News Of Myanmar
11.8K subscribers
28.5K photos
3.68K videos
3 files
6.62K links
Download Telegram
တပ်မတော်စစ်ကြောင်းများက KNU ၊ KNLA နှင့် PDF အမည်ခံ ကိုယ်ကျိုးရှာအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း-ဖာပွန်သွားလမ်းကြောင်းအား နယ်မြေစိုးမိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်၊ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ဖျက်ဆီးခဲ့သော လမ်း၊ တံတားများအား ပြန်လည်ပြုပြင်တည်ဆောက်
👍121
တပ်မတော်စစ်ကြောင်းများက KNU ၊ KNLA နှင့် PDF အမည်ခံ ကိုယ်ကျိုးရှာအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း-ဖာပွန်သွားလမ်းကြောင်းအား နယ်မြေစိုးမိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်၊ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ဖျက်ဆီးခဲ့သော လမ်း၊ တံတားများအား ပြန်လည်ပြုပြင်တည်ဆောက်
 
စက်တင်ဘာ ၈၊ ၂၀၂၆
 
တပ်မတော်စစ်ကြောင်းများက NUG၊ CRPH အကြမ်းဖက်အဖွဲ့များ၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများနှင့် KNU ၊ KNLA အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော ကမမောင်း-ဖာပွန်သွား လမ်းကြောင်းတစ်လျှောက်အား နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လမ်းကြောင်းတစ်လျှောက်ရှိ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ပြည်သူလူထုအတွက် မငဲ့ကွက်ဘဲ ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော လမ်း၊ တံတားများအား ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
 
NUG ၊ CRPH အကြမ်းဖက်အဖွဲ့များ၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများနှင့် KNU ၊ KNLA အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် ဒေသတွင်းအဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်စေရန်ရည်ရွယ်၍ ကမမောင်း-ဖာပွန်သွားကားလမ်းမကြီးအား ထိန်းချုပ်နိုင်ရန်အတွက် လမ်းကြောင်းတစ်လျှောက်၌ လုံခြုံရေးဆောင်ရွက်နေသော တပ်စခန်းငယ်များအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ အင်အားအလုံးအရင်းဖြင့် Drone များ၊ လက်နက်ကြီးများ အသုံးပြုကာ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြရာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်များဖြင့် အကောင်းဆုံးကြံ့ကြံ့ခံခုခံခဲ့ကြသော်လည်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက အင်အားများ အဆက်မပြတ်ဖြည့်တင်းကာ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါဒေသရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်စေရန်အတွက် စစ်နည်းဗျူဟာမြောက် ယာယီဆုတ်ခွာပေးခဲ့ရသဖြင့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ကမမောင်း-ဖာပွန်သွား ကားလမ်းမကြီးအား ယာယီစိုးမိုးထိန်းချုပ်ခဲ့ပြီး အဖျက်အမှောင့်လုပ်ငန်းမျိုးစုံကို လုပ်ဆောင်ခဲ့ကြသည်။
 
KNU ၊ KNLA အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များသည် အဆိုပါလမ်းကြောင်း တစ်လျှောက်အား ယာယီစိုးမိုးထားစဉ်အတွင်း လမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသွားလာနေသော ကုန်တင်ယာဉ်များနှင့် ခရီးသွားယာဉ်များအား ဆက်ကြေးများ အဆမတန်ကောက်ခံခြင်း၊ ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်း၊ လက်နက်အားကိုးဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါသည့် စစ်ရေးပစ်မှတ်မဟုတ်သော ရေပူတံတား၊ မိုင် ၄၀ တံတား၊ ကညင်ဒုံတံတားတို့အပါအဝင် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ မြေဖြတ်ကျင်းများတူး၍ အတားအဆီးပြုလုပ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်ခဲ့ကြရာ ဒေသတွင်းခရီးသွားပြည်သူများနှင့် ကုန်တင်ယာဉ်တို့မှာ ကူးသန်းသွားလာခြင်း မပြုလုပ်ရဲတော့သဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးများ နှောင့်နှေး၍ ဒေသတွင်းစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်ကာ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာခဲ့ရသည်။ ထို့ပြင် ခရီးသွားလာမှုကန့်သတ်လာခြင်းနှင့် အကြမ်းဖက်သောင်းကျန်း သူပူးပေါင်းအဖွဲ့များ၏ လမ်းကြောင်းပိတ်ဆို့မှုများကြောင့် အဆိုပါဒေသအတွင်းရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျောင်းသားလူငယ်များ၏ ပညာရေးကဏ္ဍတွင် အဟန့်အတားများဖြစ်ပေါ်မှုနှင့် စီးပွားရေးကျဆင်းလာမှုတို့ကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ တဖြည်းဖြည်း ချွတ်ခြုံကျဆင်းလာခဲ့ကြောင်း သိရှိရသည်။
👍101
ထို့ကြောင့် အဆိုပါလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးပြီး ပြည်သူလူထု၏ လူမှုစီးပွားဘဝများကို ပြန်လည်ဖော်ဆောင်ပေးနိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက ကမမောင်းမြို့တွင် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများဆောင်ရွက်ပြီး ၂၀၂၆ ခုနှစ် မေလ ၅ ရက်မှစ၍ စစ်ကြောင်းများခွဲကာ လမ်းကြောင်း ဖွင့်လှစ်နိုင်ရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြရာ မေလ ၈ ရက်နေ့တွင် ကျောက်ကွင်းလေးကျေးရွာအားလည်းကောင်း၊ မေလ ၁၀ ရက်နေ့တွင် ဝက်သိုးခိုကျေးရွာနှင့် မီဇိုင်းချောင်းဖျားကျေးရွာတို့အားလည်းကောင်း၊ မေလ ၁၆ ရက်နေ့တွင် နေကကျေးရွာအား လည်းကောင်း၊ မေလ ၁၈ ရက်နေ့တွင် ရေပူကျေးရွာအားလည်းကောင်း၊ မေလ ၂၄ ရက်နေ့တွင် မိုင် (၄၀) ကျေးရွာအားလည်းကောင်း၊ မေလ ၃၁ ရက်နေ့တွင် နိုခဲဒိုကျေးရွာနှင့် ဘောကျိုထကျေးရွာတို့အားလည်းကောင်း၊ ဇွန်လ ၃ ရက်နေ့တွင် ကတိုင်တိကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၃ ရက်နေ့တွင် ဘောကြို့လယ်ကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင် ရှမ်းရွာကျေးရွာအားလည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် တောင်သူစုကျေးရွာအားလည်းကောင်း၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဖာလုံလေးကျေးရွာအားလည်းကောင်း၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ကမမောင်း-ဖာပွန် လမ်းကြောင်းပေါ်ရှိ မိုင်တိုင်အမှတ်၊ ၂၈/၅ မိုင်၏ အရှေ့ဘက်မီတာ ၁၈၀၀ ခန့်အကွာ ဖာလုံကြီးကျေးရွာအားလည်းကောင်း ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

ထိုသို့ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံကြိုးပမ်းဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ၅၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များထံမှ ယာယီခြေကုပ်စခန်း ၁၁ ခု၊ ရန်သူ့အလောင်း ၁၃ လောင်း၊ လက်နက်မျိုးစုံ ၁၅ လက်၊ ခဲယမ်းနှင့် ဆက်စပ်စ္စည်းများ၊ FPV Drone ၂၄ စီး၊ မိုင်းမျိုးစုံ ၂၄၃ လုံး၊ လမ်းလျှောက်စကားပြောစက်များ၊ အသုံးအဆောင်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်နှင့်တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြရသည်။

ထို့ပြင် တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါလမ်းကြောင်းတစ်လျှောက်အား နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီး တစ်ဖက်တွင်လည်း အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် တံတားများအား စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ပြန်လည်ပြုပြင်တည်ဆောက်ပေးခဲ့ရာ ရေပူတံတားအား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင်လည်းကောင်း၊ မိုင် ၄၀ တံတားအား ဇွန်လ ၂၄ ရက်တွင်လည်းကောင်း၊ ကညင်ဒုံတံတားအား ဩဂုတ်လ ၂၄ ရက်တွင်လည်းကောင်း ပြန်လည်ပြုပြင်ဆောက်လုပ်ပြီးစီးခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ အဆိုပါလမ်း၊ တံတားများပေါ်တွင် ပုံမှန်အတိုင်းဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် ကမမောင်း-ဖာပွန် လမ်းကြောင်းရှိ ကျန်ရှိနေသည့် ဖာလုံကြီး-ဖာပွန်လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို ချွတ်ခြုံကျစေသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် အကြမ်းဖက် သောင်းကျန်းသူများအား အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terrorism Operation)ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
👍14
ဟူသီလက်နက်ကိုင်အဖွဲ့၏ လက်စားချေတိုက်ခိုက်မှုများ ပြင်းထန်လာမှုနှင့်အတူ ရေနံစျေးနှုန်း ဒေါ်လာ ၁၀၀ နီးပါအထိ တက်လာ

တနင်္လနေ့က ယီမင်နယ်စပ်အနီးရှိ ဆော်ဒီအာရမ်ကို (Saudi Aramco) ၏ ရေနံစက်ရုံများကို ဟူသီအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရေနံထုတ်လုပ်မှုများ ရပ်ဆိုင်းသွားခဲ့ပြီးနောက် ကမ္ဘာ့စံချိန်တင် ဘရန့် (Brent) နှင့် WTI ရေနံစိမ်းစျေးနှုန်းများသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ နီးပါးအထိ မြင့်တက်လာခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများသည် တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၄၀၀,၀၀၀ ကျော် ထုတ်လုပ်ပေးနေသည့် ဂျာဇန် (Jazan) စက်မှုမြို့တော်ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး၊ ဆော်ဒီက ယီမင်၏ ဆိပ်ကမ်းများနှင့် လေဆိပ်များကို ပိတ်ဆို့ထားမှုအပေါ် လက်စားချေခြင်းဖြစ်ကြောင်း ဟူသီအဖွဲ့က ပြောကြားခဲ့သည်။

လွန်ခဲ့သော လများအတွင်း ဟူသီအဖွဲ့သည် ဆော်ဒီအာရေးဘီးယားနိုင်ငံအပေါ် လက်စားချေသည့် စစ်ဆင်ရေးများကို သိသိသာသာ အရှိန်မြှင့်လုပ်ဆောင်လာခဲ့ရာ အောက်ပါတို့ ပါဝင်သည်-

ဆော်ဒီအာရမ်ကို၏ ရေနံချက်စက်ရုံများနှင့် စွမ်းအင်ဆိုင်ရာ စက်ရုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း

ပင်လယ်နီအတွင်း သွားလာနေသော ဆော်ဒီရေယာဉ်များအပေါ် ရေကြောင်းပိတ်ဆို့မှု ပြုလုပ်ခြင်း

အဘား (Abha) လေဆိပ်နှင့် ကင်းခါလစ် (King Khalid) လေတပ်စခန်း အပါအဝင် စစ်ရေးနှင့် လေကြောင်းဆိုင်ရာ အခြေခံအဆောက်အအုံများကို ပိုမိုပြင်းထန်စွာ တိုက်ခိုက်ခြင်း

ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အီရန်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဆော်ဒီတို့အနေဖြင့် အမေရိကန်-အစ္စရေး ကျူးကျော်သူများဘက်မှ ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

ယခု ဟူသီအဖွဲ့နှင့် ပိုမိုကြီးထွားလာသော ပဋိပက္ခသည် ဆော်ဒီအာရေးဘီးယား ရင်ဆိုင်နေရသည့် ပြဿနာပေါင်းများစွာထဲသို့ အသစ်ထပ်မံတိုးလာသည့် ပြဿနာတစ်ခုလည်း ဖြစ်သည်။

NOM
👍16
အစ္စရေးတို့ မတရားသိမ်းပိုက်ထားသော အနောက်ဘက်ကမ်းမြှောင် (West Bank) ဒေသရှိ အစ္စရေး အခြေချနေထိုင်သူများနှင့် ကုန်သွယ်မှုပြုလုပ်ခြင်းကို ဗြိတိန်က ပိတ်ပင်ရန် ဆောင်ရွက်ပါက ဗြိတိန်ကုမ္ပဏီများသည် အမေရိကန်၊ ဖလော်ရီဒါပြည်နယ်၏ အစ္စရေးအပေါ် သပိတ်မှောက်မှု ဆန့်ကျင်ရေးဥပဒေများအရ အရေးယူအပြစ်ပေးခြင်း ရင်ဆိုင်ရမည်ဟု အမေရိကန် ရီပါပလစ်ကန် လွှတ်တော်အမတ် ရန်ဒီဖိုင်း (Randy Fine) က ယနေ့စောစောပိုင်းတွင် ခြိမ်းခြောက်ပြောကြားခဲ့သည်။

NOM
👍11😱6🗿1
AA အကြမ်းဖက်အဖွဲ့ ချေမှုန်းရေးတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ၂ ဦး စစ်မြေပြင်အဆင့်တိုး ဂုဏ်ပြုခံရ

စက်တင်ဘာ ၉၊ ၂၀၂၆

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းဒေသအတွင်း AA အကြမ်းဖက်အဖွဲ့နှင့် ထိတွေ့တိုက်ပွဲများတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း စစ်သည် ၂ ဦးအား စစ်မြေပြင်အဆင့်တိုးဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်သည် ၂ ဦးသည် စစ်မြေပြင်အတွင်း ရဲဝံ့စွာ တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်သည့် ဒရုန်းမှတ်တမ်းများ ထွက်ပေါ်လာပြီးနောက် နပခတိုင်းမှူးကိုယ်တိုင် စစ်မြေပြင်အဆင့်တိုးပေးအပ်ကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
👍166
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော် ရုရှား၏ ထပ်မံတိုက်ခိုက်ခံရ၊ သုံးရက်ကြာ ရပ်နားထားရာမှ မြို့တော်အား လေကြောင်းတိုက်ခိုက်မှုများ ရုရှားပြန်လည်စတင်
👍9❤‍🔥2
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော် ရုရှား၏ ထပ်မံတိုက်ခိုက်ခံရ၊ သုံးရက်ကြာ ရပ်နားထားရာမှ မြို့တော်အား လေကြောင်းတိုက်ခိုက်မှုများ ရုရှားပြန်လည်စတင်

စက်တင်ဘာ ၈ ရက်ညပိုင်းက ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံ ဒေသ ခုနစ်ခုရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ပေါင်းစပ်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

အမေရိကန် အထူးသံတမန်များဖြစ်ကြသည့် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် ဂျားရက် ကူးရှ်နာ (Jared Kushner) တို့ ကိယက်ဗ်မြို့တော်သို့ လာရောက်လည်ပတ်စဉ် ၇၂ နာရီကြာ တိုက်ခိုက်မှု ရပ်နားထားခဲ့ပြီးနောက် ထိုအချိန်အပိုင်းအခြား ကုန်ဆုံးသွားချိန်တွင် ယခုကဲ့သို့ ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရုရှားတပ်ဖွဲ့များသည် Kh-101 ခရုဇ်ဒုံးကျည် ၃၂ စင်း၊ အီစကန်ဒါ-အမ် (Iskander-M) ပဲ့ထိန်းဒုံးကျည်များ၊ အိုနစ်ခ်စ် (Oniks) ခရုဇ်ဒုံးကျည်များနှင့် တိုက်ခိုက်ရေးဒရုန်း ၁၆၆ စင်းကို အသုံးပြုခဲ့ကြောင်း ယူကရိန် လေတပ်က သတင်းထုတ်ပြန်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ အဆိုပါ အပြင်းအထန် တိုက်ခိုက်မှုသည် ယူကရိန်း၏ စစ်ဘက်ဆိုင်ရာ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သိုလှောင်ရေးစခန်းများကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ကိယက်ဗ်မြို့အတွင်း ပစ်မှတ်ထားတိုက်ခိုက်ခံရသည့်နေရာများ

• ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေးဒရုန်း အစိတ်အပိုင်းများ ထုတ်လုပ်သည့် ရောကက်တပ်ဆင်ရေးနှင့် အစိတ်အပိုင်းထုတ်လုပ်ရေးစက်ရုံ (Kyiv Radio Plant JSC, Treemen-Ukraine LLC)

• FP-5 “Flamingo” ခရုဇ်ဒုံးကျည်များနှင့် Fire Point မှ ထုတ်လုပ်သော FP-2 အဝေးပစ်ဒရုန်းများအတွက် ထိခိုက်ပေါက်ကွဲစေတတ်သော ထိပ်ဖူးများ ထုတ်လုပ်သည့် ကွန်ကရစ် အဆောက်အအုံစက်ရုံ အမှတ် (၁)

• Hornet အမျိုးအစား အလတ်စားတိုက်ခိုက်ရေးဒရုန်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနှင့် သိုလှောင်ခြင်းပြုလုပ်သည့် Element UA LLC

• Shark အမျိုးအစား ထောက်လှမ်းရေးဒရုန်းများနှင့် အလတ်စားတိုက်ခိုက်ရေးဒရုန်းများ တပ်ဆင်ခြင်း၊ သိုလှောင်ခြင်းပြုလုပ်သည့် Ukrspecsystems ကုန်သွယ်ရေးနှင့် ကုန်လှောင်ရုံစက်ရုံ

• အဝေးပစ်နှင့် အလတ်စားဒရုန်း တပ်ဆင်ရေးအလုပ်ရုံ

ကိယက်ဗ်ဒေသအတွင်း ပစ်မှတ်ထားတိုက်ခိုက်ခံရသည့်နေရာများ

• အမျိုးအစားစုံ ဒရုန်းများ ထုတ်လုပ်ခြင်းနှင့် မိုင် ၂၈၀ အကွာအဝေးထိ ပစ်ခတ်နိုင်သော TRX ဒရုန်းများကို တီထွင်စမ်းသပ်လျက်ရှိသည့် Combat Birds of Ukraine LLC (ဘီလာ ဆာကဗာ)

• စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းများနှင့် ဒရုန်းအစိတ်အပိုင်းများ ပေးပို့ဖြန့်ဖြူးမှုကို ကိုင်တွယ်သည့် Khimtransahro လော့ဂျစ်စတစ်စခန်း (ရှကားရော့ဗ်ကာ)

• အလတ်စားနှင့် အဝေးပစ်ဒရုန်းများအတွက် ခဲယမ်းမီးကျောက်များ ထုတ်လုပ်ခြင်းနှင့် သိုလှောင်ခြင်းပြုလုပ်သည့် R-Plast လော့ဂျစ်စတစ်စခန်း (ဘီလာ ဆာကဗာ)

• ဗာဆီးလ်ကိဗ် လေတပ်စခန်း

• စက်သုံးဆီနှင့် ဆီဆာဗစ်သိုလှောင်ရုံ (ဘိုရီစပီးလ်)

• ယူကရိန်လုံခြုံရေးတပ်ဖွဲ့ (SBU) ၏ ရေဒီယိုနှင့် အချက်ပြထောက်လှမ်းရေးစခန်း (မာခါလစ်ဗ်ကာ)

အခြား ထပ်မံတိုက်ခိုက်ခံရသည့် ပစ်မှတ်များ

• “We Are Ukraine” ရုပ်သံလိုင်းရုံးခန်း

• ယူကရိန်တပ်မတော်အတွက် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သိုလှောင်ရာတွင် အသုံးပြုနေသည့် ဘရိုဗာရီမြို့ရှိ InterCars မော်တော်ယာဉ်အပိုပစ္စည်း ဂိုဒေါင်

• ဘီလာ ဆာကဗာမြို့ရှိ REEVA စက်ရုံ

• Nova Poshta လော့ဂျစ်စတစ်စခန်းများ

အိုဒေဆာဒေသအတွင်း ပစ်မှတ်ထားတိုက်ခိုက်ခံရသည့်နေရာများ

• ဒရုန်းတပ်ဆင်ရေးအလုပ်ရုံနှင့် သိုလှောင်ရုံ (အိုဒေဆာ)

• ယူကရိန်းတပ်မတော်အတွက် စက်သုံးဆီများ တင်ပို့ပေးနေသည့် ချော်နိုမော့စ်ခ် ဆိပ်ကမ်းရှိ ဆီတင်သင်္ဘောတစ်စင်း

• ယူကရိန်း၏ ဆိပ်ကမ်းလုပ်ငန်းများကို အထောက်အကူပြုနေသည့် ဒနီစထရော့ဗ်စကာ လျှပ်စစ်ဓာတ်အားခွဲစခန်း

အခြားဒေသများအတွင်း ပစ်မှတ်ထားတိုက်ခိုက်ခံရသည့်နေရာများ

• ခါကီးဗ်ဒေသတွင် ခါကီးဗ်မြို့အနီးရှိ ယူကရိန်း၏ တာဝေးဒရုန်း လွှတ်တင်ရေးစခန်းများကို ဖျက်ဆီးခဲ့သည်။

• ဆူမီ၊ ဒနီပရို ပက်ထရော့ဗ်စခ်နှင့် ဇာပိုရီးဇ်ယား ဒေသများရှိ ရထားလမ်း အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံခဲ့ရသည်။

• ပိုတာဗာ၊ ချာနီဟီးဗ်၊ မီကိုလိုက်ဗ်နှင့် ခါဆွန် ဒေသများရှိ အဆောက်အအုံများလည်း ပျက်စီးခဲ့သည်။

သုံးရက်ကြာ ရပ်နားထားပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်လာချိန်တွင် ယူကရိန်း လူရွှင်တော် သမ္မတ ဗိုလိုဒီမဲ ဇီလင်စကီးက သီးနှံတင်ပို့မှုနှင့် စွမ်းအင် အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ကမ္ဘာတစ်ခုလုံးအတွက် နာကျင်စရာကောင်းသော ပြဿနာများဖြစ်သဖြင့် ရုရှားနှင့် လိုက်လျောညီထွေဖြစ်မည့် သဘောတူညီချက်များ ရှာဖွေရန် ယူကရိန်းဘက်က အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
9👍7
ထို့အပြင် လက်ရှိအခြေအနေသည် မော်စကိုဘက်မှလည်း တူညီသော အပြန်အလှန် လှေကားထစ်များ လိုအပ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည် - “ယူကရိန်းတစ်နိုင်ငံတည်းဆီကပဲ အလိုက်အထိုက် လိုက်လျောမှုတွေကို မျှော်လင့်လို့ မရပါဘူး။ ယူကရိန်းဘက်က အများကြီး သဘောတူညီပေးပြီးပါပြီ။ သဘောတူညီချက်တွေဆီ ရှေ့ဆက်သွားနိုင်ဖို့ဆိုရင် မော်စကိုဘက်ကလည်း အပြန်အလှန် အကြောင်းပြန်တဲ့ ခြေလှမ်းတွေ လိုအပ်ပါတယ်” ဟု ဇီလင်စကီးက ပြောကြားခဲ့သည်။

NOM
👍95
ပုဏ္ဏားကျွန်းဒေသရှိ AA အကြမ်းဖက်သူပုန်များအား ချေမှုန်းခြင်း (စက်တင်ဘာ ၈)။

NOM
👍106
ပုသိမ်မြို့နှင့် ဝါးခယ်မမြို့နယ်တို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ဆောင်ရွက်ပေး
 
စက်တင်ဘာ ၈၊ ၂၀၂၆
 
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပုသိမ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုဝင်များအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ရှိပြီးသူများအား e-ID စနစ်ဖြင့် UID ကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးသည်။
 
ကြည့်ရှုအားပေး
 
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အတူ သွားရောက်ကြည့်ရှုအားပေးပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID တို့ကို ကာယကံရှင်တစ်ဦးချင်းထံ ပေးအပ်ကာဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
 
ပေးအပ်
 
ထို့မှတစ်ဆင့် ဝါးခယ်မမြို့နယ် ဦးစီးမှူးရုံးကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်/ပြောင်းထွက်နှင့် မွေးဖွားမှု၊ သေဆုံးမှုတို့အတွက် လူဦးရေ အတိုး/အလျှော့လုပ်ငန်းစဉ်များ၊ အသက်(၁၈)နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ် ပျက်စီး/ပျောက်ဆုံးသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကောက်ယူဆောင် ရွက်နေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ရှိပြီးသူများအား UID ကောက်ယူဆောင်ရွက်နေမှု၊ မြို့နယ်ရုံး မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုအားပေး ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
👍7
This media is not supported in your browser
VIEW IN TELEGRAM
အစ္စရေး စစ်ဘက်ဆိုင်ရာ ဆင်ဆာတည်းဖြတ်ရေး (Censorship) ဌာနက ၁၂ ရက်ကြာ စစ်ပွဲအတွင်း ဟိုင်ဖာ (Haifa) ရေနံချက်စက်ရုံကို အီရန် ပဲ့ထိန်းဒုံးကျည်နှစ်စင်း တိုက်ရိုက်ထိမှန်ခဲ့သည့် ဗီဒီယိုမှတ်တမ်းကို ထုတ်ပြန်ခွင့်ပြုလိုက်ပြီဖြစ်သည်။

NOM
👍12👎1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်က ဂျော်ဒန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုအား ဂျော်ဒန်၌ Rooftop ပါတီပွဲတစ်ခုမှဗီဒီယိုရိုက်ကူးထားမှု။

NOM
👍132👎1