News Of Myanmar
11.5K subscribers
30.9K photos
4.09K videos
3 files
6.62K links
Download Telegram
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် KIA၊ KPDF နှင့် PDF အဖွဲ့ဝင် ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်

နိုဝင်ဘာ ၁၁၊ ၂၀၂၆

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ KIA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ KPDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦးနှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၃ ဦး၊ စုစုပေါင်း အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ M-79 LL ၄၀ မမ ဆုံလည်သေနတ် ၁ လက်၊ K-25 သေနတ် ၂ လက်၊ KA သေနတ် ၁ လက်၊ ၄၀ မမ ဗုံးသီး ၂၀ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ၇.၆၂ မမ ကျည် ၂၇၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၃ ခု၊ ကျည်ကာအင်္ကျီ ၁ ထည်နှင့် ဆက်စပ်ပစ္စည်းများ ပါရှိခဲ့သည်။

အလင်းဝင်ရောက်လာသည့် လူငယ်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး မိဘများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
👍6❤4🕊1
CNG Taxi ယာဉ်များ သိရှိလိုက်နာရန်အသိပေး

NOM နို၀င်ဘာ ၁၁၊ ၂၀၂၆

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ CNG Taxi ယာဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး စီးတီးတက္ကစီအသင်း (YCTA) သို့ အသင်းဝင်ရောက် မှတ်ပုံတင်ခြင်းနှင့် CNG Sticker များကပ်ခြင်းကို ၂ဝ၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားဆောင်ရွက်ကြရန်နှင့် သတ်မှတ်ရက်အတွင်းပြီးစီးအောင် ဆောင်ရွက်မှုမရှိသည့်ယာဉ်များကို ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းသွားမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှသာ CNG ဝယ်ယူခွင့် ပြန်လည်ခွင့်ပြု သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

(ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ)
👍14❤4
တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ ခန့်အပ်တာဝန်ပေး
👍3
လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များသတ်မှတ်ကြေညာ
👍3
This media is not supported in your browser
VIEW IN TELEGRAM
ဥရောပကလည်း အရှေ့အလယ်ပိုင်းအရေးမှာ ဝင်ပါချင်ပြန်ပြီ 🤮

အရှေ့အလယ်ပိုင်းဒေသအရေးနှင့်ပတ်သက်၍ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ ကာဂျာ ကာလက်စ် (Kaja Kallas) ၏ ပြောကြားချက် -

“ဒီစစ်ပွဲတွေ ပြီးဆုံးသွားတဲ့အခါ အရှေ့အလယ်ပိုင်းဒေသအတွက် တည်ဆောက်မယ့် လုံခြုံရေးမူဘောင်အသစ်မှာ ဥရောပကိုလည်း ထည့်သွင်းဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသဟာ ကျွန်မတို့နဲ့ အလွန်နီးကပ်တဲ့ အိမ်နီးချင်းဒေသဖြစ်နေလို့ပါပဲ။”
👍3❤1
ကျူးကျော် တိုက်ခိုက်မှုအသစ်များကို ဟန့်တားရန်အတွက် အီရန်က ဒုံးကျည်အကွာအဝေး ကန့်သတ်ချက်ကို ဖယ်ရှားလိုက်ပြီ

ပဲ့ထိန်းဒုံးကျည် အကွာအဝေးကို ကီလိုမီတာ ၂,၀၀၀ အထိသာ အီရန်က ၎င်းတို့ဘာသာ ကန့်သတ်ထားခဲ့ခြင်းသည် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြောင့် မဟုတ်ဘဲ ဒေသတွင်း စစ်ရေးဟန့်တားမှုဆိုင်ရာ မူဝါဒရွေးချယ်မှု တစ်ရပ်သာ ဖြစ်ကြောင်း Al Jazeera သတင်းဌာနက ဖော်ပြသည်။

လက်တွေ့တွင် အီရန်၌ ယခင်ကန့် သတ်ချက်ထက် ပိုမိုဝေးလံစွာ ပစ်ခတ်နိုင်စွမ်းရှိသည့် ဒုံးကျည်များ ရှိနှင့်ပြီး ဖြစ်သည်။

ခြိမ်းခြောက်မှုများကို စစ်ရေးအရ တုံ့ပြန်ရာတွင် ပထဝီဆိုင်ရာ ကန့်သတ်ချက်များ မထားရှိရန် အီရန်အဓိပတိခေါင်းဆောင် မိုဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) က ညွှန်ကြားပြီးနောက် ယခုကဲ့သို့ ကန့်သတ်ချက်ကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ယင်းမှာ အမေရိကန်နှင့် အစ္စရေးတို့၏ အကြီးစား တိုက်ခိုက်မှုအသစ်များ ထပ်မံပေါ်ပေါက်လာပါက ယခင်ကန့်သတ်ချက်များအတွင်း ချုပ်နှောင်မနေဘဲ တုံ့ပြန်သွားမည်ဟူသော သတင်းစကားကို ပေးပို့လိုက်ခြင်း ဖြစ်ပုံရသည်။

အီရန်၏ လက်ရှိ အသုံးပြုနေသော တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များသည် ကီလိုမီတာ ၂,၀၀၀ အထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားရာ အစ္စရေး၊ အာရေဗျကျွန်းဆွယ်၊ လီဗန့် (Levant) ဒေသနှင့် အီဂျစ်နိုင်ငံ အစိတ်အပိုင်း အများစုအပြင် အရှေ့တောင်ဥရောပ ဒေသအချို့ပါ ပစ်ကွင်းအတွင်း ကျရောက်နေသည် (CSIS ဒုံးကျည်အချက်အလက်စာရင်း)။

အီရန်နိုင်ငံအတွင်း ဒုံးကျည်ပစ်လွှတ်သည့် နေရာအပေါ် မူတည်၍ ဂရိ၊ ဘူလ်ဂေးရီးယားနှင့် ရိုမေးနီးယား နိုင်ငံတို့သည် အဆိုပါ အကွာအဝေး၏ အစွန်အဖျားအနီးတွင် တည်ရှိနေသည်။

ပင်လယ်ကွေ့နိုင်ငံများမှာမူ အီရန်၏ လက်ရှိ ဒုံးကျည်ပစ်ကွင်းအတွင်း ရှိနှင့်ပြီး ဖြစ်သည်။

အီရန်၏ ခိုရမ်ရှား (Khorramshahr) ဒုံးကျည်ကို ပိုမိုပေါ့ပါးသော ထိပ်ဖူးတပ်ဆင် အသုံးပြုပါက ကီလိုမီတာ ၃,၀၀၀ ဝန်းကျင်အထိ ရောက်ရှိနိုင်ခြေရှိသည် (၂၀၁၉ ခုနှစ် ဗြိတိန်/ပြင်သစ် ပူးတွဲသုံးသပ်ချက်)။

ဒုံးကျည်အကွာအဝေးကို ကီလိုမီတာ ၄,၀၀၀ ဝန်းကျင်အထိ တိုးချဲ့လိုက်ပါက ဥရောပတိုက် အများစုအပြင် မြောက်အာဖရိက၊ အရှေ့အာဖရိကနှင့် တောင်အာရှ ဒေသအချို့ပါ ပစ်ကွင်းအတွင်း ရောက်ရှိသွားနိုင်သည်။

အီရန်အနေဖြင့် ၎င်းတို့၏ အာကာသလွှတ်တင်ရေးယာဉ်များ (Safir နှင့် Simorgh ဒုံးပျံများ အပါအဝင် အလားတူစနစ်များ) ကို စစ်ရေးအရ အသုံးပြုနိုင်သော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) အဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပါက အမေရိကန် ပြည်မကြီးအထိ ရောက်ရှိနိုင်စွမ်း ရှိလာမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ (DIA) က ဆိုသည်။

တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) တစ်စင်းသည် ကီလိုမီတာ ၅,၅၀၀ အထက် ပစ်ခတ်နိုင်စွမ်းရှိပြီး အီရန်မှ အမေရိကန် ပြည်မကြီး၏ အနီးဆုံးအပိုင်းသို့ အကွာအဝေးမှာ ကီလိုမီတာ ၉,၀၀၀ မှ ၁၀,၀၀၀ ကျော်ခန့် ရှိသည်။
👍7❤2
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဒါနီရာအီမာနာလီယက်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုဝင်ဘာ ၁၁၊ ၂၀၂၆

စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့ ညနေပိုင်းတွင် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဒါနီရာအီမာနာလီယက်နှင့် အဖွဲ့အား စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ရုရှား၊ ဘယ်လာရုစ်၊ ကာဂျစ်စတန်၊ ကာဇက်စတန်နှင့် အာမေးနီးယားနိုင်ငံတို့နှင့် မြန်မာနိုင်ငံအကြား ပေါ်ဆန်းဆန်နှင့် ပဲ၊ နှမ်းတို့အပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများ၊ CMP ပစ္စည်းများ၊ ရေထွက်ပစ္စည်းများကို တိုးမြှင့်တင်ပို့နိုင်ရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်နိုင်ရေး၊ အခွန်ကောက်ခံမှုဆိုင်ရာကိစ္စရပ်များတွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဥရောပအာရှစီးပွားရေးကော်မရှင်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အာဆီယံဒီဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူညီချက် (ASEAN Digital Framework Agreement-DIFA) တွင် ပါဝင်ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
👍3❤2
အီရန်နိုင်ငံအပေါ် နောက်ထပ်ကျူးကျော်တိုက်ခိုက်မှု ထပ်မံပြုလုပ်လာပါက ဥရောပရှိ အမေရိကန်စစ်အခြေစိုက်စခန်းများသည် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုအတွက် "တရားဝင်ပစ်မှတ်များ" ဖြစ်လာလိမ့်မည်ဟု အီရန်ထိပ်တန်းလုံခြုံရေးအကြီးအကဲ မိုဆန် ရီဇာအီး (Mohsen Rezaee) က ပြောကြားလိုက်သည်။
👍6❤1
📈🛢 နျူကလီးယားကုန်ကြမ်းများကို ဆက်လက်ထိန်းသိမ်းထားမည်ဟု အီရန်က ပြောကြားလိုက်ပြီးနောက် ရေနံကြိုတင်ရောင်းဝယ်မှုဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာ

အီရန်လုံခြုံရေးအကြီးအကဲ မိုဆန် ရီဇာအီး (Mohsen Rezaei) က သန့်စင်ပြီး နျူကလီးယားကုန်ကြမ်း တစ်စက်ကလေးမျှပင် နိုင်ငံပြင်ပသို့ ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားလိုက်ပြီးနောက် Brent ရေနံစိမ်းဈေးမှာ ၁.၄ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင် ၉၂.၇၆ ဒေါ်လာသို့ ရောက်ရှိခဲ့ပြီး WTI ရေနံစိမ်းဈေးမှာလည်း ၈၆.၅၃ ဒေါ်လာသို့ ခုန်တက်သွားခဲ့သည်။

🗣 "နျူကလီးယားစွမ်းအင်သုံး သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေ တည်ဆောက်ဖို့အတွက် ကျွန်တော်တို့မှာ ဒီသန့်စင်ပြီးသား ကုန်ကြမ်းတွေ လိုအပ်ပါတယ်" ဟု ရီဇာအီးက ပြောကြားခဲ့သည်။

ယခင်ကမူ အီရန်အပေါ် ထပ်မံတိုက်ခိုက်ရန် မလိုအပ်ကြောင်း အမေရိကန်တာဝန်ရှိသူများက လျှော့ပေါ့ပြောဆိုခဲ့ပြီးနောက် ရေနံဈေးနှုန်းများသည် ၃ ဒေါ်လာကျော်အထိ ကျဆင်းခဲ့သည်။

စစ်ပွဲပြီးဆုံးတော့မည်ဟူသော မျှော်လင့်ချက်များကြောင့် ယခုလအစပိုင်းမှစ၍ Brent နှင့် WTI ရေနံဈေးနှုန်းများမှာ ၂၁ ရာခိုင်နှုန်းနှင့် ၁၇ ရာခိုင်နှုန်းခန့် အသီးသီး ကျဆင်းထားခဲ့ခြင်းဖြစ်သည်။
👍4❤1
မိမိတို့နိုင်ငံအတွက်လိုအပ်သည့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေ သိရှိနားလည်ရန်နှင့် အကျိုးရှိအောင် အသုံးချနိုင်ရန်လို

မိမိတိုနေထိုင်သည့် ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသဖြင့် မိမိတိုနိုင်ငံအတွက်လိုအပ်သည့် အာကာသနည်းပညာဆိုင်ရာများကို မဖြစ်မနေ သိရှိနားလည်ရန်နှင့် အကျိုးရှိအောင် အသုံးချနိုင်ရန်လိုကြောင်းနိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့တွင် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် အာကာသနည်းပညာဆိုင်ရာပြခန်းများ ဖွင့်ပွဲအခမ်းအနား၌ လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်ပါသည်။

ထိုပြင် နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေး၊ မြေဆီလွှာ၊ ရေနှင့် သီးနှံအခြေအနေကို သိရှိပြီး အချိန်မီစီမံနိုင်ရေးအတွက် အာကာသနှင့် AI နည်းပညာကို အသုံးပြုဆန်းစစ် ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ် သုတေသနပြု ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
❤2❤‍🔥2
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့်ပစိဖိတ်ရေးရာအတွင်းဝန် သံအမတ်ကြီး မစ္စစ် ဆူဇန် ကလီဘန့်အား လက်ခံတွေ့ဆုံ

နိုဝင်ဘာ ၁၁၊ ၂၀၂၆

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် (၅) ကြိမ်မြောက် မြန်မာ-ဘရာဇီးလ်နိုင်ငံရေးရာဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘရာဇီးလ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာအတွင်းဝန် သံအမတ်ကြီး မစ္စစ် ဆူဇန်ကလီဘန့်အား ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အဆင့်မြင့်ခရီးစဉ်များ စီစဉ်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် အပြန်အလှန်ထောက်ခံကူညီရေးတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
👍2
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းဝင်း ဦးဆောင်သော တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်သွားရောက်

နိုဝင်ဘာ ၁၁၊ ၂၀၂၆

မြန်မာနှင့် ထိုင်းလေတပ် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းဝင်း ဦးဆောင်သောတပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် Air Chief Marshal Sakesan Kantha ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရာ တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံ၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၌  ထိုင်းဘုရင့်လေတပ် ဌာနချုပ်မှ Deputy Chief of the Air Staff(Civil and Special Affair) ဖြစ်သူ Air Marshal Theerawat Intarapiroj၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းလေတပ်စစ်သံမှူး Group Captain Trisanat Palakawong Na Ayudhya နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီး ဦးဇော်ဇော်စိုးနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
   
ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော  တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ထိုင်းဘုရင့်လေတပ် ဌာနချုပ်သို့ သွားရောက်ရာ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kanthaက  ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး ထိုင်းဘုရင့် လေတပ်အောက်မေ့ဖွယ်အထိမ်း အမှတ်နေရာ၌   ဂုဏ်ပြုပန်းခွေချ အလေးပြုကြသည်။

ထို့နောက် ထိုင်းဘုရင့်လေတပ်ဌာနချုပ် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင်  လက်မှတ် ရေးထိုး၍ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့် နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး ကြပြီး အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။ 
   
ဆက်လက်၍ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဦးဆောင်သော တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့သည် Air Technical Training School သို့ သွားရောက်ကြရာ Director  of Intelligence နှင့် Deputy Director of Education and Training တို့ကကြိုဆိုနှုတ်ဆက်ကြသည်။
   
ထို့နောက် Air Technical Training School မှ တာဝန်ရှိသူတစ်ဦးက သင်တန်းကျောင်း၏ သမိုင်းကြောင်း၊ ဖွဲ့စည်းပုံ၊ ရည်မှန်းချက်တာဝန်၊  သင်ရိုးညွှန်းတမ်း၊ သင်ကြားမှုနည်းစနစ်များ၊ သင်တန်းသားအရည်အချင်းသတ်မှတ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းကျောင်းအတွင်းရှိ Aircraft Maintenance Simulation Center အား ကြည့်ရှုလေ့လာကြသည်။
   
ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
   
ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော တပ်မတော်(လေ) ကိုယ်စားလှယ်အဖွဲ့ သည် နိုဝင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းတွင် RTAF Museumသို့သွားရောက်လေ့လာကြပြီး ဗန်ကောက်မြို့မှ ပြန်လည်ထွက်ခွာရာ နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိ၍ နေပြည်တော်တိုင်းစစ် ဌာနချုပ်၊ တိုင်းမှူးနှင့်တပ်မတော်(လေ)မှ အရာရှိကြီးများက ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 
❤‍🔥3❤2
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရွှေညောင်၊ ညောင်ရွှေ၊ ရပ်စောက်၊ နမ့်စန်နှင့် မောက်မယ်မြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေများ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အိမ်ထောင်စု ၄၂၄ စုမှ ပြည်သူ ၁,၇၃၃ ဦးကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်။
❤3