News Of Myanmar
11.6K subscribers
29.7K photos
3.9K videos
3 files
6.62K links
Download Telegram
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်း တို့အပြင်နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြ ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိသဖြင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ များစွာကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
👍3
အမေရိကန်သံအမတ်တစ်ဦးကို အမေရိကန်အိတ်စ်ပရက်စ် (American Express) ကတ်ဖြင့် ဝယ်ယူခြင်း

NBC News အန်ဘီစီသတင်းဌာန၏ ဖော်ပြချက်အရ ဂရိနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကင်ဘာလီ ဂွိုင်းဖိုလ် (Kimberly Guilfoyle) နှင့် သူမဦးဆောင်သော သံရုံး၏ လုပ်ရပ်များကို နိုင်ငံခြားရေးဝန်ကြီးဌာန စစ်ဆေးရေးအရာရှိက စုံစမ်းစစ်ဆေးလျက်ရှိသည်။

၎င်းစုံစမ်းစစ်ဆေးမှုမှာ ၂၀၂၅ ခုနှစ် သူမ​၏ရာထူးအတည်ပြုချက်ကြားနာပွဲ မတိုင်မီက သူမ၏ American Express ကြွေးမြီဘေလ်ကို ရှင်းပေးရန် ဒေါ်လာ ၁၀၀,၀၀၀ တောင်းဆိုခဲ့သည်ဟု ထရမ့်ကို ထောက်ခံအားပေးသူ အလှူရှင်ဟောင်းတစ်ဦးက စွပ်စွဲခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အဓိက စွပ်စွဲချက်များနှင့် ဖြစ်စဉ်များ

• အလှူရှင် Eric Deters ၏ ပြောဆိုချက် -

ထရမ့်ကို ထောက်ခံသူ အလှူရှင် Eric Deters ၏ အဆိုအရ ဂွိုင်းဖိုလ်သည် အစိုးရအရာရှိကြီးများနှင့် ချိတ်ဆက်တွေ့ဆုံခွင့်ပေးမည့် အစား ငွေကြေးတောင်းခံခဲ့သည်ဟု ဆိုသည်။

• လျှို့ဝှက်ငွေလွှဲခိုင်းမှု-

ငွေကြေးများကို American Express သို့ တိုက်ရိုက် လွှဲပေးရန် ဂွိုင်းဖိုလ်က ညွှန်ကြားထားကြောင်းပြသသည့် စာတိုပေးပို့မှုများကို ၎င်းက ပံ့ပိုးပေးခဲ့ပြီး သူမက ထိုသို့လွှဲခြင်းဖြင့် "ဘယ်နေရာမှာမှ အချက်အလက် ပေါ်လာမှာ မဟုတ်ဘူး" ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

• သံတမန်ရေးရာ တုန်လှုပ်မှု -

အဆင့်မြင့် သံတမန်ရေးရာ အရာရှိတစ်ဦးက ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုမျိုးသည် အလွန်ရှားပါးပြီး နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများကိုပါ တုန်လှုပ်ခြောက်ခြားစေခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဥပဒေပြုအမတ်များက အသေးစိတ် အပြည့်အစုံ စစ်ဆေးပေးရန် တောင်းဆိုမှုများ မြင့်တက်နေသော်လည်း အပြစ်ပေးအရေးယူမှု တစ်စုံတစ်ရာ ရှိလာပုံမပေါ်ပေ။ အင်္ဂါနေ့ညသန်းခေါင်ယံ အချိန်က အေသင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယို ရောက်ရှိလာစဉ် ဂွိုင်းဖိုလ်သည် လေဆိပ်တွင် နွေးထွေးစွာ ကြိုဆိုခဲ့သေးသည်။
👍8❤3
ပနားမားနိုင်ငံတောင်ပိုင်းတွင်ပြင်းအား၈.၀မဂ္ဂနီကျုရှိငလျင်လှုတ်ခတ်သွားသည်။
👍12
စဉ့်ကိုင်မြို့အနီး ဗဟိုပြု၍ အင်အား ၃.၄အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်
NOM၊အောက်တိုဘာ၁၀၊၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၏ မြောက်ဘက် (၅) မိုင်ခန့်အကွာတွင် ယနေ့(အောက်တိုဘာလ ၁၀ရက်) နံက်ပိုင်းတွင် အင်အား ပမာဏ ၃.၄(M) အဆင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ
သိရသည်။

အဆိုပါမြေငလျင်သည် အောက်တိုဘာလ ၁၀ ရက်မြန်မာစံတော်ချိန် (၁) နာရီ၊ (၄၈) မိနစ်၊ (၀၂) စက္ကန့်အချိန်တွင် ‌မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် (၁၄) မိုင်ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း စဉ့်ကိုင်မြို့၏ မြောက်ဘက် (၅) မိုင်ခန့်အကွာ အနက် (၁၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ၃.၄(M) အဆင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
👍11
မရမ်းကုန်းမြို့နယ်တွင်ယာဥ်တိုက်မှုဖြစ်နှစ်ဦး‌ သေဆုံး၊သုံးဦးဒါဏ်ရာရ
NOM၊အောက်တိုဘာ၁၀၊၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ မင်းဓမ္မလမ်း၊ MCC ခန်းမရှေ့တွင် အောက်တိုဘာ၁၀ရက်၇နာရီ၄၅မီနစ်ကယာဉ်တိုက်မှုဖြစ်ပွားခဲ့‌ ကြောင်းသိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားရာသို့ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၊အမျိုးသမီးလေးဦး၊အနက်အမျိုးသားတစ်ဦး၊အမျိုးသမီးတစ်ဦး သေဆုံးပြီးအမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူများကိုလှိုင်လူမှုကူညီရေးအသင်းနှင့် ကောင်းမှုဆောင် ပရဟိတအသင်းမှ သူနာတင်ယာဉ်များဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့‌ ကြောင်းသိရသည်။
😢6👍4😨2❤1
ရန်ကုန် -မန္တလေးအမြန်လမ်းတွင် မန္တလာမင်း ခရီးသည်တင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းသို့တိုက်မိ
NOM၊အောက်တိုဘာ၂၀၊၂၀၂၆
ရန်ကုန် -မန္တလေးအမြန်လမ်းတွင် ယမန်နေ့အောက်တိုဘာ၉ရက်မွန်လွဲ၂နာရီ၄၀မီနစ်ခန့်တွင် မန္တလာမင်း ခရီးသည်တင် (Express) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း
သို့ဝင်တိုက်မိခဲ့သည့်ဟုအမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ သတင်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၃၀၉/၂-၃၀၉/၃ ကြား တွင်မန္တလေးမှ နေပြည်တော် သို့ သွားနေသည် ယာဉ်မောင်းပါ အမျိုးသား၁၈ဦး ၊အမျိူသမီး၁၄ဦး စုစုပေါင်း (၃၂)ဦးလိုက်ပါလာသည့် 1M/1863 မန္တလာမင်း ခရီးသည်တင် (Express) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းသို့တိုက်မိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါလာသူအားလုံး ထိခိုက်ဒဏ် ရာ မရခဲ့သော်လည်း အလယ်ကျွန်းတွင်စိုက်ပျိုးထား​သော အရိပ်ရပင်များ ဆုံးရှုံးခဲ့ကြောင်းသိရသည်။
👍13❤1
အမေရိကန်တွင်လိင်ဆက်ဆံခြင်းမှကူးစက်သောဝမ်းရောဂါပြန့်ပွား

NOM

အမေရိကန်ပြည်ထောင်စုတွင် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်တတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ (Sexually Transmitted Diarrhea) ပျံ့နှံ့လျက်ရှိသည်။

အဆိုပါရောဂါပိုးသည် နိုင်ငံတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့နေပြီး၊ ဆေးယဉ်ပါးမှု (Drug resistance) မြင့်မားလာခြင်းကြောင့် ဆေးကုသရန် အလွန်ခက်ခဲလျက်ရှိကြောင်း သတင်းများက ဖော်ပြထားသည်။
👍17😨5❤1🔥1
အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာချက်အား ပယ်ဖျက်ကြောင်း
👍13
သမ္မတ ထရမ့်က ထရုဆိုရှယ်မီဒီယာ Truth Social တွင် စာအရှည်ကြီးတစ်ခု တင်ခဲ့ပြီး ၎င်းအနေဖြင့် နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိသင့်ကြောင်း၊ အမှန်တကယ် ဆုရရှိသွားသည့် အမျိုးသမီး (နဗီ ပိလေး - Navi Pillay) အား 'မည်သူမျှ ကြားဖူးမည် မဟုတ်ကြောင်း' နှင့် ၎င်း (ထရမ့်) အနေဖြင့် အီရန်စစ်ပွဲ (၎င်းကိုယ်တိုင် စတင်ခဲ့သည့် စစ်ပွဲ) အပါအဝင် စစ်ပွဲ ၈ ခုကို တားဆီးပေးခဲ့သည့်အတွက် အမှန်တကယ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆု ၈ ဆုအထိ ရထိုက်ကြောင်း၊ မကြာမီလည်း စစ်ပွဲ ၁၀ ခုအထိ ရှိလာတော့မည်ဖြစ်ကြောင်း ရေးသားထားသည်။
👍11😱1😨1
ဒုတိယဝန်ကြီးများ ပြောင်းလဲ တာဝန်ပေးအပ်ခြင်း

NOM
👍8
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များအဖြစ်ခန့်အပ်ခြင်း

NOM
👍5❤1
ဒုတိယဝန်ကြီးများခန့်အပ်ခြင်း

NOM
❤3👍3
News Of Myanmar
သမ္မတ ထရမ့်က ထရုဆိုရှယ်မီဒီယာ Truth Social တွင် စာအရှည်ကြီးတစ်ခု တင်ခဲ့ပြီး ၎င်းအနေဖြင့် နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိသင့်ကြောင်း၊ အမှန်တကယ် ဆုရရှိသွားသည့် အမျိုးသမီး (နဗီ ပိလေး - Navi Pillay) အား 'မည်သူမျှ ကြားဖူးမည် မဟုတ်ကြောင်း' နှင့် ၎င်း (ထရမ့်) အနေဖြင့်…
သမ္မတ ထရမ့်သည် ကလေးဆိုးကြီးတစ်ဦးကဲ့သို့ ဆက်လက်၍ ဒေါသတကြီး ရေးသားခဲ့သည် -

‘ငါဟာ စစ်ပွဲ ၈ ခုကို ငြိမ်းချမ်းအောင် ဖြေရှင်းပေးခဲ့တယ်။ နောက်ထပ် ၂ ခုကိုလည်း ပြီးဆုံးဖို့ ဒါမှမဟုတ် ဖြေရှင်းနိုင်ဖို့ နီးစပ်နေပြီ။ သေဆုံးသွားသူတွေရော အသက်ရှင်ကျန်ရစ်သူတွေပါ အပါအဝင် နောက်ဆုံး ၂၈ ယောက် အစ္စရေး ဓါးစာခံများအားလုံးကို ပြန်လည်ကယ်ထုတ်ပေးနိုင်ခဲ့တယ်။

ကမ္ဘာတစ်ဝန်းလုံးက နိုင်ငံအသီးသီးမှ ဓါးစာခံ ရာပေါင်းများစွာကို လွတ်မြောက်စေပြီး နေရပ်ပြန်ပို့ပေးနိုင်ခဲ့တယ်။ ဗင်နီဇွဲလားမှာ စစ်ပွဲကို အနိုင်ရခဲ့ပြီး အဲဒီနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်ကို ဖမ်းဆီးနိုင်ခဲ့တယ်။

နောက်ပြီး ထိပ်တန်း အကြမ်းဖက်အားပေးနိုင်ငံဖြစ်တဲ့ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံကို နျူကလီးယားလက်နက် ရရှိမသွားအောင် တားဆီးနိုင်ခဲ့တယ်။ ဒါတင်မကသေး တခြားအများကြီး လုပ်ဆောင်ပေးခဲ့ပါသေးတယ်။

ဒါပေမဲ့ ဒါတွေအားလုံး လုပ်ဆောင်ခဲ့ပါလျက်နဲ့ ငါ သို့မဟုတ် အမေရိကန်ပြည်ထောင်စုဟာ နိုဘယ် ငြိမ်းချမ်းရေးဆုကို မရရှိခဲ့ပါဘူး။ အံ့ဩစရာပါပဲ!’
👍8🗿1
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ရန်ကုန်တိုင်းဒေသကြီးမှ
အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ မင်္ဂလာဒုံ၌
ဇီဝိတဒါန စုပေါင်းသွေးလှူဒါန်း

အောက်တိုဘာ ၁၀၊ ၂၀၂၆

ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းပါတီ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များဖြစ်သောဦးနေဝင်း၊ ဒေါ်သင်းသင်းမိုး၊ဒေါ်အိအိလှိုင်၊ ဦးမျိုးမင်းနိုင်တို့ ဦးဆောင်သော ရန်ကုန်တိုင်းပါတီဝင်များသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ (၁၀) ရက် နံနက် ၈ နာရီခွဲမှ နံနက် ၁၁ နာရီအချိန်ထိ
အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) မင်္ဂလာဒုံ၌
ဇီဝိတဒါနစုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

သွေးလှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ အလုံခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်နှင် ဒဂုံမြို့သစ်
ခရိုင်တို့မှ ပြည်ခိုင်ဖြိုးပါတီဝင် (၈၄) ဦးတို့ကို သွေးစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးဖောက်ယူခြင်းများဆောင်ရွက်ခဲ့ရာ သွေးအိတ် စုစုပေါင်း (၈၁) အိတ်ရရှိခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ မင်္ဂလာဒုံမှ တပ်မမှူး ဗိုလ်မှူးချပ်မြင့်ဇော်က ဂုဏ်ပြုမှတ်တမ်းလွှာ
ပေးအပ်ရာ ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းကော်မတီဝင်များ
က လက်ခံရယူခဲ့ကြသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့​ဖြိုးရေးပါတီစုပေါင်းသွေးလှူဒါန်းပွဲသို့ ဗဟိုကော်မတီဝင်
တိုင်းပါတီကော်မတီဝင်များဖြစ်သော ဦးနေဝင်း၊ ဒေါ်သင်းသင်းမိုး
၊ ဒေါ်အိအိလှိုင်နှင့် ဦးမျိုးမင်းနိုင်တို့ ဦးဆောင်သော ပါတီဝင် (၁၁၇) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

#USDP
#yangonMyanmar
👍5❤3❤‍🔥1