နီပိန်းတိုက်ဖျက်ရေး
3.89K subscribers
4.07K photos
1.29K videos
70 links
နီပေါတိုက်ဖျက်ရေး
Download Telegram
တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို UAV နဲ့ (၂၄) နာရီ ကင်းထောက်ပြီး အကြီးအသေးကြဲနေရင် သူပုန်တွေ ကပ်လို့ရမှာ မဟုတ်ဘူး။ လှည့်ကင်း စစ်ကြောင်းတွေလဲ UAV က ထောက်ထားတဲ့ နေရာတွေကို ရှင်းရတော့ အန္တရာယ်ကျရောက်နိုင်ဖို့ နည်းတယ်။ ရန်သူကပ်လာရင် လက်ဦးမှုရယူနိုင်တယ်။
အခုက စခန်းနားကပ်လာမှ ပစ်ကူတောင်း ၊ လေယာဥ် သံကြားတာနဲ့ ရန်သူက ဆင်းပြေးနေတော့ လေကြာင်းက ခံစ်အကူအတွက် ထင်သလို မထိရောက်ဘူး။
လေကြောင်းက ရန်သူအထိုင်စခန်းတွေကို ကြဲရင်တော့ ထိရောက်တယ်။ ရန်သူအထိုင်စခန်းတွေကို ဗုံးကြဲလားဆိုတော့လဲ မကြဲဘူး။
👍26😁1
ဘုန်းဘုန်းတွေကို နိုင်ငံရေးအသုံးချလို့ မရတော့ဘူး။ နီပိန်းတွေက ဗုဒ္ဓဘာသာ သာသနာကို ဖျက်စီးနေတဲ့ ဘာသာမဲ့ အရိုင်းအစိုင်း တွေဆိုတာ ဘုန်ဘုန်းတို့ သိသွားကြပြီ။
👍23😁4
ကျောက်မဲမြို့က ပြည်သူတွေက ဆီဆိုင်မြို့လိုဖြစ်မှာ ကြောက်နေကြပြီ။ သူပုန်လာရင် မြို့ပျက်မှာကို သိနေကြလို့ သူပုန်ကို မထောက်ခံကြဘူး။ တပ်မတော်ကို ထောက်ခံနေကြတယ်။
👍19😁1
This media is not supported in your browser
VIEW IN TELEGRAM
ဒီသတင်းကို အမှန်လို့တော့ မထင်ဘူး။ AH-6i က  အမေရိကန် ကုမ္မဏီ ဘိုးရင်းက ထုတ်လုပ်တဲ့ အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဥ်ပဲ။ အမေရိကန်လက်နက်ကို မြန်မာကို မရောင်းရလို့ ကန့်သတ်ထားတယ်။ AH-6i ရောက်လာပြီဆိုရင်တော့ မြန်မာနိုင်ငံအတွက် ဝမ်းသာစရာ သတင်းပဲ။ နိုင်ငံကြီး တစ်နိုင်ငံက မြန်မာနိုင်ငံကို ကူညီတော့မယ့် လမ်းစပဲနော်။
👍21😁2
ရဟန်း (၉၃) ပါးကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတဲ့ pdf များကို မြန်မာနိုင်ငံတဝှမ်းမှ ရဟန်းသံဃာတော်စစ်စစ်များက တိတ်ဆိတ်ငြိမ်သက်စွာ မေတ္တာပို့သနေကြောင်း သိရှိရပါတယ်။ မေတ္တာရဲ့ အကျိုးကို pdf လေးတွေခံစားရပါစေတဲ့နော်။

ဆရာတော် သံဃာတော်တွေ ပို့တဲ့ မေတ္တာက စူးတတ်ပါတယ်နော်။ မကောင်းမှုကံတွေ ကြုံနေရပြီဆို မေတ္တာစူးပြီ၊ အကုသိုလ်ကံတွေ လိုက်လာပြီလို့ မှတ်လိုက်နော်။
👍17😁1🤬1
ကွတ်ခိုင်မှာ ပလောင်တွေက မီးပေးတာတဲ့။ တစ်ယူနစ် (၃၀၀၀) တဲ့။ မြို့သိမ်းပြီး ဓားပြတိုက်နေကြပြီ။
👍12🔥5😁2
ခေါကြီးတို့ nug crph က လူလိမ်တွေဆိုတာ နီပိန်းတွေတောင် သိကုန်ကြပြီလေ။
👍17😁1
ပြည်သူ့စစ်မှုထမ်းတွေ သင်တန်းဆင်းပြီးလို့ တာဝန်ထမ်းဆောင်ပြီးဆိုရင် ပြည်သူနဲ့ တပ်မတော် အတွက် အင်အားတစ်ခုပဲ။ ရန်သူကြောက်ရတဲ့ အင်အား တစ်စုဖြစ်လာရင် ရန်သူ မီဒီယာတွေက သတင်းတုမျိုးစုံနဲ့ ထိုးနှက်လာလိမ့်မယ်။ သတင်းတုဆိုတာ ပါးစပ်ထဲ စိတ်ကူးထဲရှိတာကို ပုံဖော်ပြီး ထိုးနှက်တာပဲ။ နောက်လူတွေ စစ်မှုမထမ်းရဲအောင်၊ စစ်မှုထမ်းချင်စိတ် မရှိအောင်၊ သတင်းတုတွေ ထုတ်လွှင့်ကြလိမ့်မယ်။
နမူနာဖြစ်စဥ်အနေနဲ့ပြန်ကြည့်ရင် စစ်မှုထမ်း ဥပဒေ ကြေညာပြီး ဖေဖော်ဝါရီ (၁၀) ရက်နောက်ပိုင်းမှာ လူငယ်တွေ ထွက်ပြေးအောင် နေရာတိုင်းမှာ ပေါ်တာဆွဲနေပါတယ် ဆိုပြီး သတင်းတုနဲ့ လုပ်ကြံခဲ့သလိုမျိုးပါ။
အခုလဲ သတင်းတုတွေ ကြုံလာရနိုင်ပါတယ်။ မြင်နေတဲ့ သတင်းတု လမ်းကြောင်းကတော့ အများကြီးရှိပါတယ်။ ရန်သူ ဖန်တီးလုပ်ကြံမယ့် သတင်းတုတွေ အားလုံးရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်ကတော့ ပြည်သူကို စိုးရိမ်စိတ်ဖြစ်စေပြီး မြန်မာနိုင်ငံကြီး စီးပွားရေး လူမှုရေး နိုင်ငံရေး ကသောင်းကနင်း ဖြစ်စေဖို့ပါပဲ။ ခေတ်သစ်က ဇောင်းကြွတို့ လုပ်ကြမယ့် လုပ်ကွက်ပါနော်။
တန်ပြန်ဖို့ ကြိုပြင်ဆင်ထားသင့်တာက သင်တန်းဆင်း ပြည်သူ့စစ်မှုထမ်းတွေ နိုင်ငံတာဝန် ထမ်းဆောင်နေပုံတွေနဲ့ အင်တာဗျူးတွေကို ဝေဝေဆာဆာ ဖော်ပြပေးဖို့ပါပဲ။
👍123😁1
အနီလော်ဘီတွေက ဗုဒ္ဓဘာသာကို ပြည်သူတွေ ကြည်ညိုမှုနည်းလာအောင် ၊ မိဘဆရာသမားတွေရဲ့ ဆိုဆုံးမမှုကို လက်မခံအောင် ၊ ဘာသာမဲ့လာအောင် လှုံ့ဆော်နေကြတာပါ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အနန္တော အနန္တ ငါးပါး လူငယ်တွေစော်ကားနိုင်အောင် လုပ်နေကြတာပါ။ သတိရှိကြပါ။
👍17😁1
Media is too big
VIEW IN TELEGRAM
လူလိမ်တွေကို သတိထားကြပါနော်။ မိတ်ဆွေတွေ အလိမ်မခံရအောင်လဲ သတိပေးကြပါဦး။
👍15😁1
သူပုန်တွေ စခန်းတက်လုံးပြီဆိုရင် လေယာဥ်တစ်စီးတည်းနဲ့ မဝုန်းစေချင်ဘူး။ လေယာဥ် သုံးလေးစီးလောက်နဲ့ ဧရိယာကြီးကြီးထိရောက် အောင်ဝုန်းစေချင်တယ်။ သူပုန်တွေက လေယာဥ်သံကြားရင် ဆင်ပြေးကျတယ်။ ဧရိယာကြီး ထိရောက်မှုရှိမှ သူပုန်တွေ ဦးကျိုးမယ်။ တို့တို့တိတိလုပ်နေရင်လက်နက်ကုန် ဆီကုန်တာပဲဖြစ်မယ်။ လေယာဥ်တစ်စီးထဲ နဲ့ ဗုံးကြီးကြီးကြဲရင်လဲဖြစ်တယ်။
👍1710😁1
သူပုန်ကို အထင်မသေးနဲ့နော်။ သူပုန်က လေယာဥ်ရောက်ဖို့အချိန်၊ တစ်စီးနဲ့ တစ်စီးကြား အချိန်ကွာခြားချက်တွေကို မှတ်ပြီး တွက်ချက် လုပ်တာနော်။ သူပုန်မှာ ရေဒါ ရှိနိုင်တယ်။ ကရင်တွေဆီမှာတော့ ရေဒါရှိတယ်လို့ ကြားတယ်။ တပ်မတော်ရဲ့ အားသာချက်က ရာသီမရွေး ၊ နေ့ည မရွေး စစ်ဆင်နိုင်တဲ့ လေယာဥ်တွေရှိနေတာပဲ။ ဗုံးကြီးကြီး ထုတ်သုံးဖို့ပဲနော်။
👍23😁1
တပ်မတော်လေရဲ့ YAK-130 က ရာသီဥတုမရွေး နေ့ညမရွေး စစ်ဆင်နိုင်တယ်။ တပ်မတော်ခေါင်းဆောင်တွေရဲ့ အမျှော်အမြင်ကြီးကြီးနဲ့ ဝယ်ထားတဲ့ လေယာဥ်တွေနော်။ ဗုံးကြဲလေယာဥ် အဖြစ်လဲ သုံးလို့ရတယ်။ ဝေဟင်ကနေ မြေပြင် ချေမှုန်းရေးဗုံးကြဲ လေယာဥ်တွေ များများလိုတယ်။

ယခုစစ်ပွဲကို ကျူးကျော်စစ်ကို ခုခံတဲ့ စစ်ပွဲအဖြစ် သဘောထားပြီး ရန်သူကိုချေမှုန်းပေးပါ။ မညှာပါနဲ့ ။ အညှာနေရင် အပြစ်မဲ့ပြည်သူတွေ ဒုက္ခ ပိုခံစားရပါတယ်။
👍28😁1
Media is too big
VIEW IN TELEGRAM
ဆရာတော် သံဃာတော်တွေကို ဆဲ၊ မိဘကိုစော်ကား၊ အမြင်မတူတဲ့သူတွေကို ရန်ရှာ၊ ယဥ်ကျေးမှုမရှိပဲ လူတိုင်းကို ဆဲဆိုနေကြတဲ့ အရိုင်းအစိုင်း ပညာမဲ့ နီပိန်းတွေကို လူမျိုးခြားတွေက နှိမ်မှာပါပဲ။ ထိုင်းရောက် မြန်မာအများစုက အကုသိုလ်ကံအဖြစ် လူသတ် လက်နက်လှုခဲ့ကြသူတွေနော်။ သူတပါးကို သေစေလိုတဲ့ အကုသိုလ်ကံလဲ ပါတယ်။ သူတို့ပြုခဲ့တဲ့ မကောင်းမှုကံတွေက အရိပ်လို လိုက်လာလိမ့်မယ်။ အကုသိုလ်ကောင်တွေကို နတ်လူ သာဓုမခေါ်ပါဘူးနော်။ ဆဲဆိုမိုက်ရိုင်း နေတဲ့ အကုသိုလ်ကောင်တွေကို မမြင်အပ်တဲ့ အစောင့်အရှောက်တွေက မချစ်ကြ မစောင့်ရှောက်ကြပါဘူး။
👍27😁3
၁၆ရာစုနှစ် ဂျပန်က ကိုရီးယားကို ဝင်တိုက်တယ်။ ကိုရီးယားဘုရင်က ထွက်ပြေးသွားတယ်။ ကိုရီးယား ဘုရင်အားကိုးမရလို့ စစ်ဘေးဒုက္ခသည်ပြည်သူတွေက စစ်သူကြီး ရီဆွန်းရှင်း ရှိတဲ့နေရာကို ထွက်ပြေးကြတယ်။ ပြည်သူတွေ အားကိုးရတဲ့ စစ်သူကြီးရီ အုပ်ချုပ်ရာဒေသမှာ ခိုလှုံကြတယ်။ စစ်သူကြီးရီက ပြည်သူကို ရင်ဝယ်သားလို ကာကွယ်ပြီး ဂျပန်ကို တွန်းလှန်ခဲ့တယ်။

ယနေ့ မြန်မာပြည်မှာ စစ်ဘေးရှောင်ပြည်သူတွေ ဘယ်ဒေသပြေးလဲ ဘယ်ဒေသမှာ ခိုလှုံကြလဲက အဖြေပဲနော်။ အနီမီဒီယာတွေ ဝါဒဖြန့်သလို စစ်တပ်ယုတ်မာတယ် ၊ ရိုင်းစိုင်းတယ်၊ ဥပဒေမဲ့ အုပ်ချုပ်တယ်ဆို pdf တွေရှိတဲ့ ဘက်ကို ပြေးမှာပေါ့နော်။ တပ်မတော် အစိုးရအုပ်ချုပ်တဲ့ဘက်ကို ဘယ်ပြေးပါ့မလဲ။ ပြည်သူစစ်စစ်တွေရဲ့ လက်တွေ့ ယုံကြည် ထောက်ခံမှုက ဘယ်ဘက်မှာရှိလဲ သက်သေပဲနော်။

တိုက်ပွဲဖော်၊ အိမ်တွေထဲက ပစ္စည်းတွေ ခိုး၊ သေနတ်ပြအုပ်ချုပ်နေတဲ့ မင်းမဲ့စရိုက် pdf တွေကို ပြည်သူတွေက အလိုမရှိတဲ့တော့တာ မျက်မြင်ပဲနော်။
👍211😁1
ခင်ဗျားတို့ နီပိန်းတွေက ခင်ဗျားတို့ နီပိန်းအချင်းချင်းပဲ မြင်ပြီး တနိုင်ငံလုံး အနီထောက်ခံသူတွေလိုပဲ မြင်နေကြတာနော်။ အနီတွေလုပ်တာ အမှန် ၊ အနီလုပ်တာ ဓမ္မလို့ပဲ ထင်နေကြတာနော်။

ခင်ဗျားတို့ တိုင်းတဲ့ ပေတံက ခင်ဗျားတို့ အနီတွေအချင်းချင်း စံသတ်မှတ်ထားတဲ့ ပေတံပဲ။ အနီမဟုတ်တဲ့ ပြည်သူတွေ ခံစားချက်တွေ စံသတ်မှတ်မှုတွေကို ခင်ဗျားတို့ နားမလည်ကြတာနော်။ အခြားသူတွေရဲ့အသံတွေနဲ့ ခံစားချက်ကို နားမထောင်လို့ ခင်ဗျားတို့ကို နီပိန်း နီပိတ်လို့ခေါ်ကြတာနော်။

ကျုပ်က တပ်ထောက်ခံသူ ဘယ်လိုဖြစ်လာတာလဲဆို ခင်ဗျားတို့ အနီတွေရဲ့ အစွန်းရောက်မှုကြောင့်ပဲ။ ၂၀၂၁ မေ ဇွန်လတွေမှာ ကလေးတွေတက်တဲ့ ကျောင်းတွေကို ခင်ဗျားတို့ မီးရှို့တာ ခင်ဗျားတို့က မေ့သွားပေမယ့် ကျုပ်က မမေ့သွားဘူးဗျ။

ကျုပ်က ဆိုင်ကယ်ကယ်ရီဆွဲတာ ကျောင်းတက်တဲ့ ကလေးတွေဆို ခရီးသည် မပါရင် အခမဲ့ပို့ပေးတာနော်။ ကျုပ်ဆိုင်ကယ် ကယ်ရီ ဂိတ်ထိုးတာတောင် ကျောင်းနားမှာထိုးတယ်။ ကျောင်းသားကလေးတွေ အဖြူ အစိမ်းလေးတွေဝတ်ပြီး ကျောင်းတက်နေကြတာကို မြင်ရတာက ကျုပ်အတွက်တော့ ဗန်ဂိုးတို့ ပီကာဆိုတို့ရဲ့ ပန်းချီကားတွေကို ကြည့်ရတာထက် ပိုကြည်နူးတယ်။

ကျုပ်ခံစားနေတဲ့ ပန်းချီကားထဲက ကျောင်းကို ခင်ဗျားတို့ မီးရှို့တယ်။ ကျောင်းတက်နေတဲ့ ကလေးတွေကို ခြိမ်းခြောက်တယ်။ ခင်ဗျားတို့ ကျုပ်တန်ဖိုးထားတဲ့ ပန်းချီကားကို ဖျက်စီးခဲ့လို့ ခင်ဗျားတို့ နီပိန်းတွေကို ဆန့်ကျင်နေတာပဲ။ ကျုပ်လို ကျောင်းသားမိဘတွေ များစွာရှိတယ်နော်။ ကျုပ်တို့မြို့မှာ ကျောင်းထဲဝင်ပြီး ဗုံးခွဲရင် ဗုံးခွဲတဲ့သူကို ဗုံးပြန်ပတ်ပြီး ခွဲဖို့ ကတိပြုထားကြတယ်။ ကတိပြုထားတဲ့ထဲ အနီတွေလဲ ပါတယ်နော်။

ကျုပ်ကတော့ ယာယီဆောက်ထားတဲ့ ကျောင်းကို ဗုံးထောင်သူကို အသေခံ ဝင်လုံးဖို့၊ ဒရုန်းဗုံးလာချမယ့်သူတွေကို ကြိုတင် သတင်းပေးဖို့ စည်းရုံးထားတယ်။ အရင် ကျောင်းကို မီးရှို့ပြီး ပြေးတဲ့လူငယ်တွေရဲ့ မိသားစုတွေလဲ ကျုပ်တို့မြို့မှာ နေရတာ ရှက်လို့ အခြားမြို့ ပြောင်းပြီး ပြေးကြပြီ။ သူတို့သားသမီးတွေရဲ့ အပြစ်ကို သိတယ်လေ။ ဂုဏ်ယူစရာက ကျုပ်တို့ မြို့က အနီတွေက မပိန်းဘူးဗျနော်။

ဒီကြောင်းလေးကို ရုပ်ရှင်ရိုက်တတ်သူတွေ ဇာတ်ညွှန်းခွဲပြီး ပညာပေး ဇာတ်လမ်းတို ကာားလေးရိုက်စေချင်ပါတယ်။ ကလေးတွေကို အကြမ်းဖက်တဲ့ အကြမ်းဖက်သမားတွေကို အနီအစိမ်း ဘယ်သူကမှ လက်မခံကြဘူးဆိုတာကို သိစေ ချင်တာပါနော်။
👍28😁1
pdf တွေ လက်နက်ကိုင်တွေ တိုက်နေတာက ဒီမိုကရေစီရရှိရေး၊ခင်ဗျားတို့ရဲ့ nld ပါတီ အာဏာပြန်လည်ရရှိရေး မဟုတ်ဘူးနော်။ pdf လက်နက်ကိုင်တွေ တိုက်နေတာ မြို့ပေါ်တက် ၊ အိမ်တွေဖောက် ၊ ပစ္စည်းခိုးနေတာပဲ။ တပ်က ပြန်မရချိန်အထိ လက်နက်ပြပြီး အခွန်ကောက် ဓားပြတိုက်နေကြမှာပဲ။ ဒီမိုကရေစီတွေ၊ ဥပဒေတွေ နားလည်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ အနီတွေကို လက်နက်ကိုင် အာဏာပြပြီး ဓားပြတိုက်မှာပဲ။ လက်နက်ကိုင် ထားတဲ့သူကို ခင်ဗျားတို့ရှင်းပြလို့ရမှာ မဟုတ်ဘူး။ သူတို့တောင်းတာ ပေးရမှာပဲ။ ခင်ဗျားတို့ကို လက်နက်ကိုင် အာဏာရှင်စနစ် အုပ်ချုပ်မှာပဲ။

တပ်မတော်က ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ဥပဒေနဲ့ အညီအုပ်ချုပ်တယ်။ ဒီမိုကရေစီ နည်းလမ်းအတိုင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောတယ်။ ပြည်သူရွေးချယ်တဲ့ အစိုးရက အာဏာလွှဲပေးမယ် ပြောထားတယ်။ အာဏာရှင် တိုက်ဖျက်ရေး တိုက်ပွဲဆိုပြီး ခင်ဗျားတို့ ကိုယ်တိုင် မြို့တွေရွာတွေမှာ ဥပဒေမဲ့ အုပ်ချုပ်တဲ့ လက်နက်ကိုင် အာဏာရှင်တွေကို အသက်သွင်းနေကြတာပဲ။ တပ်မတော်က နိုင်ငံတော် အာဏာကို ခဏ ကိုင်ထားပြီး ရွေးကောက်ပွဲ နည်းလမ်းအရ အာဏာလွှဲပေးဖို့ ကြိုးစားနေတာနော်။

ခင်ဗျားတို့အနီတွေ ဘယ်သူက အာဏာရှင်လဲကို မသိစိတ်ကနေပါတယ်။ ခင်ဗျားတို့ ကိုယ်တိုင် အာဏာရှင် အစစ်မှန်တွေကို သိပြီး တိုက်ဖျက်ဖို့ တပ်မတော်အစိုးရနဲ့ ပူးပေါင်းစေချင်တယ်။ ဒီမိုကရေစီ ပြန်လည်အသက်သွင်းပေးမယ့် ရွေးကောက်ပွဲကို ကူညီစေချင်တယ်။ ခင်ဗျားတို့ ရွေးကောက်ပွဲကိုဖျက်လို့ ပျက်မှ အာဏာရှင်အောက် တကယ်ကိုရောက်မှာနော်။
👍18😁1