ဇမ္ဗူသီရိမြို့နယ်ရှိ အမျိုးသားတစ်ဦးရေဆင်းကူးရာမှရေနစ်သေဆုံး
NOM စက်တင်ဘာ ၉၊ ၂၀၂၆
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ မြမြင့်မိုရ်လမ်းရှိ ရေငန်းဆည်အတွင်း ယနေ့ (စက်တင်ဘာ ၉ ရက်) မွန်းလွဲ ၁၂ နာရီခွဲတွင် အမျိုးသားတစ်ဦးရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း မီးသတ်မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ကိုထင်လင်းအသက် ၂၇ နှစ် သိပ္ပံနှင့် နည်းပညာ
(ကွန်ပြူတာနည်းပြ) သည် သူငယ်ချင်းများနှင့် အတူ အရက်သောက်ပြီး ဉာဏသိဒ္ဓိရပ်ကွက်၊ မြမြင့်မိုရ်လမ်းရှိ ရေငန်းဆည်အတွင်း ရေဆင်းကူးရာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။
"အလောင်းကိုတော့ မွန်းလွဲ ၁ နာရီကျော်မှာ သေဆုံးလျက်ပြန်တွေ့ပါတယ်။ သူရေကူးတဲ့နေရာနဲ့ အတော်လှမ်းပါတယ်။ သူ့ကိုဆယ်ယူပြီး ကျွန်တော်တို့ အသင်း ကားနဲ့ နေပြည်တော်
ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်"ဟု စိုးမိုးသူပရဟိတ လူမှုကူညီရေးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အမျိုးသားတစ်ဦး ရေနစ်နေကြောင်း သတင်းရရှိသဖြင့် သမ္ဗူသီရိမြို့နယ်မီးသတ်စခန်း၊ ဗလသိဒ္ဓိနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူစိုးမိုးသူပရဟိတလူမှုကူညီရေးအဖွဲ့ချုပ်တို့မှပူပေါင်းပြီးရှာဖွေရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

😢6❤2👍2
မိုးကောင်းမြို့နှင့် ဟိုပင်မြို့ရှိ ဒေသခံပြည်သူများအား ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး
စက်တင်ဘာ ၈၊ ၂၀၂၆
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ် စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသတွင်းရှိပြည်သူများ နည်ပညာဆိုင်ရာသိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတ ပိုမိုသိရှိနားလည်စေရေး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီတို့က ရပ်ကွက်/ကျေးရွာအဆင့်အထိ ရပ်ရွာအခြေပြု ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ (၇)ရက်က မိုးညှင်းခရိုင် မိုးကောင်းမြို့နှင့် ဟိုပင်မြို့တို့တွင် ဆောင်ရွက်သည်။
ယင်းနေ့ မွန်းလွဲ (၁)နာရီတွင် ဟိုပင်မြို့၊ မြို့တော်ခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်အောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံကော်မတီအဖွဲ့ဝင် ပညာရှင်များက ဒေသခံပြည်သူများ၏ မေးမြန်းဆွေးနွေးတင်ပြမှုများအပေါ် သိသင့်သိထိုက်သည့် နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင် တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားသည့် နှိုင်းယှဉ်ဖော်ပြချက်များ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
ယင်းနေ့ နံနက်ပိုင်းကလည်း မိုးကောင်းမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဒေသခံပြည်သူများ နှင့်တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်းအပေါ် သဘာဝဘေးအန္တရာယ်ကျရောက်ပါက မည်သို့စီမံထားသည်နှင့် ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဧရာဝတီမြစ်တစ်လျှောက် နေထိုင်သူများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံကိန်းတည်ဆောက်စဉ်ကာလအတွင်း မည်ကဲ့သို့ ကြီးကြပ်ဆောင်ရွက်သွားမည့် အခြေအနေနှင့် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်း၊ ခံစားခွင့်၊ အကျိုးအမြတ်၊ စိုးရိမ်ပူပန်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

👍16🕊1
ဇီးရိုးမိုင်တွင် လူငယ်ခြောက်ဦးလက်နက်ဖြင့် ဖမ်းမိဆိုသည်မှာသတင်းတုသာဖြစ်
NOM စက်တင်ဘာ ၉၊ ၂၀၂၆
ယနေ့နေ့လယ်၂:၅၀ နာရီအချိန်၌ အမြန်လမ်းဇီးရိုးမိုင်တွင်လူငယ်ခြောက်ဦးကို လက်နက်များဖြင့် ဖမ်းမိဟု ARON Tiktok အကောင့်တွင်တင်ထားသော သတင်းမှာ ပြည်သူများစိုးရိမ်ထိတ်လန့်မှုဖြစ်အောင်တင်ထားသော သတင်းအတုဖြစ်ကြောင်း သက်ဆိုင်ရာမှသိရသည်။
NOM

👍15❤3❤🔥1
ဆော်ဒီကျောထောက်နောက်ခံပြု တပ်ဖွဲ့များ၏ ယာဉ်တန်းတစ်ခုချေမှုန်းခံရသည့် ရုပ်သံသစ်ကို ဟူသီလက်နက်ကိုင်အဖွဲ့ ထုတ်ပြန်
တိုက်ပွဲသည် ယီမင်မြောက်ပိုင်း၊ အယ်လ်ဂျောဖ် (Al-Jawf) ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုစစ်ဆင်ရေးအတွင်း ရန်သူ့ဘက်တွင် ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး စစ်သွေးကြွများ/စစ်သည်များကို ဖမ်းဆီးရမိကာ စစ်ယာဉ်အမြောက်အမြားကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ဟူသီအဖွဲ့က ပြောကြားခဲ့သည်။

👍16
ဗိုလ်တစ်ထောင်မြို့နယ်တွင် အိမ်ရှင် အဘွားအိုတစ်ဦးအား သတ်ဖြတ်ပြီး ငွေနှင့် ပစ္စည်းများယူဆောင် သွားသော အိမ်အကူသားအမိကို ဖမ်းဆီးရမိ
NOM စက်တင်ဘာ ၉၊ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ (၄၁) လမ်းတွင် နေထိုင်သူ ဦးခင်မောင် (၇၁ နှစ်) သည် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်၌ နေအိမ်မှ အပြင်သို့ထွက်သွားခဲ့ပြီး နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်သိန်းမြင့် (၇၄ နှစ်) နှင့် အိမ်အကူများဖြစ်ကြသော ဒေါ်တင်နွယ် (၅၀ နှစ်)၊ ၎င်း၏သမီးဖြစ်သူ မအေးမြတ်မွန် (၁၉ နှစ်) တို့ကျန်ခဲ့ပြီး ဦးခင်မောင်သည် ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် နေအိမ်သို့ပြန်လည်ရောက်ရှိသောအခါ နေအိမ်ရှေ့ခန်း၌ ဇနီးဖြစ်သူ ဒေါ်သိန်းမြင့်အား ပက်လက်အနေအထားဖြင့် မျက်နှာပေါ်၌ ခေါင်းအုံးနှင့် စောင်တို့ပိ၍ အသက်ရှူရပ်သေဆုံးနေသည်ကိုတွေ့ရှိရသည့်အပြင် ဇနီးဖြစ်သူဝတ်ဆင်ထားသော စိန်နားကပ် ၁ ရံ (ကာလတန်ဖိုးငွေကျပ်သိန်း ၂၀)၊ ပလတ်တီနမ်ဆွဲကြိုး ၁ ကုံး (ကာလတန်ဖိုးကျပ်သိန်း ၁၀၀ ခန့်)၊ ၎င်းကိုင်ဆောင်သော ဆမ်ဆောင်း A20 ဖုန်း (ကာလတန်ဖိုး ၁၀ သိန်းကျပ်ခန့်)၊ ဆမ်ဆောင်းအမျိုးအစား Tablet ၁ လုံး (ကာလတန်ဖိုး ၁၁ သိန်းကျပ်ခန့်)၊ စုစုပေါင်းကာလတန်ဖိုး ၁၄၁ သိန်းကျပ်ခန့်တို့နှင့်အတူ အိမ်အကူနှစ်ဦးလုံးမှာလည်း ပျောက်ဆုံးနေသဖြင့် ရဲတပ်ဖွဲ့သို့တိုင်တန်းခဲ့သည်။
ရဲတပ်ဖွဲ့က မှုခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်သိန်းမြင့်သည် ပွဲစားများနှင့်ချိတ်ဆက်ကာ အိမ်အကူများဌားရမ်းလေ့ရှိကြောင်း၊ ထိုသို့အိမ်အကူများခေါ်ရာတွင်လည်း ခင်ပွန်းဖြစ်သူ ဦးခင်မောင် မသိရှိရကြောင်း၊ မည်သည့်ပွဲစားနှင့် ချိတ်ဆက်ခေါ်ယူခဲ့သည်ကို မိသားစုများမှ မသိကြောင်း အသိလဲမပေးခဲ့ကြောင်း၊ လွန်ခဲ့သော ၁ လကျော်ခန့်က ဒေါ်သိန်းမြင့်သည့် ပွဲစားတစ်ဦးနှင့်ချိတ်ဆက်၍ ဒေါ်တင်နွယ်အား အိမ်အကူအဖြစ်ဌားရမ်းခဲ့ကြောင်း၊ လွန်ခဲ့သော တစ်ပတ်ခန့်က ဒေါ်တင်နွယ်၏ သမီး အေးမြတ်မွန် လာရောက်နေထိုင်ခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ ဧည့်စာရင်းတိုင်ကြားမှုလည်းမရှိကြောင်း၊ အေးမြတ်မွန်မှာ ရောက်သည့် တစ်ပတ်အတွင်းခြေဆော့လက်ဆော့ရှိ၍ ပြန်လွှတ်ရန်စီစဉ်နေစဉ် ဒေါ်သိန်းမြင့်အား ခေါင်းအုံး၊ စောင်တို့ဖြင့်ဖိ၍ သေဆုံးအောင်ပြုလုပ်ကာ ပစ္စည်းများအားယူဆောင်သွားခြင်းဖြစ်ကြောင်းသိရှိခဲ့သည်။
တရားခံများအားဖမ်းဆီးရမိရေးအတွက် ပူးပေါင်းအဖွဲ့က စုံစမ်းမှုများပြုလုပ်ခဲ့ရာ တရားခံနှစ်ဦးကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

👍10😡9💔1
This media is not supported in your browser
VIEW IN TELEGRAM
ယီမင်နိုင်ငံမြောက်ပိုင်း၊ အယ်လ်ဂျောဖ်၊ လုဘ်နတ် စခန်းအနီးတွင် ဆော်ဒီကျောထောက်နောက်ခံပြု PLC တပ်ဖွဲ့၏ စစ်ထရပ်ကားများကို ဟူသီလက်နက်ကိုင်အဖွဲ့ကပဲ့ထိန်းတင့်ကားခွင်းဒုံးကျည် (ATGM) များဖြင့်ဖျက်ဆီးပြီး PLC တပ်ဖွဲ့များကို သုတ်သင်ရှင်းလင်းနေသည့် ရုပ်သံ။
👍14❤1
တီးတိန်မြို့မှ ပျက်စီးနေအိမ်များအတွက် အမိုးသွပ်၊ သွပ်ရိုက်သံနှင့် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်
စက်တင်ဘာ ၈၊ ၂၀၂၆
ချင်းပြည်နယ်သည် တည်ငြိမ်အေးချမ်းနေပြီဖြစ်သည့်အတွက် ပြည်နယ်အတွင်း စီးပွားရေးလုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် နိုင်ငံတော်က ထုတ်ချေးသော ချေးငွေများ ရယူဆောင်ရွက်လိုပါက သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ချေးယူဆောင်ရွက်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ယမန်နေ့နံနက်ပိုင်းတွင် တွန်းဇံမြို့ ရိုမန်ကက်သလစ်ဘုရားကျောင်းခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ထို့ပြင် ချင်းပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် နိုင်ငံတော်အစိုးရက ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးသည့်နေအိမ်များနှင့် လုံးဝပျက်စီးသွားသည့်နေအိမ်များအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေဖြင့် အမိုးသွပ်၊ သွပ်ရိုက်သံနှင့် ဘိလပ်မြေအိတ်များကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ယနေ့တွင်လည်း တစ်စိတ်တစ်ပိုင်းနှင့် လုံးဝပျက်စီးသွားသည့် နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးနှင့် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးတို့က တီးတိန်မြို့မှ ပျက်စီးနေအိမ်များအတွက် အမိုးသွပ်၊ သွပ်ရိုက်သံနှင့် ဘိလပ်မြေအိတ်များကို ထောက်ပံ့ပေးအပ်ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ၊ ဌာနအလိုက် ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးပြီး ဒေသခံပြည်သူများက တင်ပြသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တွန်းဇံမြို့ရှိ ရုံးဌာန အဆောက်အအုံများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

❤7👍4
This media is not supported in your browser
VIEW IN TELEGRAM
ဘင်္ဂလားဒေ့ရှ် စစ်ရေးလေ့ကျင့်မှုအတွင်း တင့်ကား ပေါက်ကွဲမှုဖြစ်ပွား။
စစ်သည် ၂ ဦး သေဆုံးပြီး ၁ ဦး စိုးရိမ်ရသည့်ဒဏ်ရာရရှိခဲ့သည်။
ပေါက်ကွဲရသည့် အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

😱15👍4❤1😢1
This media is not supported in your browser
VIEW IN TELEGRAM
ဆော်ဒီအာရေဗျ၏ တောင်းဆိုချက်ကြောင့် ပါကစ္စတန်က ဟူသီအဖွဲ့အပေါ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် စဉ်းစားနေ
မက္ကာ စစ်ရေးမဟာမိတ်စာချုပ်သစ် (Mecca Defense Pact) အရ ပါကစ္စတန်အစိုးရသည် ဟူသီတို့၏ စခန်းများကို လေကြောင်းမှ တိုက်ခိုက်ရန် စဉ်းစားသုံးသပ်နေကြောင်း သတင်းရရှိသည်။

😢7😨7👍6😱2
This media is not supported in your browser
VIEW IN TELEGRAM
ဂျော်ဒန်ရှိ အမေရိကန်ရဟတ်ယာဉ်များ အီရန်ဒုံးကျည်ထိ
NOM
အီရန်၏ လက်စားချေတိုက်ခိုက်မှုအတွင်း ဂျော်ဒန်နိုင်ငံရှိအမေရိကန်လေတပ်စခန်းကို အီရန်ဒုံးကျည်များထိမှန်သဖြင့် အမေရိကန်၏ ဘလက်ဟောက်ခ်တိုက်ခိုက်ရေးရဟတ်ယာဉ်များထိခိုက်ပျက်စီးခဲ့သည်။

👍22😱3👎1
ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာသို့ PDF အကြမ်းဖက်သမားများရောက်လာပြီး အပြစ်မဲ့အရပ်သားပြည်သူငါးဦးနှင့် ကျောင်းဆရာမတစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွား
NOM စက်တင်ဘာ ၁၀၊ ၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာသို့ စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ PDFအကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးခန့်ရောက်ရှိလာပြီး ကျေးရွာ၌ နေထိုင်သူများဖြစ်ကြသည့် ဦးစိုးဝင်း (၆၀) နှစ်၊ဦးတင်ရှိန် (၇၂) နှစ်၊ ဦးကျော်ကျော်ဦး (၄၀) နှစ်၊ ဒေါ်ပူတူးမ (၃၇) နှစ်၊ ဒေါ်အိမိုးဝင်း (၃၅) နှစ်နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (စည်ပိုင်းကျေးရွာ)မှ အထက်တန်းပြကျောင်းဆရာမ ဒေါ်ဌေးဌေးနွယ် (၃၇) နှစ် တို့ခြောက်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

👍6😡6😢1
This media is not supported in your browser
VIEW IN TELEGRAM
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပါက လူကြီးတစ်ဦးလျှင် ဒေါ်လာ ၅,၀၀၀ ပေးမည်ဟု ထရမ့် ကြေညာ
NOM
NOM
👍15👎3😨3❤2😱1
ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကုန်ထုတ် လုပ်ငန်း Agro-based Industry ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်၍ နိုင်ငံစီးပွားတိုးတက်အောင် ဆောင်ရွက် လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားလိုက်ပါတယ်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က ဗီယက်နမ်နိုင်ငံ ၊ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး ၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ ၊ မိသားစုဝင်များ ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားစဉ် နိုင်ငံတော်သမ္မတက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ထိုပြင် ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။

👍11❤1
ပျော်ဘွယ်မြို့နယ်၌ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ်တစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ရှစ်သိန်းကျော် ဖမ်းဆီးရမိ
စက်တင်ဘာ ၉၊ ၂၀၂၆
ပျော်ဘွယ်မြို့နယ်၌ ရခိုင်ပြည်နယ်သို့ပို့ဆောင်မည့် ငွေကျပ်တစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားရှစ်သိန်းကျော်ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ပျော်ဘွယ်မြို့နယ် ဆိတ်ချိုကျေးရွာအုပ်စု ကံစွယ်ကျေးရွာအနီး ပျော်ဘွယ်-နတ်မောက်သွား ကားလမ်းတွင် နီဝင်း မောင်းနှင်ပြီး သိန်းထွန်း လိုက်ပါလာသည့် MINIBUS ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၈ ဒသမ ၆၉ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၃၀၃၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်စစ်ဆေးချက်အရ နေပိုင်စိုး (ခ) ဂျာကြီး(ခ)အောင် ကျော်မြင့်၊ ကျော်သာ (ခ)အောင် ကျော်နှင့်အတူ ကိုစိုး၊ ယုယုမော်၊ ရဲမင်းအောင်(ခ)ပါးသိုင်း၊ မိုးအောင် (ခ)ဆလိုင်းမိုးအောင်တို့ ခုနစ်ဦးအား ယာဉ်လေးစီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်နေ မောင်ဝင်း(ခ) အောင်စိန် (ခ)အောင်သိန်း (ခ) အောင်ထိန် (ဖမ်းဆီးရန်ကျန်)မှ ရမည်းသင်းမြို့နယ်သို့ လာရောက်ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း၊ ရမည်းသင်းမှ အောင်လံသို့ ကျော်သာ(ခ)အောင်ကျော်၏ အစီအမံဖြင့် သယ်ဆောင်ခြင်းဖြစ်ပြီး အောင်လံမှ ရခိုင်ပြည်နယ် အမ်းမြို့နယ်သို့ သယ်ဆောင်သူများမှာ မိုးအောင် (ခ)ဆလိုင်းမိုးအောင်၊ ရဲအောင် (ဖမ်းဆီးရန်ကျန်) နှင့် ကိုဦး (ဖမ်းဆီးရန်ကျန်)တို့ ဖြစ်ကြောင်း၊ အမ်းမှ မောင်တောသို့ ဆက်လက်သယ်ဆောင်သူမှာ ရွှေလင်း (ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း သိရသည်။
စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပါဝင်သည့် ကျော်သာ(ခ) အောင်ကျော်နှင့် ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ အဓိကစီမံခန့်ခွဲသူ မောင်ဝင်း(ခ)အောင်စိန်(ခ) အောင်သိန်း (ခ) အောင်ထိန် (ဖမ်းဆီး ရန်ကျန်)နှင့် ချိတ်ဆက်၍ ရခိုင်ပြည်နယ် မောင်တောမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ဆက်လက်ပို့ဆောင်သူမှာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ နိုင်နိုင်ဦး ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ စိတ်ကြွဆေးပြားများ အကြိမ်ကြိမ်သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

👍8❤6
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ဗြိတိန်သံအမတ်နှင့် သံတမန်များကို အကြမ်းဖက်တိုက်ခိုက်ရန် ယူကရိန်းက အစီအစဉ်ဆွဲခဲ့ကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးဌာန (FSB) ထုတ်ပြန်
မော်စကိုရှိ ဗြိတိန်သံရုံး လုံခြုံရေးဝန်ထမ်းတစ်ဦးကို FSB အရာရှိများ ဖမ်းဆီး။
၎င်းသည် ယူကရိန်း၏ ညွှန်ကြားချက်ဖြင့် သံတမန်များ၏ အချက်အလက်များကို စုဆောင်းခဲ့ခြင်းဖြစ်
ရုပ်သံဖိုင် - FSB

👍16😨4
ဟူသီတပ်ဖွဲ့များ မိုခါမြို့အတွင်းသို့ စတင်ဝင်ရောက်လာ — ဆော်ဒီကျောထောက်နောက်ခံပြု တပ်မှူး နုတ်ထွက်ပြီး ဆော်ဒီလက်ဝေခံတပ်ဖွဲ့များ ပြိုကွဲလျက်ရှိ
အန်ဆာအာလာ (ဟူသီ) တပ်ဖွဲ့များသည် အယ်လ်မိုခါခရိုင်ရှိ အယ်လ်ယက်ချ်တယ်လ် ဒေသကို သိမ်းပိုက်ပြီးနောက် ဆိပ်ကမ်းမြို့ဖြစ်သော မိုခါမြို့အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး မြို့လယ်ခေါင်ဆီသို့ အနောက်ဘက်အတိုင်း ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။
ဟူသီတပ်ဖွဲ့များသည် ဆော်ဒီမဟာမိတ်တပ်များ ထိန်းချုပ်ထားဆဲဖြစ်သော ယီမင်အနောက်ဘက်ကမ်းရိုးတန်းရှိ နောက်ဆုံးအဓိက ဆိပ်ကမ်းမြို့ကြီးအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
တအိဇ် စစ်မျက်နှာရှိ ဆော်ဒီကျောထောက်နောက်ခံပြု PLC တပ်ဖွဲ့များ၏ တပ်မှူး ဗိုလ်ချုပ် ယူဆက်ဖ် အယ်လ်ရှာရာဂျီသည် စစ်ပြင်တွင် အထိနာခြင်း၊ စခန်းများ လက်လွှတ်ရခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်းနှင့် တပ်တွင်းသစ္စာဖောက်မှုများရှိသည်ဟု အကြောင်းပြကာ နုတ်ထွက်လွှာ တင်သွင်းသွားကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။
မိုခါမြို့သာ ကျဆုံးသွားပါက ဟူသီတို့သည် ဘက်ဗ် အယ်လ်မန်ဒက် ရေလက်ကြားနှင့် ပင်လယ်နီတို့ကို အကန့်အသတ်မရှိ စိတ်ကြိုက် ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။
ဆော်ဒီကျောထောက်နောက်ခံပြု တပ်ဖွဲ့များမှာ မြန်ဆန်စွာ ပြိုကွဲနေပြီး တပ်မှူးများ နုတ်ထွက်ခြင်း၊ စခန်းများ စွန့်ခွာခြင်း၊ ပူးပေါင်းဆောင်ရွက်မှု ပျက်ပြားခြင်းတို့ ဖြစ်ပေါ်နေကာ ဟူသီတို့ကမူ ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

👍19