နီပိန်းတိုက်ဖျက်ရေး
3.87K subscribers
4.03K photos
1.28K videos
68 links
နီပေါတိုက်ဖျက်ရေး
Download Telegram
ရွေးကောက်ပွဲ ပြင်ဆင်မယ့် ကြားဖြတ်အစိုးရ တဆင့်ခံပြီး စစ်တိုက်ရတာနဲ့ အာဏာထိန်းထားတဲ့ နစက အစိုးရအနေနဲ့ စစ်တိုက်ရတာ လုံးဝ မတူပါဘူးဗျ။

ကြားဖြတ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး နဲ့ ရွေးကောက်ပွဲ ပြင်ဆင်ရေးကို ဆက်လုပ်သွားရင် ပြည်သူက ကျင်းပမယ့် ရွေးကောက်ပွဲ နဲ့ တပ်မတော် အပေါ်အမြင် ကြည်လင်သွားပါလိမ့်မယ်။ ပြည်သူက တပ်မတော်ဖက်ကနေ ထောက်ခံလာကြပါလိမ့်မယ်။ တပ်မတော်အတွက်လဲ စစ်ရေးနဲ့ လုံခြုံရေးကို ပိုမို အာရုံစိုက်ထားနိုင်ပါမယ်။ ကြားဖြတ်အစိုးရက နိုင်ငံရေးအရ တာဝန်ယူထားတော့ ရန်သူကို ဖိအားကင်းကင်း ချေမှုန်းနိုင်ပါလိမ့်မယ်။

နိုင်ငံတကာကလဲ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲကျင်းပပေးမယ့် ကြားဖြတ်အစိုးရကို ထောက်ခံလာကြပါလိမ့်မယ်။ ပြည်သူအတွက်လဲ စီးပွားရေးဖိအား သက်သာလာနိုင်ပါတယ်။

ကြားဖြတ်အစိုးရပေါ်လာရင် နိုင်ငံရေးအင်အားစုတွေ ပါဝင်လာနိုင်ပြီး nug က နိုင်ငံရေးအရ game over ပါပြီ ။

အားလုံး အဆင်ပြေနိုင်တဲ့ အခြေအနေကို ပစ်ပြီး အားလုံးချောက်ထဲကျသေမယ့် သက်တမ်းတိုးလမ်းဟောင်းကြီးရွေးလိုက်တာက အလုပ်တွေများပြီး ဟိုမရောက် ဒီမရောက် တိုင်ပတ်နေသလိုကြီး ဖြစ်ပါတယ်။ စီးပွားရေး နိုင်ငံရေး စစ်ရေး မနိုင်နင်းတာလဲ လက်ရှိအခြေအနေတွေက သက်သေပါနော်။
👍41
ပင်လယ်ထွက်ပေါက်မရှိတဲ့ ကုန်းတွင်းပိတ် ဒေသတွေက စီးပွားရေး ဖွံဖြိုးမှုနှုန်းနည်းပါတယ်။ စီးပွားရေးဖွံဖြိုးတိုးတက်မှု နှုန်းမြင့်ချင်ရင် အခြားနိုင်ငံတွေ နဲ့ ပင်လယ်ကုန်သွယ်မှုရှိဖို့ ပင်လယ်ထွက်ပေါက်လိုအပ်ပါတယ်။ ရှမ်းမြောက် နဲ့ ရခိုင်ဒေသတွေမှာ တချိန်တည်း တိုက်ပွဲတွေဖြစ်နေတာက မရိုးသားပါဘူး။

ရခိုင်ဒေသက ရှမ်းမြောက် အတွက်ပင်လယ်ထွက်ပေါက် ဖြစ်လာဖို့ မြောက်သုံးကောင်က အရင်ထဲက မဟာမိတ်ဖွဲ့ပြီး ကြံစည်နေတာပါ။ ရှမ်းမြောက်ကနေ ရခိုင်အထိ လမ်းကြောင်း တစ်လျှေက်က တရုတ်ရေနံပိုက်လိုင်း သွယ်တန်းတဲ့ လမ်းကြောင်းလဲဖြစ်ပါတယ်။ တရုတ်ရဲ့ မဟာဗျူဟာမြောက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်လဲ ဖြစ်ပါတယ်။

အခုစစ်ပွဲတွေက အရင်ထဲက အစီအစဥ်ဆွဲထားခဲ့တဲ့ စစ်ရေး အစီအမံတွေဖြစ် နိုင်ပါတယ်။ ဗမာတွေ မညီညွတ်ရင် အထက်မြန်မာပြည် အောက်မြန်မာပြည် ဖြစ်မယ့်အရေးပါနော်။
👍51
အင်တာနက်တွေ ဖုန်းတွေ မပေါခင်ခေတ်က ထောက်လှမ်းရေးက ရပ်ကွက်ထဲ အပ်ကျတာတောင် သိတယ်။ အခုခေတ်ထောက်လှမ်းရေးက ၁၀၂၇ လဲကြို မသိဘူး။ ကင်းထောက်ခဲ အရမ်းညံ့တယ်။ ကြိုတင်သတင်းတွေကိုလဲ မသုံးသပ်ဘူး။ ပြင်ဖို့ပါ။
👍63
လက်ဖက်ရည်ဆိုင်မှာ
နီပိန်းတစ်ယောက် ပြောတဲ့စကားက
အာဏာသိမ်းလို့ ဒီလိုဖြစ်လာတဲ့။

စစ်ဘေးရှောင်လာရတဲ့ ပြည်သူက ပြန်ပြောတယ်။ အာဏာသိမ်းတာနဲ့ အာဏာပြန်ရဖို့အတွက် မင်းတို့က ပြည်သူ့ အိုးအိမ်စည်းစိမ်တွေကို လိုက်ဖျက်တာပဲလားတဲ့။ ပြည်သူအိမ်တွေကို မင်းတို့ ပြန်ဆောက်ပေးမှာလားတဲ့။ ပြည်သူလှုတဲ့ ပိုက်ဆံကို စား၊ ပြည်သူလှုတဲ့ လက်နက်နဲ့ မင်းတို့က ပိုယုတ်မာတယ်တဲ့။ နီပိန်း ငြိမ်သွားတယ်။
53👍39
This media is not supported in your browser
VIEW IN TELEGRAM
သမ္မာအာဇီဝနဲ့ အသက်မွေးကြဖို့ပါ။
👍35
ကျုပ်တို့ကသာ လိုင်းပေါ်ကနေ thermal imaging drone တွေသုံးပြီး ကင်းထောက်ဖို့၊ အကဲကြည့်ဖို့ တိုက်တွန်းနေတာပါ။ မြေပြင်က အဘတို့က ဂရုစိုက်ပြီးတောင် ဖတ်ပုံ မရကြပါဘူး။ နားလည်သူတွေကို အကူအညီလဲ မတောင်းကြပါဘူးနော်။ တပ်မတော်ထောက်ခံသူတွေထဲမှာ နည်းပညာကျွမ်းကျင်သူတွေ အများကြီးပါ။ ရုရှားပြန်တွေလဲ အများကြီးပါနော်။ သုံးစရာ drone မရှိလို့ အော်ကြမှသာ အကြောင်းစုံသိရပါတယ်။
👍601
ဗုံးကြဲလေယာဥ်အုပ်စုတစ်စု one squadron တစ်ခုမှာ လေယာဥ် (၁၈) စီးပါဝင်ပါတယ်။ တစ်စီးချင်း ကြဲနေတာ မထိရောက်ပါဘူး။ ဟိုပြေးဒီပြေး နဲ့ သူပုန်တွေလွှတ်ပါတယ်။ one  squadron တစ်ခု ခေါ်သွားပြီး နှစ်ကြိမ် သုံးကြိမ်ကြဲလိုက်ရင် တိုက်ပွဲ သူပုန်တွေကုန်ပါတယ်။ လုပ်ရဲဖို့ သတ္တိပဲလိုပါတယ်။ စစ်ဖြစ် နေတာပါနော်။
👍805
(၂၂) ရက် မတိုင်ခင်က ပြည်သူတွေက တခဲနက် ထောက်ခံနေတာနော်။ (၃၁) ရက် သက်တမ်းလဲ တိုးလိုက်ရော ထောက်ခံမှုက အောက်ဆုံးရောက်သွားပြီ။

ပြည်သူအားလုံးရဲ့ ဆန္ဒတွေက
ဘယ်သူနိုင်နိုင် မြန်မြန်ပြီးဖို့ပဲတဲ့။ ကာလဆိုးကြီးကို အမြန်ကျော်ဖြတ်ပြီး ပြီးဆုံးချင်နေကြပြီ။

လက်ရှိထောက်ခံမှု အခြေအနေအရ ရွေးကောက်ပွဲပြီးရင်လဲ ပြည်သူထောက်ခံမှုလဲ ရမယ် မထင်ပါဘူး။ အစိမ်းတွေတောင် မထောက်ခံကြတော့ဘူး။

နိုင်ငံတော်ကြီး အေးချမ်းသာယာဖို့ တိုက်ပွဲနေတဲ့ တပ်မတော်သားတွေ၊ ဖြောင့်မှန်တဲ့ အစိုးရဝန်ထမ်းတွေကိုတော့ အမြဲတမ်း အားပေးနေပါတယ်။
👍71
နစကရဲ့ အဓိက တာဝန်က ရွေးကောက်ပွဲပါ။ ရွေးကောက်ပွဲပြင်ဆင်ဖို့ ခဏတာ ဝာာဝန်ရယူထားရတဲ့ အိမ်စောင့်အစိုးရပါ။

နိုင်ငံတော်ရဲ့ ရေရှည် အကျိုးစီးပွားတွေကို တည်ဆောက်ဖို့ အစီအစဥ်တွေ စီမံကိန်းတွေ ချမှတ်ရမယ့် အစိုးရ မဟုတ်ပါဘူး။ အစီအစဥ်တွေချခဲ့လဲ နောက်တက်လာမယ့် အစိုးရတွေက လုပ်ချင်မှ လုပ်ပါလိမ့်မယ်။
👍49
ပြည်သူတွေ စစ်ပွဲတွေဖြစ်ပြီး ပြေးကြရတာ၊ အိုးအိမ်တွေ ပျက်စီးရတာ နဲ့ ကုန်ဈေးနှုန်းတွေတက်ပြီး စီးပွားရေး အဆင်မပြေကြလို့ လျော့စားနေကြရတာကို စိတ်ပျက်တာဗျ။

သုံးနှစ်ကျော် လေးနှစ်အတွင်း သက်တမ်းတွေသာ တိုးပြီး နိုင်ငံရေး စီးပွားရေး စစ်ရေး တစ်ခုမှ တိုးတက်အောင် မလုပ်နိုင်။ အခြေအနေတွေက လာဘ်စားတဲ့ ဖရဲသီးတွေ ၊ ကိုယ်ကျိုးရှာ အတ္တသမား စီးပွားရေးသမားတွေသာ ပိုပိုပြီး ချမ်းသာလာကြပါတယ်။ တဖြေးဖြေး နဲ့ အခြေအနေက ပိုဆိုးလာနေပါတယ်။

အစိမ်းတွေရဲ့ စိတ်ထဲမှာတောင် ပြည်ပကျူးကျော်စစ်လို့ ယူဆရင် ဒေါ်စုကို အာဏာပြန်လွှဲပေးပြီး စစ်ကို ဖိတိုက်ပြီး ရန်သူကို အမြစ်ဖြုတ်စေချင်ကြပါတယ်။

ပြည်သူ အယောက်တစ်ရာမှာ အယောက်တစ်ရာလုံးက စစ်ပွဲတွေပြီးပြီး အေးချမ်းစွာနေထိုင်ချင်ကြပါပြီ‌ဗျာ။ နိုင်ငံခြား ရောက် နီပိန်းတွေပဲ လိုင်းပေါ် ဇောင်းထနေကြတာပါ။
👍40🔥1
အချင်းချင်း အဝေမတည့်ကြတော့ဘူး။ အကုသိုလ်ကံကြောင့် သွေးတွေလဲတက်နေပြီ။
👍38👏8
လင်းဘို က လူလိမ် တင်ထွန်းနိုင် မွေးထားတဲ့ အိမ်မွေးတိရိစ္ဆာန်တဲ့နော်။
👍43👏2
Poll စစ်တမ်းအရ အများစုကတော့ ဒီလိုမြင်ကြပါတယ်။ အဘတို့ သိရှိပြီးပြင်ကြဖို့ပါ။
👏31👍14
တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး ၊ စစ်ရေး တွေက တိုးတက်မှု မရှိ၊ ထွက်ပေါက်တွေပိတ်ပြီး ရွာလည်နေဦးမှာပါ။

ပြည်တွင်းနေ ပြည်သူတွေလဲ နှစ် (၃၀) အတွင်း အဆိုးဝါးဆုံး အကြပ်အတည်း အခြေအနေတွေကို ကြုံနေရပါပြီ။

အာဏာထိန်းစက ဒေါ်လာဈေး ထက် လေးဆ တက်သွားပြီး ၊ ကုန်ဈေးနှုန်းက သုံးလေးဆ တက်သွားပါတယ်။ ပြည်သူတွေရဲ့ ဝင်ငွေက တက်မလာပါ။

နိုင်ငံအတွက် အကျိုးရှိစေမယ့် ပြတ်သားရဲရင့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလဲ ရှိလာမယ် မထင်တော့လို့ နားပါပြီဗျာ။
👍48
နီပိန်းတွေကို မြင်ရတာ မနေနိုင်လို့ ထပ်ပြီးပြောရဦးမယ်။ စစ်ကျွန်မခံနိုင်လို့ တရုတ်ကျွန်ခံမယ်ပေါ့။
👍75
ပြည်ပကနေ ပြည်တွင်းနေပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့ ပြည်ပရောက် မြန်မာတွေကို ထိုက်သင့်တဲ့ အကျိုးသက်ရောက်မှုတော့ ပြန်ပေးသင့်ပါတယ်။
စင်ကာပူမှာ အလုပ်လုပ်ပြီး နေထိုင်နိုင်ခွင့် သုံးမျိုးရှိပါတယ်။

Employment Pass (EP) က လစာ အနည်းဆုံး စင်ကာပူဒေါ်လာ ၅၆၀၀ ရမှ ပေးတယ်။ လစာ ၅၆၀၀ အထက်တွေက EP ပဲ။ ပညာရှင်တွေပဲ EP ရကြပါတယ်။

လစာ ၃၅၀၀ ကနေ ၅၆၀၀ အထိက S Pass သာမန် ပညာတတ်တွေ ကို S Pass ပေးကြပါတယ်။

Work Permit က လစာ ၁၂၀၀ အထက်နဲ့ ၂၅၀၀ အကြား ရတဲ့ အကြား။ အိမ်ဖော်တွေ အကြမ်းအလုပ်သမားတွေများပါတယ်။

နောက်ဆုံး တစ်ခုက PR လို့ ခေါ်တဲ့ စင်ကာပူမှာ အမြဲတမ်းနေထိုင်ခွင့်ရသူတွေပါ။ သူတို့လဲ လစာ ၅၆၀၀ အထက် ရတဲ့သူတွေနော်။ EP ရတဲ့ ပညာရှင်တွေ စင်ကာပူမှာ အနေကြာလာရင် PR ပေးပါတယ်။

သူတို့ရနေတဲ့ လစာတွေရဲ့ ၂၅% ကို မြန်မာပြည်ပြန်လွှဲခိုင်းပါ။ တရားဝင် လွှဲထားတဲ့ လစာမှတ်တမ်း မရှိရင် ပတ်စ်ပို့သက်တမ်းတိုးရင် မတိုးပေးပါနဲ့တော့နော်။ လစာ ၂၅% ကို မြန်မာပြည်ပြန်လွှဲခိုင်းလို့ ဆူညံပူညံ လုပ်လာကြရင် ၊ ဝင်ငွေ ဥပဒေအတိုင်း ၂၅% ဆောင်ခိုင်းလိုက်ပါနော်။ ပြည်တွင်းမှာ လုပ်နေတဲ့ ဝန်ထမ်းတွေလဲ ဥပဒေအတိုင်း လစာရဲ့ ၂၅% က်ု ဝင်ငွေခွန်ဆောင်နေရတာပါပဲ။ အစိုးရက ဥပဒေအတိုင်း တိတိကျကျသာလုပ်ပေးပါ။

ပြည်တွင်းအလုပ်သမားကိုတော့ ၂၅% အပြည့်အခွန်ဆာင်ခိုင်းပြီး၊ ပြည်ပကနေ ဇောင်းထနေသူတွေကို ဥပဒေအတိုင်း ၂၅% အပြည့် မဆောင်ခိုင်းတာက မတရားပါဘူးနော်။

စင်ကာပူ မြန်မာသံရုံးက ဝန်ထမ်းတွေနဲ့ လက်ဝါးရိုက်ပြီး လုပ်နိုင်တဲ့အကွက်တွေကိုလဲ ရှိပါသေးတယ်။ EP ကို WP လို စာရင်းပြင်တာတွေ သံရုံးထဲက ဝန်ထမ်းတွေနဲ့ ပေါင်းပြီး လုပ်နိုင်တဲ့ အကွက်တွေရှိပါတယ်။ မူဝါဒချမှတ် တဲ့ အစိုးရက အရာရှိကြီးတွေ သိထားသင့်ပါတယ်။
အစိုးရအနေနဲ့ ပြည်တွင်းက ပြည်သူတွေကို ဒဏ်မခတ်ကြပါနဲ့။ ပြည်သူအချင်းချင်း ဥပဒေအရ တိတိကျကျ လုပ်ပေးကြပါ။
👍51
ရေနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းရှိတဲ့ လာရှိုး ပြင်ဦးလွင် ကျောက်ဆည် မန္တလေး ကျေက်ပန်းတောင်း မကွေး အမ်း ကျောက်ဖြူ တို့က တရုတ်ရဲ့ ပစ်မှတ်ပါ။
တရုတ်က ထိုင်ဝမ်နဲ့ စစ်ဖြစ်လာရင် မလက္ကာရေလက်ကြားက ပိတ်ဆို့ခံရနိုင်လို့ ကျောက်ဖြူ မူဆယ်လမ်းကို ကုန်သွယ်ရေးအတွက် စိတ်ချရအောင် သူ့လက်အောက်ခံ မွေးစားသားတွေကို လက်နက်ထုတ်ပေးပြီး ကြိုတင် သိမ်းခိုင်းနေတာပါ။
👍621
တရုတ်က အနောက်ဘက် ပင်လယ်ထွက်ပေါက် မရှိပါဘူး။ တရုတ်ရဲ့ ကုန်သွယ်ဘက် နိုင်ငံအများစုနဲ့ကုန်စီးဆင်းရာလမ်းကြောင်းနဲ့ ရေနံလောင်စာ စီးဆင်းတဲ့ လမ်းကြောင်း မှာ မြန်မာရဲ့ ကျောက်ဖြူ - မူဆယ်လမ်းမက အဓိကလမ်းကြောင်းပါ။

လက်ရှိကတော့ အိန္ဒိယပိုင်တဲ့ အက်ဒမန်ကျွန်းစု နဲ့ မလက္ကာရေလက်ကြားကနေ ဖြတ်သန်းနေရပါတယ်။ ထိုင်ဝမ်အရေးကြောင့် မလက္ကာရေလက်ကြား ပိတ်ခံခဲ့ရရင် ကျောက်ဖြူ-မူဆယ်လမ်းကြောင်းက အရေးအပါဆုံးပါ။ ပါကစ္စတန်ဘက်ကနေ ပင်လယ်ထွက်ပေါက်ရှာထားပေမယ့် ကုန်စီးဆင်းဖို့ မြန်မာပြည် မူဆယ်လမ်းလောက် လမ်းကြောင်းတိုပြီး မကောင်းပါဘူး။

နွေဦးတော်လှန်ရေး အယောင်ဆောင်ထားတဲ့ လက်ဝေခံ
ပြည်ပ ကျူးကျော်စစ်ဆိုတာကို ပြည်သူတွေ မြင်အောင် ကြည့်ပါ။ မြန်မာတွေကို အသုံးချပြီး ငါးကြင်ဆီနဲ့ ငါးကြင်းကြော်ပြီး တရုတ်အကျိုးစီးပွားအတွက် တိုက်ခိုင်းနေတာပါ။
စစ်တပ်ကို မုန်းတာနဲ့ပဲ တရုတ်ကျွန် ဖြစ်မှန်း မသိဖြစ်ပါမယ်။ အချိန်နှောင်းမှ သင်ခန်းစာ ရရင် မလွယ်တော့ပါဘူး။
👍42