News Of Myanmar
11.5K subscribers
30.9K photos
4.09K videos
3 files
6.62K links
Download Telegram
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့်
TNLA အဖွဲ့မှ ဗျူဟာမှူးအဆင့်ရှိသူတစ်ဦးအပါအဝင် အဖွဲ့ဝင် ၂၀၀ ဦးတို့  လက်နက်၊ ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံ

နိုဝင်ဘာ ၁၀၊ ၂၀၂၆
👍14❤1
This media is not supported in your browser
VIEW IN TELEGRAM
ဖောက်စ် (Fox) သတင်းဌာန၏ တင်ဆက်သူ ဝက်တားစ် (Watters) က အမေရိကန် နည်းပညာကဏ္ဍ အမှုဆောင်အရာရှိများအနေဖြင့် တရုတ်နိုင်ငံသူများထက် အမေရိကန် အမျိုးသမီးများနှင့်သာ ချစ်ကြိုက်သင့်ကြောင်းနှင့် ၎င်းသည် "အန္တရာယ် ပိုမိုနည်းပါးသည့်" ရွေးချယ်မှုဖြစ်ကြောင်း အကြံပြုပြောကြားလိုက်သည်။

နဗီးဒီးယား (Nvidia) နည်းပညာကုမ္ပဏီကြီး၏ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ် (Jensen Huang) ၏ တရုတ်သူလျှိုဟု စွပ်စွဲခံထားရသူ အမျိုးသမီးတစ်နှင့် အိမ်ထောင်ရေးဖောက်ပြန်မှုသတင်းများ ထွက်ပေါ်လာပြီးနောက် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။

"တရုတ်နိုင်ငံသူတွေနဲ့ မအိပ်စက်ပါနဲ့လို့ ပြောတာမဟုတ်ပါဘူး — အဲဒီလိုပြောရင် ခွဲခြားဆက်ဆံရာ ကျသွားပါလိမ့်မယ်" ဟုလည်း ၎င်းက ဆိုသည်။
👍12❤3
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေထံ မြန်မာနိုင်ငံဆိုင်ရာ ကင်ညာသမ္မတနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော ဒေါက်တာစောဌေးမြင့် ခန့်အပ်လွှာပေးအပ်

နိုဝင်ဘာ ၁၀၊ ၂၀၂၆

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကင်ညာသမ္မတနိုင်ငံ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော ဒေါက်တာစောဌေးမြင့်၏ ခန့်အပ်လွှာကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံ၍ ၎င်းအား အသိအမှတ်ပြုစာချွန်လွှာ ပြန်လည်ပေးအပ်သည်။
👍7❤2
နမ့်စန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်လတ်ချောင်းရေလျှံမှုကြောင့် ရပ်ကွက်များအတွင်းရေဝင်ရောက်မှုဖြစ်ပွား၊ ဒေသခံများကို ရေဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးထား

NOM နိုဝင်ဘာ ၁၁၊ ၂၀၂၆

ရှမ်းပြည်နယ်၊ နမ့်စန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်လတ်ချောင်းရေလျှံမှုကြောင့် ယမန်နေ့ (နိုဝင်ဘာ ၁၀ ရက်)နေ့ ညနေ ၆ နာရီခန့်တွင် ရပ်ကွက်များအတွင်းရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများကို ရေဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးထားသည်ဟု မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထား သည်။

နမ့်စန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး နမ့်လတ်ချောင်းရေလျှံမှုကြောင့် ရပ်ကွက် ၁၊ ၃၊ ၄ အတွင်းရှိ လူနေအိမ်များသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများအား ယာယီကယ်ဆယ်ရေးစခန်းများသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပြီးယနေ့ နိုဝင်ဘာ ၁၁ ရက်တွင်လည်းရေပြန်ကျမှုမရှိသေးကြောင်းသိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး နမ့်လတ်ချောင်းရေလျှံမှုကြောင့် ရပ်ကွက် ၁၊ ၃၊ ၄ အတွင်းရှိ လူနေအိမ်များသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်အတွက် နမ့်စန်မြို့နယ် မီးသတ်စခန်းမှ
သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများသည် ရေဝင်ရောက်နေသောအိမ်များမှ အိမ်ထောင်စုများအား ယာယီကယ်ဆယ်ရေးစခန်းများသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်းသိရသည်။
👍7❤2
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

NOM နိုဝင်ဘာ ၁၁၊ ၂၀၂၆

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင်  အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “ Moe That ” Tiktok အကောင့်ပိုင်ရှင်ဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ (၃)မိုင် မြို့သစ်၊ အောင်ချမ်းသာ(၄)ရပ်ကွက်နေ အောင်စည်သူ(ခ)မိုးသက် အား မွန်းလွဲ ၁ နာရီ ၅၅ မိနစ် တွင် (၃)မိုင်နယ်မြေရဲစခန်း(ပ)၂၉/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း သတင်းရရှိသည်။
❤7👍1
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် KIA၊ KPDF နှင့် PDF အဖွဲ့ဝင် ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်

နိုဝင်ဘာ ၁၁၊ ၂၀၂၆

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ KIA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ KPDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦးနှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၃ ဦး၊ စုစုပေါင်း အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ M-79 LL ၄၀ မမ ဆုံလည်သေနတ် ၁ လက်၊ K-25 သေနတ် ၂ လက်၊ KA သေနတ် ၁ လက်၊ ၄၀ မမ ဗုံးသီး ၂၀ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ၇.၆၂ မမ ကျည် ၂၇၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၃ ခု၊ ကျည်ကာအင်္ကျီ ၁ ထည်နှင့် ဆက်စပ်ပစ္စည်းများ ပါရှိခဲ့သည်။

အလင်းဝင်ရောက်လာသည့် လူငယ်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး မိဘများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
👍6❤4🕊1
CNG Taxi ယာဉ်များ သိရှိလိုက်နာရန်အသိပေး

NOM နို၀င်ဘာ ၁၁၊ ၂၀၂၆

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ CNG Taxi ယာဉ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး စီးတီးတက္ကစီအသင်း (YCTA) သို့ အသင်းဝင်ရောက် မှတ်ပုံတင်ခြင်းနှင့် CNG Sticker များကပ်ခြင်းကို ၂ဝ၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားဆောင်ရွက်ကြရန်နှင့် သတ်မှတ်ရက်အတွင်းပြီးစီးအောင် ဆောင်ရွက်မှုမရှိသည့်ယာဉ်များကို ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ CNG ဝယ်ယူခွင့် ယာယီပိတ်သိမ်းသွားမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှသာ CNG ဝယ်ယူခွင့် ပြန်လည်ခွင့်ပြု သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

(ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ)
👍14❤4
တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ ခန့်အပ်တာဝန်ပေး
👍3
လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များသတ်မှတ်ကြေညာ
👍3
This media is not supported in your browser
VIEW IN TELEGRAM
ဥရောပကလည်း အရှေ့အလယ်ပိုင်းအရေးမှာ ဝင်ပါချင်ပြန်ပြီ 🤮

အရှေ့အလယ်ပိုင်းဒေသအရေးနှင့်ပတ်သက်၍ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ ကာဂျာ ကာလက်စ် (Kaja Kallas) ၏ ပြောကြားချက် -

“ဒီစစ်ပွဲတွေ ပြီးဆုံးသွားတဲ့အခါ အရှေ့အလယ်ပိုင်းဒေသအတွက် တည်ဆောက်မယ့် လုံခြုံရေးမူဘောင်အသစ်မှာ ဥရောပကိုလည်း ထည့်သွင်းဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသဟာ ကျွန်မတို့နဲ့ အလွန်နီးကပ်တဲ့ အိမ်နီးချင်းဒေသဖြစ်နေလို့ပါပဲ။”
👍3❤1
ကျူးကျော် တိုက်ခိုက်မှုအသစ်များကို ဟန့်တားရန်အတွက် အီရန်က ဒုံးကျည်အကွာအဝေး ကန့်သတ်ချက်ကို ဖယ်ရှားလိုက်ပြီ

ပဲ့ထိန်းဒုံးကျည် အကွာအဝေးကို ကီလိုမီတာ ၂,၀၀၀ အထိသာ အီရန်က ၎င်းတို့ဘာသာ ကန့်သတ်ထားခဲ့ခြင်းသည် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲကြောင့် မဟုတ်ဘဲ ဒေသတွင်း စစ်ရေးဟန့်တားမှုဆိုင်ရာ မူဝါဒရွေးချယ်မှု တစ်ရပ်သာ ဖြစ်ကြောင်း Al Jazeera သတင်းဌာနက ဖော်ပြသည်။

လက်တွေ့တွင် အီရန်၌ ယခင်ကန့် သတ်ချက်ထက် ပိုမိုဝေးလံစွာ ပစ်ခတ်နိုင်စွမ်းရှိသည့် ဒုံးကျည်များ ရှိနှင့်ပြီး ဖြစ်သည်။

ခြိမ်းခြောက်မှုများကို စစ်ရေးအရ တုံ့ပြန်ရာတွင် ပထဝီဆိုင်ရာ ကန့်သတ်ချက်များ မထားရှိရန် အီရန်အဓိပတိခေါင်းဆောင် မိုဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) က ညွှန်ကြားပြီးနောက် ယခုကဲ့သို့ ကန့်သတ်ချက်ကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ယင်းမှာ အမေရိကန်နှင့် အစ္စရေးတို့၏ အကြီးစား တိုက်ခိုက်မှုအသစ်များ ထပ်မံပေါ်ပေါက်လာပါက ယခင်ကန့်သတ်ချက်များအတွင်း ချုပ်နှောင်မနေဘဲ တုံ့ပြန်သွားမည်ဟူသော သတင်းစကားကို ပေးပို့လိုက်ခြင်း ဖြစ်ပုံရသည်။

အီရန်၏ လက်ရှိ အသုံးပြုနေသော တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များသည် ကီလိုမီတာ ၂,၀၀၀ အထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားရာ အစ္စရေး၊ အာရေဗျကျွန်းဆွယ်၊ လီဗန့် (Levant) ဒေသနှင့် အီဂျစ်နိုင်ငံ အစိတ်အပိုင်း အများစုအပြင် အရှေ့တောင်ဥရောပ ဒေသအချို့ပါ ပစ်ကွင်းအတွင်း ကျရောက်နေသည် (CSIS ဒုံးကျည်အချက်အလက်စာရင်း)။

အီရန်နိုင်ငံအတွင်း ဒုံးကျည်ပစ်လွှတ်သည့် နေရာအပေါ် မူတည်၍ ဂရိ၊ ဘူလ်ဂေးရီးယားနှင့် ရိုမေးနီးယား နိုင်ငံတို့သည် အဆိုပါ အကွာအဝေး၏ အစွန်အဖျားအနီးတွင် တည်ရှိနေသည်။

ပင်လယ်ကွေ့နိုင်ငံများမှာမူ အီရန်၏ လက်ရှိ ဒုံးကျည်ပစ်ကွင်းအတွင်း ရှိနှင့်ပြီး ဖြစ်သည်။

အီရန်၏ ခိုရမ်ရှား (Khorramshahr) ဒုံးကျည်ကို ပိုမိုပေါ့ပါးသော ထိပ်ဖူးတပ်ဆင် အသုံးပြုပါက ကီလိုမီတာ ၃,၀၀၀ ဝန်းကျင်အထိ ရောက်ရှိနိုင်ခြေရှိသည် (၂၀၁၉ ခုနှစ် ဗြိတိန်/ပြင်သစ် ပူးတွဲသုံးသပ်ချက်)။

ဒုံးကျည်အကွာအဝေးကို ကီလိုမီတာ ၄,၀၀၀ ဝန်းကျင်အထိ တိုးချဲ့လိုက်ပါက ဥရောပတိုက် အများစုအပြင် မြောက်အာဖရိက၊ အရှေ့အာဖရိကနှင့် တောင်အာရှ ဒေသအချို့ပါ ပစ်ကွင်းအတွင်း ရောက်ရှိသွားနိုင်သည်။

အီရန်အနေဖြင့် ၎င်းတို့၏ အာကာသလွှတ်တင်ရေးယာဉ်များ (Safir နှင့် Simorgh ဒုံးပျံများ အပါအဝင် အလားတူစနစ်များ) ကို စစ်ရေးအရ အသုံးပြုနိုင်သော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) အဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပါက အမေရိကန် ပြည်မကြီးအထိ ရောက်ရှိနိုင်စွမ်း ရှိလာမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ (DIA) က ဆိုသည်။

တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) တစ်စင်းသည် ကီလိုမီတာ ၅,၅၀၀ အထက် ပစ်ခတ်နိုင်စွမ်းရှိပြီး အီရန်မှ အမေရိကန် ပြည်မကြီး၏ အနီးဆုံးအပိုင်းသို့ အကွာအဝေးမှာ ကီလိုမီတာ ၉,၀၀၀ မှ ၁၀,၀၀၀ ကျော်ခန့် ရှိသည်။
👍7❤2
ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဒါနီရာအီမာနာလီယက်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုဝင်ဘာ ၁၁၊ ၂၀၂၆

စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့ ညနေပိုင်းတွင် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဒါနီရာအီမာနာလီယက်နှင့် အဖွဲ့အား စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ရုရှား၊ ဘယ်လာရုစ်၊ ကာဂျစ်စတန်၊ ကာဇက်စတန်နှင့် အာမေးနီးယားနိုင်ငံတို့နှင့် မြန်မာနိုင်ငံအကြား ပေါ်ဆန်းဆန်နှင့် ပဲ၊ နှမ်းတို့အပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများ၊ CMP ပစ္စည်းများ၊ ရေထွက်ပစ္စည်းများကို တိုးမြှင့်တင်ပို့နိုင်ရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်နိုင်ရေး၊ အခွန်ကောက်ခံမှုဆိုင်ရာကိစ္စရပ်များတွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဥရောပအာရှစီးပွားရေးကော်မရှင်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အာဆီယံဒီဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူညီချက် (ASEAN Digital Framework Agreement-DIFA) တွင် ပါဝင်ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
👍3❤2