုင်တော့မှာ ဖြစ်ပါတယ်။

NOM
1
ဗဟိုဘဏ်အရာရှိတွေအဖြစ် ဟန်ဆောင်ကာ ငွေသယ်လာတဲ့ကားကို လုယက်မှုမှာ ပါဝင်ခဲ့သူ ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။ ရူပီး သန်း ၇၀ လုယက်ခံခဲ့ရပြီး ၃ ရက်အကြာမှာပဲ ရူပီး ၅၇.၆ သန်းနဲ့အတူ ဖမ်းမိခဲ့တာဖြစ်ပြီး ကျန်ရှိနေတဲ့ ငွေတွေ ပြန်ရဖို့အတွက်လည်း လုပ်ဆောင်နေတယ်လို့ Bengaluru ရဲမင်းကြီး Seemant Kumar Singh က သတင်းထောက်တွေကို ပြောဆိုခဲ့ပြီး ကျန်ရှိနေတဲ့ တရားခံ ၂ဦး ဒါမှမဟုတ် ၃ ဦးကိုလည်း ရှာဖွေနေတယ်လို့ ဆိုပါတယ်။

NOM
ကာရစ်ဘီယံဒေသမှာ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုတိုးပွားလာတာကြောင့် ဗင်နီဇွဲလားဟာ အရပ်ဘက်လေကြောင်းအတွက် သတိပေးချက် ထုတ်ပြန်လိုက်ပြီး မနေ့က လေကြောင်းလိုင်း ၆ ခု ထက်မနည်းဟာ ဗင်နီဇွဲလားဆီ ပျံသန်းမှုတွေကို ဖျက်သိမ်းလိုက်ပါတယ်။ ဘရာဇီးလ်၊ စပိန်၊ ကိုလံဘီယာ၊ ပေါ်တူဂီ၊ ချီလီနဲ့ ထရီနီဒက်တိုဘာဂိုတို့က လေကြောင်းလိုင်းတွေဖြစ်တယ်လို့လည်း ဗင်နီဇွဲလားလေကြောင်းလိုင်းများအသင်းက ကြေညာခဲ့ပါတယ်။

NOM
ယူကရိန်းကာကွယ်ရေးဝန်ကြီးဟောင်း Umerov ကို အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီ NABU က ပြောဆိုလိုက်ပါတယ်။

NOM
This media is not supported in your browser
VIEW IN TELEGRAM
တိုက်တန်းနစ်သင်္ဘောာကနေ ပြန်လည်တွေ့ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကို ပေါင် ၁.၇ သန်းနဲ့ ဗြိတိန်က လေလံပွဲမှာ ရောင်းချနိုင်ခဲ့ပါတယ်။

ရွှေအိတ်ဆောင်နာရီတလုံးပါဝင်ပြီး အဆိုပါနာရီဟာ သင်္ဘောနစ်မြုပ်ခဲ့တဲ့ မနက် ၂း၂၀ နာရီ တိတိမှာ ရပ်တန့်ခဲ့ပါတယ်။

တိုက်တန်းနစ်ရုပ်ရှင်ဇာတ်ကားထဲမှာ လှေနစ်မြုပ်နေစဉ် Isidor နဲ့ Straus တို့ ဖက်ထားချိန် မြင်တွေ့ရတဲ့ နာရီလည်း ဖြစ်ပါတယ်။

NOM
ဝါရှင်တန်ဒီစီမှာ နိုဝင်ဘာလ ၂၂ ရက်နေ့က ဒေါ်နယ်ထရမ့်ကို ဖယ်ရှားကာ တရားစွဲအပြစ်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတခုကို ပြုလုပ်ခဲ့ပါတယ်။ အခြေခံလူတန်းစားအဖွဲ့ ဖယ်ရှားရေး ညွှန်ပေါင်းအဖွဲ့က ဦးဆောင်ခဲ့ကာ လွှတ်တော်အမတ်တဦးဖြစ်သူ အယ်ဂရင်းက မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အာဏာရှိသူတွေက အစိုးရကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေ အနာဂတ်မှာ ဖြစ်မလာအောင် ဥပမာတခုအနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

NOM
This media is not supported in your browser
VIEW IN TELEGRAM
ရေကြီးမှုတွေဖြစ်ပွားနေတဲ့ ဗီယက်နမ်မှာ Srepok မြစ်အတွင်း မျောပါနေတဲ့ အမျိုးသားတဦးကို ဒရုန်းနဲ့တဆင့် ကယ်ဆယ်ပေးနိုင်ခဲ့တဲ့ ဖြစ်ရပ်ပါ။ အသက်ကယ်ဘောကွင်းကို ဒရုန်းမှာ ချိတ်ပေးခဲ့ပြီး အသက် ၄၉ နှစ်အရွယ် အမျိုးသားဆီ ပို့ဆောင်ပေးခဲ့ကာ ဘောကွင်းပေါ် တွယ်ဖက်ပြီးနောက် ဒရုန်းက ဘေးလွတ်ရာဆီ ပြန်ဆွဲခေါ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

NOM
တက္ကဆက်ပြည်နယ်က အသက် ၂၀ အရွယ်နဲ့ ၂၁နှစ်အရွယ် အမျိုးသားနှစ်ဦးဟာ အိမ်ခြေယာမဲ့တွေကို စည်းရုံးကာ အဖွဲ့တခုဖွဲ့စည်းပြီး ဟေတီကမ်းလွန်က Gonave ကျွန်းကို စီးနင်းဖို့ ကြံစည်ခဲ့မှုနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။ သူတို့ဟာ အဆိုပါကျွန်းဆီ လိင်ကျွန်တွေကို ခေါ်ဆောင်ပြီး သူတို့စိတ်ကူးယဉ်ထားတဲ့ လိင်ပိုင်းဆိုင်ရာလုပ်ရပ်တွေကို လုပ်ဆောင်ဖို့အထိ တွေးတောခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောဆိုခဲ့ပါတယ်။

အဆိုပါကျွန်းပေါ်က အမျိုးသားအားလုံးကို သတ်ပစ်ပြီး အမျိုးသမီးနဲ့ ကလေးတွေအားလုံးကို လိင်ကျွန်တွေအဖြစ် ခိုင်းစေပြောင်းလဲဖို့လည်း ရည်ရွယ်ထားတယ်လို့ စွဲချက်တင်မှုမှာ ပါဝင်ပါတယ်။ ထင်းလှေတစင်းနဲ့ လက်နက်တွေကို ဝယ်ယူကာ ကြေးစားတပ်ဖွဲ့အဖြစ် တာဝန်ထမ်းဆောင်ဖို့ အိမ်ခြေယာမဲ့တွေကို စုဆောင်းဖို့ပါ အားထုတ်ခဲ့တာပါ။

အဆိုပါကျွန်းမှာ လူပေါင်း ၁ သိန်းဝန်းကျင်နေထိုင်ပြီး ဒေသခံတွေဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ အလွန်အမင်းဆင်းရဲတယ်လို့လည်း သိရပါတယ်။ အဆိုပါကျွန်းကို လှေနဲ့သာ သွားရောက်နိုင်တယ်လို့လည်း သိရပြီး စွပ်စွဲခံရသူနှစ်ဦးရဲ့ ရှေ့နေတွေကတော့ သူတို့အမှုသည်တွေဟာ အမှားမလုပ်ထားသေးဘူးလို့ တုံ့ပြန်ထားပါတယ်။

NOM