နီပိန်းတိုက်ဖျက်ရေး
3.8K subscribers
3.97K photos
1.24K videos
67 links
နီပေါတိုက်ဖျက်ရေး
Download Telegram
ရေကြီးပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းရှင်တွေ တပ်မတော်အစိုးဘက်ကို ဘက်ပြောင်းလာကြတယ်။ အကြောင်းအရင်းအမှန်က တပ်မတော်အစိုးရသွားနေတဲ့ လမ်းကြောင်း နဲ့ စိတ်ရင်းအမှန်ကို သိရှိကြလို့ပဲ ဖြစ်ပါတယ်။

တပ်မတော်အစိုးရက နိုင်ငံရဲ့ အခြေခံကျတဲ့ အဆောက်အအုံတွေကို ရင်းနှီးမြှုပ်နှံ ဖြည့်ဆည်းနေပါတယ်။ ရန်ကုန်မြို့ပေါ် EV Taxi တွေအတွေ့များလာပါတယ်။ ရထားအသစ်တွေ အစဥ်ဆက်မပြတ် ပြေးဆွဲပေးနေပါတယ်။ နိုင်ငံတော်အတွက် အခြေခံကျတဲ့ ပစ္စည်းတွေကို ပြည်ပနိုင်ငံတွေကနေ တင်သွင်းရခြင်းမရှိအောင် အခြေခံပစ္စည်းများ ထုတ်လုပ်တဲ့ စက်ရုံတွေကို ပြည်တွင်းလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်အောင် ကူညီနေပါတယ်။ လူသုံးများတဲ့ ပစွည်းတွေကို ပြည်တွင်းလုပ်ငန်းရှင်တွေ ပြည်တွင်းမှာပဲ ထုတ်လုပ်ပြီး အမြတ်ရအောင် အစွမ်းကုန်ကူညီနေပါတယ်။ လုပ်ငန်းရှင်တွေ စီးပွားရေးသမားတွေ အတွက်က အဆိုပါ အခွင့်အရေးကြီးက ရွှေထက် တန်ဖိုးကြီးပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ လဲ nug pdf တွေက ကိုယ်ကျိုးရှာပြီး တိုင်းပြည်ဖျက်နေကြတာကို မြင်တွေ့လာကြပါတယ်။ လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံးတွေ ဖောဖောသီသီ လွှတ်ပြီး ဖျက်စီးခဲ့တဲ့ ဖြစ်စဥ်ကို ပြည်သူတွေက ဆိုရှယ်မီဒီယာတွေကနေတဆင့် တွေ့ရှိခဲ့ကြပါတယ်။လားရှိုးကျပြီး မန်းလေးကို တိုက်ဖို့ ခြိမ်းခြောက်တဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ မျက်စိ အလင်းပွင့် သွားကြပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ တပ်မတော်ရှိမှ ဖြစ်မှာကို အားလုံး မတိုင်ပင်ပဲ သိရှိနားလည် လာကြပါတယ်။

တပ်မတော်အစိုးရကို မကျေနပ်တာနဲ့ လုပ်ငန်းရှင်တွေက စီးပွားပျက်ခံပြီး nug ကို မထောက်ခံ နိုင်ကြပါဘူး။ ပြည်သူကလဲ အိုးအိမ်တွေ ပျက်အောင် စစ်ဘေးရှောင်ရအောင်အထိ မထောက်ခံပါဘူး။ တပ်မတော်အစိုးရ မအုပ်ချုပ်နိုင်အောင် လုပ်နိုင်မယ့် ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲလမ်းစဥ်ရှိတာကို သိကြပါတယ်။ယ

အကြောင်းအရင်းမှန်က nld နဲ့ nug က နိုင်ငံရေးသမားတွေ စီးပွားပျက်ခဲ့ကြလို့ ရွေးကောက်ပွဲကို လက်မခံပဲ ပြည်သူကို အိုးအိမ်ပျက်အောင် အထိ လိုက်ဖျက်နေကြတာကို နားလည်လာကြပါတယ်။ nld အမတ်တစ်စု အာဏာပြန်ရအောင် ပြည်ပ အထောက်အပံ့ယူပြီး တိုင်းပြည်ကို အစွမ်းကုန် မိုင်ကုန် မီးရှို့နေကြောင်း ပြည်သူအားလုံးက သိရှိလာကြပါတယ်။ လက်နက်ကိုင် လမ်းစဥ်နဲ့ အာဏာရှင်ကို ဖြုတ်ချရင် သူ့ထက်ဆိုးတဲ့ နောက်ထပ် အာဏာရှင်အသစ် ပေါ်လာတာကို ရှမ်းမြောက်ဖြစ်စဥ်မှာ ပြည်သူတွေ လက်တွေ့သင်ခန်းစာ ရရှိခဲ့ပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုမှာ ပြည်သူအားလုံး ပူးပေါင်းပါဝင်နေမှုကို ကြည့်ရင် ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲလမ်းစဥ်ကို လိုက်ပြီး ပြည်သူ အသဲကြားက မဲတစ်ပြားနဲ့ နိုင်ငံတော်ကြီး ပြန်လည်ထူထောင်ကြပါလိမ့်မယ်။
👍272
တိမ့်ရှီကျွမ်းက ဝ အဖွဲ့ကို ခေါ်ပြီး ဆူတဲ့ အစည်းအဝေးမှတ်တမ်း ပေါက်ကြားလာတယ် ဆိုပြီး myanmar now က စတင်တယ်။ အဲ့တာကို ဒီအချက်တွေနဲ့ နှိုင်းယှဥ် စဥ်းစားစရာဖို့လိုပါတယ်။

(၁) အရင် ဝ အဖွဲ့ရဲ့ အစည်းအဝေးမှတ်တမ်းတွေ ပေါက်ကြားဖူးလား။ ပေါက်ကြားသလိုနဲ့ ထုတ်ပြန်လိုက်တာ ဘယ်သူတွေကို သိစေချင်တာလဲ။

(၂) တရုတ်နယ်စပ်မှာ တရုတ်မွေးထားတဲ့ မွေးစားသားတွေက တရုတ်နောက်ကျောကို ဓားနဲ့ ထိုးဖို့ကိစ္စကို ငပွကြီးနဲ့ ထိုင်ဝမ်တို့နဲ့ ပူးပေါင်းကြံစည်နေတာကို တရုတ်ထောက်လှမ်းရေးက မသိနိုင်အောင် ညံ့ခဲ့တာလား။

(၃) ဖုန် မိသားစုဝင်တွေ ဘယ်နေရာမှာ ပုန်းနေတာလဲ။

တရုတ်က မြန်မာနိုင်ငံပြည်သူတွေအတွက် ရေရှည်လက်တွဲရမယ့် ဆွေးမျိုးပေါက်ဖော် အစစ် ဖြစ်မလားကို မြောက်သုံးကောင် နဲ့ kia ရဲ့ စစ်ရေးလှုပ်ရှားမှုတွေက သက်သေခံကြပါလိမ့်မယ်။ လွှင့်တဲ့သတင်းတိုင်းကို အမှန်လို့ မယုံကြပါနဲ့။
👍35
This media is not supported in your browser
VIEW IN TELEGRAM
၈၈ တုန်းက လူသတ်ပွဲကြီးပါလို့ စစ်တပ်ကပြောတာကို မြအေးတို့က ငြင်းခဲ့တယ်။ ၂၁ က လူသတ်ပွဲထက် ပိုဆိုးတယ်။ လူသတ်ပွဲထက်မြင့်တဲ့ စကားရှာပြီးပြောရတော့မယ်။ အမြင်မတူသူ ပြည်သူအားလုံးကို ခြိမ်းခြောက်သတ်ဖြတ်တဲ့ အဆင့်ရောက်လာတယ်။ အနီအချင်းချင်းတောင် ဆွေမျိုးတွေ မိဘတွေကို ခြိမ်းခြောက်သတ်ဖြတ်တဲ့ အဆင့်ရောက်လာတယ်။ အခြေအနေတွေကို ထိန်းသိမ်းဖို့ တပ်မတော်အစိုးရက အကြမ်းဖက် လူသတ်မှုတွေကို သေဒဏ်ပေးသင့်လား ။ မပေးသင့်ဘူးလား မြအေးကို မေးပေးပါဦးနော်။ ၂၁ မှာ မင်းတို့ဘက်က ရိုင်းစိုင်းအကြမ်းဖက်နေတာတွေကို မှတ်တမ်းတင်ထားတယ်။ စစ်တပ်က ရိုင်းစိုင်း အကြမ်းဖက်တာတွေ ရှိရင်လဲ vdo သက်သေတွေနဲ့ မှတ်တမ်းတင်ထားပေါ့။ ပြီးတော့မှ debate တွေမှာ မှတ်တမ်းတွေနဲ့ ရှင်းကြတာပေါ့။ ကျုပ်ကတော့ ငါ့စကားနွားရ မပြောတတ်ဘူးနော်။ vdo တွေပဲ ဖွင့်ပြမယ်။
👍34👏4
This media is not supported in your browser
VIEW IN TELEGRAM
မန်လေးတိုင်း ဝန်ကြီးချုပ်ဟောင်း Dr.ဇော်မြင့်မောင်ရဲ့ ဈာပနကို ဒီနေ့လုပ်တယ်။ မန်းလေးက nld, ကို ထောက်ခံတဲ့ ပြည်သူတွေ လိုက်လံပို့ဆောင်ပေးကြတယ်။ ယာဥ်ထိန်းရဲတွေက လမ်းရှင်းပေးတယ်။ လုံခြုံရေးတွေက လုံခြုံရေးယူပေးထားကြတယ်။ အေးချမ်းစွာပြီးစီးသွားကြတယ်။ အေးချမ်းစွာ အကြမ်းမဖက်နေထိုင်ကြတဲ့ ပြည်သူတိုင်းကို ဥပဒေအတိုင်း ကာကွယ်ပေးနေတယ်။ တပ်မတော်အစိုးရ သွားနေတဲ့လမ်းကြောင်းကို မန်းလေးပြည်သူတွေ ယနေ့ သိရှိခံစားခဲ့ကြရတယ်။ ဥပဒေဘောင်အတွင်း နေထိုင်တဲ့ ပြည်သူတိုင်းက အရာရာကို အကြောက်တရားမရှိ ပြုလုပ်နိုင်ခွင့်ကို တပ်မတော် အစိုးရက ခွင့်ပြုထားတယ်။

nld ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဈာပနမှာ အနီတွေလုပ်သလို အစိမ်းတွေက အကြမ်းဖက် ဗုံးထောင်တာတို့ ဒရုန်းနဲ့ လာကြဲတာတို့ ကြုံရလား။ အကြမ်းဖက်တိုက်ခိုက်ဖို့ ခြိမ်းခြောက်တာတွေ ကြုံရလား။ မကြုံရဘူးနော်။ အဲထဲက ဘယ်သူတွေက အကြမ်းသမားတွေလဲ သိရှိသင့်တယ်။
👍415
လွတ်လပ်စွာ ရိုင်းစိုင်း ပုတ်ခတ်ပြီး ဆန္ဒပြခွင့်ရခဲ့တဲ့ သက်သေနော်။ ပြည်သူတွေ စားဝတ်နေရေး အတွက် အလုပ် သွားလာလို့ မရအောင် အတင်းအဓမ္မ လမ်းပိတ်ဆို့မှုတွေ လုပ်ခဲ့လို့သာ ဖြိုခွင်းခံရတာ ဖြစ်တယ်။
👍49🔥3
This media is not supported in your browser
VIEW IN TELEGRAM
ZMM ဈာပန တစ်မြို့လုံး ယာဥ်ထိန်းတွေ ရှင်းပေးနေတယ်။ လုံခြုံရေးတွေ လုံခြုံရေးယူပေးခဲ့တယ်။
👍32🔥3
This media is not supported in your browser
VIEW IN TELEGRAM
ပအို့တွေပြောတဲ့ ငြိမ်းချမ်းရေး စကား။
👍317
ဇော်ကြီးကို ဖမ်းထားပြီး အကျဥ်းသားအခွင့်အရေး အပြည့်အဝ မပေးလို့အော်နေကြလို့ ၊ nld အချင်းချင်း အမြင် မတူလို့ ဖမ်းထားတဲ့ ဦးဝင်းမြင့်အောင်ကိုရော nug က ဘယ်လိုစံနှုန်းနဲ့ ထားလဲ။ အမြင်မတူလို့ သတ်ပစ်လိုက်ပြီလား မသိဘူး။
👍22👏6
ပြည်ပမှာ နေထိုင်တဲ့ ပြစ်မှုမှတ်တမ်းရှိသူတွေ၊ လူသတ်လက်နက် ဝယ်ဖို့ အလှုခံခဲ့သူတွေ၊ လိုင်းပေါ် လူသတ်ဖို့ ဇောင်းထခဲ့သူတွေကို အွန်လိုင်း ပြစ်မှုမှတ်တမ်းရှိသူ စာရင်းထောင်ပြီး အမြဲ up to date လုပ်ပေးနေသင့်ပါတယ်။ စာရင်းထဲပါဝင်သူကို ပတ်ပို့စ် သက်တမ်းပေးမိရင် တိုးပေးသူကိုပါ အရေးယူသင့်ပါတယ်။ လူသတ်အားပေးတွေ တိုင်းဖျက်ပြည်ဖျက်တွေ လွတ်မြောက်နေပါတယ်နော်။
👍24
နီပိန်းတွေက သူများပြည်သူတွေလို အခွန်လဲ မဆောင်ချင်ဘူး။ အချောင်လဲ လိုချင်တယ်။ ဇောင်းလဲ ထတယ်။ ဆောက်ပေးတဲ့ တံတားတွေ ဖျက်တယ် ချိုးတယ်။ လမ်းတွေကို ဖျက်တယ်။
👍39
nug pdf တိုင်းကျိုးပြည်ပြု ဘာတွေများရှိမလဲ

အာဏာထိန်းပြီးတော့ စစ်ကောင်စီက ထိုးပေးတဲ့ ကာကွယ်ဆေးတွေကို မထိုးကြဖို့ ၂၀၂၁ မတမ ဧပြီ မေလတွေမှာ အနီတွေကမြေပြင်မှာ စည်းရုံးပါတယ်။ ကျန်းမာရေးနဲ့ နိုင်ငံရေးကို ခွဲခြားနားလည်ကြတဲ့ အနီတွေနဲ့ ပြည်သူစစ်စစ်တွေက ကိုဗစ်စင်တာတွေမှာ ကာကွယ်ဆေးထိုး ခဲ့ကြပါတယ်။ စည်းကမ်းမဲ့ ပညာမဲ့ အနီတွေက လာမထိုးကြပါဘူး။

၂၀၂၁ ဇွန် ဇူလိုင် မှာ ကိုဗစ် တတိယလှိုင်းက ဝင်ဆောင့် ပါတယ်။ လူအသေအပျောက် ဆုံးရှုံးမှု အလွန်များခဲ့ပါတယ်။ ကာကွယ်ဆေးထိုးထားသူတွေက ကို‌ဗစ် သာမန်လက္ခဏာသာ ဖြစ်ခဲ့ကြပြီး မထိုးထားခဲ့သူတွေ ဆုံးရှုံးမှု များခဲ့ပါတယ် ။ကာကွယ်ဆေး မထိုးဖို့ လှုံ့ဆော်ခဲ့တာ ၊ ကာကွယ်ဆေး မထိုးထားခဲ့တာ အနီတွေသာ ဖြစ်ပါတယ်။

ကိုဗစ် တတိယလှိုင်းဖြစ်နေတုန်းမှာ nug က ဇွတ်တွေ ဖျာဝင်ခင်းပြီး nug ကလဲ ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်ဖြစ်ကြောင်း သတင်းတွေထုတ်ပါတယ် ။ အင်တာတွေဗျုးပါတယ်။ နီပိန်းတွေက ယုံကြပါတယ်။ စတုထ္တလှိုင်းမှာ nug ကာကွယ်ဆေးကို စောင့်နေကြတဲ့ အနီတွေပဲ ထပ်ခံရပြန်ပါတယ် ။

အနီတွေ ရှက်ပြီး ကာကွယ်ဆေး လာမထိုးကြမှာ စိုးရိမ်လို့ တယ်လီဂရမ်ချန်နယ်တွေမှာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဘာအကြောင်းအရာမှ မရေးခဲ့ပါဘူး။ nug ကတော့ ပြည်သူတွေရဲ့ အသက်နဲ့ရင်းပြီး နိုင်ငံရေးအမြတ်ကို ရရင်ရသလို ဂျင်းသတင်းတွေနဲ့ အမြတ်ထုတ်ခဲ့ကြပါတယ်။ nug ရဲ့ကာကွယ်ဆေးထိုး ပေးပါမယ် ဆိုတဲ့ ဂျင်းသတင်းအောက်မှာ အသက်ပေးခဲ့ကြရတဲ့ nug ကို ယုံကြည်ကြသူတွေ အများအပြားရှိခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးလို့ ပြည်သူတွေအနေနဲ့ အစိုးရကို ကျေးဇူးတင်စရာလဲ မလိုပါဘူး။ အစိုးရက လုပ်သင့်တဲ့ အလုပ်ကို ထမ်းဆောင်ခြင်းပဲ ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးရဖို့ ကြိုးပမ်းသွားတဲ့ အထဲမှာ nld အစိုးရလဲ ပါဝင်တယ်။

အစိုးရတာဝန်ယူထားပြီး ပြည်သူအကျိုးကို မဆောင်ရွက်ရင်သာ ပြည်သူက အစိုးရကို အပြစ်တင်ရမှာ ဖြစ်ပါတယ်။ တပ်မတော်အစိုးရက တစ်နိုင်ငံလုံးနီးပါး ကာကွယ်ဆေးထိုးပေးခဲ့လို့ ဂုဏ်မဆာခဲ့ပါဘူးနော်။ အစိုးရတာဝန်ကို လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ တဖက်မှာတော့ အစိုးရအမည်ခံ nug က ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်ဆိုပြီး ပြည်သူတွေကို မျှော်လင့်ချက်အမှားတွေနဲ့ ကာကွယ်ဆေးမထိုးအောင် ကပ်ဘေးသင့်အောင်လုပ်ပြီး သတ်ဖြတ်ခဲ့ကြတာကတော့ သမိုင်း အမဲစက်ကြီး အဖြစ် ကျန်ရစ်နေခဲ့ပါတယ်။
👍29
သူတို့အစိုးရဆိုပြီးတင်ထားကြတဲ့သူတွေ ခိုးတာကြတော့ သူတို့ပဲပြောမယ်တဲ့။ ပတ်စ်ပို့မရတာ ကိုတော့ တပ်မတော်အစိုးရကို အပြစ်တင်တယ်။ ရေးကြီးတာကို ရဟတ်ယာဥ်နဲ့ လာမကယ်လို့ အပြစ်တင်တယ်။ လူတွေကြည့်တော့ လာကယ်တဲ့ ရဟတ်ယာဉ်ကို ပျက်ကျစေချင်တဲ့ အကြမ်းဖက်အားပေးတွေနော်။
👍363
တိုင်းပြည်ကို nug ဖျက်ခဲ့ခြင်း


တပ်မတော်ဘက်က မဲမသမာတဲ့စာရင်းကို အချက်အလက်တွေ ကိန်းဂဏန်းတွေ ၊ သက်သေ အထောက်အထားတွေနဲ့တကွ စာအုပ် Ebook ပုံစံတွေ နဲ့ ထုတ်ဝေထားတယ်။ ပုံမှန်ဆို နီပိန်းလော်ဘီတွေ စာအရှည်ကြီးရေပြီး ချေပနေကြနော်။
စာရင်းအချက်အလက်နဲ့တကွ မချေပနိုင်တော့ သူခိုးလူမိပြီး သူခိုးဖမ်းသူကို ရန်ရှာတော့တယ်။ မဲမခိုးခဲ့ကြောင်း သက်သေပြဖို့ အလွယ်ဆုံးနည်းလမ်းက နောက်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပပြီး မဲရေတွက်ခြင်းပဲလေနော်။

ငါဘုရင်မ သီချင်းကို ဆိုတာမှာ စိုးပြည့်သဇင် အသံမဟုတ်ပါဘူးလို့ ငြင်းကြတယ်။ စိုးပြည့်သဇင်ဖြေရှင်းပုံက ရိုးရိုးလေးပဲ။ သီချင််းကို ပြန်ဆို ပြလိုက်တယ်။ record လုပ်နေတုန်းက မူလအသံကိုပါ ချပြလိုက်တယ်။ စွပ်စွဲသူတွေ အသံတိတ်ပဲနော်။ ဖြေရှင်းတာက လက်တွေ့ဆန်ဖို့လိုတယ်။

လော့ဂျစ်အရလဲ ရွေးကောက်ပွဲမှာ မဲမခိုးခဲ့ဘူး ၊တစ်တိုင်းပြည်လုံးက nld ကိုထောက်ခံခဲ့တာမှန်တယ်ဆိုရင် ရွေးကောက်ပွဲတိုင်းကို ဘယ်လိုပင် ကျင်းပကြပါစေ nld နိုင်မှာပါပဲလေနော် ။ တစ်တိုင်းပြည်လုံးက မဲပေးခဲ့တာကို ဘာလို့ ရွေးကောက်ပွဲကြီးကို ကြောက်နေမှန်းကို မသိတာနော်။

ရွေးကောက်ပွဲကိုဆန့်ကျင်ပြီး တိုင်းပြည်ကို စစ်မီးရှို့နေခြင်းက မြန်မာပြည်ကိုဖျက်စေချင်နေတဲ့ အနောက်နိုင်ငံတွေရဲ့ အလိုဆန္ဒအရ nug နဲ့နောက်လိုက် နီပိန်းအုပ်စုက ဆောင်ရွက်နေခြင်းသာဖြစ်တယ်။
👍274
အမီတာဘဂျမ်းရဲ့ ခရီးစဥ်တစ်ခု

ကျုပ်ရဲ့ အအောင်မြင်ဆုံးအချိန်တွေမှာ လေယာဥ်ခရီးအတော်များများသွားခဲ့ရတယ်။ ကမ္ဘာကပါသိကြတဲ့ နာမည်ကျော်ရုပ်ရှင်မင်းသားမို့ သွားလေရာမှာ လူတိုင်းက သိကြပြီး သတိထား နှုတ်ဆက်ခြင်းခံရတယ်။ ဦးစားပေးခံရတယ်။

လေယာဥ် ခရီးစဥ်တစ်ခုမှာပေါ့။ ကျုပ်ဘေးနားမှာထိုင်တဲ့ ခရီးသည်က သာမန်ဝတ်စားထားတဲ့ အသက်ကြီးကြီး စီးပွားရေးသမားတစ်ယောက်။ သူပုံစံကြည့်ရတာ ပညာတတ်အလယ်အလတ်တန်းစား အလွှာထဲက ဖြစ်ပုံရတယ်။

အခြားခရီးသည်တွေ တက်လာတော့ ကျုပ်ကို နာမည်ကျော် ရုပ်ရှင်မင်းသာမှန်းသိလို့ သတိထားပြုံးပြ နှုတ်ဆက်ကြပေမယ့် ကျုပ်ဘေးနားထိုင်နေတဲ့ ထိုသူကတော့ ကျုပ်ကို နာမည်ကျော်ရုပ်ရှင်မင်းသားမှန်း သိပုံမရဘူး။ ဒီနေ့ထုတ်သတင်းစာကို ဖတ်ပြီး လေယာဥ်ပြတင်းပေါက်ကနေ အဝေးကိုကြည့်နေခဲ့တယ်။

လေယာဥ်မယ်ကပေးတဲ့ လက်ဖက်ကို သူသောက်နေချိန်ကို ကျုပ်သူ့ကို စပြီး နှုတ်ဆက်လိုက်တယ် ။ ကျုပ်စိတ်ထဲ ကျုပ်ကို ဘာကြောင့်မသိတာလဲ စူးစမ်းလိုစိတ်တွေနဲ့ပေါ့

ကျုပ် "ဟဲလို" လို့ စတင်နှုတ်ဆက်လိုက်ပြီး ရုပ်ရုပ်ကားအကြောင်းတွေနဲ့ စကားဖောင်ဖွဲ့လိုက်တယ်။ စကားတွေထဲမှာ ကျုပ်က ရုပ်ရှင်လောကသားတစ်ယောက်ဖြစ်ကြောင်း မသိမသာလေး ထည့်ထည့်ပြောဖြစ်တယ်။

ကျုပ်လဲ သိချင်စိတ်တွေများလာနဲ့ ခင်ဗျား ရုပ်ရှင်တွေမကြည့်ဘူးလားလို့ ဒဲ့ပဲမေးလိုက်တယ်။ သူက ရုပ်ရုပ်မကြည့်ဖြစ်တာ နှစ်အတော်များများကြာပြီလို့ပြောခဲ့တယ်။ ကျုပ်ကို ဒီလူမသိတာ ရုပ်ရှင်တွေ မကြည့်လို့ပဲ လို့ စိတ်ထဲ မကျေမနပ်ဖြစ်နေမိတယ်။

လေယာဥ်ပေါ်က ဆင်းပြီး လမ်းခွဲခါနီးမှာ ကျုပ်က ရုပ်ရှင်မင်းသား အမီတာ ဘဂျမ်းဖြစ်ကြောင်း ပြောလိုက်တော့ ထိုလူ အံ့ဩသွားပြီး တွေ့ရတာ ဝမ်းသာပါကြောင်း လက်ဆွဲနှုတ်ဆက်တယ်။ ပြီးတော့ သူ နာမည်မေးလိုက်တဲ့အခါမှာတော့ အံ့ဩမင်သက်သွားရသူက ကျုပ်ဖြစ်သွားတယ်။

သူပြောလိုက်တဲ့ စကားက '' ကျုပ် နာမည် JRD Tata" ပါတဲ့

ဂျေအာဒီတာတာ ဆိုတာ လူတိုင်းက ချစ်ခင်ကြတဲ့သူ ကမ္ဘာကျော် အိန္ဒိယ ဘီလီယံသူဌေးကြီး၊ အိန္ဒိယနိုင်ငံရဲ့ စွန့်ဥိးတည်ထွင် စီးပွားပဲ့ကိုင်ရှင်ကြီး၊ နှိမ့်ချနေထိုင်တတ်လို့ လူအများ လေးစားခြင်းခံရတဲ့သူ

ထိုသူနဲ့ နာရီပေါင်းများစွာ ရှိခဲ့တာကို ကျုပ်လို နာမည်ကြီး ရုပ်ရှင်မင်းသားကို မသိရ ကောင်းလားဆိုပြီး စိတ်ထဲ ပြစ်တင်နေမိတာကို ရှက်နေမိတယ်။ ကျုပ်စိတ်ထဲ နှိမ့်ချနေထိုင်တတ်ရမယ်လို့ အကြိမ်ကြိမ် ရေရွတ်နေမိတယ်။

စာကြွင်း
J.R.D Tata သည် Ratan Tata ၏အဖေဖြစ်သည်။
👍342
ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့တူ တိုက်ပွဲကျသွားတယ်လို့ အနီတွေတင်လာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို လေးစားသွားတယ်။

nug ဝန်ကြီးတွေက လူငယ်တွေကို မြောက်ပေးပြီး သူတို့ သားသမီးကိုတော့ အမေရိကား ပို့ထားတယ်။

မိဘက သားသမီးကိုအတင်းလုပ်ခိုင်းလို့ မရပေမယ့် သူများသားသမီးတွေကို မြောက်ပေးရင် ကိုယ့်သားသမီးလဲ စံပြအဖြစ် ရှေ့တန်းပို့ရမယ်။ မင်းမော်ကွန်းရဲ့ သမီး၊ ပန်ဆယ်လိုရဲ့ ညီမ၊ ဇော်ဝေစိုးရဲ့ သားသမီး၊ ရည်မွန်ရဲ့ သမီး ဆရာဝန်မလေးတွေက ရွှေမှုန်စားပြီး ရွှေဇွန်းကိုက်ထားကြလို့လား။ တောထဲရောက်လူငယ်တွေ မေးသင့်တဲ့မေးခွန်းနော်။
31👍28
This media is not supported in your browser
VIEW IN TELEGRAM
မိုးလေဝသ သတင်းကြေညာတာ အလန်းကြီးနော်။ ပြည်သူတွေ သိသာ မြင်သာရှိသွားတော့ ကြိုပြင်ဆင်လို့ရသွားတာပေါ့။
👍362
This media is not supported in your browser
VIEW IN TELEGRAM
ဈေးထဲမှာ သူ့လူနဲ့သူ အော်ပြီး ပြန်သွားရရှာတယ်။ လှုံ့ဆော်ရေးအတွက် လာအော်တာ ဘယ်သူကမှ စွဖက်လုပ်ပဲ သွားလာနေကြတယ်။ နောက်ကကားတွေက လမ်းပိတ်လို့ ဟွန်း လှမ်းတီးနေတယ်။ အရက်သမားအရူးက အားနာလို့ထင်ပါတယ်။ မူးကြောင်ရူးကြောင်နဲ့ ထအော်ပေးရှာတယ်။

အေးချမ်းနေတဲ့မြို့ကို ဖျက်စီးမယ့် မင်းတို့ကို ပြည်သူက မထောက်ခံတော့ဘူး။ လားရှိုး မိုးကုတ်က သက်သေပဲလေ။
👍40🔥6
Media is too big
VIEW IN TELEGRAM
ခေတ်ဆိုးခေတ်ကြပ်ကြီးမှာ ထမင်းစားရဖို့ ရရာဝင်လုပ်ရင်းနဲ့ဖြစ်သွားတာဆိုတော့လဲ တာဝန်ရှိသူတွေ ပြန်စဥ်းစားသင့်ပါတယ်။ ထမင်းစားရျဖို့ အလုပ်လုပ်ရင်းဖြစ်တဲ့သူတွေကို ခံဝန်လောက်နဲ့ပဲ ပြီးဆုံးသင့်ပါတယ်။ တိုင်းဖျက်ပြည်ဖျက်တွေကိုတောင် ခံဝန်နဲ့ ပြန်လွှတ်ခဲ့တာပဲလေ။
👍35