News Of Myanmar
11.9K subscribers
28.4K photos
3.67K videos
3 files
6.62K links
Download Telegram
လက်ပံတန်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ကလေးတစ်ဦးဒဏ်ရာရ

NOM စက်တင်ဘာ ၈၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ကြို့ပင်သာကျေးရွာနေ မောင်မင်းသွေးခန့် (၁၆) နှစ်သည် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် နေအိမ်အနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများ ပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် မောင်မင်းသွေးခန့်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။

NOM
😢51😡1
This media is not supported in your browser
VIEW IN TELEGRAM
ယီမင်နိုင်ငံမှ ဟူသီလက်နက်ကိုင်အဖွဲ့​၏ တိုက်ခိုက်မှုများကြောင့် ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ဂျာဇန်မြို့ရှိ အာရမ်ကို (ARAMCO) ရေနံချက်စက်ရုံ မီးလောင်ကျွမ်းလျက်ရှိ။

NOM
👍8😢4😱2👎1🔥1
အမေရိကန် သမ္မတထရန့်၏ အခွန်တိုးမြှင့်ကောက်ခံမှုများကို တုံ့ပြန်သည့်အနေဖြင့် ကနေဒါနိုင်ငံက အမေရိကန်ကုန်ပစ္စည်း ရာပေါင်းများစွာပေါ်တွင် ၅၀% အထိ ရှိသော အခွန်များကို တရားဝင် စတင်ကောက်ခံလိုက်ပြီဖြစ်သည်။

NOM 
👍192
ဂြိုဟ်တုဓာတ်ပုံများအရ ယီမင်နိုင်ငံမှ ဟူသီလက်နက်ကိုင်အဖွဲ့​၏ တိုက်ခိုက်မှုများကြောင့် ဆော်ဒီအာရေးဘီးယားနိုင်ငံရှိ အောက်ပါနေရာများ ထိမှန်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည် -

ဂျာဇန်မြို့၊ ဘုရင် အဗ္ဗဒူလာ လေဆိပ်

ဂျာဇန်မြို့၊ ဆော်ဒီ အာရမ်ကို စက်သုံးဆီသိုလှောင်ရုံ

ဂျာဇန်မြို့၊ ဆော်ဒီ အာရမ်ကို ရေနံချက်စက်ရုံ

အဘ်ဟာမြို့၊ ဆော်ဒီ အာရမ်ကို စက်သုံးဆီသိုလှောင်ရုံ

ယခုတိုက်ခိုက်မှုသည် နှစ်ပေါင်းများစွာအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့​၏ ဆော်ဒီအာရေးဘီးယားနိုင်ငံအပေါ် ပြုလုပ်ခဲ့သမျှတိုက်ခိုက်မှုများအနက် အကြီးမားဆုံးသော တိုက်ခိုက်မှုဖြစ်သည်။

NOM
👍162😢2👎1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သွားရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်မည်ဖြစ်သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ၏ အထက်လွှတ်တော်ဥက္ကဋ္ဌ (ယာယီနိုင်ငံတော် အကြီးအကဲ)နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်သည်။

ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံရှိ အထင်ကရနေရာများနှင့် ရှေးဟောင်းဘုရားများကို  လေ့လာဖူးမြော်သွားမည်ဖြစ်သည်။
👍123
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ​၏ ရေတပ်သည် ဟော်မုဇ် ရေလက်ကြားအတွင်း အမေရိကန်၏ အဆင့်မြင့်ဆုံးနှင့် အလွန်လျှို့ဝှက်ဆန်းကြယ်သည့် UUV (မောင်းသူမဲ့ရေငုပ်ယာဉ်) ကို စောင့်ကြည့် အကွက်ဆင် ဖမ်းဆီးရမိခဲ့ကြောင်း ကြေညာလိုက်သည်။

အဆိုပါ မောင်းသူမဲ့ရေငုပ်ယာဉ်တွင် နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာများ ပါဝင်ပြီး၊ လွန်ခဲ့သောတစ်နှစ် (၂၀၂၅ ခုနှစ်) ကမှ အမေရိကန်ရေတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းကို အီရန်က အကောင်းပကတိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

NOM
👍135😱5
အီရန်က အမေရိကန်ရေတပ်ထံမှအကောင်းပကတိဖမ်းဆီးရမိခဲ့သော မောင်းသူမဲ့ရေငုပ်ယာဉ်သည် Anduril ကုမ္ပဏီထုတ် Dive LD ယာဉ်ဖြစ်ပြီး ၎င်းကို ၂၀၂၅ ခုနှစ်တွင် အမေရိကန်ရေတပ်သို့ စမ်းသပ်စစ်ဆင်ရေးဆောင်ရွက်ရန် လွှဲပြောင်းပေးခဲ့သည်။

ရေအနက် မီတာ ၆,၀၀၀ ထိ ငုပ်နိုင်သော အဆင့်မြင့် မောင်းသူမဲ့ရေငုပ်ယာဉ် တစ်စင်းဖြစ်သည်။

၎င်းကို ပင်လယ်ရေအောက်ကြမ်းပြင် မြေပုံရေးဆွဲခြင်း၊ တိုက်ခိုက်ရေးဒရုန်းများ တပ်ဆင်ဖြန့်ကြက်ခြင်း၊ ရေအောက်အခြေခံအဆောက်အအုံများကို စစ်ဆေးခြင်း၊ ဆက်သွယ်ရေးလိုင်းများ ပေးပို့ခြင်းနှင့် ကြားဖြတ်နားထောင်ခြင်း အပြင် ပင်လယ်ရေမျက်နှာပြင်နှင့် ရေအောက်မိုင်းများကို စုံစမ်းထောက်လှမ်းခြင်းတို့တွင် အသုံးပြုသည်။

NOM
👍16😱21
စက်တင်ဘာ ၈ ရက်နေ့တွင် ပုဏ္ဏားကျွန်းဒေသရှိ အကြမ်းဖက် AA စခန်းကုန်း ၂ ခုအား တပ်မတော်က သိမ်းပိုက်ရရှိခဲ့သည်။

ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ

(၁) အကြမ်းဖက် AA ၆ လောင်း
(၂) လက်နက်မျိုးစုံ ၇ လက်
(၃) ခဲယမ်း/ ဗုံးသီးများ
(၄) ပစ်ကျင်း/ ဘန်ကာများ
သိမ်းပိုက်ရရှိခဲ့။
👍141