နီပိန်းတိုက်ဖျက်ရေး
3.88K subscribers
4.06K photos
1.29K videos
68 links
နီပေါတိုက်ဖျက်ရေး
Download Telegram
ဂိတ်ဖွင့်ပြီး ဓားပြတိုက်နေတဲ့ ဓားပြတွေကို စစ်ကြောင်းနဲ့ ချီတိုက်ပြီး တိုက်စရာမလိုပါဘူးနော်။ ဓားပြတိုက်ခံရတဲ့ ပြည်သူတွေက နေရာအတိအကျ သတင်းပေးနေပါတယ်။ သတင်းရတာနဲ့ အချိန်တို အတွင်း ဒရုန်းနဲ့ ထောက်လှန်းပြီး ချေမှုန်းနိုင်အောင် လေ့ကျင့်ထားရင် လမ်းလုံခြုံရေး ပိုကောင်းလာပါမယ်။ တောသီးဓားပြတွေ ထမင်းငတ်လာပါလိမ့်မယ်။
👏29👍10
This media is not supported in your browser
VIEW IN TELEGRAM
သူပုန်တွေက စိုက်ပျိုးရေးလုပ်ငန်းသုံး ဒရုန်းတွေကို ပြုပြင်ပြီးသုံးနေတာပါ။
ဒရုန်းတွေကိုဖျက်ချဖို့ မီးရှူးမီးပန်းလို ဒေါင်လိုက်တက်နိုင်ပြီး လေပေါ်ကွဲနိုင်တဲ့ ကျည်တစ်မျိုးပဲ လိုပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းသုံး ဒရုန်းတွေက အမြင့်ပေ (၄၀၀)၊ ကိုက်အားဖြင့်ဆိုရင် (၁၃၅) အထိပဲ ပျံသန်းနိုင်ပါတယ်။ အမြင့်ပေ ကိုက် (၁၃၅) အထိ တက်နိုင်ပြီး လေပေါ်မှာ ပေါက်ကွဲနိုင်တဲ့ ကျည်နဲ့ဆို ဒရုန်းက ပျက်ကျပါတယ်။ ဒရုန်းကို တိုက်ရိုက်ထိဖို့ မလိုပါ။ ထိပ်ဖူးထဲမှာ ဒရုန်းပန်ကာကို ထိစေမယ့် ခဲသီး အသေးလေးတွေ ထည့်နိုင်ရင် ပိုကောင်းပါမယ်။ လက်နက်ပညာရှင်များ ထုတ်လုပ်ပေးကြပါ။ မီးရှုးမီးပန်း အကြီးစားမို့ မခက်လောက်ဘူးလို့တော့ ထင်ပါတယ်။
👍474
ဒီနေ့ ညနေ ဒေါ်လာဈေးက ၄၉၀၀ ကိုပြန်ရောက်လာပြန်ပြီ။ တစ်ခုခုတော့ လုပ်ကြပါဦး‌။
👍23😁2
မေလ (၃၀) ရက်က ဒေါ်လာဈေး ၄၇၈၀ က အမြင့်ဆုံးပဲ။ မေ (၃၁) မှာ ဒေါ်လာ ကစားသူတွေကို ဖမ်းလိုက်တော့ ဒေါ်လာဈေးက ကျသွားတယ်။ ဇွန်လ (၃) ရက်နေ့မှာ ၄၂၅၀ အထိ ကျသွားတယ်။
👍30😁2
တိုင်းပြည်ကို ဖွဘုတ် page တစ်ခုနဲ့တင် ဖျက်လို့ရနေပါတယ်။ ဒေါ်လာဈေး ကစားသူတွေကလဲ အဲ့ page ကို ဖွသတင်းတွေပေးပြီး ဒေါ်လာဈေး ကစားပါတယ်။

အဲ့ page ပဲ သတင်းနဲ့ ဘဏ်တွေ မတည်မငြိမ်ဖြစ်အောင်လုပ်ပါတယ်။ ပြည်သူကို စိုးရိမ်စိတ်ဝင်အောင် ဖွပေးပါတယ်။ ၂၀၂၁ မေလတုန်းကလို ဘဏ်တွေမှာ ပြည်သူတွေ စုံပြုံပြီး ငွေထုတ်အောင် သတင်းနဲ့ဖွပါတယ်။ ပြည်သူကလဲ သုံးနှစ်ကျော်ပြီဆိုတော့ မေ့လောက်နေပါပြီ။

ဘဏ်ကနေ ငွေသားကို မလိုအပ်ပဲ စုပြုံထုတ်တာက ပြည်သူတွေကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်တာနဲ့ တူပါတယ်။ ဘဏ်ကနေ မလိုအပ်ပံ အားလုံးက ငွေစုပြုံထုတ်ရင် ဘဏ်တ္ပေပျက်ပါမယ်။ ဘဏ်ပျက်ရင် ပြည်သူတွေပဲ စီးပွားရေးပျက်စီးပါမယ်။ ဒုက္ခရောက်ပါမယ်။ မြန်မာနိုင်ငံကို စီးပွားပျက် စေချင်နေတာက ပြည်ပကို သရဲဘောကြောင်ပြီးထွက်ပြေးသွားကြတဲ့ nug နဲ့ နိုင်ငံခြားရောက် မြန်မာအုပ်စုတွေပါပဲ။ နိုင်ငံခြားရောက် မြန်မာတွေက မြန်မာနိုင်ငံ စီးပွားရေးပျက်ပြီး ဒေါ်လာဈေးတွေ တက်လေ ကြိုက်လေပါပဲ။

မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ပြည်တွင်းမှာရှိတဲ့ မြန်မာတွေက အသိဉာဏ်ရှိရှိနဲ့ အားလုံးစုပေါင်းပြီး ကာကွယ်ရပါမယ်။
👍401😁1
This media is not supported in your browser
VIEW IN TELEGRAM
AH 6i little bird တွေအများကြီးရောက်လာပြီလို့ ကြားရတယ်။ အမေရိကန်ထုတ်လက်နက်တွေနော်။ စွမ်းဆောင်ရည်က ဒရုန်းထက်တော့ အများကြီးသာတယ်။ စခန်းတက်လုံးတဲ့ သူပုန်တွေ၊ ဆုတ်ပြေးတဲ့ သူပုန်တွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်မယ်။ ပြည်သူတွေကို ဇောင်းထသတ်ဖြတ် ဓားပြတိုက်နေတဲ့ အညာတောသီးတွေအတွက်လဲ သုံးနိုင်တယ်။ လေယာဥ်အသံကြားထွက်ပြေးတဲ့ တောသီးတွေ အသုတ်ခံရမယ်။
👍533🔥2
ရန်ကုန်မြို့ထဲ နှစ်ထပ်ဘန်ကာ အချို့က သွပ်မိုးနဲ့ဖြစ်နေပါတယ် အဘ။ သွပ်မိုးက နွေရာသီ အပူဒဏ် ခံစားရပါတယ်။ လုံခြုံရေးအရ ကွန်ကရစ် (၈) လက်မလောက် မိုးထားစေ ချင်ပါတယ်နော်။
👍452
ရန်သူ ထောက်ပို့လမ်းကြောင်းက
တောလမ်းကပဲ လာလာ၊ တောအုပ်ထဲကပဲ လာလာ မြစ်ချောင်းဆိုရင်တော့ ခရီးတွင်ဖို့ တံတားကနေ ဖြတ်ရပါမယ်။ တံတားရှိတဲ့နေရာတွေကို ၂၄/၇ ကင်းထောက်ပြီး အုပ်ရင်ရပါပြီနော်။

အထူးတပ်ဖွဲ့တွေနဲ့ ကင်းပုန်းဝပ်ပြီး ခြုံခိုတိုက်ခိုက် ဖြတ်တောက်ပြီး မြန်မြန် ပြန်ဆုတ်ရင်လဲ ရပါတယ်။ အာဖဂန်စစ်မှာ ရုရှားလဲ သုံးခဲ့ပါတယ်နော်။
👍46👏2
ဘဏ်ဂယက်နဲ့ ဒေါ်လာဈေးဂယက်ကို မထိန်းနိုင်ရင် တိုင်းပြည်ပျက်ပါလိမ့်မယ်။ ဒေါ်လာဈေး မတက်ခင်ထဲက ကုန်ဈေးနှုန်းက စစ်ပွဲတွေ ဂယက်ကြောင့် အဆမတန်ကြီးလာတယ်။ ဒေါ်လာဈေးကပါ ထပ် တက်လာတယ် ဆိုတော့ အနီအစိမ်း ပြည်သူတွေရဲ့ ခံနိုင်ရည်ဝန်အားက အရမ်းကို နည်းနေပါပြီ။ စီးပွားရေးပျက်ပြီး အေးချမ်းစွာ နေထိုင်လိုကြတဲ့ ပြည်သူတွေ ဒုက္ခရောက်မှာပဲ ပူပန်ပါတယ်။
👍44
ဒေါ်စုက ၉၇ မှာ စီးပွားရေးပိတ်ဆို့ခိုင်းလို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ စီးပွားရေးကြပ်တည်းခဲ့ရတယ်။ အခု ဒေါ်စုလက်ပါးစေ နိုင်ငံခြားသား က ပိတ်ဆို့ခိုင်းနေပြန်ပြီ။
👍28🔥5
သာလွန်ဇောင်းကြွလဲ သမိုင်းတရားခံဖြစ်မယ့်သူပဲ။ ရထားတဲ့ ရောဂါအခံနဲ့ လုပ်နေတဲ့အကုသိုလ်ကံအရ အသက်လဲရှည်မှာ မဟုတ်ပါဘူး။
👍37
ရွေးကောက်ပွဲ ကျင်းပဖို့က တစ်နှစ်လောက်ပဲ လိုပါတော့တယ်။ စီးပွားရေးကလဲ အတော်ကိုဆိုးနေတယ်။ အုပ်ချုပ်ရေးဖိစည်းနိုင်နင်းဖို့ အရပ်သားညွန့်ပေါင်းအစိုးရ တစ်ရပ်ကို ဖွဲ့စည်း အုပ်ချုပ်စေပြီး တပ်က စစ်ရေးကိုပဲ ဖိဖိစီးစီးကိုင်တွယ် စေချင်ပါတော့တယ်။ ရွေးကောက်ပွဲကိုလဲ အရပ်သားအစိုးရကပဲ ကျင်းပပေးစေချင်ပါတယ်။

အာဏာထိန်း အစိုးရမဟုတ်တော့ရင် အကြမ်းဖက်သမားတွေအတွက် နိုင်ငံရေး ဂွင်ကြပ်သွားပါလိမ့်မယ်။ ပြည်သူတွေ အသက်ရူချောင်စေဖို့ ၊ တပ်မတော်သားတွေလဲ ဖိအားလျော့နည်းစေဖို့ပါ။ တပ်မတော်သားတွေ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေးတာဝန်တွေနဲ့ ပင်ပန်းနေကြပါပြီ။ တပ်မတော်သားတွေ အကောင်းလဲ အပြောမခံရပါဘူး။

ပြည်သူလဲ ပင်ပန်း ၊ အစိုးရလဲ ပင်ပန်း၊ ထောက်ခံသူတွေလဲ ပင်ပန်း၊ တပ်မတော်ကြီးလဲ ပင်ပန်းနေပါပြီ။ နိုင်ငံတော် အတွက် ယုံကြည်စိတ်ချရတဲ့ ပုံရိပ်ရှိသူတွေကို ဝိုင်းဝန်းပေးဖို့ အကူအညီတောင်းခံရမယ့် အချိန်လို့ ထင်ပါတယ်။ ကျုပ်တို့ ပြည်သူတွေရဲ့ အဓိကရည်မှန်းချက်က ရပ်ရွာတွေ တည်ငြိမ်အေးချမ်းပြီး အကြမ်းဖက်သမားတွေ အမြစ်ပြတ်ဖို့ပါ။ ပြည်သူ့လိုလားချက်ကို ဖြည့်ဆည်းနိုင်ရင် တပ်မတော်ကို ပြည်သူတွေ ထောက်ခံလာကြပါလိမ့်မယ်။ အခုအချိန်မှာ ပြည်သူ့လိုလားချက် ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်တာ တပ်မတော်တစ်ခုတည်းသာရှိပါတယ်။
👍63
ပြည်သူ့စစ်တွေက စိတ်အားတက်ကြွနေပေမယ့် ကိုင်ထားရတဲ့ လက်နက်က ကာဘိုင်နဲ့ G3 တွေ။ သူတို့အသက်ထက် သေနတ် အသက်ကြီးနေတယ်။ သေနတ်က သူတို့အဖေအရွယ် အဘိုးအရွယ်ဖြစ်နေပြီ။ pdf တွေက MA တွေနဲ့။ ဘယ်လို ယှဥ်တိုက်မလဲ။

ရုရှားက ယူကရိန်းကို စစ်တိုက်တာ ကြည့်ရတာ အားရတယ်။ ကြဲတဲ့ဗုံးတွေ ပစ်တဲ့ missile တွေရဲ့ ပေါက်ကွဲအားက ကြောင်ခမန်းလိလိပဲ ။ ရပ်ကွက်တစ်ခုစာ ဧရိယာလောက် ထိတယ်။
👍63😁1
ကျုပ်ပတ်ဝန်းကျင်က အခြေအနေမှန်ကို ပြောပြမှာဖြစ်လို့  အမြင်မတူရင် အမုန်းမပွားကြဖို့ ကြိုတင် တောင်းပန်ပါတယ်။

၂၀၂၂ ဩဂုတ်လကစပြီး ကုန်ဈေးနှုန်းကတက်လာလိုက်တာ သုံးဆခွဲကျော်ဖြစ်နေပါပြီ။ အကြမ်းဖက်သမားတွေကို ကိုယ်ချင်းစာနာ ပေးရင်းနဲ့ ပေးဆပ်လိုက်ရတာက အေးချမ်းစွာနေထိုင်လိုကြတဲ့ ပြည်သူတွေရဲ့ဘဝပါ။ အောက်ခြေက ဆင်းရဲသားတွေရဲ့ ဘဝကို ဆင်းကြည့်ပါ။ စစ်တမ်းအမှန် အချက်အလက်အမှန် ကောက်ကြည့်ပါ။ ပြည်သူတွေ ငတ်နေကြပါပြီ။

ကျုပ်ပြောတာ မမှန်ရင် ကျုပ်ကိုလာဖမ်းလှည့်ပါ။ ဒေါ်လာဈေးနဲ့ ကုန်ဈေးနှုန်းကို မထိန်းနိုင်ရင် အုံကြွမှု အကြီးကြီး ဖြစ်လာနိုင်ပါတယ်။နေ့စဥိ လှုပ်ရှားသွားလာနေတဲ့ ပြည်သူတွေရဲ့ ဘဝနဲ့ ခံစားချက်ကို သိမြင်နေရလို့ပါ။ ကျုပ်ဘဝ တစ်လျှောက် ပြည်သူတွေရဲ့ အဆင်းရဲဆုံးနဲ့ အကြပ်တည်းဆုံး အခြေအနေကို မြင်နေရတာပါ။

အခြေအနေအမှန်ကို သိစေချင်လို့ ပြောပြတယ် မှတ်ယူစေချင်ပါတယ်။ အတွင်းရန် အပြင်ရန်အားလုံးကို ပြတ်ပြတ်သားသား လုပ်ရမယ့် အချိန်ပါ။ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရမယ့် အချိန်ပါ။ ချိန်ဆတွေးတောနေရင် အေးချမ်းစွာ နေထိုင်နေကြတဲ့ ပြည်သူတွေကို ဒဏ်ခတ်သလို ဖြစ်နေပါလိမ့်မယ်။ အခုအတိုင်း ဆက်သွားနေရင် အေးချမ်းစွာ နေထိုင်နေကြတဲ့ ပြည်သူတွေပါ တပ်မတော်ကို မုန်းလာပါလိမ့်မယ်။
👍563😁1
လူနှစ်ယောက်

ပထမတစ်ယောက်အကြောင်း ပြောပြပါမယ်။ သူက သာမန်အရပ်သားပါ။ ဗဟိုလမ်း လှည်းတန်းမှတ်တိုင်မှာ ကားတွေပိတ်ရင် ရောက်လာတတ်ပြီး မိုးမိုးရွာရွာနေပူပူ ဝီဆယ်မှုတ်ပြီး လမ်းရှင်းပေးတတ်ပါတယ်။ ကားကြပ်ချိန် ညနေစောင်းဆိုရင် သူအမြဲရး လမ်းရှင်းပေး နေတတ်ပါတယ်။ လမ်းရှင်းရမယ့် အလုပ်သည် သူ့တာဝန် မဟုတ်ပါ ။ လမ်းရှင်းပေးလို့ လစာ အဆောင်အယောင်လဲသူ မရရှာပါ။ ကားပိုင်ရှင်တွေက စေတနာနဲ့ ပေးသွားတဲ့ သဒ္ဓါကြေးလေးတော့ ရချင်လဲ ရပါမယ်။ လုပ်အားနဲ့ထိုက်တန်တဲ့ ကြည်ဖြူစွာလက်ခံရတဲ့ သဒ္ဓါကြေးမို့ သမ္မာအာဇီဝလို့ ပြောရပါမယ်။


ဒုတိယတစ်ယောက် က အစိုးရဝန်ထမ်းပါ ။ ကမ္ဘာအေးဘုရား လမ်းနဲ့ ကန်ဘဲ့လမ်းဒေါင့် အကျော် ILO ရုံးရှေ့မှာ သူတို့အုပ်စု မနက်တိုင်းရှိပါတယ်။ လမ်းဒေါင့်က မီးပွိုင့်ပျက်ရင်လဲ မကူကြပါ။ မီးပွိုင့် error အမှား၊ ယာဥ်မောင်း အမှားအသေးလေးတွေကို စွပ်စွဲထောက်ပြပြီး ငွေညှစ်တတ်ပါတယ်။ ချလန်ဖြတ်ပါ ။ ရုံးမှာကိုယ်တိုင်သွားဆောင်ပါမယ်လို့ ပြောဆိုသူတွေကိုတောင် ၊ ရုံးမှာ ဆောင်ရင် လိုင်စင် (၆) လ အပိတ်ခံရနိုင်တဲ့ အမှုလို့ပြောပြီး ငွေမရ အရတောင်းပါတယ်။ စွပ်စွဲခံရတဲ့အမှုက မီးဝါ(၃) စက္ကန့်ပြနေချိန်မှာ ဖြတ်မိတဲ့ အမှုပါ။ မီးနီတောင် မဟုတ်ပါဘူးနော်။ မြန်မာပလာဇာရှေ့မှာလဲ အဲ့လို တစ်ဖွဲ့ရှိပါတယ်။ တစ်မြို့လုံးလဲ အဖွဲ့ပေါင်းများစွာရှိပါတယ်။

ဒီလူနှစ်ယောက်ကို နှိုင်းယှဥ် စဥ်းစားကြည့်ပါ။ ကျုပ်ကတော့ ဒုတိယလူကို တာဝန်နဲ့ရာထူးကို အလွဲသုံးပြီး ပြည်သူတွေ ခက်ခဲကြပ်တည်းနေချိန်မှာ ဖိနှိပ်နေတဲ့သူ၊ ပြည်သူ့ဒေါသကို ဆွပေးနေတဲ့သူ ၊ အဖွဲ့အစည်းနဲ့ အစိုးရကို သိက္ခာချနေတဲ့ဖရဲသီးလို့ပဲ မြင်မိပါတယ်။
👍55😁1
This media is not supported in your browser
VIEW IN TELEGRAM
cdm တွေကို စိစစ်ပြီး နာမည်ပျက်စာရင်းကနေပယ်ဖျက်ပေးမယ်ဆိုတဲ့ သတင်းက cdm တွေကြားမှာတော့ မထင်မှတ်ထားတဲ့ မျက်ရည်ကျရတဲ့ အဖြစ်အပျက်ကြီးလို့ သတင်းကြားရပါတယ်။ လူလိမ်တွေ စကားနားယောင်မိလို့ ရုံးပျက်တာ ကနေ အလုပ်ထုတ်ခံရတဲ့သူတွေအတွက်တော့ ရလဒ်ကြီးတစ်ခုပါပဲ။

တပ်မတော်အစိုးရအနေနဲ့ နာမည်ပျက်စာရင်းပယ်ဖျက်ပေးဖို့ မိခင်ဌာနကို ပြန်လည်ဆက်သွယ်တဲ့ အချိန်မှာ ဖိနှိပ်မခံရဖို့ ခွဲခြားဆက်ဆံမခံရဖို့ အထူး ကြီးကြပ်ပေးစေချင်ပါတယ်။ ရုံးထဲမှာလဲ အစိုးရယန္တရားကို ပြိုကွဲအောင်လုပ်ဖို့ချောင်းနေတဲ့ non-cdm ဖရဲသီးလက်ကျန်တွေက ရှိနေပါတယ်။

ပင်စင်ရခါနီး အလုပ်ပြုတ်သွားရသူတွေကိုလဲ လက်ကျန်ကာလကို တာဝန် ပြန်လည်ထမ်းဆောင်ခိုင်းပြီး ပင်စင်ခံစားခွင့်ပေးရင် တပ်မတော်အစိုးရရဲ့ စေတနာကို cdm ဝန်ထမ်းတွေ သိရှိလာကြပါလိမ့်မယ်။ လူလိမ် နဲ့ လူကောင်း ၊ အဖြူ နဲ့ အမဲ ကွဲပြားအောင်လုပ်သင့်တဲ့အချိန်လို့ မြင်မိပါတယ် လို့ တင်ပြအပ်ပါတယ်။
👍431
cdm တွေပတ်သက်ပြီး တပ်မတော်ထောက်ခံသူတွေ အမြင်လွဲနေတာကို ရှင်းပြပါရစေ။

cdm ထဲမှာ သဘောထားတင်းမာသူတွေရှိပါတယ်။ ကိုယ်တိုင်ကလဲ cdm လုပ်ပြီး အခြားသူတွေကိုလဲ cdm လုပ်ခိုင်း ၊ cdm မလုပ်ရင် ဆဲဆိုနေတဲ့သူတွေပါ။ အာဃာတကြီးသူတွေ အလွန်အကျွံထောက်ခံသူတွေ၊ radical တွေများပါတယ်။ cdm type-1 လို့နာမည်ပေးထားပါတယ်။

နကိုရှိရင်းစွဲကိုက အနီကိုထောာက်ခံပြီး နိုင်ငံရေးနားမလည်ပဲ အလိမ်အညာတွေကို နားယောင်ပြီး cdm လုပ်ခဲ့ရသူတွေပါ။ အလုပ်ဆင်းဖို့ ပြန်ခေါ်တော့လဲ radical တွေရဲ့ လှုံ့ဆော်မှုကြောင့် နိုင်တော့မယ်ထင်ပြီး အလုပ်ပြန်မဆင်းခဲ့ပြတဲ့ cdm ဝန်ထမ်းတွေပါ။ type-2 လို့နာမည်ပေးထားပါတယ်။

type-3 က နိုင်ငံရေးအရောင်လဲမရှိ အနီတွေခြိမ်းခြောက်တာကို ကြောက်လို့ cdm လုပ်ခဲ့ရသူတွေပါ။ type-3 တွေက အလုပ်ပြန်ဝင်နေကြပါပြီ။ ကြောက်လို့ ကျန်ခဲ့တဲ့ အနည်းငယ်ပဲရှိပါတော့တယ်။

အခုချိန်မှာ လူရည်လည်တဲ့ type-1 တွေက ထောက်ပို့တွေဖြစ်ပြီး ချမ်းသာတဲ့သူတွေက ချမ်းသာကုန်ကြပါပြီ။ မလည်တဲ့ type-1 တွေက ငတ်ကုန်ပြီး nug ကို ဖောင်းပြန်ထုနေကြပါပြီ။

type-2 တွေ နဲ့ type-3 လက်ကျန်တွေ ကတော့ အင်အားအများဆုံးပါပဲ။ အခြားအလုပ်ခိုးလုပ်နေကြရတဲ့သူတွေ၊ ပတ်စ်ပို့လုပ်မရလို့ နိုင်ငံခြားကို ခိုးထွက်သွားကြသူတွေ၊ အွန်လိုင်းရှော့လုပ်နေရသူတွေဖြစ်နေကြပါတယ်။ type-2 တွေ နဲ့ type-3 တွေက nug နဲ့ အနီ ထောက်ပို့တွေရဲ့ အလိမ်အညာတွေကို သူတို့ကိုယ်တိုင် ခံသားခဲ့ရလို့ တော်တော်လဲမုန်းနေကြပါပြီ။


မနေ့ကထုတ်ပြန်ချက်က အင်အားကြီးမားတဲ့ type-2 နဲ့ type-3 ကို ကြီးမားတဲ့ သက်ရောက်မှုဖြစ်စေပါတယ်။ cdm ဝန်ထမ်းတွေက သူတို့ကျွမ်းကျင်တဲ့ ရုံးလုပ်ငန်း ပညာတွေနဲ့အသက်မွေးဝမ်းကျောင်း ပြန်ရမှာဖြစ်လို့ သားရွှေအိုးထမ်းလာတဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။
👍321
non-cdm တွေမှာလဲ အစွန်းရောက်တွေပေးခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေ များပါတယ်။ အခုထိလဲ nug က လူသတ် သမားတွေရဲ့ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းကို ခံစားနေကြရပါတယ်။

မိခင်ဌာနကို ပြန်သွားပြီး နာမည်ပျက်စာရင်းကို ပယ်ဖျက်ပေးဖို့ လျှောက်ထားမယ့် ဝန်ထမ်းဟောင်းတွေအနေနဲ့ ဌာနမှာကျန်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဖြစ်ပျက်ခဲ့တာတွေအတွက် ကျေအေးစကားဆိုသင့်ပါတယ်။ အခင်အမင်မပျက် စည်းရုံးကြတာက နိမ့်ကျတာ မဟုတ်ပါဘူး ဗုဒ္ဓတရားတော်နဲ့ ညီတဲ့ မင်္ဂလာတရားတော်တစ်ပါး ဖြစ်ပါတယ်။

နှစ်ဖက် အသိုင်းအဝိုင်းပျက်စီးအောင် ဒုက္ခရောက်အောင် ကြံစည်လုပ်ကိုင်ခဲ့တဲ့ တရားခံစစ်စစ်တွေက cdm တွေကို ထမင်းတင်ကျွေးထားပါမယ်လို့ လိမ်လည်ခဲ့သူတွေ၊ cdm မလုပ်လို့ ခြိမ်းခြောက်ခဲ့တဲ့ radical အစွန်းရောက် လူလိမ် တွေပဲဖြစ်ပါတယ်။

ရန်သူစစ်စစ်ကို မြင်အောင်ကြည့်ပြီး လုပ်ဖော်ကိုင်ဖက်အချင်းချင်း လူလိမ် လူကောက်တွေရန်မှ အပြန်အလှန် ကာကွယ်ပေးကြပါ၊ လူမှု့အသိုက်အဝန်းကို ပြန်လည် ထူထောင်ကြပါလို့ ကြားထဲကပဲ ကျေအေးစကားဆိုပါရစေ။
👍471🔥1
တပ်မတော်ထောက်ခံသူတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ အခြားပါတီဝင်တွေ၊ pdf မှ သတ်ဖြတ်ဖို့ ခြိမ်းခြောက်ခံထားရသူတွေကို တစ်ပတ်မှာ တစ်ရက် လက်နက်ငယ်ပစ်ခတ်နည်းနဲ့ စစ်ရေးပညာတွေ သင်ထားပေးသင့်ပါတယ်။ အရေးကြုံရင် နယ်မြေလုံခြုံရေး စုစည်းလုပ်ကိုင်နိုင်အောင်ပါ။
👍572