နီပိန်းတိုက်ဖျက်ရေး
3.8K subscribers
3.98K photos
1.25K videos
67 links
နီပေါတိုက်ဖျက်ရေး
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ထောက်လှမ်းရေးအတွက် အသုံးပြုနိုင်ရင်ကို အတော်ဟုတ်နေပြီ။
👍423
အမေရိကန် နိုင်ငံရောက် nug နီပိန်း မိသားစုတွေကို မိုးကြိုးပစ်ချမယ့် Tom Homan ဆိုတဲ့ဘဲကြီးပါနော်။ ထရမ့်ရဲ့ mass deportation ခိုလှုံနေတဲ့သူတွေ ပြန်ပို့မယ် အစီအစဥ်ကို ဦးဆောင်မယ့်သူပါ။ mass deportation မှာ လူဦးရေ သန်းနဲ့ချီပြီး နှင်ထုတ်ခံရမှာပါ။ မြန်မာနိုင်ငံမှာ လူသတ်အကြမ်းဖက်မှု ကျုးလွန်ထားကြတဲ့ nug ဝန်ကြီးတွေနဲ့ nug မိသားစုတွေကတော့ ပြေးလွတ်မယ် မထင်ဘူး။
👍56
အကယ်ဒမီ (၇) ဆုရထားပြီး အနုပညာအလုပ်ကိုပဲ နှစ်ပေါင်း (၃၅) နှစ်ကျော် လုပ်ခဲ့တဲ့ အဆိုတော် သရုပ်ဆောင်မင်းသားကြီး ရန်အောင်ကို အနုပညာရှင် အမည်ခံ လို့ ခေတ်သစ်လို မီဒီယာအမည်ခံ အကြမ်းဖက်အဖွဲ့ ကရေးတယ်။
ရန်အောင်ကို တိုက်ခိုက်ဖို့ အပျံမက နှပ်ကြောင်းပေးတယ်။ ပညာ်မဲ့တွေက အသိဉာဏ်မဲ့ ဗုံးခွဲတယ်။
👍455
This media is not supported in your browser
VIEW IN TELEGRAM
တပ်မတော်က ဗုံးကြဲတယ် ဆိုတာ တကယ်ကြဲတာ မဟုတ်သေးဘူး။ အမြည်းကျွေးတာနော်။ တကယ်ကျွေးတယ်ဆိုတာ အဲ့လိုမျိုးနော်။ တခါကြဲရင် ရပ်ကွက် နှစ်ခုပျောက်တယ်။
👍41
This media is not supported in your browser
VIEW IN TELEGRAM
pdf တွေက တပ်မတော်တကယ် မလုပ်ဘူးဆိုတာသိလို့ ဇောင်းထတာနော်။ တပ်မတော်က ရှိတဲ့ လက်နက်ထုတ်သုံးပြီး တကယ်လုပ်ရင် နိုင်ငံတကာကူပါ ကယ်ပါလုပ်မယ်။ အော်ဟစ် ငိုကြွေးပြီး မျက်ရည်ချူ အလှုခံမယ်။

တပ်မတော် တကယ်လုပ်ရင် တောင်ကူန်းတစ်ခုကို ဗုံးတစ်လုံးနဲ့ ပျောက်တယ်။ မလုပ်သင့်လို့ မလုပ်တာကို စွဖျင်ယားပြီး ဇောင်းထမနေနဲ့။ အစ္စရေး ဘယ်လိုလုပ်နေလဲ လေ့လာ ကြည့်နော်။ ပေါင်(၂၀၀၀) ဗုံးတွေပဲ ကျဲနေတာနော်။
👍551
This media is not supported in your browser
VIEW IN TELEGRAM
ဆရာတို့ မြို့နယ်ထွေအုပ်တွေကို တင်ပြချင်ပါတယ်။

ကထိန်ခင်းတဲ့အခါမှာ လူအများ ကြည်နူးစေမယ့် ရိုးရာ သံစဥ်သီချင်းတွေကို လူအများ စိတ်အနှောင့်အယှက်မဖြစ်စေမယ့် အသံနှုန်းနဲ့ တီးမှုတ်တာပဲ လုပ်စေချင်ပါတယ်။ အိန္ဒိယ သီချင်းတွေဖွင့်တာ ၊ နိုင်ငံခြား disco techno နတ်ဒိုး remix သီချင်းတွေဖွင့်တာကို တားမြစ်သင့်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ရေးအတွက် ကထိန်ခင်းလာတာ ယခု vdo ထဲကလို အလွန်ကျက်သရေရှိရပါမယ်။ ကြည့်ရူသူတိုင်း စိတ်ကြည်နူးပြီး ကြည်ညို သဒ္ဓါဖြစ်ပေါ်လာအောင် ကြီးကြပ်ဆောင်ရွက် စီမံခန့်ခွဲပေးရမှာ မြို့နယ်ထွေအုပ်တွေရဲ့ လုပ်ပိုင်ခွင့် တာဝန်ဖြစ်ပါတယ်။

ဆိုက်ကားဂိတ်တိုင်း လော်တွေ ဘောက်တွေနဲ့ ယဥ်ကျေးမှုပျက်သီချင်းတွေဖွင့်ပြီး မူးရူး အလှုခံကြတာ ဗုဒ္ဓဘသာဝင်တွေ နိုင်ငံတကာမှာ သိက္ခာကျပါတယ်။ ကထိန်ဆိုသည့် ဗုဒ္ဓဘာသာယဥ်ကျးမှု တစ်ခု ကို ထိန်းသိမ်းဖို့ အကောင်းဆုံး စီမံခန့်ခွဲ့ပြီး ကုသိုလ်ယူကြပါလို့ တိုက်တွန်းအပ်ပါတယ်။
👍468
ဘာသာစကားတစ်ခု သင်ပြီး နိုင်ငံခြားသွား၊ အလုပ်လုပ် ၊ တိုင်းပြည်ကောင်းစားရေးဆိုပြီး လူသတ်ဖို့ လက်နက်ဝယ်လှု ၊ ငွေကြေးလှုပြီး ဇောင်းထနေတဲ့သူတွေကို နိုင်ငံခြားမှာ ကျွန်သွားခံနေကြတဲ့ ကျွန်တွေလို့ပဲ ကျုပ်ကတော့ မြင်မိတယ်။ မြန်မာပြည်ပြန်လာလဲ eao အောက်ကျွန်ခံတဲ့ eaoကျွန်တွေပဲ ဖြစ်လာမယ်။

ဒီ vdo ထဲက ညီလေးကိုတော့ လေးစားပါတယ်။ ရောက်တဲ့နေရာနဲ့ အခြေအနေကနေ တိုင်းပြည်တိုးတက်ရေးအတွက် စဥ်းစားတယ်လို့ပဲ မြင်ပါတယ်။ ဒီညီလေးလို လူငယ်မျိုးတွေ များများထွက်ပေါ်လာအောင် အခြေခံကျောင်းတွေကနေ ပြုစုပျိုးထောင်ပေးရပါမယ်။

တိုင်းပြည်တိုးတက်ရေးအတွက် နည်းမှန်လမ်းမှန်နဲ့ စဥ်းစားလို့ အနီဖြစ်ဖြစိ အစိမ်းဖြစ်ဖြစ် လေးစားပါတယ်။
👍32👏5
အနုပညာအမည်ခံဆိုလို့ ပြောပြရပါဦးမယ်။ လင်းလင်းပေါ့နော်။ အဆိုတော် သီချင်းရေးဆရာလုပ်ပါတယ်။ ၂၀၁၂ ဒေါ်စုလွှတ်လာတော့ ဒေါ်စုကို ဝိုင်းလုံးပြီး ကိုယ်ရံတော်လိုလို ဝင်လုပ်ပါတယ်။ ကိုယ်ရံတော်နဲ့ ပတ်သက်တဲ့ သင်တန်းလဲ တက်ဖူးလေ့ကျင့်ဖူးတာ မရှိပါ။ လုံခြုံရေးအမြင်မရှိ ကားယားကားယားနဲ့ပါပဲ။

ကိုယ်ရံတော်ရည်ရွယ်ချက်က ဒေါ်စုပုံရိပ်ကိုယူပြီး နာမည်ကောင်းအမြတ်ထုတ်ချင်တာပါနော်။ nld ၂၀၁၅ ရွေးကောက်ပွဲ နိုင်တော့ ချစ်သုဝေက ဇာတ်ကားမရိုက်တော့ပါဘူး။ ပရဟိတ ဖောင်ဒေးရှင်းလုပ်ပြီး အလှုခံစားပါတယ်။ နေပြည်တော် ပရောဂျက်တွေကို လင်းလင်းက ဒေါ်စု ကိုယ်ရံတော် နာမည် အရှိန်နဲ့ ပေါင်းပြီးလိုက်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေ အနုပညာအလုပ် မလုပ်သလောက်ရှားသွားပါတယ်။ အသက်ငယ်ငယ်နဲ့ အနုပညာအလုပ် မလုပ်တော့ပဲ ဖောင်ဒေးရှင်း အလှုခံစားတာ အနုပညာကို နာမည်ခံမို့ပါပဲ။ အဲ့တာ့ကြောင့်ပဲ အနုပညာ သီးသန့်လုပ်တဲ့ IC ကန်ထုတ်လိုက်တာပါနော်။

ရန်အောင်နော်။ အသက် (၅၀) ကျော်လာတာ ရုပ်ရှင်ရိုက်ပါတယ်။ သီချင်းဆိုသေးပါတယ်။ အနုပညာကို ဘာပဲလုပ်ရ ပျော်နေပါတယ်။ ကားရိုက်ရမယ်ဆို မငြင်းဘူး။ ထို့အတူ လေးဖြူလဲ အဲ့အတိုင်းပါပဲနော်။ သီချင်းဆိုရမယ်ဆို လာခဲ့ပဲ။ အနုပညာရှင်သမား စစ်စစ်က နိုင်ငံရေး အရောင်ခွဲပြီး အလုပ် မလုပ်ပါဘူး။ အနုပညာ သီးသန့်ပဲလုပ်ပါတယ်။ အနုပညာ အမည်ခံ အနုပညာရှင်တွေသာ အရောင်ခွဲပြီး လုပ်ပါတယ်။ အနုပညာသည် အရောင်အသွေးမျိုးစုံသော ပြည်သူတွေ အားလုံးအတွက်ပါပဲ။

နာမည်ခံ အနုပညာရှင်များ ပျောက်ဆုံးပြီး အနုပညာရှင် စစ်စစ်များ အောင်မြင်ကြပါစေလို့ တန်ဆောင်မုန်းလပြည့်နေ့မှာ ဆုတောင်းပေးလိုက်ပါတယ်။
👍541
This media is not supported in your browser
VIEW IN TELEGRAM
၂၀၂၅ မှာ လုပ်ရိုးလုပ်စဉ်တွေကိုကျော်ပြီး အတွေးအခေါ် အသစ်နဲ့ ဆန်းသစ်တာတွေကို လုပ်သင့်ပါတယ်။

ရန်ကုန် ရွှေတိဂုံရှေ့က ပြည်သူရင်ပြင်မှာ ပြည်လမ်းမကို တစ်ညတာ ပိတ်ပြီး နာမည်ကြီး music band တွေကို ငှားပြီး new year  free show လုပ်သင့်ပါတယ်။ ညနေထဲက ပြည်လမ်းမကို ပိတ်ပြီး ကဲကြမယ့် အစီအစဥ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီစဥ်သင့်ပါတယ်။

မန်လေးမှာလဲ ကျုံးပတ်လည်မှာ new year show တွေ လုပ်သင့်ပါတယ်။ ပြည်သူတွေ မပျော်ရတာ ကြာပါပြီ။ ပြည်သူဆိုတာ အပျော်ကြိုက်ပါတယ်။
ပြည်သူ့လုံခြုံရေးအတွက် တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့က အလုပ်ရှုပ်ပေမယ့် ပြည်သူတွေ ပျော်တာကို ကြည့်ရတာနဲ့ပဲ ပင်ပန်းရတာ တန်ကြပါတယ်။

သင်္ကြန်လဲ အခြေခံကျောင်းတွေမှာ မဏ္ဍပ်တွေထိုးပြီး ကလေးတွေ ရေကစားကြဖို့ အကပြိုင်ကြဖို့ စီစဥ်သင့်ပါတယ်။

ပြည်သူတွေပျော်ဖို့ စီစဥ်ပေးကြပါ အဘတို့။
👍468
၈၈ မှာ nug လိုပဲ NUGUB စင်ပြိုင်အစိုးရပေါ်ခဲ့ပါတယ်။ NCGUB ကို အမေရိကန် အပါဝင် ဥရောပ သမဂ္ဂဝင်နိုင်ငံတွေက အစိုးရအဖြစ် တရားဝင် အသိမှတ်ပြုခဲ့ကြပါတယ်။ ထိုင်းမှာ ခိုကပ် နေရတဲ့ nug ကိုတော့ အမေရိကန်နိုင်ငံကတရားဝင် အသိအမှတ်မပြုပါဘူး။

ကွာခြားချက်က nug က pdf မွေးပြီး အရပ်သားတွေကို လုပ်ကြံသတ်ဖြတ်လို့ဖြစ်ပါတယ်။ pdf တွေကို အမေရိကန်က အကြမ်းဖက် Terrorist အဖြစ်သတ်မှတ်ထားလို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာက လူသတ်အကြမ်းဖက်တဲ့ အဖွဲ့ကို တရားဝင် မထောက်ခံကြပါဘူး။ လက်နက်ကိုင်တော်လှန်ခြင်းနဲ့ အကြမ်းဖက်လမ်းစဥ်ကို နားမလည်ကြပဲ အကြမ်းဖက်လမ်းစဥ်လိုက်ခဲ့ nug မှာ ဒစ်လည်သွားပါပြီ။

Country Reports on Terrorism 2022 ရဲ့ စာမျက်နှာ ၃၅ မှာ pdf တွေရဲ့ အကြမ်းဖက်မှု စာရင်းကို အမေရိကန်က ယခု အချိန်ထိ မှတ်တမ်းတင်ထားပါတယ်။ Annex of Statistical Information Final Report မှာ pdf တွေကို အကြမ်းဖက် Terrorist အဖြစ် သတ်မှတ်ထားပြီး အချက်အလက် အသေးစိပ်ကို လုံးဝ ဖျက်မပေးထားပါဘူး။ အမေရိကန်အစိုးရရဲ့တရားဝင် ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရူလို့ ရပါတယ်။

https://www.state.gov/wp-content/uploads/2023/11/2022_Statistical_Annex_Final__508_Compliant.pdf
👍365👏1
This media is not supported in your browser
VIEW IN TELEGRAM
အရင်နှစ်က ပွဲတော်ရက်နီးရင် ပေါ်တာဆွဲတဲ့ ဂျင်းသတင်းလွှင့်ပြီး ပြည်သူတွေ မပျော်ရအောင် nug က လုပ်တယ်။ ဂျင်းသတင်းတွေမှန်း ပြည်သူတွေ သိလာကြလို့ nug ကို အယုံမဲ့သွားကြပြီ။ ဇော်ဝေစိုးကို ဆိုရင် နီပိန်းတွေတောင် မယုံကြတော့ဘူး။ ဂျင်းကောင်ကြီးကိုဖြစ်လို့နော်။
👍416
အစိုးရဝန်ထမ်းတွေ cdm လုပ်ပြီး အုပ်ချုပ်ရေးနဲ့ လုံခြုံရေး ယန္တရား အားနည်းသွားပါတယ်။ ထိုအချိန် လိုင်းပေါ်က လူသတ်သမားတွေ၊ လူသတ်အားပေးတွေ၊ အကြမ်းဖက်သမားတွေ ၊ ဇောင်းကြွဇောင်းထတွေ အစိုးရယန္တာရားထဲက ဖရဲသီး ငုပ်ကောင်တွေ ၊ လောင်းကစား ဂိုဏ်းတွေကို ရှာဖွေဖော်ထုတ်ဖို့ telegram မှာ တာဝန်သိ ချန်နယ်တွေ ပိုင်ရှင်တွေပေါ်လာပါတယ်။ ထိုလူတွေရဲ့ အကူအညီ အင်အားနဲ့ သတင်းကွန်ယက်ကို ပြန်လည် တည်ဆောက်နိုင်ခဲ့လို့ မြို့ပေါ်တွေမှာ ပြန်လည်တည်ငြိမ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိတာဝန်ယူထားတဲ့ အစိုးရအနေနဲ့ social media ထောက်လှမ်းရေး၊ သတင်းအချက်အလက် ရှာဖွေစုဆောင်းရေး ၊ သတင်းအချက်အလက် ဖြန့်ချိရေးတို့အတွက် digital task force ဌာနတစ်ခုဖွင့်သင့်ပါတယ်။ အစိုးရ အရပ်သား ဝန်ထမ်းတွေရဲ့ အင်အားနဲ့ပဲ မရနိုင်ပါ။ နိုင်ငံတော်ကို သစ္စာရှိတဲ့ social influencer တွေ ၊ social media ကျွမ်းကျင်သူတွေ၊ တပ်မတော်သားတွေ၊ စစ်မှုထမ်းဟောင်းတွေ ၊ ပြင်ပနည်း ပညာရှင်တွေ နဲ့ ပြည်သူတွေရဲ့ အင်အားလိုအပ်ပါတယ်။

၂၀၂၁ အရေးအခင်းက ဖွဘုတ်လို့ခေါ်တဲ့ social media ကြောင့် ပြည်သူ သိန်းချီသေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ယခုခေတ်သည် မြေပြင်လုံခြုံရေး တစ်ခုတည်း မဟုတ်တော့ပါ။ social media သတင်းအချက်ရယူနိုင်ရေး၊ ၊ သတင်းအချက်အလက်ဖြန့်ချိ နိုင်ရေးတို့သည် အလွန်အရေးကြီးလာပါသည်။ နိုင်ငံတော်ကို လက်ရှိတာဝန်ယူထားတဲ့ နိုင်ငံတော် အကြီးအများအနေနဲ့ နည်းပညာခေတ်ကြီးမှာ ရှေ့ဖြစ်လာနိုင်သည့် အခြေအနေများကို ကြိုတင်တွေးဆပြီး နိုင်ငံတော်ရဲ့ digital security အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။
👍271
This media is not supported in your browser
VIEW IN TELEGRAM
drone jammer တွေဖမ်းလို့မရတဲ့ fiber optic drone တွေကို ရုရှားက သုံးနေပါပြီတဲ့ ။ wireless drone မဟုတ်ပါဘူး။ fiber optic wire တန်းလန်းနဲ့ စွန်လွှတ်သလို သုံးရတာပါ။ ၁၀ ကီလိုမီတာကနေ ၁၅ ကီလိုအတွင်းပဲ သွားရပါတယ်။ သစ်ပင်ထူတဲ့ နေရာသုံးမရပဲ ကွင်းပြင်ကျယ်တွေမှာပဲ သုံးရပါတယ်။ ရုရှားသွားတဲ့ အဘတို့ကိုပဲ ပူဆာရမယ်။ ဝယ်ပေးနော်။
👍323
This media is not supported in your browser
VIEW IN TELEGRAM
ပြည်သူနဲ့ အတူဆိုပြီး ပြေးကြတာ တန်းနေတာပဲ။ nug က ဝန်ကြီးတွေရဲ့ အပြေးသန်ချက်က အိုလံပစ် စံချိန်တောင် ကျိုးတယ်။
👍29🔥2
This media is not supported in your browser
VIEW IN TELEGRAM
အဆိပ်ဘုရင်က ငတုံးကြီးနော်။ တရုတ်ကြောင့် ထိုင်းကြောင့် တပ်မတော်အစိုးရက နေရာရလာတာကို မကျေနပ်ကြလို့ ပြည်သူနဲ့ အိမ်နီးချင်းနိုင်ငံတွေကိုလှည့်ပြီး ရန်တိုက်ပေးတယ်။ မြန်မာပြည်သူ အများစုက nug မွှေးတဲ့ စစ်မီးကြောင့် ထိုင်းမှာ ခိုလှုံနေရပြီး အိမ်ရှင် ထိုင်းနိုင်ငံမျက်နှာကို ကြည့်နေရတယ်။ နီပိန်းအမတ်တွေ ထိုင်းနိုင်ငံမှာခိုလှုံနေရတယ်။ တရုတ်က စူပါဝါနိုင်ငံ ။ nug လောက်ကို လေနဲ့မှုတ်တာနဲ့ လွှင့်တယ်

အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ ဘာလို့ တပ်မတော်အစိုးရကို ထောက်ခံလဲဆိုရင်
💥nug က ဥပဒေမဲ့ လူသတ်အကြမ်းဖက်နေလို့ပါပဲ။ အမေရိကန်တောင် nug လက်အောက်ခံ pdf တွေကို အကြမ်းဖက်စာရင်းထည့်ထားပါတယ်။
💥 ပြည်သူ့ ဆန္ဒစစ်စစ်ဖြစ်တဲ့ ရွေးကောက်ပွဲနည်းလမ်းကို ဆန့်ကျင် နှောင့်ယှက် ဖျက်စီးမယ်လို့ ကြွေးကြော်ထားလို့ပါပဲ။ ပြည်သူက စစ်ဘေးကြောင့် အိုးအိမ် စည်းစိမ်ဥစ္စာပျက်ကြလို့ စစ်ကိုရွံ့ မုန်းတီးသွားကြပါပြီ။ အကြမ်းမဖက်တဲ့နည်းလမ်းဖြစ်တဲ့ ရွေးကောက်ပွဲကပြည်သူ့ ဆန္ဒစစ်စစ်ဖြစ်နေတာကို အချက်အလက်စစ်တမ်းတွေအရ အိမ်နီးချင်းနိုင်ငံတွေက သိကြပါတယ်။ ခေတ်သစ်က ဂျင်းသတင်းနဲ့ အိမ်နီးချင်းနိုင်ငံက ခေါင်းဆောင်တွေကို လိမ်လို့ မရပါဘူး။
👍392🔥2
မင်းတို့ pdf တွေ eng ဖတ်မယ်ဆိုရင် ဒီ link မှာ သွားဖတ်ကြည့်ပေါ့။

https://www.state.gov/wp-content/uploads/2023/11/2022_Statistical_Annex_Final__508_Compliant.pdf

စာမျက်နှာ (၃၅) မှာ pdf တွေရဲ့ အကြမ်းဖက်မှု အချက်အလက်တွေကို သေချာရေးထားတာနော်။ စာတတ်မယ်ဆိုရင် သေချာဖတ်ကြည့်ပေါ့နော်။ ကျောင်းမတက် ပညာမတတ်လို့ မဖတ်တတ်ရင် ဇော်ဝေစိုးကို စွပြစ်တင်နော်။

အမေရိကန် အစိုးရရဲ့ တရားဝင် ဝက်ဆိုဒ်မှာ တင်ထားတဲ့ အချက်အလက်နော်။ တရုတ်၊ အိန္ဒိယ၊ ထိုင်း က ဘာကြောင့် မထောက်ခံလဲ အလင်းပွင့် သွားမယ်။

ခေတ်သစ်က ဂျင်းသတင်းတွေဖတ်ပြီး ဇောင်းထမနေနဲ့ ။ ဘဝက အကြမ်းသမား ဘဝနဲ့ စမှုံတုန်း နိဂုံးချုပ်သွားမယ်။

ကျောင်းတက် ပညာတတ်အောင်သင်ပြီး အစိုးရကို ဆန့်ကျင်လဲ ရတယ်။ ပညာရှင်တစ်ယောက်ရဲ့ ဆန့်ကျင်တဲ့ အင်အားနဲ့ ပညာမဲ့ ကလေကချေ တစ်ယောက်ရဲ့ဆန့်ကျင်တဲ့ အင်အားက အလွန်ကွာတယ်နော်။

ငါပြောလဲ မင်းတို့ pdfတွေက ကျောင်းမတက် ပညာမတတ်လို့ နားလည်မှာ မဟုတ်ပါဘူး။
👍273