News Of Myanmar
11.8K subscribers
28.5K photos
3.68K videos
3 files
6.62K links
Download Telegram
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော် ရုရှား၏ ထပ်မံတိုက်ခိုက်ခံရ၊ သုံးရက်ကြာ ရပ်နားထားရာမှ မြို့တော်အား လေကြောင်းတိုက်ခိုက်မှုများ ရုရှားပြန်လည်စတင်
👍9❤‍🔥2
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော် ရုရှား၏ ထပ်မံတိုက်ခိုက်ခံရ၊ သုံးရက်ကြာ ရပ်နားထားရာမှ မြို့တော်အား လေကြောင်းတိုက်ခိုက်မှုများ ရုရှားပြန်လည်စတင်

စက်တင်ဘာ ၈ ရက်ညပိုင်းက ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံ ဒေသ ခုနစ်ခုရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ပေါင်းစပ်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အမေရိကန် အထူးသံတမန်များဖြစ်ကြသည့် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် ဂျားရက် ကူးရှ်နာ (Jared Kushner) တို့ ကိယက်ဗ်မြို့တော်သို့ လာရောက်လည်ပတ်စဉ် ၇၂ နာရီကြာ တိုက်ခိုက်မှု ရပ်နားထားခဲ့ပြီးနောက် ထိုအချိန်အပိုင်းအခြား ကုန်ဆုံးသွားချိန်တွင် ယခုကဲ့သို့ ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရုရှားတပ်ဖွဲ့များသည် Kh-101 ခရုဇ်ဒုံးကျည် ၃၂ စင်း၊ အီစကန်ဒါ-အမ် (Iskander-M) ပဲ့ထိန်းဒုံးကျည်များ၊ အိုနစ်ခ်စ် (Oniks) ခရုဇ်ဒုံးကျည်များနှင့် တိုက်ခိုက်ရေးဒရုန်း ၁၆၆ စင်းကို အသုံးပြုခဲ့ကြောင်း ယူကရိန် လေတပ်က သတင်းထုတ်ပြန်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ အဆိုပါ အပြင်းအထန် တိုက်ခိုက်မှုသည် ယူကရိန်း၏ စစ်ဘက်ဆိုင်ရာ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သိုလှောင်ရေးစခန်းများကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ကိယက်ဗ်မြို့အတွင်း ပစ်မှတ်ထားတိုက်ခိုက်ခံရသည့်နေရာများ

• ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေးဒရုန်း အစိတ်အပိုင်းများ ထုတ်လုပ်သည့် ရောကက်တပ်ဆင်ရေးနှင့် အစိတ်အပိုင်းထုတ်လုပ်ရေးစက်ရုံ (Kyiv Radio Plant JSC, Treemen-Ukraine LLC)

• FP-5 “Flamingo” ခရုဇ်ဒုံးကျည်များနှင့် Fire Point မှ ထုတ်လုပ်သော FP-2 အဝေးပစ်ဒရုန်းများအတွက် ထိခိုက်ပေါက်ကွဲစေတတ်သော ထိပ်ဖူးများ ထုတ်လုပ်သည့် ကွန်ကရစ် အဆောက်အအုံစက်ရုံ အမှတ် (၁)

• Hornet အမျိုးအစား အလတ်စားတိုက်ခိုက်ရေးဒရုန်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနှင့် သိုလှောင်ခြင်းပြုလုပ်သည့် Element UA LLC

• Shark အမျိုးအစား ထောက်လှမ်းရေးဒရုန်းများနှင့် အလတ်စားတိုက်ခိုက်ရေးဒရုန်းများ တပ်ဆင်ခြင်း၊ သိုလှောင်ခြင်းပြုလုပ်သည့် Ukrspecsystems ကုန်သွယ်ရေးနှင့် ကုန်လှောင်ရုံစက်ရုံ

• အဝေးပစ်နှင့် အလတ်စားဒရုန်း တပ်ဆင်ရေးအလုပ်ရုံ

ကိယက်ဗ်ဒေသအတွင်း ပစ်မှတ်ထားတိုက်ခိုက်ခံရသည့်နေရာများ

• အမျိုးအစားစုံ ဒရုန်းများ ထုတ်လုပ်ခြင်းနှင့် မိုင် ၂၈၀ အကွာအဝေးထိ ပစ်ခတ်နိုင်သော TRX ဒရုန်းများကို တီထွင်စမ်းသပ်လျက်ရှိသည့် Combat Birds of Ukraine LLC (ဘီလာ ဆာကဗာ)

• စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းများနှင့် ဒရုန်းအစိတ်အပိုင်းများ ပေးပို့ဖြန့်ဖြူးမှုကို ကိုင်တွယ်သည့် Khimtransahro လော့ဂျစ်စတစ်စခန်း (ရှကားရော့ဗ်ကာ)

• အလတ်စားနှင့် အဝေးပစ်ဒရုန်းများအတွက် ခဲယမ်းမီးကျောက်များ ထုတ်လုပ်ခြင်းနှင့် သိုလှောင်ခြင်းပြုလုပ်သည့် R-Plast လော့ဂျစ်စတစ်စခန်း (ဘီလာ ဆာကဗာ)

• ဗာဆီးလ်ကိဗ် လေတပ်စခန်း

• စက်သုံးဆီနှင့် ဆီဆာဗစ်သိုလှောင်ရုံ (ဘိုရီစပီးလ်)

• ယူကရိန်လုံခြုံရေးတပ်ဖွဲ့ (SBU) ၏ ရေဒီယိုနှင့် အချက်ပြထောက်လှမ်းရေးစခန်း (မာခါလစ်ဗ်ကာ)

အခြား ထပ်မံတိုက်ခိုက်ခံရသည့် ပစ်မှတ်များ

• “We Are Ukraine” ရုပ်သံလိုင်းရုံးခန်း

• ယူကရိန်တပ်မတော်အတွက် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သိုလှောင်ရာတွင် အသုံးပြုနေသည့် ဘရိုဗာရီမြို့ရှိ InterCars မော်တော်ယာဉ်အပိုပစ္စည်း ဂိုဒေါင်

• ဘီလာ ဆာကဗာမြို့ရှိ REEVA စက်ရုံ

• Nova Poshta လော့ဂျစ်စတစ်စခန်းများ

အိုဒေဆာဒေသအတွင်း ပစ်မှတ်ထားတိုက်ခိုက်ခံရသည့်နေရာများ

• ဒရုန်းတပ်ဆင်ရေးအလုပ်ရုံနှင့် သိုလှောင်ရုံ (အိုဒေဆာ)

• ယူကရိန်းတပ်မတော်အတွက် စက်သုံးဆီများ တင်ပို့ပေးနေသည့် ချော်နိုမော့စ်ခ် ဆိပ်ကမ်းရှိ ဆီတင်သင်္ဘောတစ်စင်း

• ယူကရိန်း၏ ဆိပ်ကမ်းလုပ်ငန်းများကို အထောက်အကူပြုနေသည့် ဒနီစထရော့ဗ်စကာ လျှပ်စစ်ဓာတ်အားခွဲစခန်း

အခြားဒေသများအတွင်း ပစ်မှတ်ထားတိုက်ခိုက်ခံရသည့်နေရာများ

• ခါကီးဗ်ဒေသတွင် ခါကီးဗ်မြို့အနီးရှိ ယူကရိန်း၏ တာဝေးဒရုန်း လွှတ်တင်ရေးစခန်းများကို ဖျက်ဆီးခဲ့သည်။

• ဆူမီ၊ ဒနီပရို ပက်ထရော့ဗ်စခ်နှင့် ဇာပိုရီးဇ်ယား ဒေသများရှိ ရထားလမ်း အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံခဲ့ရသည်။

• ပိုတာဗာ၊ ချာနီဟီးဗ်၊ မီကိုလိုက်ဗ်နှင့် ခါဆွန် ဒေသများရှိ အဆောက်အအုံများလည်း ပျက်စီးခဲ့သည်။

သုံးရက်ကြာ ရပ်နားထားပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်လာချိန်တွင် ယူကရိန်း လူရွှင်တော် သမ္မတ ဗိုလိုဒီမဲ ဇီလင်စကီးက သီးနှံတင်ပို့မှုနှင့် စွမ်းအင် အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ကမ္ဘာတစ်ခုလုံးအတွက် နာကျင်စရာကောင်းသော ပြဿနာများဖြစ်သဖြင့် ရုရှားနှင့် လိုက်လျောညီထွေဖြစ်မည့် သဘောတူညီချက်များ ရှာဖွေရန် ယူကရိန်းဘက်က အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
9👍7
ထို့အပြင် လက်ရှိအခြေအနေသည် မော်စကိုဘက်မှလည်း တူညီသော အပြန်အလှန် လှေကားထစ်များ လိုအပ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည် - “ယူကရိန်းတစ်နိုင်ငံတည်းဆီကပဲ အလိုက်အထိုက် လိုက်လျောမှုတွေကို မျှော်လင့်လို့ မရပါဘူး။ ယူကရိန်းဘက်က အများကြီး သဘောတူညီပေးပြီးပါပြီ။ သဘောတူညီချက်တွေဆီ ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် မော်စကိုဘက်ကလည်း အပြန်အလှန် အကြောင်းပြန်တဲ့ ခြေလှမ်းတွေ လိုအပ်ပါတယ်” ဟု ဇီလင်စကီးက ပြောကြားခဲ့သည်။

NOM
👍95
ပုဏ္ဏားကျွန်းဒေသရှိ AA အကြမ်းဖက်သူပုန်များအား ချေမှုန်းခြင်း (စက်တင်ဘာ ၈)။

NOM
👍106
ပုသိမ်မြို့နှင့် ဝါးခယ်မမြို့နယ်တို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ဆောင်ရွက်ပေး
 
စက်တင်ဘာ ၈၊ ၂၀၂၆
 
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပုသိမ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုဝင်များအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ရှိပြီးသူများအား e-ID စနစ်ဖြင့် UID ကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးသည်။
 
ကြည့်ရှုအားပေး
 
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အတူ သွားရောက်ကြည့်ရှုအားပေးပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID တို့ကို ကာယကံရှင်တစ်ဦးချင်းထံ ပေးအပ်ကာဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
 
ပေးအပ်
 
ထို့မှတစ်ဆင့် ဝါးခယ်မမြို့နယ် ဦးစီးမှူးရုံးကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်/ပြောင်းထွက်နှင့် မွေးဖွားမှု၊ သေဆုံးမှုတို့အတွက် လူဦးရေ အတိုး/အလျှော့လုပ်ငန်းစဉ်များ၊ အသက်(၁၈)နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ပျောက်ဆုံးသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကောက်ယူဆောင် ရွက်နေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ရှိပြီးသူများအား UID ကောက်ယူဆောင်ရွက်နေမှု၊ မြို့နယ်ရုံး မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုအားပေး ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
👍7
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေး စစ်ဘက်ဆိုင်ရာ ဆင်ဆာတည်းဖြတ်ရေး (Censorship) ဌာနက ၁၂ ရက်ကြာ စစ်ပွဲအတွင်း ဟိုင်ဖာ (Haifa) ရေနံချက်စက်ရုံကို အီရန် ပဲ့ထိန်းဒုံးကျည်နှစ်စင်း တိုက်ရိုက်ထိမှန်ခဲ့သည့် ဗီဒီယိုမှတ်တမ်းကို ထုတ်ပြန်ခွင့်ပြုလိုက်ပြီဖြစ်သည်။

NOM
👍12👎1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်က ဂျော်ဒန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုအား ဂျော်ဒန်၌ Rooftop ပါတီပွဲတစ်ခုမှဗီဒီယိုရိုက်ကူးထားမှု။

NOM
👍132👎1
မြင်ရတဲ့ သတင်းတွေအရဆိုရင် တပ်က စစ်တွေကနေ ပုဏ္ဏားကျွန်းဘက်ကို နယ်မြေစိုးမိုးဖို့ ကြိုးစားပုံပဲ။ မနေ့က သတင်းတွေမှာ ပုဏ္ဏားကျွန်းဘက်က ရန်သူခံစစ်နဲ့ ထိတွေ့ပြီး အလောင်း ၆ လောင်း ရတဲ့ သတင်းတွေ့ရတယ်။ ဒါက ပုံမှန် ထိတွေ့မှု အနေအထားတော့ မဟုတ်ဘူးပေါ့။
ပထဝီအနေအထားအရဆိုရင် ပုဏ္ဏားကျွန်းရရင် စစ်တွေ လုံတဲ့ သဘောဖြစ်သွားမယ်။ ရသေ့တောင်ဘက်ခြမ်းက ထားတော့ ။ ထပ်ပြီး အောင်မြေချဲ့နိုင်ရင် ကျောက်တော်နဲ့ မြောက်ဦးဘက်ပေါက်မယ်။ ဒါက တစ်မျိုးပေါ့။


နောက်...ကျောက်ဖြူမှာလည်း ထိတွေ့မှု ရှိနေပြန်တယ်။ တကယ်လို့ စနဲနဲ့ ကျောက်နီမော် ၊ မအီ ရရင် အမ်း က လက်တကမ်းအနေအထားပဲ။ ရခိုင်တောင်ပိုင်းကို အမြီး နင်းထားနိုင်ပြီလို့ ပြောလို့ရပြီ။ ဘာလို့ ဒီလို တွေးရသလဲဆိုတော့....တပ်ရဲ့ Navy တွေက သံတွဲနဲ့ ဂွဘက်ကိုလည်း ထောက်ထားတာမျိုးမြင်ရတယ်။ တကယ်လို့ မအီဘက်သာ Cut off လုပ်နိုင်ရင် သံတွဲ၊ ဂွ ဘက်က ရန်သူတွေ ဘယ်ပြေးမလဲ။ သူတို့ရဲ့ လက်နက်ခဲယမ်းကအစ ထောက်ပို့အဆုံး အကုန်လုံး ပြတ်တောက်သွားနိုင်ပြီလို့ ပြောလို့ရပြီ။ သံတွဲနဲ့ ဂွကိုရရင်....တောင်ကုတ်လမ်းပိုင်းနဲ့ တောင်ကုတ်ရဖို့က ‌အတော်လေး မှန်းလို့ရပြီပေါ့။


ရခိုင်တင်ပဲလားဆိုတော့ မဟုတ်ဘူး။ မနေ့က တရားဝင်ထုတ်ပြန်ချက်သတင်းမှာ ....အရင် တပ်မ ၄၄ လှုပ်ရှားဂွင်ဖြစ်တဲ့ ဖာပွန်၊ ကမာမောင်း၊ ကတိုင်ထိဘက်ကို တပ်က စစ်ကြောင်းထိုးနေတာ ၂/၃ ဆိုတဲ့ အနေအထား ရောက်နေပြီ။ ပုံမှန်ဆိုရင်တော့ ပစ်ထားလည်း အဲ့ဒေသက ကရင်အများစုပဲ ငတ်မှာပါပဲ။ ဖာပွန်တစ်ခုတော့ ရှိတာပေါ့။


ဒီ လမ်းမှာ KNU နဲ့ KNLA ချိုးသွားတဲ့ တံတားတွေ မနည်းဘူး။ သောက်ခြောက်တွေလို့ ပြောရမှာပဲ။ ဖွဲ့စည်းပုံမှာ လုပ်ပိုင်ခွင့် ရအောင်တောင်းပြီး ပါတီအနေနဲ့ အုပ်ချုပ်ရင် ...ဒီဒေသတွေမှာ ဘယ်ပြည်မက ပါတီမှတိုးမပေါက်ဘူး။ ၂၀၂၅ ရွေးကောက်ပွဲမှာ USDP က အင်းလေးမှာ မနိုင်တာလေး သတိထားမိတယ်။ ဒါတောင်လမ်းပန်းဆက်သွယ်ရေးကောင်းပြီး ခေတ်ကိုလိုက်နိုင်တဲ့ဒေသ။


ဖာပွန်ဘက်ကရွာတွေမှာ တခြားပါတီတွေ စည်းရုံးရေးလာဆင်းတောင် ဆယ်စုနှစ် ၂ ခုလောက် စောင့်ရမယ်။ ဒါက အများဆုံး မျှော်လင့်ထားတာ။ ခက်တာက.... လဒူ KNU နဲ့ အပေါင်းအပါတွေက ရေရှည် လက်နက်ကိုင်လို့ ကောင်းအောင် ကော်သူလေးပြည်နယ် ရဖို့ ဆိုပြီး ဘာမှမသိတဲ့ ကရင်လူမျိုးတွေကို ချုပ်ထားတယ်။ ၂၀၂၁ ကနေ ၂၀၂၅ အတွင်း ကျားဖြန့်ကနေ ရတဲ့ ပိုက်ဆံတွေ ဘယ်လက်နက်ကိုင်အများဆုံး ရလဲ ဆိုတာ ကရင်လူမျိုးတွေ မေးခွန်းထုတ်ကြည့်ပါ့လား။ လက်ရှိ KNAတို့၊ KNU တို့၊ KNLAတို့။ အဖွဲ့ခေါင်းစဉ်ပဲ ကွဲတာ‌ပါ။ လက်နက်ကိုင်ရတဲ့ရည်ရွယ်ချက်က ငွေရလွယ်လို့ပဲ ပြောရမှာပဲ။ ငြိမ်းချမ်းရေးအကြောင်းပြပြီး ဘာလုပ်ပိုင်ခွင့်တွေ ရခဲ့ကြသလဲ ဆိုတာ ဒေသခံတွေ အသိဆုံးဖြစ်မှာပဲ။ ဒီလို လုပ်ပိုင်ခွင့်ရသွားတော့ရော...ကရင်ပြည်နယ် တိုးတက်ဖို့ ဘာတွေများ လုပ်ခဲ့ကြဖူးလဲ။ အလွန်ဆုံးရှိလှ အာရှလမ်းပေါ်တက် ဂိတ်ကြေးတောင်းရုံပေါ့။


ပြောချင်တာက ...တပ်က ရခိုင်မှာတင်မကဘူး။ ကရင်ဘက်မှာပါ နယ်မြေစုံ တိုက်စစ်ဖွင့်နေပြီ ဆိုတာပါပဲ။ ရခိုင်က နယ်မြေတချို့ ထပ်ရမယ်၊ ဗန်းမော်ကို အပြီးသတ်ထိန်းနိုင်ပြီး လိုင်ဇာ ထောက်နိုင်ရင်တော့ တပ်မတော်ဆိုတာ အစ်ကိုကြီး ပါပဲ ဆိုပြီး ဂွမ်မော် ထပ်ပြောလာမလား ကြည့်ရတာပေါ့။


(နရီမိုး)
👍257
မော်တော်ယာဉ်မောင်းနှင်မှုအား “စုံ” ရက်၊ “မ” ရက် ခွဲခြားမှု မရှိဘဲ ပုံမှန်အတိုင်းပြန်လည်မောင်းနှင်နိုင်ပါကြောင်း ပြည်သူသို့အသိပေးကြေညာချက်ထုတ်ပြန်ခြင်း
👍14❤‍🔥4
ချမ်းအေးသာစံမြို့နယ်တွင် ရပ်ထားသည့် ကားပေါ်သို့သစ်ပင်လဲကျ၊ ကားခေါင်းခန်းအတွင်းရှိအမျိုးသားစ်ဦး ဒဏ်ရာရ

NOM စက်တင်ဘာ ၉၊ ၂၀၂၆

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ (၃၄) လမ်း၊ (၈၅x၈၆) ကြားတွင် ယနေ့ (စက်တင်ဘာ ၉ ရက်) နံနက် ၈ နာရီ ၁၇ မိနစ်က ရပ်ထားသည့် လိုက်ထရပ်ကားပေါ်သို့ သစ်ပင်လဲကျရာမှ ခေါင်းခန်းအတွင်း အမျိုးသားတစ်ဦး ပိတ်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်ကြောင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်
ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာလိုက်ထရပ်ကားခေါင်းခန်းအတွင်းပိတ်မိနေသူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
👍101
မြန်မာ့တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲချက်များ၊ အတည်မပြုနိုင်သည့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံမှ ရရှိသည့် သတင်းများနှင့် ကိန်းဂဏန်း ဖောင်းပွမှုများအပေါ် အခြေခံရေးသားထားသော IIMM ၏ စွပ်စွဲချက် အစီရင်ခံစာများအား ပြင်းထန်စွာကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အသိပေး
👍18
ဇမ္ဗူသီရိမြို့နယ်ရှိ အမျိုးသားတစ်ဦးရေဆင်းကူးရာမှရေနစ်သေဆုံး

NOM စက်တင်ဘာ ၉၊ ၂၀၂၆

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ မြမြင့်မိုရ်လမ်းရှိ ရေငန်းဆည်အတွင်း ယနေ့ (စက်တင်ဘာ ၉ ရက်) မွန်းလွဲ ၁၂ နာရီခွဲတွင် အမျိုးသားတစ်ဦးရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ကြောင်း မီးသတ်မှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ ကိုထင်လင်းအသက် ၂၇ နှစ် သိပ္ပံနှင့် နည်းပညာ
(ကွန်ပြူတာနည်းပြ) သည် သူငယ်ချင်းများနှင့် အတူ အရက်သောက်ပြီး ဉာဏသိဒ္ဓိရပ်ကွက်၊ မြမြင့်မိုရ်လမ်းရှိ ရေငန်းဆည်အတွင်း ရေဆင်းကူးရာ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။

"အလောင်းကိုတော့ မွန်းလွဲ ၁ နာရီကျော်မှာ သေဆုံးလျက်ပြန်တွေ့ပါတယ်။ သူရေကူးတဲ့နေရာနဲ့ အတော်လှမ်းပါတယ်။ သူ့ကိုဆယ်ယူပြီး ကျွန်တော်တို့ အသင်း ကားနဲ့ နေပြည်တော်
ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်"ဟု စိုးမိုးသူပရဟိတ လူမှုကူညီရေးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အမျိုးသားတစ်ဦး ရေနစ်နေကြောင်း သတင်းရရှိသဖြင့် သမ္ဗူသီရိမြို့နယ်မီးသတ်စခန်း၊ ဗလသိဒ္ဓိနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူစိုးမိုးသူပရဟိတလူမှုကူညီရေးအဖွဲ့ချုပ်တို့မှပူပေါင်းပြီးရှာဖွေရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
😢62👍2
မိုးကောင်းမြို့နှင့် ဟိုပင်မြို့ရှိ ဒေသခံပြည်သူများအား ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး
 
စက်တင်ဘာ  ၈၊ ၂၀၂၆
 
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ် စီမံကိန်းနှင့်စပ်လျဉ်း၍  ဒေသတွင်းရှိပြည်သူများ နည်ပညာဆိုင်ရာသိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတ ပိုမိုသိရှိနားလည်စေရေး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီတို့က ရပ်ကွက်/ကျေးရွာအဆင့်အထိ ရပ်ရွာအခြေပြု ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ (၇)ရက်က မိုးညှင်းခရိုင် မိုးကောင်းမြို့နှင့် ဟိုပင်မြို့တို့တွင် ဆောင်ရွက်သည်။
 
ယင်းနေ့ မွန်းလွဲ (၁)နာရီတွင် ဟိုပင်မြို့၊ မြို့တော်ခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်အောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံကော်မတီအဖွဲ့ဝင် ပညာရှင်များက ဒေသခံပြည်သူများ၏ မေးမြန်းဆွေးနွေးတင်ပြမှုများအပေါ် သိသင့်သိထိုက်သည့် နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင် တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားသည့် နှိုင်းယှဉ်ဖော်ပြချက်များ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
 
ယင်းနေ့ နံနက်ပိုင်းကလည်း မိုးကောင်းမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဒေသခံပြည်သူများ နှင့်တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်းအပေါ် သဘာဝဘေးအန္တရာယ်ကျရောက်ပါက မည်သို့စီမံထားသည်နှင့် ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဧရာဝတီမြစ်တစ်လျှောက် နေထိုင်သူများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံကိန်းတည်ဆောက်စဉ်ကာလအတွင်း မည်ကဲ့သို့ ကြီးကြပ်ဆောင်ရွက်သွားမည့် အခြေအနေနှင့် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်း၊ ခံစားခွင့်၊ အကျိုးအမြတ်၊ စိုးရိမ်ပူပန်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
👍16🕊1
ဇီးရိုးမိုင်တွင် လူငယ်ခြောက်ဦးလက်နက်ဖြင့် ဖမ်းမိဆိုသည်မှာသတင်းတုသာဖြစ်

NOM စက်တင်ဘာ ၉၊ ၂၀၂၆

ယနေ့နေ့လယ်၂:၅၀ နာရီအချိန်၌ အမြန်လမ်းဇီးရိုးမိုင်တွင်လူငယ်ခြောက်ဦးကို လက်နက်များဖြင့် ဖမ်းမိဟု ARON Tiktok အကောင့်တွင်တင်ထားသော သတင်းမှာ ပြည်သူများစိုးရိမ်ထိတ်လန့်မှုဖြစ်အောင်တင်ထားသော သတင်းအတုဖြစ်ကြောင်း သက်ဆိုင်ရာမှသိရသည်။

NOM
👍153❤‍🔥1