News Of Myanmar
11.9K subscribers
28.4K photos
3.67K videos
3 files
6.62K links
Download Telegram
ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲ ကျိုင်းတောင်းမြို့၌ ကျင်းပ

စက်တင်ဘာ ၇၊ ၂၀၂၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့ရှိ အမှတ် (၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ အဖွင့်အမှာစကားပြောကြားခြင်းနှင့် စစ်ရေးပြအစီအစဉ်များ ဆောင်ရွက်ခဲ့ပြီး ဒုတိယတိုင်းမှူးက သင်တန်းသားများအား သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး သင်တန်းသားများအား ဂုဏ်ပြုလက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အဆိုပါ သင်တန်းကို စက်တင်ဘာ ၇ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ၁၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။
👍12
Forwarded from UNION Politics News
This media is not supported in your browser
VIEW IN TELEGRAM
စင်းခန်းတံတားကို စစ်ရှုံးကောင် KIA ခိုင်းဖတ်
PDF တွေကိုယ်တိုင်
မိုင်းခွဲဖျက်ဆီးထားကြောင်း
ဝန်ခံထားတဲ့ ရုပ်သံမှတ်တမ်း
ထွက်ပေါ်လာ


တပ်မတော်က ဗုံးကြဲလို့
တံတားပျက်ဆီးရသလို
ဝါဒဖြန့်လိမ်ညာနေပေမယ့်
အခုတော့
သရုပ်မှန်ပေါ်သွားပါပြီ ။

အစတည်းက KIA တွေ
စစ်ရှူံးပြီးဆုတ်ခွာထွက်ပြေးသွားလို့ မိုင်းခွဲခဲ့တယ်ဆိုတာကို ဖော်ပြခဲ့ပြီးသားပါ ယ

အခုက
သက်သေပါထုတ်ပြတာ
စင်းခန်းတံတားရဲ့တရားခံက
KIA နဲ့ PDF တွေပဲ



#UNION_Politics_News
👍191
Media is too big
VIEW IN TELEGRAM
ရခိုင်ဒေသရှိ AA အကြမ်းဖက်သမားများကို တပ်မတော်က ချေမှုန်းသုတ်သင်နေသည့် ရုပ်သံ။
👍3111
တာမွေမြို့နယ်တွင် မိုးရွာသွန်းပြီး ရေကြီးချိန် ရေမြောင်းထဲ ပြုတ်ကျခဲ့သည့် ၁၄ နှစ်အရွယ် ကလေးငယ် မတွေ့ရှိသေးပဲ ယနေ့တွင် ပုဇွန်တောင်ချောင်း၌ ဆက်လက်ရှာဖွေနေ
NOM၊စက်တင်ဘာ၈၊၂၀၂၆
တာမွေမြို့နယ်တွင် မိုးရွာသွန်းပြီး ရေကြီးချိန် ရေမြောင်းထဲ ပြုတ်ကျခဲ့သည့် ၁၄ နှစ်အရွယ် ကလေးငယ်ကို စက်တင်ဘာ ၇ ရက်ည ၁၂ နာရီခန့်အထိ မတွေ့ရှိသေးပဲ ယနေ့တွင် ပုဇွန်တောင်ချောင်း၌ ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တာမွေမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားချိန် အဆိုပါကလေးငယ်မှာ သူငယ်ချင်းနှစ်ဦးနှင့်အတူ တာမွေစည်ပင်ဝန်ထမ်းအိမ်ရာဝန်းအနီးရှိ ရေမြောင်း၌ ရေဆင်းဆော့ရာမှ ဖိနပ်‌လိုက်ကောက်ရင်းရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း ပတ်ဝန်းကျင်မှ စုံစမ်းသိရှိရသည်။
ပျောက်ဆုံးနေသည့် ကလေးမှာ အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး တာမွေမြို့နယ်၊ ၁၅၄ လမ်းရှိ စည်ပင်ဝန်ထမ်းဝန်းအတွင်း နေထိုင်သူဖြစ်ကာ စက်တင်ဘာ ၇ ရက် ည ၁၂ နာရီအထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
👍7💔32
ညောင်တုန်း၌ ကားတစ်စီး ကုက္ကိုပင်ဝင်တိုက် နှစ်ဦးသေဆုံး
NOM၊စက်တင်ဘာ၈၊၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် စက်တင်ဘာ ၇ ရက် ညနေပိုင်းက အိမ်စီးကားတစ်စီး လမ်းချော်ပြီး ကုက္ကိုပင်ကို ဝင်တိုက်ခဲ့ရာ ကားပေါ်ပါ လူနှစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ပုသိမ်ဘက်မှရန်ကုန်ဘက်ကို မောင်းနှင်လာသော TOYOTA MARK ll အဖြူရောင်ယာဉ်သည် လမ်းချော်ပြီး လမ်းဘေး ကုက္ကိုပင်ကို ဝင်တိုက်မိခဲ့ရာယာဉ်ပေါ်ပါ အမျိုးသားနှစ်ယောက် သေဆုံးခဲ့သည်။
သေဆုံးသူရုပ်အလောင်းများကို သစ္စာရှင် လူမှုကယ်ဆယ်ရေးအသင်းကညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြာင်း သိရသည်။
😢5👍31
ပျဥ်းမနားမြို့တွင် တောင်ကျရေစီးဆင်းမှုကြောင့် လူနေအိမ်များပျက်စီးခဲ့သည့်အပြင် ဒေသခံများကိုလည်း အမြင့်ပိုင်းသို့ပြောင်းရွေ့ပေးခဲ့ရ
NOM၊စက်တင်ဘာ၈၊၂၀၂၆
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့၊ကြို့တန်းကျေးရွာတွင် ယ မန်နေ့(စက်တင်ဘာ၇ရက်)ည၁၁နာရီခွဲခန့်ကတောင်ကျရေစီဆင်းမှုကြောင့် လူနေအိမ်များ၊ ခြံစည်းရိုများ၊
လမ်းများပျက်စီးခဲ့သည့်အပြင်ဒေသခံများကိုလည်း အမြင့်ပိုင်းသို့ပြောင်းရွေ့ပေးခဲ့ရသည့်ဟု လူမှုကရုဏရှင်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

တောင်ပေါ်ဒေသတွင်မိုးများပြီးတောင်ကျရေစီးဆင်းမှုများလာပြီးရေတားကာထားသည့်တာဘောင်ပျက်စီးကါပျဥ်းမနားမြို့၊လှေခွင်းတောင်အရှေ့ဘက်၊ ကတို့ဆိပ်ကျေးရွာအုပ်စုကြို့တန်းကျေးရွာအတွင်းသို့ ရေစီးဆင်းမှုအရှိန်ဖြင့်ဝင်ရောက်ခဲ့သည့်တွက် ကျေးရွာအတွင်းလူထိခိုက်မှုမရှိသော်လည်းပျက်ဆီးမှုများပြားခဲ့ကြောင်းသိရသည်။

ကြို့တန်းကျေးရွာတွင် တောင်ကျရေစီးဆင်းမှုကြောင့်ကျေးရွာအတွင်းရေဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုကူညီရေးအသင်းများကသွားရောက်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
👍10🙏3
ရုရှားတိုက်လေယာဉ်နှစ်စီးတိုက်မိ
NOM
ရုရှားတိုက်လေယာဉ်SU35Sနှစ်စီးသည်ကပ်စ်ဒေသတွင်လေ့ကျင့်ပျံသန်းရင်းတိုက်မိကါနှစ်စီးစလုံးပျက်ကျခဲ့သည်။
😢14👍7❤‍🔥3😱1
မောင်နှမဝမ်းကွဲအိမ်ထောင်ပြုခြင်းကိုပိတ်ပင်မည့်အပေါ်မူဆလင်များဒေါသထွက်
NOM

အမေရိကန်နိုင်ငံ၊ဖလော်ရီဒါပြည်နယ်ရှိ မူဆလင်များကပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်တစ်အနေဖြင့်မောင်နှမဝမ်းကွဲအိမ်ထောင်ပြုခြင်းကို ပိတ်ပင်ပါက ပြည်နယ်မှ ထွက်ခွာမည်ဟု ခြိမ်းခြောက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။

“မောင်နှမဝမ်းကွဲအိမ်ထောင်ပြုခြင်းသည် ကျွန်ုပ်တို့၏ယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ၎င်းကို ပိတ်ပင်ခြင်းသည် အစ္စလာမ်ဘာသာကို မုန်းတီးခြင်းဖြစ်သည်။ ဖလော်ရီဒါမှ ထွက်ခွာရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပါ”ဟုမူဆလင်များကပြောဆိုနေသည်။
👍16😨5🔥2😡2😱1
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆိုင်ကယ်ခိုးမှုကျူးလွန်သူ တရားခံအမျိုးသားနှစ်ဦး အား သက်သေခံဆိုင်ကယ် (၁၉) စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

NOM စက်တင်ဘာ ၈၊ ၂၀၂၆

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ စက်ရုံကျေးရွာနေ မထက်ထက်ဖြိုး (၂၈) နှစ်သည် ဈေးကုန်းကျေးရွာရှိ ဆင်သေဈေးသို့ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ၎င်းပိုင် ၄၆ယ/၇၃၄၈၂ Honda Wave-100 ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့ပြီး ဆိုင်ကယ်အားဈေးအနီးရပ်တန့်၍ ဈေးဝယ်သွားခဲ့ပြီးပြန်လာစဉ် ဆိုင်ကယ်ပျောက်ဆုံးခဲ့ကြောင်း သတင်းအရ ဆိုင်ကယ်ခိုးယူသူအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ပျဉ်းမနားမြို့မရဲစခန်း၌ (ပ)၁၄၅/ ၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (မော်တော်ဆိုင်ကယ်)ဖြင့် အမှုရေးဖွင့်စုံစမ်းခဲ့သည်။

တရားခံ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်းသတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက် ခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် ဆိုင်ကယ်ခိုးယူသူ ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာ ကျေးရွာနေ လမင်းဇော် (၂၂) နှစ်နှင့် ဥယျာဉ်စုရပ်ကွက်နေ ဇင်ရဲထွန်း(ခ)ရဲထွန်း (၂၆) နှစ်တို့နှစ်ဦးအား ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိပြီး အခြားပြစ်မှုများကျူးလွန်ခဲ့ခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးသည် ၂၀၂၆ ခုနှစ်၊ မေလ၊ ဇွန်လနှင့် ဇူလိုင်လများအတွင်း၌ ပျဉ်းမနားမြို့နယ်မှ ဆိုင်ကယ် ၁၃ စီး၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်အသီးသီးမှ ဆိုင်ကယ် ၆ စီး၊ စုစုပေါင်းဆိုင်ကယ် ၁၉ စီးတို့အား ခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး သက်သေခံဆိုင်ကယ် ၁၉ စီး အားသိမ်းဆည်းနိုင်ခဲ့သည်။

NOM
👍163
တနင်္သာရီမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က လူမှုကူညီရေးမော်တော်ယာဉ်တစ်စီးအား သေနတ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးသေဆုံး

NOM စက်တင်ဘာ ၈၊ ၂၀၂၆

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့၊ မြို့မရပ်ကွက်နေသူများဖြစ်ကြသည့် အခြေခံပညာအထက်တန်းကျောင်း( မောတောင်) မှ အထက်တန်းပြကျောင်းဆရာမ ဒေါ်ဖြူဖြူသွယ် (၄၅) နှစ်နှင့် ဦးဇော်မင်းထွန်း (ခ) သားကြီး (၃၃) နှစ်တို့သည် စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် "သင်္ဂဟမိတ္တ" လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် တနင်္သာရီမြို့မှ မောတောင်မြို့သို့ ထွက်ခွာလာစဉ် သိန်ခွန်းကျေးရွာအနီး အရောက် PDF အကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ) က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ယာဉ်ပေါ်ပါလာသူ ဦးဇော်မင်းထွန်း (ခ) သားကြီးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့၍ မောတောင်မြို့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။

NOM
👍8😢4
သာယာဝတီမြို့နယ်တွင် စိုက်ခင်းတစ်ခုအတွင်း အလုပ်လုပ်နေသည့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

NOM စက်တင်ဘာ ၈၊ ၂၀၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအနီးရှိ ဒေသအခေါ် ကျောက်ဖျာ တဲစုနေ ဦးစန်းဝင်း (ခ) ဦးမောင်အေး (၅၅) နှစ်သည် စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ ၎င်းပိုင်စိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

NOM
👍8😢3
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  ပြည်ပနိုင်ငံသား ၁၂ ဦး မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်

NOM စက်တင်ဘာ ၈၊ ၂၀၂၆
👍131😡1