နီပိန်းတိုက်ဖျက်ရေး
3.89K subscribers
4.06K photos
1.29K videos
68 links
နီပေါတိုက်ဖျက်ရေး
Download Telegram
လောက်ကိုင်ကို ဗုံးကြဲမယ်ဆိုတော့ ပြည်သူတွေရဲ့ ထောက်ခံမှုက တအားပဲနော်။
👍36👏71😁1
အမှန်တိုင်းပြောရရင် ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ အနီတွေကို အသွေးထဲ အသားထဲကနေ မုန်းတယ်။ တပ်မတော်ကို ချစ်လို့ မုန်းတာလားဆိုတော့လဲ အမှန်တိုင်းဝန်ခံရရင် တပ်မတော်ကို မချစ်ပါဘူး။ ဒါပေသိ ယနေ့ခေတ် နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ တည်ဆဲဥပဒေတွေအတိုင်း ကျောသားရင်သား မခွဲခြားပဲ လုပ်နေတဲ့ တပ်မတော်ဘက်က ရပ်တည်ဖို့လိုတာတော့ သိတယ်။

ပြည်သူတိုင်းလဲ တပ်မတော်ကို မချစ်ရင်တောင် နိုင်ငံတည်ငြိမ်ဖို့ လက်ရှိ အခက်အခဲတွေကနေ ရုန်းထွက်နိုင်ဖို့ တပ်မတော်ဘက်မှာ ခဏတာပဲဖြစ်ဖြစ် ရပ်တည်ကြည့်သင့်တယ်လို့ မြင်တယ်။ရွေးကောက်ပွဲ မပြီးမချင်း ခဏတာလေးပဲ ရပ်တည်ပေးစေချင်တယ်။ နားလည်ပေးစေချင်တယ်။ ရွေးကောက်ပွဲပြီးလို့ ဒီမိုကရေစီ အစိုးရတစ်ရပ် ပြန်ပြီး အာဏာရလာရင် မတူကွဲပြားမှုအရ မကြိုက်ရင် ပြန်ဆဲပေါ့နော်။ ကျုပ်ပြောတာ မျှတပြီး ပြည်သူ အားလုံး ဒုက္ခတွင်းထဲက လွတ်မြောက်မယ့် အခြေအနေပါနော်။
👍23😁2
အရေးအခင်းစတင်တော့ အနီတွေဘက်မှာ တစ်နိုင်ငံရဲ့ ၆၅% လောက် ရပ်တည်ကြလိမ့်မယ်။ မြို့ကြီးပြကြီးတွေဆို ၉၀% လောက် အနီတွေရှိတယ်။ (၃) နှစ်ကျော်ကာလကို ပြန်ကြည့်ရင် အနီထောက်ခံသူ % ကျဆင်းသွားကြပြီ။ ၅၀% လောက်ပဲ ခပ်ပျော့ပျော့ ထောက်ခံကြတော့မယ်။ ၁၀% လောက်ပဲ အမာခံကျန်တော့မယ်။

အစ ပထမ အနီတွေဘက်မှာ ရပ်တည်ပြီး အနီတွေရဲ့ ရန်လုပ်ခွဲခြားမှု၊ တပ်မတော်အစိုးရရဲ့ သဘောထားကြီးမားမှု၊ ဥပဒေအတိုင်းလိုက်နာကျင့်သုံးမှုတွေကြောင့် ကြားနေ ဖြစ်သွားကြတဲ့ အနုပညာရှင်တွေ ၊ တပ်မတော်အစိုးရကို ဘက်ပြောင်း ကူညီလာကြတဲ့ နာမည်ကြီး အနုပညာရှင်တွေ အများအပြားရှိလာခဲ့တယ်။ အနုပညာရှင်တွေဆိုတာ ထင်သာမြင်သာ ရှိလို့ ပြောတာနော်။

ပြည်သူတွေရဲ့ စီးပွားရေး ၊ လူမှုရေး တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ သိမြင်လာကြတဲ့ အနီပညာရှင်တွေ အများအပြား ဘက်ပြောင်းလာကြတယ်။ တပ်မတော် အစိုးရဘက်မှာ တိတ်တိတ် ကူညီနေကြတဲ့ ပညာရှင်တွေလဲ ရှိလာကြတယ်။

ပြည်သူတွေ စီးပွားရေးကြပ်တည်းအောင် ၊ ရာဇဝတ်မှုတွေ များပြားအောင် nug နဲ့ pdf အပေါင်းအပါတွေက လုပ်နေကြတယ် ဆိုတာသိလာကြတဲ့ သာမန်အရပ်သားတွေလဲ ပြောင်းလဲလာကြတယ်။ အရပ်ထဲမှာ တပ်မတော် အစိုးရကို မုန်းလို့ မထောက်ခံရင်တောင် nug pdf ကိုတော့ မထောက်ခံကြတော့ဘူး။ နှုက်မှသာ ထုတ်မပြောရဲကြပေမယ့် လုပ်နဲ့ သက်သေပြနေကြတယ်။ nug pdf တွေက ငါတို့ပြည်သူတွေကို ကြပ်တည်းအောင် လုပ်နေသူတွေ ၊ ဒုက္ခတွင်းထဲကျအောင် တွန်းပို့နေသူတွေအဖြစ် မြင်လာနေကြတယ်။ nug pdf အလှုခံရငွေတွေလဲ အတော်ကိုနည်းသွားကြတယ်။

အနီထောက်ခံမှု ကျဆင်းလာတာကို ထင်သာမြင်သာရှိတဲ့ နောက်တစ်ခုက နာမည်ကြီး အနုပညာရှင်တွေ ပြောင်းလဲလာတဲ့ % နှုန်းကို စမ်းစစ်လေ့လာကြည့်ရင် သိနိုင်တယ်။

သတင်းအချက်အလက်နည်းပညာခေတ်ကြီးမှာ သာမန်ပြည်သူတွေလဲ မ "အ" ကြတော့ဘူး။ လျှပ်စစ်တာဝါတိုင် ဗုံးခွဲသူ၊ ဖုန်းတာဝါတိုင် ဗုံးခွဲသူ၊ ကုန်ဈေးနှုန်းတက်အောင် လမ်းတံတားဖျက်စီးသူ၊ ပြည်သူတွေ မပျော်ပါးရအောင် ပွဲလမ်းသဘင်ကို ဗုံးခွဲသူ၊ စီးပွားရေး ပိတ်ဆို့ခိုင်းသူတွေကို သတင်းနည်းပညာခေတ်ကြီးမှာ ပြည်သူတွေ အလွယ်တကူ သိလာနိုင်ကြတယ်။ ပြည်သူတွေ ဆင်းရဲကြပ်တည်းနေချိန်မှာ သွေးထိုးလှုံ့ဆော်မှုတွေ ရှိပေမယ့် ဆန္ဒပြမှုတွေ မဖြစ်လာတာက ဆင်းရဲကြပ်တည်းအောင် nug pdf က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်ဆိုတာကို ပြည်သူတွေ သိရှိနားလည် ထားကြလို့ပဲ ဖြစ်တယ်။

nug က အာဏာပြန်လည်ရရှိရေးအတွက် ပြည်သူတွေကို ဆင်းရဲကြပ်တည်းအောင် အကြင်နာမဲ့ လုပ်မယ်ဆိုတာကိုလဲ cdm ဝန်ထမ်းတွေကို အခက်အခဲ ဒုက္ခကြားထဲ စွန့်ပစ်ခဲ့တဲ့ ဖြစ်စဥ်ကို ကြည့်ပြီး ပြည်သူတွေက နားလည်ထားကြပါတယ်။

သတင်းနည်းပညာခေတ်ကြီးမှာ nug လော်ဘီတွေ nug ဝန်ကြီးတွေ နိုင်ငံခြားတိုင်းပြည်တွေမှာ အိမ်ဝယ်မှု ၊ မိသားစုလိုက် ပျော်ပါး အခြေချနေမှုတွေကို သိရှိထားကြတဲ့ အတွက် nug ကိုထောက်ခံမှုက အနိမ့်ဆုံးအဆင့်ကို ရောက်ရှိလာနေပါတယ်။
👍20😁2
ဖရဲသီးတွေ အတွင်းစည်းထဲကို စိမ့်ဝင်ခိုအောင်းပြီး မွှေနေတာ သတိထားရမယ်။ အုပ်ချုပ်ရေး ပျက်ပြားအောင် လူသတ် ဗုံးခွဲနေမှ အကြမ်းဖက်သမား စာရင်းဝင်တာ မဟုတ်ဘူးနော်။
ဌာနဆိုင်ရာ အတွင်းစည်းထဲကနေ ပြည်သူကို အာဏာပြ ဖိနှိပ် ငွေညှစ် သူတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို သတင်းရောင်းစား နေသူတွေလဲ အကြမ်းဖက်သမားတွေ ပါပဲနော်။

ပြည်သူတွေအနေနဲ့ နိုင်ငံတော် အေးချမ်းဖို့ အဆိုပါသူတွေကို အချက်အလက် အတိအကျ နဲ့ သတင်းပေးစေချင်ပါတယ်။
👍44😁31🔥1
အပျံမရဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူတွေက ဒေါ်ပြုံးနဲ့ သူ့ယောင်္ကျားပါ။ ဒေါ်ပြုံးကို ဖဲ့ပြတယ် ဆိုတာ ဟန်ပြတွေဆိုတာ အမေရိကားမှာနေသူတိုင်းသိပါတယ်။ မြန်မာပြည်ထဲ ပြန်ဝင်ရင် အစစ်ဆေးခံရနိုင်လို့ အပျံမနဲ့ ရန်ဖြစ်ပြနေတာပါနော်။ ဒေါ်ပြုံးအကြောင်း အကုန်သိပါတယ်နော်။
👍46😁3
This media is not supported in your browser
VIEW IN TELEGRAM
လောက်ကိုင်မှာ လက်ရှိရောက်နေပြီး ပြန်မထွက်ရသေးတဲ့သူ တစ်ယောက်ရဲ့ ပြောပြချက်နော်။
👍384😁4
This media is not supported in your browser
VIEW IN TELEGRAM
စာရေးဆရာဦးကျော်ဝင်း ပြောခဲ့တဲ့ စကား သွေးထွက်အောင်မှန်တယ်။
👍40😁3
pdf တွေကို ပြည်သူအကျိုးစီးပွား ပျက်စီးအောင် ဦးတည်တိုက်ခိုက်နေတဲ့ အကြမ်းဖက်သမားတွေမှန်း ပြည်သူတွေက သိသွားကြပြီလေ။ ရပ်ကွက်ထဲမှာလဲ pdf တွေကို အကြမ်းဖက်သမား၊ ထောက်ပို့တွေကို လူလိမ်တွေမှန်းသိလာကြလို့ ထောက်ခံမှု ကျဆင်းလာတယ်။ လိုင်းပေါ်ထောက်ခံနေကြတယ် ဆိုတာ အကောင့်အတုနဲ့ သူတို့ ဒလန်တွေ၊ မြန်မာနိုင်ငံ ပျက်စီးတာကို အရသာခံ သဘောကျနေကြတဲ့ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ။ သူတို့က ဒေါ်လာဈေးတက်လေ ကြိုက်လေ၊ မီးပျက်ပြီး မြန်မာနိုင်ငံထဲက လူတွေ ဒုက္ခရောက်လေ ကြိုက်လေပဲ။
👍29😁5👏1