News Of Myanmar
11.5K subscribers
30.9K photos
4.09K videos
3 files
6.62K links
Download Telegram
မိမိတို့နိုင်ငံအတွက်လိုအပ်သည့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေ သိရှိနားလည်ရန်နှင့် အကျိုးရှိအောင် အသုံးချနိုင်ရန်လို

မိမိတိုနေထိုင်သည့် ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသဖြင့် မိမိတိုနိုင်ငံအတွက်လိုအပ်သည့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေ သိရှိနားလည်ရန်နှင့် အကျိုးရှိအောင် အသုံးချနိုင်ရန်လိုကြောင်းနိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့တွင် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသနည်းပညာဆိုင်ရာပြခန်းများ ဖွင့်ပွဲအခမ်းအနား၌ လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်ပါသည်။

ထိုပြင် နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေး၊ မြေဆီလွှာ၊ ရေနှင့် သီးနှံအခြေအနေကို သိရှိပြီး အချိန်မီစီမံနိုင်ရေးအတွက် အာကာသနှင့် AI နည်းပညာကို အသုံးပြုဆန်းစစ် ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ် သုတေသနပြု ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
❤3❤‍🔥2
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့်ပစိဖိတ်ရေးရာအတွင်းဝန် သံအမတ်ကြီး မစ္စစ် ဆူဇန် ကလီဘန့်အား လက်ခံတွေ့ဆုံ

နိုဝင်ဘာ ၁၁၊ ၂၀၂၆

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် (၅) ကြိမ်မြောက် မြန်မာ-ဘရာဇီးလ်နိုင်ငံရေးရာဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘရာဇီးလ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာအတွင်းဝန် သံအမတ်ကြီး မစ္စစ် ဆူဇန်ကလီဘန့်အား ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အဆင့်မြင့်ခရီးစဉ်များ စီစဉ်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အပြန်အလှန်ထောက်ခံကူညီရေးတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
👍3
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းဝင်း ဦးဆောင်သော တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်သွားရောက်

နိုဝင်ဘာ ၁၁၊ ၂၀၂၆

မြန်မာနှင့် ထိုင်းလေတပ် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းဝင်း ဦးဆောင်သောတပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် Air Chief Marshal Sakesan Kantha ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရာ တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံ၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၌  ထိုင်းဘုရင့်လေတပ် ဌာနချုပ်မှ Deputy Chief of the Air Staff(Civil and Special Affair) ဖြစ်သူ Air Marshal Theerawat Intarapiroj၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းလေတပ်စစ်သံမှူး Group Captain Trisanat Palakawong Na Ayudhya နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
   
ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော  တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ထိုင်းဘုရင့်လေတပ် ဌာနချုပ်သို့ သွားရောက်ရာ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kanthaက  ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး ထိုင်းဘုရင့် လေတပ်အောက်မေ့ဖွယ်အထိမ်း အမှတ်နေရာ၌   ဂုဏ်ပြုပန်းခွေချ အလေးပြုကြသည်။

ထို့နောက် ထိုင်းဘုရင့်လေတပ်ဌာနချုပ် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင်  လက်မှတ် ရေးထိုး၍ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့် နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး ကြပြီး အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။ 
   
ဆက်လက်၍ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဦးဆောင်သော တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့သည် Air Technical Training School သို့ သွားရောက်ကြရာ Director  of Intelligence နှင့် Deputy Director of Education and Training တို့ကကြိုဆိုနှုတ်ဆက်ကြသည်။
   
ထို့နောက် Air Technical Training School မှ တာဝန်ရှိသူတစ်ဦးက သင်တန်းကျောင်း၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ ရည်မှန်းချက်တာဝန်၊  သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုနည်းစနစ်များ၊ သင်တန်းသားအရည်အချင်းသတ်မှတ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းကျောင်းအတွင်းရှိ Aircraft Maintenance Simulation Center အား ကြည့်ရှုလေ့လာကြသည်။
   
ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
   
ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့ သည် နိုဝင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းတွင် RTAF Museumသို့သွားရောက်လေ့လာကြပြီး ဗန်ကောက်မြို့မှ ပြန်လည်ထွက်ခွာရာ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိ၍ နေပြည်တော်တိုင်းစစ် ဌာနချုပ်၊ တိုင်းမှူးနှင့်တပ်မတော်(လေ)မှ အရာရှိကြီးများက ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 
❤3❤‍🔥3
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရွှေညောင်၊ ညောင်ရွှေ၊ ရပ်စောက်၊ နမ့်စန်နှင့် မောက်မယ်မြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေများ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အိမ်ထောင်စု ၄၂၄ စုမှ ပြည်သူ ၁,၇၃၃ ဦးကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်။
❤4
ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်း၊ရုပ်သိမ်း၊စိစစ်ခြင်းလုပ်ဆောင်မည့်ရက်များ UEC အသိပေး

နိုဝင်ဘာ ၁၂၊ ၂၀၂၆

ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့် ပတ်သက်သည်နေ့ရက်များကို နိုဝင်ဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အသိပေးထုတ်ပြန်ထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ ပါ လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် အောက်ပါနေ့ရက်များကို သတ်မှတ်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင် တင်သွင်းနိုင်သည့် နေ့ရက်သည် ဒီဇင်ဘာ ၇ ရက်နေ့ဖြစ်ပြီး နောက်ဆုံးတင်သွင်းရမည့်နေရက်သည့် ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ကြောင်း သိရသည်။

ထိုပြင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုပါက ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းနိုင်ကြောင်း အသိပေးထားသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မည့် နေ့ရက်ကိုမူ ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၉ရက်အထိ သတ်မှတ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
❤5
ရွာငံမြို့နယ်၌ ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

နိုဝင်ဘာ ၁၁၊ ၂၀၂၆

ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိသူ သန်းထိုက်အောင်နှင့် မခင်သီတာအောင် (ခ) မီးမီးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရွာငံမြို့နယ် မြို့ကြီးရွာအနီးတွင် ပုသိမ်ကြီးမြို့နယ် ကန်ကောက်ရွာနေ သန်းထိုက်အောင် (၃၈) နှစ် မောင်းနှင်ပြီး အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်နေ မခင်သီတာအောင် (ခ) မီးမီး (၅၄) နှစ် လိုက်ပါလာသော SUZUKI CARRY အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ၎င်းတို့နှစ်ဦး သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၆၀၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၆၀၀၀) အား ဖမ်းဆီးရမိသဖြင့် သန်းထိုက်အောင်နှင့် မခင်သီတာအောင် (ခ) မီးမီးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မိုးကောင်းမြို့နယ် ဖိုးချစ်ကုန်းရပ်ကွက်အနီးတွင် ဟိုပင်မြို့ မြဇေယျာရပ်ကွက်နေသူများဖြစ်သည့် စိန်ဝင်း (၄၅) နှစ် မောင်းနှင်ပြီး မကေကေဝင်း (ခ) မကေ (၄၁) နှစ် လိုက်ပါလာသော KENBO-125 အမျိုးအစားဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှ  စိတ်ကြွဆေးပြား ၁၁၇၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၇၅ ဒသမ ၅ သိန်း) ဖမ်းဆီးရမိသဖြင့် စိန်ဝင်းနှင့် မကေကေဝင်း (ခ) မကေတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။
❤1👍1
💵 အီရန်အပေါ် ဆင်နွှဲသည့် အမေရိကန်စစ်ပွဲကြောင့် ပင်လယ်ကွေ့စီးပွားရေးနိုင်ငံများ ဒေါ်လာ ၁ ထရီလီယံနီးပါး ဆုံးရှုံးနစ်နာနိုင်ခြေရှိနေ

အီရန်ကို ပစ်မှတ်ထားသည့် အမေရိကန်-အစ္စရေး စစ်ပွဲသည် ဘက်ပေါင်းစုံတွင် ကုန်ကျစရိတ် ကြီးမားသည့် စွန့်စားမှုတစ်ခု ဖြစ်လာခဲ့သည်။
အာမခံကုမ္ပဏီကြီး Allianz Trade ၏ အစီရင်ခံစာအရ ယင်းစစ်ပွဲကြောင့် ပါရှန်ပင်လယ်ကွေ့ စီးပွားရေးနိုင်ငံများတွင် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ရှိနေပြီဖြစ်ပြီး အထူးသဖြင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများတွင် အထိနာခဲ့သည်။

၂၀၃၀ ပြည့်နှစ်အရောက်တွင် စစ်ပွဲ၏ နောက်ဆက်တွဲဂယက်များကြောင့် မျှော်မှန်းထားသည့် စီးပွားရေးတိုးတက်မှုတန်ဖိုး ဒေါ်လာ ၇၉၀ ဘီလီယံခန့်အထိ ဆုံးရှုံးသွားနိုင်ခြေ ရှိနေသည်။

အဆိုပါ အစီရင်ခံစာတွင် အောက်ပါအချက်များကို ဖော်ပြထားသည်-

🔴 ပင်လယ်ကွေ့ဒေသတစ်ဝန်းရှိ အမေရိကန် အကျိုးစီးပွားနေရာများကို အီရန်၏ လက်တုံ့ပြန် တိုက်ခိုက်မှုများအတွင်း (အဓိကအားဖြင့် ကူဝိတ်၊ ကာတာနှင့် ဘာရိန်းနိုင်ငံတို့တွင်) စွမ်းအင်ဆိုင်ရာ အဆောက်အအုံပေါင်း ၈၀ ကျော် ထိမှန်ခဲ့ပြီး ယင်းတို့အနက် သုံးပုံတစ်ပုံခန့်မှာ ပြင်းထန်စွာ ပျက်စီးခဲ့သည်။ ထို့အပြင် လေဆိပ်များ၊ ပင်လယ်ဆိပ်ကမ်းများနှင့် ခရီးသွားအထင်ကရနေရာများလည်း ထိခိုက်ပျက်စီးခဲ့သည်။

🔴 ၂၀၂၆ မှ ၂၀၃၀ ပြည့်နှစ်အတွင်း စစ်ပွဲမတိုင်မီ ခန့်မှန်းချက်များနှင့် နှိုင်းယှဉ်ပါက ပင်လယ်ကွေ့နိုင်ငံများ၏ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ၏ ၅.၉% နှင့် ညီမျှသော ပမာဏကို ဆုံးရှုံးနိုင်သည်။

🔴 ပျက်စီးဆုံးရှုံးမှုများကြောင့် ခရီးသွားလုပ်ငန်းနှင့် အိမ်ခြံမြေကဏ္ဍများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်ဟု ခန့်မှန်းရသည်။

🔴 ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် အစိုးရများသည် နိုင်ငံပိုင်ကြွယ်ဝမှုရန်ပုံငွေ (Sovereign Wealth Funds) များမှ ဒေါ်လာ ၁၂၀ ဘီလီယံခန့်ကို ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဘက်သို့ ပြောင်းလဲအသုံးပြုရန် ရှိနေရာ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် အရင်းအနှီးများ သိသိသာသာ လျော့ကျသွားမည်ဖြစ်သည်။

🔴 ကုန်သွယ်ရေးနှင့် ပြည်ပပိုင်ဆိုင်မှုများမှ ရရှိသည့် ပိုလျှံဝင်ငွေမှာ ထက်ဝက်ခန့်အထိ ထိုးကျသွားနိုင်သည်။

🔴 အစိုးရများ၏ ဘဏ္ဍာငွေသုံးစွဲမှု ဦးစားပေးအစီအစဉ်များသည် ရည်မှန်းချက်ကြီးမားသော ဧရာမစီမံကိန်းကြီးများ (Mega-projects) ဘက်မှ အခြေခံအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် စီးပွားရေးကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေးဘက်သို့ ပြောင်းလဲလာနေသည်။
❤2👍1
ဖျာပုံမြို့၌တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျန်းမာရေးနှင့် ရေချိုဖြန့်ဖြူထားရှိမှုများအား လိုက်ကြည့်ရှု

နိုဝင်ဘာ ၁၂၊ ၂၀၂၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး​ဆောင်ရွက်ထားရှိမှု၊ဖျာပုံ​ပြည်သူ့ဆေးရုံးကြီးရှိ ကျောက်ကပ်သွေးသန့်စင်ခန်း၌ ကျောက်ကပ်သွေးသန့်စင်နေသည့်လူနာများ၊ ကလေးကုသဆောင်၌ တက်ရောက်ကုသနေသည့် ကလေးလူနာများကို ကြည့်ရှုခြင်းနှင့် မြို့ရေပေးဝေရေး JICA ရေချိုဖြန့်ဖြူထားရှိမှုများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဖျာပုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဖျာပုံခရိုင်အတွင်း စိုက်ဧကများ တိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ရေငန်ဝင်ရောက်သည့်ဒေသများတွင် စိုက်ဧကများ တိုးတက်‌စေရေး၊ ရိုးပြတ်ကျန်ဧကများမရှိ‌စေရေးနှင့် ဒုတိယသီးနှံစိုက်ပျိုးရာတွင် ရေချိုများ ရရှိ‌စေရေးအတွက် ရေငန်တားတာများတည်ဆောက်‌ပေးလျက်ရှိပါကြောင်း၊ ရေငန်ဝင်ရောက်သည့်နေရာများတွင် ရေချိုရရှိအောင်ဆောင်ရွက်၍ စိုက်ဧကများတိုးတက်အောင် နှစ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊စားသုံးဆီဖူလုံမှုရှိစေရေးအတွက် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ခရိုင်များအနေဖြင့် ရည်မှန်းချက်ပေးထားသည့်အတိုင်း အောင်မြင်ဖြစ်ထွန်းနိုင်သည့်နေရာများတွင် စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး၊ စိုက်ဧကများနှင့် အထွက်နှုန်းများမှန်ကန်မှုရှိစေရေး စနစ်တကျဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဖျာပုံခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးနှင့် သားငါးကဏ္ဍများလည်း ဖွံ့ဖြိုးတိုးတက်သည့် ခရိုင်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှ ထွက်ရှိသည့် စိုက်ပျိုး၊ မွေးမြူရေး ကုန်ကြမ်းများကိုအခြေခံသည့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပသို့ export တင်ပို့နိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်သည့်အပြင် ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်တိုးမြှင့်အဖွဲ့များအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများကို သိရှိနားလည်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်၍ တောင်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်‌အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် စိုက်ဧကတိုးတက်ရေးနှင့် အထွက်နှုန်းတိုးတက်ဖိုလိုကြောင်း” ပြောကြားသည်။

ဆက်လက်၍ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ဖျာပုံခရိုင်၏ စိုက်ပျိုးရေးကဏ္ဍ၊ ပေါ်ဆန်းစပါးစိုက်ပျိုးနိုင်မှု၊ နွေစပါးစိုက်ပျိုးနိုင်ရေး စီမံထားရှိမှုနှင့် မွေးမြူရေးကဏ္ဍများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စူပါအယ်နီညိုဖြစ်စဉ်ကြောင့် ပင်လယ်ရေငန်ဝင်ရောက်မှု မြင့်တက်လာနိုင်မှုနှင့် ကြိုတင်ကာကွယ်ရေးအစီအမံ ဆောင်ရွက်မှုများနှင့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရေပေးမြောင်းများနှင့် ရေထိန်းတံခါးများ တည်ဆောက်မှုအခြေအနေများကိုလည်းကောင်း၊ ဖျာပုံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရေငန်တား တာများတည်ဆောက်ခြင်း၊ ရေချိုရရှိမှုနှင့် နွေစပါးစိုက်ပျိုးရေလုံလောက်စွာ တိုးတက်‌ပေးဝေ နိုင်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို၊ ဆရာဇော်ဂျီရာပြည့် စာကြည့်တိုက်၊ ဗေဒါခန်းမတွင်ပြုလုပ်သည့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြခြင်း အစည်းအ‌ဝေးသို့ တက်ရောက်ခဲ့ရာ ဆရာဇော်ဂျီ ရာပြည့်စာကြည့်တိုက်ကော်မတီအတွင်းရေးမှူးက ဆရာဇော်ဂျီရာပြည့်စာကြည့်တိုက်၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဒေသအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သုတ၊ ရသစာအုပ်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
👍1
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဆရာဇော်ဂျီစာကြည့်တိုက်ကြီးကို ဆက်လက်ရှင်သန်တိုးတက်အောင်ဝိုင်းဝန်းကြိုးပမ်းပေးကြရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်များကို အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း” မှာကြားခဲ့ပြီးစာကြည့်တိုက်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖျာပုံမြို့ပြည်သူ့ဆေးရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောက်ကပ်သွေးသန့်စင်ခန်း၌ ကျောက်ကပ်သွေးသန့်စင်နေသည့် လူနာများ၊ ကလေးကုသဆောင်၌ တက်ရောက်ကုသနေသည့် ကလေးလူနာများကို ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ထို့နောက် မြို့ရေပေးဝေရေး JICA ဖြင့် ရေချိုဖြန့်ဖြူးဆောင်ရွက်ထားရှိမှုတို့အား ကြည်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
❤1👍1