နီပိန်းတိုက်ဖျက်ရေး
3.83K subscribers
3.99K photos
1.26K videos
67 links
နီပေါတိုက်ဖျက်ရေး
Download Telegram
ပါပီမ ပြီးတော့ ပါပီထီးဇာတ်လမ်း လာမယ်နော်။ တောတွင်းရင်နာစရာ ဇာတ်လမ်းအသစ်တွေ လာမယ်။
👍24👏51
ကိုရီးယားမှာ ဆန္ဒပြတာ ကိုရီးယားအစိုးရက ဆန္ဒပြသူတွေကို လူသားဆန်တယ် ၊ မြန်မာစစ်တပ်က လူသားမဆန် ပစ်ခတ်တယ် ဆိုပြီး နီပိန်းတွေ ဝါဒဖြန့်နေတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြပါစေဆိုပြီး တပ်မတော်အစိုးရက ခွင့်ပြူပေးထားတယ်။ ဆန္ဒပြသူတွေကို ရဲက လုံခြုံရေး လုပ်ပေးထားသေးတယ်။ လမ်းရှင်းပေးထားသေးတယ်။

ဆန္ဒပြသူတွေ က လမ်းတွေပိတ်တယ်။ စားဝတ်နေရေးအတွက် အလုပ်သွား အလုပ်လာသူတွေကို နှောင့်ယှက်တယ်။ ကားတွေပျက်ဟန်ဆောင်ပြီး လမ်းပိတ်တယ်။ အလုပ်သွားရင် ရန်ရှာတယ်။ သံပုံးမတီးသူတွေကို သတ်ဖြတ်တယ်။ ကတုံး တုံးတယ် ။ မျက်ခုံးမွေးတွေ ရိတ်တယ်လေ။ အေးချမ်းစွာ ဆန္ဒပြတာ မဟုတ်ပဲ သူတစ်ပါးအခွင့်အရေးကို နှောင့်ယှက်လာတဲ့အချိန်မှာ အစိုးရတိုင်းက နှိမ်နင်းမှာပဲ။

ကိုရီးးယားပြည်သူတွေ အဲ့လိုလုပ်ကြလား။ စုရပ်မှာ စုဝေးပြီး ဆန္ဒပြတယ်။ လမ်းမပိတ်အောင် စီတန်း ချီတက်ဆန္ဒပြတယ်။ လူသားဆန်ဖို့ဆိုတာ လူလို သူတစ်ပါးရဲ့အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ နဲ့ လူ့ကျင့်ဝတ်တွေကို နားလည်မှ ဖြစ်မယ်။ သူတို့ကို မထောက်ခံရင် မိဘလဲ သတ်ဆိုတဲ့ လူလိုနားမလည်တဲ့သူကို လူလိုပြောလို့ မရဘူး။ လူလိုနားလည်အောင် လူသားဆန်အောင် လူ့ကျင့်ဝတ်တွေသင်တဲ့ ကျောင်းတက်ကြပါဆိုတော့ ကျောင်းမတက်ကြနဲ့တဲ့နော်။
👍321
Media is too big
VIEW IN TELEGRAM
သံဃာတော် အရှင်မြတ်ဘုရားတို့ကို ယခု vdo ကိုကြည့်ဖို့ ဦးတင်ပါတယ်။ နိုင်ငံရေးသမားတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ယနေ့ခေတ် လူငယ်တွေ အရမ်းကို ရိုင်းစိုင်းသွားကြပါပြီ။ အမြင်မတူတဲ့ အန္တနဂိုဏ်းဝင် ကျေးဇူးရှင် မိဘကိုတောင် မကာကွယ်ပေးတော့ပဲ ဒလန်လို့ စွပ်စွဲပြီး သတ်ခိုင်းနေကြပါပြီ။ နိုငိငံရေးသမားတွေရဲ့ လစ်ဘရယ် အတွေးအခေါ်နဲ့ ကွန်မြူနစ် အတွေးအခေါ်တွေ သွပ်သွင်းခြင်းရဲ့ အောင်မြင်မှုကို ယခု vdo မှာ ထင်ရှား မြင်ရပါမယ်။

မိဘကျေးဇူးကို ဒလန်ဆိုတဲ့ခေါင်းစဥ်နဲ့ အပြတ်ရှင်းချင်နေကြပါပြီ။ ဗုဒ္ဓဘာသာ အခြေခံစံနှုန်းတွေကို ရိုက်ချိုးဖျက်စီးဖို့အတွက် ကွန်မြူနစ်တွေရဲ့ အစီအမံများက လူငယ်ထုကြားထဲ ထင်ရှားမြင်တွေ့နေရပြီဖြစ်ကြောင်း ဦးတင်အပ်ပါတယ်။
👍17🔥2
This media is not supported in your browser
VIEW IN TELEGRAM
နီပိန်းတွေ ၁၂-၂-၂၀၂၁ ထဲက ဇောင်းထတာနော်။ ပြည်ထောင်စုန့မှာ တပ်မတော်အစိုးရက
ထောင်သား အချို့ကို လွတ်ငြိမ်းခွင့်ပေးလိုက်တယ်။ ထောင်ကထွက်လာလို့ ဘယ်သွားလို့ ဘယ်လာရမှန်းမသိလို့ ယောင်လည်လည်ဖြစ်နေသူတွေကို ကွန်ကြောင်တွေက ကားပေါ်တင်ပြီး ရပ်ကွက်ထိပ် လမ်းဆုံတွေမှာ လိုက်ချပေးတယ်။ ထောင်ကထွက်လာသူတွေပဲ မဟုတ်ဘူးနော်။ စိတ်ဝေဒနာရှင် ရောဂါသည်တွေကို ဖမ်းပြီး ရပ်ကွက်ထိပ်၊ လမ်းထိပ်တွေချပေးတယ်။

အစိုးရလွတ်ပေးလိုက်တဲ့ ထောင်ထွက်တွေ ရပ်ကွက်ထဲဝင်လာပါပြီဆိုပြီး ဖွဘုတ်ကနေ live လွင့်ပြီး ဖွတယ်။ ရပ်ကွက်ထဲ ဆူဆူပူပူဖြစ်ပြီး စိတ်ဝေဒနာရှင်တွေ ၊ ထောင်ထွက် မအူမလည်တွေ တွေ့တယ်။ တပ်ကလွှက်လိုက်တဲ့ သတင်းပေးတွေပါဆိုပြီး ကတုံး တုံးတယ်။ တက်တူးထိုး စော်ကားပြီး ပြန်လွှတ်တယ်။

ရည်ရွယ်ချက်က ရပ်ကွက်လမ်းထိပ်တွေကို ပြည်သူတွေသွားလာ မရအောင် ခြံစည်းရိုးကာစေချင်တာပါပဲ ။ အတွေးအခေါ် အိုင်ဒီယိုလော်ဂျီက ကွန်မြူနစ် ဖခင်ကြီး မော်စီတုန်းရဲ့ ရပ်ရွာ အခြေပြုရေး လှုပ်ရှားမှုကို နီပိန်းတွေကို အသုံးချပြီး လုပ်သွားတယ်။

ခုလည်း ရွာတွေမှာ နီပိန်းတွေကို လက်နက်ကိုင်ခိုင်းထားပြီး ရပ်ရွာအခြေပြုတွေလှုပ်ရှားပြီး မြို့တွေကို ဝိုင်းပတ်ဖို့ ကြိုးစားနေကြတယ်။ ကွန်မြူနစ် အတွေးအခေါ်ပဲ။
👍19🔥2
ကရင်ပြည်နယ်ထဲမှာ အဖွဲ့တွေများတော့ knu အတွက် နယ်မြေလုဖို့က အဆင်မပြေဘူး။ ပဲခူးတိုင်း ညောင်လေးပင်၊ ကျောက်ကြီး၊ ဖြူး၊ တောင်ငူ၊ သံတောင်ကြီး နဲ့ ရေတာရှည်ဘက်တွေကို သိမ်းဖို့ လက်နက်အင်အား ၊ လူအင်အား စုနေပါတယ်။

အဲ့ဘက်က တပ်တွေ သတင်းစုတာ၊ နယ်မြေရှင်းတာ၊ ကင်းထောက်တာ ၊ ဧည့်စာရင်းစစ်တာ၊ ခံစစ်ပြင်တာ တွေ ကြိုလုပ်ထားသင့်ပါတယ်။ ဒရုန်းဗုံးကို ခံနိုင်တဲ့ ကွန်ကရစ် အမိုးနဲ့ ဘန်ကာတွေ တည်ဆောက်ထားသင့်ပါတယ်။ တည်ဆောက်ပြီး ကောင်းကင်က ကြည့်ရင် မမြင်နိုင်အောင် ပုံဖျက်ထားသင့်ပါတယ်။ စခန်းအနီးနားက ရန်သူခိုအောင်းပြီး ဒရုန်းလွှတ်တင်နိုင်တဲ့နေရာတွေကိုလဲ မြေပုံအညွှန်းတွေ ကြိုတင် တွက်ချက်ထားသင့်ပါတယ်။ လေကြောင်း ရိက္ခာပို့ရအောင် စခန်းတွင်းမှာ ရဟတ်ယာဥ်ကွင်းလုပ်ဖို့နေရာတွေ၊ ရိက္ခာချဖို့နေရာတွေကို ကြိုပြင်ဆင် ထားသင့်ပါတယ်။ knu က မျောက်သုံးကောင်ကို အားကျနေပါတယ်။
👍27
cdm လုပ်လို့ အလုပ်ပြုတ်ရင် အိမ်ပေါ်တင်ကျွေးထားပါမယ်ဆိုတဲ့ ဂျင်းတွေယုံမိလို့ ဖြစ်တာလေနော်။ လူသားဆန်ပါတယ် ဆိုတဲ့ နီပိန်းတွေ ဘယ်ရောက်နေပြီပဲ။ cdm လုပ်ပါ အလုပ်ပြုတ်ရင် ကူညီကြမှာပ့ဆိုတဲ့ အိန္ဒြာကျော်ဇင် ၊ ပြေတီဦး၊ လူမင်း ၊ ချမ်းမြေ့မောင်ချို ၊ ရာဇာနေဝင်းဆို့ ဘယ်ရောက်နေပြီလဲ။

မင်းတို့ နီပိန်းတွေရဲ့ လူသားမဆန်မှုကြောင့် cdm တွေ -ာတန်းရောက်နေကြပြီ။
👍23👏3
ဗုံးဒဏ်ခံနိုင်အောင် ဗုံးခိုကျင်းတွေတူးပြီး ဇောင်းထဖို့ လုပ်နေကြပြီ။ မန်လေးတိုင်းထဲမှာလို့ သိရတယ်။
👍18🔥3
လျှပ်စစ်မီးက လာရမယ့်အချိန်ဆို နာရီဝက် အလာပြတယ်။ ပြတ်ခါနီး နာရီဝက်မှာ အလာပြန်ပြပြီး ပြန်ပြီးဖြတ်တယ်။ ကြားထဲက (၃) နာရီကို ခိုးသွားတယ်။

မနက် (၆) ညနေ (၅) အတွင်းမှာ နာရီဝက် (၂) ခါပဲ မီးအလာပြတယ်။ အချိန်ဇယား အတိအကျထုတ်ပြန်ပြီး မဖြတ်ရင် ပြည်သူတွေရဲ့ ရပိုင်ခွင့်ကို ခိုးတာပဲနော်။

လူနေရပ်ကွက်ထဲက စီးပွားရေးလုပ်ငန်းတွေကို EPC ဝန်ထမ်းတွေက အပို လျှပ်စစ်မီး တစ်လိုင်းရောင်းထားတယ်။ အုပ်စု (A) ထဲရှိတဲ့ လုပ်ငန်းကို အုပ်စု (B) လိုင်းက လိုင်းတစ်လိုင်း အပိုရောင်းပေးတယ်။ တစ်လိုင်းကို သိန်းရာချီ ဈေးပေါက်ပါတယ်။

တစ်နိုင်ငံလုံး လျှပ်စစ်မီးအခက်အခဲရှိတယ်ဆိုရင် ကြေညာပြီး ဖြတ်ပါ။ ကျေနပ်ပါတယ်။ ကြေညာထားတဲ့ အချိန်ဇယားအတိုင်း လျှပ်စစ်မီးဖြတ်တာ မဟုတ်ရင် ဘယ်သူ့ကို တိုင်ရမလဲ။ စီးပွားရေးလုပ်ငန်းတွေကို အပိုလိုင်း သွယ်တန်းပြီး ရောင်းစားနေတာတွေကို ဘယ်သူ့ကို တိုင်ရမလဲ။ နိုင်ငံတော်အကြီးအကဲတွေ အောက်ခြေက ပြည်သူများရဲ့ အခက်အခဲကိုကြားသိပါစေ။
👍35👏4
ဆေးရုံကို ပြန်လာကြပါလို့ ၂၀၂၁ ဇူလိုင်လမှာ တပ်ချုပ် ကိုယ်တိုင် ခေါ်ခဲ့တယ် ။ အိမ်ပေါ် တင်ကျွေးထားမယ် ဆိုပြီး ဂျင်းထည့်ခဲ့တဲ့ နီပိန်းတွေ စကားကို ပညာတတ် ဆရာဝန်တွေ ယုံခဲ့တာမလား။ cdm အောင်နေပြီ ဆိုတဲ့ ဇော်ဝေစိုး စကားကို ယုံခဲ့ကြတာမလား။

ဇောင်းထပြီး -ာခံစားရမှ စစ်တပ်လုပ်တာလို့ မအော်နဲ့နော်။ အပြစ်တင်ချင်ရင် အိမ်ပေါ်တင်ကျွေးထားမယ့်လို့ ဂျင်းထည့်ခဲ့တဲ့ နီပိန်းတွေကို အပြစ်တင်နော်။

ဆရာဝန်မတွေ အာဏာထိမ်းမှ -ာခံစားကြတာ မဟုတ်ပါဘူး။ ဒေါ်စုလက်ထက် အမေ့လယ်ကွက် ပြပြီး ရှာစားတဲ့ ဆရာဝန်မ နန်းမွေစံတို့လဲ ရှိတာပဲ။

ပြန်ခေါ်တုန်းက မင်းတို့ နီပိန်းတွေ ဘယ်လို ဇောင်းထခဲ့လဲ အောက်က ပို့စ်မှာ သွားကြည့်နော်။

https://www.facebook.com/105480538254654/posts/200047098797997/
👍23
ကြက်ခြေနီတွေရဲ့ ဖခင်ကြီးက ဟင်နရီ ဒူးနန့်ပါနော်။ စစ်ပွဲထဲမှာ ရန်သူမိတ်ဆွေ မရွေး၊ အသားအရောင် မရွေး ကုသပေးပါတယ်။ ကိုယ့်ဖက် သူ့ဖက် မရွေးပါဘူးနော်။ လူနာတိုင်းကို ဆေးကုသပေးပ့တယ်။ ဟင်နရီဒူးနန့်ကို ဆေးပညာလောကရဲ့ စံပြ အဖြစ်သတ်မှတ်ကြပါတယ်။ ကြက်ခြေနီတွေရဲ့ ဖခင်ကြီးအဖြစ် လေးစားသတ်မှတ်ထားကြပါတယ်။

ဆေးပညာသမားတွေရဲ့ မွန်မြတ်တဲ့ အနှစ်သာရက တတ်ထားတဲ့ ဆေးပညာနဲ့ ရန်သူမိတ်ဆွေ၊ ဆင်းရဲချမ်းသာ၊ အယုတ်အလတ်အမြတ် မရွေးကုသပေးဖို့ပါ။ နီပိန်း စိတ်ဓာတ်ဝင်သွားတဲ့ ဆေးပညာသမားတွေကတော့ နိုင်ငံရေးအရောင်ခွဲပြီးမှ ကုသပါတယ်။

အစိုးရဆေးရုံတွေမှာ အခမဲ့ကုသပေးရတော့ ပိုက်ဆံမရပါဘူး။ cdm ဆေးပညာသမားတွေက လူနာဆီက ပိုက်ဆံ မြိုးမြိုးမြက်မြက်ရတဲ့ ပုဂ္ဂလိကဆေးခန်းတွေ ဆေးရုံတွေမှာပဲ ပိုက်ဆံယူပြီး ကုသပေးကြပါတယ်။ cdm အကြောင်းပြပြီး လူနာဆီက ပိုက်ဆံပိုလိုချင်၊ ပိုက်ဆံ စားချင်ကြလို့ ဆေးကုသခွင့် လိုင်စင်တွေ ပိတ်သိမ်းခံရတာဖြစ်ပါတယ်။

ဆေးလောကရဲ့ စံပြ အဖြစ် သတ်မှတ်ထားကြတဲ့ဟင်နရီဒူးနန့်နဲ့ မြန်မာနိုင်ငံက cdm ဆေးပညာသမားတွေကို နှိုင်းယှဥ်ကြည့်ပါနော်။ မြန်မာပြည်က cdm ဆေးပညာသမားတွေက ဆေးလောကရဲ့ စံအဖြစ်သတ်မှတ်ထားတဲ့ စံတန်ဖိုးနဲ့ အလွန်ကွာခြားနေပါတယ်။ နံ့သာဆီနဲ့ အီးပါနော်။
👍315
၈၈ မှာ အနီတွေ တောင်းဆိုခဲ့တာက ဒီမိုကရေစီ ရရှိရေးတဲ့။ တောင်းဆိုတဲ့ နောက်ခံအဖွဲ့အစည်းနဲ့ လူတွေက ကွန်မြူနစ်တွေပါ။

၂၀၁၀ ဒီမိုကရေစီ ရတော့ ၂၀၂၁ မှာ အာဏာရှင်ပြုတ်ကျရေးတဲ့။ ရွေးကောက်ပွဲလဲ မလိုချင်ဘူးဆိုတော့ ထွန်းမြတ်နိုင် ပြောတဲ့ တစ်ပြည်ထောင် တစ်ပါတီ စနစ်ကို အသက်သွင့်ချင်နေတာလားပေါ့။ ဝ မိုင်းလား ကိုးကန့် ကလဲ ရွေးကောက်ပွဲ မရှိတဲ့ တစ်ပါတီစနစ် အုပ်ချုပ်မှုတွေပါ။ အညာဒေသမှာ တိုက်နေကြတာလဲ ဗကပ လက်ကျန် ကွန်ကြောင်တွေပါပဲ။

အားလုံးခြုံကြည့်ရင် မြန်မာပြည်ကို တစ်ပြည်ထောင် အာဏာရှင်စနစ် အသက်သွင်းချင်နေတာပါ။ အာဏာရှင်စနစ် စနစ်ကို တည်ဆောက်ချင်နေကြတာပါ။

တပ်မတော်က ရွေးကောက်ပွဲ ကျင်းပပြီး ဒီမိုကရေစီ စနစ်ကို အသက်သွင်းဖို့ ကြိုးစားနေပေမယ့် တစ်ဖက်မှာက တစ်ပြည်ထောင် တစ်ပါတီ အာဏာရှင်စနစ်ကို နယ်မြေအသီးသီးမှာ အသက်သွင်းရေး ကြိုးစားနေကြပါတယ်။

တပ်မတော်တိုက်နေတဲ့ တိုက်ပွဲက တစ်တိုင်းပြည်လုံး ပါတီစုံ ဒီနိုကရေစီစနစ် ပြန်လည်ရှင်သန်လာရေး ဖြစ်ပြီး တစ်ဖက်က တိုက်နေတာက မြန်မာပြည်ကို အာဏာရှင်စနစ်တည်ဆောက်ရေး ဖြစ်ပါတယ်။ ဘယ်သူက အာဏာရှင် စနစ်တိုက်ဖျက်နေရလဲ ၊ ဘယ်သူက ဒီမိုကရေစီ ပြန်လည် ထွန်ကားရေး အသက်သွေးချွေးတွေ ပေးပြီး တိုက်ပွဲဝင်နေရလဲ ကွဲပြား သိမြင်နိုင်ကြပါစေ။

တပ်မတော်သည် ဒီမိုကရေစီစနစ် ပြန်လည်အသက်သွင်းနိုင်ရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်လို့ ပြည်သူများ ပါဝင်ပူးပေါင်းကြဖို့ တိုက်တွန်းပါတယ်။
👍28
This media is not supported in your browser
VIEW IN TELEGRAM
လူသတ်အကြမ်းဖက်သမား လူလိမ်တွေ ကို ဘယ်နိုင်ငံကမှ လက်မခံကြတော့ဘူး။ ထိုင်းအစိုးရကလဲ အဖက်မလုပ်ဘူး။ မလေးကလဲ ဖမ်းနေပြီ။ စလုံးကလဲ လက်မခံဘူး။ အမေရိကားကလဲ အကြမ်းဖက်သမား စာရင်းသွင်းထားပြီး နှင်ထုတ် တော့မယ်။ တရုတ် နဲ့ အိန္ဒိယကလဲ ဇောင်းထလို့ ကြိတ်ချင်နေကြတာနော်။
နိုင်ငံတကာ အစိုးရတိုင်းက တရားဝင် သတင်း မထုတ်ပြန်ကပေမယ့် nug ကို လက်မခံကြတာ အကြမ်းဖက် လူသတ်မှုတွေ ကြောင့်ပါပဲ။
👍202🔥1
This media is not supported in your browser
VIEW IN TELEGRAM
အမြင်မတူသူတွေကို သတ်ဖို့ ငွေလှု၊ ပြည်သူ့ အိုးအိမ်တွေ မီးလောင်ပြာကျအောင် လက်နက်ဝယ်လှုပြီး စစ်မီးမွှေးခဲ့ကြတဲ့ အကုသိုလ်ကံတွေက ကိုယ်ထံအရိပိမဲအဖြစ် လိုက်နေမှာပဲ။

စစ်တပ်က လုပ်လို့ဖြစ်တာဆိုပြီး အပြစ်ပုံမချနဲ့နော်။ စစ်တပ်က ငြိမ်းချမ်းတဲ့နည်းလမ်းဖြစ်တဲ့ ရွေးကောက်ပွဲ လုပ်ပြီး အာဏာပြန်အပ်မယ် ပြောပြီး ကတိပေးသားနော်။ လက်နက်လှုပြီး စစ်မီးမွှေးခဲ့ကြတာ မင်းတို့ နီပိန်းတွေပဲ။ ဆရာတော်ကြီးတွေကို ဆဲ၊ ဗုဒ္ဓဘာသာကို အကြည်ညိုပျက်အောင် လုပ်ခဲ့ကြပြီး အကုသိုလ် ယူခဲ့ကြတာလဲ မင်းတို့နီပိန်းတွေပဲ။

ထိုင်း၊ မလေးရှား၊ ကိုရီးယားက နီပိန်းတွေတော့ ဒုက္ခတွေ့နေကြပြီ။ အမေရိကားက နီပိန်းတွေတော့ ထရမ့်တက်ရင် ဒုက္ခတွေ့ကြတော့မယ်။ စင်ကာပူ၊ ဂျပန်လဲ လာမယ်၊ ကိုယ်ပြုတဲ့ကံက ကိုယ့်ထံလိုက်လာကြမှာနော်။
15👏7
မြန်မာနိုင်ငံက ၂၀၂၅ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် အိမ်နီးချငိးနိုင်ငံတွေ အကုန်လုံးက အကောင်းမြင်မှုနဲ့ တုန့်ပြန်ခဲ့ကြပါတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နီကွမ်းဒက် ဘလန်ကူရာ က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ဘန်ကောက်ပို့စ်ကို ပြောကြားခဲ့ပါတယ်။

စစ်ပွဲတွေကြားထဲကနေ ပြုလုပ်ဖို့စီစဥ်ထားတဲ့ ရွေးကောက်ပွဲမှာ နိုင်ငံတကာက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကို ဖိတ်ကြားနိုင်ချေရှိတယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို ကိုးကားပြီး ထိုင်းအရာရှိက ဘန်ကောက်ပို့စ်ကို ပြောကြားသွားခဲ့ပါတယ်တဲ့နော်။

နိုင်ငံတကာက ထောက်ခံနေတဲ့ ရွေးကောက်ပွဲကို ဖျက်မယ်ဆိုတဲ့ နီပိန်းလေးတွေ ဖတ်ကြည့်ပေါ့နော်။ မင်းတို့နီပိန်းတွေက ကျောင်မတက် ပညာမတတ်လို့ ဖတ်တတ်မယ်လဲ မထင်ပါဘူး။ စာမဖတ်တတ်လို့ ဇောင်းထပြီး ရွေးကောက်ပွဲဖျက်ရင် အိမ်နီးချင်းနိုင်ငံတွေက ပိုပြီး ကာလနာတိုက်ကြလိမ့်မယ်လို့ပဲ သတိပေးချငိတယ်။
👍22👏6
This media is not supported in your browser
VIEW IN TELEGRAM
pdf တွေခိုးနေတာကို သိကုန်ကြပြီ။
👍10
This media is not supported in your browser
VIEW IN TELEGRAM
သယဲဇာတ ခိုးထုတ်ရင်းနဲ့ nld လူလိမ်တွေ ချမ်းသာကုန်ပြီ။
👍13🔥1
This media is not supported in your browser
VIEW IN TELEGRAM
မကောင်းတာ အကုန်လုပ်တဲ့ pdf တွေနော်။
👍12🔥1