News Of Myanmar
11.6K subscribers
29.7K photos
3.9K videos
3 files
6.62K links
Download Telegram
မရမ်းကုန်းမြို့နယ်တွင်ယာဥ်တိုက်မှုဖြစ်နှစ်ဦး‌ သေဆုံး၊သုံးဦးဒါဏ်ရာရ
NOM၊အောက်တိုဘာ၁၀၊၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ မင်းဓမ္မလမ်း၊ MCC ခန်းမရှေ့တွင် အောက်တိုဘာ၁၀ရက်၇နာရီ၄၅မီနစ်ကယာဉ်တိုက်မှုဖြစ်ပွားခဲ့‌ ကြောင်းသိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားရာသို့ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၊အမျိုးသမီးလေးဦး၊အနက်အမျိုးသားတစ်ဦး၊အမျိုးသမီးတစ်ဦး သေဆုံးပြီးအမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူများကိုလှိုင်လူမှုကူညီရေးအသင်းနှင့် ကောင်းမှုဆောင် ပရဟိတအသင်းမှ သူနာတင်ယာဉ်များဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့‌ ကြောင်းသိရသည်။
😢6👍4😨2❤1
ရန်ကုန် -မန္တလေးအမြန်လမ်းတွင် မန္တလာမင်း ခရီးသည်တင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းသို့တိုက်မိ
NOM၊အောက်တိုဘာ၂၀၊၂၀၂၆
ရန်ကုန် -မန္တလေးအမြန်လမ်းတွင် ယမန်နေ့အောက်တိုဘာ၉ရက်မွန်လွဲ၂နာရီ၄၀မီနစ်ခန့်တွင် မန္တလာမင်း ခရီးသည်တင် (Express) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း
သို့ဝင်တိုက်မိခဲ့သည့်ဟုအမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ သတင်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၃၀၉/၂-၃၀၉/၃ ကြား တွင်မန္တလေးမှ နေပြည်တော် သို့ သွားနေသည် ယာဉ်မောင်းပါ အမျိုးသား၁၈ဦး ၊အမျိူသမီး၁၄ဦး စုစုပေါင်း (၃၂)ဦးလိုက်ပါလာသည့် 1M/1863 မန္တလာမင်း ခရီးသည်တင် (Express) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းသို့တိုက်မိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါလာသူအားလုံး ထိခိုက်ဒဏ် ရာ မရခဲ့သော်လည်း အလယ်ကျွန်းတွင်စိုက်ပျိုးထား​သော အရိပ်ရပင်များ ဆုံးရှုံးခဲ့ကြောင်းသိရသည်။
👍13❤1
အမေရိကန်တွင်လိင်ဆက်ဆံခြင်းမှကူးစက်သောဝမ်းရောဂါပြန့်ပွား

NOM

အမေရိကန်ပြည်ထောင်စုတွင် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်တတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ (Sexually Transmitted Diarrhea) ပျံ့နှံ့လျက်ရှိသည်။

အဆိုပါရောဂါပိုးသည် နိုင်ငံတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့နေပြီး၊ ဆေးယဉ်ပါးမှု (Drug resistance) မြင့်မားလာခြင်းကြောင့် ဆေးကုသရန် အလွန်ခက်ခဲလျက်ရှိကြောင်း သတင်းများက ဖော်ပြထားသည်။
👍17😨5❤1🔥1
အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာချက်အား ပယ်ဖျက်ကြောင်း
👍13
သမ္မတ ထရမ့်က ထရုဆိုရှယ်မီဒီယာ Truth Social တွင် စာအရှည်ကြီးတစ်ခု တင်ခဲ့ပြီး ၎င်းအနေဖြင့် နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိသင့်ကြောင်း၊ အမှန်တကယ် ဆုရရှိသွားသည့် အမျိုးသမီး (နဗီ ပိလေး - Navi Pillay) အား 'မည်သူမျှ ကြားဖူးမည် မဟုတ်ကြောင်း' နှင့် ၎င်း (ထရမ့်) အနေဖြင့် အီရန်စစ်ပွဲ (၎င်းကိုယ်တိုင် စတင်ခဲ့သည့် စစ်ပွဲ) အပါအဝင် စစ်ပွဲ ၈ ခုကို တားဆီးပေးခဲ့သည့်အတွက် အမှန်တကယ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆု ၈ ဆုအထိ ရထိုက်ကြောင်း၊ မကြာမီလည်း စစ်ပွဲ ၁၀ ခုအထိ ရှိလာတော့မည်ဖြစ်ကြောင်း ရေးသားထားသည်။
👍11😱1😨1
ဒုတိယဝန်ကြီးများ ပြောင်းလဲ တာဝန်ပေးအပ်ခြင်း

NOM
👍8
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များအဖြစ်ခန့်အပ်ခြင်း

NOM
👍5❤1
ဒုတိယဝန်ကြီးများခန့်အပ်ခြင်း

NOM
❤3👍3
News Of Myanmar
သမ္မတ ထရမ့်က ထရုဆိုရှယ်မီဒီယာ Truth Social တွင် စာအရှည်ကြီးတစ်ခု တင်ခဲ့ပြီး ၎င်းအနေဖြင့် နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိသင့်ကြောင်း၊ အမှန်တကယ် ဆုရရှိသွားသည့် အမျိုးသမီး (နဗီ ပိလေး - Navi Pillay) အား 'မည်သူမျှ ကြားဖူးမည် မဟုတ်ကြောင်း' နှင့် ၎င်း (ထရမ့်) အနေဖြင့်…
သမ္မတ ထရမ့်သည် ကလေးဆိုးကြီးတစ်ဦးကဲ့သို့ ဆက်လက်၍ ဒေါသတကြီး ရေးသားခဲ့သည် -

‘ငါဟာ စစ်ပွဲ ၈ ခုကို ငြိမ်းချမ်းအောင် ဖြေရှင်းပေးခဲ့တယ်။ နောက်ထပ် ၂ ခုကိုလည်း ပြီးဆုံးဖို့ ဒါမှမဟုတ် ဖြေရှင်းနိုင်ဖို့ နီးစပ်နေပြီ။ သေဆုံးသွားသူတွေရော အသက်ရှင်ကျန်ရစ်သူတွေပါ အပါအဝင် နောက်ဆုံး ၂၈ ယောက် အစ္စရေး ဓါးစာခံများအားလုံးကို ပြန်လည်ကယ်ထုတ်ပေးနိုင်ခဲ့တယ်။

ကမ္ဘာတစ်ဝန်းလုံးက နိုင်ငံအသီးသီးမှ ဓါးစာခံ ရာပေါင်းများစွာကို လွတ်မြောက်စေပြီး နေရပ်ပြန်ပို့ပေးနိုင်ခဲ့တယ်။ ဗင်နီဇွဲလားမှာ စစ်ပွဲကို အနိုင်ရခဲ့ပြီး အဲဒီနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်ကို ဖမ်းဆီးနိုင်ခဲ့တယ်။

နောက်ပြီး ထိပ်တန်း အကြမ်းဖက်အားပေးနိုင်ငံဖြစ်တဲ့ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံကို နျူကလီးယားလက်နက် ရရှိမသွားအောင် တားဆီးနိုင်ခဲ့တယ်။ ဒါတင်မကသေး တခြားအများကြီး လုပ်ဆောင်ပေးခဲ့ပါသေးတယ်။

ဒါပေမဲ့ ဒါတွေအားလုံး လုပ်ဆောင်ခဲ့ပါလျက်နဲ့ ငါ သို့မဟုတ် အမေရိကန်ပြည်ထောင်စုဟာ နိုဘယ် ငြိမ်းချမ်းရေးဆုကို မရရှိခဲ့ပါဘူး။ အံ့ဩစရာပါပဲ!’
👍8🗿1
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ရန်ကုန်တိုင်းဒေသကြီးမှ
အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ မင်္ဂလာဒုံ၌
ဇီဝိတဒါန စုပေါင်းသွေးလှူဒါန်း

အောက်တိုဘာ ၁၀၊ ၂၀၂၆

ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းပါတီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များဖြစ်သောဦးနေဝင်း၊ ဒေါ်သင်းသင်းမိုး၊ဒေါ်အိအိလှိုင်၊ ဦးမျိုးမင်းနိုင်တို့ ဦးဆောင်သော ရန်ကုန်တိုင်းပါတီဝင်များသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ (၁၀) ရက် နံနက် ၈ နာရီခွဲမှ နံနက် ၁၁ နာရီအချိန်ထိ
အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) မင်္ဂလာဒုံ၌
ဇီဝိတဒါနစုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

သွေးလှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ အလုံခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်နှင် ဒဂုံမြို့သစ်
ခရိုင်တို့မှ ပြည်ခိုင်ဖြိုးပါတီဝင် (၈၄) ဦးတို့ကို သွေးစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးဖောက်ယူခြင်းများဆောင်ရွက်ခဲ့ရာ သွေးအိတ် စုစုပေါင်း (၈၁) အိတ်ရရှိခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ မင်္ဂလာဒုံမှ တပ်မမှူး ဗိုလ်မှူးချပ်မြင့်ဇော်က ဂုဏ်ပြုမှတ်တမ်းလွှာ
ပေးအပ်ရာ ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းကော်မတီဝင်များ
က လက်ခံရယူခဲ့ကြသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့​ဖြိုးရေးပါတီစုပေါင်းသွေးလှူဒါန်းပွဲသို့ ဗဟိုကော်မတီဝင်
တိုင်းပါတီကော်မတီဝင်များဖြစ်သော ဦးနေဝင်း၊ ဒေါ်သင်းသင်းမိုး
၊ ဒေါ်အိအိလှိုင်နှင့် ဦးမျိုးမင်းနိုင်တို့ ဦးဆောင်သော ပါတီဝင် (၁၁၇) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

#USDP
#yangonMyanmar
👍5❤3❤‍🔥1
ဒုတိယဝန်ကြီးနှစ်ဦးအားနေရာရွှေ့ပြောင်း
NOM
👍4