ရွေးကောက်ပွဲ ပြင်ဆင်မယ့် ကြားဖြတ်အစိုးရ တဆင့်ခံပြီး စစ်တိုက်ရတာနဲ့ အာဏာထိန်းထားတဲ့ နစက အစိုးရအနေနဲ့ စစ်တိုက်ရတာ လုံးဝ မတူပါဘူးဗျ။
ကြားဖြတ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး နဲ့ ရွေးကောက်ပွဲ ပြင်ဆင်ရေးကို ဆက်လုပ်သွားရင် ပြည်သူက ကျင်းပမယ့် ရွေးကောက်ပွဲ နဲ့ တပ်မတော် အပေါ်အမြင် ကြည်လင်သွားပါလိမ့်မယ်။ ပြည်သူက တပ်မတော်ဖက်ကနေ ထောက်ခံလာကြပါလိမ့်မယ်။ တပ်မတော်အတွက်လဲ စစ်ရေးနဲ့ လုံခြုံရေးကို ပိုမို အာရုံစိုက်ထားနိုင်ပါမယ်။ ကြားဖြတ်အစိုးရက နိုင်ငံရေးအရ တာဝန်ယူထားတော့ ရန်သူကို ဖိအားကင်းကင်း ချေမှုန်းနိုင်ပါလိမ့်မယ်။
နိုင်ငံတကာကလဲ ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲကျင်းပပေးမယ့် ကြားဖြတ်အစိုးရကို ထောက်ခံလာကြပါလိမ့်မယ်။ ပြည်သူအတွက်လဲ စီးပွားရေးဖိအား သက်သာလာနိုင်ပါတယ်။
ကြားဖြတ်အစိုးရပေါ်လာရင် နိုင်ငံရေးအင်အားစုတွေ ပါဝင်လာနိုင်ပြီး nug က နိုင်ငံရေးအရ game over ပါပြီ ။
အားလုံး အဆင်ပြေနိုင်တဲ့ အခြေအနေကို ပစ်ပြီး အားလုံးချောက်ထဲကျသေမယ့် သက်တမ်းတိုးလမ်းဟောင်းကြီးရွေးလိုက်တာက အလုပ်တွေများပြီး ဟိုမရောက် ဒီမရောက် တိုင်ပတ်နေသလိုကြီး ဖြစ်ပါတယ်။ စီးပွားရေး နိုင်ငံရေး စစ်ရေး မနိုင်နင်းတာလဲ လက်ရှိအခြေအနေတွေက သက်သေပါနော်။

👍41
ပင်လယ်ထွက်ပေါက်မရှိတဲ့ ကုန်းတွင်းပိတ် ဒေသတွေက စီးပွားရေး ဖွံဖြိုးမှုနှုန်းနည်းပါတယ်။ စီးပွားရေးဖွံဖြိုးတိုးတက်မှု နှုန်းမြင့်ချင်ရင် အခြားနိုင်ငံတွေ နဲ့ ပင်လယ်ကုန်သွယ်မှုရှိဖို့ ပင်လယ်ထွက်ပေါက်လိုအပ်ပါတယ်။ ရှမ်းမြောက် နဲ့ ရခိုင်ဒေသတွေမှာ တချိန်တည်း တိုက်ပွဲတွေဖြစ်နေတာက မရိုးသားပါဘူး။
ရခိုင်ဒေသက ရှမ်းမြောက် အတွက်ပင်လယ်ထွက်ပေါက် ဖြစ်လာဖို့ မြောက်သုံးကောင်က အရင်ထဲက မဟာမိတ်ဖွဲ့ပြီး ကြံစည်နေတာပါ။ ရှမ်းမြောက်ကနေ ရခိုင်အထိ လမ်းကြောင်း တစ်လျှေက်က တရုတ်ရေနံပိုက်လိုင်း သွယ်တန်းတဲ့ လမ်းကြောင်းလဲဖြစ်ပါတယ်။ တရုတ်ရဲ့ မဟာဗျူဟာမြောက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်လဲ ဖြစ်ပါတယ်။
အခုစစ်ပွဲတွေက အရင်ထဲက အစီအစဥ်ဆွဲထားခဲ့တဲ့ စစ်ရေး အစီအမံတွေဖြစ် နိုင်ပါတယ်။ ဗမာတွေ မညီညွတ်ရင် အထက်မြန်မာပြည် အောက်မြန်မာပြည် ဖြစ်မယ့်အရေးပါနော်။

👍51
လက်ရှိအခြေအနေတွေ ဆိုးရွားနေတာက ဘယ်တစ်ခုကြောင့် ဖြစ်မလဲ
Anonymous Poll
29%
(၁) အကျင့်ပျက် လာဘ်စားမှု
52%
(၂) အမိန့်ပေးစနစ်နဲ့ စီမံခန့်ခွဲ့မှု ညံ့ဖျင်းမှု
11%
(၃) နည်းပညာ တီထွင်ဆန်းသစ်ခြင်း မရှိမှု
7%
(၄) တပ်မတော်သားတွေရဲ့ ရဲစွမ်းသတ္တိနဲ့ တိုက်ရည်ခိုက်ရည် ကျဆင်းမှု
👍29
လက်ဖက်ရည်ဆိုင်မှာ
နီပိန်းတစ်ယောက် ပြောတဲ့စကားက
အာဏာသိမ်းလို့ ဒီလိုဖြစ်လာတဲ့။
စစ်ဘေးရှောင်လာရတဲ့ ပြည်သူက ပြန်ပြောတယ်။ အာဏာသိမ်းတာနဲ့ အာဏာပြန်ရဖို့အတွက် မင်းတို့က ပြည်သူ့ အိုးအိမ်စည်းစိမ်တွေကို လိုက်ဖျက်တာပဲလားတဲ့။ ပြည်သူအိမ်တွေကို မင်းတို့ ပြန်ဆောက်ပေးမှာလားတဲ့။ ပြည်သူလှုတဲ့ ပိုက်ဆံကို စား၊ ပြည်သူလှုတဲ့ လက်နက်နဲ့ မင်းတို့က ပိုယုတ်မာတယ်တဲ့။ နီပိန်း ငြိမ်သွားတယ်။

❤53👍39
ကျုပ်တို့ကသာ လိုင်းပေါ်ကနေ thermal imaging drone တွေသုံးပြီး ကင်းထောက်ဖို့၊ အကဲကြည့်ဖို့ တိုက်တွန်းနေတာပါ။ မြေပြင်က အဘတို့က ဂရုစိုက်ပြီးတောင် ဖတ်ပုံ မရကြပါဘူး။ နားလည်သူတွေကို အကူအညီလဲ မတောင်းကြပါဘူးနော်။ တပ်မတော်ထောက်ခံသူတွေထဲမှာ နည်းပညာကျွမ်းကျင်သူတွေ အများကြီးပါ။ ရုရှားပြန်တွေလဲ အများကြီးပါနော်။ သုံးစရာ drone မရှိလို့ အော်ကြမှသာ အကြောင်းစုံသိရပါတယ်။
👍60❤1
(၂၂) ရက် မတိုင်ခင်က ပြည်သူတွေက တခဲနက် ထောက်ခံနေတာနော်။ (၃၁) ရက် သက်တမ်းလဲ တိုးလိုက်ရော ထောက်ခံမှုက အောက်ဆုံးရောက်သွားပြီ။
ပြည်သူအားလုံးရဲ့ ဆန္ဒတွေက
ဘယ်သူနိုင်နိုင် မြန်မြန်ပြီးဖို့ပဲတဲ့။ ကာလဆိုးကြီးကို အမြန်ကျော်ဖြတ်ပြီး ပြီးဆုံးချင်နေကြပြီ။
လက်ရှိထောက်ခံမှု အခြေအနေအရ ရွေးကောက်ပွဲပြီးရင်လဲ ပြည်သူထောက်ခံမှုလဲ ရမယ် မထင်ပါဘူး။ အစိမ်းတွေတောင် မထောက်ခံကြတော့ဘူး။
နိုင်ငံတော်ကြီး အေးချမ်းသာယာဖို့ တိုက်ပွဲနေတဲ့ တပ်မတော်သားတွေ၊ ဖြောင့်မှန်တဲ့ အစိုးရဝန်ထမ်းတွေကိုတော့ အမြဲတမ်း အားပေးနေပါတယ်။

👍71
နစကရဲ့ အဓိက တာဝန်က ရွေးကောက်ပွဲပါ။ ရွေးကောက်ပွဲပြင်ဆင်ဖို့ ခဏတာ ဝာာဝန်ရယူထားရတဲ့ အိမ်စောင့်အစိုးရပါ။
နိုင်ငံတော်ရဲ့ ရေရှည် အကျိုးစီးပွားတွေကို တည်ဆောက်ဖို့ အစီအစဥ်တွေ စီမံကိန်းတွေ ချမှတ်ရမယ့် အစိုးရ မဟုတ်ပါဘူး။ အစီအစဥ်တွေချခဲ့လဲ နောက်တက်လာမယ့် အစိုးရတွေက လုပ်ချင်မှ လုပ်ပါလိမ့်မယ်။

👍49
ပြည်သူတွေ စစ်ပွဲတွေဖြစ်ပြီး ပြေးကြရတာ၊ အိုးအိမ်တွေ ပျက်စီးရတာ နဲ့ ကုန်ဈေးနှုန်းတွေတက်ပြီး စီးပွားရေး အဆင်မပြေကြလို့ လျော့စားနေကြရတာကို စိတ်ပျက်တာဗျ။
သုံးနှစ်ကျော် လေးနှစ်အတွင်း သက်တမ်းတွေသာ တိုးပြီး နိုင်ငံရေး စီးပွားရေး စစ်ရေး တစ်ခုမှ တိုးတက်အောင် မလုပ်နိုင်။ အခြေအနေတွေက လာဘ်စားတဲ့ ဖရဲသီးတွေ ၊ ကိုယ်ကျိုးရှာ အတ္တသမား စီးပွားရေးသမားတွေသာ ပိုပိုပြီး ချမ်းသာလာကြပါတယ်။ တဖြေးဖြေး နဲ့ အခြေအနေက ပိုဆိုးလာနေပါတယ်။
အစိမ်းတွေရဲ့ စိတ်ထဲမှာတောင် ပြည်ပကျူးကျော်စစ်လို့ ယူဆရင် ဒေါ်စုကို အာဏာပြန်လွှဲပေးပြီး စစ်ကို ဖိတိုက်ပြီး ရန်သူကို အမြစ်ဖြုတ်စေချင်ကြပါတယ်။
ပြည်သူ အယောက်တစ်ရာမှာ အယောက်တစ်ရာလုံးက စစ်ပွဲတွေပြီးပြီး အေးချမ်းစွာနေထိုင်ချင်ကြပါပြီဗျာ။ နိုင်ငံခြား ရောက် နီပိန်းတွေပဲ လိုင်းပေါ် ဇောင်းထနေကြတာပါ။

👍40🔥1
တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး ၊ စစ်ရေး တွေက တိုးတက်မှု မရှိ၊ ထွက်ပေါက်တွေပိတ်ပြီး ရွာလည်နေဦးမှာပါ။
ပြည်တွင်းနေ ပြည်သူတွေလဲ နှစ် (၃၀) အတွင်း အဆိုးဝါးဆုံး အကြပ်အတည်း အခြေအနေတွေကို ကြုံနေရပါပြီ။
အာဏာထိန်းစက ဒေါ်လာဈေး ထက် လေးဆ တက်သွားပြီး ၊ ကုန်ဈေးနှုန်းက သုံးလေးဆ တက်သွားပါတယ်။ ပြည်သူတွေရဲ့ ဝင်ငွေက တက်မလာပါ။
နိုင်ငံအတွက် အကျိုးရှိစေမယ့် ပြတ်သားရဲရင့်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလဲ ရှိလာမယ် မထင်တော့လို့ နားပါပြီဗျာ။

👍48