News Of Myanmar
11.8K subscribers
28.5K photos
3.68K videos
3 files
6.62K links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ယီမင်နိုင်ငံမြောက်ပိုင်း၊ အယ်လ်ဂျောဖ်၊ လုဘ်နတ် စခန်းအနီးတွင် ဆော်ဒီကျောထောက်နောက်ခံပြု PLC တပ်ဖွဲ့​၏ စစ်ထရပ်ကားများကို ဟူသီလက်နက်ကိုင်အဖွဲ့ကပဲ့ထိန်းတင့်ကားခွင်းဒုံးကျည် (ATGM) များဖြင့်ဖျက်ဆီးပြီး PLC တပ်ဖွဲ့များကို သုတ်သင်ရှင်းလင်းနေသည့် ရုပ်သံ။
👍141
တီးတိန်မြို့မှ ပျက်စီးနေအိမ်များအတွက် အမိုးသွပ်၊ သွပ်ရိုက်သံနှင့် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်
 
စက်တင်ဘာ ၈၊ ၂၀၂၆
 
ချင်းပြည်နယ်သည် တည်ငြိမ်အေးချမ်းနေပြီဖြစ်သည့်အတွက် ပြည်နယ်အတွင်း စီးပွားရေးလုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် နိုင်ငံတော်က ထုတ်ချေးသော ချေးငွေများ ရယူဆောင်ရွက်လိုပါက သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ချေးယူဆောင်ရွက်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ယမန်နေ့နံနက်ပိုင်းတွင် တွန်းဇံမြို့ ရိုမန်ကက်သလစ်ဘုရားကျောင်းခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
 
ထို့ပြင် ချင်းပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် နိုင်ငံတော်အစိုးရက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးသည့်နေအိမ်များနှင့် လုံးဝပျက်စီးသွားသည့်နေအိမ်များအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေဖြင့် အမိုးသွပ်၊ သွပ်ရိုက်သံနှင့် ဘိလပ်မြေအိတ်များကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ယနေ့တွင်လည်း တစ်စိတ်တစ်ပိုင်းနှင့် လုံးဝပျက်စီးသွားသည့် နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးနှင့် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးတို့က တီးတိန်မြို့မှ ပျက်စီးနေအိမ်များအတွက် အမိုးသွပ်၊ သွပ်ရိုက်သံနှင့် ဘိလပ်မြေအိတ်များကို ထောက်ပံ့ပေးအပ်ကြသည်။
 
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ၊ ဌာနအလိုက် ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးပြီး ဒေသခံပြည်သူများက တင်ပြသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
 
တွေ့ဆုံပွဲအပြီးတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တွန်းဇံမြို့ရှိ ရုံးဌာန အဆောက်အအုံများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
7👍4
This media is not supported in your browser
VIEW IN TELEGRAM
ဘင်္ဂလားဒေ့ရှ် စစ်ရေးလေ့ကျင့်မှုအတွင်း တင့်ကား ပေါက်ကွဲမှုဖြစ်ပွား။

စစ်သည် ၂ ဦး သေဆုံးပြီး ၁ ဦး စိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့သည်။

ပေါက်ကွဲရသည့် အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

NOM
😱15👍41😢1
This media is not supported in your browser
VIEW IN TELEGRAM
ဆော်ဒီအာရေဗျ၏ တောင်းဆိုချက်ကြောင့် ပါကစ္စတန်က ဟူသီအဖွဲ့အပေါ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် စဉ်းစားနေ

မက္ကာ စစ်ရေးမဟာမိတ်စာချုပ်သစ် (Mecca Defense Pact) အရ ပါကစ္စတန်အစိုးရသည် ဟူသီတို့၏ စခန်းများကို လေကြောင်းမှ တိုက်ခိုက်ရန် စဉ်းစားသုံးသပ်နေကြောင်း သတင်းရရှိသည်။

NOM
😢7😨7👍6😱2
This media is not supported in your browser
VIEW IN TELEGRAM
ဂျော်ဒန်ရှိ အမေရိကန်ရဟတ်ယာဉ်များ အီရန်ဒုံးကျည်ထိ

NOM

အီရန်၏ လက်စားချေတိုက်ခိုက်မှုအတွင်း ဂျော်ဒန်နိုင်ငံရှိအမေရိကန်လေတပ်စခန်းကို အီရန်ဒုံးကျည်များထိမှန်သဖြင့် အမေရိကန်၏ ဘလက်ဟောက်ခ်တိုက်ခိုက်ရေးရဟတ်ယာဉ်များထိခိုက်ပျက်စီးခဲ့သည်။
👍22😱3👎1
ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာသို့ PDF အကြမ်းဖက်သမားများရောက်လာပြီး အပြစ်မဲ့အရပ်သားပြည်သူငါးဦးနှင့် ကျောင်းဆရာမတစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွား

NOM စက်တင်ဘာ ၁၀၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာသို့ စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ PDFအကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးခန့်ရောက်ရှိလာပြီး ကျေးရွာ၌ နေထိုင်သူများဖြစ်ကြသည့် ဦးစိုးဝင်း (၆၀) နှစ်၊ဦးတင်ရှိန် (၇၂) နှစ်၊ ဦးကျော်ကျော်ဦး (၄၀) နှစ်၊ ဒေါ်ပူတူးမ (၃၇) နှစ်၊ ဒေါ်အိမိုးဝင်း (၃၅) နှစ်နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (စည်ပိုင်းကျေးရွာ)မှ အထက်တန်းပြကျောင်းဆရာမ ဒေါ်ဌေးဌေးနွယ် (၃၇) နှစ် တို့ခြောက်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

NOM
👍6😡6😢1
This media is not supported in your browser
VIEW IN TELEGRAM
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပါက လူကြီးတစ်ဦးလျှင် ဒေါ်လာ ၅,၀၀၀ ပေးမည်ဟု ထရမ့် ကြေညာ

NOM
👍15👎3😨32😱1
ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကုန်ထုတ် လုပ်ငန်း Agro-based Industry ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်၍ နိုင်ငံစီးပွားတိုးတက်အောင် ဆောင်ရွက် လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားလိုက်ပါတယ်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က ဗီယက်နမ်နိုင်ငံ ၊ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး ၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ ၊ မိသားစုဝင်များ ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားစဉ် နိုင်ငံတော်သမ္မတက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ထိုပြင် ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။
👍111
ပျော်ဘွယ်မြို့နယ်၌ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ်တစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ရှစ်သိန်းကျော် ဖမ်းဆီးရမိ

စက်တင်ဘာ ၉၊ ၂၀၂၆

ပျော်ဘွယ်မြို့နယ်၌ ရခိုင်ပြည်နယ်သို့ပို့ဆောင်မည့် ငွေကျပ်တစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားရှစ်သိန်းကျော်ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပျော်ဘွယ်မြို့နယ် ဆိတ်ချိုကျေးရွာအုပ်စု ကံစွယ်ကျေးရွာအနီး ပျော်ဘွယ်-နတ်မောက်သွား ကားလမ်းတွင် နီဝင်း မောင်းနှင်ပြီး သိန်းထွန်း လိုက်ပါလာသည့် MINIBUS ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၈ ဒသမ ၆၉ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၃၀၃၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့သည်။

 ကွင်းဆက်စစ်ဆေးချက်အရ နေပိုင်စိုး (ခ) ဂျာကြီး(ခ)အောင် ကျော်မြင့်၊ ကျော်သာ (ခ)အောင် ကျော်နှင့်အတူ ကိုစိုး၊ ယုယုမော်၊ ရဲမင်းအောင်(ခ)ပါးသိုင်း၊ မိုးအောင် (ခ)ဆလိုင်းမိုးအောင်တို့ ခုနစ်ဦးအား ယာဉ်လေးစီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်နေ မောင်ဝင်း(ခ) အောင်စိန် (ခ)အောင်သိန်း (ခ) အောင်ထိန် (ဖမ်းဆီးရန်ကျန်)မှ ရမည်းသင်းမြို့နယ်သို့ လာရောက်ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း၊ ရမည်းသင်းမှ အောင်လံသို့ ကျော်သာ(ခ)အောင်ကျော်၏ အစီအမံဖြင့် သယ်ဆောင်ခြင်းဖြစ်ပြီး အောင်လံမှ ရခိုင်ပြည်နယ် အမ်းမြို့နယ်သို့ သယ်ဆောင်သူများမှာ မိုးအောင် (ခ)ဆလိုင်းမိုးအောင်၊ ရဲအောင် (ဖမ်းဆီးရန်ကျန်) နှင့် ကိုဦး (ဖမ်းဆီးရန်ကျန်)တို့ ဖြစ်ကြောင်း၊ အမ်းမှ မောင်တောသို့ ဆက်လက်သယ်ဆောင်သူမှာ ရွှေလင်း (ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်သည့် ကျော်သာ(ခ) အောင်ကျော်နှင့် ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ အဓိကစီမံခန့်ခွဲသူ မောင်ဝင်း(ခ)အောင်စိန်(ခ) အောင်သိန်း (ခ) အောင်ထိန် (ဖမ်းဆီး ရန်ကျန်)နှင့် ချိတ်ဆက်၍ ရခိုင်ပြည်နယ် မောင်တောမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ဆက်လက်ပို့ဆောင်သူမှာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ နိုင်နိုင်ဦး ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ စိတ်ကြွဆေးပြားများ အကြိမ်ကြိမ်သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
👍86
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ဗြိတိန်သံအမတ်နှင့် သံတမန်များကို အကြမ်းဖက်တိုက်ခိုက်ရန် ယူကရိန်းက အစီအစဉ်ဆွဲခဲ့ကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးဌာန (FSB) ထုတ်ပြန်

မော်စကိုရှိ ဗြိတိန်သံရုံး လုံခြုံရေးဝန်ထမ်းတစ်ဦးကို FSB အရာရှိများ ဖမ်းဆီး။

၎င်းသည် ယူကရိန်း၏ ညွှန်ကြားချက်ဖြင့် သံတမန်များ၏ အချက်အလက်များကို စုဆောင်းခဲ့ခြင်းဖြစ်

ရုပ်သံဖိုင် - FSB
👍16😨4
ဟူသီတပ်ဖွဲ့များ မိုခါမြို့အတွင်းသို့ စတင်ဝင်ရောက်လာဆော်ဒီကျောထောက်နောက်ခံပြု တပ်မှူး နုတ်ထွက်ပြီး ဆော်ဒီလက်ဝေခံတပ်ဖွဲ့များ ပြိုကွဲလျက်ရှိ

အန်ဆာအာလာ (ဟူသီ) တပ်ဖွဲ့များသည် အယ်လ်မိုခါခရိုင်ရှိ အယ်လ်ယက်ချ်တယ်လ် ဒေသကို သိမ်းပိုက်ပြီးနောက် ဆိပ်ကမ်းမြို့ဖြစ်သော မိုခါမြို့အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး မြို့လယ်ခေါင်ဆီသို့ အနောက်ဘက်အတိုင်း ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

ဟူသီတပ်ဖွဲ့များသည် ဆော်ဒီမဟာမိတ်တပ်များ ထိန်းချုပ်ထားဆဲဖြစ်သော ယီမင်အနောက်ဘက်ကမ်းရိုးတန်းရှိ နောက်ဆုံးအဓိက ဆိပ်ကမ်းမြို့ကြီးအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။

တအိဇ် စစ်မျက်နှာရှိ ဆော်ဒီကျောထောက်နောက်ခံပြု PLC တပ်ဖွဲ့များ၏ တပ်မှူး ဗိုလ်ချုပ် ယူဆက်ဖ် အယ်လ်ရှာရာဂျီသည် စစ်ပြင်တွင် အထိနာခြင်း၊ စခန်းများ လက်လွှတ်ရခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းနှင့် တပ်တွင်းသစ္စာဖောက်မှုများရှိသည်ဟု အကြောင်းပြကာ နုတ်ထွက်လွှာ တင်သွင်းသွားကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။

မိုခါမြို့သာ ကျဆုံးသွားပါက ဟူသီတို့သည် ဘက်ဗ် အယ်လ်မန်ဒက် ရေလက်ကြားနှင့် ပင်လယ်နီတို့ကို အကန့်အသတ်မရှိ စိတ်ကြိုက် ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။

ဆော်ဒီကျောထောက်နောက်ခံပြု တပ်ဖွဲ့များမှာ မြန်ဆန်စွာ ပြိုကွဲနေပြီး တပ်မှူးများ နုတ်ထွက်ခြင်း၊ စခန်းများ စွန့်ခွာခြင်း၊ ပူးပေါင်းဆောင်ရွက်မှု ပျက်ပြားခြင်းတို့ ဖြစ်ပေါ်နေကာ ဟူသီတို့ကမူ ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

NOM
👍19
အီရန်စစ်ပွဲအတွင်း ထရမ့်၏ ရေနံစတော့ရှယ်ယာများ ဒေါ်လာသန်းပေါင်းများစွာ အမြတ်ထွက်ခဲ့

CNBC ၏ ဆန်းစစ်လေ့လာချက်အရ သမ္မတ ဒေါ်နယ်ထရမ့်၏ တရားဝင်ထုတ်ဖော်ပြောကြားထားသည့် အကြီးမားဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှယ်ယာရင်းနှီးမြှုပ်နှံမှု ၉ ခုသည် အီရန်စစ်ပွဲ မစတင်မီအချိန်မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ ခန့်မှန်းခြေ ဒေါ်လာ ၁.၅ သန်းမှ ၄.၄ သန်းအထိ အမြတ်အစွန်း ရရှိခဲ့သည်။

၎င်း၏ ကိုယ်ပိုင်စစ်ပွဲဆိုင်ရာ ဆုံးဖြတ်ချက်များကြောင့် ရေနံဈေးကွက် အတက်အကျ ပြင်းထန်နေသည့် ရက်များတွင်ပင် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုအကောင့်များသည် အက်ဆွန် (Exxon)၊ ရှက်ဗရွန် (Chevron)၊ ကွန်နိုကိုဖိလစ် (ConocoPhillips)၊ မာရာသွန် (Marathon)၊ ဗာလာရို (Valero) နှင့် အခြားသော စွမ်းအင်စတော့ရှယ်ယာများကို အရှိန်အဟုန်မပျက် ဆက်လက်အရောင်းအဝယ်ပြုလုပ်ခဲ့သည်။

အချိန်မှတ်တမ်း -

မတ်လ ၂ ရက် — အမေရိကန်နှင့် အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ပြီးနောက် ပထမဆုံး စတော့ဈေးကွက်ဖွင့်လှစ်သည့်ရက်။ ထရမ့်၏ အကောင့်များသည် အက်ဆွန် (Exxon) စတော့ရှယ်ယာ ဒေါ်လာ ၂၅၀,၀၀၀ အပါအဝင် အဓိက ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ ၈ ခု၏ ရှယ်ယာများကို ဝယ်ယူခဲ့သည်။

မတ်လ ၂၃ ရက် — စတော့ဈေးကွက် မဖွင့်မီအချိန်၊ ထရမ့်က "အလွန်ကောင်းမွန်ပြီး ထိရောက်သော ဆွေးနွေးမှုများ" ရှိခဲ့သည်ဟု အကြောင်းပြကာ အီရန်၏ စွမ်းအင်အဆောက်အအုံများအပေါ် တိုက်ခိုက်မည်ဆိုသည့် ခြိမ်းခြောက်မှုကို ဆိုင်းငံ့ခဲ့သည်။ ထို့ကြောင့် ဘရန့် (Brent) ရေနံအမျိုးအစား ဈေးနှုန်း ၁၁ ရာခိုင်နှုန်းနီးပါး ထိုးဆင်းသွားခဲ့သည်။ ယင်းနေ့တွင်ပင် ၎င်း၏ အကောင့်များမှ စုစုပေါင်း တန်ဖိုး ဒေါ်လာ ၅၇၀,၀၀၀ အထိရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့ စတော့ရှယ်ယာ ၁၆ ကြိမ် ဝယ်ယူခဲ့ပြီး ပြန်လည်ရောင်းချခြင်း လုံးဝမရှိခဲ့။

ဧပြီလ ၇ ရက် — ထရမ့်၏ အကောင့်တစ်ခုမှ အက်ဆွန် (Exxon) ရှယ်ယာ တန်ဖိုး ဒေါ်လာ ၅၀၀,၀၀၁ မှ ၁ သန်းကြား ရောင်းထုတ်ခဲ့သည်။ စတော့ဈေးကွက် ပိတ်ပြီး နှစ်နာရီခွဲအကြာတွင် ထရမ့်က နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။ နောက်တစ်နေ့နံနက် စတော့ဈေးကွက် ပြန်ဖွင့်ချိန်တွင် အက်ဆွန် (Exxon) ရှယ်ယာဈေး ၆ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။

သမ္မတ၏ ဆုံးဖြတ်ချက်များက ရေနံဈေးကွက်ကို လှုပ်ခတ်စေခဲ့ပြီး ၎င်း၏ အကောင့်များကလည်း ရေနံစတော့များကို အရောင်းအဝယ်ပြုလုပ်ခဲ့ကာ ၎င်းကိုယ်တိုင် ဖန်တီးခဲ့သည့် ဈေးကွက် အပြောင်းအလဲများမှ အမြတ်အစွန်းရရှိရန် ဖန်တီးခဲ့သည်။

"အပစ်အခတ်ရပ်စဲရေး ရရှိရန် ထရမ့်၏ ကြိုးပမ်းမှုများသည် သမ္မတကိုယ်တိုင် အကျိုးအမြတ်ရရှိစေရေး ၎င်း၏ အကောင့်များ ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များနှင့် တိုက်ရိုက် သက်ဆိုင်နေခဲ့သည်" ဟု စောင့်ကြည့်လေ့လာသူ သုတေသီတစ်ဦးက CNBC သို့ ပြောကြားခဲ့သည်။

ဤစစ်ပွဲသည် သမိုင်းတွင် အကြီးမားဆုံးသော ကမ္ဘာ့ရေနံ ထောက်ပံ့မှု ပျက်စီးယိုယွင်းမှုကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် သမ္မတ၏ ရှယ်ယာများမှာမူ ဒေါ်လာသန်းပေါင်းများစွာ တိုးပွားလာခဲ့သည်။

"အမေရိက ဦးစားပေး" (America First) ဟု ဆိုသော်လည်း မည်သူ့အတွက် ဦးစားပေး ဖြစ်နေသနည်း။

NOM
👍153
တာချီလိတ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

စက်တင်ဘာ ၉၊ ၂၀၂၆

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး ဒေသတွင်းပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများ ရောက်ရှိနေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါမြို့အတွင်း ရပ်ကွက်များရှိ နေအိမ်များအား စုံစမ်းရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ ယနေ့ညနေ ၄ နာရီခန့်တွင် ဝမ်ကောင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၂၆ ဦး၊ စုစုပေါင်း ၅၆ ဦးတို့အား ကွန်ပျူတာမျိုးစုံ ၆၀ လုံး၊ Wifi စက် ၅ လုံး၊ စားပွဲ ၁၄ လုံး၊ ထိုင်ခုံ ၅၁ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး၊ ဆက်စပ်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
👍82
ရန်ကုန် - မန္တလေးအမြန်လမ်းပေါ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ Telematics GPS စနစ်တပ်ဆင်ပြီးမှသာ လမ်းအသုံးပြုခွင့်ရမည်

NOM စက်တင်ဘာ ၁၀၊ ၂၀၂၆

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ခရီးသည်တင်မော်တော်ယာဉ်များနှင့် သတ်မှတ်ခွင့်ပြုထားသည့် ကုန်စည် ၁၄ မျိုးသာ တင်ဆောင်ရမည့် ကုန်တင်ယာဉ်ကြီးများသည် Telematics GPS စနစ် တပ်ဆင်ပြီးမှသာ လမ်းအသုံးပြုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်တွင် Telematics စနစ် GPS စက်များတပ်ဆင်ပြီး ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို ၂၀၂၄ ခုနှစ် ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၉ ရက်အထိ ခရီးသည်တင် မော်တော်ယာဉ် ၃၅၂၅ စီး၊ ကုန်တင်ယာဉ် ၂၅၁၂ စီးတို့ကို Telematics စက်များ တပ်ဆင်ပေးပြီးဖြစ်ကြောင်းသိရသည်။

ထို့ပြင် နေပြည်တော်စီလမ်းဆုံတိုးဂိတ်ရှိ Telematics Com-mand & Control Center က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် သွားလာလျက်ရှိသည့် ခရီးသည်တင်မော်တော်ယာဉ်များ သတ်မှတ်အရှိန်နှုန်း (ကီလို ၉၀)အတွင်းသာမောင်းနှင်စေရေး၊ ယာဉ်မရပ်ရသည့်နေရာများတွင် ရပ်တန့်မှုမရှိစေရေးတို့အတွက် တယ်လီဖုန်းဖြင့်သတိပေးခြင်းကို (၂၄) နာရီဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

NOM
👍11
လေးမျက်နှာ ငဝန်ရေကာတာ ပေ ၃၀ ခန့် ပွင့်ထွက်ပြီး မြို့တွင်းသို့ ရေစတင်ဝင်ရောက်မှုဖြစ်ပွား

NOM စက်တင်ဘာ ၁၀၊ ၂၀၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့ရှိ ငဝန်ရေကာတာတွင်ယမန်နေ့ စက်တင်ဘာ ၉ ရက် ည ၁၀ နာ ရီခန့်က ရေကာတာပိတ်ထားသည့် သံတိုင်များအနက် ပေ ၃၀ ခန့် အကျယ်ရှိ သံတိုင်များယိုင်ထွက်သွားပြီး ရေကာတာ ပြန်လည်ပွင့်ထွက်သွားကြောင်း လေးမျက်နှာမြို့နယ် မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

လေးမျက်နှာမြို့ရှိ ငဝန်ရေကာတာတွင် ရိုက်ထားသည့် Sheet Pile များသည် ရှေ့မှရေတွန်အားကြောင့် ပေ ၃၀ ခန့်အနောက်သို့ ယိုင်သွားပြီးရေကျော်မှုများဖြစ်ပွားခဲ့ပြီး ရပ်ကွက်အချို့သို့ ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ငဝန်ရေကာတာအနီးရှိ သင်္ဘောများနှင့် ဘုတ်ရေယာဉ်များကို အန္တရာယ်မဖြစ်ပေါ်စေရေး ကမ်းသို့ ပြန်လည်ကပ်ထားရန် ညွှန်ကြားထားပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များကလည်း လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။

NOM
👍17😨21
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်မည်

NOM စက်တင်ဘာ ၁၀၊ ၂၀၂၆

ကမ္ဘောဒီးယားဘုရင် နိုရိုဒမ် သီဟာမိုနီ (His Majesty Preah Bat Samdech Preah Boromneath Norodom Sihamoni) ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံသို့ စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ယာယီနိုင်ငံတော်အကြီးအကဲ Samdech Akka Moha Sena Padei Techo Hun Sen နှင့် ထိပ်သီးအဆင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Moha Borvor Thipadei Hun Manet နှင့်လည်း နှစ်နိုင်ငံအဆင့် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံအပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရေးတို့နှင့်အတူ နှစ်နိုင်ငံ အကျိုးတူစိတ်ဝင်စားသည့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးသွားကြမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်သမ္မတသည် ဖနွမ်းပင်မြို့ရှိ လွတ်လပ်ရေးအထိမ်းအမှတ်ကျောက်တိုင် (Independence Monument) နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကွယ်လွန်သူ ဘုရင်ဖခင် Norodom Sihanouk “Preah Borom Ratanak Kaudh” ၏ တော်ဝင်ရုပ်တုတို့၌ လွမ်းသူ့ပန်းခွေချ အလေးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၏ ယခု နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သည် မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံနှင့် ပြည်သူများအကြား ရှိရင်းစွဲ နွေးထွေးသည့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန် နှစ်နိုင်ငံ၏ ပူးတွဲကတိကဝတ်ကို ထပ်မံအတည်ပြုသည့် ခရီးစဉ်တစ်ရပ်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
👍123