News Of Myanmar
11.8K subscribers
28.6K photos
3.69K videos
3 files
6.62K links
Download Telegram
တာချီလိတ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

စက်တင်ဘာ ၉၊ ၂၀၂၆

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး ဒေသတွင်းပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများ ရောက်ရှိနေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါမြို့အတွင်း ရပ်ကွက်များရှိ နေအိမ်များအား စုံစမ်းရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ ယနေ့ညနေ ၄ နာရီခန့်တွင် ဝမ်ကောင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၂၆ ဦး၊ စုစုပေါင်း ၅၆ ဦးတို့အား ကွန်ပျူတာမျိုးစုံ ၆၀ လုံး၊ Wifi စက် ၅ လုံး၊ စားပွဲ ၁၄ လုံး၊ ထိုင်ခုံ ၅၁ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး၊ ဆက်စပ်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
👍82
ရန်ကုန် - မန္တလေးအမြန်လမ်းပေါ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ Telematics GPS စနစ်တပ်ဆင်ပြီးမှသာ လမ်းအသုံးပြုခွင့်ရမည်

NOM စက်တင်ဘာ ၁၀၊ ၂၀၂၆

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ခရီးသည်တင်မော်တော်ယာဉ်များနှင့် သတ်မှတ်ခွင့်ပြုထားသည့် ကုန်စည် ၁၄ မျိုးသာ တင်ဆောင်ရမည့် ကုန်တင်ယာဉ်ကြီးများသည် Telematics GPS စနစ် တပ်ဆင်ပြီးမှသာ လမ်းအသုံးပြုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်တွင် Telematics စနစ် GPS စက်များတပ်ဆင်ပြီး ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၉ ရက်အထိ ခရီးသည်တင် မော်တော်ယာဉ် ၃၅၂၅ စီး၊ ကုန်တင်ယာဉ် ၂၅၁၂ စီးတို့ကို Telematics စက်များ တပ်ဆင်ပေးပြီးဖြစ်ကြောင်းသိရသည်။

ထို့ပြင် နေပြည်တော်စီလမ်းဆုံတိုးဂိတ်ရှိ Telematics Com-mand & Control Center က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် သွားလာလျက်ရှိသည့် ခရီးသည်တင်မော်တော်ယာဉ်များ သတ်မှတ်အရှိန်နှုန်း (ကီလို ၉၀)အတွင်းသာမောင်းနှင်စေရေး၊ ယာဉ်မရပ်ရသည့်နေရာများတွင် ရပ်တန့်မှုမရှိစေရေးတို့အတွက် တယ်လီဖုန်းဖြင့်သတိပေးခြင်းကို (၂၄) နာရီဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

NOM
👍11
လေးမျက်နှာ ငဝန်ရေကာတာ ပေ ၃၀ ခန့် ပွင့်ထွက်ပြီး မြို့တွင်းသို့ ရေစတင်ဝင်ရောက်မှုဖြစ်ပွား

NOM စက်တင်ဘာ ၁၀၊ ၂၀၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့ရှိ ငဝန်ရေကာတာတွင်ယမန်နေ့ စက်တင်ဘာ ၉ ရက် ည ၁၀ နာ ရီခန့်က ရေကာတာပိတ်ထားသည့် သံတိုင်များအနက် ပေ ၃၀ ခန့် အကျယ်ရှိ သံတိုင်များယိုင်ထွက်သွားပြီး ရေကာတာ ပြန်လည်ပွင့်ထွက်သွားကြောင်း လေးမျက်နှာမြို့နယ် မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

လေးမျက်နှာမြို့ရှိ ငဝန်ရေကာတာတွင် ရိုက်ထားသည့် Sheet Pile များသည် ရှေ့မှရေတွန်အားကြောင့် ပေ ၃၀ ခန့်အနောက်သို့ ယိုင်သွားပြီးရေကျော်မှုများဖြစ်ပွားခဲ့ပြီး ရပ်ကွက်အချို့သို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ငဝန်ရေကာတာအနီးရှိ သင်္ဘောများနှင့် ဘုတ်ရေယာဉ်များကို အန္တရာယ်မဖြစ်ပေါ်စေရေး ကမ်းသို့ ပြန်လည်ကပ်ထားရန် ညွှန်ကြားထားပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များကလည်း လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။

NOM
👍17😨21
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်မည်

NOM စက်တင်ဘာ ၁၀၊ ၂၀၂၆

ကမ္ဘောဒီးယားဘုရင် နိုရိုဒမ် သီဟာမိုနီ (His Majesty Preah Bat Samdech Preah Boromneath Norodom Sihamoni) ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံသို့ စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ယာယီနိုင်ငံတော်အကြီးအကဲ Samdech Akka Moha Sena Padei Techo Hun Sen နှင့် ထိပ်သီးအဆင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Moha Borvor Thipadei Hun Manet နှင့်လည်း နှစ်နိုင်ငံအဆင့် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံအပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရေးတို့နှင့်အတူ နှစ်နိုင်ငံ အကျိုးတူစိတ်ဝင်စားသည့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးသွားကြမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်သမ္မတသည် ဖနွမ်းပင်မြို့ရှိ လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင် (Independence Monument) နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကွယ်လွန်သူ ဘုရင်ဖခင် Norodom Sihanouk “Preah Borom Ratanak Kaudh” ၏ တော်ဝင်ရုပ်တုတို့၌ လွမ်းသူ့ပန်းခွေချ အလေးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၏ ယခု နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သည် မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံနှင့် ပြည်သူများအကြား ရှိရင်းစွဲ နွေးထွေးသည့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန် နှစ်နိုင်ငံ၏ ပူးတွဲကတိကဝတ်ကို ထပ်မံအတည်ပြုသည့် ခရီးစဉ်တစ်ရပ်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
👍123
တွံတေးမြို့နယ်၊ပန်းလှိုင်တံတားအဆင်းအနီးယာဥ်တိုက်မှုဖြစ်၊အမျိုးသားတစ်ဦးသေဆုံး
NOM၊စက်တင်ဘာ၁၀၊၂၀၂၆
ရန်ကုန်တိုင်း‌ ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ၁၉ ရပ်ကွက်၊ သံသုမာ (၂) လမ်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦးစက်တင်ဘာ၈ရက်က‌ ပျောက်ဆုံးခဲ့ပြီးယခုအခါယာဉ်တိုက်ခံရကါသေဆုံးသွားကြောင်းလူမှုကူညီရေးထံမှသိရသည်။
ဖြစ်စဉ်မှာလှိုင်သာယာမြို့နယ်၊ ၁၉ ရပ်ကွက်၊ သံသုမာ (၂) လမ်းမှာ နေထိုင်သည့် အသက် (၅၂) နှစ်အရွယ် ဦးဝင်းမြင့်သည်စက်တင်ဘာ ၈ရက်နံနက် ၅ နာရီခန့်တွင် တွံတေးမြို့နယ်၊ပန်းလှိုင်တံတားအဆင်းအနီးတွင် တွံတေးမြို့နယ်ဘက်သို့စက်ဘီး စီးပြီး သွားခဲ့ရာနောက်ဘက်မှမောင်းနှင်လာသောမော်တော် ယာဉ်တစ်စီးကဝင်ရောက်တိုက်ခဲ့ရာ‌ ဆေးရုံ၌သေဆုံးသွားခဲ့သည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ယာဉ်မောင်းသည်ထွက်ပြေးသွားသဖြင့်ယာဉ်မောင်းအားဖမ်းဆီရမိရန် အမြန်ဆုံး စုံစမ်းဖော်ထုတ်လျက်ရှိ‌ ကြောင်းသိရသည်။
😢81
ရန်ကုန် - မန္တလေးအမြန်လမ်းတွင် တပ်ဆင်ထားသော ကွန်ကရိအကာအရံတုံး/ နံရံများကြောင့် ခရီးသည် များ ထိခိုက်ဒဏ်ရာရ/ သေဆုံးကြရသည်ဆိုသော သတင်းမှာမှန်ကန်မှုမရှိဟုဆို

NOM စက်တင်ဘာ ၁၀၊ ၂၀၂၆

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုများဖြစ်ပွားသည့်အခါ လမ်းပေါ်၌တပ်ဆင်ထားသော ကွန်ကရိအကာအရံတုံး/ နံရံများကြောင့် ခရီးသည်များထိခိုက်ဒဏ်ရာရ/ သေဆုံးကြရသည်ဟု လူမှုကွန်ရက်များ၌ ရေးသားသောအကြောင်းအရာများသည် မှန်ကန်မှုမရှိကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ကွန်ကရိ အကာအရံတုံးများသာ မရှိပါက မတော်တဆဖြစ်သည့်ယာဉ်များသည် ချောက်/မြစ်/ချောင်းများ အတွင်းသို့ကျခြင်း၊ မျက်နှာချင်းဆိုင်ယာဉ်ကြောသို့ရောက်ရှိ၍ အခြားယာဉ်အား တိုက်မိခြင်းတို့ကြောင့် ပိုမိုဆိုးရွားသော ထိခိုက်မှုများဖြစ်ပေါ်နိုင်ကြောင်းသိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းသည် သာမန်မြို့တွင်း လမ်း/ခရိုင်ချင်းဆက်လမ်းမဟုတ်ဘဲ ခရီးသွားယာဉ်များ အမြန်နှုန်းမြင့်စွာ အသုံးပြုသည့် Expressway ဖြစ်သည့်အတွက် ယာဉ်၏ကြံ့ခိုင်မှု၊ တာယာအခြေအနေ၊ ဘရိတ်စနစ်နှင့် မောင်းနှင်သူ၏ အာရုံစူးစိုက်မှု/ ကျွမ်းကျင်မှု/အတွေ့အကြုံတို့သည်အလွန်အရေးကြီးပါသည်။ ကွန်ကရိအကာအရံ တုံးသည် အန္တရာယ်ဖန်တီးရန် တပ်ဆင်ထားခြင်းမဟုတ်ဘဲ အသက်အန္တရာယ်စိုးရိမ်ရသည့် မတော်တဆမှုကြီးများမှ ကာကွယ်ပေးနိုင်ရန် ဖြစ်ကြောင်းအသိပေးထားသည်။

NOM
👍15
This media is not supported in your browser
VIEW IN TELEGRAM
ယူအေအီး (UAE) ကျောထောက်နောက်ခံပြု တပ်ဖွဲ့များသည် ဟူသီလက်နက်ကိုင်အဖွဲ့၏ ထိုးစစ်ဆင် ချီတက်လာမှုကြောင့် ထွက်ပြေးလာကြသော ဆော်ဒီကျောထောက်နောက်ခံပြု တပ်ဖွဲ့များကို လက်နက်များနှင့်အတူ တောင်ပိုင်းမြို့များအတွင်းသို့ ဝင်ရောက်ခွင့်မပြုဘဲ ပိတ်ဆို့တားဆီးထားကြသည်။

NOM
👍15
ပွင့်ဖြူမြို့နယ်၊ အရှေ့လေးအိမ်‌ကျေးရွာနေ ကျောင်းအုပ်ဆရာတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

NOM စက်တင်ဘာ ၁၀၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ အရှေ့လေးအိမ်‌ကျေးရွာနေ အခြေခံပညာမူလတန်း ကျောင်း (ရုံးပင်ချောင်ကျေးရွာ) မှ ကျောင်းအုပ်ဆရာဖြစ်သူ ဦးဆန်းမြင့်အောင် (၄၀) နှစ်သည် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားရှစ်ဦးခန့်က စက်လှေတစ်စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

NOM
😢71
မိုးကောင်းမြို့နယ်၊ ထီးချိုင့်ကျေးရွာအနီး တောင်နီ-ဆားမှော် ကျေးရွာချင်းဆက်လမ်းမပေါ်တွင် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်တစ်စီးအား တားဆီးကာ ယာဉ်ပေါ်ပါ အမျိုးသမီးများထံမှ ရွှေထည်ပစ္စည်းများနှင့် ငွေကျပ်သိန်း ၃၀ ခန့်အားလုယက်ယူဆောင်သွား

NOM စက်တင်ဘာ ၁၀၊ ၂၀၂၆

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကျွန်းတောရပ်ကွက်နေသူများဖြစ်သည့် ဒေါ်နှင်းစိုးအေး (ခ) ဒေါ်ထွေး (၄၀) နှစ်၊ ဒေါ်ဝေဝေခိုင် (၃၈) နှစ်နှင့် ဒေါ်စန္ဒာလှိုင် (၃၀) နှစ်တို့သည် မိုးကောင်းမြို့မှ မိုးညှင်းမြို့သို့ မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ခွာလာစဉ် မိုးကောင်းမြို့နယ်၊ ထီးချိုင့်ကျေးရွာအနီး တောင်နီ-ဆားမှော် ကျေးရွာချင်းဆက်လမ်းမပေါ်အရောက် KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား ၅၀ ဦးခန့်က မော်တော်ယာဉ်အား တားဆီးကာ ယာဉ်ပေါ်ပါလာသူများထံမှ ၈ ကျပ်သားခန့် ရွှေဆွဲကြိုး ၁ ကုံး၊ ၃ ကျပ်သားခန့်ရွှေလက်စွပ် ၁ ကွင်းနှင့် ငွေကျပ်သိန်း ၃၀ ခန့်နှင့် နိုင်ငံသားမှတ်ပုံတင်ကတ် ၃ ခုတို့အား အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်သွားခဲ့ကြောင်းသိရသည်။

NOM
😢6👍2
တောင်ကြီးတွင် PDF ၆၀ ဦးလက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်အတွင်း PDF၊ DPLA၊ KNDF၊ PNLO စသည့်လက်နက်ကိုင်အဖွဲ့များတွင် ရောက်ရှိနေသူ စုစုပေါင်း ၆၀ ဦး သည် စက်တင်ဘာ ၁၀ ရက်နေ့တွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သည်။

အဆိုပါ ၆၀ ဦးသည် လက်နက် ၃၅ လက်နှင့် လက်ပစ်ဗုံး ၁ လုံး အပါအဝင် ခဲယမ်းပစ္စည်းများကိုပါ အပ်နှံခဲ့ကြပြီး တောင်ကြီးမြို့တွင် ပြန်လည်ကြိုဆိုလက်ခံသည့် အခမ်းအနား ပြုလုပ်ခဲ့ကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး စိုးရွှေ တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

အခမ်းအနားအပြီးမှာ ပြန်လည်ဝင်ရောက်လာသူများကို မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်အပ်နှံပေးခဲ့ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများကိုလည်း နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ တပ်စခန်းနဲ့ ရဲစခန်းများထံ ဆက်သွယ်နိုင်ကြောင်း အသိပေးခဲ့သည်။
👍14🔥1