နီပိန်းတိုက်ဖျက်ရေး
3.84K subscribers
4K photos
1.26K videos
68 links
နီပေါတိုက်ဖျက်ရေး
Download Telegram
နီပိတ် gz လေးတွေက လစ်ဘရယ်ကြောင်တယ်။ အနာခီ ဘာသာမဲ့လိုလို ကြောင်တယ်။ ကွန်ကြောင် ဆေးကြောင်နေတယ်။ ဆေးကြောင်ပြီး ဘာသာသာ မဲ့တာနော်။ ပရလောကသား ဂရုထဲတော့ သူတို့ချည်းပဲ။ လူကြီးသူမတွေ ဆုံးမတာတွေကို လှောင်ပြောင်ပြီး သူတိုကတော့ သရဲတော့အရမ်းကြောက်တာနော်။

ကလပ်တစ်ခုမှာ ဘာသာမဲ့ အနာခီလေးတွေကို သရဲခြောက်တဲ့ prank vdo သွားရိုက်ဖူးတယ်။ အကြောက်လွန်ပြီး သေးပါထွက်ကျတဲ့ အနာခီ စွပေါ gz လေးတွေ တစ်ပုံကြီးပဲ။ ဖွဘုတ်ပေါ် လေကြီးလေကျယ်သာပြောတာ သရဲခြောက်ခံရတော့ ဘုရားစာတွေကို အော်ငိုပြီး ရွတ်တာနော်။ အသံနက်ကြီးနဲ့။ ဘောင်းဘီထဲလဲ သေးတွေထွက်ကျလို့နော် ။ အကြောက်လွန်ပြီး သေသွားမှာစိုးလို့ ခြောက်တဲ့သရဲတောင် ပြန်လှန့်သွားရတယ်။
👍36👏2🔥1
ဒေါ်စုခြံက အမေရိကန်သံရုံးနားမှာပဲ။ သံရုံးထဲက အသံတွေ၊ frequency တွေ နားထောင်ဖို့ တရုတ်ကလဲ လိုချင်မှာပေါ့နော်။ မြန်မာနိုင်ငံသား တရုတ်လက်ဝေခံတွေ လေလံ ဝင်ဆွဲပြီးအောင်သွားရင် နီပိန်းတွေ ငိုကြမလား။
နီပိန်းတွေက အခုဘယ်သူ့ကို ကကျွန်ခံနေကြတာလဲ ။ အမေရိကန်လား။ တရုတ်လား။

အောင်ဆန်းက ဂျပန်ကိုခေါ်လာလို့ ဂျပန်ကျွန်ဖြစ်သွားတာကို မမေ့ကြနဲ့နော်။
👍39
လေယာဥ်က အမြင့်ပေ ခပ်မြင့်မြင့်ကနေ ဗုံးကြဲရပါတယ်။ ပစ်မှတ်တိကျဖို့ ဆိုရင် ဒိုက်ထိုးပြီး ဗုံးကြဲတာနဲ့ လေဆာ လမ်းညွှန် ဗုံးတွေသုံးမှ ပစ်မှတ်တိကျနိုင်ပါမယ်။ ဒိုက်ထိုးပြီးကြဲတာက လေယာဥ်နဲ့ လေယာဥ်မှူး အန္တရာယ်များပါတယ်။ လေဆာ လမ်းညွှန် ဗုံးတွေက ဈေးကြီးပါတယ်။ Y12 လို လေယာဥ်ပေါ် ဗုံးတင်ပြီး ဗုံးကြဲတာက စရိတ်သက်သာပါတယ်။

ဒရုန်းတွေက အမြင့်ပေ ခပ်နိမ့်နိမ့်ကနေ ဗုံးကြဲနိုင်ပါတယ်။ ကုန်ကျစရိတ်သက်သာတယ်။ ပစ်မှတ်တိကျပါတယ်။ ခြေလျင်တက်လာတဲ့ စစ်ကြောင်းတွေကို ကင်းထောက် ချေမှုန်းတာမှာ အားသာပါတယ်။ ဒရုန်းတွေရဲ့ အားနည်းချက်က ဝန်အများကြီးမသယ်နိုင်တာ၊ ဘက်ထရီ အားမခံတာ၊ အားပြန်သွင်းရတာ နဲ့ ရှေ့တန်းစစ်မြေပြင်မှာ မောင်းနှင်မယ့် အော်ပရေတာတွေ အဆင်သင့်မဖြစ်သေးတာတွေ ဖြစ်ပါတယ်။ တက်လာတော့မယ့် ရန်သူကို ဒရုန်းနဲ့ ကင်းထောက်ချေမှုန်းတာက ရန်သူအပေါ် စိတ်ဓာတ်ရေးရာအရ တစ်ပန်းသာပါတယ်။

ဒရုန်းနဲ့ လေယာဥ်ကြား အမြင့်ပေမှာ UAV နဲ့ ကစားနိုင်ပါတယ်။ UAV တွေက လေပေါ်မှာ ၁၇ နာရီ ၁၈ နာရီ နေနိုင်ပြီး ကင်းထောက်နိုင်ပါတယ်။ CH4 တွေဆိုရင် နာရီ ၃၀ ကျော် မနားတမ်း ကင်းထောက်နိုင်ပါတယ်။ ရုရှားက Orion UAV က ၂၄ နာရီ ကင်းထောက်နိုင်ပါတယ်။ အားနည်းချက် လက်နက်အများကြီး မတင်နိုင်ပါ။ လက်နက်နဲ့ UAV တန်ဖိုး စရိတ်ကြီးပါတယ်။

UAV တွေအောက် အမြင့်ပေ (၁၀၀၀၀) လောက်မှာ mi 35 တို့လို တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေနဲ့ စစ်ကစားလို့ ရပါတယ်။ တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေရဲ့ အားသာချက်က ချီတက်လာတဲ့ တင့်ကားတွေ ထောက်ပို့ကားတွေကို လျှပ်တစ်ပြက် ကြားဖြတ် ဝင်ရောက် တိုက်ခိုက်လို့ရပါတယ်။ ပစ်အားကောင်းပါတယ်။ လက်နက်များများတင်နိုင်ပါတယ်။ လက်နက် ကုန်ကျစရိတ်က အလယ်အလတ်လောက်ရှိပါတယ်။ အားနည်းချက်က ရန်သူက အလွယ်တကူ မြင်နိုင်ပါတယ်။ မိုးရာသီ ရာသီဥတုဆိုးရင် အန္တရာယ်ရှိပါတယ်။ UAV ထောက်လှမ်းထားတဲ့ ရန့်သူ သတင်းမရှိရင် ကြားဖြတ်တိုက်ခိုက်ဖို့ ခက်ခဲပါတယ်။

လက်ရှိအခြေအနေအရ တပ်မတော်သားတွေ အားဖြစ်အောင် ဘာတွေကူညီကြရမလဲ လှုကြရမလဲ ဆွေးနွေးကူညီကြပါဦးနော်။
👍753
တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အချုပ်အခြာကို ဝင်ရောက် မစွက်ဖက်ဘူး။ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးကို လိုလားတယ် ဆိုတာ လုပ်ရပ်နဲ့ သက်သေပြဖို့လိုပါတယ်။ စစ်ပွဲတွေရပ်အောင် ကူညီပေးမယ်။ စီးပွားရေးနဲ့ ငွေကြေးအထောက်အပံ့တွေ ပေးမယ် ဆိုရင် တရုတ်နိုင်ငံအပေါ်မှာ မြန်မာပြည်သူတွေထားရှိတဲ့ အမြင်က လုံးဝပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေက မြန်မာပြည်သူတွေ ဒုက္ခအရောက်ဆုံးအခြေအနေပါ။ တရုတ်က ဒေါ်လာ (၃) ဘီလီယံ ထောက်ပံ့မယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ ကောလာဟလ သတင်းလေးနဲ့တင် မြန်မာပြည်သူတွေက အတော်ကို ကျေးဇူးတင်နေကြပါပြီ။

မြန်မာနိုင်ငံထဲမှာ တရုတ်ဆန့်ကျင်ရေးလုပ်ခဲ့ကြတာက အနောက်အုပ်စု အထောက်အပံ့ရယူထားတဲ့ ပြည်ဖျက်မီဒီယာတွေ နဲ့ nug အုပ်စုပါ။ မြစ်ဆုံရပ်တန့်အောင် ဆန္ဒပြ လှုံ့ဆော်ခဲ့တာ နီပိန်းအုပ်စုပါ။ လက်ပံ့တန်းတောင် ဆန္ဒပြတာ အနောက်အုပ်စု မြောက်ပေးထားတဲ့ အုပ်စုပါ။ လှိုင်သာယာ တရုတ်စက်ရုံတွေကို မီးရှို့ ဖျက်စီးခဲ့တာ nug နီပိန်းအုပ်စုပါနော်။
👍58
မြင်းခြံ ပသစ ၊ ဝါရာဇွပ် ပသစ တွေက တီထွင်ဖန်တီးမှု အားကောင်းတယ်။ လူငယ်တွေ ဦးစီလို့ ထင်တယ်။ ကားတွေကို ခြုံခိုတိုက်ခိုက်မှု မခံရအောင် ဖန်တီးထားတယ်။ ဒရုန်းတွေလဲ သုံးနိုင်တယ်။

တပ်မတော်ရဲ့ မြေပြင်စစ်ကြောင်းတွေက စည်းကမ်းတွေကြောင့် ခြေချုပ်မိနေသလိုကြီး ဖြစ်ပြီး ခေတ်မမီတော့ဘူး။ တပ်မတော်ကြီး ခေတ်မီအောင် လေယာဥ်တွေဝယ်၊ အမြောက်တွေဝယ်နေတာနဲ့ပဲ မရတော့ဘူး‌ဗျ။ တီထွင်နိုင်တဲ့လူငယ်တွေကို နေရာပေးပြီး လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့် ပေးသင့်ပါတယ်။
👍898
ပိန်းတွေက ဒီလို အမှတ်အစဥ်တိုင်း မုန်းတယ်။

(၁) တပ်မတော်
(၂) တရုတ်အစိုးရ
(၃) ဗုဒ္ဓဘာသာ ဘုန်တော်ကြီးများ နှင့် ဆရာတော်ကြီးများ၊ ဗုဒ္ဓဘာသာ ကြည်ညို ကိုင်းရှိုင်းသူများ
(၄) ပြည်ခိုင်ဖြိုးပါတီဝင်များ
(၅) အေးချမ်းစွာနေထိုင်လိုကြတဲ့ ကြားနေပြည်သူများ
👍71🔥1
မြို့လုံခြုံရေးတွေအတွက် UID စမတ်ကဒ်နဲ့မှ ဧည့်စာရင်းတိုင်လို့ရမယ့် စနစ် ၊ ခရီးသွားလို့ရမယ့်စနစ်ကိုလုပ်ပေးပါ။သောင်းကျန်းသူတွေမှာ စမတ်ကဒ်မရှိပါဘူး။ ဖမ်းဆီး စာရင်းဝင်ထားကြသူတွေဆိုတော့ စမတ်ကဒ်လုပ်လို့ မရပါဘူး။ စမတ်ကဒ်လာလုပ်တာနဲ့ ဖမ်းလိုက်ရုံပါ။ အရပ်သားပြည်သူတွေက စမတ်ကဒ်လုပ်ရတာ လွယ်ကူပါတယ်။

ဖားနဲ့ ငါး ခွဲထားတော့ ဧည့်စာရင်းစစ်ရင် လွယ်ကူပါတယ်။
👍796
nug ကို မှတ်တမ်းတင်တဲ့သူတွေက တင်ပြီးနေပြီ။ သမိုင်းမှာ လူငယ်တွေကို ကျောင်းမတက်ဖို့ ၊ ကျောင်းတက်တဲ့ လူငယ်တွေကို ဆဲဖို့ ၊ ကျောင်းတက်တဲ့ ကလေးတွေကို ခြိမ်းခြောက်ခဲ့တာတွေက ဖျောက်ဖျက်လို့မရတော့ဘူး။ လူငယ် မျိုးဆက်တစ်ခုလုံးကို ချနင်းခဲ့တဲ့ အယုတ်မာဆုံး အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံသမိုင်းမှာ မှတ်တမ်းဝင်သွားပြီ။
👍526
တင်ထွန်းနိုင်ရေးတဲ့ ပုံစံက တရုတ်အစိုးရက nug ကို ပြန်ကြောက်နေရမယ့်ပုံမျိုးပဲ။ လက်တွေ့မှာ တရုတ်က nug ကို အနောက်အုပ်စုအားပေးသူတွေမို့ စွဖက်တောင် မလုပ်ဘူး။ မြစ်ဆုံ နဲ့ တရုတ်အစိုးရ စီမံကိန်းတွေ၊ စက်ရုံတွေကို ဖျက်စီးခဲ့တာက nld ထောက်ခံသူ နီပိန်းတွေပဲ။
👍43
၂၀၁၀ ရွေးကောက်ပွဲ လုပ်ပေးပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်တင်ပေးခဲ့တယ်။ နီပိန်းတွေဘာလုပ်လဲ ။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ ဘေးထွက်ထိုင်နေတယ်။ ရွေးကောက်ပွဲ ကို ပျက်အောင်လုပ်တယ်။

၂၀၁၅ ဦးသိန်းစိန်အစိုးရက တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေးပြီး အာဏာလွှဲပေးခဲ့တယ်။

၂၀၂၀ ရောက်တော့ မဲခိုးတယ်။ မဲခိုးတဲ့ရလာဒ်နဲ့ အာဏာရဖို့ ကြိုးစားတယ်။ တပ်မတော်က ထိန်းသိမ်းလိုက်တော့ ကြားနေ ပြည်သူပါ မချန် လူလိုက်သတ်ပြီး အာဏာရဖို့ကြိူစားတယ်။

တပ်မတော် ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတော့ လက်မခံပဲ ခိုးထားတဲ့ ရလာဒ်အတိုင်း အာဏာပြန်လိုချင်တယ်။ ရွေးကောက်ပွဲကို လက်မခံပဲ ပျက်အောင်လိုက်ဖျက်နေတယ်။ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲ ဝင်ဖို့ ပါတီထောင်သူတွေကို အသက်အန္တရာယ်ပါ ခြိမ်းခြောက်လာတယ်။

နီပိန်းတွေက ဒီမိုကရေစီလိုချင်တာ မဟုတ်ဘူး။ အာဏာပဲ လိုချင်တာပါနော်။ အာဏာရူးတွေမို့ ခိုးပြီးယူတယ် ။ လူသတ်အကြမ်းဖက်ပြီး ယူတယ်။ nug နဲ့ နီပိန်းတွေရဲ့ မတူကွဲပြားသူတွေကို သတ်ပြီး ခြိမ်းခြောက်ခဲ့တာတွေ သမိုင်းအမဲစက်အဖြစ်ဖျောက်လို့မရတော့ပါဘူး။
👍45
ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့ပြီ ဆိုတော့ ကျုပ်တို့ ဒေသ နယ်မြေလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ဖို့ စာရင်းသွားပေးပြီဗျို့။ တိုင်းပြည် အမြန်အေးချမ်းဖို့ ဆော်ပြီ။
👍627
သို့/-
ဇင်မာအောင်

ကျုပ်ထက်အသက်ငယ်တာမို့ ယဥ်ယဥ်ကျေးကျေး ညီမလေးလို့ပဲ ခေါ်ပါရေစေ။ ညီမလေးက "ရွေးကောက်ပွဲကို ထောက်ခံတာက မြန်မာ ပြည်သူလူထု ဆန္ဒနဲ့ ဆန့်ကျင်နေပါတယ်" လို့ ပြောခံပါတယ်။

ညီမလေးကို ပထမဦးဆုံး ဆွေးနွေးတင်ပြချင်တာက ပြည်သူလူထုဆိုတဲ့ စကားလုံးပါ။ ပြည်သူလူထု ဆိုတဲ့ စကားလုံးထဲမှာ ဝါစိမ်းနီပြာ နိုင်ငံရေး အရောင်စုံ၊ နိုင်ငံရေးခံယူချက် မျိုးစုံတဲ့ ပြည်သူတွေပါဝင် ပါတယ်။ ညီမလေးတို့ အနီပါတီကို ထောက်ခံတဲ့သူတွေ ပါဝင်သလို ကြံ့ခိုင်ရေးပါတီကို ထောက်ခံသူတွေ ၊ တပ်မတော်ကို ထောက်ခံသူတွေ၊ အေးချမ်းစွာ နေထိုင်လိုကြတဲ့ နိုင်ငံရေးအရောင်မရှိတဲ့ ကြားနေပြည်သူတွေ ၊ ၁၃၅ မျိုးသော တိုင်းရင်းသားပြည်သူတွေ ပါဝင်ပါတယ်။ ညီမလေး ဆိုလိုချင်တဲ့ ပြည်သူလူထုဆိုတာ ညီမလေးတို့ အနီပါတီကို ထောက်ခံသူတွေကိုပဲ ပြည်သူလူထုလို့ ဆိုလိုချင်တာ ဖြစ်ပါလိမ့်မယ်။

ညီမလေးတို့ ပါတီကို ထောက်ခံသူ စာရင်းက ၂၀၁၅ မဲအရေအတွက်အရ အနီပါတီကို မဲပေးခဲ့သူ ၁၂.၅ သန်းပဲ ရှိပါတယ်နော်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ (၅၂) သန်းကျော်ရှိပါတယ်။ ရာခိုင်းနှုန်းအရ ၂၅% ခန့်ပဲ ရှိပါတယ်။ ကျုပ်က ၃၀% လို့ ပိုပိုသာသာ တွက်ပေး လိုက်ပါတယ်။ ကိန်းဂဏန်းတွေအရ ၃၀%သည် မြန်မာပြည် လူဦးရေရဲ့ သုံးပုံတစ်ပုံပဲရှိပါတယ်။ ကျန်တဲ့ သုံးပုံနှစ်ပုံက ညီမလေးတို့ကို မထောက်ခံတဲ့ အရောင်ကွဲပြားကြသူတွေဖြစ်ကြပါတယ်။

ညီမလေး မြန်မာပြည်ကို စွန့်ခွာသွားတာ (၃) နှစ်ကျော်ပြီလို့ထင်ပါတယ်။ ညီမလေးက မြန်မာပြည်တွင်းထဲမှာ မနေသူမို့ မြန်မာပြည်သူတွေရဲ့ နေ့စဥ်ဘဝ နဲ့ အခက်အခဲတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခံစား ရနိုင်မယ် မထင်ပါဘူး။ ညီမလေးကြားနေရတဲ့ ပြည်သူတွေရဲ့ အသံတွေဆိုတာ ညီမလေးတို့ အနီပါတီကို ထောက်ခံတဲ့သူတွေရဲ့ အသံပဲဖြစ်ပါလိမ့်မယ်။ ပြည်သူတွေအားလုံးရဲ့ ဘဝတွေကို ညီမလေး တွေ့မြင် ကြာရနိုင်မယ် မထင်ပါဘူး။ ကြားရခဲ့ရင်လဲ ပုံဖျက်ထားတဲ့ တဆင့်စကားတွေပဲ ဖြစ်ပါလိမ့်မယ်။

ညီမလေးတို့ အနီပါတီကိုထောက်ခံသူတွေရဲ့ ဆန္ဒတောင် ၂၀၂၁ က ဆန္ဒ နဲ့ ၂၀၂၄ က ဆန္ဒနဲ့ မတူကြတော့ပါဘူး။ ပြောင်းလဲသွားပါပြီ။ ရှောင်တာနဲ နဲ့ ညီမလေတို့ရဲ့ nug နဲ့ ပေါင်းပြီး စီးပွားရေးပိတ်ဆို့တဲ့ဒဏ်၊ ကုန်စည် မစီးဆင်းအောင် လမ်းတံတားတွေ ဖောက်ခွဲ မိုင်းထောင်တဲ့ ဒဏ်၊ ညီမလေးတို့မွေးထားတဲ့ pdf လေးတွေကို ဆက်ကြေးပေးရတဲ့ ဒဏ်တွေကနေ လွတ်မြောက်ချင်နေကြပါပြီ။ မျှမျှတတ ပြောရရင် စစ်တပ်အတွင်းနဲ့ အစိုးရ အတွင်းက အကျင့်ပျက်ခြစားနေကြတဲ့ ဖရဲသီးတွေရဲ့ အာဏာပြဖိနှိပ်မှု ဒဏ်ကြောင့်လဲ ပါဝင်ပါတယ်။ ညီမလေးတို့ nug နဲ့ ဖရဲသီးတွေက ပြည်သူတွေ ကြပ်တည်းအောင် ဦးတည်တိုက်ခိုက်နေကြတာကို သိထားကြပါတယ်။ ပြည်သူတွေ အုံကြွဖို့ ပြည်သူကြပ်တည်းအောင် တိုက်ခိုက်နေတယ်ဆိုတာလဲ ပြည်သူတွေက သိထားကြပါတယ်။

ဝါစိမ်းနီပြာ ပြည်သူတွေအားလုံးက ယခုကြုံတွေ့နေရတဲ့ အခြေအနေဆိုးကြီးကနေ လွတ်မြောက်ချင်နေကြပါပြီ။ လွတ်မြောက်အောင် စွမ်းဆောင်ပေးနိုင်သူ၊ ထွက်ပေါက်ရှာပေးနိုင်သူကို အားပေးကြမယ့် အခြေအနေဖြစ်ပါတယ်။ ဒီမိုကရေစီ နည်းကျကျ ပြည်သူရင်ထဲက မဲတစ်ပြားနဲ့ ဆုံးဖြတ်ခွင့်ရမယ့် ရွေးကောက်ပွဲက အခြေအနေဆိုးကြီးရဲ့ ထွက်ပေါက်တစ်ခုဖြစ်တယ်ဆိုတာကို ပြည်သူတွေအားလုံးက သိရှိထားကြပါတယ်။ ကျုပ်ပြောတာတွေက လူထုကြားထဲ သူတေသနစစ်တမ်းကောက်ထားတာ မဟုတ်လို့ မယုံကြည်လို့ရပါတယ်။

ပြည်သူတွေက ရွေးကောက်ပွဲကို လက်မခံပါဘူး၊ ရွေးကောက်ပွဲ က ပြည်သူ့ဆန္ဒ မဟုတ်ပါဘူး ညီမလေးပြောနေတာတွေက ဘယ်စစ်တမ်းကို အခြေခံပြီး ပြောထားတာပါလဲ။ အနီပါတီထောက်ခံသူတွေကိုပဲ စမ်းစစ်လေ့လာပြီး ပြောတယ်ဆိုရင်တော့ ပြည်သူဆိုတဲ့ နာမ်စားကို မသုံးသင့်တာ ညီမလေးလို ပညာတတ်တစ်ယောက်အနေနဲ့ သိမှာပါ။

အနီးစပ်ဆုံး အချက်အလက်ကို ပြောရရင် ညီမလေး nug ကတို့ ကျောင်းမတက်နဲ့လို့ ဘယ်လိုပဲ အော်အော် နီစိမ်းပြာဝါ ပြည်သူစစ်စစ်တွေရဲ့ သားသမီးတွေက ၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းပြန်တက်နေကြပါပြီ။


ညီမလေးတို့က (၂) နှစ်ပြီးပါမယ်ဆိုပြီး ဘွန်းတွေရောင်း ၊ အလှုတွေကောက်ခံပြီး စခဲ့တဲ့ တော်လှန်ရေးက ညီမလေးတို့ ကတိပေးထားသလို (၂) နှစ်နဲ့ ပြီးခဲ့လား။ ၂၀၂၃ နှစ်ကုန်ကစပြီး ညီမလေးတို့ကို လှုတဲ့နှုန်းက များလာလား၊ နည်းသွားလား။ ညီမလေးတိုကို အရေးအခင်း အစတုန်းက ထောက်ခံခဲ့တဲ့ cdm အင်အားစုတွေ ဆက်လက်ထောက်ခံနေကြသေးလား။ ညီမလေးတို့ တော်လှန်ရေးက ဘယ်အချိန် ဘယ်ခုနှစ် ပြီးမှာလဲ။ ဒီအခြေအနေဆိုးကြီးက ဘယ်တော့ပြီးမှာလဲ။ စတဲ့ မေးခွန်းတွေက ပြည်သူစစ်စစ်တွေ ရင်ထဲကနေ မေးနေကြတဲ့ မေးခွန်းတွေဆိုတာ ညီမလေး သိထားသင့်ပါတယ်။

ညီမလေးက ခေတ်ပညာတတ်တစ်ယောက်ပါ။ သုတေသန စစ်တမ်းတွေ လုပ်ဖူးမယ် ဆိုရင် ပြည်သူတွေ ရင်ထဲကနေ မေးနေတဲ့ မေးခွန်းတွေကို စစ်တမ်းကောက်ပြီး စမ်းစစ် လေ့လာသင့်ပါတယ်။
👍555
This media is not supported in your browser
VIEW IN TELEGRAM
ကချင်က လူနေအိမ်တွေကြားမှာ ကတုတ်ကျင်း တူးပြီး တိုက်ပွဲဖော်တာနော်။
👍42🔥9
လက်ရှိမြန်မာနိုင်ငံရေးကို မွှေနေတဲ့ ကွန်ကြောင်အုပ်စုကို နားလည်ဖို့ လိုပါတယ်။ ကွန်ကြောင်တွေက ကျောင်းသားသမဂ္ဂအရူး ၊ ကဗျာအရူး၊ စာအရူး၊ ပါဖောမန့်အရူးပုံစံတွေနဲ့ အခွင့်အရေးရတာနဲ့ ဆန္ဒပြကြပါတယ်။ ကွန်ကြောင်တွေက မျိုးဆက်သစ်တွေကို တက္ကသိုလ်ကျောင်းတွေမှာ လူသစ်စုဆောင်းပါတယ်။ ကျော်ကိုကို ၊ နေဘုန်းလတ်၊ ဇေယျာလွင်၊ ဝေမိုးနိုင်၊ တေဇာဆန်း၊ မောင်ဆောင်းခ ၊ အိသဥ္ဇာမောင် တို့က ကွန်ကြောင်အုပ်စုက ရှေ့ထွက် လှုပ်ရှားလူငယ်တွေ ဖြစ်ပါတယ်။

ကွန်ကြောင် အုပ်စုဝင်တွေက နိုင်ငံရေးအရ မျိုးဆက်သစ်တွေကို နိုင်ငံရေး ပါတီတွေထဲနဲ့ ဂျာနယ်လစ်တွေထဲမှာလဲ မြှပ်နှံထားပါတယ်။ ဗကပလူဟောင်းတွေဖြစ်လို့ ဝ ကိုးကန့်တို့လို တိုင်းရင်းသားတွေနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိပါတယ်။ bpla ကို ကွန်ကြောင်အုပ်စုနဲ့ ဝ က ကျောထောက်နောက်ခံပေး ဖွဲ့ထားတာဖြစ်ပါတယ်။ ကွန်ကြောင်တွေက နိုင်ငံရေးနည်းအရ မြို့ပေါ် မှာ ug လှုပ်ရှားမှုတွေလုပ်ပါတယ်။ တပ်ကို ပြည်သူတွေမုန်းအောင် အမုန်းတရားတိုက်ကျွေးပါတယ်။ ဒီလုပ်ငန်းတွေက လူစုဆောင်းရေး စစ်တပ်ဆန့်ကျင်ရေးတွေအတွက် ထိရောက်ပါတယ်။ ဝ နဲ့ tnla အုပ်စုက စစ်ရေးသင်တန်းနဲ့ လက်နက်တပ်ဆင်ပေးရပါတယ်။

ကွန်ကြောင်အုပ်စုက နီပိန်းတွေကို တော်လှန်ရေး အရေခြုံပြီး လူသစ်စု ဆောင်းနေတာပါ။ အညာဒေသမှာ နယ်မြေရလာရင် ကွန်ကြောင်တွေက mndaa tnla အုပ်ချုပ်သလို ကွန်မြုနစ်စနစ်နဲ့ အုပ်ချုပ်မှာ ဖြစ်ပါတယ်။

ကွန်ကြောင်အုပ်စုနဲ့ nug အုပ်စုက လုံးဝ မတူပါ။ nugအုပ်စုက အလှုခံလူလိမ်အုပ်စုပါ။ ကွန်ကြောင်အုပ်စုက nld အရေခြုံ၊ တော်လှန်ရေးအရေခြုံပြီး သိုသိုသိပ်သိပ်လှုပ်ရှားပါတယ်။ နေဘုန်းလတ်က ကွန်ကြောင်ပါ။ နေဘုန်းလတ်လှုပ်ရှားပုံကို လေ့လာစမ်းစစ်ကြည့်ရင် ကွန်ကြောင်တွေလှုပ်ရှားပုံကို သိရှိ နားလည်လာပါလိမ့်မယ်။
👍251🔥1
စက်သုံးဆီမှောင်ခိုရောင်းသူတွေကို ထောင်မချနဲ့‌ဗျ။ ထောင်ချရင် သူဌေးက လူစားထည့်ပြီး ဆက်လုပ်လိမ့်မယ်။ မှောင်ခိုလုပ်ငန်းက ငွေကြေး အကျိုးအမြတ်ရှာတဲ့ ရည်ရွယ်ချက်ဖြစ်တာကြောင့် ငွေဒဏ်အမြင့်ဆုံးပေးတာ၊ ပိုင်ဆိုင်မှု နဲ့ လုပ်ငန်းလိုင်စင်ပယ်ဖျက်တာ၊ ဆိုင်းငံ့တာ၊ စီးပွားရေးလုပ်ငန်းရှင်ကို အမည်ပျက်စာရင်း သွင်းတာ၊ ပတ်စ်ပို့ ပယ်ဖျက်တာ၊ ဘဏ်အကောင့်တွေဖျက်သိမ်းတာတွေ လုပ်သင့်ပါတယ်။

အမေရိကန် နဲ့ တရုတ်နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ နည်းစနစ်ဖြစ်ပါတယ်။ လူကရှင်လျက်နဲ့ ငွေကြေးအရ ၊ စီးပွားရေးအရသေသွားတဲ့ ပြစ်ဒဏ်မျိုးဖြစ်ပါတယ်။

ကျူးလွန်တဲ့ အကြိမ်အရေအတွက်အရ ပြစ်ဒဏ်ကို အဆင့်လိုက်လုပ်ဆောင့် သင့်ပါတယ်။
👍48
မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ဒီစာသားတွေကို လူစည်ကားရာ ဈေးရှေ့ ၊ ကျောင်းရှေ့တွေမှာ ဆိုင်းပုဒ်ထောင်ထားသင့်ပါတယ်။
👍41
This media is not supported in your browser
VIEW IN TELEGRAM
မြင်အောင်ကြည့်ကြကွာ။
👍40🔥1