နီပိန်းတိုက်ဖျက်ရေး
3.88K subscribers
4.04K photos
1.28K videos
68 links
နီပေါတိုက်ဖျက်ရေး
Download Telegram
မဲဆွယ်စည်းရုံးရေး လုပ်နေတဲ့ အမတ်လောင်းတစ်ဦးကို ပြည်သူတစ်ဦးက လက်ရှိ ကြုံနေရတဲ့ အခက်အခဲ ပြဿနာတစ်ခုကို တင်ပြပါတယ်။

သူတို့ မြို့နယ်မှာ ဂျိုးဖြူရေတွန်းစက်တွေကို လျှပ်စစ် မီးမပေးနိုင်လို့ ဂျိုးဖြူရေ မရဘူးတဲ့။ ရေမရရင် စည်ပင်ကလဲ တာဝန် မယူဘူးတဲ့။ EPC ကလဲ ရေတွန်းစက် မမောင်းနိုင်တာ စည်ပင်နဲ့ပဲ ဆိိုင်တယ်ဆိုပြီး တာဝန်မယူဘူးတဲ့။ အဲ့ ကိစ္စဖြေရှင်းပေးနိုင်မယ် မဲပေးမယ်တဲ့။

ဌာနတစ်ခုနဲ့ တစ်ခုကြားမှာ ဝာာဝန်မယူကြပဲ လွှဲချနေကြတာကို လွှတ်တော်အမတ် ဖြစ်ရင် ဘယ်လိုတာဝန်ယူ ဖြေရှင်းပေး မှာလဲလို့ မေးတာကို အမတ်လောင်းက ပြန်ဖြေလိုက်တဲ့ အဖြေကြောင့် ပြည်သူတွေ ပွဲကျ သွားကြတယ်။

ကျွန်တော့် အိမ်မှာလဲ ဂျိုးဖြူရေ မရတာ ကြာပါပြီတဲ့ ။

သူ့အဖြေက ငိုအားထက် ရယ်အားသန် ကြရပါတယ်။ နိုင်ငံရဲ့ ဌာနဆိုင်ရာတွေမှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ထင်ဟပ်ပြသနေတယ်။

လူသားတွေအတွက် အခြေခံအကျဆုံးအရာဖြစ်တဲ့ ရေရှိရေးကို မဖြေရှင်းပေးနိုင်ရင် အဲ့ကိုယ်စားလှယ်လောင်းကို ပြည်သူတွေက မဲပေးမှာ မဟုတ်ပါဘူး။ ပြည်သူတွေ ကြုံနေရတဲ့ အခြေခံ ပြဿနာတွေကို လွှတ်တော်အမတ်တွေက နားထောင်ပြီး ဖြေရှင်းပေးနိုင်အောင် စွမ်းဆာင်သင့်ပါတယ်။
👍211
This media is not supported in your browser
VIEW IN TELEGRAM
သားသမီးတွေက ဂျပန်စာတွေသင်၊ အကြွေးအတင်ခံပြီး နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတယ်။ အိမ်က မိဘတွေက သားသမီး နိုင်ငံခြားမှာရှိတယ် ဆိုပြီး သုံးဖြုန်းနေကြတယ်။ သားသမီးတွေက နိုင်ငံရပ်ခြားမှာ ခွေးလိုးနွားလို ရုန်းနေကြရတာကို မိဘတွေ မသိကြဘူး။

ပို့ပေးတဲ့ ငွေလေး အခန့်သားထိုင်စား၊ နှစ်လုံး သုံးလုံးတွေ နဲ့ ကျွဲဂိမ်းတွေ ဆော့ပြီး အကြွေးတွေပါ တင်ကုန်ကြတယ်။ စိတ်ပျော့တဲ့ သားသမီးတွေက ဖိအားဒဏ် မခံနိုင်လို့ နိုင်ငံခြားမှာ သတ်သေတဲ့သူက သတ်သေကြတယ်။ ရူးကြောင်ကြောင် ဖြစ်တဲ့သူက ဖြစ်ကြနဲ့။ ဆန်ရေဆိုတာ အဲ့တာက အစစ်ပဲနော်။
👍123