နီပိန်းတိုက်ဖျက်ရေး
3.89K subscribers
4.06K photos
1.29K videos
68 links
နီပေါတိုက်ဖျက်ရေး
Download Telegram
၂၀၁၀-၁၅ ၊ ၂၀၁၆-၂၀ မှာ ကိုယ်စားလှယ်လောင်းတွေ က
မဲ လိုချင်တော့ မဲဆွယ်ကာလ ပြည်သူတွေထံ လာကြပါတယ်။

ရွေးကောက်ပြီးတော့ ပြည်သူတွေဆီ ပေါ်မလာတော့ပါဘူး။ ပြည်သူ့အကျိုးပြုလုပ်ပါမယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေက ပြည်သူတွေရဲ့ အခက်အခဲကို တင်ပြဖို့ ဖုန်းဆက်ရင်လဲ မကိုင်ကြတော့ပါဘူး။ ဒေသ စည်ပင်ဖွံ့ဖြိုးရေးလဲ မလုပ်ပါဘူး။

ရေကြီးလဲ မလာပါဘူး။ ရေပြတ်လဲ မလာပါဘူး။ မီးပြတ်လဲ မလာပါဘူး။ ပြည်သူတွေ ဒုက္ခရောက်လဲ မလာပါဘူး။ ပြည်သူတွေ အနိုင်ကျင့်ခံရလဲ မလာတော့ပါဘူး။

အဲ့လို အမတ်တွေ USDP ပါတီထဲမှာ ရှိခဲ့ရင် ပါတီက ဘယ်လို တာဝန်ခံပြီး ဘာလုပ်ပေး မှာလဲ။ ပါတီ ဥက္ကဋ္ဌကြီး ဖြေလို့ရရင် ဖြေပေးခဲ့ပါဦးနော်။
👍222
This media is not supported in your browser
VIEW IN TELEGRAM
စစ်တပ်က အာဏာသိမ်းလို့ လူငယ်တွေရဲ့အနာဂါတ် ပျက်ပါပြီတဲ့။ ၂၀၂၁ အစမှာ နီပိန်းတွေ ၊ နီပိန်း မီဒီယာတွေက ဖြန့်တဲ့ ဝါဒမှိုင်းပါနော်။

ဖြစ်စဥ်အမှန်က စာသင်ခန်းထဲ ရှိရမယ့် ကလေးတွေကို ကျောင်းမတက်ခိုင်းပဲနဲ့ တောထဲရောက်အောင် သေလမ်းကို ဆွဲထုတ်ခဲ့ကြတာပါ၊ ကျောင်းတက်တဲ့ ကလေးတွေကိုကျ ဝိုင်းဆဲတော့ ကျောင်းမတက်ရဲကြပဲ ကျောင်းသားကလေးတွေ အနာဂါတ် ပျောက်ခဲ့ ကြရတယ်။

nug ကို ကိုယ် အကျိုးစီးပွားရှာကြတဲ့ လူလိမ်မှန်းသိလာကြတော့ ကျောင်းတွေက ပြန်လည်စိုပြေလာပြီး ကျောင်းသားလူငယ်တွေ ပျော်ရွှင်နေကြရပါပြီ။
👍278
ပြည်သူ့ရင်သွေးလေးတွေ ကျောင်းတွေမှာ တီးမှုတ် ကခုန်
ပျော်နေကြတာကို ဇော်ဝေစိုးကို တွေ့စေချင်တာပါနော်။
22👍8
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာရှိတဲ့ စက်ရုံတွေထဲ သွားပြီး မိုက်ကြေးခွဲ အလှုခံနေကြတဲ့ ဂိုဏ်းအုပ်စုကို ထိုင်းရဲတွေက ဖမ်းလိုက်ပါပြီ။
👍277👏4
NCA ကို ဘယ်လိုရောက်လာခဲ့လဲ

မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်ကတည်းက လက်နက်ကိုင် ပဋိပက္ခစခဲ့တယ်။ အဲ့အချိန်ကပြီး အစိုးရ အဆက်ဆက်က နိုင်ငံရေးအရ၊ လူမျိုးရေး အရ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့ပေါင်းစုံနဲ့ ငြိမ်းချမ်းရေးအတွက် မတူတဲ့ပုံစံ‌‌ တွေနဲ့ ဆွေးနွေးမှုတွေလုပ်ခဲ့တယ်။

၁၉၄၈-၁၉၆၂ အထိ ပါလီမန်ဒီမိုကရေစီခေတ်မှာတော့ အင်းစိန်အထိ သိမ်းပိုက်ခံရပြီး 'ရန်ကုန်အစိုး' လို့တောင် လှောင်ပြောင်အခေါ်ခံခဲ့ရတဲ့ အနေအထားမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေက အရာထင်ခဲ့တာမရှိပါဘူး။ နူတ်နဲ့ သဘောတူတဲ့ ရက်ပိုင်း လောက်သာခံတဲ့ အပစ်ခတ်ရပ်စဲ‌မှု အချို့သာရှိခဲ့ပါတယ်။

၁၉၆၂-၁၉၈၈ အိမ်စောင့်အစိုးရ နဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာတော့ ငြိမ်းချမ်းရေးဆိုတာကို လွတ်ငြိမ်းချမ်းသာခွင့်၊ အသွင်ပြောင်းပြည်သူ့စစ် ပုံစံနှစ်ခုနဲ့ လုပ်ခဲ့ကြတယ်။ အဲ့အချိန်က တပ်မတော်အနေနဲ့ BCP နဲ့ EAO တို့ကို နိုင်ငံရဲ့ အတွင်းပိုင်းကနေ နယ်စပ်မျဉ်းတွေနဲ့ထိရောက်အောင် တွန်းပို့တိုက်ခိုက်ခဲ့တဲ့အတွက် မာမာချာချာ နဲ့ ဆွေးနွေးရေး ပေါ်လစီကို လုပ်ခဲ့ပုံရပါတယ်။ ဘာသဘောတူညီချက်မှ လက်မှတ်ထိုးခဲ့တာမျိုးလည်း မရှိပါဘူး။ ဒါပေမယ့် အဖွဲ့ပေါင်း မြောက်များစွာ လက်နက်ဖြုတ် အသွင်ပြောင်းခဲ့ကြတယ်။

၁၉၈၈-၂၀၁၁ တပ်မတော်ရဲ့ နဝတ/နအဖ အစိုးရ လက်ထက်မှာ ပုံစံအသစ်ကို ပြောင်းခဲ့တယ်။ ၁၉၈၈လူထု အုံကြွမှုကြီးပြီးတော့ တပ်မတော်ထောက်လှမ်းရေး (ကကလှမ်း) ကဦးဆောင်ပြီး EAOsတွေကို ချည်းကပ်ခဲ့တယ်။ စစချင်း အပစ်ခတ်ရပ်စဲရေးအတွက် ကိုးကန့်အဖွဲ့ (ယခု MNDAA) နဲ့ ပထမဆုံး အပစ်ရပ်တယ်။ BCP ကို ပုန်ကန်ပြီး သီးခြားထူထောင်ခဲ့တဲ့ UWSA နဲ့ဒုတိယ အပစ်ရပ်တယ်။ ဒီလိုနဲ့ မြောက်ပိုင်းအဖွဲ့အများစုက အပစ်ရပ်သွားတယ်။

၁၉၈၈ နောက်ပိုင်း KNU ထိမ်းချုပ်‌နယ်မြေကို အခြေခံပြီး Democratic Alliance of Burma (DAB) ဆိုတဲ့ တပ်ပေါင်းစု ဖြစ်လာတယ်။ တောင်ပိုင်း EAOs တွေ အပါအဝင် မြောက်ပိုင်းက KIO, SSPP တို့လည်းပါခဲ့တာဖြစ်တယ်။ အခုချိန်ထိ မြန်မာပြည်သမိုင်းကြာင်းမှာ အားအကောင်းဆုံး တပ်ပေါင်းစုက NDF နဲ့ DAB ပါ။ 'တပ်ပေါင်းစုနဲ့အောင်ပွဲခံ' ဆိုတဲ့မူကို စွဲကိုင်ပြီးစစ်ရေး နိုင်ငံရေး သဘောတူညီချက်တွေ လက်မှတ်ထိုး စုဖွဲ့ခဲ့တာပါ။

၁၉၉၄ မှာတော့ KIO က တပ်ပေါင်းစုကို ကျောခိုင်းပြီး အပစ်ခတ်ရပ်စဲရေး လုပ်ပါတယ်။ သူနဲ့နီးစပ်တဲ့ NMSP နဲ့ KNPP လည်း နောက်ကလိုက် အပစ်ရပ်ပါတယ်။ အဲ့ဒိနောက်ပိုင်းမှာတော့ DAB က ကျဆုံးခန်းကို ရောက်ခဲ့ပါတယ်။

နဝတ/နအဖ ရဲ့ ငြိမ်းချမ်းရေး/အပစ်ရပ်ရေးမူဆိုတာ-
၁) အပစ်ရပ်
၂) ကိုယ့်လက်နက်ကိုယ်ကိုင်ထား
၃) ကိုယ့်နယ်မြေကိုယ်နေ
၄) ဒေသဖွံ့ဖြိုးရေးလုပ်
၅) နိုင်ငံရေး လာမဆွေးနွေးနဲ့
၆) တစ်ဖွဲ့ချင်းနဲ့ပဲပြောမယ်၊ စုပေါင်းမဆွေးနွေး။
၇) ဘာစာချုပ်မှ လက်မှတ်မထိုးဘူး။

ဒီအချက်တွေကိုကြည့်ပြီး 'ဘယ်သူက ငြိမ်းချမ်းရေး လာလုပ်မှာလဲ' လို့စဉ်းစားကောင်း စဉ်းစားမိပါလိမိ့မယ်။ ဒါပေမယ့် အဲ့အချိန်က မြန်မာပြည်က လက်နက်ကိုင် အဖွဲ့ အားလုံးနီးပါးက အပစ်ရပ် ခဲ့ကြပါတယ်။ အဖွဲ့ကြီးဆိုလို့ KNU နဲ့ RCSS ပဲကျန်ပါတယ်။ စုစုပေါင်း အဖွဲ့ (၄၀)က အပစ်ခတ်ရပ်စဲခဲ့ကြပါတယ်။

ဒီမူတွေအောက်မှာ KIO နဲ့ တပ်မတော်အစိုးရတို့ တိတ်တခိုး လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်ပဲရှိပါတယ်။ KIO မှာတောင် အဲ့သဘောတူညီချက်ကို ဗဟိုကော်မတီ အချို့သာ ဖတ်ရှုခွင့်ရတယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီအချိန်က ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်‌‌ တွေဆိုတာ အခုခေတ်လူတွေ မမြင်ဖူးကြတာပါ။

အဖွဲ့ (၄၀) ထဲမှာ ၁၅ဖွဲ့က လက်နက်စွန့် သို့မဟုတ် ပြည်သူ့စစ် ဖြစ်သွားတယ်။ ၂၀၀၈ ခြေဥအတည်ပြုပြီးတဲ့နောက်မှာ လက်နက်မစွန့် အသွင်မပြောင်း ပဲ အပစ်ရပ်အနေနဲ့ ရပ်တည်ခဲ့တဲ့ EAO ပေါင်း (၂၅)ဖွဲ့ရှိကျန်ပါတယ်။

တပ်မတော် အစိုးရရဲ့ တောင်းဆိုမှုကြောင့် ဒီ ၂၅ ဖွဲ့ထဲမှာ (၅) ဖွဲ့က BGF အသွင်ပြောင်းခဲ့တယ်။ ၁၅ ဖွဲ့က ပြည်သူ့စစ်အသွင်ပြောင်းဖြစ်လာတယ်။ ၅ ဖွဲ့က ဘာမှ မပြောင်းခဲ့ဘူး။

၂၀၁၁-၂၀၁၅ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရခေတ်မှာတော့ ယခင် ပုံစံတွေနဲ့ အကုန်ကွဲပြားခဲ့ပါတယ်။ ၂၀၁၁ ကစခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးဖြစ်စဉ်မှာ ယခင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အသွင်ပြောင်းဖို့ ငြင်းဆန်ခဲ့တဲ့ ၅ ဖွဲ့အပါအဝင် အပစ်မရပ်သေးတဲ့ ကျန် (၁၁) ဖွဲ့နဲ့ပါ အပစ်ရပ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါက NCA မတိုင်ခင်က ဖြစ်ခဲ့တာပါ။

အမှန်ဝောာ့ NCA မတိုင်ခင်ကတည်းက အပစ်ခတ်ရပ်စဲရေးကရှိပြီးသားဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ဆိုတာ မြန်မာပြည်သမိုင်းမှာ တိုက်ပွဲတွေ မရှိသလောက်နည်းခဲ့ပါတယ်။

NCA ဆိုတာက အစိုးရဖက်က တောင်းဆိုချက်မဟုတ်ပါဘူး။ ၂၀၁၃ အောက်တိုဘာမှာ ‌KIO နဲ့ အစိုးရ ကိုယ်စားလှယ်တွေ မြစ်ကြီးနားမှာ ဆွေးနွေးစဉ်က KIO ဖက်က လိုင်ဇာမှာ EAOs တွေ စုပေါင်းဆွေးနွေးမယ်လို့ တောင်းဆိုခဲ့တယ်။ ဒါကို အစိုးရဖက်က ယခင်မူတွေနဲ့ ကွဲပြားပြီး သဘောတူလက်ခံတယ်။

ဆွေးနွေးကြတဲ့အခါ အပစ်မရပ်ထားတဲ့ AA, TNLA, MNDAA တို့အပါ ၁၆ ဖွဲ့ရှိခဲ့ကြတယ်။ NCA မှာပါတဲ့ အချက် ၈၀% ကျော်က EAO ဖက်ကတင်တဲ့ အချက်တွေဖြစ်တယ်။
6👍6
သဘောတူညီမှုရခါနီးမှာ AA, TNLA, MNDAA ညီနောင် (၃)ဖွဲ့က ဖေဖော်ဝါရီ ၂၀၁၅ မှာ လောက်ကိုင်ထိုးစစ်လုပ်တယ်။ အဲ့ဒီအပေါ်မှာ တပ်မတော်ဖက်က အဲဒီ (၃) ဖွဲ့ကို လက်မခံဘူး ဖြစ်လာတယ်။ ဒါကြောင့်စာချုပ်ပါ အချက်တွေကို သဘောတူညီမှုရပြီးမှ ဘယ်သူလက်မှတ်ထိုးမယ် မထိုးဘူး ညှိမရတဲ့အတွက် (၈)ဖွဲ့ပဲ ထိုးဖြစ်ခဲ့တယ်။ NLD အစိုးရဖြစ်လာမှ ငြိမ်းချမ်းရေး လုပ်မယ်ဆိုတဲ့ စဉ်းစားချက်တွေလည်း ပါလိမ့်မယ်။

NCA ရဲ့ အရေးအကြီးဆုံးက မြန်မာပြည်သမိုင်းမှာ ဖယ်ဒရယ်စနစ် တည်ဆောက်မယ်ဆိုတာကို ပထမဦးဆုံး စာနဲ့ပေနဲ့ သဘောတူခဲ့တာဖြစ်တယ်။ NLD အစိုးရဖြစ်လာတဲ့အခါမှာလည်း NCA လမ်းကြောင်းပေါ်မှာပဲ ဆက်လက်အကောင်ထည် ဖော်ခဲ့တာဖြစ်တယ်။

NCA ဆိုတာ မြန်မာပြည်သမိုင်းမှာ EAO တွေအတွက် အခိုင်မာဆုံးစာချုပ်ဖြစ်တယ်။ စက္ကူစုတ်ဖြစ်သွားပြီ မီဒီယာပေါ်တက်ပြောနေပေမယ့် ဘယ်အဖွဲ့ကမှ NCA ကနူတ်ထွက်တယ် ကြေငြာတာမတွေ့ဘူး။ ထွက်ချင်ရင်လွယ်ပါတယ်။ နူတ်ထွက်ကြောင်း အဖွဲ့အစည်းအနေနဲ့ statement ထုတ်လိုက်ပေါ့။

NLD လက်ထက်ကတည်းက ရှိခဲ့တဲ့ NCA စိန်ခေါ်မှုက စာချုပ် ပြဿနာမဟုတ်ဖူး။ အကောင်ထည်ဖော်မှု ပြဿနာ။ ဘာစာချုပ်ပဲဖြစ်ဖြစ် အကောင်ထည်ဖော်မှု အားနဲရင် အသက်ဝင်မှု အားနည်းမှာပဲ။

နောက်ထပ်ဘယ်လိုအပစ်ရပ် သဘောတူညီမှုပဲလုပ်လုပ် NCA ထဲရေးထားတဲ့ အချက်တွေ မပါပဲ လုပ်လို့မရဘူး။

ဒါကြောင့် အခုချိန်က NCA စက္ကူစုတ်တော့မဟုတ်ဖူး။ စာချုပ်ဖုံတက်တဲ့အချိန်။ နိုင်ငံရေးရာသီဥတု ကောင်းလာတဲ့ အချိန်ကျရင် စာချုပ်ပေါ်ကဖုံတွေသုတ်ပြီး အရက်ခွက်တိုက်ကျဦးမှာ။ အဲ့ခါကျမှ ခင်များစက္ကူစုတ်ကြီး ဘယ်ပစ်လိုက်လဲ အမေးခံရရင် ပြုံးဖြီးဖြီးနဲ့ ' cheers' ဆိုပြီး ခွက်တိုက်ကြပေါ့။

Min Zaw Oo
👍211
ပြည်သူ့အိုးအိမ်တွေကို မီးရှို့ခဲ့ကြတာ ဘယ်သူတွေလဲ။
👍15🔥2
ဦးစိုးတင့်နိုင်ရဲ့ မဲဆွယ်စည်းရုံးမှုကို အရမ်းကြိုက်ပါတယ်။ Clean Government, Good Governance ဖြစ်လာရင် ပြည်သူတွေ ပျော်ရွှင်ကြရမှာပါ။
👍194
Media is too big
VIEW IN TELEGRAM
စာရေးဆရာတွေ၊ social influencer တွေ ဖျက်တာ ခံလိုက်ရတဲ့ တိုင်းပြည်။
👍274
စွရမ်း တော်တဲ့ သင်္ချာ ပညာရှင်ကြီး။
👍26👏6🔥3
This media is not supported in your browser
VIEW IN TELEGRAM
မလေးရှားကနေ ဇောင်းထနေတဲ့ nug အားပေး အကောင်ကြီး သူဇာမောင်ကို မိသွားပါပြီ။ ၂၀၂၂ ထဲက အမှုဖွင့် အရေးယူထားတာကို မသိလို့ ဂွိသွားတာပါနော်။

ထိုင်း ၊ စင်ကာပူ၊ ကိုရီးယား ၊ ဂျပန်က ဇောင်းကြွ ဇောင်းထတွေ အလှည့်လဲ လာပါမယ်။ လူသတ်ဖို့ လက်နက်လှုတယ်ဆိုတာ လူသတ်မှုနဲ့ အတူတူပါပဲနော်။

မသိလို့ လက်နက်လှုခဲ့ မိုက်ခဲ့တာရှိရင် ဆက်ပြီး ဇောင်းထ မနေကြပါနဲ့တော့။
👍394
nug နဲ့ ဆယ်လီတွေရဲ့ လိမ်လည်မှုတွေ ၊ ero တွေရဲ့ မြန်မာလူငယ်တွေကို လိမ်ညာ အသုံးချမှုတွေကို သိကုန်တဲ့ pdf လေးတွေတော့ အနားယူကုန်ကြပြီ။ ကျန်တဲ့ ညီငယ် ညီမငယ်တို့လဲ အမြန်နားလည်လာကြပြီး မိဘရင်ခွင်ထံ ပြန်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။

ရုန်းထွက်ဖို့ အခက်အခဲရှိနေရင် တပ်မတော်ကို ဆက်သွယ် အကြောင်းကြားကြပါ။ တပ်မတော်သားတွေ အသက်နဲ့ ရင်းပြီး လာကယ်ကြပါလိမ့်မယ်။
👍28