News Of Myanmar
သမ္မတ ထရမ့်က ထရုဆိုရှယ်မီဒီယာ Truth Social တွင် စာအရှည်ကြီးတစ်ခု တင်ခဲ့ပြီး ၎င်းအနေဖြင့် နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိသင့်ကြောင်း၊ အမှန်တကယ် ဆုရရှိသွားသည့် အမျိုးသမီး (နဗီ ပိလေး - Navi Pillay) အား 'မည်သူမျှ ကြားဖူးမည် မဟုတ်ကြောင်း' နှင့် ၎င်း (ထရမ့်) အနေဖြင့်…
သမ္မတ ထရမ့်သည် ကလေးဆိုးကြီးတစ်ဦးကဲ့သို့ ဆက်လက်၍ ဒေါသတကြီး ရေးသားခဲ့သည် -
‘ငါဟာ စစ်ပွဲ ၈ ခုကို ငြိမ်းချမ်းအောင် ဖြေရှင်းပေးခဲ့တယ်။ နောက်ထပ် ၂ ခုကိုလည်း ပြီးဆုံးဖို့ ဒါမှမဟုတ် ဖြေရှင်းနိုင်ဖို့ နီးစပ်နေပြီ။ သေဆုံးသွားသူတွေရော အသက်ရှင်ကျန်ရစ်သူတွေပါ အပါအဝင် နောက်ဆုံး ၂၈ ယောက် အစ္စရေး ဓါးစာခံများအားလုံးကို ပြန်လည်ကယ်ထုတ်ပေးနိုင်ခဲ့တယ်။
ကမ္ဘာတစ်ဝန်းလုံးက နိုင်ငံအသီးသီးမှ ဓါးစာခံ ရာပေါင်းများစွာကို လွတ်မြောက်စေပြီး နေရပ်ပြန်ပို့ပေးနိုင်ခဲ့တယ်။ ဗင်နီဇွဲလားမှာ စစ်ပွဲကို အနိုင်ရခဲ့ပြီး အဲဒီနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်ကို ဖမ်းဆီးနိုင်ခဲ့တယ်။
နောက်ပြီး ထိပ်တန်း အကြမ်းဖက်အားပေးနိုင်ငံဖြစ်တဲ့ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံကို နျူကလီးယားလက်နက် ရရှိမသွားအောင် တားဆီးနိုင်ခဲ့တယ်။ ဒါတင်မကသေး တခြားအများကြီး လုပ်ဆောင်ပေးခဲ့ပါသေးတယ်။
ဒါပေမဲ့ ဒါတွေအားလုံး လုပ်ဆောင်ခဲ့ပါလျက်နဲ့ ငါ သို့မဟုတ် အမေရိကန်ပြည်ထောင်စုဟာ နိုဘယ် ငြိမ်းချမ်းရေးဆုကို မရရှိခဲ့ပါဘူး။ အံ့ဩစရာပါပဲ!’

👍8🗿1
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ရန်ကုန်တိုင်းဒေသကြီးမှ
အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ မင်္ဂလာဒုံ၌
ဇီဝိတဒါန စုပေါင်းသွေးလှူဒါန်း
အောက်တိုဘာ ၁၀၊ ၂၀၂၆
ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းပါတီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များဖြစ်သောဦးနေဝင်း၊ ဒေါ်သင်းသင်းမိုး၊ဒေါ်အိအိလှိုင်၊ ဦးမျိုးမင်းနိုင်တို့ ဦးဆောင်သော ရန်ကုန်တိုင်းပါတီဝင်များသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ (၁၀) ရက် နံနက် ၈ နာရီခွဲမှ နံနက် ၁၁ နာရီအချိန်ထိ
အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) မင်္ဂလာဒုံ၌
ဇီဝိတဒါနစုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
သွေးလှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ အလုံခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်နှင် ဒဂုံမြို့သစ်
ခရိုင်တို့မှ ပြည်ခိုင်ဖြိုးပါတီဝင် (၈၄) ဦးတို့ကို သွေးစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးဖောက်ယူခြင်းများဆောင်ရွက်ခဲ့ရာ သွေးအိတ် စုစုပေါင်း (၈၁) အိတ်ရရှိခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ မင်္ဂလာဒုံမှ တပ်မမှူး ဗိုလ်မှူးချပ်မြင့်ဇော်က ဂုဏ်ပြုမှတ်တမ်းလွှာ
ပေးအပ်ရာ ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းကော်မတီဝင်များ
က လက်ခံရယူခဲ့ကြသည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီစုပေါင်းသွေးလှူဒါန်းပွဲသို့ ဗဟိုကော်မတီဝင်
တိုင်းပါတီကော်မတီဝင်များဖြစ်သော ဦးနေဝင်း၊ ဒေါ်သင်းသင်းမိုး
၊ ဒေါ်အိအိလှိုင်နှင့် ဦးမျိုးမင်းနိုင်တို့ ဦးဆောင်သော ပါတီဝင် (၁၁၇) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
#USDP
#yangonMyanmar

👍5❤3❤🔥1
ယနေ့စောစောပိုင်းက ယီမင်နိုင်ငံမှ ဟူသီလက်နက်ကိုင်အဖွဲ့ ပစ်လွှတ်လိုက်သည့် ဒုံးကျည်များနှင့် ဒရုန်းများသည် ဆော်ဒီအာရေးဗီးယားနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး ရေနံမြေဖြစ်သော အယ်လ်-ဂါဝါ (Al-Ghawar) သို့ ကျရောက်ထိမှန်ခဲ့သည်။
အဆိုပါ ရေနံမြေသည် ဆော်ဒီနိုင်ငံ၏ စုစုပေါင်း ရေနံထုတ်လုပ်မှု အနက် ၃၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေသည့် ရေနံမြေဖြစ်သည်။

👍9
ဟူသီလက်နက်ကိုင်အဖွဲ့ ပစ်လွှတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်တစ်စင်းသည် ဆော်ဒီရေးဗီးယားနိုင်ငံ၊ ရီယာဒ်မြို့ရှိ ကင်းခါလစ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုတိုက်ရိုက်ထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးများရှိသည်။
👍10👎1
အမေရိကန်နှင့် အစ္စရေးတို့၏ လပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့သော်လည်း အီရန်သည် ၎င်း၏ ဒုံးကျည်နှင့် ဒရုန်းထုတ်လုပ်ရေး စက်ရုံအများစုကို မပျက်စီးအောင် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေးသတင်းများက ဖော်ပြသည်။
အသေးစိတ်အချက်အလက်များကို သိရှိသည့် အမေရိကန် စစ်ဘက်ဆိုင်ရာ အရာရှိကြီးတစ်ဦး၏ အဆိုအရ အီရန်တွင် ပဲ့ထိန်းဒုံးကျည်များ၊ ဒရုန်းများနှင့် သင်္ဘောဖျက်လက်နက်များ အလုံအလောက် ကျန်ရှိနေဆဲဖြစ်ပြီး ၎င်း၏ လက်နက်အရန်အင်အားကိုလည်း လျင်မြန်စွာ ပြန်လည်ဖြည့်တင်းနိုင်စွမ်း ရှိကြောင်းသိရသည်။

👍12❤1👎1
မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာ အုပ်စု၊ မမြရေလှောင်တမံ တမံဘောင် တမံအလျား (၂၀၀)ပေခန့်၊ အနက် (၃၀)ပေခန့် လျော့ကျမှုဖြစ်ပွား၊ Emergency Spay Way မှ ဆည်ရေများ လျှော့ချလျက်ရှိ
အောက်တိုဘာ ၁၀၊ ၂၀၂၆
မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာအုပ်စု၊ မမြရေလှောင်တမံသည် အောက်တိုဘာ ၉ ရက် ည ၁၂ နာရီခန့်က တမံဘောင် လျော့အိကျမှုဖြစ်ပွားခဲ့ရာ တမံအလျား (၂၀၀)ပေခန့်၊ အနက် (၃၀)ပေခန့် လျော့ကျခဲ့ပြီး ၎င်းလျော့ကျသည့် တမံမျက်နှာပြင်နှင့် ဆည်အတွင်း ရေမျက်နှာပြင်သည် (၂၀)ပေခန့် ကျန်ရှိကြောင်း သိရသည်။
ရေလှောင်တမံ ရေထိန်းကျောက်စီမြေနံရံမှာ မြေသားအိကျမှု ဖြစ်ပွားခဲ့သဖြင့် ယနေ့နံနက်ပိုင်းမှစ၍ Emergency Spay Way မှ ဆည်ရေများ လျှော့ချလျက်ရှိကြောင်း သိရသည်။
မမြရေလှောင်တမံ သိုလှောင်ရေ ၁၀ ပေ လျှော့ချနိုင်ရန်အတွက် တမံ၏အရေးပေါ် ရေပိုလွှဲမှ ရေထုတ်လွှတ်နိုင်ရေး စက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်လျက်ရှိပြီး ၎င်းရေများသည် ရေဝါချောင်းမှတဆင့် မမြချောင်း၊ မမြချောင်းမှ တစ်ဆင့် ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားခြင်းဖြစ်၍ ပတ်ဝန်းကျင်ကျေးရွာစိုက်ဧကများ ထိခိုက်မှုမရှိနိုင်ကြောင်း သိရသည်။
Emergency Spay Way တမံ၏ အရေးပေါ် ရေပိုလွှဲမှမှ ဆည်ရေများလျှော့ချလျက်ရှိသောကြောင့် ဆည်အနီးအနားရှိ ကျေးရွာများမှ ပြည်သူများအား ရေဘေး လွတ်ကင်းရာနေရာများသို့ ကြိုတင်ပြောင်း ရွှေ့နေရာချထားပေးကြောင်း သိရသည်။

👍9❤2